CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂

ယူနိုက်တက်အသင်းဟာ နှစ်စဉ်နှစ်တိုင်း ကလပ်ပြက္ခဒိန်ကို ထုတ်ဝေလေ့ရှိပြီး ၂၀၂၃ အတွက် ထုတ်ဝေခဲ့တာမှာ တိုက်စစ်မှူးဟောင်း ရော်နယ်ဒို ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းနဲ့ နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းထားပြီး မကြာသေးခင်ကမှ ဆော်ဒီ ကလပ် အယ်လ်နာဆာအသင်းကို ပြောင်းရွှေ့ခဲ့တာပါ။ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ ၂၀၂၅ အထိ စာချုပ် ချုပ်ဆိုခဲ့ပြီး တစ်နှစ်လုပ်ခ ယူရိုသန်း ၂၀၀ ရရှိမှာဖြစ်တဲ့အတွက် ကမ္ဘာ့လုပ်ခလစာအများဆုံး ရရှိတဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။

ရော်နယ်ဒိုဟာ နိုဝင်ဘာလကတည်းက ယူနိုက်တက်ကနေ ထွက်ခွာခဲ့ပေမယ့် ကလပ်ကတော့ ပေါ်တူဂီအသင်း ခေါင်းဆောင်နဲ့အတူ ၂၀၂၃ ပြက္ခဒိန်တွေကို ရောင်းချနေဆဲဖြစ်ပါတယ်။ရော်နယ်ဒိုဟာ ကလပ်ဂန္တဝင်တွေ ပါဝင်တဲ့ ပြက္ခဒိန်မှာလည်း ပါဝင်နေတယ်လို့ သိရပြီး ဒီ ပြက္ခဒိန် ၂ ခုစလုံးကို ယူနိုက်တက်အသင်းရဲ့ တရားဝင်ကလပ် စတိုး အွန်လိုင်းကနေ ဝယ်ယူလို့ ရပါတယ်။ရော်နယ်ဒိုဟာ ၂၀၂၃ ယူနိုက်တက်ပြက္ခဒိန်ရဲ့ ဇန်နဝါရီလမှာ ပါဝင်ခဲ့တာပါ။

နွေရာသီအပြောင်းအရွှေ့က ခေါ်ယူထားတဲ့ ကတ်စမဲရိုး၊ မာတီးနတ်စ်၊ အဲရစ်ဆန်၊ အန်တိုနီနဲ့ မာလာစီယာတို့ လည်း အသင်းရဲ့ပြက္ခဒိန်ထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။ဒါ့အပြင် အဓိကကစားသမားတွေဖြစ်တဲ့ ရက်ရှ်ဖိုဒ့်၊ ဒီဂီယာ၊ မက်ဂွဲယား၊ ဗာရန်း၊ ဆန်ချိုနဲ့ ဘရူနိုဖာနန်ဒက်စ်တို့လည်း ပြက္ခဒိန်အသစ်ထဲမှာ ပါဝင်ခဲ့တာပါ။

ယူနိုက်တက်အသင်းကတော့ ပရီးမီးယားလိဂ်မှာ နိုင်ပွဲဆက်နေပြီး အမှတ်ပေးဇယား အဆင့် ၄ နေရာအထိ တက်လှမ်းနိုင်ခဲ့ကာ ဇန်နဝါရီလ ၄ ရက်မှာ ဘုန်းမောက်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:The Sun