CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၁

ရော်နယ်ဒိုဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ပေါ်တူဂီအသင်းရဲ့ ကစားသမား ၂၆ ဦး စာရင်းမှာ ပါဝင်ခဲ့တာ ကြောင့် ဒီကမ္ဘာ့ဖလားဟာ သူ့အတွက် ၅ ကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကမ္ဘာ့ဖလား ဖြစ်လာခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲကစပြီး ပေါ်တူဂီအတွက် စတင်ပါဝင်ခဲ့ကာ ၂၀၁၀၊ ၂၀၁၄ နဲ့ ၂၀၁၈ ပြိုင်ပွဲ တွေမှာလည်း ပါဝင်ခဲ့တာပါ။

အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ဒီရာသီ ယူနိုက်တက် အသင်းအတွက် ၃ ဂိုး သာ သွင်းယူထားနိုင်ပြီး ပုံစံ ကောင်း ပြသနိုင်ဖို့ ရုန်းကန်နေရပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ပေါ်တူဂီအသင်းကို ဦးဆောင်မှာ ဖြစ်ပါတယ်။ ကာတာကမ္ဘာ့ဖလားဟာ ရော်နယ်ဒိုအတွက် နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာနိုင်ပါတယ်။

ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၇ ပွဲ ကစားထားပြီး ၇ ဂိုး သွင်းယူထားတာ ဖြစ်ပြီး ဒီပြိုင်ပွဲမှာ ဂိုးသွင်း ယူနိုင် မယ်ဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ကြိမ်ဆက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

ပေါ်တူဂီအသင်း နည်းပြ ဖာနန်ဒိုဆန်းတို့စ်နဲ့ရော်နယ်ဒိုကိုတွေ့ရစဉ် (Sports)

ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ်က “ ရော်နယ်ဒို အပါအဝင် အခုခေါ်ယူခဲ့တဲ့ ကစားသမားတွေ အားလုံးဟာ အောင်မြင်မှုတွေ ဆာလောင်နေပြီး ပေါ်တူဂီကို ကမ္ဘာ့ချန်ပီယံဖြစ်အောင် လုပ်ဆောင်ပေးမယ့်သူတွေ”လို့ ပြောခဲ့ပါတယ်။

ပေါ်တူဂီအသင်း လူစာရင်းမှာ ပရီးမီးယားလိဂ် ကစားသမား ၁၀ ဦးအထိ ပါဝင်ခဲ့ပါတယ်။ သူတို့တွေကတော့ ရော်နယ်ဒိုရဲ့ ယူနိုက်တက်အသင်းဖော် ဘရူနိုဖာနန်ဒက်စ်နဲ့ ဒါလော့၊ မန်စီးတီးအသင်းက ရူဘင်ဒီယက်စ်၊ ကန်ဆယ်လို နဲ့ ဘာနာဒိုဆေးလ်ဗား၊ ဖူလ်ဟမ်က ပယ်လင်ဟာ၊ ဝုလ်ဗ်စ်က ဂျိုဆီဆာ၊ ရူဘင်နာဗက်စ်နဲ့ နူနက်စ်တို့ ဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိ ဝါရင့်နောက်ခံလူ ပီပီကလည်း ပေါ်တူဂီ လူစာရင်းမှာ ပါဝင်ခဲ့ပြီး မော်တင်ဟို၊ ဂွီဒက်စ်နဲ့ ရီနာတိုဆန်းချက်စ် တို့ကတော့ လူစာရင်းမှာ မပါဝင်ခဲ့ပါဘူး။

ပေါ်တူဂီအသင်းဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရုဂွေး၊ ဂါနာ၊ တောင်ကိုရီးယားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၄ ရက်မှာ ဂါနာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါ တယ်။

Source: BBC