CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၆

မကြာသေးခင်က ပွဲတွေမှာ အဝါကတ်၊ အနီကတ် ပြသမှုများပြားခဲ့လို့ ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ခံနေရတဲ့ စပိန်ဒိုင်လူကြီး လာဟို့ဇ်ဟာ ရာသီအကုန်မှာ အနားယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

စပိန်ဒိုင်လူကြီးဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်၊ စပိန်လာလီဂါနဲ့ ကိုပါဒယ်ရေး ပွဲတွေမှာ သူ့ရဲ့ ကိုင်တွယ်ပုံတွေ ကြောင့် ဝေဖန်မှုတွေ ခံနေရတာပါ။

အဲ့ဒါကြောင့် စပိန်ဘောလုံးအဖွဲ့ချုပ်က သူ့ကို အခု လာမယ့်ပွဲတွေမှာ တာဝန်မပေးဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် လာဟို့ဇ်ဟာ အနားယူဖို့ အထိပါ စဉ်းစားနေပြီလို့ ဂျာနယ်လစ် ဂတ်စတန်အီဒယ်လ် က ရေးသား ဖော်ပြခဲ့ပါတယ်။

အသက် ၄၅ နှစ်အရွယ်ရှိ လာဟို့ဇ်ဟာ အာဂျင်တီးနားနဲ့ နယ်သာလန်အသင်းတို့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ကွာတား ဖိုင်နယ်ပွဲစဉ်မှာ စံချိန်တင် အဝါကတ်ပြသခဲ့လို့ နာမည်ကြီးခဲ့တာ ဖြစ်ပါတယ်။

အနီကတ်ပြနေတဲ့ ဒိုင်လူကြီး လာဟို့ဇ်ကိုတွေ့ရစဉ်

လာဟို့ဇ်ကို ၂ သင်းစလုံးက ဝေဖန်ခဲ့ပြီး အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီက လာမယ့် ကမ္ဘာ့ဖလားပွဲ တွေမှာ မကိုင်တွယ်ခိုင်းဖို့အထိ ပြောခဲ့တာပါ။ စပိန်ပြည်တွင်းပွဲတွေကို ကိုင်တွယ်ချိန်မှာလည်း လာဟို့ဇ်ဟာ ဝေဖန်မှုတွေ ခံရတာက မလွတ်ခဲ့ပြန်ပါဘူး။

ဘာစီလိုနာနဲ့ အက်စ်ပန်ညိုတို့ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာဆိုရင် နောက်ထပ် စံချိန်တင် အဝါကတ်နဲ့ အနီကတ် တွေကို ထပ်ပြီး ပြသခဲ့တာပါ။ ဒါ့အပြင် လီနာရက်စ်နဲ့ ဆီဗီလာတို့ရဲ့ ကိုပါဒယ်ရေးဖလား ပွဲမှာလည်း လာဟို့ဇ်ဟာ ပွဲကစားချိန် ၁၇ မိနစ်မှာပဲ ဆီဗီလာနည်းပြ ဆမ်ပါအိုလီကို ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို အရာတွေကြောင့်လည်း လာဟို့ဇ်ကို အခုတစ်ပတ် ကစားမယ့် လာလီဂါပွဲစဉ်တွေမှာ ကိုင်တွယ်ခွင့် မပေး တော့တာပါ။

နောက်အပတ် ပွဲတွေမှာလည်း သူ့ကို တာဝန်ပေးမလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးတာကြောင့် အနား ယူဖို့အထိ စဉ်းစားနေခဲ့တာ ဖြစ်ပါတယ်။ လာဟို့ဇ်ဟာ လာလီဂါပြိုင်ပွဲမှာ ဒိုင်လူကြီးအဖြစ် ၂၀၀၈ က စတင် ကိုင်တွယ်ခဲ့တာဖြစ်ပြီး ၂၀၁၁ မှာ ဖီဖာရဲ့ နိုင်ငံတကာ ဒိုင်လူကြီးအဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Source: Goal