CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၂

ပီလီ၊ ဘတ်ပီနဲ့ လီဘရွန်ဂျိမ်းစ်တို့ အပါအဝင် အားကစားလောကရဲ့ နာမည်ကြီး ကစားသမား အများအပြားက ကမ္ဘာ့ဖလားအိပ်မက် အဆုံးသတ်သွားပြီဖြစ်တဲ့ ရော်နယ်ဒိုကို ဂုဏ်ပြုမှတ်ချက်တွေ ရေးသားပြီး နှစ်သိမ့်ပေးခဲ့ ကြပါတယ်။

နာမည်ကြီး NBA ဘတ်စကတ်ဘော ကစားသမား လီဘရွန်ဂျိမ်းစ်က “ ဂန္တဝင်”ဆိုတဲ့ စာသားနဲ့အတူ ကျေးဇူးတင် ကြောင်းနဲ့ သရဖူပါဝင်တဲ့ အီမိုဂျီကိုပါ ထည့်သွင်းပြီး ရော်နယ်ဒိုရဲ့ ပို့စ်အောက်မှာ မှတ်ချက်ပေးခဲ့တာပါ။

ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၃ ကြိမ် ရယူထားတဲ့ ပီလီကလည်း “ငါတို့ကို ပြုံးပျော်အောင် လုပ်ပေးလို့ ကျေးဇူးပါ ငါ့သူငယ်ချင်းရေ”ဆိုပြီး မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ အိန္ဒိယခရစ်ကတ် နာမည်ကြီးကစားသမား ဗီရတ်ခိုလီကိုတွေ့ရစဉ်

ပြင်သစ်တိုက်စစ်မှူး ဘတ်ပီကတော့ သူ့ရဲ့ အိုင်ဒေါလ်ဖြစ်တဲ့ ရော်နယ်ဒိုရဲ့ ပို့စ်အောက်မှာ အချိန်တိုင်းရဲ့ အကောင်းဆုံး ကစားသမားလို့ အဓိပ္ပါယ်ရတဲ့ GOAT အီမိုဂျီ၊ လက်အုပ်ချီတဲ့ပုံ၊ သရဖူတို့ကို ထည့်သွင်းပြီ မှတ်ချက် ရေးသားခဲ့တာပါ။
ဘရာဇီးလ်တိုက်စစ်မှူး ပါတိုက “ ခင်ဗျားက စံနမူနာပါပဲ။ ခင်ဗျားက ကမ္ဘာတဝှမ်းမှာ ရှိတဲ့ လူတွေနဲ့ ကလေးတွေ ကို လှုံ့ဆော်မှုပေးပါတယ်။ ခင်ဗျားကို ဝေဖန်ချင်တဲ့ သူတွေက ခင်ဗျားလို အောင်မြင်ချင်တဲ့ သူတွေပါ။ ခင်ဗျားက ကြီးမားတဲ့သူပါ ဂုဏ်ပြုပါတယ်”လို့ မှတ်ချက်ပေးခဲ့တာပါ။

ယူနိုက်တက် အသင်းဖော်ဟောင်း လင်ဂတ်ကတော့ “GAOT”လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဒီနောက် အိန္ဒိယခရစ်ကတ် နာမည်ကြီးကစားသမား ဗီရတ်ခိုလီကလည်း ရော်နယ်ဒိုကို ဂုဏ်ပြုကြောင်း ရေးသား ခဲ့ပါ။

 ရော်နယ်ဒိုကိုတွေ့ရစဉ် 

ဗီရတ်ခိုလီက “ ဘယ်လိုဆုဖလား ဒါမှမဟုတ် ဘယ်လိုဆုတံဆိပ်တွေကနေ အားကစားကွင်းမှာ ခင်ဗျား လုပ် ဆောင်ခဲ့တဲ့ အရာတွေနဲ့ ကမ္ဘာတဝှမ်းရှိ အားကစား ပရိသတ်တွေအတွက် ဘယ်လိုအရာတွေကမှ ဝေးကွာသွားမှာ မဟုတ်ပါဘူး။ ခင်ဗျား ကစားတာကို ကြည့်တဲ့အချိန်မှာ ကျနော်နဲ့ လူအများအပြား ခံစားရတဲ့ လူတွေအပေါ် အကျိုးသက်ရောက်မှုကို ရှင်းပြနိုင်တဲ့ ခေါင်းစဉ်မျိုး မရှိပါဘူး။ ဒါက ဘုရားပေးတဲ့ လက်ဆောင်ပါ။ ကြိုးစားအား ထုတ်မှုနဲ့ စိတ်အား ထက်သန်မှုတွေကလည်း အားကစားသမားတိုင်းအတွက် စစ်မှန်တဲ့ လှုံ့ဆော်မှု ပါပဲ။ ခင်ဗျားက ကျနော့်အတွက်တော့ အချိန်တိုင်းရဲ့ အကောင်းဆုံးက စားသမားပါပဲ”လို့ တွစ်တာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ လက်ရှိအချိန်မှာ မိသားစုနဲ့အတူ အနားယူပြီး ကလပ်အသင်းသစ်ကို ရှာဖွေမှုတွေ ပြုလုပ်သွား ဖို့ ရှိနေတာ ဖြစ်ပါတယ်။

Source: Stadiumastro/Goal