CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ဂျာမနီသည် ဥရောပကို ကြီးစိုးရန် ကြိုးစားနေဟု ပိုလန်ခေါင်းဆောင် ပြော

By CNI
CNI
Category: Watch TV
Hits: 725

Share
Tweet
Share
Share
powered by social2s

မာရာဒိုနာက အပေါ်ကနေကြည့်နေပြီး တွန်းအားပေးနေတယ်လို့ မက်ဆီပြော

By CNI
CNI
Category: Watch TV
Hits: 694

Share
Tweet
Share
Share
powered by social2s

ဘရာဇီးလ်လက်ရွေးစင်ကနေ အနားယူနိုင်ကြောင်း နေမာ အရိပ်အမြွက်ပြော

By CNI
CNI
Category: Watch TV
Hits: 682

Share
Tweet
Share
Share
powered by social2s
ငိုကြွေးနေသော နေမာကိုတွေ့ရစဉ် (Goal)

ဘရာဇီးလ်လက်ရွေးစင်ကနေ အနားယူနိုင်ကြောင်း နေမာ အရိပ်အမြွက်ပြော

By CNI
CNI
Category: အားကစား
Hits: 1392


CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၀

နေမာက ဘရာဇီးလ်အသင်းဟာ ခရိုအေးရှားအသင်းကို အရေးနိမ့်ပြီး ကမ္ဘာ့ဖလားကနေ ထွက်ခွာရပြီးနောက် လက်ရွေးစင်အသင်းကနေ အနားယူနိုင်တယ်လို့ ပြောလိုက်ပါတယ်။

နေမာက “ ကျနော် နိုင်ငံလက်ရွေးစင်အတွက် တံခါးကို မပိတ်ထားပါဘူး။ ဒါပေမယ့် ပြန်လာမယ်လို့လည်း ၁၀၀ ရာခိုင်နှုန်းပြည့် အာမခံချက် မပေးနိုင်ပါဘူး။ ကျနော်နဲ့ နိုင်ငံအသင်းအတွက် ဘယ်အရာက မှန်ကန်လဲဆိုတာကို အနည်းငယ် ထပ်စဉ်းစားဖို့ လိုအပ်ပါတယ်”လို့ ပြောခဲ့တာပါ။

ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်အဖြစ် ကစားခဲ့တဲ့ ခရိုအေးရှား အသင်းနဲ့ပွဲမှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီး ကွာတားဖိုင်နယ်ကနေ ၂ ကြိမ်ဆက် ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ နေမာဟာ ဒီပွဲရဲ့ အချိန်ပိုမှာ ဘရာဇီးလ်အတွက် ဦးဆောင် ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ခရိုအေးရှား အသင်းဘက်က ပွဲပြီးကာနီးမှာ ချေပဂိုး သွင်းယူခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာပါ။

ပင်နယ်တီမှာ ခရိုအေးရှား အသင်းဘက်က ၄ ဂိုးစလုံး ဝင်ခဲ့ပြီး ဘရာဇီးလ်အသင်းဘက်က ရိုဒရီဂိုနဲ့ မာကွင်ဟိုစ်တို့ ဂိုး မဝင်ခဲ့တာကြောင့် ခရိုအေးရှားအသင်း အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းနဲ့ ခရိုအေးရှားအသင်း ယှဉ်ပြိုင်နေစဉ် (Marca)

နေမာကတော့ ဒီပြိုင်ပွဲမှာ ဆုဖလားရယူနိုင်ဖို့ အများကြီး မျှော်လင့်ထားခဲ့ပေမယ့် ဖြစ်မလာတာကြောင့် ပွဲအပြီးမှာ ငိုကြွေးနေခဲ့တာပါ။ နေမာဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးကြောင့် ဘရာဇီးလ်အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစား သမားဖြစ်တဲ့ ပီလီရဲ့ ဂိုးသွင်းစံချိန် ၇၇ ဂိုးနဲ့အရေအတွက် တူညီသွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပီအက်စ်ဂျီအသင်း တိုက်စစ်မှူးဟာ ဒီပြိုင်ပွဲ မစတင်ကတည်းက ဒီကမ္ဘာ့ဖလားဟာ သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလား ဖြစ်လာနိုင်တယ်လို့ ပြောထားခဲ့တာပါ။

နေမာဟာ အုပ်စုအဖွင့်ပွဲမှာ ခြေကျင်းဝတ် ဒဏ်ရာရရှိခဲ့ပေမယ့် အသင်းအတွက် ပြန်ကစားနိုင်ဖို့အတွက် ဒဏ်ရာ ကနေ သက်သာအောင် ကြိုးစားလုပ်ဆောင်ခဲ့လို့ တောင်ကိုရီးယားနဲ့ ၁၆ သင်း အဆင့်ပွဲစဉ်မှာ ပြန်လည် ပါဝင် နိုင်ခဲ့တာ ဖြစ်ပါတယ်။

နေမာဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အတွက် ၂ ဂိုး သွင်းယူနိုင်ခဲ့တာပါ။ ဘရာဇီးလ်ကို အနိုင်ရခဲ့တဲ့ ခရိုအေးရှားအသင်းကတော့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲအဖြစ် အာဂျင်တီးနားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s

အကျဉ်အကျဉ်းသားလဲလှယ်မှုနဲ့ ဘရစ်တနီဂရိုင်နာ ရုရှားကနေ လွတ်မြောက်

By CNI
CNI
Category: Watch TV
Hits: 810

Share
Tweet
Share
Share
powered by social2s

ပြင်ပကအသံတွေလောက်နဲ့တော့ ဒီအစုအဖွဲ့က ပြိုပျက်စရာမရှိဘူးလို့ ရော်နယ်ဒိုပြော

By CNI
CNI
Category: Watch TV
Hits: 709

Share
Tweet
Share
Share
powered by social2s
တောင်ကိုရီးယားနဲ့ ဘရာဇီးလ်အသင်း ယှဉ်ပြိုင်တဲ့ပွဲကို မြောက်ကိုရီးယားမီဒီယာ ပြသထားစဉ် (NK News)

တောင်ကိုရီးယား အရေးနိမ့်ခဲ့တဲ့ ကမ္ဘာ့ဖလားပွဲကို မြောက်ကိုရီးယားမီဒီယာပြသ

By CNI
CNI
Category: အားကစား
Hits: 1419

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၉

မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက တောင်ကိုရီးယားအသင်း ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပွဲကို ဒီတပတ်ထဲမှာ ထုတ်လွှင့် ပြသခဲ့ပါတယ်။

ဘရာဇီးလ်အသင်းက တောင်ကိုရီးယားအသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲကို ၂ ရက်အကြာ ဗုဒ္ဓဟူးနေ့ကမှ ပြည်တွင်းရှိ ပရိသတ်တွေဟာ ကြည့်ရှုနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီပွဲဟာ ၁၆ သင်းအဆင့် ရှုံးထွက် ပွဲစဉ်ဖြစ်ပါတယ်။

တောင်ကိုရီးယား နိုင်ငံသားတွေ ကစားတဲ့ ဘယ်လိုပွဲမျိုးကိုမဆို နိုင်ငံအတွင်း ပြသလေ့ မရှိတာကြောင့် အခုလို ပြသတာဟာ ထူးဆန်းနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

KCTV ရုပ်သံချန်နယ်ဟာ နိုင်ငံတကာ အားကစားပွဲတွေကို ထုတ်လွှင့်လေ့ရှိပြီး၊ ဒါဟာ ကမ္ဘာ့တဝှမ်းမှာ ဖြစ်ပျက်နေ တဲ့ အရာတွေကို စောင့်ကြည့်နိုင်တဲ့ နိုင်ငံသားတွေအတွက် ရှားပါးတဲ့ အချိန်ဖြစ်ခဲ့တာပါ။

ဘရာဇီးလ်က တောင်ကိုရီးယားဘက်ကို ဂိုးသွင်းနေစဉ် (Reuters)

အဆိုပါ ရုပ်သံဟာ အခုနှစ် ကမ္ဘာ့ဖလားပွဲစဉ် အများအပြားကို ပြသခဲ့ပေမယ့် ဗုဒ္ဓဟူးနေ့ မတိုင်ခင်အထိ တောင်ကိုရီးယား အသင်းရဲ့ ပွဲစဉ်တွေကို ပြသလေ့ မရှိပါဘူး။

“ပြသခဲ့တဲ့ တောင်ကိုရီးယားပွဲဟာ ကမ္ဘာ့ဖလားကနေ ထွက်ခွာခဲ့ရတဲ့ ပွဲဖြစ်တာကြောင့် ဒါဟာ မတော်တဆ ဖြစ်တာတော့ မဟုတ်ဘူးဆိုတာ သိသာပါတယ်”လို့ ဝီလျှံ ဆိုသူက NK News ကို ပြောပါတယ်။

ဒီရုပ်သံလိုင်းဟာ ၂၀၁၄ နဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အပါအဝင် ဂျပန်နဲ့ တောင်ကိုရီးယား ကစားတဲ့ ပွဲစဉ် အများ အပြားကို အခုအချိန်ထိ ပြသခြင်း မရှိတာပါ။

တနင်္လာနေ့က ကစားတဲ့ပွဲကို ပြသချိန်မှာ နိုင်ငံတော်က ဆင်ဆာ ဖြတ်တောက်ထားခြင်း မရှိတဲ့အတွက် မြောက်ကိုရီးယားနိုင်ငံက ကြည့်ရှုသူတွေဟာ ကိုကာကိုလာနဲ့ အခြား အနောက်တိုင်းသုံး လူသုံးကုန် အမှတ် တံဆိပ်တွေ ပါဝင်တဲ့ ကြော်ငြာတွေကိုလည်း မြင်တွေ့နိုင်တာပါ။

တောင်ကိုရီးယား အသင်းဟာ အခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းကို အရေးနိမ့်ပြီး ၁၆ သင်း အဆင့် ကနေ ထွက်ခွာခဲ့ရပေမယ့် မြောက်ကိုရီးယားကတော့ ၂၀၁၀ နောက်ပိုင်း ခြေစစ်ပွဲမအောင်လို့ ယှဉ်ပြိုင်ခွင့် မရခဲ့ ပါဘူး။

Source: Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s
ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အမှုဆောင်အရာရှိချုပ် နာဆာအယ်လ်ခါတာကိုတွေ့ရစဉ် (GETTY IMAGES)

ရွှေ့ပြောင်းအလုပ်သမား သေဆုံးမှုမှတ်ချက်ကြောင့် ကာတာအကြီးအကဲ ဝေဖန်ခံရ

By CNI
CNI
Category: အားကစား
Hits: 1685

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၉

ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အမှုဆောင်အရာရှိချုပ်ဟာ ပြိုင်ပွဲကာလအတွင်းမှာ ရွှေ့ပြောင်း အလုပ်သမား တစ်ဦးသေဆုံးတာနဲ့ ပတ်သက်ပြီး ပြောခဲ့တဲ့ မှတ်ချက်ကြောင့် ဝေဖန်မှုတွေ ခံနေရပါတယ်။

ကာတာကမ္ဘာ့ဖလား အကြီးအကဲ နာဆာအယ်လ်ခါတာက “သေဆုံးခြင်းဆိုတာ ဘဝရဲ့ သဘာဝ အစိတ်အပိုင်းလို့” ဖြေခဲ့တာဖြစ်ပြီး ဒါကို လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ခဲ့ကြတာပါ။

ဒါ့အပြင် သတင်းထောက်တွေရဲ့ ဒီလို မေးမြန်းမှု အပေါ်မှာလည်း စိတ်ပျက်မိကြောင်း နာဆာအယ်လ်ခါတာက ရိုက်တာနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

“ကာတာအကြီးအကဲရဲ့ မှတ်ချက်က သေဆုံးသွားတဲ့ ရွှေ့ပြောင်း အလုပ်သမားအတွက် ပြင်းပြင်းထန်ထန် လျစ်လျူရှုတာကို ပြသနေပါတယ်။ သေဆုံးမှုတွေ ဖြစ်ပေါ်လာတဲ့ အချိန်မှာ ဒါကို သဘာဝလို့ သူ့ရဲ့ ပြောဆိုမှုဟာ ရွှေ့ပြောင်း အလုပ်သမား အများအပြား သေဆုံးတာကို ကြိုတင်ကာကွယ်လို့ရမယ်။ အမှန်တရားကို လျစ်လျူရှုခဲ့ ပါတယ်”လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ရိုသာနာဘီဂန်က ပြောခဲ့တာပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပချိန်အတွင်း ဆော်ဒီအသင်းရဲ့ လေ့ကျင့်ရေးစခန်းအဖြစ် အသုံးပြုတဲ့ အပန်းဖြေစခန်းကို ပြုပြင်မှုတွေ ပြုလုပ်တာမှာ ဖိလစ်ပိုင်နိုင်ငံက အလုပ်သမားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။

ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ရွှေ့ပြောင်းအလုပ်သမားများ ဆောက်လုပ်နေစဉ် (GETTY IMAGES)

ဖီဖာကတော့ ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး အလွန်ဝမ်းနည်း ကြေကွဲရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ကာတာနိုင်ငံဟာ ရွှေ့ပြောင်း အလုပ်သမားတွေကို ဆက်ဆံပုံနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်ကတည်းက ဝေဖန်ခံ နေရတာ ဖြစ်ပါတယ်။

ကာတာ အာဏာပိုင်တွေကတော့ ရွှေ့ပြောင်း အလုပ်သမား သေဆုံးတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။

နာဆာအယ်လ်ခါတာက “ကျနော်ဆိုလိုချင်တာက သေဆုံးခြင်းဆိုတာ ဘဝရဲ့ သဘာဝ အစိတ်အပိုင်း တစ်ခုပါ။ အလုပ်မှာပဲဖြစ်ဖြစ်၊ ခင်ဗျားတို့ အိပ်တဲ့အချိန်မှာပဲ ဖြစ်ဖြစ်ပါ။ အလုပ်သမားတစ်ဦး သေဆုံးသွားတဲ့အတွက် ကျနော်တို့ရဲ့ ဝမ်းနည်းမှုက သူ့မိသားစုဆီ ရောက်သွားပါတယ်။ ကမ္ဘာ့ဖလားမှာ အလုပ်သမားတွေ သေဆုံးမှုက ကြီးမားတဲ့ အကြောင်းအရာပါ။ ကမ္ဘာ့ဖလားမှာ အဆိုးမြင်မှုတွေက ကျနော်တို့ ကြုံတွေ့ခဲ့ရတဲ့ အရာတွေပါ”လို့ ပြောခဲ့ပါတယ်။

ကာတာမှာ ကျင်းပတဲ့ ပြိုင်ပွဲကတော့ ဝေဖန်သံတွေ အများအပြား ထွက်ပေါ်နေခဲ့ပေမယ့် အခုဆိုရင် ပြိုင်ပွဲ ကျင်းပတာ ကွာတားဖိုင်နယ် အဆင့်ထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အမှုဆောင်အရာရှိချုပ် နာဆာအယ်လ်ခါတာကိုတွေ့ရစဉ် (GETTY IMAGES)

ရွှေ့ပြောင်းအလုပ်သမား သေဆုံးမှုမှတ်ချက်ကြောင့် ကာတာအကြီးအကဲ ဝေဖန်ခံရ

By CNI
CNI
Category: Watch TV
Hits: 800

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၉

ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အမှုဆောင်အရာရှိချုပ်ဟာ ပြိုင်ပွဲကာလအတွင်းမှာ ရွှေ့ပြောင်း အလုပ်သမား တစ်ဦးသေဆုံးတာနဲ့ ပတ်သက်ပြီး ပြောခဲ့တဲ့ မှတ်ချက်ကြောင့် ဝေဖန်မှုတွေ ခံနေရပါတယ်။

ကာတာကမ္ဘာ့ဖလား အကြီးအကဲ နာဆာအယ်လ်ခါတာက “သေဆုံးခြင်းဆိုတာ ဘဝရဲ့ သဘာဝ အစိတ်အပိုင်းလို့” ဖြေခဲ့တာဖြစ်ပြီး ဒါကို လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ခဲ့ကြတာပါ။

ဒါ့အပြင် သတင်းထောက်တွေရဲ့ ဒီလို မေးမြန်းမှု အပေါ်မှာလည်း စိတ်ပျက်မိကြောင်း နာဆာအယ်လ်ခါတာက ရိုက်တာနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

“ကာတာအကြီးအကဲရဲ့ မှတ်ချက်က သေဆုံးသွားတဲ့ ရွှေ့ပြောင်း အလုပ်သမားအတွက် ပြင်းပြင်းထန်ထန် လျစ်လျူရှုတာကို ပြသနေပါတယ်။ သေဆုံးမှုတွေ ဖြစ်ပေါ်လာတဲ့ အချိန်မှာ ဒါကို သဘာဝလို့ သူ့ရဲ့ ပြောဆိုမှုဟာ ရွှေ့ပြောင်း အလုပ်သမား အများအပြား သေဆုံးတာကို ကြိုတင်ကာကွယ်လို့ရမယ်။ အမှန်တရားကို လျစ်လျူရှုခဲ့ ပါတယ်”လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ရိုသာနာဘီဂန်က ပြောခဲ့တာပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပချိန်အတွင်း ဆော်ဒီအသင်းရဲ့ လေ့ကျင့်ရေးစခန်းအဖြစ် အသုံးပြုတဲ့ အပန်းဖြေစခန်းကို ပြုပြင်မှုတွေ ပြုလုပ်တာမှာ ဖိလစ်ပိုင်နိုင်ငံက အလုပ်သမားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။

ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ရွှေ့ပြောင်းအလုပ်သမားများ ဆောက်လုပ်နေစဉ် (GETTY IMAGES)

ဖီဖာကတော့ ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး အလွန်ဝမ်းနည်း ကြေကွဲရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ကာတာနိုင်ငံဟာ ရွှေ့ပြောင်း အလုပ်သမားတွေကို ဆက်ဆံပုံနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်ကတည်းက ဝေဖန်ခံ နေရတာ ဖြစ်ပါတယ်။

ကာတာ အာဏာပိုင်တွေကတော့ ရွှေ့ပြောင်း အလုပ်သမား သေဆုံးတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။

နာဆာအယ်လ်ခါတာက “ကျနော်ဆိုလိုချင်တာက သေဆုံးခြင်းဆိုတာ ဘဝရဲ့ သဘာဝ အစိတ်အပိုင်း တစ်ခုပါ။ အလုပ်မှာပဲဖြစ်ဖြစ်၊ ခင်ဗျားတို့ အိပ်တဲ့အချိန်မှာပဲ ဖြစ်ဖြစ်ပါ။ အလုပ်သမားတစ်ဦး သေဆုံးသွားတဲ့အတွက် ကျနော်တို့ရဲ့ ဝမ်းနည်းမှုက သူ့မိသားစုဆီ ရောက်သွားပါတယ်။ ကမ္ဘာ့ဖလားမှာ အလုပ်သမားတွေ သေဆုံးမှုက ကြီးမားတဲ့ အကြောင်းအရာပါ။ ကမ္ဘာ့ဖလားမှာ အဆိုးမြင်မှုတွေက ကျနော်တို့ ကြုံတွေ့ခဲ့ရတဲ့ အရာတွေပါ”လို့ ပြောခဲ့ပါတယ်။

ကာတာမှာ ကျင်းပတဲ့ ပြိုင်ပွဲကတော့ ဝေဖန်သံတွေ အများအပြား ထွက်ပေါ်နေခဲ့ပေမယ့် အခုဆိုရင် ပြိုင်ပွဲ ကျင်းပတာ ကွာတားဖိုင်နယ် အဆင့်ထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုကိုတွေ့ရစဉ် (Goal)

ပြင်ပကအသံတွေလောက်နဲ့တော့ ဒီအစုအဖွဲ့က ပြိုပျက်စရာမရှိဘူးလို့ ရော်နယ်ဒိုပြော

By CNI
CNI
Category: အားကစား
Hits: 1274

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၉

ပြင်ပကအသံတွေလောက်နဲ့တော့ ဒီအစုအဖွဲ့က ပြိုပျက်စရာမရှိဘူးလို့ ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒို က ကမ္ဘာ့ဖလား လူစာရင်းကနေ ထွက်ခွာမယ်လို့ ခြိမ်းခြောက် ထားတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်သွားခဲ့ပါတယ်။

ရော်နယ်ဒိုက “ ပြင်ပက ထွက်ပေါ်လာတဲ့ အသံတွေလောက်နဲ့တော့ ဒီအစုအဖွဲ့က ပြိုပျက်သွားစရာ အကြောင်း မရှိပါဘူး။ ကျနော်တို့က ဘယ်လို ရန်သူမျိုးကိုမဆို မကြောက်တဲ့ သတ္တိရှိတဲ့လူမျိုးပါ။ ကျနော်တို့က အိမ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် အဆုံးထိ တိုက်ပွဲဝင်သွားမယ့် သူတွေပါ။ ကျနော်တို့ကို ယုံကြည်ပါ၊ ခွန်အား အပြည့်နဲ့ ပေါ်တူဂီ" ဆိုပြီး တွစ်တာမှာ ရေးသားခဲ့တာပါ။

ရော်နယ်ဒိုဟာ ဆွစ်ဇာလန်နဲ့ ၁၆ သင်းအဆင့် ပွဲစဉ်မှာ ပွဲထွက် မကစားရတဲ့ အပေါ်မှာ စိတ်ပျက်နေပြီး နည်းပြနဲ့ အဆင်မပြေမှုတွေလည်း ရှိတာကြောင့် ကမ္ဘာ့ဖလားလူစာရင်းကနေ ထွက်ခွာဖို့ ခြိမ်းခြောက်ခဲ့တယ်လို့ ပေါ်တူဂီ သတင်းစာ Record က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က ဒီသတင်းတွေဟာ မဟုတ်မှန်ဘူးလို့ ငြင်းဆိုခဲ့သလို ရော်နယ်ဒိုကလည်း ပြန်တုန့် ပြန်ခဲ့တာပါ။

နည်းပြနဲ့ ရော်နယ်ဒိုကိုတွေ့ရစဉ်(Sport)

ရော်နယ်ဒိုဟာ မော်ရိုကိုနဲ့ ကစားမယ့် ကွာတားဖိုင်နယ် ပွဲစဉ်မှာတော့ ပွဲထွက်ခွင့်ရဖို့ မျှော်လင့်နေပေမယ့် နေရာ ရဖို့တော့ အာမခံချက် မရှိဘူးလို့ သတင်းတွေအရ သိရပါတယ်။

ဆွစ်ဇာလန်နဲ့ပွဲမှာ ဟတ်ထရစ် သွင်းယူခဲ့တဲ့ လူငယ်ကစားသမား ဂွန်ကာလိုရာမို့စ်ကိုပဲ ပေါ်တူဂီအသင်းက နေရာ ပေးဖွယ် ရှိနေတာကြောင့် ရော်နယ်ဒိုဟာ ပွဲထွက်ခွင့် ပြန်လည်ရဖို့ ကြိုးစားရဖွယ် ရှိနေပါတယ်။

ရော်နယ်ဒိုဟာ အခု ကမ္ဘာ့ဖလားပြိုင်ပွဲကို ၅ ကြိမ်မြောက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေတာ ဖြစ်ပြီး ဂါနာနဲ့ အဖွင့် ပွဲမှာ ဂိုးသွင်းယူခဲ့တာကြောင့် ကမ္ဘာ့ဖလား ၅ ကြိမ်ဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်း တင်ထားပါတယ်။

အခုဆိုရင် ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ ပေါ်တူဂီအသင်းရဲ့ ကမ္ဘာ့ဖလား သွင်းဂိုး အများဆုံး ကစားသမား ဖြစ်တဲ့ အူဆီဘီယိုရဲ့ စံချိန်ကို လိုက်မှီဖို့အတွက်လည်း ပစ်မှတ်ထားနေပါတယ်။

အူဆီဘီယိုက ကမ္ဘာ့ဖလားသွင်းဂိုး ၉ ဂိုး သွင်းယူထားတာဖြစ်ပြီး ရော်နယ်ဒိုက ၈ ဂိုးနဲ့ ဒုတိယနေရာမှာ ရပ်တည် နေတာ ဖြစ်ပါတယ်။

Source: Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရုရှားအကျဉ်းစခန်းမှာ တွေ့ရတဲ့ ဘရစ်တနီဂရိုင်နာ (The Times of Israel)

အကျဉ်းသားလဲလှယ်မှုနဲ့ ဘရစ်တနီဂရိုင်နာ ရုရှားကနေ လွတ်မြောက်

By CNI
CNI
Category: အားကစား
Hits: 1125

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၉

အမေရိကန် ဘတ်စကတ်ဘောကြယ်ပွင့် ဘရစ်တနီဂရိုင်နာဟာ ရုရှားနဲ့ အကျဉ်းသား လဲလှယ်မှုကြောင့် လွတ်မြောက်လာခဲ့ပြီး ဖြစ်ပါတယ်။

သူမဟာ အမေရိကန်ကို ပြန်လာတော့မယ်လို့ သမ္မတဂျိုးဘိုင်ဒန်က ဒီဇင်ဘာလ ၈ ရက်နေ့မှာပဲ ပြောကြား လိုက်ပါတယ်။

ဂျိုးဘိုင်ဒန်က “ သူမ လုံခြုံပါတယ်။ သူမ လေယာဉ်ပေါ် ရောက်နေပါပြီ။ ရုရှားမှာ လပေါင်းများစွာ မတရား ဖမ်းဆီး ထိန်းသိမ်းခံရပြီးနောက် သူမ အိမ်ပြန်လာတော့မှာပါ။ ဒီလိုနေ့ ရောက်လာဖို့ ငါတို့ အချိန်အတော်ကြာ အောင် လုပ်ဆောင်ခဲ့ရပါတယ်။ သူမကို လွတ်မြောက်အောင် လုပ်နိုင်ဖို့အတွက် ငါတို့ ဘယ်တုန်းကမှ မရပ်တန့် ခဲ့ပါဘူး”လို့ အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သူတို့ဟာ ဘရစ်တနီဂရိုင်နာကို လက်နက် ရောင်းဝယ်သူဟောင်းဖြစ်တဲ့ သူတို့ နိုင်ငံသား ဗစ်တာဘောက်နဲ့ လဲလှယ်ခဲ့တာလို့ ပြောခဲ့ပါတယ်။

သူတို့ ၂ ဦး လဲလှယ်မှုကို ယူအေအီးနိုင်ငံ အဘူဒါဘီလေဆိပ်မှာ လုပ်ဆောင်ခဲ့တာလို့ ရုရှားသတင်းအေဂျင်စီက ဖော်ပြထားပါတယ်။

ဘရစ်တနီဂရိုင်နာနဲ့ လဲလှယ်ခဲ့တဲ့ ရုရှားအကျဉ်းသားကိုတွေ့ရစဉ် (Black Enterprise)

အသက် ၃၂ နှစ်အရွယ်ရှိ ဘရစ်တနီဂရိုင်နာဟာ ဖေဖော်ဝါရီ ၁၇ ရက်က မော်စကိုလေဆိပ်မှာ ဆေးခြောက်ဆီတွေ သယ်ဆောင်လာတဲ့အတွက် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရတာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ ဒုသမ္မတ ဟာရစ်တို့ဟာ ချီရယ်လ်ဂရိုင်နာနဲ့အတူ Oval Office မှာ ဘရစ်တနီ ဂရိုင်နာနဲ့ ဖုန်းပြောခဲ့ကြပါတယ်။

ဘရစ်တနီဂရိုင်နာဟာ ရုရှားက တားမြစ် ပိတ်ပင်ထားတဲ့ အရာတွေကို သယ်ဆောင်ခဲ့တာကြောင့် မူးယစ်ဆေးဝါး လက်ဝယ် တွေ့ရှိပြီး မှောင်ခိုရောင်းဝယ်မှု စွဲချက်ကြောင့် ထောင်ဒဏ် ၉ နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဘရစ်တနီဂရိုင်နာက သူမ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပေမယ့် ရိုးသားတဲ့ အမှားကို ကျူးလွန်ခဲ့တာဖြစ်ပြီး ဥပဒေ ချိူးဖောက်ခဲ့ခြင်း မရှိဘူးလို့ ပြောခဲ့ပါတယ်။

ဂျိုးဘိုင်ဒန်က ဘရစ်တနီဂရိုင်နာ လွတ်မြောက်လာပြီးနောက် မရိန်းတပ်သားဟောင်းဖြစ်တဲ့ ပေါလ်ဝီလန် လွတ်မြောက်ဖို့ အတွက်လည်း ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ဘရစ်တနီဂရိုင်နာ ပြန်လာနိုင်ဖို့အတွက် အဆင်ပြေအောင် ကူညီပေးခဲ့တဲ့ ယူအေအီးနိုင်ငံကို ကျေးဇူးတင်ကြောင်းလည်း ဂျိုးဘိုင်ဒန်က ပြောပါတယ်။

ဘရစ်တနီဂရိုင်နာဟာ အမေရိကန်အမျိုးသမီး ဘတ်စကတ်ဘော အသင်းနဲ့အတူ အိုလံပစ်ရွှေတံဆိပ် ၂ ကြိမ်နဲ့ ကမ္ဘာ့ဖလားချန်ပီယံဆု ၂ ကြိမ် ရယူထားတာ ဖြစ်ပါတယ်။

Source: CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့ဖလားမှာ ရွှေ့ပြောင်းအလုပ်သမားတဦးသေဆုံးကြောင်း ဖီဖာ အတည်ပြု

By CNI
CNI
Category: Watch TV
Hits: 639

Share
Tweet
Share
Share
powered by social2s
ဘတ်ပီနဲ့ ကိုင်လီဝေါလ်ကာကိုတွေ့ရစဉ် (GETTY IMAGES)

ဘတ်ပီကို ကော်ဇောနီခင်းပေးပြီး ဂိုးသွင်းလို့ရအောင် မလုပ်ဘူး

By CNI
CNI
Category: အားကစား
Hits: 1405


CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၈

အင်္ဂလန်အသင်းနောက်ခံလူ ကိုင်လီဝေါလ်ကာက ဘတ်ပီကို ကော်ဇောနီ ခင်းပေးပြီး ဂိုးသွင်းလို့ရအောင် လုပ်မှာ မဟုတ်ဘူးလို့ ပြင်သစ်အသင်းနဲ့ ပွဲမတိုင်ခင် ပြောကြားလိုက်ပါတယ်။

ကိုင်လီဝေါလ်ကာက “ ဒီပွဲက အင်္ဂလန်နဲ့ ဘတ်ပီပွဲ မဟုတ်ပါဘူး။ အင်္ဂလန်နဲ့ ပြင်သစ်ပွဲပါ။ ကျနော်တို့ လေးစား မှုတွေ ပေးပါမယ်။ ဒါပေမယ့် ကျနော် သူ့အတွက် ကော်ဇောနီခင်းပေးပြီး ဂိုးသွင်းလို့ရအောင်တော့ မလုပ်ပါဘူး။ ကျနော်တို့ ရှုံးရင် အိမ်ပြန်ရမှာဖြစ်လို့ အကောင်းဆုံးလုပ်မလား ဒါမှမဟုတ် အသေခံမလားပဲ ရှိတာပါ”လို့ ပြောခဲ့ တာပါ။

အင်္ဂလန်နဲ့ ပြင်သစ်အသင်းတို့ဟာ စနေနေ့မှာ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမတိုင်ခင် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဘတ်ပီနဲ့ ပတ်သက်တဲ့ မေးခွန်းကို ကိုင်လီဝေါလ်ကာ မေးမြန်း ခံခဲ့ရတာ ဖြစ်ပါတယ်။


ကိုင်လီဝေါလ်ကာနဲ့ ဘတ်ပီတို့ဟာ ကလပ်အသင်းအဆင့် ချန်ပီယံလိဂ် ပွဲစဉ်တွေမှာ ထိပ်တိုက် တွေ့ဆုံမှုတွေ ရှိခဲ့တာပါ။

ကိုင်လီဝေါလ်ကာကို တွေ့ရစဉ် (ESPN)

ကိုင်လီဝေါလ်ကာက “ သူ့ကိုရပ်တန့်ဖို့ ကျနော် ဘာလုပ်ရမလဲဆိုတာကို နားလည်ပါတယ်။ ပြောရတာက ပိုပြီး လွယ်ကူပေမယ့် ကျနော်ကတော့ ကိုယ့်ကိုယ်ကို လျှော့မတွက်ပါဘူး။ ကျနော်ကတော့ ဘတ်ပီနဲ့ ထိုက်တန်တဲ့ လေးစားမှုကို ပေးမှာပါ။ ဒါပေမယ့် အများကြီးတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင်တော့ ဒါက အင်္ဂလန် ဖြစ်နေလို့ပါ။ ကျနော်တို့ဟာ အသင်းလိုက် လုပ်ဆောင်ရမှာပါ။ ဒါက တင်းနစ် မဟုတ်သလို တစ်ဦးတည်း ကစား ရတဲ့ အားကစားနည်း မဟုတ်ပါဘူး”လို့ ပြောပါတယ်။

ဘီဘီစီရဲ့ အားကစား သုံးသပ်သူဖြစ်တဲ့ အင်္ဂလန် ကစားသမားဟောင်း ဂယ်ရီလိုင်နီကာက ဘတ်ပီရဲ့ ခြိမ်းခြောက် မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ဆီနီဂေါအသင်းကို အနိုင်ရတဲ့ ၁၆ သင်းအဆင့်ပွဲမှာ ဝေါလ်ကာကို အနားပေးဖို့ တောင် ပြောခဲ့တာပါ။

မန်စီးတီးအသင်း နောက်ခံလူဟာ ဘတ်ပီကို ချန်ပီယံလိဂ်မှာ တွေ့ဆုံခဲ့တုန်းက အကောင်းဆုံး ထိန်းနိုင်ခဲ့တာ ကြောင့် ဒီပွဲမှာလည်း ဒီလို လုပ်ဆောင် နိုင်မယ်လို့ အားလုံးက မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

ဘတ်ပီကတော့ လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားတွေထဲက ၁ ဦးအဖြစ် သတ်မှတ်ခံ ရ လောက်အောင် ခြေစွမ်းပြ ဂိုးတွေ သွင်းယူနေတာပါ။

ပြင်သစ်တိုက်စစ်မှူး ဘတ်ပီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၅ ဂိုး သွင်းယူထားပြီး ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆု ရယူဖို့ ဦးဆောင်နေပါတယ်။

 

 

 

Share
Tweet
Share
Share
powered by social2s

စပိန်အသင်း ပင်နယ်တီ ၁,၀၀၀ လောက် လေ့ကျင့်ထားပေမယ့် မလုံလောက်ခဲ့ဘူး

By CNI
CNI
Category: Watch TV
Hits: 691

Share
Tweet
Share
Share
powered by social2s

ရော်နယ်ဒိုကို နည်းဗျူဟာကြောင့် ချန်ခဲ့တာလို့ ဖာနန်ဒိုဆန်းတို့စ် ပြော

By CNI
CNI
Category: Watch TV
Hits: 689

Share
Tweet
Share
Share
powered by social2s

အကောင်းဆုံးပုံစံနဲ့ ဂျပန်အသင်းပြန်လာမယ်လို့ နည်းပြ မိုရီယာဆု ပြော

By CNI
CNI
Category: Watch TV
Hits: 727

Share
Tweet
Share
Share
powered by social2s
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28

Page 24 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar