CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ပေါ်တူဂီနဲ့ ကမ္ဘာ့ဖလား ၅ ကြိမ်မြောက် ယှဉ်ပြိုင်မယ့် ရော်နယ်ဒို

By CNI
CNI
Category: Watch TV
Hits: 754

Share
Tweet
Share
Share
powered by social2s
ကာတာကမ္ဘာ့ဖလား ပြင်ဆင်မှုကိုတွေ့ရစဉ်(Reuters)

လူ့အခွင့်အရေးစာသားပါ ရှပ်အင်္ကျီဝတ်ဆင်ဖို့ ဒိန်းမတ်တောင်းဆိုမှုကို ဖီဖာပယ်ချ

By CNI
CNI
Category: အားကစား
Hits: 1002

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၁

ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ “လူသားအားလုံးအတွက် လူ့အခွင့်အရေး”ဆိုတဲ့ စာသားပါ ရှပ်အင်္ကျီဝတ်ဆင်ပြီး လေ့ကျင့်မှုတွေ ပြုလုပ်ဖို့ တောင်းဆိုတာကို ဖီဖာက ပယ်ချခဲ့တယ်လို့ ပြောပါတယ်။

ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ်က “ ကျနော်တို့ ကစားသမားတွေ လေ့ကျင့်ရေး အစီအစဉ်မှာ ဒီလိုမျိုး လုပ်ဆောင်ဖို့ တောင်းဆိုခဲ့တာကို နည်းပညာဆိုင်ရာ အကြောင်းပြချက်တွေကြောင့်ဆိုပြီး ပယ်ချခဲ့ပါ တယ်။ ဒါဟာ ဝမ်းနည်းစရာ ကောင်းပါတယ်”လို့ Ritzau သတင်းအေဂျင်စီကို ပြောခဲ့တာပါ။

ဖီဖာကတော့ ဒါနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုတာကို ငြင်းဆန်ထားပါတယ်။

ဖီဖာရဲ့ စည်းမျဉ်းတွေမှာ အသင်းတွေအနေနဲ့ နိုင်ငံရေး၊ ဘာသာရေး၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကြွေးကြော်သံတွေ၊ ထုတ် ပြန်ချက် ဒါမှမဟုတ် ရုပ်ပုံတွေကို အသုံးပြုခွင့် မရှိဘူးဆိုပြီး ပါရှိတာပါ။

ဒိန်းမတ်အသင်းကိုတွေ့ရစဉ် (Sports)

“လူသားအားလုံးအတွက် လူ့အခွင့်အရေးဆိုတဲ့ စာသားဟာ လူတိုင်းအတွက်ဖြစ်ပြီး နိုင်ငံရေးမဟုတ်ပါဘူး။ ဒါပေမယ့် လူတိုင်းက ပံ့ပိုးပေးနိုင်တဲ့ အရာတစ်ခုပါ”လို့ ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်က ပြောခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားကျင်းပမယ့် ကာတာနိုင်ငံအပေါ်မှာ ဝေဖန်မှုတွေ မြင့်မားနေတာကြောင့် ပြိုင်ပွဲဝင် နိုင်ငံတွေအနေနဲ့ ဘောလုံးကိုပဲ အာရုံစိုက်ကြဖို့ ဖီဖာက ပြောထားပါတယ်။

ဒိန်းမတ်အသင်း ဂျာစီထုတ်လုပ်သူ ဟမ်းမဲလ်က ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မယ့် အသင်းဝတ်စုံပေါ်မှာ အသေးစိတ် အချက်အလက်တွေကို လျှော့ချခဲ့ပြီး ကာတာရဲ့ လူ့အခွင့်အရေး မှတ်တမ်းကို ဆန့်ကျင်တဲ့ အနက်ရောင် ဝတ်စုံကို ပြိုင်ပွဲမတိုင်ခင် ကတည်းက ထုတ်ပြသွားခဲ့တာပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့ နီးကပ်လာနေပေမယ့် အခုအချိန်ထိ ဝေဖန်သံတွေဟာ ပိုပြီး များပြားလာနေတာ ဖြစ်ပါတယ်။

ဖီဖာဥက္ကဋ္ဌဟောင်း ဆပ်ဘလတ္တာက ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ကာတာကို ရွေးချယ်ခဲ့တာဟာ အမှားဖြစ်ခဲ့တယ် ဆိုပြီး မကြာသေးခင်က ပြောခဲ့ပါတယ်။ ကာတာကမ္ဘာ့ဖလားကို နိုဝင်ဘာလ ၂၀ ရက်မှာ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။

Source: CNA

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပေါ်တူဂီအသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ၀င်နေတဲ့ ရော်နယ်ဒို (SportsDesk)

ပေါ်တူဂီနဲ့ ကမ္ဘာ့ဖလား ၅ ကြိမ်မြောက် ယှဉ်ပြိုင်မယ့် ရော်နယ်ဒို

By CNI
CNI
Category: အားကစား
Hits: 2063

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၁

ရော်နယ်ဒိုဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ပေါ်တူဂီအသင်းရဲ့ ကစားသမား ၂၆ ဦး စာရင်းမှာ ပါဝင်ခဲ့တာ ကြောင့် ဒီကမ္ဘာ့ဖလားဟာ သူ့အတွက် ၅ ကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကမ္ဘာ့ဖလား ဖြစ်လာခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲကစပြီး ပေါ်တူဂီအတွက် စတင်ပါဝင်ခဲ့ကာ ၂၀၁၀၊ ၂၀၁၄ နဲ့ ၂၀၁၈ ပြိုင်ပွဲ တွေမှာလည်း ပါဝင်ခဲ့တာပါ။

အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ဒီရာသီ ယူနိုက်တက် အသင်းအတွက် ၃ ဂိုး သာ သွင်းယူထားနိုင်ပြီး ပုံစံ ကောင်း ပြသနိုင်ဖို့ ရုန်းကန်နေရပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ပေါ်တူဂီအသင်းကို ဦးဆောင်မှာ ဖြစ်ပါတယ်။ ကာတာကမ္ဘာ့ဖလားဟာ ရော်နယ်ဒိုအတွက် နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာနိုင်ပါတယ်။

ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၇ ပွဲ ကစားထားပြီး ၇ ဂိုး သွင်းယူထားတာ ဖြစ်ပြီး ဒီပြိုင်ပွဲမှာ ဂိုးသွင်း ယူနိုင် မယ်ဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ကြိမ်ဆက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

ပေါ်တူဂီအသင်း နည်းပြ ဖာနန်ဒိုဆန်းတို့စ်နဲ့ရော်နယ်ဒိုကိုတွေ့ရစဉ် (Sports)

ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ်က “ ရော်နယ်ဒို အပါအဝင် အခုခေါ်ယူခဲ့တဲ့ ကစားသမားတွေ အားလုံးဟာ အောင်မြင်မှုတွေ ဆာလောင်နေပြီး ပေါ်တူဂီကို ကမ္ဘာ့ချန်ပီယံဖြစ်အောင် လုပ်ဆောင်ပေးမယ့်သူတွေ”လို့ ပြောခဲ့ပါတယ်။

ပေါ်တူဂီအသင်း လူစာရင်းမှာ ပရီးမီးယားလိဂ် ကစားသမား ၁၀ ဦးအထိ ပါဝင်ခဲ့ပါတယ်။ သူတို့တွေကတော့ ရော်နယ်ဒိုရဲ့ ယူနိုက်တက်အသင်းဖော် ဘရူနိုဖာနန်ဒက်စ်နဲ့ ဒါလော့၊ မန်စီးတီးအသင်းက ရူဘင်ဒီယက်စ်၊ ကန်ဆယ်လို နဲ့ ဘာနာဒိုဆေးလ်ဗား၊ ဖူလ်ဟမ်က ပယ်လင်ဟာ၊ ဝုလ်ဗ်စ်က ဂျိုဆီဆာ၊ ရူဘင်နာဗက်စ်နဲ့ နူနက်စ်တို့ ဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိ ဝါရင့်နောက်ခံလူ ပီပီကလည်း ပေါ်တူဂီ လူစာရင်းမှာ ပါဝင်ခဲ့ပြီး မော်တင်ဟို၊ ဂွီဒက်စ်နဲ့ ရီနာတိုဆန်းချက်စ် တို့ကတော့ လူစာရင်းမှာ မပါဝင်ခဲ့ပါဘူး။

ပေါ်တူဂီအသင်းဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရုဂွေး၊ ဂါနာ၊ တောင်ကိုရီးယားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၄ ရက်မှာ ဂါနာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါ တယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

၂၀၂၆ ကမ္ဘာ့ဖလားအထိ မက်ဆီကစားတာကို မြင်ချင်နေတဲ့ စကာလိုနီ

By CNI
CNI
Category: Watch TV
Hits: 776

Share
Tweet
Share
Share
powered by social2s

ပရော်ဖက်ရှင်နယ်မပီသတဲ့ ရိုးမားကစားသမားကို အသင်းကထွက်ဖို့ မော်ရင်ဟိုပြော

By CNI
CNI
Category: Watch TV
Hits: 674

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုကို တွေ့ရစဉ်(Football365)

ဘောလုံးလောကကနေ ရော်နယ်ဒို ထွက်ခွာလုနီးပါး ဖြစ်ခဲ့

By CNI
CNI
Category: အားကစား
Hits: 1593

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၀

ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းထံ ပေါင် ၁၂ သန်းနဲ့ ၂၀၀၃ က မပြောင်းရွှေ့ခင်မှာ ဘောလုံးလောကကနေ ထွက်ခွာလုနီးပါး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ အချိန်တုန်းက ရော်နယ်ဒိုဟာ စပို့တင်းလစ္စဘွန်း အသင်းရဲ့ ဆယ်ကျော်သက် ကစားသမားတစ်ဦးဖြစ်ပြီး အနိုင်ကျင့်ခံရတာကြောင့် ဘောလုံးလောကကနေ ထွက်ခွာချင်ခဲ့တာလို့ သတင်းတွေမှာ ဖော်ပြထားတာပါ။

စပို့တင်းမှာ အကယ်ဒမီ ကစားသမားအဖြစ် ရှိနေချိန်အတွင်း သူ့ရဲ့ စကားပြောဆိုမှု လေယူလေသိမ်းကို တခြား ကောင်လေးတွေက ဝိုင်းဝန်း လှောင်ပြောင်ခဲ့ကြတာ ဖြစ်ပါတယ်။ သူဟာ မိသားစုကို လွမ်းနေတာကြောင့်လည်း နေ့တိုင်းငိုခဲ့ရတယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ရော်နယ်ဒိုဟာ ကျောင်းကနေ ထွက်ခဲ့ပြီး ဘောလုံးကိုသာ အာရုံစိုက်ခဲ့လို့ စပို့တင်း ပထမ အသင်းကြီးဆီ ခေါ်ယူခြင်း ခံခဲ့ရပါတယ်။ ပေါ်တူဂီ ကစားသမားဟာ စပို့တင်းမှာ ရှိတဲ့အချိန် အတွင်းမှာ သူ လိုချင်တဲ့ အချိန်တိုင်း အားကစားခန်းမကို အသုံးပြုလို့ မရတာကြောင့် မပျော်မရွှင် ဖြစ်ခဲ့ရပါသေးတယ်။

အားကစားခန်းမကို အသုံးပြုတဲ့ ကလေးတွေနဲ့ ပက်သက်ပြီး ကလပ်အသင်းက တင်းကျပ်တဲ့ မူဝါဒတွေကို ချမှတ်ထားတာ ဖြစ်ပါတယ်။

ရော်နယ်ဒို ယူနိုက်တက်နဲ့ စပို့တင်းလစ္စဘွန်း အသင်းတို့မှာ ကစားစဉ် (Ronaldo)

ကလပ် အကယ်ဒမီ အမှုဆောင် အော်ရယ်လီယိုပါရဲရားက “ ကျနော်တို့ဟာ ကလေးတွေကို အားကစားရုံမှာ ဘယ်တုန်းကမှ မထားခဲ့ပါဘူး။ ဒါဟာ ကျနော်တို့ ကစားသမားတွေရဲ့ ရှည်ကြာတဲ့ ကစားသမားဘဝ နောက် ကွယ်က လျှို့ဝှက်ချက်ပါပဲ။ သဘာဝအတိုင်း ကြီးထွားဖွံ့ဖြိုးလာဖို့က ပိုပြီးအရေးကြီးပါတယ်”လို့ ပြောပါတယ်။

ရော်နယ်ဒိုဟာ အလေးမ လေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့ ညဘက်တွေမှာ ထွက်လာခဲ့ပြီး သူ့ရဲ့ လုပ်ဆောင်မှုတွေကို သိရှိခဲ့လို့ အပြစ်ပေးတဲ့ အနေနဲ့ ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒို အနေနဲ့ ဒီလိုမျိုး လုပ်ဆောင်မှာကို တားဆီးတဲ့ အနေနဲ့ အားကစားခန်းမရဲ့ တံခါးတွေကို သော့ခ လောက်နဲ့ သော့ခတ်ခဲ့ပါတယ်။

ဒါပေမယ့် ရော်နယ်ဒို ကတော့ ရပ်တန့်သွားခြင်းမရှိပဲ ပိုမိုသန်မာလာစေဖို့ အရာအားလုံးကို ကြိုးစား လုပ်ဆောင်ခဲ့ ပါတယ်။ ရော်နယ်ဒိုဟာ ဒီလိုလုပ်ဆောင်မှုတွေကြောင့် သူ့ရဲ့ ခန္ဓာကိုယ် အချိုးအစားကို အခုအချိန်ထိ ထိန်းသိမ်း ထားနိုင်ခဲ့တာပါ။

ပေါ်တူဂီ ကစားသမားဟာ အသက် ၃၈ နှစ်ပြည့်ဖို့ နီးစပ်နေပေမယ့် အခုအချိန်ထိ ထိပ်တန်းအဆင့်မှာ ကစား နိုင်သေးတယ်ဆိုတာကို အကောင်းဆုံး ကြိုးစားပြီး သက်သေပြနေပါတယ်။

Source: Sportbible

 

 

 

Share
Tweet
Share
Share
powered by social2s
မော်ရင်ဟိုကို တွေ့ရစဉ် (Reuters)

ပရော်ဖက်ရှင်နယ်မပီသတဲ့ ရိုးမားကစားသမားကို အသင်းကထွက်ဖို့ မော်ရင်ဟိုပြော

By CNI
CNI
Category: အားကစား
Hits: 1500

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၀

ရိုးမားအသင်းနည်းပြ မော်ရင်ဟိုက ဆက်ဆူအိုလိုအသင်းနဲ့ ၁ ဂိုးစီ သရေကျတဲ့ ပွဲအပြီးမှာ ပရော်ဖက်ရှင်နယ် မပီသတဲ့ အသင်း ကစားသမားတစ်ဦးကို ထွက်ခွာဖို့ ပြောလိုက်ပါတယ်။

မော်ရင်ဟိုက “ ကျနော်တို့ဟာ ခက်ခဲတဲ့ ပြိုင်ဘက်ကို အနိုင်ယူချင်တဲ့ အသင်းပါ။ ပရော်ဖက်ရှင်နယ် မဆန်တဲ့ ကစားသမားတစ်ဦးရဲ့ စိတ်နေ သဘောထားကြောင့် အသင်းရဲ့ ကြိုးစားအားထုတ်မှုကို သစ္စာဖောက်သလို ဖြစ်ရလို့ ကျနော် ဝမ်းနည်းမိပါတယ်။ သူ့ရဲ့ ပရော်ဖက်ရှင်နယ် မဆန်တဲ့ စိတ်နေသဘောထားက အသင်းဖော်တွေအတွက် မျှတမှု မရှိပါဘူး။ ဒါက ကျနော့်ကို စိတ်ပျက်စေပါတယ်”လို့ DAZN ကို ပြောခဲ့ပါတယ်။

ဒီပွဲမှာ အေဘရာဟမ်က ပွဲချိန်မိနစ် ၈၀ မှာ ရိုးမားအတွက် ဦးဆောင်ဂိုး စတင်သွင်းယူပေးခဲ့ပြီး ဒီဂိုးဟာ စက်တင်ဘာလ နောက်ပိုင်း သူ့ရဲ့ ပထမဆုံး လိဂ်ဂိုးလည်း ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန် ၈၅ မိနစ်မှာ ပီနာမွန်တီက ဆက်ဆူအိုလိုအတွက် ချေပဂိုး သွင်းပေးခဲ့လို့ သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါ တယ်။ ပရော်ဖက်ရှင်နယ် မပီသတဲ့ ကစားသမားရဲ့ အမည်ကိုတော့ မော်ရင်ဟိုက ထုတ်ဖော်ပြောဖို့ ငြင်းဆန် ခဲ့ပါတယ်။

 ရိုးမားကစားသမား တစ်ဦးကိုတွေ့ရစဉ် (Sports)

မော်ရင်ဟိုက “ ကျနော် ခင်ဗျားတို့ကို ပြောမှာ မဟုတ်ပါဘူး။ ကျနော့်ရဲ့ ကစားသမား ၁၆ ဦးအထိ ရှိခဲ့ပြီး ဒီထဲက ၁၅ ဦးရဲ့ စိတ်နေ သဘောထားကို ကျနော် သဘောကျပါတယ်။ ဇန်နဝါရီ ကျရင်တော့ အဆိုပါ ကစားသမားအနေ နဲ့ အခြားကလပ် တစ်သင်းကို ရှာဖွေဖို့ လိုအပ်ပါတယ်”လို့ ပြောခဲ့တာပါ။

မော်ရင်ဟိုဟာ ဘယ်ကစားသမားကို ပြောနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမယ့် ဇန်နဝါရီ အပြောင်း အရွှေ့ မတိုင်ခင်မှာ သူ့ခံစားချက်တွေကို ချပြခဲ့တာ ဖြစ်ပါတယ်။ ရိုးမားအသင်းဟာ ပြီးခဲ့တဲ့ စီးရီးအေပွဲမှာ လာဇီယို အသင်းကို အရေးနိမ့်ခဲ့ပြီး ဒီပွဲမှာ သရေကျခဲ့တာကြောင့် ၂ ပွဲဆက်တိုက် ရမှတ်တွေ လျော့ကျခဲ့တာပါ။

ရိုးမားအသင်းဟာ ဒီပွဲရလဒ်ကြောင့် စီးရီးအေ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ရိုးမားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် စီးရီးအေ နောက်ဆုံးပွဲစဉ်အဖြစ် တိုရီနိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal

 

 

 

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့ဖလားမကျင်းပခင် ရက်ပိုင်းအလိုမှာ ဒဏ်ရာရရှိခဲ့တဲ့ မာနေး

By CNI
CNI
Category: Watch TV
Hits: 673

Share
Tweet
Share
Share
powered by social2s

၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ကာတာကို ရွေးချယ်ခဲ့တာ မှားခဲ့တယ်လို့ ဘလတ္တာပြော

By CNI
CNI
Category: Watch TV
Hits: 720

Share
Tweet
Share
Share
powered by social2s
အာဂျင်တီးနားအသင်း ဗိုလ်ဆွဲမယ်လို့ EA Sports ခန့်မှန်းထားချက်ကို တွေ့ရစဉ်

၂၀၂၂ ကမ္ဘာ့ဖလား ချန်ပီယံဆုကို အာဂျင်တီးနား ရရှိမယ်လို့ EA Sports ခန့်မှန်း

By CNI
CNI
Category: အားကစား
Hits: 1239

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၉

ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့ ရက်ပိုင်းသာ လိုအပ်တော့ချိန်မှာ EA Sports က အာဂျင်တီးနားဟာ ဒီပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိသွားလိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။

ဖီဖာဘောလုံးဂိမ်းတွေကို ထုတ်လုပ်တဲ့ EA Sports ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ တစ်ခုလုံးကို တုပပြီး ခန့်မှန်းမှု ပြုလုပ် သွားခဲ့တာပါ။ EA Sports ဟာ ကမ္ဘာ့ဖလား ချန်ပီယံဆုအတွက် ခန့်မှန်းတာနဲ့ ပက်သက်ပြီး အထင်ကြီးစရာ ကောင်းတဲ့ မှတ်တမ်းတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

၂၀၁၀ ကမ္ဘာ့ဖလားမှာ စပိန်၊ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ဂျာမနီနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်း ချန်ပီယံဆု ရယူနိုင်မယ်လို့ ခန့်မှန်းတာမှာ မှန်ကန်ခဲ့ပါတယ်။

EA Sports က အာဂျင်တီးနား အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဘရာဇီးလ်အသင်းနဲ့ တွေ့ဆုံမှာ ဖြစ်ပြီး ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရကာ ချန်ပီယံဆုကို ရယူမယ်လို့ ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလား အကောင်းဆုံးရလာနိုင်မယ့် စာရင်းကို EA Sports ကထုတ်ပြန်ထား

တတိယနေရာကိုတော့ ပြင်သစ်အသင်းက ပေါ်တူဂီအသင်းကို ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ယူပြီး ရရှိမယ်လို့ ခန့်မှန်းထား တာပါ။ နာမည်ကြီး အင်္ဂလန်ဟာ ၁၆ သင်းအဆင့်မှာ နယ်သာလန်ကို ၃ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ပြီး ထွက်ခွာရမယ်လို့ သူတို့ရဲ့ ခန့်မှန်းမှုမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

မက်ဆီဟာ ဒီပြိုင်ပွဲမှာ ၇ ပွဲ ကစားတာမှာ ၈ ဂိုးသွင်းပြီး ဂိုးသွင်းဘုရင်ဆုနဲ့ ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆု ကို ရရှိမယ်လို့လည်း EA Sports က ခန့်မှန်းထားတာပါ။

ဒီပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်းမှာ မာတီးနတ်စ်၊ ကန်ဆယ်လို၊ ဗာရန်း၊ မာကွင်ဟိုစ်၊ အကူနာ၊ ပါရီဒက်စ်၊ ဒီပေါလ်၊ ဗီနီစီးယက်စ်၊ မက်ဆီ၊ ဘတ်ပီနဲ့ ရစ်ချာလီဆန် တို့ ပါဝင်မယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကိုတော့ နိုဝင်ဘာလ ၂၀ ရက်ကနေ ဒီဇင်ဘာလ ၁၈ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။

Source: Sportbible

 

 

 

Share
Tweet
Share
Share
powered by social2s
အီကွေဒေါအသင်း နည်းပြ အယ်လ်ဖာရိုကိုတွေ့ရစဉ်(The Daily Star)

ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်ရက် ပြောင်းလဲခဲ့တဲ့အပေါ် အီကွေဒေါနည်းပြ ဝေဖန်

By CNI
CNI
Category: အားကစား
Hits: 1267

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၉

အီကွေဒေါ အသင်းနည်းပြ အယ်လ်ဖာရိုက အိမ်ရှင်ကာတာနဲ့ သူ့အသင်း ကစားမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ် ကို ရက်ပြောင်းလဲ ကျင်းပတဲ့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်လိုက်ပါတယ်။

အယ်လ်ဖာရိုက “ကျနော်တို့ ပြင်ဆင်ချိန် တစ်ရက် လျော့နည်းသွားပါတယ်။ ဒီလို ရက်ပြောင်းလဲ ကျင်းပတာနဲ့ ပက်သက်ပြီး အကောင်အထည် ဖော်တာမှာ ပြဿနာတစ်စုံတစ်ရာ ရှိ၊မရှိ ဆိုတာကိုလည်း ကျနော်တို့နဲ့ ဆွေးနွေး တိုင်ပင်မှု မရှိခဲ့ဘူး”လို့ အင်္ဂါနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို မူလက နိုဝင်ဘာလ ၂၁ ရက်မှာ ကျင်းပဖို့ စီစဉ်ခဲ့တာဖြစ်ပေမယ့် ပြိုင်ပွဲစီစဉ်သူတွေက အိမ်ရှင်အသင်းနဲ့ ပြိုင်ပွဲစတင်တာ ပိုကောင်းတယ်လို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ကာတာနဲ့ အီကွေဒေါ အသင်းရဲ့ ပွဲကို ရှေ့တစ်ရက်တိုးပြီး နိုဝင်ဘာလ ၂၀ ရက်မှာ ကျင်းပဖို့ ပြုလုပ်ခဲ့ တာပါ။ အီကွေဒေါအသင်းဟာ တောင်အမေရိကဇုန် ခြေစစ်ပွဲမှာ ဘရာဇီးလ်၊ အာဂျင်တီးနား၊ ဥရုဂွေးတို့ရဲ့ နောက် စတုတ္တနေရာရကာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။

အီကွေဒေါအသင်းသားများကိုတွေ့ရစဉ်(FIFA)

အီကွေဒေါအသင်းဟာ အသုံးပြုလို့မရတဲ့ ကစားသမား ကတ်စတီလိုကို အသုံးပြုခဲ့လို့ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ ရပါသေးတယ်။

ဒါပေမယ့် အားကစားခုံရုံးက ကတ်စတီလိုဟာ အီကွေဒေါနိုင်ငံသား ဖြစ်တယ်လို့ ပြောခဲ့တာကြောင့် လက်ရွေးစင် အသင်းဟာ ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခွင့်ရဖို့ သေချာသွားခဲ့တာ ဖြစ်ပါတယ်။ အီကွေဒေါအသင်းဟာ အခုတစ်ကြိမ်နဲ့ ဆို ကမ္ဘာ့ဖလားပြိုင်ပွဲကို ၄ ကြိမ်မြောက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာပါ။

၂၀၀၆ က ဂျာမနီမှာကျင်းပခဲ့စဉ်က ၁၆ သင်းအဆင့် တက်နိုင်တာကလွဲပြီး အီကွေဒေါအသင်းဟာ ကျန်တဲ့ ၂ ကြိမ် စလုံး အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ အီကွေဒေါအသင်းဟာ အခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု A မှာ အိမ်ရှင်ကာတာ၊ ဆီနီဂေါ၊ နယ်သာလန်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး နောက်တစ်ဆင့် တက်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။

Source:CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရော်နယ်ဒိုက ခြားနားမှုတွေဖြစ်အောင် လုပ်နိုင်သေးတယ်လို့ ဇာဗီပြော

By CNI
CNI
Category: Watch TV
Hits: 667

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့ဖလားအတွက် ဘရာဇီးလ်ထုတ်ပြန်ခဲ့တဲ့ ကစားသမားတွေက ဘယ်သူတွေလဲ

By CNI
CNI
Category: Watch TV
Hits: 685

Share
Tweet
Share
Share
powered by social2s
နယူးကာဆယ်အသင်း ကစားသမား ကူရိုလ်ကိုတွေ့ရစဉ်

သြစတြေးလျရဲ့ ကမ္ဘာ့ဖလားလူစာရင်းမှာ နယူးကာဆယ်က ကူရိုလ်ပါဝင်

By CNI
CNI
Category: အားကစား
Hits: 1102

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၈

သြစတြေးလျအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ကစားသမား ၂၆ ဦးစာရင်းကို ထုတ်ပြန်ခဲ့တာမှာ နယူးကာဆယ် ကစားသမားသစ် ကူရိုလ် ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

နယူးကာဆယ်အသင်းဟာ အသက် ၁၈ နှစ်အရွယ်ရှိ ကစားသမားကို စင်ထရယ်လ် ကို့စ်မာရီနာ အသင်းကနေ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားတာဖြစ်ပြီး ဇန်နဝါရီမှာ အသင်းနဲ့ ပူးပေါင်းမှာ ဖြစ်ပါတယ်။

ကူရိုလ်ဟာ ဒီရာသီမှာ သြစတြေးလျ ကလပ်အတွက် အေလိဂ်ပြိုင်ပွဲမှာ ၃ ပွဲ ပါဝင်ကစားထားပြီး လက်ရွေးစင် အသင်းအတွက် စက်တင်ဘာလက နယူးဇီလန်နဲ့ ခြေစမ်းပွဲမှာ ၁ ပွဲသာ ပါဝင် ကစားထားတာ ဖြစ်ပါတယ်။

သြစတြေးလျနည်းပြ ဂရေဟမ်အာနိုးလ်က “ဒီကောင်လေးဟာ သူ့ကိုယ်သူ အကောင်းဆုံး ဖြစ်နေရပါမယ်။ သူဟာ ပွဲတစ်ပွဲကို ပြောင်းလဲအောင် ဘယ်လို လုပ်ဆောင်ရမလဲဆိုတာကို ပြသထားပါတယ်။ သူဟာ ကြောက်ရွံခြင်း လုံးဝ မရှိသလို ပွဲကို ဖျော်ဖြေမှု ပေးချင်တဲ့သူပါ”လို့ လူစာရင်း ထုတ်ပြန် အပြီးမှာ ပြောခဲ့တာပါ။

သြစတြေးလျအသင်း ကစားသမား ကူရိုလ်ကို တွေ့ရစဉ်

သြစတြေးလျအသင်း လူစာရင်းမှာ ဝက်စ်ဘရွန်းနဲ့ ဆဲလ်တစ် ကွင်းလယ်လူဟောင်း တွမ်ရိုဂျစ်၊ ဗဟိုနောက်ခံလူ စိန့်ဘူရီ၊ နာဂိုရာဂိုးသမား လန်ဂီရတ်ခ်တို့ ချန်လှပ်ခံခဲ့ရပါတယ်။

ဂရေဟမ်အာနိုးလ်က “စိန့်ဘူရီဟာ ရက်သတ္တပတ် ပေါင်းများစွာ ပွဲမကစားခဲ့ရပါဘူး။ ကျနော်ဟာ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နေတဲ့ ဆူတာ၊ ရိုဝယ်လ်စ်စတဲ့ ကစားသမားတွေကို ရွေးချယ်ခဲ့ပါတယ်။ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့ရတာပါ”လို့ ပြောခဲ့တာပါ။

သြစတြေးလျအသင်း လူစာရင်းမှာ သြစတြေးလျ အခြေစိုက် ကစားသမား ၇ ဦးအထိ ပါဝင်နေတာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု D မှာ ပြင်သစ်၊ တူနီးရှား၊ ဒိန်းမတ်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတဲ့ သြစတြေးလျ အသင်းဟာ အဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၂ ရက်မှာ လက်ရှိချန်ပီယံ ပြင်သစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတဲ့ သြစတြေးလျအသင်းဟာ ဒီပြိုင်ပွဲမှာ အမြင့်ဆုံး အောင်မြင်မှုအဖြစ် ၁၆ သင်း အဆင့်ထိသာ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
မန်ဒီကို တွေ့ရစဉ်

ဘရက်ပစ် မဟုတ်ပေမယ့် အမျိုးသမီးတွေနဲ့ လိင်ဆက်ဆံရတာ လွယ်ကူတယ်လို့ မန်ဒီပြော

By CNI
CNI
Category: အားကစား
Hits: 1367

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၈

မန်စီးတီးနောက်ခံလူ မန်ဒီက သူဟာ ဘရက်ပစ် မဟုတ်ပေမယ့် အမျိုးသမီးတွေနဲ့ လိင်ဆက်ဆံတာမှာ အလွန် လွယ်ကူတယ်လို့ မုဒိမ်းမှုနဲ့ ပက်သက်ပြီး ရုံးတင် စစ်ဆေးတာမှာ ပြောလိုက်ပါတယ်။

မန်ဒီဟာ အမျိုးသမီးငယ် ၆ ဦးကို မုဒိမ်းမှု ၇ မှု၊ မုဒိမ်းကျင့်ရန် ကြိုးပမ်းမှု ၁ မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ၁ မှုတို့ နဲ့ စွဲချက်တင် ခံထားရပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိ မန်ဒီဟာ Chester Crown တရားရုံးမှာ ပြုလုပ်တဲ့ ရုံးချိန်းမှာ ပထမဆုံးအကြိမ် သက်သေ တွေရဲ့ ရှေ့မှောက်မှာ ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။

မန်ဒီက “သူဟာ ဘရက်ပစ် မဟုတ်ပေမယ့် ရိုးရိုးသားသား ပြောရရင် အမျိုးသမီးတွေနဲ့ တွေ့ဆုံတာ၊ လိင် ဆက်ဆံ တာက အလွန်လွယ်ကူတယ်”လို့ တရားရုံးကို ထွက်ဆိုခဲ့တာပါ။

မန်စီးတီးအသင်းမှာ ကစားချိန် အမျိုးသမီးတွေက သူ့အပေါ်မှာ အာရုံစူးစိုက်မှု ၁၀ ဆကျော်သွားတယ်လို့လည်း ပြင်သစ်ကစားသမားက ပြောခဲ့ပါတယ်။

 မန်စီးတီးအသင်းမှာ မန်ဒီကစားစဉ်

မန်ဒီက “ မန်စီးတီးက ဥရောပရဲ့ အကောင်းဆုံးတွေထဲက တစ်သင်းပါ။ သူတို့တွေ ကျနော့်ဆီကို ရောက်လာခဲ့ တာက ကျနော့်ကြောင့် မဟုတ်ပါဘူး။ ဘောလုံးကြောင့်ပါ။ သူတို့အာရုံစူးစိုက်တာက ကျနော့်အတွက် ဆိုးတယ်လို့ ပြောလို့ မရပါဘူး”လို့ ပြောခဲ့တာပါ။

မန်စီးတီးနောက်ခံလူဟာ အမျိုးသမီးအများစုက သူ့ကို ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့ကြပြီး လိင်မဆက်ဆံချင်ဘူးဆိုရင် ရပ်တန့်လိုက်တယ်လို့လည်း ပြောခဲ့တာ ဖြစ်ပါတယ်။

မန်ဒီဟာ တစ်ညတည်းမှာပဲ အမျိုးသမီး အများအပြားနဲ့ မကြာခဏဆိုသလို အိပ်လေ့ရှိတယ်လို့လည်း တရား သူကြီးတွေကို ပြောခဲ့တာပါ။ မန်ဒီဟာ ချက်ရှိုင်းယားရှိ သူ့ရဲ့ နေအိမ်မှာ ပါတီပွဲတွေ ပြုလုပ်ရင်း အမျိုးသမီးတွေကို မုဒိမ်းကျင့်တယ်လို့ စွပ်စွဲခံနေရတာ ဖြစ်ပါတယ်။

မန်ဒီဟာ မန်စီးတီးအသင်းမှာ ကစားခွင့် ဆိုင်းငံ့ခံထားရပေမယ့် တစ်နှစ်လုပ်ခ ပေါင် ၄.၇ သန်း ရရှိနေတာပါ။ မန်ဒီဟာ တွဲဖက်တရားခံ မက်တူရီနဲ့အတူ တရားရင်ဆိုင် နေရတာ ဖြစ်ပါတယ်။

နှစ်ဦးစလုံးကတော့ မုဒိမ်းမှုနဲ့ ပက်သက်ပြီး ငြင်းဆိုထားကြပြီး ရုံးချိန်းကတော့ ဆက်လက် ပြုလုပ်နေတာပါ။

ပြင်သစ်လက်ရွေးစင်နဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ရရှိခဲ့တဲ့ မန်ဒီဟာ မန်စီးတီးအသင်းအတွက် ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ၁ ပွဲသာ ပါဝင်ကစားခဲ့ရပြီး မုဒိမ်းမှုကြောင့် စွဲချက်တင် ခံထားရတာ ဖြစ်ပါတယ်။

Source:The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s
မာရာဒိုနာနဲ့ ကာဗရာကိုတွေ့ရစဉ်

ကာဗရာကို တွေ့ရချိန်မှာ မာရာဒိုနာကို တွေ့လိုက်ရသလိုပါပဲ

By CNI
CNI
Category: အားကစား
Hits: 1788

CNI Sport Article

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၆

နာပိုလီအသင်းဟာ အလွန်ကောင်းမွန်တဲ့ တိုက်စစ်ကစားသမားတွေ အမြဲတမ်း ထွက်ပေါပြီး ပရိသတ်တွေကို ဆွဲဆောင်မှုရှိတဲ့ အသင်းဖြစ်ပါတယ်။ မကြာသေးခင် နှစ်တွေမှာ မာတန်စ်၊ အင်ဆစ်ဂနီတို့လို တိုက်စစ်မှူးတွေ ရှိခဲ့သလို လွန်ခဲ့တဲ့ နှစ်တွေကဆိုရင် ဟမ်ဆစ်ခ်၊ လာဗတ်ဇီနဲ့ ကာဗာနီတို့လည်း ရှိခဲ့တာပါ။

ဒါပေမယ့် ဘယ်သူကမှ မာရာဒိုနာကိုကျော်ပြီး ချစ်ခင်နှစ်သက်မှုတွေ၊ ပိုပြီး ကျော်ကြားမှုတွေတော့ မရှိခဲ့ပါဘူး။

မာရာဒိုနာဟာဆိုရင် နာပိုလီအသင်းရဲ့ အမွေအနှစ် တစ်ခုလို ဖြစ်ခဲ့ပြီး ဆုဖလားအောင်မြင်မှု အများအပြားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူကွယ်လွန်သွားပြီချိန်မှာ အသင်းဟာ အားကစားကွင်းရဲ့ အမည်ကို သူ့ရဲ့ နာမည် ပြောင်းပေးခဲ့တာပါ။

နာပိုလီအသင်းမှာ ကစားနေတဲ့ ကာဗရာကိုတွေ့ရစဉ်

မာရာဒိုနာ မရှိတော့တဲ့ အချိန်မှာတောင် အသင်းမှာ အခန်းကဏ္ဍဟာ အလွန်ကြီးမားတဲ့ အရေးပါမှုအဖြစ် ရှိနေခဲ့တာ ဖြစ်ပါတယ်။ ကစားသမားအများစုဟာ မာရာဒိုနာ လက်သစ်လို့ နှိုင်းယှဉ်ခံရပြီး အသင်းထံ ရောက်လာခဲ့ ပေမယ့် အသင်းအတွက် တတိယမြောက် စကူဒတ်တိုဆုဖလား ရယူပေးနိုင်ဖို့ ခက်ခဲခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လက နာပိုလီအသင်းထံ ရောက်ရှိလာတဲ့ ဂျော်ဂျီယာ ကစားသမားဟာ အခုဆိုရင် အသင်းအတွက် ပြသနေတဲ့ ခြေစွမ်းကြောင့် မာရာဒိုနာနဲ့ နှိုင်းယှဉ်ခံနေရပြီ ဖြစ်ပါတယ်။ သူ့ကို ကာဗရာဒိုနာလို့လည်း ခေါ်ဝေါ်နေ ကြတာပါ။

ဂျော်ဂျီယာက ဘောလုံးသတင်းထောက် ဘာဒါလတ်ချ်ဗေလ်ဆိုသူဟာ စက်တင်ဘာလက နေပယ်လ်ကို လာရောက်ပြီး လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ကာဗရာကို လာရောက် ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ် ကစားသမားတွေ ထိန်းချုပ်ရ ခက်ခဲခဲ့တဲ့ ကာဗရာရဲ့ ခြေစွမ်းကို အားလုံးမြင်တွေ့ခဲ့ရတာပါ။

ဘာဒါလတ်ချ်ဗေလ်က “မာရာဒိုနာမြို့မှာ လူတိုင်းက ကာဗရာကို ချစ်မြတ်နိုးကြပါတယ်။ လူတိုင်းက သူ့တီရှပ်တွေ ကို ဝတ်ဆင်ခဲ့ကြပါတယ်။ ကျနော် ဂျော်ဂျီယာက ဖြစ်တယ်ဆိုတာကို သူတို့သိတဲ့အချိန်မှာ လူတိုင်းက ကျနော့်ကို ကောင်းကောင်းမွန်မွန် လက်ခံပြီး ဓါတ်ပုံတွေ ရိုက်ကြကာ ကာဗီချာ၊ ကာဗီချာဆိုပြီး သီကြွေးခဲ့ကြပါတယ်။ သူ့ရဲ့ နာမည်ကို မှန်ကန်အောင်ပြောဖို့က သူတို့အတွက် ခက်ခဲတယ်ဆိုတာ မှန်ပါတယ်။ အချိန်တိုအတွင်းမှာ ကာဗရာ က ဘယ်လိုမျိုး လုပ်ဆောင်လိုက်လဲဆိုတာ ကျနော်မသိပါဘူး။ နာပိုလီမှာ အားလုံးက သူ့ကိုချစ်နေကြပြီဆိုတာကို ကျနော်ယုံကြည်သွားပါတယ်။ လီဗာပူးလ်နဲ့ပွဲမှာ ဆိုရင်လည်း သူတို့ဟာ ကာဗရာရဲ့နာမည်ကို အကျယ်ကြီး အော် ဟစ် ခဲ့ကြတာပါ”လို့ CNN Sport ကို ပြောခဲ့ပါတယ်။

ကာဗရာကို နာပိုလီပရိသတ်တွေက အားပေးနေစဉ်

နာပိုလီအသင်းဟာ မာတန်စ်နဲ့ အင်ဆစ်ဂနီတို့ ထွက်သွားပြီးနောက် အစားထိုးရမယ့် ကစားသမားကို ရှာဖွေခဲ့ပြီး ဥရောပဘောလုံး ပရိသတ်တွေနဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ ဂျော်ဂျီယာကစားသမား ကာဗရာကို ယူရို ၁၅ သန်းဝန်းကျင်နဲ့ ဒိုင်နမိုဘာတူမီကနေ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

အသင်းက ထွက်ခွာသွားတဲ့ အဓိကကစားသမား ၂ ဦးနေရာမှာ ဂျော်ဂျီယာ ကစားသမားကို ခေါ်ခဲ့လို့ အသင်း အတွက် လုံလောက်ပြီလားဆိုပြီး နာပိုလီအသင်း အားကစားဒါရိုက်တာတွေဟာ မေးခွန်း ထုတ်ခံခဲ့ရတာပါ။

နာပိုလီအသင်းမှာ ကျောနံပတ် ၇၇ ဝတ်ဆင်ခဲ့တဲ့ ကာဗရာဟာ အားလုံး မထင်မှတ်ထားတာထက် အများကြီးတောင် ပိုပြီး လုပ်ပြသွားခဲ့တာ ဖြစ်ပါတယ်။

ကာဗရာရဲ့ သွင်းဂိုးတွေ၊ ဖန်တီးမှုတွေကြောင့် နာပိုလီအသင်းဟာ စီးရီးအေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရလဒ်ပိုင်း ကောင်းမွန်ခဲ့ပြီး ဥရောပရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်လာခဲ့တာပါ။ သူ့ရဲ့ ပံ့ပိုးပေးမှုတွေကြောင့် နာပိုလီအသင်းဟာ စီးရီးအေပြိုင်ပွဲမှာ ရှုံးပွဲမရှိသလို ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း လီဗာပူးလ် အသင်းနဲ့ ဒုတိယအကျော့ ပွဲစဉ် မတွေ့ဆုံခင်အချိန်ထိ အရှုံးဆိုတာ မရှိခဲ့ပါဘူး။

ကာဗရာဟာ ဒီရာသီ နာပိုလီ အသင်းအတွက် ကစားခဲ့တဲ့ ၁၇ ပွဲမှာ ၈ ဂိုး သွင်းယူပြီး ၁၀ ဂိုး ဖန်တီးထားတာ ဖြစ်ပါတယ်။

ပြိုင်ဘက်အသင်းကို ကာဗရာ ဂိုးသွင်းနေစဉ်

အီတလီဘောလုံးဂျာနယ်လစ် အူအန်ဘန်းစ်က “ကျနော်ကတော့ ကာဗရာကို တောင်ပံကစားသမားတစ်ဦးလို ခံစားရပါတယ်။ သူဟာ အရပ်မရှည်ပေမယ့် ခေါင်းတိုက်မှုကနေ အနိမ့်ဆုံး ၁ ဂိုးတော့ သွင်းယူထားပါတယ်။ သူ ဟာ ဘောလုံးရှိတဲ့ အချိန်ရော မရှိတဲ့အချိန်ရော ကြောက်စရာ ကောင်းလောက်အောင် မြန်မြန်ဆန်ဆန်လုပ် ဆောင်နိုင်ပါတယ်။

သူ့မှာ မယုံနိုင်စရာကောင်းတဲ့ ခြေထောက်တွေရှိပြီး သန်လည်းသန်မာပါတယ်”လို့ ပြောခဲ့ပါတယ်။

ဂျော်ဂျီယာဘောလုံး သတင်းထောက် ဘာဒါလတ်ချ်ဗေလ်က” သူဟာ ဂိုးသွင်းပြီးချိန်မှာ အသင်းတံဆိပ်ကို နမ်း တာက နာပိုလီက ပထမဆုံးပါပဲ။ ဂိုးသွင်းပြီးချိန်မှာ အသင်းတံဆိပ်ကို နမ်းတယ်ဆိုတာ ကျနော်တို့အတွက် အဓိပ္ပါယ်အများကြီးကို ဆိုလိုပါတယ်။ ဒီထဲမှာဆိုရင် အဖြေတွေ အများကြီး ပါသွားပါပြီ။ သူဟာ နာပိုလီကို ချစ်မြတ်နိုးသလို နာပိုလီကိုလည်း ကျေးဇူးတင်ပြီး နာပိုလီကလည်း သူ့ကို ချစ်မြတ်နိုးပါတယ်။ ကာဗရာက နောက် လာမယ့် ဂန္တဝင်လို့ ပြောလို့ရပါတယ်။ သူ့ရဲ့ မျိုးရိုးအမည်က ကာဗရာဒိုနာ ဖြစ်နေပါပြီ။ နာပိုလီ ပရိသတ်တွေက သူ့ကို ကာဗရာဒိုနာလို့ အမည်ပြောင် ပေးထားပါတယ်။ သူတို့ဟာ ကာဗရာကို တွေ့တဲ့အချိန်မှာ မာရာဒိုနာကို တွေ့တယ်လို့ ပြောခဲ့ကြကြောင်း”ပြောခဲ့တာပါ။

ကာဗရာဟာ ရုရှားကလပ်တွေမှာ ကစားခဲ့ချိန် ရုရှားဟာ ယူကရိန်းကို ကျူးကျော်ခဲ့တာကြောင့် နိုင်ငံခြား ကစား သမားတွေဟာ သူတို့စာချုပ်ကို ဆိုင်းငံ့ပြီး ထွက်ခွာနိုင်တယ်လို့ ဖီဖာက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒါကြောင့် ကာဗရာဟာ ရုရှားကလပ်ကနေ ထွက်ခွာပြီး ဂျော်ဂျီယာကလပ် ဒိုင်နမိုဘာတူမီ အသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လအနည်းငယ် အကြာမှာ ကာဗရာဟာ ကစားသမားဘဝ ထင်ပေါ် ကျော်ကြားလာတဲ့ နာပိုလီအသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။

ဂျော်ဂျီယာ လက်ရွေးစင်အသင်းမှာ ကာဗရာကစားနေစဉ်

ကာဗရာရဲ့ လက်ရွေးစင် အသင်းဖော် မာမာဒက်ရှ်ဗေလ်ကတော့ စပိန်ကလပ် ဗလင်စီယာအသင်းထံ ပြောင်းရွှေ့ခဲ့ ပါတယ်။

ဘာဒါလတ်ချ်ဗေလ်က “အရင်က ဂျော်ဂျီယာ ဘောလုံးသမားတွေကို ပိတ်ထားတဲ့ တံခါးတွေ ဖွင့်သွားပြီလို့ ယုံကြည်ခဲ့တာပါ။ ကျနော်တို့ ကစားသမားတွေက ဥရောပကို မသွားနိုင်ခဲ့ကြပါဘူး။ ကာဗရာနဲ့ မာမာဒက်ရှ်ဗေလ် တို့ တင်မဟုတ်ဘဲ အရည်အချင်းရှိတဲ့ ကစားသမားတွေ အမျာကြီး လိုအပ်ပါတယ်။ ကျနော်တို့မှာ တခြား ကစား သမားတွေ ရှိပေမယ့် သူတို့က ဥရောပကို မသွားကြပါဘူး။ ကာဗရာ၊ မာမာဒက်ရှ်ဗေလ်တို့နဲ့အတူ မျှော်လင့်ချက် တွေ ယူဆောင်လာလို့ ရပါတယ်”လို့ သူက ပြောခဲ့ပါတယ်။

ကာဗရာဟာ ဂျော်ဂျီယာ လက်ရွေးစင်အတွက် ၂၀၁၉ မှာ စတင် ပွဲထွက်ခွင့်ရခဲ့ပြီး ၁၉ ပွဲ ပါဝင်ကစားကာ ၁၀ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဂျော်ဂျီယာမှာ ဘောလုံးပွဲ မကြိုက်တဲ့ သူတွေတောင် ကာဗရာပါဝင်တဲ့ နာပိုလီပွဲတွေကို ကြည့်ခဲ့ကြတယ်လို့ ဘာဒါလတ်ချ်ဗေလ်က ပြောပါတယ်။

ဘာဒ်လတ်ချ်ဗေလ်က “ ဂျော်ဂျီယာလက်ရွေးစင်က ရှုံးပွဲမရှိတာ ၁၁ ပွဲရှိပါပြီ။ လူတွေကလည်း ယူရို ၂၀၂၄ နဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ဖို့ မျှော်လင့်ချက်အသစ်တွေ ရှိလာပါတယ်။ ဒီနေ့အချိန်မှာ ဂျော်ဂျီယာက ဘောလုံးနဲ့အတူ ရှင်သန်နေပြီး ကျနော်တို့ကလည်း ဘောလုံးနိုင်ငံတစ်ခုလို ဖြစ်နေပါပြီ။ ကျနော်တို့ မြို့ကို ရောက်တဲ့အချိန်မှာ ဒါကို တွေ့ရပါလိမ့်မယ်။ ကာဗရာက ဂျော်ဂျီယာကို ပြောင်းလဲလိုက်ပါပြီ”လို့ ပြောပြ လာပါတယ်။

Source: CNN

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31
  • 32
  • 33
  • 34

Page 30 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar