CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ့ဘာမပါဝင်နိုင်ဘူးလို့ အေးဂျင့်အတည်ပြု

By CNI
CNI
Category: Watch TV
Hits: 645

Share
Tweet
Share
Share
powered by social2s
ဂျပန်အသင်း နည်းပြနဲ့ ကစားသမားကိုတွေ့ရစဉ် (The Guardian)

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ရောက်ဖို့ ဂျပန်အသင်း ပစ်မှတ်ထား

By CNI
CNI
Category: အားကစား
Hits: 1076

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁

ဂျပန်အသင်းနည်းပြ မိုရီယာဆုက ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အထိ ရောက်ရှိဖို့ ပစ်မှတ်ထား တယ်လို့ ကစားသမား ၂၆ ဦး စာရင်း ထုတ်ပြန်တာမှာ ပြောလိုက်ပါတယ်။

မိုရီယာဆုက “ကျနော်တို့ရဲ့ ရည်မှန်းချက်က အနိမ့်ဆုံး ကွာတားဖိုင်နယ် ရောက်ရှိဖို့ပါ။ လွယ်ကူမှာတော့ မဟုတ် ဘူး”လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲကို ၇ ကြိမ်မြောက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဂျပန်အသင်းဟာ ဂျာမနီ၊ စပိန်၊ ကော်စတာရီကာတို့နဲ့ အုပ်စု E မှာ ကျရောက်နေတာ ဖြစ်ပါတယ်။

ဂျပန်အသင်း လူစာရင်းမှာ ဆဲလ်တစ် တိုက်စစ်မှူး ဖူရူဟာရှီနဲ့ ဗစ်ဆယ်လ်ကိုဘေး တိုက်စစ်မှူး အိုဆာကိုတို့ ချန်လှပ်ခံခဲ့ရတာပါ။

ဂျပန်အသင်းကိုတွေ့ရစဉ် (Reuters)

ဖူရူဟာရှီဟာ စကော့တလန်ကလပ်မှာ အထင်ကြီးစရာ ကောင်းလောက်တဲ့ ခြေစွမ်းပြသနေပြီး အိုဆာကိုကတော့ နည်းပြ မိုရီယာဆု လက်ထက်မှာ ပုံမှန်ပွဲထွက်ခွင့် ရခဲ့ပေမယ့် ဂျေလိဂ်ကို ပြန်ရောက်အပြီးမှာ ကြံ့ခိုင်မှုပိုင်း ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခဲ့တဲ့ ယူနီယံ ဘာလင် ကွင်းလယ်လူ ဟာရာဂူချီဟာလည်း ဂျပန်အသင်း လူစာရင်းမှာ ရွေးချယ်ခြင်း မခံခဲ့ရတာပါ။

မိုရီယာဆုက “ဖြစ်နိုင်ရင်တော့ သူတို့ကို ခေါ်ယူပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အတူတူ တိုက်ပွဲဝင်ချင်ပါတယ်။ သူတို့မှာ အဲ့ဒီလိုလုပ်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။ အတွေ့အကြုံရှိတဲ့ ကစားသမားတွေကို ရွေးချယ်တာက ရွေးချယ်စရာ တစ်ခု အဖြစ် ရှိပေမယ့် ဒီလိုတွေမရှိလည်း ကမ္ဘာ့ဖလားမှာ အောင်မြင်မှုရဖို့ ဆာလောင်နေပြီး ရည်မှန်းချက်ရှိတဲ့ ကစား သမားတွေကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့တယ်”လို့ ကစားသမားရွေးချယ်မှုနဲ့ ပတ်သက်ပြီး ပြောခဲ့တာပါ။

ဂျပန်အသင်းကို အသင်းခေါင်းဆောင်အဖြစ် ဝါရင့်နောက်ခံလူ ယိုရှီဒါက ဦးဆောင်မှာဖြစ်ပြီး အာဆင်နယ် နောက်ခံလူ တိုမီယာဆုနဲ့ ဆိုစီဒက်အသင်းက ကူဘိုတို့လည်း အသင်းလူစာရင်းမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဂျပန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၃ ရက်မှာ ဂျာမနီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘော့စနီးယားအသင်းသားများနဲ့ ရုရှားအသင်းကိုတွေ့ရစဉ် (GETTY IMAGES)

ရုရှားနဲ့ ခြေစမ်းပွဲကစားမှာ မဟုတ်တော့တဲ့ ဘော့စနီးယား

By CNI
CNI
Category: အားကစား
Hits: 1065


CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁

ဘော့စနီးယား အသင်းဟာ နိုဝင်ဘာလထဲမှာ ရုရှားနဲ့ ကစားဖို့ စီစဉ်ထားတဲ့ ခြေစမ်းပွဲကို မကစားတော့ဘူးလို့ အတည်ပြု ပြောကြားလိုက်ပါတယ်။

ဘော့စနီးယား အသင်းဟာ ရုရှားနိုင်ငံကို သွားရောက်ပြီး နိုဝင်ဘာလ ၁၉ ရက် ဂတ်ဇ်ပွန်အရီနာမှာ ခြေစမ်းပွဲ ကစားမယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ နှစ်နိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့တာပါ။

ဒါပေမယ့် ဘော့စနီးယား ဘောလုံးအဖွဲ့ချုပ်ဟာ အသင်းရဲ့ အဓိကကြယ်ပွင့်တွေဖြစ်တဲ့ ဂျက်ကို၊ ယာနစ်တို့အပြင် ဘုတ်အဖွဲ့ဝင်တို့ရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပြီး ဒီပွဲကို ဖျက်သိမ်းဖို့ ဖိအားပေးမှုတွေ ခံခဲ့ရတာ ဖြစ်ပါတယ်။ ယူကရိန်း ဘောလုံးအဖွဲ့ချုပ်ကလည်း ဒီပွဲကို ဖျက်သိမ်းဖို့ ဖီဖာနဲ့ ယူအီးအက်ဖ်အေထံ တောင်းဆိုသွားမယ်လို့ ပြောခဲ့တာပါ။

အဲ့ဒါကြောင့် ဘော့စနီးယားဘောလုံးအဖွဲ့ချုပ် အမှုဆောင် အစည်းအဝေးမှာ ဒီခြေစမ်းပွဲနဲ့ ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြပြီး စီစဉ်ထားတဲ့အတိုင်း ကစားနိုင်မှာ မဟုတ်ပေမယ့် နောက်ပိုင်းမှာ ကစားနိုင်တယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းပဋိပက္ခကြောင့် ရုရှားလက်ရွေးစင်နဲ့ ကလပ်အသင်းတွေကို ဖီဖာနဲ့ ယူအီးအက်ဖ်အေက ကျင်းပတဲ့ ပြိုင်ပွဲ တွေမှာ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားပေမယ့် ခြေစမ်းပွဲကိုတော့ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့် ရှိတာပါ။

ဘော့စနီးယားအသင်းကိုတွေ့ရစဉ် (အာတီ)

ကာပင်ကိုင်တွယ်နေတဲ့ ရုရှားအသင်းဟာ နိုဝင်ဘာလ ၁၇ ရက်မှာ တာဂျစ်ကစ္စတန်အသင်းနဲ့ ခြေစမ်းပွဲ ကစား မယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့ပါတယ်။

ရုရှားဟာ ဒီလထဲမှာပဲ အီရန်အသင်းနဲ့ ခြေစမ်းပွဲ ကစားဖို့ရှိတယ်လို့ ပြီးခဲ့တဲ့ လပိုင်းတွေက သတင်းတွေ ထွက်ခဲ့ပေ မယ့် ကျင်းပမယ့် နေရာနဲ့ ကစားမယ့် နေ့ရက်ကို အတည်မပြုရသေးတာကြောင့် ပွဲကျင်းပဖို့ မသေချာတော့တာပါ။

အီရန်အသင်းဟာ အင်္ဂလန်အသင်းနဲ့ ကစားမယ့် ကမ္ဘာ့ဖလား အဖွင့်ပွဲမတိုင်ခင် နီကာရာဂွာနဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ရုရှားအသင်းဟာ တာဂျစ်ကစ္စတန်နဲ့ ခြေစမ်းပွဲပြီးရင် ဥဇဘတ်ကစ္စတန်နဲ့ပါ ခြေစမ်းပွဲ ကစားမယ်လို့ ရုရှားမီဒီယာ တွေက ဖော်ပြထားပါတယ်။

ရုရှားအသင်းဟာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ နောက်ပိုင်း ပထမဆုံးပွဲစဉ်အဖြစ် စက်တင်ဘာ ၂၄ ရက်က ကာဂျစ္စတန် အသင်းနဲ့ ခြေစမ်းပွဲကစားထားပြီး ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိထားတာ ဖြစ်ပါတယ်။

ရုရှားအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပလေးအော့ဖ် ပွဲစဉ်မှာ ကစားခွင့် မရခဲ့သလို လာမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲမှာလည်း ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရတာ ဖြစ်ပါတယ်။

Source: အာတီရ်သတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ့ဘာမပါဝင်နိုင်ဘူးလို့ အေးဂျင့်အတည်ပြု

By CNI
CNI
Category: အားကစား
Hits: 1143

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁

ပေါ့ဘာဟာ လေ့ကျင့်ရေးကွင်းမှာ နောက်ထပ်ဒဏ်ရာရရှိသွားတဲ့အတွက် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ မပါဝင်နိုင်တော့ဘူးလို့ အေးဂျင့်ဖြစ်သူက အတည်ပြုလိုက်ပါတယ်။

ပီမန်တာက “ပေါလ်ဟာ အမြန်ဆုံးပြန်လာချင်ပေမယ့် စိတ်ရှည်သည်းခံရဦးမှာပါ။ဒီလိုခက်ခဲတဲ့အချိန်မှာ သူပိုပြီး ကြိုးစားရမှာပါ။ပရိသတ်တွေနဲ့ အသင်းအတွက် အမြန်ဆုံးပြန်လာပြီး ကွင်းထဲမှာ သူအကောင်းဆုံး ပေးဆပ် သွားမှာပါ။အခုတော့ သူဟာ ခွဲစိတ်မှုကနေ ပြန်ကောင်းလာဖို့ အချိန်လိုအပ်ပါသေးတယ်။ဒါကြောင့် ပေါလ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အတွက် ပါဝင်နိုင်မှာမဟုတ်ဘူး” လို့ ပြင်သစ်အခြေစိုက် Telefoot နဲ့ စကားပြော ခဲ့တာကို Get French Football News က ကိုးကားပြီးဖော်ပြထားတာပါ။

ပေါ့ဘာဟာ ဒူးဒဏ်ရာကနေ ပြန်ကောင်းလာပြီးနောက် အသင်းနဲ့ လေ့ကျင့်မှုတွေပြုလုပ်ရင်း နောက်ထပ် ပေါင်ဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်ကနေ အလွတ်နဲ့ရောက်ရှိလာခဲ့တဲ့ ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းအတွက် ဒီရာသီမှာ တစ်ပွဲမှပါဝင်ကစားရခြင်းမရှိသေးပါဘူး။ပြင်သစ်ကစားသမားဟာ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်မှာ ဒူးဒဏ်ရာရရှိခဲ့တာကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရတာပါ။

ဒီခွဲစိတ်မှုကနေ ပြန်ကောင်းလာခဲ့တာကြောင့် ကာတာကမ္ဘာ့ဖလားမှာ ပြင်သစ်အတွက် ပါဝင်ကစားနိုင်ဖို့ သူ့ မျှော်လင့်ချက်တွေ ရှင်သန်လာခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ပေါင်ဒဏ်ရာကြောင့် နောက်ထပ် ၃ ပတ်ကြာ အနားယူဖို့ရှိတာကြောင့် ပေါ့ဘာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မပါဝင်နိုင်ဖို့ သေချာသွားခဲ့တာပါ။ လက်ရှိအခြေအနေတွေကြောင့် ယူနိုက်တက်ကစားသမားဟောင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးမှသာ ဂျူဗင်တပ်စ်အသင်းအတွက် ပါဝင် ကစားနိုင်မှာ ဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်အသင်းဟာ ပေါ့ဘာမတိုင်ခင် ကန်တီကိုလည်း ဒဏ်ရာကြောင့် ဆုံးရှုံးထားပြီးဖြစ်လို့ ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့တာပါ။အဆိုပါကစားသမား နှစ်ဦးစလုံးဟာ ပြင်သစ်အသင်း ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဓိက ခြေစွမ်းပြသခဲ့တဲ့သူတွေဖြစ်ပါတယ်။အဲဒါကြောင့် လက်ရှိချန်ပီယံ ပြင်သစ်အသင်းဟာ အဓိကကစားသမား နှစ်ဦးမပါဘဲ ကာတာကို သွားရောက်ရတော့မှာပါ။

ဒိန်းမတ်၊ သြစတြေးလျ၊ တူနီရှားတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတဲ့ ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၂ ရက်မှာ သြစတြေးလျအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆာကာပါဝင်နိုင်ဖို့ အာဆင်နယ်နည်းပြ အာတီတာ မျှော်လင့်

By CNI
CNI
Category: Watch TV
Hits: 709

Share
Tweet
Share
Share
powered by social2s

အနည်းငယ်ပင်ပန်းတယ်လို့ ခံစားရကြောင်း ဝက်စ်ဟမ်းနဲ့ ပွဲအပြီး ဒီဂီယာပြော

By CNI
CNI
Category: Watch TV
Hits: 666

Share
Tweet
Share
Share
powered by social2s
ဝက်စ်ဟမ်းအသင်းက ဂိုးသွင်းမှုကို ကာကွယ်နေတဲ့ ဒီဂီယာ (Reuters)

အနည်းငယ်ပင်ပန်းတယ်လို့ ခံစားရကြောင်း ဝက်စ်ဟမ်းနဲ့ ပွဲအပြီး ဒီဂီယာပြော

By CNI
CNI
Category: အားကစား
Hits: 1926

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃၁

ဝက်စ်ဟမ်းအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ယူနိုက်တက်အတွက် လက်စွမ်းပြသခဲ့တဲ့ ဒီဂီယာက အနည်းငယ် ပင်ပန်းတယ်လို့ ခံစားရကြောင်း ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဒီဂီယာက “ ကျနော် အနည်းငယ် ပင်ပန်းတယ်လို့ ခံစားနေရပါတယ်။ လူတွေကတော့ ဂိုးသမားတွေ မပင်ပန်းဘူး လို့ ထင်နေကြပေမယ့် အဆုံးသတ်မှာ ကျနော်တို့လည်း ပင်ပန်းမှုဒဏ်ကို ခံရတာပါပဲ။ ကျနော်တို့ ပွဲကို ကောင်းမွန် စွာ ထိန်းချုပ်နိုင်ခဲ့ပေမယ့် အဆုံးသတ်မှာ ခက်ခဲခဲ့ပါတယ်။ ဒါဟာ ကြီးမားတဲ့ နိုင်ပွဲပါ။ ထိပ်ဆုံးနေရာကို သွားချင် ရင်တော့ ဒီလိုပွဲမျိုးမှာ အနိုင်ရအောင် လုပ်ဆောင်ရမှာပါ။ ဂိုးမပေးရအောင် ကာကွယ်ပြီး အကူအညီတွေ ပေးချင် လို့ ဒီမှာ ရှိနေတာပါ”လို့ Sky Sports ကို ပြောခဲ့တာပါ။

ဒီဂီယာဟာ ဒီပွဲမှာ ယူနိုက်တက်အသင်း ၃ မှတ် ရရှိအောင် ဟီးရိုးသဖွယ် ဂိုးကာကွယ်မှု အများအပြားကို ကာကွယ် သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်း နောက်ခံလူ ဇူးမားရဲ့ ခေါင်းတိုက်ချက်နဲ့ ပွဲမပြီးဆုံးခင် ဒီကလန်ရိုက်စ်ရဲ့ ကောင်းမွန်တဲ့ ကန်သွင်းချက်တွေကို ဒီဂီယာက လက်စွမ်းပြပြီး ပုတ်ထုတ် ကာကွယ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒေးဗစ်မိုယက်စ်က ဒီဂီယာကို အသိအမှတ်ပြု နှုတ်ဆက်နေစဉ် (United In Focus)

ပွဲသိမ်းခရာမှုတ် အပြီးမှာ ယူနိုက်တက် အသင်းဖော်တွေဟာ ဒီဂီယာကို ဝိုင်းဝန်း ဂုဏ်ပြုခဲ့ကြတာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ် ကတောင် ပွဲအပြီးမှာ ဒီဂီယာကို ချီးကျူးသွားခဲ့တာပါ။

ဒေးဗစ်မိုယက်စ်က “ဒီဂီယာက အလွန်ကောင်းမွန်ပါတယ်။ သူဟာ ဘယ်လောက်တောင် ကောင်းတဲ့ ဂိုးသမားလဲ ဆိုတာ ကျနော်တို့ သိပါတယ်။ သူဟာ ဒီမှာ နှစ်အတော်ကြာအောင် ဂိုးသမားကောင်း တစ်ဦးအဖြစ် ရှိနေခဲ့တာပါ။ ဒီပွဲမှာ သူဟာ အပိုင်အခွင့်အရေး ၂ ကြိမ် ကာကွယ်နိုင်ခဲ့တာ အားလုံးလည်း သိကြပါတယ်။ သူဟာ အလွန်တော်တဲ့ သူဖြစ်လို့ ချီးကျူးချင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဒီဂီယာဟာ အခုနောက်ပိုင်း ပွဲတွေမှာ ယူနိုက်တက်အတွက် လက်စွမ်းပြ နေပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် စပိန်အသင်းရဲ့ ပဏာမကစားသမား ၅၅ ဦးထဲမှာ ချန်လှပ်ခံခဲ့ရတာပါ။

အဲ့ဒါကြောင့် ဒီဂီယာဟာ ဝက်စ်ဟမ်းနဲ့ ပွဲမှာ အကောင်းဆုံး လက်စွမ်းပြပြီး ပြီးပြည့်စုံတဲ့ တုံ့ပြန်မှု ပြုလုပ်နိုင်ခဲ့တယ် လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ယူနိုက်တက်အသင်းဟာ ဝက်စ်ဟမ်းအသင်းကို အနိုင်ရခဲ့တာကြောင့် အဆင့် ၄ နေရာက နယူးကာဆယ်အသင်းနဲ့ ၁ မှတ်အကွာ အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ကြားရက်မှာ ယူရိုပါလိဂ်ပွဲအဖြစ် ဆိုစီဒက်အသင်းနဲ့ ယှဉ်ပြိုင်ရ မှာ ဖြစ်ပါတယ်။

Source: Goal/Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s

CNI ရဲ့ ဘောလုံးပွဲ သုံးသပ်ချက် အစီအစဉ်

By CNI
CNI
Category: Watch TV
Hits: 859

Share
Tweet
Share
Share
powered by social2s

နေမာအပေါ် စွဲချက်တင်ထားတာကို စပိန်အစိုးရရှေ့နေတွေ ရုပ်သိမ်း

By CNI
CNI
Category: Watch TV
Hits: 684

Share
Tweet
Share
Share
powered by social2s

ယူနိုက်တက်ပြန်လာပြီလို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာပြော

By CNI
CNI
Category: Watch TV
Hits: 692

Share
Tweet
Share
Share
powered by social2s
တူနီးရှားအသင်းကိုတွေ့ရစဉ် (Middle East Eye)

အစိုးရ ဝင်စွက်ဖက်မှုကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကနေ တူနီးရှားထုတ်ပယ်ခံရနိုင်

By CNI
CNI
Category: အားကစား
Hits: 1427


CNI International News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၉

တူနီးရှားအစိုးရအနေနဲ့ ဘောလုံးနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေမှာ ဝင်ရောက် စွက်ဖက်နေမယ်ဆိုရင် ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တူနီးရှားအသင်းကို ထုတ်ပယ်နိုင်တယ်လို့ ဖီဖာက သတိပေးလိုက်ပါတယ်။

ဖီဖာရဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ ဥပဒေနဲ့ နိုင်ငံရေး ဝင်ရောက် စွက်ဖက်တာကနေ ကင်းဝေးရမယ်ဆိုတဲ့ အချက် ပါ ရှိတာပါ။ ဒါပေမယ့် တူနီးရှားလူငယ်နဲ့ အားကစားဝန်ကြီး ကာမယ်လ်က ဘောလုံးအဖွဲ့ချုပ်ကို ဖျက်သိမ်းနိုင်တယ် ဆိုပြီး ပြောခဲ့တဲ့ မှတ်ချက်ကြောင့် ဖီဖာက စိုးရိမ်မှုတွေရှိလာပြီး အခုလို သတိပေးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ သူတို့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ ပျက်ကွယ်တယ်ဆိုရင် လက်ရှိ အသင်းအဖွဲ့ တွေကို ဆိုင်းငံ့တာ အပါအဝင် ပြစ်ဒဏ်တွေလည်း ချမှတ်ခံရနိုင်တယ်လို့ ဖီဖာက ပြောထားတာပါ။

တူနီရှားအနေနဲ့ ဖီဖာရဲ့ သတိပေးမှုကို သောကြာနေ့ နောက်ဆုံးထားပြီး တုံ့ပြန်ရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင် ပွဲမှာ လက်ရှိ ချန်ပီယံ ပြင်သစ်၊ ဒိန်းမတ်၊ သြစတြေးလျတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတဲ့ တူနီးရှားအသင်း ဟာ နိုဝင်ဘာလ ၂၂ ရက်မှာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဒိန်းမတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

တူနီးရှားကစားသမား ပြိုင်ဘက်နဲ့ ဘောလုံး ယှဉ်လုနေစဉ် (Africa Top Sports)

ဖီဖာဟာ မကြာသေးခင်ကလည်း အစိုးရ ဝင်ရောက်စွက်ဖက်မှုတွေကြောင့် ဇင်ဘာဘွေနဲ့ ကင်ညာတို့ကို ဆိုင်းငံ့တဲ့ ပြစ်ဒဏ်တွေ ချမှတ်ထားတာ ဖြစ်ပါတယ်။

တတိယအဖွဲ့အစည်း လွှမ်းမိုးမှု ကြီးထွားလာတာကြောင့် အိန္ဒိယဘောလုံးအဖွဲ့ချုပ်ကိုလည်း သြဂုတ်လက ပိတ်ပင် ခဲ့ပြီး နောက်ပိုင်းမှာ ပိတ်ပင်မှုကို ပြန်လည် ရုပ်သိမ်းပေးခဲ့တာပါ။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာလ ၂၀ ရက်မှာ အိမ်ရှင်ကာတာနဲ့ အီကွေဒေါတို့ ပွဲစဉ်နဲ့ စတင်မှာ ဖြစ်ပါတယ်။ တူနီးရှားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၆ ကြိမ် ယှဉ်ပြိုင်ခဲ့ပေမယ့် ၁ ကြိမ်မှ အုပ်စုကနေ ကျော်လွန်ခြင်း မရှိခဲ့ တာပါ။

နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံတို့ကို အရေးနိမ့်ခဲ့ပြီး ပနားမား အသင်းကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

Source: The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s

ယူနိုက်တက်ပြန်လာပြီလို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာပြော

By CNI
CNI
Category: အားကစား
Hits: 1795

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၉

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ယူနိုက်တက်ပြန်လာပြီလို့ပြောပြီး မြို့ခံပြိုင်ဘက်ရဲ့ တိုးတက်မှုတွေကို မီးမောင်းထိုးပြခဲ့တာဖြစ်ပါတယ်။

ဂွာဒီယိုလာက “ယူနိုက်တက်ပြန်လာနေပြီလို့ ကျနော်ခံစားနေရပါတယ်။နောက်ဆုံးမှာ ယူနိုက်တက်ပြန်လာပါပြီ။ မနေ့က ကစားခဲ့တဲ့ ရှရစ်ဖ်နဲ့ ယူရိုပါလိဂ်၊ ချယ်လ်ဆီးအသင်းနဲ့ ပထမပိုင်းပွဲစဉ်တွေမှာ ဒါကို ကျနော်မြင်တွေ့ခဲ့ ရတာပါ။ယူနိုက်တက်ကို အခုလိုမြင်တွေ့ရတာက ကျနော်သဘောကျပါတယ်။ဒီလိုပဲ အသင်းတွေလည်း အများကြီးရှိတယ်”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဒီရာသီနည်းပြ အဲရစ်တန်ဟတ်လက်ထက်မှာ ရာသီအစ ပွဲစဉ် ၂ ပွဲအရေးနိမ့်ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ အကောင်းဆုံးပုံစံပြန်လည်ရရှိနေတာဖြစ်ပါတယ်။ယူနိုက်တက်အသင်းဟာ မန်စီးတီး အသင်းကို ၆ ဂိုး- ၃ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်ပြီးကတည်းက နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၇ ပွဲစလုံး ရှုံးပွဲမရှိ အကောင်းဆုံးဖြတ်သန်းနေတာပါ။ဒီ ၇ ပွဲမှာ နိုင်ပွဲ ၅ ပွဲနဲ သရေပွဲ ၂ ပွဲရှိခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဆာအဲလက်စ်ဖာဂူဆန်နောက်ဆုံးရယူပေးခဲ့တဲ့ ၂၀၁၃ နောက်ပိုင်း ပရီးမီးယားလိဂ်ဖလား နဲ့ ဝေးကွာနေခဲ့သလို ဆုဖလားနောက်ဆုံးရယူခဲ့တာက မော်ရင်ဟိုကိုင်တွယ်ခဲ့တဲ့ ၂၀၁၇ က ဖြစ်တာပါ။ အဲဒီ နောက်ပိုင်း ယူနိုက်တက်အသင်းဟာ ဆုဖလားအောင်မြင်မှုတွေနဲ့ ဝေးကွာနေတာ ဖြစ်ပါတယ်။ ယူနိုက်တက် အသင်းဟာ လက်ရှိပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး အဆင့် ၁ နေရာ က အာဆင်နယ်နဲ့ ၈ မှတ်ကွာဟနေတာပါ။

မန်စီးတီးနည်းပြ ဂွာဒီယိုလာက အသင်းပိုင်ရှင်ပြောင်းလဲပြီးနောက် ရလဒ်ပိုင်းတိုးတက်လာတဲ့ နယူးကာဆယ် အသင်းအကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်။ဂွာဒီယိုလာက “နယူးကာဆယ်က အခုဆုဖလား ယှဉ်ပြိုင်မယ့် နေရာကို ရောက်ရှိနေပါပြီ။စပါးနဲ့ပွဲမှာ သူတို့ကို ကြည့်လိုက်ရပါတယ်။သူတို့ရဲ့ ဗဟိုခံစစ်ကစားသမားတွေက ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်ကို အကောင်းဆုံးလုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။သူတို့မှာ ကစားသမားသစ်တွေရှိပြီး ရဲရဲရင့်ရင့်နဲ့ ယှဉ်ပြိုင်နိုင်သလို ချန်ပီယံဆုအတွက်ရှိမယ့် ပြိုင်ဘက်တွေပါ” လို့ ပြောခဲ့တာပါ။

နယူးကာဆယ်အသင်းဟာ ပြီးခဲ့တဲ့ စပါးအသင်းနဲ့ပွဲမှာ အနိုင်ကစားထားပြီး အမှတ်ပေးဇယား အဆင့် ၄ နေရာ အထိ တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

Source:Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s

မီလန်မြို့ရှိ စူပါမားကတ်မှာ အာဆင်နယ်နောက်ခံလူ ပါဘလိုမာရီ ဓါးနဲ့ အထိုးခံရ

By CNI
CNI
Category: Watch TV
Hits: 694

Share
Tweet
Share
Share
powered by social2s

အရှုံးမပေးတဲ့ ရော်နယ်ဒိုက နောက်ဆုံးမှာ ဆုလာဘ်ရရှိသွားတယ်

By CNI
CNI
Category: Watch TV
Hits: 663

Share
Tweet
Share
Share
powered by social2s
မင်းသားဝီလျံကိုတွေ့ရစဉ် (GETTY IMAGES)

အင်္ဂလန်ပွဲကြည့်ဖို့ ကာတာနိုင်ငံကို မင်းသားဝီလျံ သွားဖို့မရှိ

By CNI
CNI
Category: အားကစား
Hits: 1521

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၈

ကာတာနိုင်ငံရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ မြင့်မားလာချိန်မှာ မင်းသားဝီလျံဟာ အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလားပွဲတွေကြည့်ဖို့ အဆိုပါနိုင်ငံကို သွားရောက်မှာ မဟုတ်ဘူးလို့ မနေ့ညက သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အက်ဖ်အေဥက္ကဋ္ဌအဖြစ် မင်းသားဝီလျံဟာ နိုဝင်ဘာလ ၂၁ ရက် အီရန်နဲ့ ကစားမယ့် အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလား ပွဲစဉ်ကို တက်ရောက်ကြည့်ရှုဖို့ မျှော်လင့်ထား ကြပါတယ်။

ဒါပေမယ့် အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့မယ်ဆိုရင်တောင် မင်းသား ဝီလျံက သွားရောက်ကြည့်ရှုဖို့ မဖြစ်နိုင်တော့ဘူးလို့ The Sun သတင်းမှာ ဖော်ပြခဲ့ပါတယ်။

မင်းသားဟာ အလုပ်များတဲ့ အခြေအနေကြောင့် ဒီပြိုင်ပွဲကို မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

ကာတာနိုင်ငံဟာ အားကစားကွင်းရှိ အလုပ်သမားတွေရဲ့ အခြေအနေတွေ၊ နိုင်ငံရဲ့ လိင်တူဆက်ဆံမှုတွေ အပေါ် ရာဇဝတ်မှု ကျူးလွန်တာတွေနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ကို ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ပြင်ဆင်မှုကိုတွေ့ရစဉ် (The New York Times)

ကာတာနိုင်ငံမှာ လိင်တူဆက်ဆံမှုဟာ တရားမဝင်ဘူးလို့ သိရပါတယ်။ မင်းသားဝီလျံဟာ LGBTQ+ အခွင့်အရေးတွေအတွက် ခိုင်မာတဲ့ ထောက်ခံသူအဖြစ် ကာလကြာရှည် ရပ်တည်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ မင်းသား ဝီလျံဟာ လိင်တူချစ်သူမဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ဖော်ပြခံရတဲ့ ပထမဆုံးတော်ဝင် ဖြစ်လာခဲ့တာပါ။

ဟာရီကိန်း အပါအဝင် အသင်းခေါင်းဆောင် အများအပြားဟာ ပြိုင်ပွဲကာလအတွင်းမှာ LGBTQ+ အခွင့်အရေးတွေ ကို ပံ့ပိုးပေးမယ့် လက်ပတ်တွေကို ဝတ်ဆင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်က ကမ္ဘာ့ဖလားပြိုင်ပွဲဝင် သြစတြေးလျ ကစားသမားတွေဟာ ကာတာနိုင်ငံရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေအပေါ် ဝေဖန်တဲ့ ဗွီဒီယိုဖိုင်ကို ထုတ်လွှင့်ခဲ့တာပါ။ ဒီပြိုင်ပွဲအပေါ် သပိတ်မှောက်ဖို့ တောင်းဆို မှုတွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။

မင်းသားဝီလျံဟာ ပြီးခဲ့တဲ့ နောက်ဆုံးကမ္ဘာ့ဖလား ၂ ကြိမ်ဖြစ်တဲ့ ဘရာဇီးလ်နဲ့ ရုရှားတို့ကိုလည်း သွားရောက်ခဲ့ခြင်း မရှိပါဘူး။ သူနောက်ဆုံး တက်ရောက်ကြည့်ရှုခဲ့တဲ့ ကမ္ဘာ့ဖလားကတော့ ၂၀၁၀ က တောင်အာဖရိကမှာ ကျင်းပခဲ့ တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲပဲ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမေရိကန်၊ အီရန်၊ ဝေးလ်စ်တို့နဲ့ တစ်အုပ်စုတည်း ကျရောက် နေတာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဟာရီကိန်း ယူနိုက်တက်အသင်း နောက်ခံလူကိုကျော်ဖြတ်ရန် ကြိုးပမ်းနေစဉ် (Sport)

စပါးတိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူဖို့ ယူနိုက်တက်ကို ဒါရင်းဘန့်ပြော

By CNI
CNI
Category: အားကစား
Hits: 945

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၈

ဒါရင်းဘန့်က ယူနိုက်တက်အသင်း အနေနဲ့ စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူသင့်ပြီး ဒါဟာ ကလပ်နဲ့ ကစားသမားအတွက် အဓိပ္ပါယ်ရှိတဲ့ အပြောင်းအရွှေ့လို့ ပြောလိုက်ပါတယ်။

ဒါရင်းဘန့်က “ဟာရီကိန်းက ဘယ်ကိုသွားမှာလဲ။ စီးတီးနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေက ကုန်ဆုံးသွားပါပြီ။ ယူနိုက်တက်ဟာ သူ့အတွက် ပြီးပြည့်စုံ ပါလိမ့်မယ်။ သူတို့လည်း ဗဟိုတိုက်စစ်မှူး လိုအပ်နေပါတယ်။ အဲ့ဒါကြောင့် ဒီအပြောင်းအရွှေ့က အဓိပ္ပါယ်ရှိပါတယ်”လို့ talkSPORT ကို ပြောခဲ့တာပါ။

အသက် ၂၉ နှစ်အရွယ်ရှိ ဟာရီကိန်းဟာ စပါးအတွက် ၄၀၃ ပွဲ ပါဝင်ကစားထားပြီး ၂၅၉ ဂိုး သွင်းယူထားတာ ဖြစ်ပါ တယ်။ ဟာရီကိန်းဟာ မန်စီးတီးအသင်းကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့် စပါးအသင်းက ပိတ်ပင်ခဲ့ တာကြောင့် မန်စီးတီးအသင်းက သူ့အစား ဟာလန်းကို ခေါ်ယူသွားခဲ့တာပါ။

ဟာရီကိန်းဟာ စပါးအသင်းမှာ ဆက်လက် ရှိနေပေမယ့် ဆုဖလားရယူချင်တဲ့ စိတ်ဆန္ဒကြောင့် ဆုဖလားရနိုင်မယ့် အသင်းကြီး တစ်သင်းဆီ ပြောင်းဖို့ စိတ်ကူးရှိနေပါတယ်။

ဟာရီကိန်း ဂိုးသွင်းရန် ကြိုးပမ်းနေစဉ် (Sport)

ယူနိုက်တက်အသင်းကလည်း တိုက်စစ်မှူးတွေဖြစ်တဲ့ ရော်နယ်ဒိုရဲ့ အနာဂတ်ဟာ မသေချာသလို၊ မာရှယ်က ဒဏ်ရာကြောင့် အနားယူနေရပြီး ရက်ရှ်ဖို့ဒ်ကလည်း ပုံမှန်ဂိုးသွင်းခြေ မရှိတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အဲ့ဒါကြောင့် နည်းပြ အဲရစ်တန်ဟတ်ဟာ တိုက်စစ်မှူး ခေါ်ယူဖို့ စီစဉ်နေပြီး ဟာရီကိန်းနဲ့ စပါးအသင်းတို့ ချုပ်ဆို ထားတဲ့ စာချုပ်ဟာ ၂၀၂၄ ရာသီအကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒါရင်းဘန့် ကတော့ ယူနိုက်တက်အနေနဲ့ ဟာရီကိန်းကို ခေါ်ယူဖို့ဆို အနည်းဆုံး ပေါင်သန်း ၁၀၀ သုံးစွဲရမယ်လို့လည်း ပြောခဲ့တာပါ။

ဒါရင်းဘန့်က “ ပြီးခဲ့တဲ့ ရာသီက ဟာရီကိန်း ထွက်ခွာချင်ခဲ့တယ်ဆိုတာ တော်တော်လေး ရှင်းခဲ့ပါတယ်။ မန်စီးတီး အသင်းက ပေါင်သန်း ၁၄၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် မရခဲ့ပါဘူး။ သူတို့ကတော့ ဒီပြောင်းရွှေ့ကြေးကို ထိုက်တန် တယ်လို့ ယူဆခဲ့ပေမယ့် စပါးအသင်းက ဒီထက် ပိုရသင့်တယ်လို့ ထင်ခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ ဟာရီကိန်း ကို ခေါ်ချင်တယ်ဆိုရင် ပေါင်သန်း ၁၀၀ လောက် ကုန်ကျပါလိမ့်မယ်။ လီဗိုင်းကတော့ ပေါင်သန်း ၆၀ လောက်နဲ့ ထွက်ခွာခွင့်ပေးမယ့် နည်းလမ်းမရှိပါဘူး”လို့ ပြောခဲ့ပါတယ်။

ဟာရီကိန်းဟာ ဒီရာသီမှာလည်း စပါးအသင်းအတွက် ခြေစွမ်းပြသနေပြီး ၁၇ ပွဲ ကစားအပြီးမှာ ၁၁ ဂိုးအထိ သွင်းယူထားတာ ဖြစ်ပါတယ်။

Source: Metro

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 27
  • 28
  • 29
  • 30
  • 31
  • 32
  • 33
  • 34
  • 35
  • 36

Page 32 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar