CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၁
 
ဂျော်ဂျီနာက ‌မော်ရိုကိုနဲ့ ပွဲမှာ ရော်နယ်ဒိုကို ပွဲထွက်လူစာရင်းကနေ ချန်ခဲ့တာနဲ့ ပတ်သက်ပြီး ပေါ်တူဂီအသင်းနည်းပြ ဖာနန်ဒိုဆန်းတို့စ်ကို ပြစ်တင် ဝေဖန်လိုက်ပါတယ်။
 
ဂျော်ဂျီနာက "ဒီနေ့ ရှင့်ရဲ့သူငယ်ချင်းနဲ့ နည်းပြက အလွန်ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါတယ်။အဲ့ဒီလူက ရှင်ပွဲထဲဝင်လိုက်တာနဲ့ အရာအားလုံးပြောင်းလဲသွားတယ်ဆိုတာကို တွေ့လိုက်ရပါတယ်။ဒါပေမယ့် အလွန်နောက်ကျသွားခဲ့ပါပြီ။ကမ္ဘာ့အကောင်းဆုံးကစားသမား၊သူ့ရဲ့အစွမ်းထက်ဆုံးလက်နက်ကို လျှော့တွက်လို့မရပါဘူး။မထိုက်တန်တဲ့သူတယောက်အတွက် ရှင်ရပ်တည်လို့မရပါဘူး။ဘဝက ကျမတို့ကိုသင်ခန်းစာတွေပေးပါတယ်။ဒီနေ့မရှုံးခဲ့ပါဘူး၊သင်ယူခဲ့ရတာပါ"လို့ အင်စတာဂရမ်မှာ ရေးသားခဲ့တာပါ။
 
ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ်ဟာ ရော်နယ်ဒိုကို ၂ ပွဲဆက် တိုက်ပွဲထွက် လူစာရင်းကနေ ချန်လှပ်ခဲ့တာ ဖြစ်ပါတယ်။
 
 
မော်ရိုကိုနဲ့ ပွဲမှာ ရော်နယ်ဒိုကို ဒုတိယပိုင်းမှ လူစား လဲခဲ့ပေမယ့် ပေါ်တူဂီအသင်းဟာ ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာပါ။
 
ဖာနန်ဒိုဆန်းတို့စ်ကတော့ ရော်နယ်ဒိုကို ပွဲထွက်လူစာရင်းကနေ ချန်ခဲ့တဲ့အပေါ် နောင်တမရဘူးလို့ ပြောပါတယ်။
 
ရော်နယ်ဒိုဟာ ဒီကမ္ဘာ့ဖလားမှာ ၁ ဂိုးသာသွင်းယူနိုင်ခဲ့ပြီး စိတ်ပျက်ဖွယ်နဲ့ အဆုံးသတ်ခဲ့ရတာပါ။
 
ရော်နယ်ဒိုကတော့ ဒီကမ္ဘာ့ဖလားဟာ သူ့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားဖြစ်နိုင်တာကြောင့် အများကြီးမျှော်လင့်ထားတာဖြစ်ပေမယ့် ကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။