CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

မိမိ အိပ်မက်အတွက် ဒီကမ္ဘာ့ဖလားက နောက်ဆုံးအခွင့်အရေးလို့ မက်ဆီပြော

By CNI
CNI
Category: Watch TV
Hits: 645

Share
Tweet
Share
Share
powered by social2s

ကစားသမားတွေကို သတ်ဖို့ ကြိုးပမ်းနေတဲ့ အီရန်ပရိသတ်ကို ကားလို့စ်ကွီရော့စ် ဝေဖန်

By CNI
CNI
Category: Watch TV
Hits: 667

Share
Tweet
Share
Share
powered by social2s
မက်ဆီ သတင်းစာ ရှင်းလင်းပွဲလုပ်နေစဉ် (Reuters)

မိမိ အိပ်မက်အတွက် ဒီကမ္ဘာ့ဖလားက နောက်ဆုံးအခွင့်အရေးလို့ မက်ဆီပြော

By CNI
CNI
Category: အားကစား
Hits: 1499

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၂

အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီက သူ့ရဲ့ ကြီးမားတဲ့ အိပ်မက်ကို အကောင်အထည် ဖော်ဖို့အတွက် ဒီကမ္ဘာ့ဖလားပြိုင်ပွဲက နောက်ဆုံး အခွင့်အရေး ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

မက်ဆီက “ ဒါက ကျနော့်ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားဖြစ်နိုင်သလို၊ ကျနော့်မှာ ရှိနေတဲ့ ဒီအိပ်မက်ကြီးကို အကောင် အထည်ဖော်ဖို့အတွက် နောက်ဆုံး အခွင့်အရေးလည်း ဖြစ်နိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာလည်း အလွန်ကောင်းမွန် နေပြီး အကောင်းဆုံး အခိုက်အတန့်မှာ ရှိပါတယ်။ ပုဂ္ဂိုလ်ရေးအရရော ရုပ်ပိုင်းဆိုင်ရာအရပါ ဘာပြဿနာမှ ရှိမနေ ပါဘူး”လို့ ပြောခဲ့တာပါ။

အသက် ၃၅ နှစ်အရွယ်ရှိ မက်ဆီဟာ ဒီကမ္ဘာ့ဖလားပြိုင်ပွဲကို ၅ ကြိမ်မြောက်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲလို့ ပြောထားတာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းနဲ့ မက်ဆီ လေ့ကျင့်ခန်းလုပ်နေစဉ် (AFA)

ဘောလွန်းဒီအောဆုကို ၇ ကြိမ် ရရှိထားတဲ့ မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို တစ်ကြိမ်မှ ရယူနိုင်ခြင်း မရှိသေး တာပါ။ အာဂျင်တီးနားအသင်း ခေါင်းဆောင်ဟာ ၂၀၁၄ က ကမ္ဘာ့ဖလားရဖို့ နီးစပ်ခဲ့ပြီး ဗိုလ်လုပွဲမှာ ဂျာမနီကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
မက်ဆီက “ ကျနော့်ကြောင့် အာဂျင်တီးနား မဟုတ်တဲ့ လူတွေအများအပြားက အာဂျင်တီးနားကို ချန်ပီယံ ဖြစ်စေ ချင်ကြတာက လှပတဲ့အရာပါ။ ကျနော့်ရဲ့ ကစားသမားဘဝ တစ်လျှောက် ကမ္ဘာတစ်ဝှမ်းဆီကနေ ရရှိခဲ့တဲ့ ချစ်ခြင်း မေတ္တာတွေအတွက် ကျေးဇူးတင်ပါတယ်။ ကျနော်တို့ အခြားကမ္ဘာ့ဖလားတွေထက် ပိုပြီးကောင်းမလားဆိုတာ မသိပါဘူး။ ကျနော်တို့ဟာ ကိုယ့်ကိုယ်ကို ပျော်ရွှင်စွာနဲ့ လုပ်ဆောင်သွားမယ်”လို့ ပြောပါတယ်။

အာဂျင်တီးနား အသင်းဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေထဲက တစ်သင်း အဖြစ် ရှိနေတာ ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဆုကို ၂ ကြိမ် ရရှိထားပြီး နောက်ဆုံး ရရှိခဲ့တာက ၁၉၈၆ က ဖြစ်တာကြောင့် အခုနှစ်ပြိုင်ပွဲမှာ ချန်ပီယံဆုရယူဖို့ တစ်သင်းလုံးက စိတ်အားထက်သန် နေ တာပါ။

အာဂျင်တီးနားအသင်းဟာ ဒီပြိုင်ပွဲမှာ ဆော်ဒီ၊ မက္ကဆီကို၊ ပိုလန်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါ တယ်။

Source: BBC

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဝိန်းရွန်နီရဲ့ အင်္ဂလန်ဂိုးသွင်းစံချိန်ကို အမြန်ဆုံးချိုးဖျက်ချင်တယ်လို့ ဟာရီကိန်းပြော

By CNI
CNI
Category: Watch TV
Hits: 656

Share
Tweet
Share
Share
powered by social2s

ကာတာနဲ့ အီကွေဒေါ ပွဲစဉ်အချိန်အတွင်း ထိုင်ခုံထောင်ပေါင်းများစွာလွတ်ခဲ့

By CNI
CNI
Category: Watch TV
Hits: 709

Share
Tweet
Share
Share
powered by social2s

ကတ်စပါရုဒ်ကို အနိုင်ရပြီး ဖက်ဒဲရားစံချိန်နဲ့ တူညီသွားတဲ့ ဂျိူကိုဗစ်

By CNI
CNI
Category: အားကစား
Hits: 1068

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၁

ဂျိူကိုဗစ်ဟာ ATP Finals ပြိုင်ပွဲဗိုလ်လုပွဲအဖြစ် ကစားခဲ့တဲ့ပွဲမှာ ကတ်စပါရုဒ်ကို အနိုင်ရပြီး ချန်ပီယံဆုကို ၆ ကြိမ်မြောက်ရယူကာ ဖက်ဒဲရားရဲ့ စံချိန်နဲ့ တူညီသွားခဲ့ပြီဖြစ်ပါတယ်။

ဂျိူကိုဗစ်ဟာ ဗိုလ်လုပွဲမှာ ကတ်စပါရုဒ်ကို ၇-၅၊ ၆-၃ နဲ့ အနိုင်ရရှိခဲ့ကာ ရာသီပိတ်နောက်ဆုံးပွဲကို ချန်ပီယံဆု ရယူကာ အဆုံးသတ်နိုင်ခဲ့တာပါ။ဂျိူကိုဗစ်ဟာ ATP Finals ချန်ပီယံဆုကို ၂၀၁၅ က နောက်ဆုံး ရယူခဲ့တာဖြစ်ပြီး အခုတစ်ကြိမ်ရယူနိုင်ခဲ့တာကြောင့် ဖက်ဒဲရားနဲ့အတူ ဒီပြိုင်ပွဲမှာ အကြိမ်အရေအတွက် အများဆုံးချန်ပီယံဆုကို ရယူနိုင်တဲ့သူ ဖြစ်လာခဲ့ပါတယ်။

ဒီချန်ပီယံဆုကို ၇ နှစ်ကြာပြီးမှ ပထမဆုံးအကြိမ်ပြန်လည်ရယူနိုင်ခဲ့တာက သူ့အတွက် ပိုပြီးချိုမြိန်တယ်လို့ ဆားဘီးယားတင်းနစ်သမားက ပြောခဲ့တာပါ။ဂျိူကိုဗစ်က “ဒါဟာ အနက်ရှိုင်းဆုံးကျေနပ်စရာတစ်ခုလို့ ခံစားရပြီး တစ်ချိန်တည်းမှာ ဒီနှစ်ကြုံတွေ့ရတဲ့ အခြေအနေတွေကြောင့် ကြီးမားတဲ့သက်သာရာရမှုဖြစ်ခဲ့ပါတယ်။ဒီနှစ် အစောပိုင်းမှာ ကြုံတွေ့ရတဲ့ သြစတြေးလျအခြေအနေတွေလည်းပါဝင်ပါတယ်။အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ မသိပေမယ့် ဆုဖလားရဖို့ စိတ်ထဲမှာ ဆာလောင်မှုတွေက ကြီးမားနေတယ်ဆိုတာ သိသာပါတယ်” လို့ ပြောခဲ့ပါ တယ်။

ဂျိူကိုဗစ်ဟာ ကိုဗစ်ကာကွယ်ဆေးမထိုးတာကြောင့် အခုနှစ်ရာသီပြိုင်ပွဲအများအပြားကို ယှဉ်ပြိုင်ခွင့်မရခဲ့ပေမယ့် ပြက္ခဒိန်တစ်နှစ်တာအတွင်း ဆုဖလား ၅ ခု ရယူနိုင်ခဲ့တာပါ။ဒီဆုဖလားတွေကတော့ ATP Finals အပါအဝင် အီတလီအိုးပန်း၊ ဝင်ဘယ်လ်ဒန်ချန်ပီယံ၊ တယ်လ်အဗစ်အိုးပန်းနဲ့ အက်စ်တာနာအိုးပန်းတို့ ဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိ ဂျိူကိုဗစ်ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အဆင့်ရပ်တည်မှု ၅ နေရာမှာ ရှိနေတာ ဖြစ်ပါ တယ်။ပြီးခဲ့တဲ့နှစ်က သြစတြေးလျကနေ ပြည်နှင်ဒဏ်ခံခဲ့ရတဲ့ ဂျိူကိုဗစ်ဟာ လာမယ့်နှစ်မှာတော့ သြစတြေးလျ အိုးပန်းပြိုင်ပွဲကို ယှဉ်ပြိုင်ဖို့အတွက် ဝင်ခွင့်ရခဲ့ပြီလို့လည်း သိရပါတယ်။

Source:BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုကိုတွေ့ရစဉ်(The Times)

ပွဲဆူခဲ့တဲ့ အင်တာဗျူးမှာ ရော်နယ်ဒို မှန်လား၊ မှားလား

By CNI
CNI
Category: အားကစား
Hits: 2451

CNI Sport Article

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၀

ဒီရက်ပိုင်းမှာ ၄ နှစ်မှ ၁ ကြိမ် ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ပတ်သက်တဲ့ သတင်းတွေထက် ရော်နယ်ဒိုရဲ့ အင်တာဗျူးက လူတိုင်းကို လွှမ်းမိုးသွားခဲ့တာ ဖြစ်ပါတယ်။

တစ်နေ့နည်းနည်းစီ ထွက်ပေါ်လာတဲ့ အင်တာဗျူး အချက်အလက်တွေအပေါ် လူတွေကလည်း စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအင်တာဗျူးကြာချိန်က မိနစ် ၉၀ ကြာမြင့်ခဲ့တာဖြစ်ပြီး ရော်နယ်ဒိုဟာ ပီယာစ်မော်ဂန်နဲ့ အင်တာဗျူး ပြုလုပ်ပြီး သူ့စိတ်ထဲမှာ ရှိနေတဲ့ ခံစားချက်တွေကို ချပြခဲ့တာပါ။

ပရိသတ်တွေ တော်တော်များများလည်း ဒီအင်တာဗျူးထဲမှာ ပါဝင်တဲ့ အကြောင်းအရာကို သိပြီးကြလောက်ပြီလို့ ထင်ပါတယ်။ ဒါဆိုရင် ဒီအင်တာဗျူးမှာ ရော်နယ်ဒိုရဲ့ ပြောဆိုမှုတွေက မှန်ကန်ခဲ့လား၊ မှားခဲ့လားပေါ့။

ရော်နယ်ဒိုက သူဟာ ယူနိုက်တက်အသင်းရဲ့ သစ္စာဖောက်မှုကို ခံစားခဲ့ပြီး အသင်းကနေ ထွက်ခွာဖို့ တွန်းအားပေး ခံခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။ အသင်းရဲ့ အကြီးအကဲတွေအပြင် နည်းပြတန်ဟတ်လည်း ပါဝင်တယ်လို့ ပြောသွားခဲ့ပါတယ်။ အမှန်တော့ ရော်နယ်ဒို ကိုယ်တိုင်ကလည်း နွေရာသီက ယူနိုက်တက်ကနေ ထွက်ခွာဖို့ ကြိုးစားခဲ့တာပါ။

ရော်နယ်ဒိုကို ခေါ်ယူဖို့ ထိပ်တန်းကလပ် အသင်းကြီးတွေ အများအပြားက နောက်ဆုတ်ခဲ့လို့ နောက်ဆုံး ယူနိုက်တက်မှာပဲ ဆက်ရှိခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုက သူ့အပေါ် လေးစားမှု မရှိတဲ့ နည်းပြ တန်ဟတ် အပေါ် မှာ သူမလေးစားဘူးလို့ ပြောခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ ယူနိုက်တက်ပိုင်ရှင်များကိုတွေ့ရစဉ်(talkSPORT)

ရော်နယ်ဒိုဟာ သူကိုယ်တိုင် ခံစားခဲ့ရလို့ ဒီလိုပြောတာ ဖြစ်နိုင်ပေမယ့် ယူနိုက်တက်နဲ့ စာချုပ်ရှိချိန်မှာ နည်းပြ တစ်ဦးအပေါ် ဒီလိုမျိုးပြောတဲ့ အပေါ်မှာ ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။

ယူနိုက်တက်အသင်းရဲ့ တိုးတက်မှုက ဖာဂူဆန်စ် မရှိတဲ့ အချိန်ကတည်းက ဘာမှပြောင်းလဲမှု မရှိဘူးလို့ ရော်နယ်ဒို ရဲ့ ပြောမှုဟာ မှန်ကန်ခဲ့တာပါ။

တကယ်လည်း ယူနိုက်တက်အသင်းဟာ မန်စီးတီး၊ လီဗာပူးလ်၊ ချယ်လ်ဆီးတို့ရဲ့ ကျော်တက်ခြင်းကို ခံခဲ့ရပြီး ပရီးမီးယားလိဂ်ဖလားကို ၂၀၁၃ ကတည်းက မရတော့သလို နောက်ဆုံးရခဲ့တဲ့ ယူရိုပါလိဂ်ဖလားကိုလည်း ၂၀၁၇ မှာ ရယူခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဆုဖလားလက်မဲ့ဖြစ်တာ ၅ နှစ်ရှိပြီလည်း ဖြစ်ပါတယ်။

ဝိန်းရွန်နီကို ဝေဖန်မှု အပိုင်းမှာတော့ ယူနိုက်တက် ပရိသတ်တွေတောင် နှစ်ခြမ်းကွဲသွားတဲ့ အနေအထားမှာ ရှိခဲ့ပါတယ်။ ရော်နယ်ဒိုက သူဟာ ဝိန်းရွန်နီထက် ပိုပြီးကြည့်ကောင်းလို့ မနာလိုဖြစ်ပြီး သူ့ကို ဝေဖန်ခဲ့တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ ဝိန်းရွန်နီကို တွေ့ရစဉ် (Sport)

စပါးနဲ့ပွဲမှာ လူစားဝင်ဖို့ ငြင်းဆန်ပြီး ဥမင်ထဲကို တန်းပြီး ထွက်ခွာသွားတဲ့ ရော်နယ်ဒိုရဲ့ အပြုအမူကို ဝိန်းရွန်နီက ဝေဖန်ခဲ့တာပါ။ ရော်နယ်ဒိုဟာ ရုပ်ရည်ပိုင်းနဲ့ ပတ်သက်ပြီး ပြန်ပြောခဲ့တာကြောင့် ဝိန်းရွန်နီရဲ့ အမာခံ ပရိသတ် တွေက တော်တော်လေးကို ဒေါသထွက်ခဲ့ကြတာပါ။

ဝိန်းရွန်နီကတော့ ရော်နယ်ဒိုဟာ အသက်အရွယ်ပိုင်းနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖို့ ခက်ခဲနေတယ်လို့ ပြောခဲ့ပါ တယ်။ အသင်းပိုင်ရှင် ဂလေဇာမိသားစုနဲ့ ပတ်သက်ပြီးတော့လည်း ရော်နယ်ဒိုက ပြောခဲ့ပါသေးတယ်။ ဒါကိုတော့ တကယ်ကို မှန်ကန်ခဲ့တဲ့ အချက်ဖြစ်ခဲ့ပါတယ်။

ဂလေဇာမိသားစုက ယူနိုက်တက်ကို ဈေးကွက် ရှာဖွေရေးအသင်းလို့ပဲ သတ်မှတ်ပြီး သူတို့အတွက် ပိုင်ရှင်ရဖို့ပဲ စိတ်ဝင်စားကာ အသင်းကို ဂရုမစိုက်ဘူးလို့ ပြောခဲ့တာပါ။ တကယ်လည်း ဂလေဇာမိသားစုဟာ သူတို့အကျိုး အတွက်ပဲ ကြည့်ပြီး အသင်းအပေါ် ရင်းနှီးမြှပ်နှံမှုတွေ ပြုလုပ်ဖို့ ပျက်ကွက်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း ယူနိုက်တက် ပရိသတ်တွေဟာ ဂလေဇာ မိသားစုအပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ လုပ်ခဲ့ပြီး ဒါကို ရော်နယ်ဒို ကလည်း ထောက်ခံခဲ့တာပါ။ ရော်နယ်ဒိုဟာ ဒီအင်တာဗျူးမှာ မန်စီးတီးအသင်းဆီ ရောက်ဖို့ နီးစပ်ခဲ့ပေမယ့် ဆာအဲလက်စ်ဖာဂူဆန်ကြောင့် ယူနိုက်တက်ကို ပြန်လာတဲ့ အကြောင်းကိုလည်း ထည့်သွင်း ပြောခဲ့တာပါ။

ရော်နယ်ဒိုနဲ့ နည်းပြဟောင်း ဖာဂူဆန်ကိုတွေ့ရစဉ်(Goal)

ရော်နယ်ဒိုဟာ ရာသီသစ် မစတင်ခင် ရာသီကြိုခြေစမ်းပွဲ ခရီးစဉ်အားလုံးကို မပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ မိသားစု အကြောင်းပြချက်နဲ့ ဒီခရီးစဉ်ကို မပူးပေါင်းနိုင်ခဲ့တာဖြစ်ပြီး တကယ်လည်း သူ့ရဲ့ သမီး ဖြစ်သူ နေမကောင်းတာကြောင့် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အသင်းတာဝန်ရှိသူတွေက သူဒီလို ပြောတာကို မယုံကြည်ကြလို့ စိတ်မကောင်း ဖြစ်ရတယ်လို့လည်း ရော်နယ်ဒိုက ပြောပါတယ်။

ပေါ်တူဂီကစားသမားဟာ စပါးနဲ့ ပွဲမှာ လူစားဝင်ဖို့ ငြင်းဆန်ခဲ့ရတဲ့ အကြောင်းအရင်းက နည်းပြ တန်ဟတ်က သူ့အပေါ် ဆက်ဆံပုံတွေကြောင့် ဖြစ်တယ်လို့လည်း အင်တာဗျူးထဲမှာ ပြောခဲ့တာပါ။

မန်စီးတီးနဲ့ ပွဲမှာ ရှုံးနေတဲ့အတွက် လေးစားလို့ လူစားမထည့်သွင်းခဲ့တာလို့ ပြောပြီး စပါးနဲ့ ပွဲမှာ ပွဲပြီးဖို့ ၃ မိနစ် အလိုမှ လူစားလဲဖို့ လုပ်ဆောင်ခဲ့တဲ့ အပေါ်မှာ ရော်နယ်ဒိုက အဲရစ်တန်ဟတ် အပေါ်မှာ ဒေါသထွက်နေခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ အဲရစ်တန်ဟတ်ကိုတွေ့ရစဉ် (Football365)

သူက ဒီလိုမျိုးဝင်ပြီး ကစားရမယ့် ကစားသမား မဟုတ်ဘူးလို့ ပြောခဲ့တာပါ။ ဒီလို အခြေအနေတွေကြောင့် ရော်နယ်ဒိုနဲ့ အဲရစ်တန်ဟတ်တို့ရဲ့ ဆက်ဆံရေးက သေချာပေါက် ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ရော်နယ်ဒိုနဲ့ ယူနိုက်တက်တို့ဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ လမ်းခွဲရဖို့ ရှိနေပြီ ဖြစ်ပါတယ်။ ယူနိုက်တက် ကစားသမားတွေအပြင် ဝါရင့်ကစားသမားတချို့ကလည်း ရော်နယ်ဒိုနဲ့ လမ်းခွဲဖို့ ပြောနေကြပြီ ဖြစ်ပါ တယ်။

ရော်နယ်ဒိုကလည်း ဒီလိုဖြစ်လာနိုင်တဲ့ အခြေအနေကို တွေးပြီးမှ အင်တာဗျူး ဖြေခဲ့တာ ဖြစ်နိုင်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာတော့ ဒီအခြေအနေကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရတော့မှာလည်း ဖြစ်ပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဒုံးကျည်ပစ်ခတ်ကျရောက်မှုကြောင့် ပိုလန်အသင်းတုန်လှုပ်ခဲ့ရတယ်လို့ လီဝန်ဒေါစကီး ပြော

By CNI
CNI
Category: Watch TV
Hits: 666

Share
Tweet
Share
Share
powered by social2s

ရော်နယ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီအသင်း ကမ္ဘာ့ဖလားယှဉ်ပြိုင်ဖို့ ကာတာရောက်ရှိ

By CNI
CNI
Category: Watch TV
Hits: 669

Share
Tweet
Share
Share
powered by social2s
မာတင်နယ်လီကိုတွေ့ရစဉ် (Goal)

ပရီးမီးယားလိဂ် ဆုဖလားရယူဖို့ အိမ်မက်မက်နေတယ်လို့ မာတင်နယ်လီပြော

By CNI
CNI
Category: အားကစား
Hits: 1695

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၉

အာဆင်နယ်အသင်း တောင်ပံကစားသမား မာတင်နယ်လီက ပရီးမီးယားလိဂ် ဆုဖလားကို ရယူနိုင်ဖို့ အိမ်မက် မက်နေတယ်လို့ ပြောလိုက်ပါတယ်။

မာတင်နယ်လီက “ကျနော် ဆုဖလားတွေ ရယူချင်တယ်၊ ချန်ပီယံဖြစ်ချင်တယ်။ ကလပ်အသင်း၊ ပရိသတ်တွေနဲ့ ကျနော်တို့မှာရှိတဲ့ ကစားသမားတွေဟာ တစ်ခုခု အနိုင်ရဖို့ ထိုက်တန်တယ်လို့ ကျနော်ထင်ပါတယ်။ ပရီးမီးယား လိဂ်နဲ့ ချန်ပီယံလိဂ် ရဖို့က ကျနော့် အိမ်မက်ပါပဲ။ ဒါကို ကျနော် အိမ်မက် မက်နေပေမယ့် ကျနော်တို့ဟာ စွမ်း ဆောင်ရည်ကို ဆက်ပြီး ထိန်းသိမ်းရပါမယ်။ ပွဲတိုင်းကို အနိုင်ယူချင်တဲ့ စိတ်နဲ့ ဆက်သွားရမယ်”လို့ The Player’s Tribune ကို ပြောခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ခြေစွမ်း တသမတ်တည်းနဲ့ ဖြတ်သန်းနေတာဖြစ်ပြီး ရှုံးပွဲ ၁ ပွဲနဲ့ သရေပွဲ ၁ ပွဲသာ ရှိခဲ့တာ ဖြစ်ပါတယ်။ လန်ဒန်ကလပ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဒုတိယနေရာက မန်စီးတီးအသင်းကို ၅ မှတ်ဖြတ်ပြီး အမှတ်ပေးဇယား ထိပ်ဆုံး နေရာမှာ ဦးဆောင်နေတာပါ။

အာဆင်နယ်ကစားသမား မာတင်နယ်လီကို တွေ့ရစဉ်(Football365)

မာတင်နယ်လီဟာ ဒီရာသီ အာဆင်နယ်အသင်း ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည် နိုင်အောင် အဓိက စွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

မာတင်နယ်လီဟာ ဒီရာသီမှာ အာဆင်နယ် အသင်းအတွက် ၅ ဂိုး သွင်းယူထားပြီး စွမ်းဆောင်ရည် ကောင်းတွေကို ပြသထားတာပါ။ ဒါကြောင့်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးလ်အသင်း လူစာရင်းမှာ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

မာတင်နယ်လီ ပါဝင်တဲ့ ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆားဘီးယား၊ ဆွစ်ဇာလန်၊ ကင်မရွန်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အဖွင့်ပွဲစဉ်အဖြစ် ဆားဘီးယားအသင်းနဲ့ နိုဝင်ဘာလ ၂၄ ရက်မှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Source: Metro

 

 

 

 

Share
Tweet
Share
Share
powered by social2s
မက်ဆီနဲ့ဆွာရက်စ်ကိုတွေ့ရစဉ်

ကမ္ဘာ့ဖလားကို စပိန်မရရင် မက်ဆီနဲ့ ဆွာရက်စ် တို့ကို ရစေချင်တယ်လို့ အင်းနရစ်ပြော

By CNI
CNI
Category: အားကစား
Hits: 1324

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၉

စပိန်အသင်းနည်းပြ လူးဝစ်အင်းနရစ်က ၂၀၂၂ ကမ္ဘာ့ဖလား ချန်ပီယံဆုကို စပိန်အသင်း မရခဲ့ဘူးဆိုရင် မက်ဆီ ပါဝင်တဲ့ အာဂျင်တီးနားနဲ့ ဆွာရက်စ်ပါဝင်တဲ့ ဥရုဂွေးကို ရစေချင်တယ်လို့ ပြောလိုက်ပါတယ်။

လူးဝစ်အင်းနရစ်က “ကျနော်တို့ ကမ္ဘာ့ဖလားကို မရခဲ့ဘူးဆိုရင် အာဂျင်တီးနားကို ရစေချင်ပါတယ်။ မက်ဆီလို ကောင်းမွန်တဲ့ ကစားသမားတစ်ဦးက ကမ္ဘာ့ဖလားမရပဲ အနားယူ ရမယ်ဆိုတာက မျှတမှုမရှိပါဘူး။ ပြီးတော့ ဆွာရက်စ် ပါဝင်တဲ့ ဥရုဂွေးကိုလည်း ရစေချင်တယ်”လို့ ပြောခဲ့တာပါ။

လူးဝစ်အင်းနရစ်ဟာ မက်ဆီနဲ့ ဆွာရက်စ်ကို ၂၀၁၄ ကနေ ၂၀၁၇ အထိ ဘာစီလိုနာအသင်းမှာ နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီး ဆုဖလားအောင်မြင်မှု အများအပြားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကာတာကမ္ဘာ့ဖလားဟာ မက်ဆီနဲ့ ဆွာရက်စ်တို့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလား ဖြစ်တာကြောင့် ဒီပြိုင်ပွဲမှာ ချန်ပီယံ ဆု ရယူနိုင်ဖို့ စိတ်ဆန္ဒ ပြင်းပြနေကြတာပါ။

လူးဝစ်အင်းနရစ်နဲ့ စပိန်အသင်းကိုတွေ့ရစဉ်

လူးဝစ်အင်းနရစ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် စပိန်အသင်း လူစာရင်းမှာ အတွေ့အကြုံ နည်းပါးတဲ့ ကစားသမား တွေ ရွေးချယ်ထားပေမယ့် ဘယ်အသင်းကိုမှ ကြောက်နေမှာ မဟုတ်သလို အောင်မြင်မှု ရယူနိုင်ဖို့ မျှော်လင့် ထား တယ်လို့ ပြောခဲ့ပါတယ်။

လူးဝစ်အင်းနရစ်က “ လူငယ်တွေနဲ့ပတ်သက်ပြီး ကျနော်စိတ်ပူခြင်း မရှိပါဘူး။ ကျနော်တို့ ရည်ရွယ်ချက်က အုပ်စုထိပ်ဆုံးမှာ ရပ်တည်နိုင်ဖို့ပါ။ ၁၆ သင်းအဆင့်မှာလည်း ဘယ်အသင်းနဲ့ ရင်ဆိုင်ရမလဲဆိုတာ ကျနော်တို့ သိပြီးသားပါ။ ဆီမီးဖိုင်နယ်မှာဆိုရင် ဘရာဇီးလ်အုပ်စုထဲက တစ်သင်းသင်းနဲ့ ကစားရမှာပါ။ ဘယ်အသင်းကိုမှ ကြောက်နေမှာ မဟုတ်ပါဘူး”လို့ ပြောခဲ့တာပါ။

စပိန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီ၊ ဂျပန်၊ ကော်စတာရီကာတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲအဖြစ် ကော်စတာရီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဒုံးကျည်ပစ်ခတ်ကျရောက်မှုကြောင့် ပိုလန်အသင်းတုန်လှုပ်ခဲ့ရတယ်လို့ လီဝန်ဒေါစကီး ပြော

By CNI
CNI
Category: အားကစား
Hits: 1287

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၉

ဒုံးကျည်ပစ်ခတ်ကျရောက်မှုကြောင့် ပိုလန်နိုင်ငံရှိ လူ ၂ ဦးသေဆုံးခဲ့ရပြီးနောက် ပိုလန်လက်ရွေးစင်အသင်းဟာ တုန်လှုပ်ခဲ့ရတယ်လို့ အသင်းခေါင်းဆောင် လီဝန်ဒေါစကီးက ပြောပါတယ်။

လီဝန်ဒေါစကီးက “ဒါဟာ လွယ်ကူတဲ့ အခိုက်အတန့်မဟုတ်ခဲ့ပါဘူး။လူတိုင်းက ရှင်းပြချက်တွေ၊ အချက်အလက် တချို့ကို စောင့်နေခဲ့ကြရပါတယ်။ကံမကောင်းစွာနဲ့ပဲ ထိတဲ့လူတွေက သေဆုံးသွားခဲ့ကြပါတယ်။ဒါဟာ အလွန် ခက်ခဲတဲ့အခြေအနေဆိုတာ သေချာပါတယ်” လို့ ဒိုဟာမြို့မှာရှိတဲ့ ပိုလန်အသင်းလေ့ကျင့်ရေးစခန်းမှာ ပြောခဲ့တာပါ။

လီဝန်ဒေါစကီးနဲ့ ပိုလန်အသင်းသားတွေဟာ ဒုံးကျည်ကျရောက်ခဲ့ချိန်မှာ ကာတာသို့ မသွားခင် ချီလီနဲ့ ကစားရမယ့် ခြေစမ်းပွဲအတွက် ဝါဆောမှာ လေ့ကျင့်မှုတွေ ပြုလုပ်နေခဲ့ချိန်ဖြစ်ပါတယ်။ဒီ ဒုံးကျည်ပစ်လွှတ်မှုဟာ ရုရှားရဲ့ တိုက်ရိုက်တိုက်ခိုက်မှုမဟုတ်ဘူးဆိုတာကို သိခဲ့ရပြီးနောက် စိုးရိမ်မှုလျော့ပါးသွားခဲ့တယ်လို့လည်း ဘာစီလိုနာ အသင်းတိုက်စစ်မှူးက ပြောခဲ့တာပါ။

လီဝန်ဒေါစကီးက “ဖြစ်ပျက်တဲ့အရာတွေကို ရှင်းလင်းစွာသိပြီးနောက်မှာတော့ ကျနော်တို့ အနည်းငယ်ငြိမ်သက် သွားခဲ့ပြီး ကျနော်တို့ လုပ်ဆောင်နေတဲ့အရာကို ပြန်လည်အာရုံစိုက်ဖို့ လိုအပ်ခဲ့ပါတယ်။ဒါကို တစ်ကြိမ်တစ်ခါ တော့ ကြုံဖူးခဲ့ပေမယ့် နောက်တစ်ကြိမ်တော့ မကြုံချင်တော့ဘူး”လို့ ပြောခဲ့တာဖြစ်ပါတယ်။

လီဝန်ဒေါစကီးဦးဆောင်တဲ့ ပိုလန်အသင်းဟာ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အာဂျင်တီးနား၊ မက္ကဆီကို၊ ဆော်ဒီတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပြီး မက္ကဆီကိုနဲ့ နိုဝင်ဘာလ ၂၂ ရက်မှာ ယှဉ်ပြိုင်ရမှာပါ။

လီဝန်ဒေါစကီးက “ပြိုင်ဘက်တွေက ကျနော့်ကို ပိုပြီးအာရုံစိုက်ဖို့ အဆင်သင့်ပါပဲ။အခြားကစားသမားတွေက ကျနော့်အနားကို ကပ်တဲ့အချိန်မှာ ကျနော်တို့အသင်းအတွက် နေရာလွတ်တွေရသွားပါလိမ့်မယ်။ဒါကို ဒီပြိုင်ပွဲမှာ အသုံးချနိုင်ဖို့ လိုအပ်ပါတယ်။ဘယ်သူပဲ ဂိုးသွင်းသွင်းအရေးမကြီးပါဘူး။အသင်းနိုင်ပွဲရဖို့ကသာ အရေးကြီးတယ်” လို့ ပြောခဲ့ပါတယ်။

Source:Besoccer

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရော်နယ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီအသင်း ကမ္ဘာ့ဖလားယှဉ်ပြိုင်ဖို့ ကာတာရောက်ရှိ

By CNI
CNI
Category: အားကစား
Hits: 2240

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၉

ရော်နယ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းကတော့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်ဖို့အတွက် အိမ်ရှင် ကာတာနိုင်ငံကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၅ ကြိမ်မြောက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ပါ။ရော်နယ်ဒိုဟာ ကာတာကို မလာခင်မှာပဲ ပေါ်တူဂီအသင်း ကစားခဲ့တဲ့ နိုင်ဂျီးရီးယားအသင်းနဲ့ ခြေစမ်းပွဲမှာ အစာအိမ်ပြဿနာကြောင့် မပါဝင်နိုင်ခဲ့ဘဲ အဲဒီပွဲမှာ ပေါ်တူဂီအသင်းဟာ ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့် ရော်နယ်ဒိုဟာ ကာတာကို ရောက်ရှိချိန်မှာ လန်းလန်းဆန်းဆန်းရှိနေခဲ့ပါတယ်။

ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ ပီယာစ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူးကြောင့် ဝေဖန်မှုတွေ ခံနေရတာဖြစ်ပါတယ်။ယူနိုက်တက်အသင်းကလည်း ရော်နယ်ဒိုကို အရေးယူဖို့ လုပ်ဆောင်နေပြီး စာချုပ် ဖောက်ဖျက်မှုကြောင့် စာချုပ်ဖျက်သိမ်းဖို့ စီစဉ်နေတာပါ။ရော်နယ်ဒိုဟာ စာချုပ်ဖျက်သိမ်းခံရမယ်ဆိုရင် ပေါင် ၁၆ သန်းခန့် ဆုံးရှုံးနစ်နာမှာဖြစ်တယ်လို့ သိရပါတယ်။ဒါပေမယ့် ကစားသမားကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်သာ အာရုံစိုက်နေတဲ့ပုံစံကိုပြသခဲ့တာပါ။

ဒီကမ္ဘာ့ဖလားဟာ အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုအတွက် နောက်ဆုံးကမ္ဘာ့ဖလားဖြစ်နိုင်တာကြောင့် ဒီပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ယူနိုက်တက်တိုက်စစ်မှူးဟာ ကမ္ဘာ့ဖလားသာ ရယူနိုင်ခဲ့မယ်ဆိုရင် လက်ရွေးစင်ကစားသမားဘဝက အနားယူမယ်လို့ အင်တာဗျူးမှာ ပြောထားတာပါ။ ရော်နယ်ဒိုအနေနဲ့ ဒီပြိုင်ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့မယ်ဆိုရင်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ကြိမ်ဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။

ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရုဂွေး၊ တောင်ကိုရီးယား၊ ဂါနာတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၄ ရက်မှာ ဂါနာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:DailyMail

 

 

 

 

Share
Tweet
Share
Share
powered by social2s

မက်ဆီက ဘောလုံးအတွက် အရာရာလုပ် ပြနိုင် တဲ့သူလို့ ရော်နယ်ဒို ချီးကျူး

By CNI
CNI
Category: Watch TV
Hits: 647

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မာနေးမပါဝင်နိုင်ဘူးလို့ ဆီနီဂေါအသင်းအတည်ပြု

By CNI
CNI
Category: Watch TV
Hits: 642

Share
Tweet
Share
Share
powered by social2s
ပိုလန်အသင်းသားတွေကို စစ်ဂျက်လေယာဉ် ၂ စီးဖြင့် ကာတာကမ္ဘာ့ဖလားကို လိုက်ပါပို့ဆောင်နေခြင်း (New York Post)

စစ်ဂျက်လေယာဉ်တွေနဲ့ ကာတာနိုင်ငံကို ပိုလန်လက်ရွေးစင်အသင်း သွားရောက်ခဲ့

By CNI
CNI
Category: အားကစား
Hits: 1388

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာာ၁၈

ရုရှားနဲ့ တင်းမာမှုတွေ မြင့်တက်နေတာကြောင့် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကာတာနိုင်ငံကို သွားရောက်ခဲ့တဲ့ ပိုလန်လက်ရွေးစင်အသင်းကို စစ်ဂျက်လေယာဉ်တွေက စောင့်ကြပ်ကြည့်ရှုပေးခဲ့တယ်လို့ သိရပါတယ်။

ပိုလန်နိုင်ငံသား ၂ ဦး ဒုံးကျည်နဲ့ ပစ်ခတ်မှုကြောင့် သေဆုံးပြီး ရက်ပိုင်းအကြာမှာ အခုလို လုပ်ဆောင်လာခဲ့ တာပါ။

The New York Post က ပိုလန်လက်ရွေးစင်အသင်းရဲ့ တရားဝင်အကောင့်မှာ F-16 လေယာဉ် ၂ စင်းဟာ အသင်း ရဲ့ လေယာဉ်နဲ့အတူ ပျံသန်းနေတဲ့ ဗွီဒီယိုဖိုင်ကို တင်ထားတယ်လို့ ဖော်ပြထားပါတယ်။

ပြည်တွင်း သတင်းရင်းမြစ်တွေက လေယာဉ်မှူးတွေဟာ နိုင်ငံရဲ့ လေပိုင်နက်ထဲက ထွက်ခွာတဲ့ အချိန်အထိ လက်ရွေးစင် အသင်းနဲ့အတူ လိုက်ပါသွားတယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ပိုလန်အသင်းသားတွေနဲ့ စစ်ဘက်ဆိုင်ရာ ၀န်ထမ်းများကိုတွေ့ရစဉ် (GETTY IMAGES)

ကစားသမားတွေနဲ့ အဖွဲ့ဝင်တွေဟာ ကာာတာနိုင်ငံကို အန္တရာယ်ကင်းကင်းနဲ့ ရောက်ရှိခဲ့တယ်လို့ ပိုလန် လက်ရွေးစင်အသင်းက အတည်ပြုခဲ့ပါတယ်။

အွန်လိုင်းက ပရိသတ်တွေကတော့ တိုက်စစ်မှူး လီဝန်ဒေါစကီး ဘေးကင်းစေဖို့အတွက် ဒီလိုမျိုး လုပ်ဆောင်တာ ဆိုပြီး နောက်ပြောင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ပိုလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနား၊ ဆော်ဒီ၊ မက္ကဆီကိုတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေ ပါတယ်။ ပိုလန်အသင်းဟာ အုပ်စုအဖွင့် ပွဲစဉ်အဖြစ် မက္ကဆီကိုအသင်းနဲ့ နိုဝင်ဘာလ ၂၂ ရက်မှာ စတင်ယှဉ်ပြိုင် ရမှာပါ။

ပိုလန်အသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် လူစာရင်းမှာ လီဝန်ဒေါစကီး အပြင် ပီယာတက်ခ်၊ ဆက်ဇနီ၊ မီလစ်ခ်၊ ခရိုင်ချိုဝီယာခ့်တို့လည်း ပါဝင်နေတာ ဖြစ်ပါတယ်။

ပိုလန်အသင်းဟာ အခုတစ်ကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၉ ကြိမ်မြောက်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး ၁၉၇၄ နဲ့ ၁၉၈၂ ပြိုင်ပွဲမှာ တတိယရခဲ့တာက သူတို့အတွက် အမြင့်ဆုံး အောင်မြင်မှုလည်း ဖြစ်ခဲ့ပါတယ်။

Source: Sportbible

 

 

 

Share
Tweet
Share
Share
powered by social2s
  • 23
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31
  • 32

Page 28 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar