CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
မက်ဆီကို အဝါကတ်ပြနေတဲ့ ဒိုင်လူကြီး လာဟို့ဇ်ကိုတွေ့ရစဉ်

ဝေဖန်မှုခံနေရလို့ ရာသီအကုန်မှာ အနားယူဖို့ ဒိုင်လူကြီး လာဟို့ဇ်စီစဉ်

By CNI
CNI
Category: အားကစား
Hits: 1620

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၆

မကြာသေးခင်က ပွဲတွေမှာ အဝါကတ်၊ အနီကတ် ပြသမှုများပြားခဲ့လို့ ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ခံနေရတဲ့ စပိန်ဒိုင်လူကြီး လာဟို့ဇ်ဟာ ရာသီအကုန်မှာ အနားယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

စပိန်ဒိုင်လူကြီးဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်၊ စပိန်လာလီဂါနဲ့ ကိုပါဒယ်ရေး ပွဲတွေမှာ သူ့ရဲ့ ကိုင်တွယ်ပုံတွေ ကြောင့် ဝေဖန်မှုတွေ ခံနေရတာပါ။

အဲ့ဒါကြောင့် စပိန်ဘောလုံးအဖွဲ့ချုပ်က သူ့ကို အခု လာမယ့်ပွဲတွေမှာ တာဝန်မပေးဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် လာဟို့ဇ်ဟာ အနားယူဖို့ အထိပါ စဉ်းစားနေပြီလို့ ဂျာနယ်လစ် ဂတ်စတန်အီဒယ်လ် က ရေးသား ဖော်ပြခဲ့ပါတယ်။

အသက် ၄၅ နှစ်အရွယ်ရှိ လာဟို့ဇ်ဟာ အာဂျင်တီးနားနဲ့ နယ်သာလန်အသင်းတို့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ကွာတား ဖိုင်နယ်ပွဲစဉ်မှာ စံချိန်တင် အဝါကတ်ပြသခဲ့လို့ နာမည်ကြီးခဲ့တာ ဖြစ်ပါတယ်။

အနီကတ်ပြနေတဲ့ ဒိုင်လူကြီး လာဟို့ဇ်ကိုတွေ့ရစဉ်

လာဟို့ဇ်ကို ၂ သင်းစလုံးက ဝေဖန်ခဲ့ပြီး အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီက လာမယ့် ကမ္ဘာ့ဖလားပွဲ တွေမှာ မကိုင်တွယ်ခိုင်းဖို့အထိ ပြောခဲ့တာပါ။ စပိန်ပြည်တွင်းပွဲတွေကို ကိုင်တွယ်ချိန်မှာလည်း လာဟို့ဇ်ဟာ ဝေဖန်မှုတွေ ခံရတာက မလွတ်ခဲ့ပြန်ပါဘူး။

ဘာစီလိုနာနဲ့ အက်စ်ပန်ညိုတို့ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာဆိုရင် နောက်ထပ် စံချိန်တင် အဝါကတ်နဲ့ အနီကတ် တွေကို ထပ်ပြီး ပြသခဲ့တာပါ။ ဒါ့အပြင် လီနာရက်စ်နဲ့ ဆီဗီလာတို့ရဲ့ ကိုပါဒယ်ရေးဖလား ပွဲမှာလည်း လာဟို့ဇ်ဟာ ပွဲကစားချိန် ၁၇ မိနစ်မှာပဲ ဆီဗီလာနည်းပြ ဆမ်ပါအိုလီကို ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို အရာတွေကြောင့်လည်း လာဟို့ဇ်ကို အခုတစ်ပတ် ကစားမယ့် လာလီဂါပွဲစဉ်တွေမှာ ကိုင်တွယ်ခွင့် မပေး တော့တာပါ။

နောက်အပတ် ပွဲတွေမှာလည်း သူ့ကို တာဝန်ပေးမလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးတာကြောင့် အနား ယူဖို့အထိ စဉ်းစားနေခဲ့တာ ဖြစ်ပါတယ်။ လာဟို့ဇ်ဟာ လာလီဂါပြိုင်ပွဲမှာ ဒိုင်လူကြီးအဖြစ် ၂၀၀၈ က စတင် ကိုင်တွယ်ခဲ့တာဖြစ်ပြီး ၂၀၁၁ မှာ ဖီဖာရဲ့ နိုင်ငံတကာ ဒိုင်လူကြီးအဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Source: Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s

မန်စီးတီးအနေနဲ့ အာဆင်နယ်ကို လိုက်မှီဖို့ ရုန်းကန်ရနိုင်တယ်လို့ ဂွာဒီယိုလာပြော

By CNI
CNI
Category: Watch TV
Hits: 673

Share
Tweet
Share
Share
powered by social2s

ရော်နယ်ဒိုအနေနဲ့ ဆော်ဒီကိစ္စတွေကိုဖြေရှင်းသင့်တယ်လို့ AI ပြော

By CNI
CNI
Category: Watch TV
Hits: 789

Share
Tweet
Share
Share
powered by social2s

ဒိုင်လူကြီးတွေနဲ့ပြောရတာ မိုက်ခရိုဝေ့ဖ်နဲ့ ပြောနေရသလိုပဲလို့ ကလော့ပ်ဝေဖန်

By CNI
CNI
Category: Watch TV
Hits: 673

Share
Tweet
Share
Share
powered by social2s

ရော်နယ်ဒိုနဲ့ အယ်လ်နာဆာစာချုပ်မှာ နယူးကာဆယ်ပြောင်းနိုင်တဲ့အချက် ပါဝင်

By CNI
CNI
Category: Watch TV
Hits: 689

Share
Tweet
Share
Share
powered by social2s
ဟော်လာလေ့ကျင့်ခန်း ဆင်းနေစဉ်

ကင်ဆာတိုက်ပွဲအပြီး ဒေါ့မွန်တိုက်စစ်မှူး ဟော်လာလေ့ကျင့်ခန်းပြန်ဆင်း

By CNI
CNI
Category: အားကစား
Hits: 1469

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃

ဒေါ့မွန်အသင်း တိုက်စစ်မှူး ဟော်လာဟာ ဇူလိုင်လမှာ တွေ့ရှိခဲ့တဲ့ ဝှေးစေ့ အကျိတ်ကို ကုသဖို့အတွက် ခွဲစိတ်မှု တွေနဲ့ ဓါတုကုထုံး ခံယူပြီးနောက် လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်ပါတယ်။

ဟော်လာက “အားလုံးပဲ နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ။ ဒါဟာ ကျနော့်အတွက် ကောင်းမွန်တဲ့ စတင်မှုပါ၊ ဘာလို့လဲ ဆိုရင် ကွင်းထဲကို ပြန်ပြီး ဝင်နိုင်တာကြောင့်ပါ။ ၂၀၂၂ က ကျနော့်အတွက် အလွယ်ကူဆုံးနှစ် မဟုတ်ပေမယ့် ၂၀၂၃ မှာ ရောက်လာမယ့် စိန်ခေါ်မှုအသစ်တွေကို ယူဆောင်ဖို့ ပြင်ဆင်နေပါတယ်”လို့ အားကစားခန်းမမှာ လေ့ကျင့်မှု တွေ ပြုလုပ်နေတဲ့ ပုံနဲ့အတူ တွစ်တာမှာ ရေးသားခဲ့တာပါ။

ပြီးခဲ့တဲ့ နှစ်ရာသီက အေဂျတ်စ် အသင်းအတွက် ၃၄ ဂိုး သွင်းယူနိုင်ခဲ့တဲ့ အိုင်ဗရီကို့စ်နိုင်ငံရဲ့ လက်ရွေးစင်အသင်း တိုက်စစ်မှူးဟာ နွေရာသီက ကနဦးပြောင်းရွှေ့ကြေး ယူရို ၃၁ သန်းနဲ့ ဒေါ့မွန်အသင်းထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

ဟော်လာဟာ အသင်းနဲ့အတူ ရာသီကြို လေ့ကျင့်မှုတွေ ပြုလုပ်ချိန်မှာ နေမကောင်းသလို ခံစားခဲ့ရတဲ့အတွက် စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာမှာ ဝှေးစေ့ အကျိတ် ရှိနေတာကို တွေ့ခဲ့ရတာပါ။ အဲ့ဒါကြောင့် ခွဲစိတ်မှုတွေ ပြုလုပ်ပြီး အနားယူနေရတာ ဖြစ်ပါတယ်။

 ဟော်လာ ဆေးကုသမှုခံယူနေစဉ်

ဟော်လာဟာ လေ့ကျင့်ခန်း ပြန်ဆင်းနေပေမယ့် ဘယ်အချိန်မှာ ပြန်ကစားနိုင်မလဲဆိုတာကိုတော့ မသိရသေး ပါဘူး။ ဒေါ့မွန်အသင်းဟာ မန်စီးတီးကို ပြောင်းသွားတဲ့ ဟာလန်းနေရာမှာ အစားထိုးဖို့ ဟော်လာကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဟော်လာရဲ့ အခြေအနေကြောင့် ဂျာမန်ကလပ်ဟာ ကိုလုံးတိုက်စစ်မှူး မိုဒီစတီကို ခေါ်ယူခဲ့ရပါတယ်။

ဒေါ့မွန်အသင်းဟာ အခုနှစ်ရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ ဘိုင်ယန်မြူးနစ် အသင်းနဲ့ ၉ မှတ်အကွာ အဆင့် ၆ နေရာမှာ ရပ်တည်နေတာပါ။

ကမ္ဘာ့ဖလားယှဉ်ပြိုင်လို့ ရပ်နားထားတဲ့ ဘွန်ဒစ်လီဂါပြိုင်ပွဲကို အခုလကုန်ပိုင်းမှာ ပြန်လည် စတင်မှာဖြစ်ပြီး ဒေါ့မွန်အသင်းဟာ ဇန်နဝါရီ ၂၂ ရက်မှာ အော့စ်ဘတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပီလီနဲ့ အင်ဖန်တီနိုကိုတွေ့ရစဉ်

ပီလီအတွက် အားကစားကွင်း နာမည်ပေးဖို့ နိုင်ငံအားလုံးကို ဖီဖာတောင်းဆို

By CNI
CNI
Category: အားကစား
Hits: 1220


CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃

ဖီဖာအကြီးအကဲ အင်ဖန်တီနိုက ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ဘရာဇီးလ်ဂန္တဝင်ကြီး ပီလီအတွက် အားကစားကွင်း နာမည်ပေးဖို့ ကမ္ဘာ့နိုင်ငံအားလုံးကို ဖီဖာက တောင်းဆိုတယ်လို့ ပြောလိုက်ပါတယ်။

အင်ဖန်တီနိုက “ကမ္ဘာ့နိုင်ငံတိုင်းမှာရှိတဲ့ ဘောလုံးအားကစားကွင်းတွေထဲက တစ်ကွင်းကို ပီလီရဲ့ နာမည်ပေးဖို့ ကျနော်တို့ တောင်းဆိုသွားမှာဖြစ်တယ်”လို့ ဗီလာဘယ်မီရိုမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

ကမ္ဘာ့ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး ကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့ ပီလီဟာ ဒီဇင်ဘာ ၂၉ ရက် က ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၂ နှစ်ရှိပြီ ဖြစ်ပါတယ်။ အင်ဖန်တီနိုဟာ ဗီလာဘယ်မီရို အားကစားကွင်းမှာ ပြသထားတဲ့ ပီလီရဲ့ ရုပ်အလောင်းကို ပထမဆုံး ဂါရဝပြုတဲ့ သူတွေထဲမှာ ပါဝင်ခဲ့တာပါ။

ပီလီရဲ့ ရုပ်ကလာပ်ကို တွေ့ရစဉ် 

အင်ဖန်တီနိုက “ကျနော်တို့ဟာ ဒီကို အလွန်ဝမ်းနည်းစွာနဲ့ ရောက်ရှိနေတာပါ။ ပီလီက ထာဝရပါပဲ။ သူဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ အိုင်ကွန်ပါပဲ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဟာ ပီလီကို ၂၀ ရာစု အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ထားတာဖြစ်ပြီး ဘရာဇီးလ် ဂန္တဝင် ကွယ်လွန်ပြီးနောက် ဇူးရစ်မြို့ရှိ ရုံးချုပ်အပြင်ဘက်မှာ အလံကို တစ်ဝက်အထိ လျှော့ချပြီးလွှင့်ထူထားတာပါ။

ကမ္ဘာ့ဖလားချန်ပီယံဆုကို ၃ ကြိမ် ရယူထားတဲ့ တစ်ဦးတည်းသော ကစားသမား ပီလီဟာ ကင်ဆာရောဂါကို ကာလကြာရှည် တိုက်ပွဲဝင်ပြီးနောက် ဆော်ပေါ်လိုရှိ ဆေးရုံမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ပီလီဟာ ကလပ် ကစားသမားဘဝမှာ ဆန်းတို့စ်နဲ့ နယူးယော့ခ်ကော့စ်မိုစ် အသင်းတွေမှာသာ ကစားခဲ့တာဖြစ်ပြီး ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းအတွက် ၁၉၅၆ ကနေ ၁၉၇၄ အထိ ကစားခဲ့ပြီး အမေရိကန်ကလပ်မှာတော့ ၁၉၇၅ ကနေ ၁၉၇၇ အထိ ကစားခဲ့ကာ ဆုဖလား အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s

နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ၁ မှတ်ထက်ပိုရရင် မမျှတဘူးလို့ ဂရေဟမ်ပေါ်တာပြော

By CNI
CNI
Category: Watch TV
Hits: 632

Share
Tweet
Share
Share
powered by social2s

စပါးအသင်း ထိပ်ဆုံး ၄ သင်းနဲ့ အဆုံးမသတ်နိုင်ဘူးလို့ နည်းပြ ကွန်တီပြော

By CNI
CNI
Category: Watch TV
Hits: 677

Share
Tweet
Share
Share
powered by social2s

ယူနိုက်တက်ရဲ့ ၂၀၂၃ ကလပ်ပြက္ခဒိန်မှာ ရော်နယ်ဒို ပါဝင်

By CNI
CNI
Category: အားကစား
Hits: 1453

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂

ယူနိုက်တက်အသင်းဟာ နှစ်စဉ်နှစ်တိုင်း ကလပ်ပြက္ခဒိန်ကို ထုတ်ဝေလေ့ရှိပြီး ၂၀၂၃ အတွက် ထုတ်ဝေခဲ့တာမှာ တိုက်စစ်မှူးဟောင်း ရော်နယ်ဒို ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းနဲ့ နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းထားပြီး မကြာသေးခင်ကမှ ဆော်ဒီ ကလပ် အယ်လ်နာဆာအသင်းကို ပြောင်းရွှေ့ခဲ့တာပါ။ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ ၂၀၂၅ အထိ စာချုပ် ချုပ်ဆိုခဲ့ပြီး တစ်နှစ်လုပ်ခ ယူရိုသန်း ၂၀၀ ရရှိမှာဖြစ်တဲ့အတွက် ကမ္ဘာ့လုပ်ခလစာအများဆုံး ရရှိတဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။

ရော်နယ်ဒိုဟာ နိုဝင်ဘာလကတည်းက ယူနိုက်တက်ကနေ ထွက်ခွာခဲ့ပေမယ့် ကလပ်ကတော့ ပေါ်တူဂီအသင်း ခေါင်းဆောင်နဲ့အတူ ၂၀၂၃ ပြက္ခဒိန်တွေကို ရောင်းချနေဆဲဖြစ်ပါတယ်။ရော်နယ်ဒိုဟာ ကလပ်ဂန္တဝင်တွေ ပါဝင်တဲ့ ပြက္ခဒိန်မှာလည်း ပါဝင်နေတယ်လို့ သိရပြီး ဒီ ပြက္ခဒိန် ၂ ခုစလုံးကို ယူနိုက်တက်အသင်းရဲ့ တရားဝင်ကလပ် စတိုး အွန်လိုင်းကနေ ဝယ်ယူလို့ ရပါတယ်။ရော်နယ်ဒိုဟာ ၂၀၂၃ ယူနိုက်တက်ပြက္ခဒိန်ရဲ့ ဇန်နဝါရီလမှာ ပါဝင်ခဲ့တာပါ။

နွေရာသီအပြောင်းအရွှေ့က ခေါ်ယူထားတဲ့ ကတ်စမဲရိုး၊ မာတီးနတ်စ်၊ အဲရစ်ဆန်၊ အန်တိုနီနဲ့ မာလာစီယာတို့ လည်း အသင်းရဲ့ပြက္ခဒိန်ထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။ဒါ့အပြင် အဓိကကစားသမားတွေဖြစ်တဲ့ ရက်ရှ်ဖိုဒ့်၊ ဒီဂီယာ၊ မက်ဂွဲယား၊ ဗာရန်း၊ ဆန်ချိုနဲ့ ဘရူနိုဖာနန်ဒက်စ်တို့လည်း ပြက္ခဒိန်အသစ်ထဲမှာ ပါဝင်ခဲ့တာပါ။

ယူနိုက်တက်အသင်းကတော့ ပရီးမီးယားလိဂ်မှာ နိုင်ပွဲဆက်နေပြီး အမှတ်ပေးဇယား အဆင့် ၄ နေရာအထိ တက်လှမ်းနိုင်ခဲ့ကာ ဇန်နဝါရီလ ၄ ရက်မှာ ဘုန်းမောက်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s
ချယ်လ်ဆီးအသင်းသားများနဲ့ နည်းပြ ဂရေဟမ်ပေါ်တာကိုတွေ့ရစဉ်

နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ၁ မှတ်ထက်ပိုရရင် မမျှတဘူးလို့ ဂရေဟမ်ပေါ်တာပြော

By CNI
CNI
Category: အားကစား
Hits: 1698

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂

ချယ်လ်ဆီးအသင်းနည်းပြ ဂရေဟမ်ပေါ်တာက နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ၁ ဂိုးစီ သရေကျတဲ့ ပွဲမှာ သူတို့အနေနဲ့ သရေ ၁ မှတ်ထက်ပိုရရင် မျှတမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

ဂရေဟမ်ပေါ်တာက “ကျနော်တို့ရဲ့ စွမ်းဆောင်ရည် အဆင့်အတန်းက ၃ မှတ်ရယူဖို့ မလုံလောက်ခဲ့ပါဘူး။ ပထမ ပိုင်းမှာ ပွဲကိုထိန်းချုပ် နိုင်ခဲ့တယ်ဆိုပေမယ့် ကျနော်တို့ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း မရှိပါဘူး။ ဒုတိယပိုင်း မှာ ကျနော်တို့ လုံးဝကို မထိန်းချုပ်နိုင်တော့သလို ဖောရက်စ်ကလည်း ပွဲကောင်းတစ်ပွဲ ကစားနိုင်ခဲ့ပါတယ်။ မိနစ် ၉၀ အတွင်း ကျနော်တို့ရဲ့ စွမ်းဆောင်ရည်အတွက် အလွန်စိတ်ပျက်မိပြီး ၃ မှတ် ရယူခဲ့မယ်ဆိုရင် မျှတမှာ မဟုတ် ဘူး”လို့ ပြောခဲ့တာပါ။

ချယ်လ်ဆီး အသင်းဟာ ဒီပွဲရဲ့ ပထမပိုင်းမှာ စတာလင်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ အော်ရီယာက နော်တင်ဟမ်ဖောရက်စ်အတွက် ချေပဂိုး သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ချယ်လ်ဆီးအသင်းက ဘောလုံး ပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမယ့် ဂိုးပေါက် ကန်သွင်းမှုနဲ့ ဂိုးပေါက်တည့်မှုအပိုင်းမှာ နော်တင်ဟမ် ဖောရက်စ် အသင်းက အသာရခဲ့တာပါ။

နော်တင်ဟမ်ဖောရက်စ်အသင်းကိုတွေ့ရစဉ်

ချယ်လ်ဆီးအသင်းဟာ ဒီရလဒ်ကြောင့် အဆင့် ၄ နေရာက ယူနိုက်တက်အသင်းနဲ့ ၇ မှတ် ကွာဟနေပြီး အဆင့် ၈ နေရာမှာ ရှိနေတာဖြစ်ပါတယ်။ ချယ်လ်ဆီး အသင်းခေါင်းဆောင် အက်စ်ပီလီကွီတာက အသင်းဟာ ရမှတ်တွေ ဆုံးရှုံးတာများနေလို့ ရာသီကြို ပစ်မှတ်တွေနဲ့ ဝေးကွာနေပြီလို့ ဝန်ခံခဲ့တာပါ။

အက်စ်ပီလီကွီတာက “ရမှတ်တိုင်းက အရေးကြီးပြီး ဒီပွဲမှာ ၂ မှတ် ဆုံးရှုံးခဲ့ပါတယ်။ ရာသီ အစကတည်းက ကျနော် တို့ဟာ အမှတ်တွေ အများကြီး ဆုံးရှုံးခဲ့ပြီး အခု ကျနော်တို့ ရောက်ချင်နေတဲ့ နေရာနဲ့ တကယ်ကို ဝေးကွာနေပါပြီ။ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရချင်တယ်ဆိုရင် ဒုတိယရာသီဝက်မှာ အလွန်ကောင်းဖို့ လိုအပ်ပါတယ်။ ဒီလို ခက်ခဲတဲ့ အချိန်မှာ တိုးတက်မှုရဖို့အတွက် လူတိုင်းက ကြိုးစားအားထုတ်ဖို့ လိုပါတယ်”လို့ ပြောခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဇန်နဝါရီ ၅ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် မန်စီးတီးအသင်းကို အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail/ Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုကိုတွေ့ရစဉ်

၂၀၂၂ က ရော်နယ်ဒိုအတွက် အဆိုးရွားဆုံးနှစ် ဖြစ်ခဲ့တာလား

By CNI
CNI
Category: ဆောင်းပါး
Hits: 1223

CNI Sport Article

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုအတွက် ၂၀၂၂ ဟာ သူ့အတွက် အကောင်းဆိုတာထက် အဆိုးဆုံး အချိန် တွေကို ပိုပြီးတော့ ပိုင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ကလပ်အသင်းကနေ စပြီး နိုင်ငံအသင်းအထိ ရော်နယ်ဒိုဟာ ဝေဖန်မှုတွေ၊ ထိုးနှက်မှုတွေ၊ တိုက်ခိုက်မှုတွေကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ရော်နယ်ဒို ကိုယ်တိုင်ကလည်း ၂၀၂၂ ကို အမြန်ဆုံး ကျော်ဖြတ်ဖို့ အလိုရှိမယ်လို့ ထင်ပါတယ်။

ပထမဆုံး စပြီးပြောရရင် ယူနိုက်တက်အသင်းနဲ့ ကောင်းမွန်တဲ့ ရာသီအဆုံးသတ်ကို မပိုင်ဆိုင်ခဲ့ပါဘူး။ ယူနိုက် တက် အသင်းဟာ အဆင့် ၆ နေရာမှာသာ ရပ်တည်နိုင်ခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲခဲ့ပြီး ကစားသမားဘဝ တစ်ကြိမ်မှ မကစားခဲ့ရတဲ့ ယူရိုပါလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင်ရမယ့် အခြေအနေကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ အဲရစ်တန်ဟတ်ကို တွေ့ရစဉ်

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ၁၈ ဂိုးအထိ သွင်းယူခဲ့ပြီး ပြိုင်ဘက်အဖြစ် ဆာလတ်နဲ့ ဆွန်ဟောင်မင်တို့ပဲ ရှိခဲ့တာပါ။ ဒီလိုနဲ့ ရာသီကုန်ဆုံးသွားတဲ့ အချိန်မှာ ရော်နယ်ဒိုဟာ ယူနိုက်တက်ကနေ ထွက်ခွာမယ်ဆိုတဲ့ အသံတွေ က သဲ့သဲ့ကြားခဲ့ရတာ ဖြစ်ပါတယ်။

တကယ်လည်း ရော်နယ်ဒိုဟာ နွေရာသီအားလပ်ရက်မှာ ယူနိုက်တက်အသင်းဆီ ပြန်မလာချင်တော့ဘဲ ထွက်ခွာဖို့ တောင်းဆိုခဲ့တာပါ။ ရော်နယ်ဒိုဟာ ရည်မှန်းချက်ကြီးပြီး အောင်မြင်မှု ဆာလောင်တဲ့သူ တစ်ဦးဖြစ်လို့ ယူနိုက် တက်အသင်းရဲ့ အနေအထားက သူမျှော်လင့်သလို ဖြစ်မလာနိုင်ဘူးဆိုတာကို သူမြင်တွေ့ခဲ့ရတာပါ။

ဒါကြောင့်လည်း ရော်နယ်ဒိုဟာ နည်းပြသစ် အဲရစ်တန်ဟတ်ရဲ့ အသင်းနဲ့ အာရှခြေစမ်း ခရီးစဉ်ကို လာရောက် ပူးပေါင်းခဲ့ခြင်း မရှိပါဘူး။ ယူနိုက်တက် အသင်းကတော့ ရော်နယ်ဒိုကို အသင်းကနေ ထွက်ခွာခွင့်ပေးမှာ မဟုတ် ဘူးလို့ တု့န်ပြန်ထားတာနဲ့အတူ အသင်းကြီးတွေကလည်း ပေါ်တူဂီကစားသမားကို ခေါ်ယူဖို့ တွန့်ဆုတ်နေလို့ နောက်ဆုံးမှာ မန်ချက်စတာကလပ်ဆီ ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းမှာ ပွဲထွက်ခွင့် ဆုံးရှုံးခဲ့ပြီး အရန်လူစာရင်း အနေနဲ့သာ ပရီးမီးယား လိဂ် အစပွဲတွေမှာ ပါဝင်ခဲ့ရတာပါ။ ရော်နယ်ဒိုကို နည်းပြ အဲရစ်တန်ဟတ်ဟာ ကစားသမားဘဝ တစ်ခါမှ မကစား ဖူးတဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာသာ ပွဲထွက် ကစားသမားအဖြစ် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

အသင်းကြီး ပွဲတွေဖြစ်တဲ့ မန်စီးတီး၊ လီဗာပူးလ်၊ အာဆင်နယ် ပွဲတွေမှာလည်း ရော်နယ်ဒိုဟာ အရန် ကစားသမား အဖြစ်နဲ့သာ ပါဝင်ခဲ့ရတာပါ။

ရော်နယ်ဒိုနဲ့ ပီယာစ်မော်ဂန် အင်တာဗျူးလုပ်နေစဉ်

ရော်နယ်ဒိုလို ကစားသမားအတွက်တော့ ဒါဟာ အတော်လေး စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုဟာ ပါဝင်ခွင့်ရတဲ့ အချိန်မှာ အကောင်းဆုံး လုပ်ဆောင်ဖို့ ကြိုးစားနေပြီး ကလပ်ကစားသမားဘဝ ၇၀၀ ပြည့် သွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။

သို့သော်လည်းပဲ အဲ့ဒီနောက်ပိုင်းမှာ နည်းပြနဲ့ ရော်နယ်ဒိုကြား အဖုအထစ်တွေ ပိုပြီးတော့ ရှိလာခဲ့ပါတယ်။ ဒါကတော့ စပါးအသင်းနဲ့ ပွဲမှာ ရော်နယ်ဒိုဟာ ပွဲမပြီးခင် အဝတ်လဲခန်းထဲကို တန်းပြီး ဝင်သွားခဲ့တာက မီဒီယာ တွေအထက်မှာ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့တာပါ။

နည်းပြ အဲရစ်တန်ဟတ်က ရော်နယ်ဒိုဟာ လူစားဝင်ဖို့ ငြင်းခဲ့တယ်ဆိုပြီး အရေးယူတဲ့ အနေနဲ့ လူငယ်အသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်စေခဲ့ပြီး နောက်ပိုင်းမှ ပြန်လည် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ နည်းပြ အဲရစ်တန်ဟတ်တို့ရဲ့ ဆက်ဆံရေးဟာ အဲ့ဒီနောက်ပိုင်း ပြီးဆုံးသွားသလို ဖြစ်ခဲ့ပြီး ကမ္ဘာ့ ဖလားမတိုင်ခင် ပီယာစ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အသင်းနဲ့ သူ့ရဲ့ အက်ကြောင်းတွေကို ထင်ထင် ရှားရှား မြင်တွေ့ခဲ့ရတာပါ။

ရော်နယ်ဒို ဂိုးပေါင်း ၇၀၀ ပြည့် သွင်းယူခဲ့စဉ်

ယူနိုက်တက်အသင်းဟာ သူ့အပေါ် သစ္စာဖောက်တယ်လို့ ရော်နယ်ဒိုက ပြောခဲ့သလို အဲရစ်တန်ဟတ်ကလည်း သူ့အပေါ် မလေးစားတဲ့အတွက် သူကလည်း လေးစားစရာ အကြောင်းမရှိဘူးလို့ ပြောခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဒီအင်တာဗျူးမှာ ယူနိုက်တက်ရဲ့ အနေအထားနဲ့ အသင်းပိုင်ရှင် ဂလေဇာ မိသားစုကိုလည်း ဝေဖန်ခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း ယူနိုက်တက်အသင်းဟာ ရော်နယ်ဒိုရဲ့ အင်တာဗျူး အပြည့်အစုံ ထွက်ပေါ်အပြီးမှာ စာချုပ် ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုကလည်း ဒီလိုမျိုး အရာတွေကို မျှော်လင့်ထားပြီးလည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်မယ့် ပေါ်တူဂီအတွက်သာ အပြည့်အဝ အာရုံစိုက်နေခဲ့ပြီး အောင်မြင်မှု ရယူဖို့ မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဂါနာနဲ့ပွဲမှာ ပင်နယ်တီကနေ ဂိုးသွင်းပြီး ကမ္ဘာ့ဖလား ၅ ကြိမ်ဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့တာပါ။

ဒီနောက် အုပ်စု ၃ ပွဲစလုံး ပွဲထွက်ခွင့်ရခဲ့ပေမယ့် တောင်ကိုရီးယားနဲ့ ပွဲမှာတော့ ရော်နယ်ဒိုဟာ လူစားလဲချိန် ပြုမူ ခဲ့တဲ့ အပြုအမူကြောင့် နည်းပြ ဖာနန်ဒိုဆန်းတို့စ်နဲ့ပါ ဆက်ဆံရေး အဆင်မပြေတော့တာ ဖြစ်ပါတယ်။ အဲ့လိုနဲ့ ရော်နယ်ဒိုဟာ ဆွစ်ဇာလန်နဲ့ ၁၆ သင်းအဆင့်ပွဲမှာ ပွဲထွက်ခွင့်ဆုံးရှုံးခဲ့ပြီး သူ့နေရာမှာ ပွဲထွက်ခဲ့တဲ့ ဂွန်ကာလိုရာမို့စ် က ဟတ်ထရစ် ဂိုးသွင်းယူခဲ့တာပါ။

ပေါ်တူဂီအသင်းနဲ့အတူ ကမ္ဘာ့ဖလား အိပ်မက် အဆုံးသတ်သွားချိန် ရော်နယ်ဒို ငိုကြွေးနေစဉ်

ကွာတားဖိုင်နယ်ဖြစ်တဲ့ မော်ရိုကိုနဲ့ ပွဲမလည်း ရော်နယ်ဒိုဟာ အရန်ခုံကနေ စတင်ခဲ့ရပြီး အသင်း အရေးနိမ့်နေချိန် မှာ လူစားဝင်ခဲ့ရပေမယ့် အခွင့်အရေး လောက်လောက် လားလား မရခဲ့လို့ နောက်ဆုံးမှာ ငိုကြွေးခဲ့ရတာ ဖြစ်ပါ တယ်။
ဒါဟာ သူ့အတွက် နောက်ဆုံး ကမ္ဘာ့ဖလား ဖြစ်နိုင်တာကြောင့် စိတ်ထဲမှာ တော်တော်လေး ထိခိုက်ခဲ့တာပါ။

ရော်နယ်ဒိုကတော့ သူဟာ အိပ်မက်တွေကို အဆုံးသတ်လိုက်ရပြီလို့ ကမ္ဘာ့ဖလားကနေ ထွက်ခွာခဲ့ရပြီးနောက် ရေးသားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ ရော်နယ်ဒိုဟာ သူ့ရဲ့ ကြံ့ခိုင်မှုပိုင်းကို အကောင်းဆုံး ဖြစ်အောင် အသင်းဟောင်း ရီးရယ်လ်အသင်းမှာ လေ့ကျင့်မှုတွေတောင် ပြုလုပ်ခဲ့တာပါ။

ရော်နယ်ဒိုဟာ အသင်းတွေ အများကြီးနဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဆော်ဒီကလပ် အယ်လ်နာဆာ အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ အယ်လ်နာဆာအသင်းမှာ ရော်နယ်ဒိုဟာ တစ်နှစ် လုပ်ခယူရို သန်း ၂၀၀ ရမှာဖြစ်ပြီး ကမ္ဘာ့လုပ်ခလစာ အများဆုံး ကစားသမားအဖြစ်နဲ့ ၂၀၂၂ ကို အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

အယ်လ်နာဆာကို ပြောင်းပြီး ကမ္ဘာ့လစာအများဆုံး ကစားသမား ရော်နယ်ဒိုဖြစ်လာ

By CNI
CNI
Category: Watch TV
Hits: 726

Share
Tweet
Share
Share
powered by social2s

လက်စတာနောက်ခံလူ ဝုဒ်ဖေးစ်အတွက် ခံစားရတယ်လို့ ကလော့ပ်ပြော

By CNI
CNI
Category: Watch TV
Hits: 770

Share
Tweet
Share
Share
powered by social2s
ဆန်းတို့စ်အသင်းရဲ့ ကျောနံပါတ် ၁၀ နဲ့ ပီလီကိုတွေ့ရစဉ်

ပီလီကို ဂုဏ်ပြုတဲ့အနေနဲ့ ကျောနံပတ် ၁၀ ကို အနားပေးဖို့ ဆန်းတို့စ်အသင်းစီစဉ်

By CNI
CNI
Category: အားကစား
Hits: 1003

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁

ဆန်းတို့စ်အသင်းဟာ အသင်းမှာ ပီလီ ကစားခဲ့ချိန် တလျှောက်လုံး ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ဂျာစီကို အပြီး တိုင် အနားပေးဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ဆန်းတို့စ်အသင်းဥက္ကဋ္ဌ ရူအီဒါက “နံပတ် ၁၀ ဂျာစီကို အနားပေးဖို့ ကောင်စီကို အဆိုပြုသွားမှာပါ။ ဗျူရိုကရေစီ လုပ်ထုံးလုပ်နည်းတွေအရ ကောင်စီ အစည်းအဝေးနဲ့ အတည်ပြုချက်ကို ရယူဖို့ လိုအပ်ပါတယ်။ ကျနော်တို့က တော့ ဇန်နဝါရီမှာ ကျောနံပါတ် ၁၀ ကို လုံးဝမဝတ်ဆင်တော့ဖို့ လုပ်ဆောင်နေပြီး ဘုတ်အဖွဲ့ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ပဲ လိုအပ်တော့တာပါ။ ဒါဟာ ကောင်းမွန်တဲ့ ဂုဏ်ပြုမှု တစ်ခုဖြစ်လာမယ်လို့ ထင်ကြောင်း” ပြောခဲ့ တာပါ။

ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ဘရာဇီးလ် ဂန္တဝင်ကစားသမား ပီလီဟာ ဆန်းတို့စ်အသင်းမှာ ၁၉၅၆ ကနေ ၁၉၇၄ အထိ ပွဲပေါင်း ၆၅၉ ပွဲ ပါဝင်ကစားပြီး ၆၄၃ ဂိုး သွင်းယူနိုင်ခဲ့ကာ စီးရီးအေဖလား ၅ ကြိမ် အပါအဝင် အောင်မြင်မှု အများအပြားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကျောနံပါတ် ၁၀ ၀တ်ဆင်ပြီး ပီလီ ဘောလုံးကစားခဲ့စဉ်

ဘရာဇီးလ်ကလာတဲ့ သတင်းတွေမှာ ပီလီရဲ့ သမီးတွေဟာ ကျောနံပါတ် ၁၀ ကို အပြီးတိုင် အနားပေးဖို့ ဆန်းတို့စ် အသင်းထံ တောင်းဆိုခဲ့တယ်လို့ ဖော်ပြထားတာပါ။

ဆန်းတို့စ်အသင်းမှာ ကျောနံပါတ် ၁၀ ဝတ်ဆင်နေတဲ့ ဗင်နီဇွဲလား တိုက်စစ်မှူး ဆိုတယ်လ်ဒိုက “ခင်ဗျားရဲ့ ဂျာစီ ကို ချစ်ခင်လေးစားမှု အပြည့်နဲ့ ဝတ်ဆင်ရတာက တကယ်ကို ဂုဏ်ယူစရာကောင်းပါတယ်။ ဒီနေ့မှာ ခင်ဗျားက ကျနော်တို့ကို ထားခဲ့ပေမယ့် အမွေအနှစ်တွေနဲ့ အမှတ်တရတွေကတော့ ကျန်ရှိခဲ့ပါတယ်။ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် ပီလီ”လို့ ရေးသားခဲ့တာပါ။

ဆန်းတို့စ်အသင်းကတော့ ပီလီကွယ်လွန်ပြီးနောက် ဝမ်းနည်းခြင်းကာလကို ၇ ရက်ကြာ ကြေညာခဲ့ပါတယ်။ ပီလီ ဟာ ဘရာဇီးလ်အသင်းအတွက် ၉၂ ပွဲ ကစားပြီး ၇၇ ဂိုး သွင်းယူကာ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၃ ကြိမ် ရယူနိုင် ခဲ့တာဖြစ်ပြီး အသက် ၈၂ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

Source: Sports Max

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဟာလန်းနဲ့ လမ်းပတ်ကို တွေ့ရစဉ်

ချယ်လ်ဆီးကို ကိုင်တွယ်ချိန်က ဟာလန်းကိုခေါ်ဖို့ ကြိုးစားခဲ့ဖူးကြောင်း လမ်းပတ်ပြော

By CNI
CNI
Category: အားကစား
Hits: 1535

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁

အဲဗာတန်အသင်းနည်းပြ လမ်းပတ်က ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့စဉ်အချိန် ဟာလန်းကို ခေါ်ယူဖို့အတွက် ကြိုးစားခဲ့ဖူးတယ်လို့ ပြောလိုက်ပါတယ်။

လမ်းပတ်က “ဟာလန်းက အံ့သြဖွယ်ကောင်းတဲ့ ကစားသမားဖြစ်ပါတယ်။ ထိပ်တန်းအဆင့် ကစားသမားတွေဟာ ယေဘုယျဆိုရင် ထိပ်တန်းလိဂ်မှာ သူတို့လုပ်ဆောင်နိုင်တဲ့ အရာအားလုံးကို လုပ်ဆောင်နိုင်ပါတယ်။ ဆဲလ်ဘတ် မှာ ကစားခဲ့တုန်းက ရာသီကြိုခြေစမ်းပွဲမှာ ပြိုင်ဘက်နည်းပြအဖြစ်နဲ့ သူ့ကို ရင်ဆိုင်ခဲ့ရပါတယ်။ သူ့ကို ချယ်လ်ဆီး အတွက် ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မဖြစ်ခဲ့ပါဘူး”လို့ ပြောခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ထိပ်တန်းအဆင့် တိုက်စစ်မှူး အများအပြားကို ခေါ်ယူခဲ့ပေမယ့် သူတို့ဟာ ရုန်းကန်ခဲ့ ရတာကြောင့် ဟာလန်းကို မခေါ်ယူနိုင်ခဲ့တာက အသင်းပရိသတ်တွေအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။

ဟာလန်းဟာ နွေရာသီကမှ ဒေါ့မွန်အသင်းကနေ မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့ပေမယ့် ပရီးမီးယားလိဂ် သွင်းဂိုး ၂၀ အမြန်ဆုံးပြည့်တဲ့ ကစားသမား ဖြစ်လာခဲ့တာပါ။

မန်စီးတီးအသင်းမှာ ခြေစွမ်းပြနေတဲ့ ဟာလန်းကိုတွေ့ရစဉ်

မန်စီးတီး တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်ကို ရောက်လာကတည်းက ခြေစွမ်းပြသနေတာဖြစ်ပြီး စံချိန်တွေလည်း အများအပြား ရယူထားတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ လမ်းပတ်ကို ထုတ်ပယ်ပြီး နောက်ပိုင်းမှာ လူကာကူ၊ အခု အူဘာမီယန်းတို့ကို အားဖြည့်ခဲ့ ပေမယ့် တိုက်စစ်ပိုင်းက ထင်သလောက် အလုပ်မဖြစ်ခဲ့ပါဘူး။

ဒီနောက် ချယ်လ်ဆီးအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ပွဲမှာ ဘုန်းမောက်အသင်းကို အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ် မှာ ရှုံးပွဲဆက်နေတာကို ရပ်တန့်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လမ်းပတ် လက်ရှိ ကိုင်တွယ်နေတဲ့ အဲဗာတန်အသင်းကတော့ လက်ရှိအချိန်မှာ ရုန်းကန်နေရပြီး မန်စီးတီးအသင်း နဲ့ ပွဲမကစားခင် အချိန်အထိ ရမှတ် ၁၄ မှတ်နဲ့ တန်းဆင်းဇုန်အထက် အဆင့် ၁၆ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23

Page 19 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar