CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၆

စူပါကွန်ပျူတာက အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ဒုတိယရာသီဝက်မှာ အဆင့်ကျဆင်းသွားမှာဖြစ်ပြီး မန်စီးတီးက ၃ နှစ်ဆက် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ မတိုင်ခင်မှာ အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်းကို ၅ မှတ် အသာရပြီး အမှတ်ပေး ဇယားကို ဦးဆောင်ထားကာ ကမ္ဘာ့ဖလားမတိုင်ခင်အထိ ရှုံးပွဲ ၁ ပွဲသာ ကြုံတွေ့ထားတာပါ။

တိုက်စစ်မှူး ဂျီးဆပ်စ် ဒဏ်ရာရတာနဲ့အတူ ရမှတ်တွေ ဆုံးရှုံးသွားနိုင်တယ်လို့ သုံးသပ်နေကြပြီး မန်စီးတီးကတော့ ၂ ပွဲ ရှုံးနိမ့်ထားပေမယ့် တိုက်စစ်မှူး ဟာလန်းရဲ့ ဂိုးသွင်းစွမ်းရည်တွေနဲ့အတူ အာဆင်နယ်ကို အနီးကပ် ဖိအားပေး နေတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ဖလားနဲ့ စူပါကွန်ပျူတာကိုတွေ့ရစဉ်

စူပါကွန်ပျူတာကတော့ မန်စီးတီးအသင်းဟာ မေလမှာ ဆုဖလား ရယူနိုင်မယ်လို့ ခန့်မှန်းထားပြီး အာဆင်နယ် အသင်းကို အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်မယ်လို့ ပြောထားတာပါ။

ပထမရာသီဝက်မှာ ရလဒ်တွေ မကောင်းခဲ့တဲ့ လီဗာပူးလ်အသင်းကိုတော့ တတိယနေရာနဲ့ အဆုံးသတ်မယ်လို့ ခန့်မှန်းထားပြီး စပါးအသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာဖြစ်တဲ့ အဆင့် ၄ နေရာ ထားရှိထားပါတယ်။

ဒီရာသီမှာ ရလဒ်ပိုင်း ကောင်းမွန်လာတဲ့ နယူးကာဆယ်ကို အဆင့် ၅ နဲ့ ယူနိုက်တက်အသင်းကို အဆင့် ၆ သာရ မယ်လို့ ခန့်မှန်းထားတာပါ။

တူချယ်လ်ကို ထုတ်ပယ်ပြီး ဂရေဟမ်ပေါ်တာကို ခန့်အပ်ထားတဲ့ ချယ်လ်ဆီးအသင်းကို အဆင့် ၇၊ ဘရိုက်တန်၊ ပဲလေ့စ်နဲ့ အက်စတွန်ဗီလာအသင်းတို့ကို အဆင့် ၈ ကနေ ၁၀ အထိ ရပ်တည်မယ်လို့ ပြောထားတာ ဖြစ်ပါတယ်။

လိစ်၊ ဆောက်သမ်တန်နဲ့ အဲဗာတန်အသင်းတို့ဟာ တန်းဆင်းဇုန်က လွတ်မြောက်မယ်လို့ စူပါကွန်ပျူတာက ခန့်မှန်းထားတာပါ။

လာမယ့်ရာသီ ချန်ပီယံရှစ်ကို တန်းဆင်းရမယ့် အသင်းအဖြစ် ဝုလ်ဗ်စ်၊ ဘုန်းမောက်နဲ့ နော်တင်ဟမ်ဖောရက်စ် တို့ကို ခန့်မှန်းသွားခဲ့တာ ဖြစ်ပါတယ်။ နော်တင်ဟမ်ဖောရက်စ်နဲ့ ဝုလ်ဗ်စ်အသင်းတို့ဟာ လက်ရှိအချိန်မှာလည်း ပရီးမီးယားလိဂ် အမှတ်ပေးဇယား တန်းဆင်းဇုန်မှာ ရပ်တည်နေတာဖြစ်ပါတယ်။

Source: Mirror