CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

လက်စတာနောက်ခံလူ ဝုဒ်ဖေးစ်အတွက် ခံစားရတယ်လို့ ကလော့ပ်ပြော

By CNI
CNI
Category: Watch TV
Hits: 632

Share
Tweet
Share
Share
powered by social2s
ဆန်းတို့စ်အသင်းရဲ့ ကျောနံပါတ် ၁၀ နဲ့ ပီလီကိုတွေ့ရစဉ်

ပီလီကို ဂုဏ်ပြုတဲ့အနေနဲ့ ကျောနံပတ် ၁၀ ကို အနားပေးဖို့ ဆန်းတို့စ်အသင်းစီစဉ်

By CNI
CNI
Category: အားကစား
Hits: 815

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁

ဆန်းတို့စ်အသင်းဟာ အသင်းမှာ ပီလီ ကစားခဲ့ချိန် တလျှောက်လုံး ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ဂျာစီကို အပြီး တိုင် အနားပေးဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ဆန်းတို့စ်အသင်းဥက္ကဋ္ဌ ရူအီဒါက “နံပတ် ၁၀ ဂျာစီကို အနားပေးဖို့ ကောင်စီကို အဆိုပြုသွားမှာပါ။ ဗျူရိုကရေစီ လုပ်ထုံးလုပ်နည်းတွေအရ ကောင်စီ အစည်းအဝေးနဲ့ အတည်ပြုချက်ကို ရယူဖို့ လိုအပ်ပါတယ်။ ကျနော်တို့က တော့ ဇန်နဝါရီမှာ ကျောနံပါတ် ၁၀ ကို လုံးဝမဝတ်ဆင်တော့ဖို့ လုပ်ဆောင်နေပြီး ဘုတ်အဖွဲ့ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ပဲ လိုအပ်တော့တာပါ။ ဒါဟာ ကောင်းမွန်တဲ့ ဂုဏ်ပြုမှု တစ်ခုဖြစ်လာမယ်လို့ ထင်ကြောင်း” ပြောခဲ့ တာပါ။

ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ဘရာဇီးလ် ဂန္တဝင်ကစားသမား ပီလီဟာ ဆန်းတို့စ်အသင်းမှာ ၁၉၅၆ ကနေ ၁၉၇၄ အထိ ပွဲပေါင်း ၆၅၉ ပွဲ ပါဝင်ကစားပြီး ၆၄၃ ဂိုး သွင်းယူနိုင်ခဲ့ကာ စီးရီးအေဖလား ၅ ကြိမ် အပါအဝင် အောင်မြင်မှု အများအပြားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကျောနံပါတ် ၁၀ ၀တ်ဆင်ပြီး ပီလီ ဘောလုံးကစားခဲ့စဉ်

ဘရာဇီးလ်ကလာတဲ့ သတင်းတွေမှာ ပီလီရဲ့ သမီးတွေဟာ ကျောနံပါတ် ၁၀ ကို အပြီးတိုင် အနားပေးဖို့ ဆန်းတို့စ် အသင်းထံ တောင်းဆိုခဲ့တယ်လို့ ဖော်ပြထားတာပါ။

ဆန်းတို့စ်အသင်းမှာ ကျောနံပါတ် ၁၀ ဝတ်ဆင်နေတဲ့ ဗင်နီဇွဲလား တိုက်စစ်မှူး ဆိုတယ်လ်ဒိုက “ခင်ဗျားရဲ့ ဂျာစီ ကို ချစ်ခင်လေးစားမှု အပြည့်နဲ့ ဝတ်ဆင်ရတာက တကယ်ကို ဂုဏ်ယူစရာကောင်းပါတယ်။ ဒီနေ့မှာ ခင်ဗျားက ကျနော်တို့ကို ထားခဲ့ပေမယ့် အမွေအနှစ်တွေနဲ့ အမှတ်တရတွေကတော့ ကျန်ရှိခဲ့ပါတယ်။ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် ပီလီ”လို့ ရေးသားခဲ့တာပါ။

ဆန်းတို့စ်အသင်းကတော့ ပီလီကွယ်လွန်ပြီးနောက် ဝမ်းနည်းခြင်းကာလကို ၇ ရက်ကြာ ကြေညာခဲ့ပါတယ်။ ပီလီ ဟာ ဘရာဇီးလ်အသင်းအတွက် ၉၂ ပွဲ ကစားပြီး ၇၇ ဂိုး သွင်းယူကာ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၃ ကြိမ် ရယူနိုင် ခဲ့တာဖြစ်ပြီး အသက် ၈၂ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

Source: Sports Max

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဟာလန်းနဲ့ လမ်းပတ်ကို တွေ့ရစဉ်

ချယ်လ်ဆီးကို ကိုင်တွယ်ချိန်က ဟာလန်းကိုခေါ်ဖို့ ကြိုးစားခဲ့ဖူးကြောင်း လမ်းပတ်ပြော

By CNI
CNI
Category: အားကစား
Hits: 1292

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁

အဲဗာတန်အသင်းနည်းပြ လမ်းပတ်က ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့စဉ်အချိန် ဟာလန်းကို ခေါ်ယူဖို့အတွက် ကြိုးစားခဲ့ဖူးတယ်လို့ ပြောလိုက်ပါတယ်။

လမ်းပတ်က “ဟာလန်းက အံ့သြဖွယ်ကောင်းတဲ့ ကစားသမားဖြစ်ပါတယ်။ ထိပ်တန်းအဆင့် ကစားသမားတွေဟာ ယေဘုယျဆိုရင် ထိပ်တန်းလိဂ်မှာ သူတို့လုပ်ဆောင်နိုင်တဲ့ အရာအားလုံးကို လုပ်ဆောင်နိုင်ပါတယ်။ ဆဲလ်ဘတ် မှာ ကစားခဲ့တုန်းက ရာသီကြိုခြေစမ်းပွဲမှာ ပြိုင်ဘက်နည်းပြအဖြစ်နဲ့ သူ့ကို ရင်ဆိုင်ခဲ့ရပါတယ်။ သူ့ကို ချယ်လ်ဆီး အတွက် ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မဖြစ်ခဲ့ပါဘူး”လို့ ပြောခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ထိပ်တန်းအဆင့် တိုက်စစ်မှူး အများအပြားကို ခေါ်ယူခဲ့ပေမယ့် သူတို့ဟာ ရုန်းကန်ခဲ့ ရတာကြောင့် ဟာလန်းကို မခေါ်ယူနိုင်ခဲ့တာက အသင်းပရိသတ်တွေအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။

ဟာလန်းဟာ နွေရာသီကမှ ဒေါ့မွန်အသင်းကနေ မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့ပေမယ့် ပရီးမီးယားလိဂ် သွင်းဂိုး ၂၀ အမြန်ဆုံးပြည့်တဲ့ ကစားသမား ဖြစ်လာခဲ့တာပါ။

မန်စီးတီးအသင်းမှာ ခြေစွမ်းပြနေတဲ့ ဟာလန်းကိုတွေ့ရစဉ်

မန်စီးတီး တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်ကို ရောက်လာကတည်းက ခြေစွမ်းပြသနေတာဖြစ်ပြီး စံချိန်တွေလည်း အများအပြား ရယူထားတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ လမ်းပတ်ကို ထုတ်ပယ်ပြီး နောက်ပိုင်းမှာ လူကာကူ၊ အခု အူဘာမီယန်းတို့ကို အားဖြည့်ခဲ့ ပေမယ့် တိုက်စစ်ပိုင်းက ထင်သလောက် အလုပ်မဖြစ်ခဲ့ပါဘူး။

ဒီနောက် ချယ်လ်ဆီးအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ပွဲမှာ ဘုန်းမောက်အသင်းကို အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ် မှာ ရှုံးပွဲဆက်နေတာကို ရပ်တန့်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လမ်းပတ် လက်ရှိ ကိုင်တွယ်နေတဲ့ အဲဗာတန်အသင်းကတော့ လက်ရှိအချိန်မှာ ရုန်းကန်နေရပြီး မန်စီးတီးအသင်း နဲ့ ပွဲမကစားခင် အချိန်အထိ ရမှတ် ၁၄ မှတ်နဲ့ တန်းဆင်းဇုန်အထက် အဆင့် ၁၆ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပြည်နှင်ဒဏ်ပေးခံရတာကို ဘယ်တော့မှမမေ့ဘူးလို့ ဂျိူကိုဗစ်ပြော

By CNI
CNI
Category: Watch TV
Hits: 565

Share
Tweet
Share
Share
powered by social2s

ဂန္ထဝင် ပီလီအတွက် နာမည်ကြီးဘောလုံးသမားများက ဝမ်းနည်းမှတ်တမ်း ရေးသားခဲ့ကြ

By CNI
CNI
Category: Watch TV
Hits: 550

Share
Tweet
Share
Share
powered by social2s
အိန္ဒိယခရစ်ကတ်ကြယ်ပွင့် ရီရှာပန့် ကားတိုက်မှုဖြစ်ပွားစဉ်

ကားတိုက်မှုဖြစ်ပွားပြီး အိန္ဒိယခရစ်ကတ်ကြယ်ပွင့် ဆေးရုံရောက်ရှိ

By CNI
CNI
Category: အားကစား
Hits: 840

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၀

အိန္ဒိယခရစ်ကတ်ကြယ်ပွင့် ရီရှာပန့်ဟာ ကားတိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့လို့ ဆေးရုံကို ပို့ဆောင်ခံခဲ့ရပြီး အခြေအနေ တည်ငြိမ်နေတယ်လို့ သိရပါတယ်။

အသက် ၂၅ နှစ် အရွယ်ရှိ ကစားသမားဟာ မူးဝေနေတာကြောင့် ကားကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ ကားဟာ မီးလောင်သွားခဲ့တာလို့ ရဲက ပြောခဲ့ပါတယ်။

အိန္ဒိယကလာတဲ့ သတင်းတွေမှာ ရီရှာပန့်ဟာ ဦးခေါင်း၊ နောက်ကျောနဲ့ ခြေထောက်တို့မှာ ဒဏ်ရာတွေ ရရှိခဲ့တယ် လို့ ဖော်ပြထားပါတယ်။ ရီရှာပန့်ဟာ မြောက်ပိုင်း အူထရာခန့်ပြည်နယ်ရှိ သူ့ရဲ့ မွေးရပ်ဇာတိ ရော်ကီအနီးရှိ မန်ဂါလာနဲ့ နာဆန်ကြားမှာ ကားတိုက်မှု ဖြစ်ပွားခဲ့တာပါ။

အိန္ဒိယခရစ်ကတ်ကြယ်ပွင့် ရီရှာပန့် ကားတိုက်မှုဖြစ်ပွားစဉ်

အိန္ဒိယခရစ်ကတ် ဘုတ်အဖွဲ့ အတွင်းရေးမှူး ဂျေရှာက “ရီရှာဟာ တည်ငြိမ်မှုရှိနေပြီး စကန်စစ်ဆေးမှုတွေကို လုပ်ဆောင်နေပါတယ်။ သူ့မိသားစုတွေနဲ့ သူ့ကို ကုသပေးခဲ့တဲ့ ဆရာဝန်တွေနဲ့ ကျနော် စကားပြောပြီးပါပြီ။ သူ့ရဲ့တိုးတက်မှုကို ကျနော်တို့ အနီးကပ် စောင့်ကြည့်နေပြီး လိုအပ်နေတဲ့ အထောက်အပံ့တွေ အားလုံးကို ပေးသွားမှာပါ”လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ဒေလီကတ်ပီတယ်လ် နည်းပြချုပ်နဲ့ သြစတြေးလျအသင်း ခေါင်းဆောင်ဟောင်း ရစ်ကီက ရီရှာပန့် အမြန်ဆုံး ပြန်ကောင်းလာစေဖို့ ဆန္ဒပြုကြောင်း သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

ရီရှာပန့်ဟာ ဒီဇင်ဘာလ ၂၅ ရက်က ဘင်္ဂလားဒေ့ရှ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အိန္ဒိယအသင်းအတွက် ပါဝင် ကစားပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ရီရှာပန့်ဟာ ဇန်နဝါရီ ၃ ရက် သီရိလင်္ကာနဲ့ မွမ်ဘိုင်းမှာ စတင်ကစားမယ့် ပွဲစဉ်အတွက် အိန္ဒိယ အသင်း လူစာရင်းမှာ မပါဝင်ဘူးလို့ ဘီဘီစီသတင်းရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Source: BBC

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဟာလန်းက အခုထက် ပိုပြီးကောင်းလာနိုင်တယ်လို့ မန်စီးတီးနည်းပြ ပြော

By CNI
CNI
Category: Watch TV
Hits: 566

Share
Tweet
Share
Share
powered by social2s

စထရာဘောင်းနဲ့ပွဲမှာ ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့လို့ နေမာ ထုတ်ပယ်ခံရ

By CNI
CNI
Category: Watch TV
Hits: 597

Share
Tweet
Share
Share
powered by social2s
ဘတ်ပီကိုတွေ့ရစဉ်

မာတီးနတ်စ်နဲ့ စကားလုံးစစ်ပွဲစဖို့ အချိန်ဖြုန်းမှာမဟုတ်ဘူးလို့ ဘတ်ပီတုန့်ပြန်

By CNI
CNI
Category: အားကစား
Hits: 942

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၀

ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဘတ်ပီက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး အာဂျင်တီးနား ဂိုးသမား မာတီးနတ်စ်နဲ့ စကားလုံးစစ်ပွဲကို စတင်ဖို့အတွက် အချိန်ဖြုန်းတီးနေမှာ မဟုတ်ဘူးလို့ ပြောလိုက် ပါတယ်။

ဘတ်ပီက “သူတို့က ကျနော့်ရဲ့ ပြဿနာမဟုတ်ပါဘူး။ ဒီလို အရာတွေနဲ့ပတ်သက်ပြီး ကျနော့်မှာ အချိန်ဖြုန်းတီးဖို့ စွမ်းအားတွေ မရှိပါဘူး။ ဘယ်တော့မှချေဖျက်ပြီး တုန့်ပြန်နေမှာ မဟုတ်ပါဘူး။ နည်းပြနဲ့ အသင်းဖော်တွေကို ကျနော် ပြောခဲ့သလိုပဲ ကျနော့်အသင်းက နိုင်ငံအသင်း ရှုံးနိမ့်မှုအတွက် ပေးချေရမယ်ဆိုတဲ့ အကြောင်းပြချက် မရှိပါဘူး။ ဒါဟာ မတူညီတဲ့ အခြေအနေနှစ်ခုပါ”လို့ ပြောခဲ့တာပါ။

မာတီးနတ်စ်ဟာ ကမ္ဘာ့ဗိုလ်လုပွဲအပြီး အဝတ်စားလဲခန်းအတွင်း အောင်ပွဲခံတာမှာ ဘတ်ပီအတွက် တစ်မိနစ် လောက် ငြိမ်သက်ပေးပါလို့ ပြောပြီး အားလုံးက လှောင်ပြောင်ကာ အောင်ပွဲခံခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဗျူနိုအေရိစ်မှာ ကမ္ဘာ့ဖလား ချန်ပီယံဆုအတွက် အောင်ပွဲခံတာမှာလည်း ဘတ်ပီရဲ့ မျက်နှာပါဝင်တဲ့ ကလေးအရုပ်ကို ကိုင်ဆောင်ပြီး အောင်ပွဲခံခဲ့တာပါ။ ဘတ်ပီကတော့ ဒါနဲ့ ပတ်သက်ပြီး တုန့်ပြန်နေမှာ မဟုတ်ဘူး လို့ ပြောခဲ့ပါတယ်။

ဘတ်ပီ၊ မက်ဆီ၊ မာတီးနတ်စ်တို့ ဆုများ လက်ခံရယူနေစဉ်

ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းက စထရာဘောင်းအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်း ပွဲစဉ်မှာ အသင်းအတွက် ပါဝင်ကစားခဲ့ပြီး နာကျင်အချိန်ပိုမှာ အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘတ်ပီဟာ ဂိုးသွင်းရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့သလို ဒီရာသီမှာ ပီအက်စ်ဂျီအသင်း အတွက် ပြိုင်ပွဲစုံ ၂၁ ပွဲ ပါဝင်ကစားထားပြီး ၂၀ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

စထရာဘောင်းကို အနိုင်ရတဲ့ပွဲမှာ မက်ဆီကလွဲပြီး ပီအက်စ်ဂျီအသင်းမှာ ကမ္ဘာ့ဖလား သွားရောက်ခဲ့တဲ့ ကစား သမားတွေ အကုန် ပါဝင်လာခဲ့တာပါ။ မက်ဆီကိုတော့ ဇန်နဝါရီလ ပထမအပတ်မှာ အသင်းနဲ့ လာရောက် ပူးပေါင်းဖို့ နည်းပြ ဂယ်လ်တီယာက ပြောထားပါတယ်။

Source: Metro

 

 

 

 

Share
Tweet
Share
Share
powered by social2s
မြန်မာအသင်းနည်းပြနဲ့ ဒေးဗစ်ထန်းကိုတွေ့ရစဉ် (MFF)

လာအိုကို အနိုင်ရဖို့ အကောင်းဆုံး ပြင်ဆင်သွားမယ်လို့ မြန်မာအသင်းနည်းပြပြော

By CNI
CNI
Category: အားကစား
Hits: 1376

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၉

မြန်မာအသင်းနည်းပြ အန်တွမ်နီဟေးက လာအိုအသင်းနဲ့ပွဲမှာ အနိုင်ရဖို့ အကောင်းဆုံး ပြင်ဆင်ပြီးတော့ ကစား သွားမယ်လို့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

အန်တွမ်နီဟေးက “စင်ကာပူနဲ့ ကစားတဲ့ ပွဲအပြီးမှာ ဂိုးသမား အပါအဝင် ကစားသမားအချို့ ဒဏ်ရာပြဿနာတွေ ရှိနေပါတယ်။ မလေးရှား၊ စင်ကာပူနဲ့ပွဲမှာ ရလဒ်ကောင်း မရယူနိုင်ပေမယ့် အသင်းရဲ့ ကစားပုံက ကောင်းမွန်ခဲ့ ပါတယ်။ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကိုလည်း ကျေနပ်ပါတယ်။ အသင်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အကောင်းဆုံး အစီအစဉ်တွေကို ရေးဆွဲထားပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ပွဲတွေမှာ မြန်မာအသင်း ခြေစွမ်းတိုးတက် လာတာကို မြင်တွေ့ရမှာပါ။ လာအိုနဲ့ပွဲမှာ အနိုင်ရဖို့ အကောင်းဆုံး ပြင်ဆင်ကစားသွားမှာပါ”လို့ ပြောခဲ့တာပါ။

မြန်မာအသင်းဟာ အုပ်စုတွင်း အဖွင့်ပွဲစဉ် ၂ ပွဲအဖြစ် မလေးရှား၊ စင်ကာပူအသင်းတို့နဲ့ ကစားခဲ့တာမှာ ၂ ပွဲစလုံး အရေးနိမ့်ခဲ့တာကြောင့် အုပ်စုကနေ နောက်တဆင့်တက်ဖို့ မျှော်လင့်ချက် နည်းပါးသွားခဲ့တာ ဖြစ်ပါတယ်။

မြန်မာအသင်း ယှဉ်ပြိုင်ကစားနေစဉ်(MFF)

မြန်မာအသင်းကစားသမား ဒေးဗစ်ထန်းကလည်း လာအိုနဲ့ပွဲမှာ နိုင်ပွဲရယူဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့တာပါ။

ဒေးဗစ်ထန်းက “လာအိုနဲ့ပွဲမှာ ရလဒ်ကောင်းဖို့ အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ နိုင်ပွဲရဖို့ ကျနော်တို့ ကစား သမားတွေ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ဒီပွဲမှာ တစ်သင်းလုံးရဲ့ စွမ်းဆောင်မှုရော၊ တစ်ဦးချင်းစီရဲ့ စွမ်းဆောင်မှုပါ အကောင်းဆုံးပုံစံ ရရှိဖို့ ကြိုးစားမှာပါ။ ကျနော်တို့ အသင်း ရလဒ်ဆိုးဆိုး၊ ကောင်းကောင်း အမြဲတမ်း အားပေးနေ တဲ့ ပရိသတ်ကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

လာအိုအသင်းကတော့ အုပ်စုတွင်း ၃ ပွဲ ကစားအပြီးမှာ ၃ ပွဲစလုံး အရေးနိမ့်ကာ အုပ်စုကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါ တယ်။ မြန်မာအသင်းနဲ့ လာအိုအသင်းတို့ဟာ ဒီဇင်ဘာလ ၃၀ ရက်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရီစီဂျိမ်းစ်ရဲ့ ဒဏ်ရာကို စိုးရိမ်မိတယ်လို့ ချယ်လ်ဆီးနည်းပြ ပြော

By CNI
CNI
Category: Watch TV
Hits: 571

Share
Tweet
Share
Share
powered by social2s

အဲရစ်တန်ဟတ်လက်အောက်မှာ ယူနိုက်တက်ပြောင်းလဲသွားတဲ့အရာကို ရက်ရှ်ဖိုဒ့် ပြော

By CNI
CNI
Category: Watch TV
Hits: 553

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုနဲ့ အယ်လ်နာဆာအသင်းဥက္ကဋ္ဌ အယ်လ်မူအန်မာကိုတွေ့ရစဉ်

ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့သတင်းတွေကို အယ်လ်နာဆာအကြီးအကဲ ငြင်းဆန်

By CNI
CNI
Category: အားကစား
Hits: 1765

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၈

အယ်လ်နာဆာအသင်းဥက္ကဋ္ဌ အယ်လ်မူအန်မာက ရော်နယ်ဒိုကို ငွေကြေးအများအပြားနဲ့ ဆော်ဒီလိဂ်ကို လာရောက်ဖို့ ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်လိုက်ပါတယ်။

အခုပျံ့နှံနေတဲ့ သတင်းတွေထဲက “အများစုဟာ အလိမ်အညာ”တွေဖြစ်တယ်လို့ အယ်လ်နာဆာ အသင်းဥက္ကဋ္ဌက ပြောခဲ့တာကို စပိန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် လက်ရှိအချိန်မှာ အသင်းသစ် ရှာဖွေနေပါတယ်။

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဟာ ရော်နယ်ဒိုကို တစ်နှစ်လုပ်ခ ပေါင် ၁၇၃ သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

အယ်လ်နာဆာအသင်း အားကစားဒါရိုက်တာကတော့ သူ့ဘက်ကတော့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ပြောခွင့် မရှိဘူးလို့ ပြောထားတာပါ။

ရော်နယ်ဒိုကိုတွေ့ရစဉ်

မာဆယ်လိုဆလာဇာက “ဒီနှစ်ကုန်တဲ့အထိ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်လိုက်ပါ။ ဒါက ကလပ်အတွက် တင်မဟုတ်ဘဲ ကြီးမားတဲ့ ညှိနှိုင်းမှုတစ်ခုပါ။ ဒါက နိုင်ငံအတွက်ရော ကမ္ဘာ့ဘောလုံးအတွက်ပါ တာဝန်ရှိသူတွေ လုပ်ဆောင်ပေးရမယ့် အရာပါ။ ကျနော်ပြောနိုင်တာက ရော်နယ်ဒိုဟာ ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးပါ။ သူ့ရဲ့ နိုင်လိုစိတ်တွေကြောင့် အားကစားသမားတစ်ဦး အနေနဲ့ စံနမူနာပါပဲ”လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ ၂၀၃၀ အထိ စာချုပ်ချုပ်မယ်လို့ ဖော်ပြနေပြီး ကစားသမားဟာ ဆော်ဒီနိုင်ငံက ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ပြုလုပ်ဖို့ ကြိုးပမ်းတာမှာ သံတမန်အဖြစ် ဆောင်ရွက်ပေးရမယ်လို့ သိရပါတယ်။

ရော်နယ်ဒိုအတွက် နောက်ထပ် ရွေးချယ်စရာအသင်းကတော့ ငယ်ဘဝကလပ် စပို့တင်းလစ္စဘွန်းဖြစ်ပြီး အဲဒီ အသင်းကတော့ ကစားသမားကို ခေါ်ယူချင်ပေမယ့် လုပ်ခလစာ ပေးချေဖို့ မတက်နိုင်ဘူးလို့ ပြောထားပါတယ်။

ရော်နယ်ဒိုကတော့ လက်ရှိအချိန်မှာ မိသားစုနဲ့အတူ အနားယူနေပြီး မကြာခင်မှာ သူကစားမယ့် အသင်းသစ်ကို အတည်ပြုပေးဖွယ်ရှိနေပါတယ်။

Source: The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s

ယူနိုက်တက်ပစ်မှတ် ဂတ်ခ်ပိုကို လီဗာပူးလ်ခေါ်ယူဖို့ သဘောတူညီမှု ရရှိ

By CNI
CNI
Category: Watch TV
Hits: 579

Share
Tweet
Share
Share
powered by social2s

CNI ရဲ့ ဘောလုံးပွဲ သုံးသပ်ချက် အစီအစဉ်

By CNI
CNI
Category: Watch TV
Hits: 835

Share
Tweet
Share
Share
powered by social2s

အာဆင်ဝင်းဂါးက မှန်ကန်တဲ့ အချိန်မှာရောက်လာခဲ့တယ်လို့ အာတီတာ ပြော

By CNI
CNI
Category: အားကစား
Hits: 2147

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၇

ဝက်စ်ဟမ်းအသင်းကို အနိုင်ရခဲ့တဲ့ ဘောက်ဆင်ဒေးပွဲစဉ်မှာ အသင်းရဲ့ပွဲကိုလာရောက်ကြည့်ရှူခဲ့တဲ့ အာဆင် ဝင်းဂါးဟာ မှန်ကန်တဲ့အချိန်မှာ ရောက်လာခဲ့တာလို့ အာတီတာက ပြောလိုက်ပါတယ်။

အာတီတာက “အာဆင်ဝင်းဂါးဟာ မှန်ကန်တဲ့အချိန်ကို ရွေးချယ်နိုင်ခဲ့ပါတယ်။ဒီနေ့ အသင်းရဲ့စွမ်းဆောင်ရည်က သူနဲ့ထိုက်တန်တဲ့ အဆင့်မှာရှိနေတယ်လို့ ကျနော်ထင်ပါတယ်။သူလာတယ်ဆိုတာကို ကစားသမားတွေ မသိပါဘူး။ဒါဟာ အထူးနေ့တစ်နေ့ပါပဲ။ဒါကြောင့် အခုလိုလာရောက်တဲ့အတွက် အာဆင်ဝင်းဂါးကို ကျေးဇူးတင်ပါတယ်။သူဟာ ကျနော်တို့နဲ့အတူ အချိန်ပိုပေးနိုင်ဖို့ မျှော်လင့်ပါတယ်။သူဟာ သြဇာကြီးမားတဲ့သူ ဖြစ်လို့ ကျနော်တို့ပတ်ဝန်းကျင်မှာရှိတာကောင်းပါတယ်” လို့ ပြောခဲ့တာပါ။

အာဆင်ဝင်းဂါးဟာ အာဆင်နယ်အသင်းကို ၂၂ နှစ်ကြာကိုင်တွယ်ခဲ့ပြီး ၂၀၁၈ မှာ နည်းပြရာထူးကနေ ထွက်ခွာ ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမှာ အာဆင်ဝင်းဂါးဟာ အာဆင်နယ်အသင်းထံ မလာရောက်တော့ဘဲ ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှ ပြန်လည်လာရောက်ခဲ့တာပါ။ပရိတ်သတ်တွေဟာ သူတို့ရဲ့ဂန္တဝင်နည်းပြကြီး အာဆင်ဝင်းဂါး နာမည်ကို အော်ဟစ်သီကြွေးခဲ့ကြတာဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ဝက်စ်ဟမ်းအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

ဝက်စ်ဟမ်းအသင်းအတွက် ဘန်နာရာမာက ပင်နယ်တီကနေ ဦးဆောင်ဂိုးသွင်းယူခဲ့တာကို ဆာကာ၊ မာတင် နယ်လီနဲ့ အန်ကိတ်တီယာတို့က သွင်းယူခဲ့တာဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းအသင်းကို အနိုင်ရ ခဲ့တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဒုတိယနေရာက နယူးကာဆယ်ကို ၇ မှတ်၊ တတိယနေရာက မန်စီးတီးကို ၈ မှတ်ဖြတ်ပြီး ဦးဆောင်နေတာပါ။

ဂျီးဆပ်စ်မပါဝင်နိုင်တဲ့အချိန်မှာ ပွဲထွက်ခွင့်ရပြီး ဂိုးသွင်းနိုင်ခဲ့တဲ့ အန်ကိတ်တီယာနဲ့ပတ်သက်ပြီး “ ဒီနေ့ သူကစား ခဲ့တဲ့ပုံက လုံးဝထိုက်တန်မှုရှိလို့ သူ့ကို ကြီးမားတဲ့ ပွေ့ဖက်မှုကိုပေးချင်ပါတယ်။ဒါက အန်ကိတ်တီယာသွင်းယူ နေကျပုံစံဖြစ်ပြီး ထူးချွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။ဒီနေ့ သူလုပ်ဆောင်ခဲ့တဲ့အရာတွေကို တွေ့မြင် ရတာ ကျနော်ကျေနပ်ပါတယ်။ဂျီးဆပ်စ်ကတော့ မကစားနိုင်ပေမယ့် အသင်းနဲ့အတူရှိနေပါတယ်။သူဟာ ကွင်း ထဲမှာ သက်ရောက်မှုရှိပြီး အန်ကိတ်တီယာကို အကူအညီပေးနေပါတယ်” လို့ အာတီတာက ပြောခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အခုလာမယ့်အပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။

Source:DailyMail

 

 

 

Share
Tweet
Share
Share
powered by social2s
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23

Page 19 of 81

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar