CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂

ပရီးမီးယားလိဂ်ရဲ့ စူပါဆန်းဒေးပွဲစဉ် တစ်ပွဲဖြစ်တဲ့ မန်စီးတီးနဲ့ ယူနိုက်တက်တို့ မန်ချက်စတာဒါဘီပွဲမှာ မန်စီးတီး အသင်းက ၆ ဂိုး- ၃ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိသွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာတင် ဟာလန်းနဲ့ ဖိုဒန်တို့က ၂ ဂိုးစီ သွင်းယူပြီး ၄ ဂိုးပြတ်နဲ့ ဦးဆောင် နေခဲ့တာပါ။ ဒုတိယပိုင်းမှာ အန်သိုနီက ယူနိုက်တက်အတွက် ချေပဂိုး ၁ ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် မန်စီးတီးက ဟာလန်းနဲ့ ဖိုဒန်က ဒီပွဲရဲ့ ဟတ်ထရစ် သွင်းဂိုးတွေအဖြစ် ၁ ဂိုးစီ ထပ်သွင်းယူ သွာခဲ့ပါ တယ်။ အဲ့ဒီနောက်ပိုင်းမှာ မန်စီးတီးအသင်းက ထိန်းကစားရင်းနဲ့ ယူနိုက်တက်အသင်းက နောက်ထပ်ချေပဂိုး ၁ ဂိုး ထပ်ရခဲ့ပါတယ်။

ဒီဂိုးကို မာရှယ်က သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းက ဂိုးရဖို့ ကြိုးစားနေရင်းနဲ့ တတိယဂိုး ရရှိခဲ့ပါတယ်။ ဒီဂိုးကို ပင်နယ်တီကနေ မာရှယ်ကပဲ သွင်းယူသွားခဲ့တာပါ။ အဲ့ဒါကြောင့် ပွဲအပြီးမှာ မန်စီးတီး အသင်းက ၆ ဂိုး- ၃ ဂိုးနဲ့ ယူနိုက်တက်ကို အနိုင်ရရှိသွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဒုတိယနေရာမှာ ဆက်လက်ရပ်တည် နေပြီး ယူနိုက်တက်ကတော့ နိုင်ပွဲဆက်မှု ရပ်တန့်ကာ အဆင့် ၆ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။