CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆

လာမယ့် ၂၀၂၂-၂၃ ရာသီအတွက် ပရီးမီးယားလိဂ်က ပွဲစဉ်ဇယားတွေကို ဇွန်လ ၁၆ ရက်က ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

လာမယ့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို သြဂုတ်လ ၅ ရက်မှာ စတင်သွားတော့မှာပါ။ပွဲစဉ် ၁ ရဲ့ အဖွင့်ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းက အဝေးကွင်းမှာ ပဲလေစ့်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

နာမည်ကြီးအသင်းတွေဖြစ်တဲ့ မန်စီးတီးအသင်းက အဝေးကွင်းမှာ ဝက်စ်ဟမ်းအသင်း၊ မန်ချက်စတာ ယူနိုက်တက်အသင်းက အိမ်ကွင်းမှာ ဘရန်ဖိုဒ့်အသင်း၊ချယ်လ်ဆီးအသင်းက အဝေးကွင်းမှာ အဲဗာတန်အသင်း၊လီဗာပူးလ်ကလည်း အဝေးကွင်းမှာ ဖူလ်ဟမ်၊စပါးအသင်းကတော့ အိမ်ကွင်းမှာ ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

အခြားပွဲစဉ်တွေအဖြစ် ဘုန်းမောက်နဲ့ ဗီလာ၊ လိဒ်စ်နဲ့ ဝုလ်ဗ်၊လက်စတာနဲ့ ဘရန်ဖိုဒ့်၊နယူးကာဆယ်နဲ့ နော်တင်ဟမ် ဖောရတ်စ်တို့ ယှဉ်ပြိုင်ကြမှာပါ။ပွဲစဉ် ၂ မှာတော့ အသင်းကြီးအချင်းချင်း ထိပ်တိုက်တွေ့ဆုံကြမယ့်ပွဲစဉ်အဖြစ် ချယ်လ်ဆီးနဲ့ စပါးတို့ တွေ့ဆုံကြမှာဖြစ်ပါတယ်။

ပွဲစဉ် ၃ မှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်တို့ တွေ့ဆုံမယ့် ပွဲစဉ်ရှိနေတာပါ။ကာတာမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲရှိနေတာကြောင့် ရာသီအလယ်မှာ အားလပ်ချိန် ပါဝင်နေတာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲရှိနေတဲ့အတွက် နိုဝင်ဘာ ၁၂ ရက်ကနေ ဒီဇင်ဘာ ၂၆ ရက်အထိ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ရပ်နားထားမှာပါ။ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာ ၂၁ ရက်မှာ စတင်သွားမှာဖြစ်ပြီး ရပ်နားထားတဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြန်မစခင် ၈ ရက်အလို ဒီဇင်ဘာ ၁၈ ရက်မှာ ဗိုလ်လုပွဲကျင်းပသွားမှာဖြစ်ပါတယ်။ပရီးမီးယားလိဂ်ပြိုင်ပွဲကို ၂၀၂၃ မေလ ၂၈ ရက်မှာ အပြီးသတ်မှာလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံကတော့ မန်စီးတီးအသင်းဖြစ်ပြီး မနှစ်ကရာသီက လီဗာပူးလ်အသင်းကို ၁ မှတ်ဖြတ်ကာ ချန်ပီယံဆုကို ၈ ကြိမ်မြောက် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source:BBC