CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
နယူးကာဆယ်အသင်း ကစားသမား ကူရိုလ်ကိုတွေ့ရစဉ်

သြစတြေးလျရဲ့ ကမ္ဘာ့ဖလားလူစာရင်းမှာ နယူးကာဆယ်က ကူရိုလ်ပါဝင်

By CNI
CNI
Category: အားကစား
Hits: 891

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၈

သြစတြေးလျအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ကစားသမား ၂၆ ဦးစာရင်းကို ထုတ်ပြန်ခဲ့တာမှာ နယူးကာဆယ် ကစားသမားသစ် ကူရိုလ် ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

နယူးကာဆယ်အသင်းဟာ အသက် ၁၈ နှစ်အရွယ်ရှိ ကစားသမားကို စင်ထရယ်လ် ကို့စ်မာရီနာ အသင်းကနေ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားတာဖြစ်ပြီး ဇန်နဝါရီမှာ အသင်းနဲ့ ပူးပေါင်းမှာ ဖြစ်ပါတယ်။

ကူရိုလ်ဟာ ဒီရာသီမှာ သြစတြေးလျ ကလပ်အတွက် အေလိဂ်ပြိုင်ပွဲမှာ ၃ ပွဲ ပါဝင်ကစားထားပြီး လက်ရွေးစင် အသင်းအတွက် စက်တင်ဘာလက နယူးဇီလန်နဲ့ ခြေစမ်းပွဲမှာ ၁ ပွဲသာ ပါဝင် ကစားထားတာ ဖြစ်ပါတယ်။

သြစတြေးလျနည်းပြ ဂရေဟမ်အာနိုးလ်က “ဒီကောင်လေးဟာ သူ့ကိုယ်သူ အကောင်းဆုံး ဖြစ်နေရပါမယ်။ သူဟာ ပွဲတစ်ပွဲကို ပြောင်းလဲအောင် ဘယ်လို လုပ်ဆောင်ရမလဲဆိုတာကို ပြသထားပါတယ်။ သူဟာ ကြောက်ရွံခြင်း လုံးဝ မရှိသလို ပွဲကို ဖျော်ဖြေမှု ပေးချင်တဲ့သူပါ”လို့ လူစာရင်း ထုတ်ပြန် အပြီးမှာ ပြောခဲ့တာပါ။

သြစတြေးလျအသင်း ကစားသမား ကူရိုလ်ကို တွေ့ရစဉ်

သြစတြေးလျအသင်း လူစာရင်းမှာ ဝက်စ်ဘရွန်းနဲ့ ဆဲလ်တစ် ကွင်းလယ်လူဟောင်း တွမ်ရိုဂျစ်၊ ဗဟိုနောက်ခံလူ စိန့်ဘူရီ၊ နာဂိုရာဂိုးသမား လန်ဂီရတ်ခ်တို့ ချန်လှပ်ခံခဲ့ရပါတယ်။

ဂရေဟမ်အာနိုးလ်က “စိန့်ဘူရီဟာ ရက်သတ္တပတ် ပေါင်းများစွာ ပွဲမကစားခဲ့ရပါဘူး။ ကျနော်ဟာ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နေတဲ့ ဆူတာ၊ ရိုဝယ်လ်စ်စတဲ့ ကစားသမားတွေကို ရွေးချယ်ခဲ့ပါတယ်။ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့ရတာပါ”လို့ ပြောခဲ့တာပါ။

သြစတြေးလျအသင်း လူစာရင်းမှာ သြစတြေးလျ အခြေစိုက် ကစားသမား ၇ ဦးအထိ ပါဝင်နေတာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု D မှာ ပြင်သစ်၊ တူနီးရှား၊ ဒိန်းမတ်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတဲ့ သြစတြေးလျ အသင်းဟာ အဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၂ ရက်မှာ လက်ရှိချန်ပီယံ ပြင်သစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတဲ့ သြစတြေးလျအသင်းဟာ ဒီပြိုင်ပွဲမှာ အမြင့်ဆုံး အောင်မြင်မှုအဖြစ် ၁၆ သင်း အဆင့်ထိသာ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
မန်ဒီကို တွေ့ရစဉ်

ဘရက်ပစ် မဟုတ်ပေမယ့် အမျိုးသမီးတွေနဲ့ လိင်ဆက်ဆံရတာ လွယ်ကူတယ်လို့ မန်ဒီပြော

By CNI
CNI
Category: အားကစား
Hits: 1138

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၈

မန်စီးတီးနောက်ခံလူ မန်ဒီက သူဟာ ဘရက်ပစ် မဟုတ်ပေမယ့် အမျိုးသမီးတွေနဲ့ လိင်ဆက်ဆံတာမှာ အလွန် လွယ်ကူတယ်လို့ မုဒိမ်းမှုနဲ့ ပက်သက်ပြီး ရုံးတင် စစ်ဆေးတာမှာ ပြောလိုက်ပါတယ်။

မန်ဒီဟာ အမျိုးသမီးငယ် ၆ ဦးကို မုဒိမ်းမှု ၇ မှု၊ မုဒိမ်းကျင့်ရန် ကြိုးပမ်းမှု ၁ မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ၁ မှုတို့ နဲ့ စွဲချက်တင် ခံထားရပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိ မန်ဒီဟာ Chester Crown တရားရုံးမှာ ပြုလုပ်တဲ့ ရုံးချိန်းမှာ ပထမဆုံးအကြိမ် သက်သေ တွေရဲ့ ရှေ့မှောက်မှာ ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။

မန်ဒီက “သူဟာ ဘရက်ပစ် မဟုတ်ပေမယ့် ရိုးရိုးသားသား ပြောရရင် အမျိုးသမီးတွေနဲ့ တွေ့ဆုံတာ၊ လိင် ဆက်ဆံ တာက အလွန်လွယ်ကူတယ်”လို့ တရားရုံးကို ထွက်ဆိုခဲ့တာပါ။

မန်စီးတီးအသင်းမှာ ကစားချိန် အမျိုးသမီးတွေက သူ့အပေါ်မှာ အာရုံစူးစိုက်မှု ၁၀ ဆကျော်သွားတယ်လို့လည်း ပြင်သစ်ကစားသမားက ပြောခဲ့ပါတယ်။

 မန်စီးတီးအသင်းမှာ မန်ဒီကစားစဉ်

မန်ဒီက “ မန်စီးတီးက ဥရောပရဲ့ အကောင်းဆုံးတွေထဲက တစ်သင်းပါ။ သူတို့တွေ ကျနော့်ဆီကို ရောက်လာခဲ့ တာက ကျနော့်ကြောင့် မဟုတ်ပါဘူး။ ဘောလုံးကြောင့်ပါ။ သူတို့အာရုံစူးစိုက်တာက ကျနော့်အတွက် ဆိုးတယ်လို့ ပြောလို့ မရပါဘူး”လို့ ပြောခဲ့တာပါ။

မန်စီးတီးနောက်ခံလူဟာ အမျိုးသမီးအများစုက သူ့ကို ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့ကြပြီး လိင်မဆက်ဆံချင်ဘူးဆိုရင် ရပ်တန့်လိုက်တယ်လို့လည်း ပြောခဲ့တာ ဖြစ်ပါတယ်။

မန်ဒီဟာ တစ်ညတည်းမှာပဲ အမျိုးသမီး အများအပြားနဲ့ မကြာခဏဆိုသလို အိပ်လေ့ရှိတယ်လို့လည်း တရား သူကြီးတွေကို ပြောခဲ့တာပါ။ မန်ဒီဟာ ချက်ရှိုင်းယားရှိ သူ့ရဲ့ နေအိမ်မှာ ပါတီပွဲတွေ ပြုလုပ်ရင်း အမျိုးသမီးတွေကို မုဒိမ်းကျင့်တယ်လို့ စွပ်စွဲခံနေရတာ ဖြစ်ပါတယ်။

မန်ဒီဟာ မန်စီးတီးအသင်းမှာ ကစားခွင့် ဆိုင်းငံ့ခံထားရပေမယ့် တစ်နှစ်လုပ်ခ ပေါင် ၄.၇ သန်း ရရှိနေတာပါ။ မန်ဒီဟာ တွဲဖက်တရားခံ မက်တူရီနဲ့အတူ တရားရင်ဆိုင် နေရတာ ဖြစ်ပါတယ်။

နှစ်ဦးစလုံးကတော့ မုဒိမ်းမှုနဲ့ ပက်သက်ပြီး ငြင်းဆိုထားကြပြီး ရုံးချိန်းကတော့ ဆက်လက် ပြုလုပ်နေတာပါ။

ပြင်သစ်လက်ရွေးစင်နဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ရရှိခဲ့တဲ့ မန်ဒီဟာ မန်စီးတီးအသင်းအတွက် ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ၁ ပွဲသာ ပါဝင်ကစားခဲ့ရပြီး မုဒိမ်းမှုကြောင့် စွဲချက်တင် ခံထားရတာ ဖြစ်ပါတယ်။

Source:The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s
မာရာဒိုနာနဲ့ ကာဗရာကိုတွေ့ရစဉ်

ကာဗရာကို တွေ့ရချိန်မှာ မာရာဒိုနာကို တွေ့လိုက်ရသလိုပါပဲ

By CNI
CNI
Category: အားကစား
Hits: 1500

CNI Sport Article

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၆

နာပိုလီအသင်းဟာ အလွန်ကောင်းမွန်တဲ့ တိုက်စစ်ကစားသမားတွေ အမြဲတမ်း ထွက်ပေါပြီး ပရိသတ်တွေကို ဆွဲဆောင်မှုရှိတဲ့ အသင်းဖြစ်ပါတယ်။ မကြာသေးခင် နှစ်တွေမှာ မာတန်စ်၊ အင်ဆစ်ဂနီတို့လို တိုက်စစ်မှူးတွေ ရှိခဲ့သလို လွန်ခဲ့တဲ့ နှစ်တွေကဆိုရင် ဟမ်ဆစ်ခ်၊ လာဗတ်ဇီနဲ့ ကာဗာနီတို့လည်း ရှိခဲ့တာပါ။

ဒါပေမယ့် ဘယ်သူကမှ မာရာဒိုနာကိုကျော်ပြီး ချစ်ခင်နှစ်သက်မှုတွေ၊ ပိုပြီး ကျော်ကြားမှုတွေတော့ မရှိခဲ့ပါဘူး။

မာရာဒိုနာဟာဆိုရင် နာပိုလီအသင်းရဲ့ အမွေအနှစ် တစ်ခုလို ဖြစ်ခဲ့ပြီး ဆုဖလားအောင်မြင်မှု အများအပြားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူကွယ်လွန်သွားပြီချိန်မှာ အသင်းဟာ အားကစားကွင်းရဲ့ အမည်ကို သူ့ရဲ့ နာမည် ပြောင်းပေးခဲ့တာပါ။

နာပိုလီအသင်းမှာ ကစားနေတဲ့ ကာဗရာကိုတွေ့ရစဉ်

မာရာဒိုနာ မရှိတော့တဲ့ အချိန်မှာတောင် အသင်းမှာ အခန်းကဏ္ဍဟာ အလွန်ကြီးမားတဲ့ အရေးပါမှုအဖြစ် ရှိနေခဲ့တာ ဖြစ်ပါတယ်။ ကစားသမားအများစုဟာ မာရာဒိုနာ လက်သစ်လို့ နှိုင်းယှဉ်ခံရပြီး အသင်းထံ ရောက်လာခဲ့ ပေမယ့် အသင်းအတွက် တတိယမြောက် စကူဒတ်တိုဆုဖလား ရယူပေးနိုင်ဖို့ ခက်ခဲခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လက နာပိုလီအသင်းထံ ရောက်ရှိလာတဲ့ ဂျော်ဂျီယာ ကစားသမားဟာ အခုဆိုရင် အသင်းအတွက် ပြသနေတဲ့ ခြေစွမ်းကြောင့် မာရာဒိုနာနဲ့ နှိုင်းယှဉ်ခံနေရပြီ ဖြစ်ပါတယ်။ သူ့ကို ကာဗရာဒိုနာလို့လည်း ခေါ်ဝေါ်နေ ကြတာပါ။

ဂျော်ဂျီယာက ဘောလုံးသတင်းထောက် ဘာဒါလတ်ချ်ဗေလ်ဆိုသူဟာ စက်တင်ဘာလက နေပယ်လ်ကို လာရောက်ပြီး လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ကာဗရာကို လာရောက် ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ် ကစားသမားတွေ ထိန်းချုပ်ရ ခက်ခဲခဲ့တဲ့ ကာဗရာရဲ့ ခြေစွမ်းကို အားလုံးမြင်တွေ့ခဲ့ရတာပါ။

ဘာဒါလတ်ချ်ဗေလ်က “မာရာဒိုနာမြို့မှာ လူတိုင်းက ကာဗရာကို ချစ်မြတ်နိုးကြပါတယ်။ လူတိုင်းက သူ့တီရှပ်တွေ ကို ဝတ်ဆင်ခဲ့ကြပါတယ်။ ကျနော် ဂျော်ဂျီယာက ဖြစ်တယ်ဆိုတာကို သူတို့သိတဲ့အချိန်မှာ လူတိုင်းက ကျနော့်ကို ကောင်းကောင်းမွန်မွန် လက်ခံပြီး ဓါတ်ပုံတွေ ရိုက်ကြကာ ကာဗီချာ၊ ကာဗီချာဆိုပြီး သီကြွေးခဲ့ကြပါတယ်။ သူ့ရဲ့ နာမည်ကို မှန်ကန်အောင်ပြောဖို့က သူတို့အတွက် ခက်ခဲတယ်ဆိုတာ မှန်ပါတယ်။ အချိန်တိုအတွင်းမှာ ကာဗရာ က ဘယ်လိုမျိုး လုပ်ဆောင်လိုက်လဲဆိုတာ ကျနော်မသိပါဘူး။ နာပိုလီမှာ အားလုံးက သူ့ကိုချစ်နေကြပြီဆိုတာကို ကျနော်ယုံကြည်သွားပါတယ်။ လီဗာပူးလ်နဲ့ပွဲမှာ ဆိုရင်လည်း သူတို့ဟာ ကာဗရာရဲ့နာမည်ကို အကျယ်ကြီး အော် ဟစ် ခဲ့ကြတာပါ”လို့ CNN Sport ကို ပြောခဲ့ပါတယ်။

ကာဗရာကို နာပိုလီပရိသတ်တွေက အားပေးနေစဉ်

နာပိုလီအသင်းဟာ မာတန်စ်နဲ့ အင်ဆစ်ဂနီတို့ ထွက်သွားပြီးနောက် အစားထိုးရမယ့် ကစားသမားကို ရှာဖွေခဲ့ပြီး ဥရောပဘောလုံး ပရိသတ်တွေနဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ ဂျော်ဂျီယာကစားသမား ကာဗရာကို ယူရို ၁၅ သန်းဝန်းကျင်နဲ့ ဒိုင်နမိုဘာတူမီကနေ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

အသင်းက ထွက်ခွာသွားတဲ့ အဓိကကစားသမား ၂ ဦးနေရာမှာ ဂျော်ဂျီယာ ကစားသမားကို ခေါ်ခဲ့လို့ အသင်း အတွက် လုံလောက်ပြီလားဆိုပြီး နာပိုလီအသင်း အားကစားဒါရိုက်တာတွေဟာ မေးခွန်း ထုတ်ခံခဲ့ရတာပါ။

နာပိုလီအသင်းမှာ ကျောနံပတ် ၇၇ ဝတ်ဆင်ခဲ့တဲ့ ကာဗရာဟာ အားလုံး မထင်မှတ်ထားတာထက် အများကြီးတောင် ပိုပြီး လုပ်ပြသွားခဲ့တာ ဖြစ်ပါတယ်။

ကာဗရာရဲ့ သွင်းဂိုးတွေ၊ ဖန်တီးမှုတွေကြောင့် နာပိုလီအသင်းဟာ စီးရီးအေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရလဒ်ပိုင်း ကောင်းမွန်ခဲ့ပြီး ဥရောပရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်လာခဲ့တာပါ။ သူ့ရဲ့ ပံ့ပိုးပေးမှုတွေကြောင့် နာပိုလီအသင်းဟာ စီးရီးအေပြိုင်ပွဲမှာ ရှုံးပွဲမရှိသလို ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း လီဗာပူးလ် အသင်းနဲ့ ဒုတိယအကျော့ ပွဲစဉ် မတွေ့ဆုံခင်အချိန်ထိ အရှုံးဆိုတာ မရှိခဲ့ပါဘူး။

ကာဗရာဟာ ဒီရာသီ နာပိုလီ အသင်းအတွက် ကစားခဲ့တဲ့ ၁၇ ပွဲမှာ ၈ ဂိုး သွင်းယူပြီး ၁၀ ဂိုး ဖန်တီးထားတာ ဖြစ်ပါတယ်။

ပြိုင်ဘက်အသင်းကို ကာဗရာ ဂိုးသွင်းနေစဉ်

အီတလီဘောလုံးဂျာနယ်လစ် အူအန်ဘန်းစ်က “ကျနော်ကတော့ ကာဗရာကို တောင်ပံကစားသမားတစ်ဦးလို ခံစားရပါတယ်။ သူဟာ အရပ်မရှည်ပေမယ့် ခေါင်းတိုက်မှုကနေ အနိမ့်ဆုံး ၁ ဂိုးတော့ သွင်းယူထားပါတယ်။ သူ ဟာ ဘောလုံးရှိတဲ့ အချိန်ရော မရှိတဲ့အချိန်ရော ကြောက်စရာ ကောင်းလောက်အောင် မြန်မြန်ဆန်ဆန်လုပ် ဆောင်နိုင်ပါတယ်။

သူ့မှာ မယုံနိုင်စရာကောင်းတဲ့ ခြေထောက်တွေရှိပြီး သန်လည်းသန်မာပါတယ်”လို့ ပြောခဲ့ပါတယ်။

ဂျော်ဂျီယာဘောလုံး သတင်းထောက် ဘာဒါလတ်ချ်ဗေလ်က” သူဟာ ဂိုးသွင်းပြီးချိန်မှာ အသင်းတံဆိပ်ကို နမ်း တာက နာပိုလီက ပထမဆုံးပါပဲ။ ဂိုးသွင်းပြီးချိန်မှာ အသင်းတံဆိပ်ကို နမ်းတယ်ဆိုတာ ကျနော်တို့အတွက် အဓိပ္ပါယ်အများကြီးကို ဆိုလိုပါတယ်။ ဒီထဲမှာဆိုရင် အဖြေတွေ အများကြီး ပါသွားပါပြီ။ သူဟာ နာပိုလီကို ချစ်မြတ်နိုးသလို နာပိုလီကိုလည်း ကျေးဇူးတင်ပြီး နာပိုလီကလည်း သူ့ကို ချစ်မြတ်နိုးပါတယ်။ ကာဗရာက နောက် လာမယ့် ဂန္တဝင်လို့ ပြောလို့ရပါတယ်။ သူ့ရဲ့ မျိုးရိုးအမည်က ကာဗရာဒိုနာ ဖြစ်နေပါပြီ။ နာပိုလီ ပရိသတ်တွေက သူ့ကို ကာဗရာဒိုနာလို့ အမည်ပြောင် ပေးထားပါတယ်။ သူတို့ဟာ ကာဗရာကို တွေ့တဲ့အချိန်မှာ မာရာဒိုနာကို တွေ့တယ်လို့ ပြောခဲ့ကြကြောင်း”ပြောခဲ့တာပါ။

ကာဗရာဟာ ရုရှားကလပ်တွေမှာ ကစားခဲ့ချိန် ရုရှားဟာ ယူကရိန်းကို ကျူးကျော်ခဲ့တာကြောင့် နိုင်ငံခြား ကစား သမားတွေဟာ သူတို့စာချုပ်ကို ဆိုင်းငံ့ပြီး ထွက်ခွာနိုင်တယ်လို့ ဖီဖာက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒါကြောင့် ကာဗရာဟာ ရုရှားကလပ်ကနေ ထွက်ခွာပြီး ဂျော်ဂျီယာကလပ် ဒိုင်နမိုဘာတူမီ အသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လအနည်းငယ် အကြာမှာ ကာဗရာဟာ ကစားသမားဘဝ ထင်ပေါ် ကျော်ကြားလာတဲ့ နာပိုလီအသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။

ဂျော်ဂျီယာ လက်ရွေးစင်အသင်းမှာ ကာဗရာကစားနေစဉ်

ကာဗရာရဲ့ လက်ရွေးစင် အသင်းဖော် မာမာဒက်ရှ်ဗေလ်ကတော့ စပိန်ကလပ် ဗလင်စီယာအသင်းထံ ပြောင်းရွှေ့ခဲ့ ပါတယ်။

ဘာဒါလတ်ချ်ဗေလ်က “အရင်က ဂျော်ဂျီယာ ဘောလုံးသမားတွေကို ပိတ်ထားတဲ့ တံခါးတွေ ဖွင့်သွားပြီလို့ ယုံကြည်ခဲ့တာပါ။ ကျနော်တို့ ကစားသမားတွေက ဥရောပကို မသွားနိုင်ခဲ့ကြပါဘူး။ ကာဗရာနဲ့ မာမာဒက်ရှ်ဗေလ် တို့ တင်မဟုတ်ဘဲ အရည်အချင်းရှိတဲ့ ကစားသမားတွေ အမျာကြီး လိုအပ်ပါတယ်။ ကျနော်တို့မှာ တခြား ကစား သမားတွေ ရှိပေမယ့် သူတို့က ဥရောပကို မသွားကြပါဘူး။ ကာဗရာ၊ မာမာဒက်ရှ်ဗေလ်တို့နဲ့အတူ မျှော်လင့်ချက် တွေ ယူဆောင်လာလို့ ရပါတယ်”လို့ သူက ပြောခဲ့ပါတယ်။

ကာဗရာဟာ ဂျော်ဂျီယာ လက်ရွေးစင်အတွက် ၂၀၁၉ မှာ စတင် ပွဲထွက်ခွင့်ရခဲ့ပြီး ၁၉ ပွဲ ပါဝင်ကစားကာ ၁၀ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဂျော်ဂျီယာမှာ ဘောလုံးပွဲ မကြိုက်တဲ့ သူတွေတောင် ကာဗရာပါဝင်တဲ့ နာပိုလီပွဲတွေကို ကြည့်ခဲ့ကြတယ်လို့ ဘာဒါလတ်ချ်ဗေလ်က ပြောပါတယ်။

ဘာဒ်လတ်ချ်ဗေလ်က “ ဂျော်ဂျီယာလက်ရွေးစင်က ရှုံးပွဲမရှိတာ ၁၁ ပွဲရှိပါပြီ။ လူတွေကလည်း ယူရို ၂၀၂၄ နဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ဖို့ မျှော်လင့်ချက်အသစ်တွေ ရှိလာပါတယ်။ ဒီနေ့အချိန်မှာ ဂျော်ဂျီယာက ဘောလုံးနဲ့အတူ ရှင်သန်နေပြီး ကျနော်တို့ကလည်း ဘောလုံးနိုင်ငံတစ်ခုလို ဖြစ်နေပါပြီ။ ကျနော်တို့ မြို့ကို ရောက်တဲ့အချိန်မှာ ဒါကို တွေ့ရပါလိမ့်မယ်။ ကာဗရာက ဂျော်ဂျီယာကို ပြောင်းလဲလိုက်ပါပြီ”လို့ ပြောပြ လာပါတယ်။

Source: CNN

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဆုဖလားရချင်ရင် ဘယ်အသင်းနဲ့မဆို ရင်ဆိုင်ရမှာပဲလို့ ဘရူနိုဖာနန်ဒက်စ်ပြော

By CNI
CNI
Category: Watch TV
Hits: 625

Share
Tweet
Share
Share
powered by social2s

ဘောလုံးကိုပဲ အာရုံစိုက်ဖို့ ကမ္ဘာ့ဖလားဝင်မယ့် နိုင်ငံတွေကို ဖီဖာပြော

By CNI
CNI
Category: Watch TV
Hits: 618

Share
Tweet
Share
Share
powered by social2s
ချယ်လ်ဆီးအသင်း တိုက်စစ်မှူး အူဘာမီယန်းကို တွေ့ရစဉ် (Sports Brief)

အသင်းဟောင်း အာဆင်နယ်နဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ပဲလို့ အူဘာမီယန်းပြော

By CNI
CNI
Category: အားကစား
Hits: 1264

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၄

ချယ်လ်ဆီးအသင်း တိုက်စစ်မှူး အူဘာမီယန်းက အသင်းဟောင်း အာဆင်နယ်နဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ပဲလို့ ပြောပြီး သတိပေး လိုက်ပါတယ်။

အူဘာမီယန်းက “အဆင်နယ်ရေ ပုဂ္ဂိုလ်ရေး ခံစားချက် ဘာမှမရှိတော့ပါဘူး။ အပြာရောင် ကစားသမားအဖြစ်နဲ့ ကျနော် ပြန်လာပါပြီ။ ရင်ဆိုင်ဖို့ ကျနော် အဆင်သင့်ပါပဲ”လို့ BT Sport ရဲ့ ပရိုးမိုးရှင်း ဗွီဒီယိုမှာ ပြောခဲ့တာပါ။

အူဘာမီယန်းဟာ အာဆင်နယ်အသင်းအတွက် ၁၆၃ ပွဲ ပါဝင်ကစားခဲ့ပြီး ၉၂ ဂိုး သွင်းယူကာ အခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ် ဖျက်သိမ်းကာ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိ အူဘာမီယန်းဟာ အာဆင်နယ်အသင်းမှာ ၄ နှစ်ကြာ ကစားခဲ့ပေမယ့် စည်းကမ်းပိုင်း ဆိုင်ရာ ဖောက်ဖျက်မှုတွေကြောင့် နည်းပြ အာတီတာ လက်ထက်မှာ အသင်းခေါင်းဆောင် ရာထူးက ဖယ်ရှား ခံခဲ့ရတာပါ။

အဲ့ဒီနောက်မှာ အာတီတာနဲ့ အဆင်မပြေမှုတွေ ရှိတာကြောင့် အာဆင်နယ်ကနေ ထွက်ခွာခဲ့ပြီး စပိန်ကလပ် ဘာစီလိုနာ အသင်းမှာ သွားရောက် ကစားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းမှာ အူဘာမီယန်း ကစားခဲ့စဉ် (Metro)

ဘာစီလိုနာအသင်းမှာ ၆ လကြာရှိပြီးနောက် အူဘာမီယန်းဟာ အာဆင်နယ်အသင်းရဲ့ လန်ဒန်မြို့ခံပြိုင်ဘက် ချယ်လ်ဆီးအသင်းထံ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။ ဂါဘွန် လက်ရွေးစင်ဟောင်းဟာ ချယ်လ်ဆီးအသင်းအတွက် ၁၁ ပွဲ ပါဝင်ကစားထားပြီး ၃ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

အူဘာမီယန်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာ အသင်းဟောင်း အာဆင်နယ်အသင်းနဲ့ ပြန်လည် ရင်ဆိုင် ရမှာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ အပတ်က ပရီးမီးယားလိဂ်ပွဲမှာ ဘရိုက်တန် အသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ပြီး နည်းပြ ဂရေဟမ်ပေါ်တာ လက်ထက် ပထမဆုံး ရှုံးပွဲကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ချန်ပီယံလိဂ်မှာတော့ ဒိုင်နမိုဇာဂရက် အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ နိုင်ပွဲ ပြန်လည် ရယူနိုင်ခဲ့တာ ဖြစ်ပါ တယ်။

အာဆင်နယ်ကတော့ ဒီရာသီမှာ အကောင်းဆုံးပုံစံ ပြသနေပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံး နေရာမှာ ဦးဆောင်နေသလို ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Source: Metro

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘာစီလိုနာ ကစားသမား ပီကေးကိုတွေ့ရစဉ် (ESPN)

အယ်လ်မာရီးယားနဲ့ ပွဲအပြီးမှာ ပီကေး ကစားသမားဘဝက အနားယူမယ်

By CNI
CNI
Category: အားကစား
Hits: 1071

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၄

ဘာစီလိုနာအသင်း ဝါရင့်နောက်ခံလူ ပီကေးဟာ စနေနေ့ နူးကမ့်ပ်မှာ ကစားမယ့် အယ်လ်မာရီးယားနဲ့ ပွဲအပြီးမှာ ကစားသမားဘဝကနေ အနားယူမယ်လို့ ကြေညာလိုက်ပါတယ်။

ပီကေးက “ဘောလုံးက ကျနော့်ကို အရာအားလုံးပေးခဲ့သလို ဘာကာကလည်း အရာအားလုံးပေးခဲ့ပါတယ်။ ဘာကာ ပရိသတ်တွေကလည်း အရာအားလုံး ပေးခဲ့တာပါပဲ။ ကျနော့်ရဲ့ ကလေးဘဝ အိမ်မက်ကလည်း အမှန် တကယ် ဖြစ်ခဲ့ပြီးပြီဆိုတော့ ဒီခရီးကို အဆုံးသတ်ဖို့ အချိန်ရောက်ပါပြီ။ ဘာကာမှာ ကစားပြီးရင် တခြားအသင်း တွေ ရှိမှာမဟုတ်ဘူးဆိုတာ အမြဲတမ်း ပြောခဲ့ဖူးပါတယ်”လို့ ပြောခဲ့တာပါ။

လာမာစီယာ အကယ်ဒမီထွက် ပီကေးဟာ ၂၀၀၄ က ယူနိုက်တက်အသင်းမှာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလား ရယူကာ ၂၀၀၈ မှာ ဘာစီလိုနာအသင်းထံ ပြန်လည် ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

ပီကေးဟာ ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း ၆၀၀ ကျော် ပါဝင်ကစားခဲ့ပြီး လာလီဂါဖလား ၈ ကြိမ်၊ ချန်ပီယံ လိဂ် ၃ ကြိမ်နဲ့ ကိုပါဒယ်ရေးဖလား ၇ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၃၀ ရယူနိုင်ခဲ့ပါတယ်။

ပီကေးက “ ကျနော် သိပ်မကြာခင် ဒီကိုပြန်လာမယ်ဆိုတာ ခင်ဗျားတို့ သိပါတယ်။ နူးကမ့်ပ်မှာ ကျနော်တို့ ပြန်တွေ့ကြမယ်”လို့လည်း ပြောခဲ့ပါတယ်။

ဘာစီလိုနာအသင်း ချန်ပီယံလိဂ်ဖလား ရရှိခဲ့စဉ်က ပီကေးကိုတွေ့ရစဉ် (Stadium Astro)

ပီကေးဟာ နည်းပြအဖြစ် ကိုင်တွယ်နေတဲ့ အသင်းဖော်ဟောင်း ဇာဗီလက်ထက် ဒီရာသီမှာ ပုံမှန်ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတာဖြစ်ပြီး ပြိုင်ပွဲစုံ ၉ ပွဲသာ ပါဝင်ကစားခွင့် ရခဲ့တာပါ။ ပီကေးဟာ အသင်းဘဏ္ဍာရေး အခက်အခဲ ကြုံတွေ့နေရချိန်မှာ လုပ်ခလစာ လျှော့ယူခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

ပီကေးဟာ စပိန်လက်ရွေးစင် အသင်းကနေလည်း ၂၀၁၈ မှာ အနားယူခဲ့ပြီး ပွဲပေါင်း ၁၀၂ ပွဲ ပါဝင်ကစားကာ ၂၀၁၀ ကမ္ဘာ့ဖလားနဲ့ ၂၀၁၂ ယူရိုချန်ပီယံဆုတွေကို ရယူနိုင်ခဲ့တာပါ။

အခုဆိုရင် ပီကေးဟာ စပိန်ဒုတိယတန်းကလပ် အန်ဒိုရာအသင်းကို ပိုင်ဆိုင်ထားပြီး ကော့စ်မို့စ် တင်းနစ်ရဲ့ တည်ထောင်သူနဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ စပိန်နောက်ခံလူဟောင်းဟာ ပြီးခဲ့တဲ့ ဇွန်လက လက်တွဲဖော် အဆိုတော် ရှာကီရာနဲ့ လမ်းခွဲထားတာလည်း ဖြစ်ပါတယ်။

ပီကေးရဲ့ ဘာစီလိုနာအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာထားရပြီး လာလီဂါပြိုင်ပွဲမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ ရီးရယ်လ်အသင်းနဲ့ ၁ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘရူနိုဖာနန်ဒက်စ်ကို ဆိုစီဒက်နဲ့ပွဲမှာ တွေ့ရစဉ် (Sport)

ဆုဖလားရချင်ရင် ဘယ်အသင်းနဲ့မဆို ရင်ဆိုင်ရမှာပဲလို့ ဘရူနိုဖာနန်ဒက်စ်ပြော

By CNI
CNI
Category: အားကစား
Hits: 1046

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၄

ယူနိုက်တက်အသင်း ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ဆုဖလားရချင်တယ်ဆိုရင် ဘယ်အသင်းနဲ့မဆို ရင်ဆိုင် ရမှာပဲလို့ ချန်ပီယံလိဂ်ကနေ ထွက်ခွာလာတဲ့ အသင်းတွေနဲ့ တွေ့ဆုံမယ့်အပေါ် ပြောလိုက်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်က “ ကျနော်တို့ ဒါကို ကြည့်ဖို့ မလိုအပ်ပါဘူး။ ကျနော်တို့ဟာ ဒီအသင်းတွေကို ရှောင်ရှားပြီး သွားချင်ပေမယ့် အခုဒီအသင်းတွေကို ရင်ဆိုင်သွားရမှာပါ။ ဒါပေမယ့် ဒါက ပြဿနာမရှိပါဘူး။ ပြိုင်ပွဲမှာ ဆုဖလား ရယူချင်တယ်ဆိုရင်တော့ ပြိုင်ပွဲရဲ့ ဘယ်လို အခြေအနေမှာမဆို အသင်းကောင်းတွေနဲ့တော့ ရင်ဆိုင်ရမှာပါပဲ။ အနှေးနဲ့ အမြန်ဆိုတာပဲ ရှိတာပါ။ အဲ့ဒီအတွက် ကျနော်တို့ အဆင်သင့် ဖြစ်နေပါပြီ”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ ဆိုစီဒက်အသင်းကို ၁ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဒီဂိုးကိုတော့ ဂါနာချိုက သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဆိုစီဒက်နဲ့ ယူနိုက်တက် ယှဉ်ပြိုင်နေစဉ် (Reuters)

ယူနိုက်တက်အသင်းဟာ ၁၆ သင်းအဆင့်ကို တန်းတက်နိုင်ဖို့အတွက် ဆိုစီဒက်အသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရဖို့ လိုအပ်ခဲ့ပေမယ့် ၁ ဂိုးသာ သွင်းနိုင်ခဲ့တာကြောင့် ဂိုးကွာခြားချက်နဲ့ အုပ်စုဒုတိယသာ ရရှိခဲ့တာပါ။ အဲ့ဒါကြောင့် မန်ချက်စတာကလပ်ဟာ နောက်တစ်ဆင့်တက်ဖို့ ပလေးအော့ဖ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပလေးအော့ဖ် အဆင့်မှာ ချန်ပီယံလိဂ်ကနေ ထွက်ခွာလာတဲ့ ဘာစီလိုနာ၊ အေဂျတ်စ်၊ ဂျူဗင်တပ်စ်၊ ဆီဗီလာစတဲ့ အသင်းတွေနဲ့ တွေဆုံနိုင်ဖွယ် ရှိနေတာပါ။

ဒီပွဲတွေအတွက် မဲခွဲမှုကို နိုဝင်ဘာလ ၇ ရက်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ပွဲစဉ်တွေကို ဖေဖော်ဝါရီလမှ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ မန်စီးတီးအသင်းကို အရေးနိမ့်ပြီး ကတည်းက လက်ရှိအချိန်ထိ ပြိုင်ပွဲစုံ ၉ ပွဲဆက် ရှုံးပွဲမရှိ ဖြတ်သန်းနေတာလည်း ဖြစ်တာပါ။

ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်း အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: MEN

 

 

 

 

Share
Tweet
Share
Share
powered by social2s
Boycott Qatar 2022 စာတမ်း ကိုင်ဆောင်ထားသည်ကိုတွေ့ရစဉ် (Sport)

ဘောလုံးကိုပဲ အာရုံစိုက်ဖို့ ကမ္ဘာ့ဖလားဝင်မယ့် နိုင်ငံတွေကို ဖီဖာပြော

By CNI
CNI
Category: အားကစား
Hits: 1143

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၄

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ကမ္ဘာ့ဖလားယှဉ်ပြိုင်မယ့် ၃၂ သင်းအနေနဲ့ ဘောလုံးကိုပဲ အာရုံစိုက်ဖို့ အချိန် ရောက်ပြီလို့ ပြောလိုက်ပါတယ်။

ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုနဲ့ အထွေထွေအတွင်းရေးမှူး ဆာမိုအူရာတို့ လတ်မှတ်ရေးထိုးတားတဲ့ စာမှာ ဘောလုံးကိုပဲ အာရုံစိုက်ပါဆိုပြီး ပြိုင်ပွဲဝင်နိုင်ငံတွေကို တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဘယ်သူ့ကိုမဆို ခွဲခြားဆက်ဆံမှု မပြုလုပ်ဘဲ ကြိုဆိုသွားမှာဖြစ်ပြီး စိန်ခေါ်မှုတွေ အများကြီးနဲ့ ကမ္ဘာတစ်ဝှမ်းလုံး မှာ နိုင်ငံရေး သဘောသဘာဝအရ အခက်အခဲတွေ ရှိတယ်ဆိုတာ သိတယ်ဆိုတဲ့ အကြောင်းကို စာထဲမှာ ရေးသား ထားပါတယ်။

နိုဝင်ဘာလ ၂၀ ရက်မှာ စတင်ကျင်းပတော့မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အငြင်းပွားမှုတွေနဲ့ ဝန်းရံခံနေရတာ ဖြစ်ပါ တယ်။ ကာတာနိုင်ငံဟာ လိင်တူဆက်ဆံမှုအပေါ် သူတို့ရဲ့ ရည်တည်မှု၊ သူတို့ရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေအပေါ် သူတို့ရဲ့ ဆက်ဆံပုံတွေကြောင့် ဝေဖန်မှုတွေကို ခံနေရတာပါ။

အင်ဖာတီနိုနဲ့ ကာတာ တာ၀န်ရှိသူတစ်ဦးကိုတွေ့ရစဉ် (The West Australian)

အဲ့ဒါကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြဖို့ကိုလည်း ကစားသမားအချို့က စီစဉ်ထားတာပါ။ အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းနဲ့ အခြားဥရောပအသင်းတွေရဲ့ အသင်းခေါင်းဆောင် ၉ ဦးဟာ One Love စာသားပါ အသင်း ခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။

ဒိန်းမတ်အသင်းဆိုရင် ကာတာနိုင်ငံကို ဆန့်ကျင်တဲ့ ဂျာစီကို ဝတ်ဆင်သွားမှာဖြစ်ပြီး ပဲရစ်နဲ့ ပြင်သစ်ရှိ မြို့ကြီးတွေ မှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို လူမြင်ကွင်းတွေမှာ ပြသဖို့ ငြင်းဆန်ထားပါတယ်။

သြစတြေးလျ အသင်းကတော့ လိင်တူဆက်ဆံမှုဆိုင်ရာ ဥပဒေကို ဖျက်သိမ်းဖို့ ကာတာနိုင်ငံကို တိုက်တွန်းတဲ့ ဗွီဒီယိုဖိုင်ကို ထုတ်လွှင့်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က ပြိုင်ပွဲမှာ နိုင်ငံရေးကြေညာချက် ဒါမှမဟုတ် ဆန္ဒပြမှုတွေ ပြုလုပ်ဖို့ ကစားသမားတွေ မျှော်လင့်နေတာက မျှတမှုမရှိဘူးလို့ ပြောခဲ့ပါတယ်။

ဒါ့ကြောင့် ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မစခင်မှာ ဝေဖန်သံတွေ အများအပြား ကြားခဲ့ရတာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပုံမှန်ဆိုရင် နွေရာသီမှာ ကျင်းပပေမယ့် ကာတာနိုင်ငံရဲ့ ပူပြင်းတဲ့ ရာသီဥတုကြောင့် ဆောင်းရာသီမှာ ပထမဆုံး အကြိမ် ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာပါ။

ကာတာ ကမ္ဘာ့ဖလား ပြင်ဆင်မှုကိုတွေ့ရစဉ် (The Japan Times)

ကာတာနိုင်ငံဟာ အစောပိုင်းက လေအေးပေးစက်တွေဖွင့်ကာ အားကစားကွင်းကို အလုံပိတ်ပြီး ကျင်းပဖို့ စီစဉ်ခဲ့ ပေမယ့် အဆိုပါ အစီအစဉ်ဟာ ပယ်ချခံခဲ့ရတာ ဖြစ်ပါတယ်။ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ စီစဉ်သူတွေက နိုင်ငံ အတွင်းကို လာရောက် ကြည့်ရှုတဲ့သူတွေကို ကြိုဆိုသွားမှာဖြစ်ပြီး ဘယ်သူ့ကိုမှ ခွဲခြားဆက်ဆံမှာ မဟုတ်ဘူးလို့ ပြောခဲ့တာပါ။

ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့အတွက် အားကစားကွင်းအသစ် ၇ ကွင်း အပြင် လေဆိပ်၊ လမ်းတွေနဲ့ ဟိုတယ်ပေါင်း ၁၀၀ ခန့်ကို တည်ဆောက်ခဲ့တယ်လို့လည်း သိရပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာလ ၂၀ ရက်ကနေ ဒီဇင်ဘာလ ၁၈ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဆွန်ဟောင်မင် ခွဲစိတ်ကုသမှု ခံယူရမယ်လို့ စပါးအသင်း အတည်ပြု

By CNI
CNI
Category: Watch TV
Hits: 565

Share
Tweet
Share
Share
powered by social2s

ချန်ပီယံလိဂ်သွင်းဂိုး ၄၀ ပြည့် အသက်အငယ်ဆုံးကစားသမား ဘတ်ပီ ဖြစ်လာ

By CNI
CNI
Category: Watch TV
Hits: 556

Share
Tweet
Share
Share
powered by social2s
အန်ဆယ်လော့တီနဲ့ ရာမို့စ်ကိုတွေ့ရစဉ်(Real Madrid)

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် စပိန်အသင်းမှာ ရာမို့စ်ကို ရွေးချယ်ဖို့ အန်ဆယ်လော့တီပြော

By CNI
CNI
Category: အားကစား
Hits: 1042

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃

ရီးရယ်လ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် စပိန်အသင်းရဲ့ လူစာရင်းမှာ ရာမို့စ်ကို ရွေးချယ်ဖို့ ပြောလိုက်ပါတယ်။

အန်ဆယ်လော့တီက “ရာမို့စ်ရဲ့ အတွေ့အကြုံတွေနဲ့ အရည်အသွေးတွေက ကမ္ဘာ့ဖလားပြိုင်ပွဲကို သွားနိုင်ဖို့ ဘာ သံသယမှ မရှိပါဘူး။ သူဟာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦးအဖြစ် ရှိနေဆဲပါပဲ”လို့ ပြောခဲ့ပါတယ်။

အန်ဆယ်လော့တီဟာ ရီးရယ်လ်အသင်းကို ပထမဆုံးအကြိမ် ကိုင်တွယ်ခဲ့တုန်းက ရာမို့စ်နဲ့ အလုပ်လုပ်ခဲ့ရတာ ကြောင့် ကစားသမားရဲ့ အရည်အသွေးတွေကို သိရှိနေတာပါ။

ရာမို့စ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် စပိန်အသင်းရဲ့ ပဏာမ ကစားသမား ၅၅ ဦးစာရင်းမှာ ပါဝင်နေပေမယ့် နိုဝင်ဘာလ ၁၄ ရက်မှာ ထုတ်ပြန်မယ့် နည်းပြ အင်းနရစ်ရဲ့ အပြီးသတ် ၂၆ ဦးစာရင်းမှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

စပိန်လက်ရွေးစင် အသင်းမှာ ကစားခဲ့တဲ့ ရာမို့စ်ကိုတွေ့ရစဉ် (SportsMax)

ရာမို့စ်ဟာ ဒဏ်ရာတွေကြောင့် ယူရို ၂၀၂၀ ပြိုင်ပွဲမှာလည်း စပိန်အတွက် မပါဝင်နိုင်ခဲ့သလို အဲ့ဒီနောက်ပိုင်း အသင်းရဲ့ လူစာရင်းမှာ ရွေးချယ်ခြင်း မခံရတော့တာပါ။

ရာမို့စ်ဟာ ဒီရာသီမှာ ပီအက်စ်ဂျီ အသင်းနဲ့အတူ ခြေစွမ်းပြသနေတာကြောင့် စပိန်အသင်းအတွက် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ရာမို့စ်ဟာ စပိန်လက်ရွေးစင် အသင်းအတွက် ပွဲပေါင်း ၁၈၀ ပါဝင် ကစားထားပြီး ပွဲအများဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းတင်ထားတာပါ။

ပီအက်စ်ဂျီ နောက်ခံလူဟာ စပိန်အတွက် ၂၃ ဂိုးအထိ သွင်းယူထားပြီး ဂိုးသွင်းအားကောင်းတဲ့ နောက်ခံ ကစားသမားအဖြစ် ရှိနေတာ ဖြစ်ပါတယ်။

စပိန်အသင်းရဲ့ ပဏာမစာရင်းမှာ ယူနိုက်တက်ဂိုးသမား ဒီဂီယာလည်း ချန်လှပ်ခံခဲ့ရတယ်လို့ သိရပါတယ်။ ဒီဂီယာ ဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲဝင် စပိန်အသင်း လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် တစ်ပွဲမှ ကစားရခြင်း မရှိခဲ့ပါဘူး။

စပိန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီ၊ ကော်စတာရီကာ၊ ဂျပန်တို့နဲ့ အုပ်စု E မှာ ကျရောက်နေပြီး အဖွင့် ပွဲစဉ်အဖြစ် ကော်စတာရီကာ အသင်းနဲ့ နိုဝင်ဘာလ ၂၃ ရက်မှာ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပြင်သစ် ဘတ်စကတ်ဘောသမား သောမတ်စ်ဟူတယ်လ်ကို တွေ့ရစဉ် (Rival Times)

ရုရှားကလပ်ကိုပြောင်းလို့ ပိတ်ပင်ခံလိုက်ရတဲ့ ပြင်သစ်ဘတ်စကတ်ဘော ကြယ်ပွင့်

By CNI
CNI
Category: အားကစား
Hits: 1297

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃

ဘတ်စကတ်ဘော ကစားသမား သောမတ်စ်ဟူတယ်လ်ဟာ ရုရှားကလပ် ဇင်းနစ်အသင်းထံ ပြောင်းရွှေ့ခဲ့တာ ကြောင့် ပြင်သစ်လက်ရွေးစင်အတွက် ကစားခွင့် ပိတ်ပင်ခံလိုက်ရပြီ ဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိ ဟူတယ်လ်ဟာ ပြင်သစ်အသင်းကို ဥရောပချန်ပီယံရှစ်ပြိုင်ပွဲမှာ ငွေတံဆိပ်ရအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် စက်တင်ဘာလမှာ ဇင်းနစ်အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။

ပြင်သစ် ဘတ်စကတ်ဘော အကြီးအကဲတွေက ရုရှားကလပ်ကို ကစားနေတဲ့ ကစားသမားတွေကို နိုင်ငံအသင်း အတွက် ရွေးချယ်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပေမယ့် အဆိုပါကစားသမားက ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ ယူရို ဘတ်စကတ်ဘော ပြိုင်ပွဲအပြီးမှာ ရုရှားကို ပြောင်းခဲ့တဲ့အတွက် ပြင်သစ်တာဝန်ရှိသူတွေက ဟူတယ်လ် ကို ဒေါသထွက် နေကြတာပါ။

ပြင်သစ်ဘတ်စကတ်ဘော အဖွဲ့ချုပ်ဥက္ကဋ္ဌ ဆူတက်ခ်က ဟူတယ်လ်ရဲ့ လက်ရွေးစင် ကစားသမားဘဝဟာ ပြီးဆုံးသွားခဲ့ပြီလို့ ပြောခဲ့ပါတယ်။

ပြင်သစ် ဘတ်စကတ်ဘောသမား သောမတ်စ်ဟူတယ်လ်ကို တွေ့ရစဉ် (SportsDesk)

ဆူတက်ခ်က “ သောမတ်စ်ဟာ ကတိကဝတ်ကို လေးစားလိုက်နာခြင်း မရှိပါဘူး။ ကျနော့်အတွက်ကတော့ ဒီနေ့ကစပြီး သူဟာ ပြင်သစ်လက်ရွေးစင် အသင်းမှာ မရှိတော့ပါဘူး။ ပြီးဆုံးသွားပါပြီ”လို့ ပြောခဲ့ပါတယ်။

ယူကရိန်းမှာ ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေချိန်မှာ ရုရှား ဒါမှမဟုတ် ဘယ်လာရုစ် အသင်းတွေမှာ ပါဝင် ကစားနေတဲ့ ကစားသမားတွေကို လက်ရွေးစင်အတွက် ရွေးချယ်မှာ မဟုတ်ဘူးလို့ ပြင်သစ် ဘတ်စကတ်ဘော အဖွဲ့ချုပ်ဟာ သြဂုတ် လအစောပိုင်းက သတိပေးခဲ့ပါတယ်။

တာဝန်ရှိသူတွေနဲ့ ကစားသမားတွေဟာ ဒီသဘောတူညီမှုကို အတည်ပြုနိုင်ဖို့အတွက် လတ်မှတ်ရေးထိုးဖို့ တောင်းဆိုမှုတွေရှိခဲ့ပြီး ဒါကို ချိုးဖျက်မယ်ဆိုရင် ၂၀၂၄ ပဲရစ်အိုလံပစ် အပါအဝင် ပြိုင်ပွဲတွေ ယှဉ်ပြိုင်ခွင့် ဆုံးရှုံးနိုင်တယ်လို့ သိရပါတယ်။
ပြင်သစ် ကစားသမားတွေဖြစ်တဲ့ ချာလတ်စ်နဲ့ လာဘီရီတို့ဟာ စီအက်စ်ကေအေ မော်စကိုနဲ့ UNICS ကာဇန်အသင်းတွေမှာ ကစားနေတာကြောင့် ဒီတောင်းဆိုမှုကို လက်မှတ် မထိုးခဲ့တဲ့အတွက် ပြင်သစ် ဘတ်စကတ်ဘောအဖွဲ့ချုပ်က သူတို့ကို လူစာရင်းကနေ ဖယ်ရှားခဲ့တာပါ။

ဟူတယ်လ်ကတော့ ပြင်သစ်အသင်းကို ယူရိုဗိုလ်လုပွဲအထိ တက်ရောက်နိုင်အောင် ကူညီပေးနိုင်ခဲ့ပြီး ရက်ပိုင်းအကြာမှာ ဇင်းနစ်အသင်းထံ ၁ နှစ် ထပ်တိုးခွင့် ရွေးချယ်မှုနဲ့ ၁ နှစ် စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

ဟူတယ်လ်ဟာ ပြင်သစ်အတွက် ၉၉ ပွဲ ပါဝင်ကစားထားပြီး ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ငွေတံဆိပ်ရခဲ့တဲ့ အသင်းမှာ ပါဝင်ခဲ့တာပါ။ ပြင်သစ်ကစားသမားဟာ ရုရှားကို မပြောင်းခင် စပိန်၊ ပြင်သစ်နဲ့ တူရကီကလပ်တွေ မှာလည်း ကစားခဲ့တာ ဖြစ်ပါတယ်။

Source: အာတီရ်သတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s

ချန်ပီယံလိဂ်သွင်းဂိုး ၄၀ ပြည့် အသက်အငယ်ဆုံးကစားသမား ဘတ်ပီ ဖြစ်လာ

By CNI
CNI
Category: အားကစား
Hits: 1534

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ဘတ်ပီဟာ ဂျူဗင်တပ်စ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စံချိန်သစ်တစ်ခုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီက ဂျူဗင်တပ်စ်ကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဘတ်ပီဟာ မက်ဆီရဲ့ ဖန်တီးပေးမှုကနေ ဂိုးသွင်းယူပြီးနောက် စံချိန်သစ်တင်ခဲ့တာပါ။ဘတ်ပီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၄၀ ပြည့်တဲ့ အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။အရင်က ဒီစံချိန်ကိုတင်ထားခဲ့သူကတော့ ပီအက်စ်ဂျီအသင်းဖော် မက်ဆီဖြစ်ပြီး ၂၀၁၁ နိုဝင်ဘာလက အသက် ၂၄ နှစ်၊ ၁၃၀ ရက်နဲ့ တင်ထားခဲ့တာပါ။

အခု ဘတ်ပီက အသက်၂၃ နှစ်နဲ့ ၁၃၇ ရက်သာ ရှိသေးတာကြောင့် မက်ဆီရဲ့ စံချိန်ကို ကျော်ဖြတ်ပြီး စံချိန်သစ် တင်နိုင်ခဲ့တာဖြစ်ပါတယ်။ဘတ်ပီဟာ ဒီလို သမိုင်းမှတ်တိုင်စိုက်ထူနိုင်တဲ့ ၁၇ ဦးမြောက် ကစားသမား ဖြစ်ခဲ့ပြီး ပြင်သစ်ကစားသမားအနေနဲ့ဆိုရင် ၃ ဦးမြောက်ကစားသမား ဖြစ်ခဲ့တာပါ။သူ့ရဲ့ အထက်မှာ အွန်နရီ ဂိုး ၅၀ နဲ့ ဘန်ဇီမာ ၈၆ ဂိုးတို့ ဖြစ်ပါတယ်။

ဘတ်ပီဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့လို့ ဒီရာသီ ချန်ပီယံလိဂ်သွင်းဂိုး ၇ ဂိုးအထိ ရှိသွားခဲ့ပြီး လီဗာပူးလ်တိုက်စစ်မှူး ဆာလတ်နဲ့အတူ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေတာပါ။ ပြင်သစ် တိုက်စစ်မှူးဟာ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ၁၈ ပွဲကစားအပြီးမှာ ၁၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ ပါတယ်။ပီအက်စ်ဂျီအသင်းဟာ ဂျူဗင်တပ်စ်အသင်းကို အနိုင်ရခဲ့ပေမယ့် အုပ်စုတွင်း အခြားပွဲမှာ ဘင်ဖီကာ အသင်းက မက္ကာဘီဟိုင်ဖာအသင်းကို ၆ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရသွားခဲ့တာပါ။

အဲဒါကြောင့် ပီအက်စ်ဂျီအသင်းဟာ အုပ်စုဒုတိယနဲ့ ၁၆ သင်းအဆင့်တက်နိုင်ခဲ့တာဖြစ်ပြီး မဲခွဲမှုမှာ အသင်းကြီး တွေနဲ့ တွေ့ဆုံနိုင်တာပါ။ပီအက်စ်ဂျီအသင်းဟာ ဒီတစ်ပတ် လီဂူးဝမ်းပွဲစဉ်အဖြစ် လော်ရီးယန့်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:ESPN

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
မျက်ခုံးဒဏ်ရာ ရသွားတဲ့ ဆွန်ဟောင်မင်ကိုတွေ့ရစဉ် (The Times)

ဆွန်ဟောင်မင် ခွဲစိတ်ကုသမှု ခံယူရမယ်လို့ စပါးအသင်း အတည်ပြု

By CNI
CNI
Category: အားကစား
Hits: 1373

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃

တိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ ဘယ်ဘက် မျက်လုံးပတ်လည်မှာ အရိုးအက် သွားတာကို ပြန်လည် ကောင်းမွန်ဖို့ အတွက် ခွဲစိတ်ကုသဖို့ လိုအပ်တယ်လို့ စပါးအသင်းက အတည်ပြု ပြောကြားခဲ့ပါတယ်။

အသက် ၃၀ အရွယ်ရှိ ဆွန်ဟောင်မင်ဟာ မာဆေးလ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်ရဲ့ ပထမပိုင်းမှာ ဒဏ်ရာ ရရှိသွားခဲ့တာပါ။

ပြိုင်ဘက် ကစားသမား အမ်ဘမ်ဘာနဲ့ ဘောလုံးခုန်တိုက်တာမှာ ထိခိုက်မိခဲ့တာဖြစ်ပြီး ဒီဒဏ်ရာကြောင့် ဆွန်ဟောင်မင်ဟာ ပွဲကို ဆက်လက် မကစားနိုင်တော့တဲ့အတွက် လူစားလဲ ခဲ့ရပါတယ်။

ဆွန်ဟောင်မင်ရဲ့ ဒဏ်ရာ အခြေအနေကို စမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ ခွဲစိတ်ကုသဖို့ လိုအပ်တယ်လို့ စပါးအသင်းက အတည်ပြု ထုတ်ပြန်ခဲ့တာပါ။

“ခွဲစိတ်မှုပြီးတာနဲ့ ဆွန်ဟာ အသင်းရဲ့ ဆေးအဖွဲ့ဝင်တွေနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်တွေကို စတင် မှာပါ။ အားပေးတဲ့ ပရိသတ်တွေကို နောက်ဆုံးရ အခြေအနေတွေကို ပြောပြပေးသွားမယ်”လို့ စပါးအသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆွန်ဟောင်မင် ခေါင်းယှဉ်တိုက်စဉ် မျက်ခုံးဒဏ်ရာ ရသွားပုံကိုတွေ့ရစဉ် (sport)

ဒါပေမယ့် ဘယ်အချိန်မှာ ခွဲစိတ်မှုပြုလုပ်ပြီး ဘယ်လောက်ကြာကြာ အနားယူရမလဲဆိုတာကိုတော့ စပါးအသင်း က ထုတ်ပြန်ချက်မှာ ထည့်သွင်း ဖော်ပြသွားတာ မရှိပါဘူး။ ဆွန်ဟောင်မင်ရဲ့ သတင်းဟာ တောင်ကိုရီးယား လက်ရွေးစင် အသင်းအတွက် စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။

ဆွန်ဟောင်မင်ဟာ လီဗာပူးလ်နဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲမှာ စပါးအတွက် ပါဝင်နိုင်မှာ မဟုတ်ပေမယ့် တောင်ကိုရီးယားနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြနေကြ ပါတယ်။

အခုဆိုရင် ဆွန်ဟောင်မင်ဟာ အကာအကွယ်ပါတဲ့ မျက်နှာဖုံး ဝတ်ဆင်ပြီး ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင် နိုင်တယ် လို့လည်း သိရပါတယ်။

မန်စီးတီးအသင်း ကွင်းလယ်လူ ဒီဘရိုင်းဟာဆိုရင် ၂၀၂၁ က ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ နှာခေါင်းကျိုးပြီး မျက်လုံး အခွံ ထိခိုက်ခဲ့ပေမယ့် ၁၉ ရက်အကြာမှာ ဘယ်လ်ဂျီယံအတွက် ယူရို ၂၀၂၀ ပြိုင်ပွဲ ပါဝင် ယှဉ်ပြိုင်ခဲ့ဖူး ပါတယ်။

ဆွန်ဟောင်မင်ဟာ တောင်ကိုရီးယားအတွက် ၁၀၄ ပွဲ ပါဝင်ကစားထားပြီး ၃၅ ဂိုး သွင်းယူကာ အသင်း ခေါင်းဆောင်အဖြစ် တာဝန်ယူ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ တောင်ကိုရီးယား အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မှာ ပေါ်တူဂီ၊ ဂါနာ၊ ဥရုဂွေးတို့နဲ့ အုပ်စု H မှာ ကျရောက်နေတာပါ။

တောင်ကိုရီးယားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့် ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၄ ရက်မှာ ဥရုဂွေးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

လီဗာပူးလ်အရည်အသွေးကို ဘယ်တုန်းကမှ သံသယမရှိခဲ့ဘူးလို့ ကလောပ့်ပြော

By CNI
CNI
Category: Watch TV
Hits: 530

Share
Tweet
Share
Share
powered by social2s
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31
  • 32
  • 33
  • 34

Page 30 of 81

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar