CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

မက်ဆီနဲ့ မာရာဒိုနာ နှိုင်းယှဉ်တာကို မကြိုက်ဘူးဆိုတဲ့ အဂူရို

By CNI
CNI
Category: Watch TV
Hits: 663

Share
Tweet
Share
Share
powered by social2s

ဆီနီဂေါအသင်းရဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲကို မာနေး ပါဝင်နိုင်မှာမဟုတ်

By CNI
CNI
Category: Watch TV
Hits: 723

Share
Tweet
Share
Share
powered by social2s

ဂလေဇာမိသားစုက ယူနိုက်တက်ကို ဂရုမစိုက်ဘူးလို့ ရော်နယ်ဒိုပြော

By CNI
CNI
Category: Watch TV
Hits: 696

Share
Tweet
Share
Share
powered by social2s

လက်ရွေးစင်အသင်းရဲ့ ခေါ်ယူခြင်းခံရပေမယ့် အနားယူကြောင်း ဇော်မင်းထွန်းကြေညာ

By CNI
CNI
Category: Watch TV
Hits: 689

Share
Tweet
Share
Share
powered by social2s

CNI ရဲ့ ဘောလုံးပွဲ သုံးသပ်ချက် အစီအစဉ်

By CNI
CNI
Category: Watch TV
Hits: 780

Share
Tweet
Share
Share
powered by social2s

ယူနိုက်တက်ရဲ့ သစ္စာဖောက်မှုကို ခံရကြောင်း ရော်နယ်ဒို ပြော

By CNI
CNI
Category: Watch TV
Hits: 671

Share
Tweet
Share
Share
powered by social2s

ကာတာကမ္ဘာ့ဖလားနဲ့ ပတ်သက်ပြီး လုံးဝမပျော်ရွှင်ကြောင်း ဘရူနိုဖာနန်ဒက်စ်ပြော

By CNI
CNI
Category: Watch TV
Hits: 659

Share
Tweet
Share
Share
powered by social2s
ဘရူနိုဖာနန်ဒက်စ်၊ ကာတာက ရွှေ့ပြောင်းအလုပ်သမားများနဲ့ အားကစားကိုတွေ့ရစဉ်

ကာတာကမ္ဘာ့ဖလားနဲ့ ပတ်သက်ပြီး လုံးဝမပျော်ရွှင်ကြောင်း ဘရူနိုဖာနန်ဒက်စ်ပြော

By CNI
CNI
Category: အားကစား
Hits: 1795


CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၄

ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ အခြေအနေနဲ့ ပတ်သက် ပြီး လုံးဝ ပျော်ရွှင်မှု မရှိဘူးလို့ ပြောလိုက်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်က “ ကမ္ဘာ့ဖလားကျင်းပမယ့် ပတ်ဝန်းကျင်၊ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်၊ လအနည်း ငယ် အတွင်းမှာ အားကစားကွင်းတွေ ဆောက်လုပ်တာမှာ သေဆုံးတဲ့ သူတွေအကြောင်းကို ကျနော်တို့ သိပါ တယ်။ ဒီအခြေအနေတွေကြောင့် လုံးဝကို မပျော်ရွှင်ပါဘူး”လို့ Sky Sports ကို ပြောခဲ့တာပါ။

ကာတာနိုင်ငံဟာ လိင်တူဆက်ဆံမှုတွေအပေါ် သူတို့ရဲ့ ရပ်တည်ချက်၊ လူ့အခွင့်အရေး မှတ်တမ်း၊ ရွှေ့ပြောင်း အလုပ်သမားတွေအပေါ် ဆက်ဆံပုံတွေကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

ကာတာက ကမ္ဘာ့ဖလားပြိုင် ကျင်းပမည့် ကွင်းကိုတွေ့ရစဉ်

ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် ကျင်းပခွင့် ရပြီးကတည်းက အလုပ်သမားပေါင်း ၆,၅၀၀ ကျော် သေဆုံးခဲ့တယ်လို့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ဂါးဒီးယန်း သတင်းစာက ဖော်ပြခဲ့တာပါ။ ကာတာအစိုးရကတော့ ဒီသေဆုံးမှု အရေအတွက်ဟာ မှားယွင်းနေတယ်လို့ ငြင်းဆန်ထားပါတယ်။

ဘရူနိုဖာနန်ဒက်စ်က “ ဒီကမ္ဘာ့ဖလားဟာ ကျနော်တို့ ကစားချင်တဲ့ အချိန် အတိအကျ မဟုတ်ပါဘူး။ လူတိုင်း၊ ကစားသမားတွေနဲ့ ပရိသတ်တွေအတွက် အကောင်းဆုံးအချိန် မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ ကလေးတွေက ကျောင်းတက်၊ လူတွေက အလုပ်လုပ်နေကြလို့ ဒီပွဲတွေကို ကြည့်ဖို့ အကောင်းဆုံး အချိန်မဟုတ်ပါဘူး။ ကျနော်တို့ လိုချင်တဲ့ ဘောလုံးဆိုတာ အားလုံးအတွက်ပါ။ ကမ္ဘာ့ဖလားမှာ လူတိုင်းပါဝင်ရပါမယ်။ ဘာကြောင့်လဲဆိုရင် ကမ္ဘာ့ ဖလားဆိုတာ ကမ္ဘာကြီးပါပဲ။ ပိုကောင်းတဲ့ နည်းလမ်းနဲ့ လုပ်ဆောင်သင့်ပါတယ်”လို့ ပြောခဲ့တာပါ။

ကာတာမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့ နီးကပ်လာချိန်မှာပဲ ဝေဖန်မှုတွေဟာ ပိုပြီးများပြားလာခဲ့တာ ဖြစ်ပါတယ်။ ဖီဖာကတော့ ပြိုင်ပွဲဝင်မယ့် နိုင်ငံတွေအနေနဲ့ ဘောလုံးကိုပဲ အာရုံစိုက်ကြဖို့ ပြောထားပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ ကို နိုဝင်ဘာလ ၂၀ ရက်ကနေ ဒီဇင်ဘာလ ၁၈ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source: BBC

 

 

 

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုကိုတွေ့ရစဉ်(theScore)

ယူနိုက်တက်ရဲ့ သစ္စာဖောက်မှုကို ခံရကြောင်း ရော်နယ်ဒို ပြော

By CNI
CNI
Category: အားကစား
Hits: 1499

 

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၄

ယူနိုက်တက်အသင်းဟာ သူ့ကို သစ္စာဖောက်ပြီး ကလပ်ကနေ ထွက်ခွာအောင် လုပ်ဆောင်နေတယ်လို့ ပီယာစ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရော်နယ်ဒိုက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ရော်နယ်ဒိုက “ယူနိုက်တက်က ကျနော်ထွက်ခွာအောင် လုပ်ဆောင်နေပါတယ်။ ဒါက နည်းပြ တန်ဟတ် တစ်ဦးတည်းတင် မဟုတ်ပါဘူး။ အသင်းမှာရှိတဲ့ ၂ ဦး ၊ ၃ ဦးလည်း ပါဝင်ပါတယ်။ ကျနော့်အပေါ် သစ္စာဖောက် တယ်လို့ ခံစားရပါတယ်။ ဒါနဲ့ ပက်သက်ပြီး ကျနော် ဂရုစိုက်မှာ မဟုတ်ပါဘူး။ လူတွေအနေနဲ့ အမှန်တရားကို နားထောင်သင့်ပါတယ်။ တချို့လူတွေဆိုရင် ကျနော့်ကို ဒီမှာမရှိစေချင်ကြပါဘူး။ ဒါက ဒီနှစ်မှ မဟုတ်ဘူး။ မနှစ်ကလည်း အဲ့လိုပါပဲ”လို့ ပြောခဲ့တာပါ။

ရော်နယ်ဒိုဟာ ဖူလ်ဟမ်အသင်းကို ၂ ဂိုး - ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဖျားနာနေတာကြောင့် မပါဝင်နိုင်ခဲ့သလို ကြားရက်က ကစားခဲ့တဲ့ ဗီလာနဲ့ ကာရာဘောင်းဖလား ပွဲစဉ်မှာလည်း မပါဝင်နိုင်ခဲ့ပါဘူး။

ပေါ်တူဂီအသင်း ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့လက စပါးအသင်းနဲ့ ပွဲမှာ လူစားဝင်ဖို့ ငြင်းဆန်ခဲ့လို့ နည်းပြ အဲရစ်တန်ဟတ်က ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်ရဲ့ အသင်းလူစာရင်းကနေ ချန်လှပ်ခြင်း ခံခဲ့ရပါသေးတယ်။

ရော်နယ်ဒိုနဲ့ ပီယာစ်မော်ဂန် အင်တာဗျူးလုပ်စဉ် တွေ့ရ(GETTY IMAGES)

ရော်နယ်ဒိုက “ ကျနော် အဲရစ်တန်ဟတ်ကို မလေးစားပါဘူး။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုရင် သူလည်း ကျနော့်အပေါ်မှာ လေးစားမှု မရှိလို့ပါ။ ခင်ဗျားက ကျနော့်ကို မလေးစားဘူးဆိုရင် ကျနော်ကလည်း ခင်ဗျားကို ဘယ်တော့မှ လေးစားမှာ မဟုတ်ဘူး”လို့ ပီယာစ်မော်ဂန်ကို ပြောခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဒီအင်တာဗျူးမှာ အသင်းရဲ့ လက်ရှိ အခြေအနေတွေ၊ နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်၊ အသင်း ဖော်ဟောင်း ဝိန်းရွန်နီ၊ နည်းပြဟောင်း ရက်ဂ်နစ်တို့ရဲ့ အကြောင်းတွေကိုပါ ထည့်သွင်း ပြောသွားခဲ့တာပါ။

ရော်နယ်ဒိုဟာဆိုရင် ပြီးခဲ့တဲ့ နွေရာသီက ယူနိုက်တက်ကနေ ထွက်ခွာဖို့ ကြိုးစားခဲ့ပေမယ့် အသင်းက ခွင့်မပြုခဲ့ တာကြောင့် ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ ယူနိုက်တက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုနှစ် ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး ကစားသမား အနေနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာနိုင်တယ်လို့ သုံးသပ်နေကြတာပါ။

ရော်နယ်ဒိုဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ၁၆ ပွဲပါဝင်ကစားထားပြီး ၃ ဂိုးသွင်းယူထားပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
အမ်ဘေးလ်ကိုတွေ့ရစဉ် (CODE Sports)

ဒုက္ခသည်စခန်းကနေ ကာတာကမ္ဘာ့ဖလားဆီ သွားနိုင်ခဲ့တဲ့ အေဝါအမ်ဘေးလ်

By CNI
CNI
Category: အားကစား
Hits: 1997

CNI Sport Article

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၃

အသက် ၂၇ နှစ်အရွယ်ရှိ အေဝါအမ်ဘေးလ်ကတော့ သြစတြေးလျ လက်ရွေးစင်နဲ့အတူ ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲကို သွားရောက်မယ့် လူစာရင်းမှာ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါဟာ ကစားသမားတိုင်းအတွက် အလွန်စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ အချိန်ပါပဲ။

ဒါပေမယ့် ဘဝရဲ့ ပထမဆုံး ၁၀ နှစ်ကို ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့ရတဲ့ အမ်ဘေးလ်အတွက်တော့ ထူးခြား ကောင်းမွန်တဲ့ ခရီးတစ်ခုရဲ့ အထွတ်အထိပ် အမှတ်အသား တစ်ခုကို ရောက်ရှိသွားသလို ဖြစ်ခဲ့ရပါတယ်။

အမ်ဘေးလ်ရဲ့ မိဘတွေဟာ တောင်ဆူဒန် လူမျိုးတွေဖြစ်ပြီး ၁၉၉၄ မှာ ကုလသမဂ္ဂ လက်အောက်က ကင်ညာရှိ ဒုက္ခသည်စခန်း ကာကူမာကို ပြောင်းရွှေ့နေထိုင်ဖို့အတွက် စစ်ဘေးသင့်နေတဲ့ ဗြိတိသျှကိုလိုနီဟောင်း ဆီကနေ ထွက်ပြေးခဲ့တာပါ။

တောင်ဆူဒန် ဒုက္ခသည် စခန်းက ကလေးငယ်တွေနဲ့အတူ တွေ့ရတဲ့ အမ်ဘေးလ် (UNHCR)

အမ်ဘေးလ်ဟာ တစ်နှစ်အကြာမှာ မွေးဖွားလာခဲ့ပြီး ငယ်ဘဝမှာ ဘောလုံးကစားတာနဲ့ပဲ အချိန်တွေကို ကုန်ဆုံး စေခဲ့တာ ဖြစ်ပါတယ်။ ပလပ်စတစ်အိတ်တွေနဲ့ ပြုလုပ်ထားတဲ့ ဘောလုံးကို ခြေဗလာနဲ့ ပြေးလွှားဆော့ ကစားခဲ့တာပါ။

အမ်ဘေးလ် အသက် ၁၀ နှစ်အရွယ်မှာ မိသားစုဟာ သြစတြေးလျနိုင်ငံ အဒီလိတ်ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး သူငယ်စဉ်ကတည်းက စိတ်အားထက်သန်ခဲ့တဲ့ ဘောလုံးအားကစားနည်းကို ဆက်လက်ပြီး လုပ်ဆောင်ခဲ့ ပါတယ်။

သူ့ရဲ့ တိုးတက်မှုနှုန်းက အံ့မခန်း ဖြစ်ခဲ့ပြီး ပြည်တွင်း လူငယ်ပြိုင်ပွဲတွေမှာ တောင်ပံကစားသမားအဖြစ်နဲ့ ဂိုးတွေ ဆက်တိုက် သွင်းယူနိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ သူဟာ ဆီမီးပရိုကလပ်ဖြစ်တဲ့ ကန့်ဘယ်လ်တောင်းစီးတီး အသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။

အသက် ၁၆ နှစ်အရွယ်မှာ စတင်ပွဲထွက်ခွင့်ရခဲ့ပြီး အထင်ကြီးစရာ ကောင်းတဲ့ စွမ်းဆောင်ရည်တွေက အေလိဂ် အသင်းကြီး အဒီလိတ်အသင်းကို လျင်မြန်စွာ ဖမ်းစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အမ်ဘေးလ်နဲ့ ပရိသတ်များ (Sports)

အမ်ဘေးလ်ဟာ ဆီမီးပရိုအသင်းမှာ ၁ ရာသီပဲ ကစားပြီး အဒီလိတ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။ သူဟာ အေလိဂ်မှာလည်း ဆက်လက် တောက်ပခဲ့ပြီး တောင်ပံကနေ ကောင်းမွန်တဲ့ အရှိန်အဟုန်တွေနဲ့ ကျွမ်းကျင်မှုတွေ ကို ပြသနိုင်ခဲ့ပါတယ်။

အမ်ဘေးလ်ဟာ ဆယ်ကျော်သက် အရွယ်သာ ရှိသေးပေမယ့် ၂၀၁၄-၁၅ ရာသီမှာ ၂၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၇ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ နိုင်ငံရပ်ခြားမှာရှိတဲ့ ဘောလုံးကင်းထောက်တွေက သူ့ရဲ့ အရည်အချင်းကို လာရောက် စောင့်ကြည့်ခဲ့ပြီး ၂၀၁၅ မှာ ဒိန်းမတ်ကလပ် မစ်ဂျေးလန်းအသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။

သူဟာ မစ်ဂျေးလန်း ကစားသမားဘဝအစမှာ ရုန်းကန်ခဲ့ရလို့ ဒိန်းမတ်ကလပ် အက်စ်ဘာ့ဂျ်၊ ပေါ်တူဂီကလပ် ပတ်စကိုဒီဖာရဲရား အသင်းတွေထံ အငှားချခံခဲ့ရပါတယ်။ ၂၀၁၈ မှာတော့ အမ်ဘေးလ်ဟာ မစ်ဂျေးလန်းအသင်းက ခေါ်ယူခြင်းကို ပြန်လည်ခံခဲ့ရသလို သြစတြေးလျ လက်ရွေးစင်အသင်းရဲ့ ခေါ်ယူခြင်းကိုတောင် ခံခဲ့ရတာပါ။

သူဟာ ပွဲဦးထွက်ဖြစ်တဲ့ ကူဝိတ်နဲ့ ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အမ်ဘေးလ်ဟာ ကလပ်နဲ့ နိုင်ငံအတွက် အရေးပါတဲ့ ကစားသမားဖြစ်လာခဲ့ပြီး မစ်ဂျေးလန်းအသင်းကို ဒိန်းမတ်ဖလားနဲ့ အမှတ်ပေးလိဂ် ရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

ဩစတြေးလျအသင်းကို တွေ့ရစဉ် (Sports)

 သူဟာ အဲဒီနှစ်မှာ ၈ ဂိုးသွင်းပြီး ၆ ဂိုး ဖန်တီးနိုင်ခဲ့ပြီး ကလပ်အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲဆီ ပို့ဆောင်ပေး နိုင်ခဲ့တာပါ။

အမ်ဘေးလ်ဟာ ကွင်းထဲမှာ ခြေစွမ်းပြသနေသလို ကွင်းပြင်ပမှာလည်း အစ်ကိုဖြစ်သူနဲ့အတူ ပရဟိတအဖွဲ့ တစ်ခုကို ပူးတွဲတည်ထောင်ခဲ့ပြီး ဒုက္ခသည်တွေရဲ့ ဘဝအတွက် လက်တွေ့ကျတဲ့ ခြားနားချက်ကို ဖန်တီးနိုင်ဖို့ အချိန်ကို ရှာဖွေခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အဖွဲ့အစည်းဟာ သူတို့နေထိုင်ခဲ့ဖူးတဲ့ ကာကူမာမှာ လည်ပတ်နေတာပါ။

ဒီအဖွဲ့အစည်းဟာ ဘောလုံးကို အဓိက အာရုံစိုက်မှုအပြင် ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ ကျား/မ တန်းတူညီမျှမှုဆိုင်ရာ အခွင့်အလမ်းတွေကို ပံ့ပိုးပေးတာ ဖြစ်ပါတယ်။

၂၀၁၈ မှာတော့ အမ်ဘေးလ်ဟာ ကစားသမားတွေရဲ့ အသိအမှတ်ပြုမှုနဲ့ FIFPro Merit ဆုကို ရယူနိုင်ခဲ့တာပါ။ ပရဟိတ အဖွဲ့အစည်းကို အဒီလိတ် ယူနိုက်တက်အသင်းမှာ ဘုတ်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့တဲ့ စမစ်က ဥက္ကဌ အသစ် ဦးဆောင်နေပြီး အမ်ဘေးလ်ကို အလွန်လေးစားကြောင်း ပြောခဲ့ပါတယ်။

ဩစတြေးလျအသင်းအတွက် ကစားနေတဲ့ အမ်ဘေးလ် (Reuters)

အမ်ဘေးလ်ဟာ သြစတြေးလျရဲ့ ကမ္ဘာ့ဖလားဝင်ခွင့် တစ်နေရာအတွက် ပီရူးနဲ့ ရင်ဆိုင်ရတဲ့ ပွဲမှာ သူရဲ့ အကျိုး သက်ရောက်မှုဟာ အမှတ်ရဖွယ်အဖြစ် ရှိခဲ့ပါတယ်။ ဒီပွဲဟာ ပွဲချိန်အတွင်းရော အချိန်ပိုမှာပါ ဂိုးမသွင်းနိုင်ခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ်အထိ ရောက်ရှိခဲ့တာပါ။

အမ်ဘေးလ်ဟာ သြစတြေးလျအတွက် ၆ လုံးမြောက် ပင်နယ်တီ ကန်သွင်းတဲ့သူဖြစ်ခဲ့ပြီး အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့ပါတယ်။ ပီရူးရဲ့ ပင်နယ်တီကန်သွင်းမှုကို ရက်ဒ်မေနီ ကာကွယ်နိုင်ခဲ့လို့ သြစတြေးလျတို့ ကမ္ဘာ့ဖလားဆီ ချီတက်နိုင်ခဲ့တာပါ။

အမ်ဘေးလ်ဟာ ရက်သတ္တပတ် အနည်းငယ်အကြာမှာ စပိန်ကလပ် ကာဒစ်ဇ်အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး သူ့ရဲ့ ကစားသမားဘဝ နောက်ထပ် ခြေလှမ်းတစ်ခုကို ထပ်မံလှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ လာလီဂါ ပထမဆုံးလ အနည်းငယ်ဟာ မလွယ်ကူခဲ့ပါဘူး။ သူဟာ ကာဒစ်ဇ်အတွက် ထိုက်သင့်သလောက် ပါဝင်ကစားခဲ့ရပေမယ့် အသင်း ရလဒ် ဆိုးရွားနေချိန်မှာ အရန်ခုံပေါ် ရောက်ရှိသွားခဲ့ပါတယ်။

ဒါပေမယ့် သူကတော့ ကာတာကမ္ဘာ့ဖလားမှာ သြစတြေးလျအတွက် ခြေစွမ်းပြနိုင်ဖို့ ပြင်ဆင်နေသလို နောက်ထပ် အမှတ်တရတွေကို သိမ်းဆည်းထားနိုင်ဖို့ မျှော်လင့်နေပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

လက်ရှိအာဂျင်တီးနားက ၂၀၁၄ ဗိုလ်လုပွဲရောက်ခဲ့တဲ့အသင်းနဲ့ တူညီတယ်လို့ မက်ဆီပြော

By CNI
CNI
Category: Watch TV
Hits: 667

Share
Tweet
Share
Share
powered by social2s

ဖူလ်ဟမ်နဲ့ပွဲမှာ ကမ္ဘာ့ဖလားအကြောင်းပြချက် လက်မခံဘူးလို့ အဲရစ်တန်ဟတ်ပြော

By CNI
CNI
Category: Watch TV
Hits: 686

Share
Tweet
Share
Share
powered by social2s
နယ်သာလန်အသင်း နည်းပြ ဗန်ဟားလ်ကိုတွေ့ရစဉ်

ကာတာရှိ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ နယ်သာလန်အသင်း တွေ့ဆုံမယ်

By CNI
CNI
Category: အားကစား
Hits: 1426

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၂

နယ်သာလန်အသင်းဟာ ကာတာမှာရှိနေတဲ့ အချိန်အတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အားကစားကွင်းတွေ တည်ဆောက်တာမှာ ကူညီခဲ့ကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ တွေ့ဆုံပြီး စကားပြောသွားမယ်လို့ နည်းပြ ဗန်ဟားလ်က ပြောပါတယ်။

ဗန်ဟားလ်က “ ဒီလိုလုပ်ဆောင်ဖို့ ဆန္ဒရှိတယ်ဆိုတဲ့ အချက်က နယ်သာလန် ဘောလုံးအဖွဲ့ချုပ်နဲ့ အသင်းသား တွေရဲ့ အတွေးအမြင်တွေ အကြောင်းကို တစ်ခုခု ပြောပြနေတာပါပဲ။ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ တစ်နာရီ ကြာ တွေ့ဆုံအပြီးမှာ ဆီနီဂေါနဲ့ ပွဲအတွက် အာရုံစိုက်ရပါမယ်”လို့ ပြောခဲ့တာပါ။

နယ်သာလန်အသင်းဟာ နိုဝင်ဘာ ၁၇ ရက်မှာ ရွှေ့ပြောင်း အလုပ်သမား ၂၀ ခန့်နဲ့ တွေ့ဆုံမှာဖြစ်ပြီး သူတို့ရဲ့ လုပ်ငန်းခွင် အခြေအနေအကြောင်း စကားပြောကာ ကစားသမားတွေနဲ့အတူ လေ့ကျင့်ခွင့် ရမယ့် အခွင့်အရေးမျိုး ပေးမယ်လို့ သိရပါတယ်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘောလုံးကွင်း ဆောက်နေတဲ့ အလုပ်သမားတွေကိုတွေ့ရစဉ်

နယ်သာလန်အသင်းဟာ ကာတာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ လုပ်ငန်းခွင် အခြေအနေအကြောင်းကို ဝေဖန်တဲ့ ဘောလုံးအသင်း အနည်းငယ်ထဲက ၁ သင်းလည်း ဖြစ်ပါတယ်။

ကာာတာနိုင်ငံဟာ ရွှေ့ပြောင်း အခြေအနေတွေနဲ့ ပက်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ပြင်းထန်စွာ ဝေဖန် ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က ထောင်နဲ့ ချီတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ပိတ်မိနေပြီး ခေါင်းပုံဖြတ်ခံနေရတယ်ဆိုတဲ့ အစီရင်ခံစာကို ကာတာအစိုးရက ငြင်းဆန်ထားတာပါ။

ဖီဖာဟာ ငွေကြေးနဲ့ စီးပွားရေးဆိုင်ရာ အကြောင်းပြချက်တွေကြောင့် ကာတာနိုင်ငံကို ကမ္ဘာ့ဖလားအိမ်ရှင်ပေးခဲ့ တာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို အဲဒီနိုင်ငံမှာ ကစားရမှာက ရယ်စရာကောင်းတယ်လို့ ခံစားရကြောင်း နယ်သာလန်နည်းပြ ဗန်ဟားလ်က အခုနှစ်အစောပိုင်းက ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာလ ၂၀ ရက်ကနေ ဒီဇင်ဘာလ ၁၈ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source: CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s

လူမျိုးရေးခွဲခြားမှုကြောင့် ပြင်သစ်လက်ရွေးစင်ကနေ နုတ်ထွက်ဖို့ ဘတ်ပီ စဉ်းစားခဲ့

By CNI
CNI
Category: အားကစား
Hits: 1374

CNI Sport News

၂၀၂၂ ခုနှစ်၊နိုဝင်ဘာ ၁၂

ပြင်သစ်စူပါစတား ဘတ်ပီဟာ လူမျိုးရေးခွဲခြားခံရမှုကြောင့် ယူရို ၂၀၂၀ ပြိုင်ပွဲအပြီးမှာ ပြင်သစ်လက်ရွေးစင်ကနေ နုတ်ထွက်ဖို့ စဉ်းစားခဲ့ကြောင်း ပြောလိုက်ပါတယ်။

ဘတ်ပီက “ကျနော့်ကို မျောက်လို့ထင်နေတဲ့သူတွေအတွက် ကစားပေးချင်စိတ်မရှိတော့ပါဘူး။ကျနော် မကစားချင်တော့ပါဘူး။ဒါပေမယ့် ဒီလိုမျိုးအရှုံးပေးလိုက်တာက ကောင်းတဲ့ သတင်းစကားမဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ဘာကြောင့်လဲဆိုရင် ကျနော်က လူတိုင်းအတွက် စံနမူနာတစ်ခုလို ဖြစ်နေတယ်လို့ ထင်လို့ပါ။လက်ရွေးစင်ကနေ မထွက်ခွာချင်တာကြောင့် ဒါက ပြင်သစ်အသစ်ဖြစ်ပါတယ်။ကျနော်တို့ထက် ပိုသန်မာဖို့ မျိုးဆက်သစ်လူငယ်ကစားသမားတွေကို ပြောချင်တယ်” လို့ Sports Illustrated နဲ့ အင်တာဗျူးမှာ ထုတ်ပြောခဲ့တာပါ။

ဘတ်ပီဟာ ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့်ပွဲစဉ်ဖြစ်တဲ့ ဆွစ်ဇာလန်အသင်းနဲ့ ပွဲမှာ အသင်းအတွက် အဆုံးအဖြတ်ပင်နယ်တီကို ကန်သွင်းခဲ့တာမှာ ဂိုးမဝင်ခဲ့တာဖြစ်ပါတယ်။ဒီဂိုးမဝင်မှုနဲ့အတူ ပြင်သစ်အသင်းဟာ ယူရိုပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် ဘတ်ပီဟာ လူမျိုးရေးခွဲခြားမှုအများအပြားကို ခံခဲ့ရတာပါ။ဘတ်ပီဟာ ပြင်သစ်ကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ချက်ကို ပြန်ပြောင်းပြီးနောက် လက်ရွေးစင်အတွက် ပြန်လည်ပါဝင်ကစားပြီး ခြေစွမ်းပြ ဂိုးတွေသွင်းယူခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီတိုက်စစ်မှူးဟာ ၂၀၁၇ မတ်လမှာ ပြင်သစ်လက်ရွေးစင်အသင်းကြီးထံ စတင်ခေါ်ယူခံခဲ့ရတာဖြစ်ပြီး သြဂုတ်လမှာ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့တာပါ။ဘတ်ပီဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းမှာ ရွေးချယ်ခံခဲ့ရပြီး ခရိုအေးရှားနဲ့ ဗိုလ်လုပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးအပါအဝင် ကမ္ဘာ့ဖလားမှာ သွင်းဂိုး ၄ ဂိုးသွင်းယူ နိုင်ခဲ့တာဖြစ်ပါတယ်။ဘတ်ပီဟာ အဆိုပါပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုကိုလည်း ရရှိသွားခဲ့တာပါ။

ဘတ်ပီဟာ လက်ရှိအချိန်မှာ ပြင်သစ်အသင်းအတွက် ၅၉ ပွဲပါဝင်ကစားထားပြီး ၂၈ ဂိုးသွင်းယူကာ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘန်ဇီမာနဲ့အတူ အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်မှာ ဖြစ်ပါတယ်။

Source:DailyMail

 

 

 

 

Share
Tweet
Share
Share
powered by social2s
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်နဲ့ ကစားသမားများကိုတွေ့ရစဉ် (talkSPORT)

ဖူလ်ဟမ်နဲ့ပွဲမှာ ကမ္ဘာ့ဖလားအကြောင်းပြချက် လက်မခံဘူးလို့ အဲရစ်တန်ဟတ်ပြော

By CNI
CNI
Category: အားကစား
Hits: 1547

CNI International News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၂

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ဖူလ်ဟမ်နဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲမှာ ကမ္ဘာ့ဖလား အကြောင်းပြချက်ပေးတာကို လက်ခံမှာမဟုတ်ဘူးလို့ ရော်နယ်ဒို အပါအဝင် အသင်းသားတွေကို သတိပေး လိုက်ပါတယ်။

အဲရစ်တန်ဟတ်က “ဖူလ်ဟမ်နဲ့ ပွဲရဲ့ အရေးပါမှုကို ကစားသမားတွေအားလုံး သိရှိနားလည်ထား ပါတယ်။ ကမ္ဘာ့ဖလားကို ထည့်သွင်းစဉ်းစားမှာ မဟုတ်ပါဘူး။ ကျနော်တို့ အကောင်းဆုံးအသင်းနဲ့ ကစားမှာပါ။ တနင်္ဂနွေနေ့အထိ ယူနိုက်တက်ကိုပဲ စိတ်ဝင်စားရမယ်။ ယူနိုက်တက်အတွက်ပဲ ဖြစ်ရမယ်”လို့ ပြောခဲ့တာပါ။


ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဗီလာနဲ့ ကာရာဘောင်း ဖလားပွဲစဉ်မှာ ဖျားနာနေတာကြောင့် မပါဝင် နိုင်ခဲ့ပေမယ့် ဒီပွဲရဲ့ နာရီပိုင်းအကြာမှာ ထုတ်ပြန်တဲ့ ပေါ်တူဂီအသင်းရဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

အဲရစ်တန်ဟတ်ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် လက်ရွေးစင်အသင်းနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်တာထက် ဖူလ်ဟမ်နဲ့ပွဲကို ပိုပြီး အာရုံစိုက် စေချင်နေတာပါ။

ရော်နယ်ဒိုနဲ့ ယူနိုက်တက်အသင်းကိုတွေ့ရစဉ် (Manchester United)

ဖူလ်ဟမ်နဲ့ ပွဲမှာ ရော်နယ်ဒို အဆင်သင့် ဖြစ်မလားလို့ မေးခဲ့တာမှာ “ ဒီပွဲအတွက် သူ အဆင်သင့်ဖြစ်မလား ဆိုတာ ကျနော် အာမ မခံနိုင်ပါဘူး။ သူက ဗီလာနဲ့ ပွဲတုန်းက သူဖျားနေခဲ့တာပါ။ ဒါဟာ ပြန်ကောင်းလာ နိုင်ပါ တယ်။ ရက်ပေါင်း ဒါမှမဟုတ် ရက်သတ္တပတ် ပေါင်းများစွာကြာပြီး ပြင်းထန်တဲ့ ရောဂါမျိုး မဟုတ်ပါ ဘူး”လို့ အဲရစ်တန်ဟတ်က ဖြေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့ တစ်ပတ်သာ လိုတော့တာကြောင့် ကစားသမားတွေဟာ ကလပ် အသင်းပွဲတွေမှာ ဒဏ်ရာရမှာကို ရှောင်ရှားလိုနေကြပြီး လက်ရွေးစင် အသင်းအတွက် အပြည့်အဝ ယှဉ်ပြိုင် ချင်နေကြတာပါ။

ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမား အများစုကလည်း လက်ရွေးစင် အသင်းတွေမှာ ရွေးချယ်ခံထားရတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဗီလာအသင်းကို အရေးနိမ့်ခဲ့ပေမယ့် ကြားရက်က ကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ ဗီလာအသင်းကို ပြန်လည် အနိုင်ရရှိခဲ့တာပါ။ ယူနိုက်တက်အသင်းဟာ အဆင့် ၄ နေရာက စပါးအသင်းနဲ့ ၃ မှတ်အကွာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည် နေပါတယ်။

Source: The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s

မာနေး ကမ္ဘာ့ဖလားကစားနိုင်ဖို့ ပယောဂဆရာတွေပါ သုံးမယ်လို့ ဖီဖာတာဝန်ရှိသူ ပြော

By CNI
CNI
Category: Watch TV
Hits: 661

Share
Tweet
Share
Share
powered by social2s
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31
  • 32
  • 33

Page 29 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar