CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၁

ဘရာဇီးလ်ဂန္တဝင် ပီလီက ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူပြီး ဘရာဇီးလ်အင်္ကျီရဲ့ ရင်ဘတ်မှာ ၆ ခုမြောက် ကြယ် ထပ်ထည့်ဖို့ ပြောလိုက်ပါတယ်။

ပီလီက “ကျနော် ဘရာဇီးလ်အသင်း အင်္ကျီကို နောက်ဆုံး ဝတ်ဆင်ခဲ့တုန်းက ကြယ်ပွင့် ၃ ခု တပ်နိုင်အောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ အခု ကျနော်တို့ဆီမှာ ကြယ် ၅ ခု ရှိပါတယ်။ ၆ ခုမြောက် ကြယ်ကို ထပ်တည့် နိုင်ဖို့အတွက် မစောင့်ဆိုင်းနိုင်တော့ဘူး”လို့ ပြောပါတယ်။

ပီလီဟာ ဘရာဇီးလ်အသင်းကို ၁၉၅၈၊ ၁၉၆၂ နဲ့ ၁၉၇၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ချန်ပီယံဆု ရယူနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဆုကို ၂၀၀၂ က နောက်ဆုံး ရယူခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၂၀ ကျော် အကြာမှာ ပထမဆုံးအကြိမ် ပြန်လည်ရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ ပီလီက နည်းပြတိုင်တီ ရွေးချယ်ထားတဲ့ ကစားသမား ၂၆ ဦးကို ယုံကြည်မှု အပြည့်ရှိတယ်လို့လည်း ပြောပါတယ်။

နည်းပြတိုင်တီနဲ့ ဘရာဇီးလ်ကစားသမား နေမာကိုတွေ့ရစဉ်

ပီလီက “ ကျနော်ဒီ အသင်းကို ယုံကြည်မှုအပြည့်နဲ့ မဲပေးချင်ပါတယ်။ နိုင်ငံအသင်း ကံကောင်းပါစေလို့ ကျနော် ဆန္ဒပြုကြောင်း” ပြောခဲ့ပါတယ်။

အခုဆိုရင် ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့အဆင့် ရပ်တည်မှု အဆင့် ၁ နေရာမှာ ရပ်တည်နေပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲတောင် အမေရိကဇုန်မှာ ရှုံးပွဲမရှိ ဖြတ်သန်းခဲ့တာကြောင့် ကမ္ဘာ့ဖလား ချန်ပီယံဆု ရယူနိုင်ဖို့ ရေပန်း စားနေတဲ့ အသင်းတွေထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား ချန်ပီယံဆု အများဆုံးရထားတဲ့ ဘရာဇီးလ်အသင်းဟာ အခုနှစ်ပြိုင်ပွဲမှာ ဆားဘီးယား၊ ဆွစ်ဇာလန်၊ ကင်မရွန်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာပါ။ ဘရာဇီးလ်အသင်းဟာ အုပ်စုအဖွင့် ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၄ ရက်မှာ ဆားဘီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: CNA