CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ဒေးဗစ်ရူဒီရှာ စီးလာတဲ့ လေယာဉ်ပျက်ကျစဉ်

လေယာဉ်ပျက်ကျမှုကနေ အိုလံပစ်နှစ်ထပ်ကွမ်းချန်ပီယံ အသက်ရှင်ကျန်ရစ်

By CNI
CNI
Category: အားကစား
Hits: 1542

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၃

အိုလံပစ် ၈၀၀ မီတာ နှစ်ထပ်ကွမ်း ချန်ပီယံ ကင်ညာနိုင်ငံသား ဒေးဗစ်ရူဒီရှာဟာ အားကစားပြိုင်ပွဲ သွားရောက် ယှဉ်ပြိုင်ပြီး ပြန်လာချိန်မှာ လေယာဉ်ပျက်ကျခဲ့ပေမယ့် အသက်ရှင် ကျန်ရစ်ခဲ့ပါတယ်။

စနေနေ့က ကီမာနာ တောရိုင်းတိရစ္ထာန် ဘေးမဲ့တောမှာ ပြုလုပ်တဲ့ မာဆိုင်းအိုလံပစ်ပြိုင်ပွဲကို တက်ရောက် ပြီးနောက် အိုလံပစ်ချန်ပီယံနဲ့ အခြားခရီးသည် ၅ ဦး တင်ဆောင်လာတဲ့ လေယာဉ်ဟာ ကင်ညာနိုင်ငံ အရှေ့ တောင်ပိုင်း ကာဂျီအာဒိုခရိုင်မှာ ပျက်ကျခဲ့ပါတယ်။

ရူဒီရှာက “လေယာဉ်အင်ဂျင် ရုတ်တရက် ငြိမ်သက်သွားပြီးနောက် လေယာဉ်မှူးက လေယာဉ်ဆင်းသက်ဖို့ ကြိုးစားတဲ့နေရာကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရပါတယ်။ ဒါပေမယ့် လေယာဉ်က ကျောက်ဆောင် မြေမြင်ပေါ် မဆင်းခင်မှာ သူ့ရဲ့ အတောင်ပံတစ်ခုက သစ်ပင်နဲ့ သွားပြီး ထိမှန်ခဲ့ပါတယ်။ လေယာဉ်မှူးဟာ လေယာဉ်ကို အကြာကြီးပျံဝဲပြီး တည်ငြိမ်အောင် ထိန်းနိုင်ဖို့ မယုံနိုင်လောက်တဲ့ အလုပ်တစ်ခုကို လုပ်ဆောင် နိုင်ခဲ့ပါတယ်”လို့ Daily Nations ကို ပြောခဲ့တာပါ။

ဒေးဗစ်ရူဒီရှာကို တွေ့ရစဉ်

ရူဒီရှာဟာ ၂၀၁၂ လန်ဒန်အိုလံပစ်နဲ့ ၂၀၁၆ ရီယိုအိုလံပစ် ပြိုင်ပွဲတွေမှာ ရွှေတံဆိပ် ရယူနိုင်ခဲ့တာဖြစ်ပြီး ဒီလေယာဉ် ပျက်ကျမှုမှာ သူဟာ အန္တာရယ်ကင်းခဲ့ပါတယ်။

သူနဲ့အတူ လေယာဉ်ပေါ်မှာ ပါခဲ့တဲ့ စတီဖန်အိုလီမာရိုင်းက နံရိုးဒဏ်ရာကြောင့် ဆေးရုံမှာ ကုသမှုခံယူနေရပြီး နောက်တစ်ဦးကလည်း ဒဏ်ရာကြောင့် ဆေးရုံကို ပို့ဆောင်ခဲ့ရပေမယ့် နောက်ပိုင်းမှာ ပြန်လည် သက်သာ လာခဲ့တယ်လို့ သိရပါတယ်။

ရူဒီရှာဟာ အခုအချိန်မှာ ထိပ်တန်းပြေးခုန်ပစ် အားကစားသမား ဘဝကနေ နည်းပြလောကကို ဝင်ရောက်ဖို့ စဉ်းစားနေတယ်လို့ ပြောထားပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိ ရူဒီရှာဟာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လကလည်း အဝေးပြေးလမ်းမပေါ်မှာ ကားမတော်တဆမှုကနေ လွတ်မြောက်ခဲ့သေးတယ်လို့ သတင်းဖော်ပြထားတာ ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

အိပ်မက်တွေပြီးဆုံးသွားပြီလို့ ကမ္ဘာ့ဖလားက ထွက်ရပြီးနောက် ရော်နယ်ဒို ပြော

By CNI
CNI
Category: Watch TV
Hits: 644

Share
Tweet
Share
Share
powered by social2s

၁၀ ရက်အတွင်း မြန်မာအသင်းကို အကောင်းဆုံးပြင်ဆင်မယ်လို့ အန်တွမ်နီဟေး ပြော

By CNI
CNI
Category: Watch TV
Hits: 683

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုနဲ့ ကမ္ဘာကျော် အားကစားသမားများ၏ မှတ်ချက်များကိုတွေ့ရစဉ်

ရော်နယ်ဒိုကို အားပေးနှစ်သိမ့်ခဲ့တဲ့ ကမ္ဘာကျော် အားကစားသမားများ

By CNI
CNI
Category: အားကစား
Hits: 1316

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၂

ပီလီ၊ ဘတ်ပီနဲ့ လီဘရွန်ဂျိမ်းစ်တို့ အပါအဝင် အားကစားလောကရဲ့ နာမည်ကြီး ကစားသမား အများအပြားက ကမ္ဘာ့ဖလားအိပ်မက် အဆုံးသတ်သွားပြီဖြစ်တဲ့ ရော်နယ်ဒိုကို ဂုဏ်ပြုမှတ်ချက်တွေ ရေးသားပြီး နှစ်သိမ့်ပေးခဲ့ ကြပါတယ်။

နာမည်ကြီး NBA ဘတ်စကတ်ဘော ကစားသမား လီဘရွန်ဂျိမ်းစ်က “ ဂန္တဝင်”ဆိုတဲ့ စာသားနဲ့အတူ ကျေးဇူးတင် ကြောင်းနဲ့ သရဖူပါဝင်တဲ့ အီမိုဂျီကိုပါ ထည့်သွင်းပြီး ရော်နယ်ဒိုရဲ့ ပို့စ်အောက်မှာ မှတ်ချက်ပေးခဲ့တာပါ။

ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၃ ကြိမ် ရယူထားတဲ့ ပီလီကလည်း “ငါတို့ကို ပြုံးပျော်အောင် လုပ်ပေးလို့ ကျေးဇူးပါ ငါ့သူငယ်ချင်းရေ”ဆိုပြီး မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ အိန္ဒိယခရစ်ကတ် နာမည်ကြီးကစားသမား ဗီရတ်ခိုလီကိုတွေ့ရစဉ်

ပြင်သစ်တိုက်စစ်မှူး ဘတ်ပီကတော့ သူ့ရဲ့ အိုင်ဒေါလ်ဖြစ်တဲ့ ရော်နယ်ဒိုရဲ့ ပို့စ်အောက်မှာ အချိန်တိုင်းရဲ့ အကောင်းဆုံး ကစားသမားလို့ အဓိပ္ပါယ်ရတဲ့ GOAT အီမိုဂျီ၊ လက်အုပ်ချီတဲ့ပုံ၊ သရဖူတို့ကို ထည့်သွင်းပြီ မှတ်ချက် ရေးသားခဲ့တာပါ။
ဘရာဇီးလ်တိုက်စစ်မှူး ပါတိုက “ ခင်ဗျားက စံနမူနာပါပဲ။ ခင်ဗျားက ကမ္ဘာတဝှမ်းမှာ ရှိတဲ့ လူတွေနဲ့ ကလေးတွေ ကို လှုံ့ဆော်မှုပေးပါတယ်။ ခင်ဗျားကို ဝေဖန်ချင်တဲ့ သူတွေက ခင်ဗျားလို အောင်မြင်ချင်တဲ့ သူတွေပါ။ ခင်ဗျားက ကြီးမားတဲ့သူပါ ဂုဏ်ပြုပါတယ်”လို့ မှတ်ချက်ပေးခဲ့တာပါ။

ယူနိုက်တက် အသင်းဖော်ဟောင်း လင်ဂတ်ကတော့ “GAOT”လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဒီနောက် အိန္ဒိယခရစ်ကတ် နာမည်ကြီးကစားသမား ဗီရတ်ခိုလီကလည်း ရော်နယ်ဒိုကို ဂုဏ်ပြုကြောင်း ရေးသား ခဲ့ပါ။

 ရော်နယ်ဒိုကိုတွေ့ရစဉ် 

ဗီရတ်ခိုလီက “ ဘယ်လိုဆုဖလား ဒါမှမဟုတ် ဘယ်လိုဆုတံဆိပ်တွေကနေ အားကစားကွင်းမှာ ခင်ဗျား လုပ် ဆောင်ခဲ့တဲ့ အရာတွေနဲ့ ကမ္ဘာတဝှမ်းရှိ အားကစား ပရိသတ်တွေအတွက် ဘယ်လိုအရာတွေကမှ ဝေးကွာသွားမှာ မဟုတ်ပါဘူး။ ခင်ဗျား ကစားတာကို ကြည့်တဲ့အချိန်မှာ ကျနော်နဲ့ လူအများအပြား ခံစားရတဲ့ လူတွေအပေါ် အကျိုးသက်ရောက်မှုကို ရှင်းပြနိုင်တဲ့ ခေါင်းစဉ်မျိုး မရှိပါဘူး။ ဒါက ဘုရားပေးတဲ့ လက်ဆောင်ပါ။ ကြိုးစားအား ထုတ်မှုနဲ့ စိတ်အား ထက်သန်မှုတွေကလည်း အားကစားသမားတိုင်းအတွက် စစ်မှန်တဲ့ လှုံ့ဆော်မှု ပါပဲ။ ခင်ဗျားက ကျနော့်အတွက်တော့ အချိန်တိုင်းရဲ့ အကောင်းဆုံးက စားသမားပါပဲ”လို့ တွစ်တာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ လက်ရှိအချိန်မှာ မိသားစုနဲ့အတူ အနားယူပြီး ကလပ်အသင်းသစ်ကို ရှာဖွေမှုတွေ ပြုလုပ်သွား ဖို့ ရှိနေတာ ဖြစ်ပါတယ်။

Source: Stadiumastro/Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုကိုတွေ့ရစဉ် (Goal)

ဘရာဇီးလ်နည်းပြရာထူးကို ဂွာဒီယိုလာငြင်းဆန်ခဲ့ကြောင်း ရော်နယ်ဒိုပြော

By CNI
CNI
Category: အားကစား
Hits: 1432

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၂

ဘရာဇီးလ် ဂန္တဝင်တိုက်စစ်မှူး ရော်နယ်ဒိုက ဘရာဇီးလ်အသင်းနည်းပြ ရာထူးအတွက် ဂွာဒီယိုလာကို ခန့်အပ် ချင်ပေမယ့် သူက မန်စီးတီးမှာ ဆက်ပြီးနေဖို့ကို ရွေးချယ်သွားခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ရော်နယ်ဒိုက “ ဂွာဒီယိုလာကို ကျနော်တို့ စိတ်ဝင်စားခဲ့ပါတယ်။ ဂွာဒီယိုလာရဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့ ဆွေးနွေး မှုတွေ ပြုလုပ်ခဲ့ပေမယ့် မန်စီးတီးနဲ့ စာချုပ်သက်တမ်းတိုးဖို့ကိုပဲ လိုလားခဲ့ပါတယ်။ ဘရာဇီးလ်ဘောလုံး အဖွဲ့ချုပ် က သဘောတူညီမှု ရယူနိုင်ဖို့ ခက်ခဲခဲ့ပါတယ်။ သူက ကမ္ဘာ့လုပ်ခလစာ အများဆုံး နည်းပြပါ”လို့ ကတ်တလန် မီဒီယာကို ပြောခဲ့တာပါ။

ဘရာဇီးလ်အသင်းဟာ အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီး ကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့ရတာပါ။ ဘရာဇီးလ်အသင်း ကမ္ဘာ့ဖလားကနေ ထွက်ခဲ့ရပြီးနောက် နည်းပြ ဖြစ်သူ တိုင်ထီကလည်း ရာထူးကနေ ထွက်ခွာခဲ့ပါတယ်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာကိုတွေ့ရစဉ် (Goal)

အဲ့ဒါကြောင့် ဘရာဇီးလ်အသင်းဟာ နည်းပြသစ် ရှာဖွေမှု ပြုလုပ်နေပြီး ဂွာဒီယိုလာကို နည်းပြအဖြစ် ခန့်အပ်ဖို့ အရင်ကတည်းက စဉ်းစားခဲ့တာပါ။

ဂွာဒီယိုလာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကမှ မန်စီးတီးအသင်းမှာ ၂၀၂၅ အထိ ရှိမယ့် ၂ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဘရာဇီးလ်အသင်းဟာ နည်းပြရာထူး လစ်လပ်နေခဲ့ပေမယ့် ဂွာဒီယိုလာကို ခန့်အပ်ဖို့ မလွယ်ကူတော့ပါဘူး။

တိုင်ထီဟာ ဘရာဇီးလ်အသင်းကို ၂၀၁၆ ကတည်းက စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ပွဲပေါင်း ၈၁ ပွဲ ကိုင်တွယ် ထားခဲ့တာမှာ ပွဲ ၆၀ အနိုင်ရပြီး ၁၅ ပွဲသရေနဲ့ ၆ ပွဲရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

တိုင်ထီဟာ ဘရာဇီးလ်အသင်းနဲ့အတူ ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး ၂၀၂၁ ပြိုင်ပွဲမှာတော့ အာဂျင်တီးနားကို အရေးနိမ့်ကာ ဒုတိယနဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

Source: Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုရဲ့လက်တွဲဖော် ဂျော်ဂျီနာ

ဖာနန်ဒိုဆန်းတို့စ်ကို ရော်နယ်ဒိုရဲ့လက်တွဲဖော် ဂျော်ဂျီနာပြစ်တင်

By CNI News
CNI News
Category: အားကစား
Hits: 1475
 
 
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၁
 
ဂျော်ဂျီနာက ‌မော်ရိုကိုနဲ့ ပွဲမှာ ရော်နယ်ဒိုကို ပွဲထွက်လူစာရင်းကနေ ချန်ခဲ့တာနဲ့ ပတ်သက်ပြီး ပေါ်တူဂီအသင်းနည်းပြ ဖာနန်ဒိုဆန်းတို့စ်ကို ပြစ်တင် ဝေဖန်လိုက်ပါတယ်။
 
ဂျော်ဂျီနာက "ဒီနေ့ ရှင့်ရဲ့သူငယ်ချင်းနဲ့ နည်းပြက အလွန်ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါတယ်။အဲ့ဒီလူက ရှင်ပွဲထဲဝင်လိုက်တာနဲ့ အရာအားလုံးပြောင်းလဲသွားတယ်ဆိုတာကို တွေ့လိုက်ရပါတယ်။ဒါပေမယ့် အလွန်နောက်ကျသွားခဲ့ပါပြီ။ကမ္ဘာ့အကောင်းဆုံးကစားသမား၊သူ့ရဲ့အစွမ်းထက်ဆုံးလက်နက်ကို လျှော့တွက်လို့မရပါဘူး။မထိုက်တန်တဲ့သူတယောက်အတွက် ရှင်ရပ်တည်လို့မရပါဘူး။ဘဝက ကျမတို့ကိုသင်ခန်းစာတွေပေးပါတယ်။ဒီနေ့မရှုံးခဲ့ပါဘူး၊သင်ယူခဲ့ရတာပါ"လို့ အင်စတာဂရမ်မှာ ရေးသားခဲ့တာပါ။
 
ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ်ဟာ ရော်နယ်ဒိုကို ၂ ပွဲဆက် တိုက်ပွဲထွက် လူစာရင်းကနေ ချန်လှပ်ခဲ့တာ ဖြစ်ပါတယ်။
 
 
မော်ရိုကိုနဲ့ ပွဲမှာ ရော်နယ်ဒိုကို ဒုတိယပိုင်းမှ လူစား လဲခဲ့ပေမယ့် ပေါ်တူဂီအသင်းဟာ ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာပါ။
 
ဖာနန်ဒိုဆန်းတို့စ်ကတော့ ရော်နယ်ဒိုကို ပွဲထွက်လူစာရင်းကနေ ချန်ခဲ့တဲ့အပေါ် နောင်တမရဘူးလို့ ပြောပါတယ်။
 
ရော်နယ်ဒိုဟာ ဒီကမ္ဘာ့ဖလားမှာ ၁ ဂိုးသာသွင်းယူနိုင်ခဲ့ပြီး စိတ်ပျက်ဖွယ်နဲ့ အဆုံးသတ်ခဲ့ရတာပါ။
 
ရော်နယ်ဒိုကတော့ ဒီကမ္ဘာ့ဖလားဟာ သူ့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားဖြစ်နိုင်တာကြောင့် အများကြီးမျှော်လင့်ထားတာဖြစ်ပေမယ့် ကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။
 
 
Share
Tweet
Share
Share
powered by social2s
ဂျပန်အသင်းသားများကိုတွေ့ရစဉ်

ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ အာရှရဲ့ အမြင့်ဆုံးအောင်မြင်မှု ဘယ်အဆင့်လဲ

By CNI
CNI
Category: ဆောင်းပါး
Hits: 3337

CNI Sport Article

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၁

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အားလုံးသိတဲ့ အတိုင်းပဲ အာရှအသင်းတွေဟာ ၁၆ သင်းအဆင့်ကို မကျော်လွန်နိုင်ခဲ့ပါဘူး။

အခုပြိုင်ပွဲကို အာရှနိုင်ငံဖြစ်တဲ့ ကာတာနိုင်ငံမှာ ကျင်းပတာကြောင့် အာရှတစ်သင်းသင်းက အောင်မြင်မှု တစ်ခု ရယူသွားနိုင်ဖို့ မျှော်လင့်ခဲ့တာတော့ အမှန်ပါပဲ။

ဒါပေမယ့် တကယ့် လက်တွေ့မှာတော့ အာရှအသင်းတွေဟာ ဥရောပနဲ့ တောင်အမေရိက အသင်းတွေကို နောက်ဆုံး အချိန်ထိ အကောင်းဆုံး ကစားခဲ့ပေမယ့် မကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ကျနော်တို့ ၂၀၀၂ က အာရှမြေဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ဂျပန်မှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲတုန်းက အိမ်ရှင်အသင်း တောင်ကိုရီးယားအသင်းဟာ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။

၁၉၆၆ ခုနှစ်တုန်းကတော့ မြောက်ကိုရီးယားက ကွာတားဖိုင်နယ်ကို ရောက်ရှိခဲ့ပါတယ်။ ဒါတွေကသာ အာရှရဲ့ အမြင့်ဆုံး အောင်မြင်မှုတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခု ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိမ်ရှင် ကာတာကလွဲပြီး ကျန်တဲ့ အသင်းအားလုံးက အကောင်းဆုံး လုပ်ပြသွားနိုင်ခဲ့ကြပါတယ်။ 

 တောင်ကိုရီးယားအသင်းသားများကိုတွေ့ရစဉ်

ဂျပန်၊ တောင်ကိုရီးယားနဲ့ သြစတြေးလျတို့ ၁၆ သင်းအဆင့် တက်နိုင်ခဲ့တာက ကမ္ဘာ့ဖလားသမိုင်းမှာ ပထမဆုံး အကြိမ် အာရှအသင်း ၃ သင်း ၁၆ သင်းအဆင့် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အုပ်စုတွင်းမှာ ဆော်ဒီအသင်းဟာ အာဂျင်တီးနားအသင်းကို အံ့အားသင့်ဖွယ် အနိုင်ယူခဲ့ပြီး အာဂျင်တီးနားရဲ့ ရှုံးပွဲမရှိ စံချိန်ကို ရပ်တန့်နိုင်ခဲ့တာပါ။

အဲ့လိုပဲ ဂျပန်အသင်းဆိုရင် ဥရောပ ထိပ်သီးတွေဖြစ်တဲ့ ဂျာမနီနဲ့ စပိန်တို့ကို အနိုင်ယူခဲ့ပါတယ်။
သြစတြေးလျကလည်း ဒိန်းမတ်နဲ့ တူနီးရှားတို့ကို အနိုင်ယူခဲ့ပြီး တောင်ကိုရီးယားက ပေါ်တူဂီအသင်းကို အနိုင် ရခဲ့တာ ဖြစ်ပါတယ်။ အီရန်အသင်းလည်း ဝေးလ်စ်အသင်းကို အနိုင်ရရှိခဲ့တာပါ။

အိမ်ရှင် ကာတာအသင်းကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ပြီး အတွေ့အကြုံ နည်းပါးလွန်းတာကြောင့်သာ အုပ်စုအဆင့်နဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

၁၆ သင်း အဆင့်ကနေ ထွက်ခွာခဲ့ရတဲ့ အသင်း ၃ သင်းထဲမှာ ဂျပန်အသင်းရဲ့ ခြေစွမ်းနဲ့ စိတ်ဓါတ်၊ ပရိသတ်တွေရဲ့ အပြုအမူတွေကို အားလုံးက အသိအမှတ် ပြုခဲ့ကြရပါတယ်။ 

 ကာတာအသင်းသားများကိုတွေ့ရစဉ်

ဂျာမနီ၊ စပိန်နဲ့ ခရိုအေးရှားတို့ပွဲမှာ ကစားသွားတဲ့ ဂျပန်အသင်း ခြေစွမ်းဆိုရင် တကယ့် ကမ္ဘာ့ထိပ်သီးအသင်းတွေ ကို သူတင်ကိုယ်တင် ယှဉ်ပြိုင်ကစား သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ခရိုအေးရှားနဲ့ ၁၆ သင်း အဆင့်ပွဲမှာ ဦးဆောင်ဂိုးစပြီး သွင်းယူနိုင်ခဲ့သလို တပွဲလုံး တိုက်စစ်ဆင် နိုင်ခဲ့ပေမယ့် ခရိုအေးရှားရဲ့ ပါးနပ်တဲ့ ကစားပုံတွေကြောင့် အချိန်ပို၊ ပင်နယ်တီအထိ သွားခဲ့ရတာပါ။

ဒါပေမယ့် ဂျပန်အသင်းဟာ ပင်နယ်တီကို အလုံအလောက် လေ့ကျင့်ထားတဲ့ပုံစံ မရှိတာကြောင့် ကန်သွင်းတာမှာ အားနည်းခဲ့ပြီး ကမ္ဘာ့ဖလားကနေ လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။ ဂျပန်အသင်းအနေနဲ့ ဒီလိုပုံစံမျိုးကိုသာ ဆက် ထိန်းထားနိုင်မယ်ဆိုရင် နောက်လာမယ့်ပြိုင်ပွဲမှာ ဒီထက်မြင့်မားတဲ့ အဆင့်ကို တက်လှမ်းနိုင်မယ်ဆိုတာ အသေအချာပါပဲ။

ဂျပန်လိုပါပဲ တောင်ကိုရီးယား၊ ဆော်ဒီ၊ အီရန်နဲ့ သြစတြေးလျတို့လည်း သေချာ ပြင်ဆင်နိုင်ခဲ့မယ်ဆိုရင် မျှော်လင့်ချက်တွေ ပြည့်ဝနိုင်မှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခဲ့တဲ့ အာရှအသင်းတွေကို တချက်ပြန်ကြည့်မယ်ဆိုရင် အုပ်စုအဆင့်ကနေ ကျော်လွန်နိုင်ခဲ့ တဲ့ အသင်းတွေက ၅ သင်းပဲ ရှိခဲ့တာပါ။

 အာဂျင်တီးနားနဲ့ ဆော်ဒီအသင်းသားများကို တွေ့ရစဉ် 

ဒီနောက် အခု ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် နောက်ဆုံး ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အသင်းဆိုလို့ ဂျပန်အသင်းသာ ရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ တိုးတက်မှုတွေ ရှိလာခဲ့တယ် ဆိုပေမယ့် လည်း ၁၆ သင်းအဆင့်ကို ကျော်လွန်ဖို့က တော်တော်လေးကို ခက်ခဲနေတဲ့ အနေအထား ဖြစ်နေတာပါ။

လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားဆိုရင် ပုံမှန်ကျင်းပနေတဲ့ ၃၂ သင်းထက် ၄၈ သင်းနဲ့ ကျင်းပတော့မှာ ဖြစ်တာကြောင့် အာရှအသင်းတွေ ဝင်ခွင့် ပိုပြီးရလာမယ့် အခြေအနေမှာ ရှိနေပါတယ်။ ပုံမှန်ဝင်ခွင့် ရနေတဲ့ ၅ သင်းထက် ၈ သင်း ကျော်အထိ ဝင်ခွင့်ရမယ်လို့ အချက်အလက်တွေအရ သိရပါတယ်။

ဒါဆိုရင် လာမယ့် ၄ နှစ်အတွင်းမှာ အောင်မြင်မှုရဖို့အတွက် အာရှအသင်းတွေ အနေနဲ့ အခုကတည်းက ပြင်ဆင် တာတွေ ပြုလုပ်ရတော့မှာ ဖြစ်ပါတယ်။

ကမ္ဘာ့ထိပ်သီး အသင်းတွေလို နာမည်ကြီး ကစားသမား အများကြီး မရှိတာကြောင့် အာရှအသင်းတွေ အနေနဲ့ ကြိုတင် ပြင်ဆင်ထားနိုင်မှ မျှော်လင့်ထားတဲ့ အရာတွေ ဖြစ်လာနိုင်မှာပါ။ ဒီလိုတွေသာ ပြင်ဆင်မှုကို ရာနှုန်းပြည့် လုပ်နိုင်ခဲ့မယ်ဆိုရင်တော့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာရှအသင်းတွေ အောင်မြင်မှုရဖို့ မျှော်လင့်မိတာတော့ အမှန်ပါပဲ။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဂျာမနီသည် ဥရောပကို ကြီးစိုးရန် ကြိုးစားနေဟု ပိုလန်ခေါင်းဆောင် ပြော

By CNI
CNI
Category: Watch TV
Hits: 652

Share
Tweet
Share
Share
powered by social2s

မာရာဒိုနာက အပေါ်ကနေကြည့်နေပြီး တွန်းအားပေးနေတယ်လို့ မက်ဆီပြော

By CNI
CNI
Category: Watch TV
Hits: 632

Share
Tweet
Share
Share
powered by social2s

ဘရာဇီးလ်လက်ရွေးစင်ကနေ အနားယူနိုင်ကြောင်း နေမာ အရိပ်အမြွက်ပြော

By CNI
CNI
Category: Watch TV
Hits: 618

Share
Tweet
Share
Share
powered by social2s
ငိုကြွေးနေသော နေမာကိုတွေ့ရစဉ် (Goal)

ဘရာဇီးလ်လက်ရွေးစင်ကနေ အနားယူနိုင်ကြောင်း နေမာ အရိပ်အမြွက်ပြော

By CNI
CNI
Category: အားကစား
Hits: 1242


CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၀

နေမာက ဘရာဇီးလ်အသင်းဟာ ခရိုအေးရှားအသင်းကို အရေးနိမ့်ပြီး ကမ္ဘာ့ဖလားကနေ ထွက်ခွာရပြီးနောက် လက်ရွေးစင်အသင်းကနေ အနားယူနိုင်တယ်လို့ ပြောလိုက်ပါတယ်။

နေမာက “ ကျနော် နိုင်ငံလက်ရွေးစင်အတွက် တံခါးကို မပိတ်ထားပါဘူး။ ဒါပေမယ့် ပြန်လာမယ်လို့လည်း ၁၀၀ ရာခိုင်နှုန်းပြည့် အာမခံချက် မပေးနိုင်ပါဘူး။ ကျနော်နဲ့ နိုင်ငံအသင်းအတွက် ဘယ်အရာက မှန်ကန်လဲဆိုတာကို အနည်းငယ် ထပ်စဉ်းစားဖို့ လိုအပ်ပါတယ်”လို့ ပြောခဲ့တာပါ။

ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်အဖြစ် ကစားခဲ့တဲ့ ခရိုအေးရှား အသင်းနဲ့ပွဲမှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီး ကွာတားဖိုင်နယ်ကနေ ၂ ကြိမ်ဆက် ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ နေမာဟာ ဒီပွဲရဲ့ အချိန်ပိုမှာ ဘရာဇီးလ်အတွက် ဦးဆောင် ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ခရိုအေးရှား အသင်းဘက်က ပွဲပြီးကာနီးမှာ ချေပဂိုး သွင်းယူခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာပါ။

ပင်နယ်တီမှာ ခရိုအေးရှား အသင်းဘက်က ၄ ဂိုးစလုံး ဝင်ခဲ့ပြီး ဘရာဇီးလ်အသင်းဘက်က ရိုဒရီဂိုနဲ့ မာကွင်ဟိုစ်တို့ ဂိုး မဝင်ခဲ့တာကြောင့် ခရိုအေးရှားအသင်း အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းနဲ့ ခရိုအေးရှားအသင်း ယှဉ်ပြိုင်နေစဉ် (Marca)

နေမာကတော့ ဒီပြိုင်ပွဲမှာ ဆုဖလားရယူနိုင်ဖို့ အများကြီး မျှော်လင့်ထားခဲ့ပေမယ့် ဖြစ်မလာတာကြောင့် ပွဲအပြီးမှာ ငိုကြွေးနေခဲ့တာပါ။ နေမာဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးကြောင့် ဘရာဇီးလ်အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစား သမားဖြစ်တဲ့ ပီလီရဲ့ ဂိုးသွင်းစံချိန် ၇၇ ဂိုးနဲ့အရေအတွက် တူညီသွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပီအက်စ်ဂျီအသင်း တိုက်စစ်မှူးဟာ ဒီပြိုင်ပွဲ မစတင်ကတည်းက ဒီကမ္ဘာ့ဖလားဟာ သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလား ဖြစ်လာနိုင်တယ်လို့ ပြောထားခဲ့တာပါ။

နေမာဟာ အုပ်စုအဖွင့်ပွဲမှာ ခြေကျင်းဝတ် ဒဏ်ရာရရှိခဲ့ပေမယ့် အသင်းအတွက် ပြန်ကစားနိုင်ဖို့အတွက် ဒဏ်ရာ ကနေ သက်သာအောင် ကြိုးစားလုပ်ဆောင်ခဲ့လို့ တောင်ကိုရီးယားနဲ့ ၁၆ သင်း အဆင့်ပွဲစဉ်မှာ ပြန်လည် ပါဝင် နိုင်ခဲ့တာ ဖြစ်ပါတယ်။

နေမာဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အတွက် ၂ ဂိုး သွင်းယူနိုင်ခဲ့တာပါ။ ဘရာဇီးလ်ကို အနိုင်ရခဲ့တဲ့ ခရိုအေးရှားအသင်းကတော့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲအဖြစ် အာဂျင်တီးနားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s

အကျဉ်အကျဉ်းသားလဲလှယ်မှုနဲ့ ဘရစ်တနီဂရိုင်နာ ရုရှားကနေ လွတ်မြောက်

By CNI
CNI
Category: Watch TV
Hits: 736

Share
Tweet
Share
Share
powered by social2s

ပြင်ပကအသံတွေလောက်နဲ့တော့ ဒီအစုအဖွဲ့က ပြိုပျက်စရာမရှိဘူးလို့ ရော်နယ်ဒိုပြော

By CNI
CNI
Category: Watch TV
Hits: 634

Share
Tweet
Share
Share
powered by social2s
တောင်ကိုရီးယားနဲ့ ဘရာဇီးလ်အသင်း ယှဉ်ပြိုင်တဲ့ပွဲကို မြောက်ကိုရီးယားမီဒီယာ ပြသထားစဉ် (NK News)

တောင်ကိုရီးယား အရေးနိမ့်ခဲ့တဲ့ ကမ္ဘာ့ဖလားပွဲကို မြောက်ကိုရီးယားမီဒီယာပြသ

By CNI
CNI
Category: အားကစား
Hits: 1317

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၉

မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက တောင်ကိုရီးယားအသင်း ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပွဲကို ဒီတပတ်ထဲမှာ ထုတ်လွှင့် ပြသခဲ့ပါတယ်။

ဘရာဇီးလ်အသင်းက တောင်ကိုရီးယားအသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲကို ၂ ရက်အကြာ ဗုဒ္ဓဟူးနေ့ကမှ ပြည်တွင်းရှိ ပရိသတ်တွေဟာ ကြည့်ရှုနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီပွဲဟာ ၁၆ သင်းအဆင့် ရှုံးထွက် ပွဲစဉ်ဖြစ်ပါတယ်။

တောင်ကိုရီးယား နိုင်ငံသားတွေ ကစားတဲ့ ဘယ်လိုပွဲမျိုးကိုမဆို နိုင်ငံအတွင်း ပြသလေ့ မရှိတာကြောင့် အခုလို ပြသတာဟာ ထူးဆန်းနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

KCTV ရုပ်သံချန်နယ်ဟာ နိုင်ငံတကာ အားကစားပွဲတွေကို ထုတ်လွှင့်လေ့ရှိပြီး၊ ဒါဟာ ကမ္ဘာ့တဝှမ်းမှာ ဖြစ်ပျက်နေ တဲ့ အရာတွေကို စောင့်ကြည့်နိုင်တဲ့ နိုင်ငံသားတွေအတွက် ရှားပါးတဲ့ အချိန်ဖြစ်ခဲ့တာပါ။

ဘရာဇီးလ်က တောင်ကိုရီးယားဘက်ကို ဂိုးသွင်းနေစဉ် (Reuters)

အဆိုပါ ရုပ်သံဟာ အခုနှစ် ကမ္ဘာ့ဖလားပွဲစဉ် အများအပြားကို ပြသခဲ့ပေမယ့် ဗုဒ္ဓဟူးနေ့ မတိုင်ခင်အထိ တောင်ကိုရီးယား အသင်းရဲ့ ပွဲစဉ်တွေကို ပြသလေ့ မရှိပါဘူး။

“ပြသခဲ့တဲ့ တောင်ကိုရီးယားပွဲဟာ ကမ္ဘာ့ဖလားကနေ ထွက်ခွာခဲ့ရတဲ့ ပွဲဖြစ်တာကြောင့် ဒါဟာ မတော်တဆ ဖြစ်တာတော့ မဟုတ်ဘူးဆိုတာ သိသာပါတယ်”လို့ ဝီလျှံ ဆိုသူက NK News ကို ပြောပါတယ်။

ဒီရုပ်သံလိုင်းဟာ ၂၀၁၄ နဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အပါအဝင် ဂျပန်နဲ့ တောင်ကိုရီးယား ကစားတဲ့ ပွဲစဉ် အများ အပြားကို အခုအချိန်ထိ ပြသခြင်း မရှိတာပါ။

တနင်္လာနေ့က ကစားတဲ့ပွဲကို ပြသချိန်မှာ နိုင်ငံတော်က ဆင်ဆာ ဖြတ်တောက်ထားခြင်း မရှိတဲ့အတွက် မြောက်ကိုရီးယားနိုင်ငံက ကြည့်ရှုသူတွေဟာ ကိုကာကိုလာနဲ့ အခြား အနောက်တိုင်းသုံး လူသုံးကုန် အမှတ် တံဆိပ်တွေ ပါဝင်တဲ့ ကြော်ငြာတွေကိုလည်း မြင်တွေ့နိုင်တာပါ။

တောင်ကိုရီးယား အသင်းဟာ အခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းကို အရေးနိမ့်ပြီး ၁၆ သင်း အဆင့် ကနေ ထွက်ခွာခဲ့ရပေမယ့် မြောက်ကိုရီးယားကတော့ ၂၀၁၀ နောက်ပိုင်း ခြေစစ်ပွဲမအောင်လို့ ယှဉ်ပြိုင်ခွင့် မရခဲ့ ပါဘူး။

Source: Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s
ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အမှုဆောင်အရာရှိချုပ် နာဆာအယ်လ်ခါတာကိုတွေ့ရစဉ် (GETTY IMAGES)

ရွှေ့ပြောင်းအလုပ်သမား သေဆုံးမှုမှတ်ချက်ကြောင့် ကာတာအကြီးအကဲ ဝေဖန်ခံရ

By CNI
CNI
Category: အားကစား
Hits: 1549

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၉

ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အမှုဆောင်အရာရှိချုပ်ဟာ ပြိုင်ပွဲကာလအတွင်းမှာ ရွှေ့ပြောင်း အလုပ်သမား တစ်ဦးသေဆုံးတာနဲ့ ပတ်သက်ပြီး ပြောခဲ့တဲ့ မှတ်ချက်ကြောင့် ဝေဖန်မှုတွေ ခံနေရပါတယ်။

ကာတာကမ္ဘာ့ဖလား အကြီးအကဲ နာဆာအယ်လ်ခါတာက “သေဆုံးခြင်းဆိုတာ ဘဝရဲ့ သဘာဝ အစိတ်အပိုင်းလို့” ဖြေခဲ့တာဖြစ်ပြီး ဒါကို လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ခဲ့ကြတာပါ။

ဒါ့အပြင် သတင်းထောက်တွေရဲ့ ဒီလို မေးမြန်းမှု အပေါ်မှာလည်း စိတ်ပျက်မိကြောင်း နာဆာအယ်လ်ခါတာက ရိုက်တာနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

“ကာတာအကြီးအကဲရဲ့ မှတ်ချက်က သေဆုံးသွားတဲ့ ရွှေ့ပြောင်း အလုပ်သမားအတွက် ပြင်းပြင်းထန်ထန် လျစ်လျူရှုတာကို ပြသနေပါတယ်။ သေဆုံးမှုတွေ ဖြစ်ပေါ်လာတဲ့ အချိန်မှာ ဒါကို သဘာဝလို့ သူ့ရဲ့ ပြောဆိုမှုဟာ ရွှေ့ပြောင်း အလုပ်သမား အများအပြား သေဆုံးတာကို ကြိုတင်ကာကွယ်လို့ရမယ်။ အမှန်တရားကို လျစ်လျူရှုခဲ့ ပါတယ်”လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ရိုသာနာဘီဂန်က ပြောခဲ့တာပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပချိန်အတွင်း ဆော်ဒီအသင်းရဲ့ လေ့ကျင့်ရေးစခန်းအဖြစ် အသုံးပြုတဲ့ အပန်းဖြေစခန်းကို ပြုပြင်မှုတွေ ပြုလုပ်တာမှာ ဖိလစ်ပိုင်နိုင်ငံက အလုပ်သမားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။

ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ရွှေ့ပြောင်းအလုပ်သမားများ ဆောက်လုပ်နေစဉ် (GETTY IMAGES)

ဖီဖာကတော့ ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး အလွန်ဝမ်းနည်း ကြေကွဲရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ကာတာနိုင်ငံဟာ ရွှေ့ပြောင်း အလုပ်သမားတွေကို ဆက်ဆံပုံနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်ကတည်းက ဝေဖန်ခံ နေရတာ ဖြစ်ပါတယ်။

ကာတာ အာဏာပိုင်တွေကတော့ ရွှေ့ပြောင်း အလုပ်သမား သေဆုံးတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။

နာဆာအယ်လ်ခါတာက “ကျနော်ဆိုလိုချင်တာက သေဆုံးခြင်းဆိုတာ ဘဝရဲ့ သဘာဝ အစိတ်အပိုင်း တစ်ခုပါ။ အလုပ်မှာပဲဖြစ်ဖြစ်၊ ခင်ဗျားတို့ အိပ်တဲ့အချိန်မှာပဲ ဖြစ်ဖြစ်ပါ။ အလုပ်သမားတစ်ဦး သေဆုံးသွားတဲ့အတွက် ကျနော်တို့ရဲ့ ဝမ်းနည်းမှုက သူ့မိသားစုဆီ ရောက်သွားပါတယ်။ ကမ္ဘာ့ဖလားမှာ အလုပ်သမားတွေ သေဆုံးမှုက ကြီးမားတဲ့ အကြောင်းအရာပါ။ ကမ္ဘာ့ဖလားမှာ အဆိုးမြင်မှုတွေက ကျနော်တို့ ကြုံတွေ့ခဲ့ရတဲ့ အရာတွေပါ”လို့ ပြောခဲ့ပါတယ်။

ကာတာမှာ ကျင်းပတဲ့ ပြိုင်ပွဲကတော့ ဝေဖန်သံတွေ အများအပြား ထွက်ပေါ်နေခဲ့ပေမယ့် အခုဆိုရင် ပြိုင်ပွဲ ကျင်းပတာ ကွာတားဖိုင်နယ် အဆင့်ထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အမှုဆောင်အရာရှိချုပ် နာဆာအယ်လ်ခါတာကိုတွေ့ရစဉ် (GETTY IMAGES)

ရွှေ့ပြောင်းအလုပ်သမား သေဆုံးမှုမှတ်ချက်ကြောင့် ကာတာအကြီးအကဲ ဝေဖန်ခံရ

By CNI
CNI
Category: Watch TV
Hits: 709

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၉

ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အမှုဆောင်အရာရှိချုပ်ဟာ ပြိုင်ပွဲကာလအတွင်းမှာ ရွှေ့ပြောင်း အလုပ်သမား တစ်ဦးသေဆုံးတာနဲ့ ပတ်သက်ပြီး ပြောခဲ့တဲ့ မှတ်ချက်ကြောင့် ဝေဖန်မှုတွေ ခံနေရပါတယ်။

ကာတာကမ္ဘာ့ဖလား အကြီးအကဲ နာဆာအယ်လ်ခါတာက “သေဆုံးခြင်းဆိုတာ ဘဝရဲ့ သဘာဝ အစိတ်အပိုင်းလို့” ဖြေခဲ့တာဖြစ်ပြီး ဒါကို လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ခဲ့ကြတာပါ။

ဒါ့အပြင် သတင်းထောက်တွေရဲ့ ဒီလို မေးမြန်းမှု အပေါ်မှာလည်း စိတ်ပျက်မိကြောင်း နာဆာအယ်လ်ခါတာက ရိုက်တာနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

“ကာတာအကြီးအကဲရဲ့ မှတ်ချက်က သေဆုံးသွားတဲ့ ရွှေ့ပြောင်း အလုပ်သမားအတွက် ပြင်းပြင်းထန်ထန် လျစ်လျူရှုတာကို ပြသနေပါတယ်။ သေဆုံးမှုတွေ ဖြစ်ပေါ်လာတဲ့ အချိန်မှာ ဒါကို သဘာဝလို့ သူ့ရဲ့ ပြောဆိုမှုဟာ ရွှေ့ပြောင်း အလုပ်သမား အများအပြား သေဆုံးတာကို ကြိုတင်ကာကွယ်လို့ရမယ်။ အမှန်တရားကို လျစ်လျူရှုခဲ့ ပါတယ်”လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ရိုသာနာဘီဂန်က ပြောခဲ့တာပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပချိန်အတွင်း ဆော်ဒီအသင်းရဲ့ လေ့ကျင့်ရေးစခန်းအဖြစ် အသုံးပြုတဲ့ အပန်းဖြေစခန်းကို ပြုပြင်မှုတွေ ပြုလုပ်တာမှာ ဖိလစ်ပိုင်နိုင်ငံက အလုပ်သမားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။

ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ရွှေ့ပြောင်းအလုပ်သမားများ ဆောက်လုပ်နေစဉ် (GETTY IMAGES)

ဖီဖာကတော့ ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး အလွန်ဝမ်းနည်း ကြေကွဲရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ကာတာနိုင်ငံဟာ ရွှေ့ပြောင်း အလုပ်သမားတွေကို ဆက်ဆံပုံနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်ကတည်းက ဝေဖန်ခံ နေရတာ ဖြစ်ပါတယ်။

ကာတာ အာဏာပိုင်တွေကတော့ ရွှေ့ပြောင်း အလုပ်သမား သေဆုံးတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။

နာဆာအယ်လ်ခါတာက “ကျနော်ဆိုလိုချင်တာက သေဆုံးခြင်းဆိုတာ ဘဝရဲ့ သဘာဝ အစိတ်အပိုင်း တစ်ခုပါ။ အလုပ်မှာပဲဖြစ်ဖြစ်၊ ခင်ဗျားတို့ အိပ်တဲ့အချိန်မှာပဲ ဖြစ်ဖြစ်ပါ။ အလုပ်သမားတစ်ဦး သေဆုံးသွားတဲ့အတွက် ကျနော်တို့ရဲ့ ဝမ်းနည်းမှုက သူ့မိသားစုဆီ ရောက်သွားပါတယ်။ ကမ္ဘာ့ဖလားမှာ အလုပ်သမားတွေ သေဆုံးမှုက ကြီးမားတဲ့ အကြောင်းအရာပါ။ ကမ္ဘာ့ဖလားမှာ အဆိုးမြင်မှုတွေက ကျနော်တို့ ကြုံတွေ့ခဲ့ရတဲ့ အရာတွေပါ”လို့ ပြောခဲ့ပါတယ်။

ကာတာမှာ ကျင်းပတဲ့ ပြိုင်ပွဲကတော့ ဝေဖန်သံတွေ အများအပြား ထွက်ပေါ်နေခဲ့ပေမယ့် အခုဆိုရင် ပြိုင်ပွဲ ကျင်းပတာ ကွာတားဖိုင်နယ် အဆင့်ထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27

Page 23 of 81

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar