CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

လူမျိုးရေးခွဲခြားမှုကြောင့် ပြင်သစ်လက်ရွေးစင်ကနေ နုတ်ထွက်ဖို့ ဘတ်ပီ စဉ်းစားခဲ့

By CNI
CNI
Category: အားကစား
Hits: 1159

CNI Sport News

၂၀၂၂ ခုနှစ်၊နိုဝင်ဘာ ၁၂

ပြင်သစ်စူပါစတား ဘတ်ပီဟာ လူမျိုးရေးခွဲခြားခံရမှုကြောင့် ယူရို ၂၀၂၀ ပြိုင်ပွဲအပြီးမှာ ပြင်သစ်လက်ရွေးစင်ကနေ နုတ်ထွက်ဖို့ စဉ်းစားခဲ့ကြောင်း ပြောလိုက်ပါတယ်။

ဘတ်ပီက “ကျနော့်ကို မျောက်လို့ထင်နေတဲ့သူတွေအတွက် ကစားပေးချင်စိတ်မရှိတော့ပါဘူး။ကျနော် မကစားချင်တော့ပါဘူး။ဒါပေမယ့် ဒီလိုမျိုးအရှုံးပေးလိုက်တာက ကောင်းတဲ့ သတင်းစကားမဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ဘာကြောင့်လဲဆိုရင် ကျနော်က လူတိုင်းအတွက် စံနမူနာတစ်ခုလို ဖြစ်နေတယ်လို့ ထင်လို့ပါ။လက်ရွေးစင်ကနေ မထွက်ခွာချင်တာကြောင့် ဒါက ပြင်သစ်အသစ်ဖြစ်ပါတယ်။ကျနော်တို့ထက် ပိုသန်မာဖို့ မျိုးဆက်သစ်လူငယ်ကစားသမားတွေကို ပြောချင်တယ်” လို့ Sports Illustrated နဲ့ အင်တာဗျူးမှာ ထုတ်ပြောခဲ့တာပါ။

ဘတ်ပီဟာ ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့်ပွဲစဉ်ဖြစ်တဲ့ ဆွစ်ဇာလန်အသင်းနဲ့ ပွဲမှာ အသင်းအတွက် အဆုံးအဖြတ်ပင်နယ်တီကို ကန်သွင်းခဲ့တာမှာ ဂိုးမဝင်ခဲ့တာဖြစ်ပါတယ်။ဒီဂိုးမဝင်မှုနဲ့အတူ ပြင်သစ်အသင်းဟာ ယူရိုပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် ဘတ်ပီဟာ လူမျိုးရေးခွဲခြားမှုအများအပြားကို ခံခဲ့ရတာပါ။ဘတ်ပီဟာ ပြင်သစ်ကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ချက်ကို ပြန်ပြောင်းပြီးနောက် လက်ရွေးစင်အတွက် ပြန်လည်ပါဝင်ကစားပြီး ခြေစွမ်းပြ ဂိုးတွေသွင်းယူခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီတိုက်စစ်မှူးဟာ ၂၀၁၇ မတ်လမှာ ပြင်သစ်လက်ရွေးစင်အသင်းကြီးထံ စတင်ခေါ်ယူခံခဲ့ရတာဖြစ်ပြီး သြဂုတ်လမှာ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့တာပါ။ဘတ်ပီဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းမှာ ရွေးချယ်ခံခဲ့ရပြီး ခရိုအေးရှားနဲ့ ဗိုလ်လုပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးအပါအဝင် ကမ္ဘာ့ဖလားမှာ သွင်းဂိုး ၄ ဂိုးသွင်းယူ နိုင်ခဲ့တာဖြစ်ပါတယ်။ဘတ်ပီဟာ အဆိုပါပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုကိုလည်း ရရှိသွားခဲ့တာပါ။

ဘတ်ပီဟာ လက်ရှိအချိန်မှာ ပြင်သစ်အသင်းအတွက် ၅၉ ပွဲပါဝင်ကစားထားပြီး ၂၈ ဂိုးသွင်းယူကာ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘန်ဇီမာနဲ့အတူ အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်မှာ ဖြစ်ပါတယ်။

Source:DailyMail

 

 

 

 

Share
Tweet
Share
Share
powered by social2s
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်နဲ့ ကစားသမားများကိုတွေ့ရစဉ် (talkSPORT)

ဖူလ်ဟမ်နဲ့ပွဲမှာ ကမ္ဘာ့ဖလားအကြောင်းပြချက် လက်မခံဘူးလို့ အဲရစ်တန်ဟတ်ပြော

By CNI
CNI
Category: အားကစား
Hits: 1291

CNI International News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၂

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ဖူလ်ဟမ်နဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲမှာ ကမ္ဘာ့ဖလား အကြောင်းပြချက်ပေးတာကို လက်ခံမှာမဟုတ်ဘူးလို့ ရော်နယ်ဒို အပါအဝင် အသင်းသားတွေကို သတိပေး လိုက်ပါတယ်။

အဲရစ်တန်ဟတ်က “ဖူလ်ဟမ်နဲ့ ပွဲရဲ့ အရေးပါမှုကို ကစားသမားတွေအားလုံး သိရှိနားလည်ထား ပါတယ်။ ကမ္ဘာ့ဖလားကို ထည့်သွင်းစဉ်းစားမှာ မဟုတ်ပါဘူး။ ကျနော်တို့ အကောင်းဆုံးအသင်းနဲ့ ကစားမှာပါ။ တနင်္ဂနွေနေ့အထိ ယူနိုက်တက်ကိုပဲ စိတ်ဝင်စားရမယ်။ ယူနိုက်တက်အတွက်ပဲ ဖြစ်ရမယ်”လို့ ပြောခဲ့တာပါ။


ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဗီလာနဲ့ ကာရာဘောင်း ဖလားပွဲစဉ်မှာ ဖျားနာနေတာကြောင့် မပါဝင် နိုင်ခဲ့ပေမယ့် ဒီပွဲရဲ့ နာရီပိုင်းအကြာမှာ ထုတ်ပြန်တဲ့ ပေါ်တူဂီအသင်းရဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

အဲရစ်တန်ဟတ်ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် လက်ရွေးစင်အသင်းနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်တာထက် ဖူလ်ဟမ်နဲ့ပွဲကို ပိုပြီး အာရုံစိုက် စေချင်နေတာပါ။

ရော်နယ်ဒိုနဲ့ ယူနိုက်တက်အသင်းကိုတွေ့ရစဉ် (Manchester United)

ဖူလ်ဟမ်နဲ့ ပွဲမှာ ရော်နယ်ဒို အဆင်သင့် ဖြစ်မလားလို့ မေးခဲ့တာမှာ “ ဒီပွဲအတွက် သူ အဆင်သင့်ဖြစ်မလား ဆိုတာ ကျနော် အာမ မခံနိုင်ပါဘူး။ သူက ဗီလာနဲ့ ပွဲတုန်းက သူဖျားနေခဲ့တာပါ။ ဒါဟာ ပြန်ကောင်းလာ နိုင်ပါ တယ်။ ရက်ပေါင်း ဒါမှမဟုတ် ရက်သတ္တပတ် ပေါင်းများစွာကြာပြီး ပြင်းထန်တဲ့ ရောဂါမျိုး မဟုတ်ပါ ဘူး”လို့ အဲရစ်တန်ဟတ်က ဖြေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့ တစ်ပတ်သာ လိုတော့တာကြောင့် ကစားသမားတွေဟာ ကလပ် အသင်းပွဲတွေမှာ ဒဏ်ရာရမှာကို ရှောင်ရှားလိုနေကြပြီး လက်ရွေးစင် အသင်းအတွက် အပြည့်အဝ ယှဉ်ပြိုင် ချင်နေကြတာပါ။

ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမား အများစုကလည်း လက်ရွေးစင် အသင်းတွေမှာ ရွေးချယ်ခံထားရတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဗီလာအသင်းကို အရေးနိမ့်ခဲ့ပေမယ့် ကြားရက်က ကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ ဗီလာအသင်းကို ပြန်လည် အနိုင်ရရှိခဲ့တာပါ။ ယူနိုက်တက်အသင်းဟာ အဆင့် ၄ နေရာက စပါးအသင်းနဲ့ ၃ မှတ်အကွာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည် နေပါတယ်။

Source: The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s

မာနေး ကမ္ဘာ့ဖလားကစားနိုင်ဖို့ ပယောဂဆရာတွေပါ သုံးမယ်လို့ ဖီဖာတာဝန်ရှိသူ ပြော

By CNI
CNI
Category: Watch TV
Hits: 544

Share
Tweet
Share
Share
powered by social2s

ပေါ်တူဂီနဲ့ ကမ္ဘာ့ဖလား ၅ ကြိမ်မြောက် ယှဉ်ပြိုင်မယ့် ရော်နယ်ဒို

By CNI
CNI
Category: Watch TV
Hits: 628

Share
Tweet
Share
Share
powered by social2s
ကာတာကမ္ဘာ့ဖလား ပြင်ဆင်မှုကိုတွေ့ရစဉ်(Reuters)

လူ့အခွင့်အရေးစာသားပါ ရှပ်အင်္ကျီဝတ်ဆင်ဖို့ ဒိန်းမတ်တောင်းဆိုမှုကို ဖီဖာပယ်ချ

By CNI
CNI
Category: အားကစား
Hits: 807

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၁

ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ “လူသားအားလုံးအတွက် လူ့အခွင့်အရေး”ဆိုတဲ့ စာသားပါ ရှပ်အင်္ကျီဝတ်ဆင်ပြီး လေ့ကျင့်မှုတွေ ပြုလုပ်ဖို့ တောင်းဆိုတာကို ဖီဖာက ပယ်ချခဲ့တယ်လို့ ပြောပါတယ်။

ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ်က “ ကျနော်တို့ ကစားသမားတွေ လေ့ကျင့်ရေး အစီအစဉ်မှာ ဒီလိုမျိုး လုပ်ဆောင်ဖို့ တောင်းဆိုခဲ့တာကို နည်းပညာဆိုင်ရာ အကြောင်းပြချက်တွေကြောင့်ဆိုပြီး ပယ်ချခဲ့ပါ တယ်။ ဒါဟာ ဝမ်းနည်းစရာ ကောင်းပါတယ်”လို့ Ritzau သတင်းအေဂျင်စီကို ပြောခဲ့တာပါ။

ဖီဖာကတော့ ဒါနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုတာကို ငြင်းဆန်ထားပါတယ်။

ဖီဖာရဲ့ စည်းမျဉ်းတွေမှာ အသင်းတွေအနေနဲ့ နိုင်ငံရေး၊ ဘာသာရေး၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကြွေးကြော်သံတွေ၊ ထုတ် ပြန်ချက် ဒါမှမဟုတ် ရုပ်ပုံတွေကို အသုံးပြုခွင့် မရှိဘူးဆိုပြီး ပါရှိတာပါ။

ဒိန်းမတ်အသင်းကိုတွေ့ရစဉ် (Sports)

“လူသားအားလုံးအတွက် လူ့အခွင့်အရေးဆိုတဲ့ စာသားဟာ လူတိုင်းအတွက်ဖြစ်ပြီး နိုင်ငံရေးမဟုတ်ပါဘူး။ ဒါပေမယ့် လူတိုင်းက ပံ့ပိုးပေးနိုင်တဲ့ အရာတစ်ခုပါ”လို့ ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်က ပြောခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားကျင်းပမယ့် ကာတာနိုင်ငံအပေါ်မှာ ဝေဖန်မှုတွေ မြင့်မားနေတာကြောင့် ပြိုင်ပွဲဝင် နိုင်ငံတွေအနေနဲ့ ဘောလုံးကိုပဲ အာရုံစိုက်ကြဖို့ ဖီဖာက ပြောထားပါတယ်။

ဒိန်းမတ်အသင်း ဂျာစီထုတ်လုပ်သူ ဟမ်းမဲလ်က ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မယ့် အသင်းဝတ်စုံပေါ်မှာ အသေးစိတ် အချက်အလက်တွေကို လျှော့ချခဲ့ပြီး ကာတာရဲ့ လူ့အခွင့်အရေး မှတ်တမ်းကို ဆန့်ကျင်တဲ့ အနက်ရောင် ဝတ်စုံကို ပြိုင်ပွဲမတိုင်ခင် ကတည်းက ထုတ်ပြသွားခဲ့တာပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့ နီးကပ်လာနေပေမယ့် အခုအချိန်ထိ ဝေဖန်သံတွေဟာ ပိုပြီး များပြားလာနေတာ ဖြစ်ပါတယ်။

ဖီဖာဥက္ကဋ္ဌဟောင်း ဆပ်ဘလတ္တာက ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ကာတာကို ရွေးချယ်ခဲ့တာဟာ အမှားဖြစ်ခဲ့တယ် ဆိုပြီး မကြာသေးခင်က ပြောခဲ့ပါတယ်။ ကာတာကမ္ဘာ့ဖလားကို နိုဝင်ဘာလ ၂၀ ရက်မှာ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။

Source: CNA

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပေါ်တူဂီအသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ၀င်နေတဲ့ ရော်နယ်ဒို (SportsDesk)

ပေါ်တူဂီနဲ့ ကမ္ဘာ့ဖလား ၅ ကြိမ်မြောက် ယှဉ်ပြိုင်မယ့် ရော်နယ်ဒို

By CNI
CNI
Category: အားကစား
Hits: 1805

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၁

ရော်နယ်ဒိုဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ပေါ်တူဂီအသင်းရဲ့ ကစားသမား ၂၆ ဦး စာရင်းမှာ ပါဝင်ခဲ့တာ ကြောင့် ဒီကမ္ဘာ့ဖလားဟာ သူ့အတွက် ၅ ကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကမ္ဘာ့ဖလား ဖြစ်လာခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲကစပြီး ပေါ်တူဂီအတွက် စတင်ပါဝင်ခဲ့ကာ ၂၀၁၀၊ ၂၀၁၄ နဲ့ ၂၀၁၈ ပြိုင်ပွဲ တွေမှာလည်း ပါဝင်ခဲ့တာပါ။

အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ဒီရာသီ ယူနိုက်တက် အသင်းအတွက် ၃ ဂိုး သာ သွင်းယူထားနိုင်ပြီး ပုံစံ ကောင်း ပြသနိုင်ဖို့ ရုန်းကန်နေရပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ပေါ်တူဂီအသင်းကို ဦးဆောင်မှာ ဖြစ်ပါတယ်။ ကာတာကမ္ဘာ့ဖလားဟာ ရော်နယ်ဒိုအတွက် နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာနိုင်ပါတယ်။

ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၇ ပွဲ ကစားထားပြီး ၇ ဂိုး သွင်းယူထားတာ ဖြစ်ပြီး ဒီပြိုင်ပွဲမှာ ဂိုးသွင်း ယူနိုင် မယ်ဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ကြိမ်ဆက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

ပေါ်တူဂီအသင်း နည်းပြ ဖာနန်ဒိုဆန်းတို့စ်နဲ့ရော်နယ်ဒိုကိုတွေ့ရစဉ် (Sports)

ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ်က “ ရော်နယ်ဒို အပါအဝင် အခုခေါ်ယူခဲ့တဲ့ ကစားသမားတွေ အားလုံးဟာ အောင်မြင်မှုတွေ ဆာလောင်နေပြီး ပေါ်တူဂီကို ကမ္ဘာ့ချန်ပီယံဖြစ်အောင် လုပ်ဆောင်ပေးမယ့်သူတွေ”လို့ ပြောခဲ့ပါတယ်။

ပေါ်တူဂီအသင်း လူစာရင်းမှာ ပရီးမီးယားလိဂ် ကစားသမား ၁၀ ဦးအထိ ပါဝင်ခဲ့ပါတယ်။ သူတို့တွေကတော့ ရော်နယ်ဒိုရဲ့ ယူနိုက်တက်အသင်းဖော် ဘရူနိုဖာနန်ဒက်စ်နဲ့ ဒါလော့၊ မန်စီးတီးအသင်းက ရူဘင်ဒီယက်စ်၊ ကန်ဆယ်လို နဲ့ ဘာနာဒိုဆေးလ်ဗား၊ ဖူလ်ဟမ်က ပယ်လင်ဟာ၊ ဝုလ်ဗ်စ်က ဂျိုဆီဆာ၊ ရူဘင်နာဗက်စ်နဲ့ နူနက်စ်တို့ ဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိ ဝါရင့်နောက်ခံလူ ပီပီကလည်း ပေါ်တူဂီ လူစာရင်းမှာ ပါဝင်ခဲ့ပြီး မော်တင်ဟို၊ ဂွီဒက်စ်နဲ့ ရီနာတိုဆန်းချက်စ် တို့ကတော့ လူစာရင်းမှာ မပါဝင်ခဲ့ပါဘူး။

ပေါ်တူဂီအသင်းဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရုဂွေး၊ ဂါနာ၊ တောင်ကိုရီးယားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၄ ရက်မှာ ဂါနာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါ တယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

၂၀၂၆ ကမ္ဘာ့ဖလားအထိ မက်ဆီကစားတာကို မြင်ချင်နေတဲ့ စကာလိုနီ

By CNI
CNI
Category: Watch TV
Hits: 632

Share
Tweet
Share
Share
powered by social2s

ပရော်ဖက်ရှင်နယ်မပီသတဲ့ ရိုးမားကစားသမားကို အသင်းကထွက်ဖို့ မော်ရင်ဟိုပြော

By CNI
CNI
Category: Watch TV
Hits: 547

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုကို တွေ့ရစဉ်(Football365)

ဘောလုံးလောကကနေ ရော်နယ်ဒို ထွက်ခွာလုနီးပါး ဖြစ်ခဲ့

By CNI
CNI
Category: အားကစား
Hits: 1387

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၀

ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းထံ ပေါင် ၁၂ သန်းနဲ့ ၂၀၀၃ က မပြောင်းရွှေ့ခင်မှာ ဘောလုံးလောကကနေ ထွက်ခွာလုနီးပါး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ အချိန်တုန်းက ရော်နယ်ဒိုဟာ စပို့တင်းလစ္စဘွန်း အသင်းရဲ့ ဆယ်ကျော်သက် ကစားသမားတစ်ဦးဖြစ်ပြီး အနိုင်ကျင့်ခံရတာကြောင့် ဘောလုံးလောကကနေ ထွက်ခွာချင်ခဲ့တာလို့ သတင်းတွေမှာ ဖော်ပြထားတာပါ။

စပို့တင်းမှာ အကယ်ဒမီ ကစားသမားအဖြစ် ရှိနေချိန်အတွင်း သူ့ရဲ့ စကားပြောဆိုမှု လေယူလေသိမ်းကို တခြား ကောင်လေးတွေက ဝိုင်းဝန်း လှောင်ပြောင်ခဲ့ကြတာ ဖြစ်ပါတယ်။ သူဟာ မိသားစုကို လွမ်းနေတာကြောင့်လည်း နေ့တိုင်းငိုခဲ့ရတယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ရော်နယ်ဒိုဟာ ကျောင်းကနေ ထွက်ခဲ့ပြီး ဘောလုံးကိုသာ အာရုံစိုက်ခဲ့လို့ စပို့တင်း ပထမ အသင်းကြီးဆီ ခေါ်ယူခြင်း ခံခဲ့ရပါတယ်။ ပေါ်တူဂီ ကစားသမားဟာ စပို့တင်းမှာ ရှိတဲ့အချိန် အတွင်းမှာ သူ လိုချင်တဲ့ အချိန်တိုင်း အားကစားခန်းမကို အသုံးပြုလို့ မရတာကြောင့် မပျော်မရွှင် ဖြစ်ခဲ့ရပါသေးတယ်။

အားကစားခန်းမကို အသုံးပြုတဲ့ ကလေးတွေနဲ့ ပက်သက်ပြီး ကလပ်အသင်းက တင်းကျပ်တဲ့ မူဝါဒတွေကို ချမှတ်ထားတာ ဖြစ်ပါတယ်။

ရော်နယ်ဒို ယူနိုက်တက်နဲ့ စပို့တင်းလစ္စဘွန်း အသင်းတို့မှာ ကစားစဉ် (Ronaldo)

ကလပ် အကယ်ဒမီ အမှုဆောင် အော်ရယ်လီယိုပါရဲရားက “ ကျနော်တို့ဟာ ကလေးတွေကို အားကစားရုံမှာ ဘယ်တုန်းကမှ မထားခဲ့ပါဘူး။ ဒါဟာ ကျနော်တို့ ကစားသမားတွေရဲ့ ရှည်ကြာတဲ့ ကစားသမားဘဝ နောက် ကွယ်က လျှို့ဝှက်ချက်ပါပဲ။ သဘာဝအတိုင်း ကြီးထွားဖွံ့ဖြိုးလာဖို့က ပိုပြီးအရေးကြီးပါတယ်”လို့ ပြောပါတယ်။

ရော်နယ်ဒိုဟာ အလေးမ လေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့ ညဘက်တွေမှာ ထွက်လာခဲ့ပြီး သူ့ရဲ့ လုပ်ဆောင်မှုတွေကို သိရှိခဲ့လို့ အပြစ်ပေးတဲ့ အနေနဲ့ ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒို အနေနဲ့ ဒီလိုမျိုး လုပ်ဆောင်မှာကို တားဆီးတဲ့ အနေနဲ့ အားကစားခန်းမရဲ့ တံခါးတွေကို သော့ခ လောက်နဲ့ သော့ခတ်ခဲ့ပါတယ်။

ဒါပေမယ့် ရော်နယ်ဒို ကတော့ ရပ်တန့်သွားခြင်းမရှိပဲ ပိုမိုသန်မာလာစေဖို့ အရာအားလုံးကို ကြိုးစား လုပ်ဆောင်ခဲ့ ပါတယ်။ ရော်နယ်ဒိုဟာ ဒီလိုလုပ်ဆောင်မှုတွေကြောင့် သူ့ရဲ့ ခန္ဓာကိုယ် အချိုးအစားကို အခုအချိန်ထိ ထိန်းသိမ်း ထားနိုင်ခဲ့တာပါ။

ပေါ်တူဂီ ကစားသမားဟာ အသက် ၃၈ နှစ်ပြည့်ဖို့ နီးစပ်နေပေမယ့် အခုအချိန်ထိ ထိပ်တန်းအဆင့်မှာ ကစား နိုင်သေးတယ်ဆိုတာကို အကောင်းဆုံး ကြိုးစားပြီး သက်သေပြနေပါတယ်။

Source: Sportbible

 

 

 

Share
Tweet
Share
Share
powered by social2s
မော်ရင်ဟိုကို တွေ့ရစဉ် (Reuters)

ပရော်ဖက်ရှင်နယ်မပီသတဲ့ ရိုးမားကစားသမားကို အသင်းကထွက်ဖို့ မော်ရင်ဟိုပြော

By CNI
CNI
Category: အားကစား
Hits: 1269

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၀

ရိုးမားအသင်းနည်းပြ မော်ရင်ဟိုက ဆက်ဆူအိုလိုအသင်းနဲ့ ၁ ဂိုးစီ သရေကျတဲ့ ပွဲအပြီးမှာ ပရော်ဖက်ရှင်နယ် မပီသတဲ့ အသင်း ကစားသမားတစ်ဦးကို ထွက်ခွာဖို့ ပြောလိုက်ပါတယ်။

မော်ရင်ဟိုက “ ကျနော်တို့ဟာ ခက်ခဲတဲ့ ပြိုင်ဘက်ကို အနိုင်ယူချင်တဲ့ အသင်းပါ။ ပရော်ဖက်ရှင်နယ် မဆန်တဲ့ ကစားသမားတစ်ဦးရဲ့ စိတ်နေ သဘောထားကြောင့် အသင်းရဲ့ ကြိုးစားအားထုတ်မှုကို သစ္စာဖောက်သလို ဖြစ်ရလို့ ကျနော် ဝမ်းနည်းမိပါတယ်။ သူ့ရဲ့ ပရော်ဖက်ရှင်နယ် မဆန်တဲ့ စိတ်နေသဘောထားက အသင်းဖော်တွေအတွက် မျှတမှု မရှိပါဘူး။ ဒါက ကျနော့်ကို စိတ်ပျက်စေပါတယ်”လို့ DAZN ကို ပြောခဲ့ပါတယ်။

ဒီပွဲမှာ အေဘရာဟမ်က ပွဲချိန်မိနစ် ၈၀ မှာ ရိုးမားအတွက် ဦးဆောင်ဂိုး စတင်သွင်းယူပေးခဲ့ပြီး ဒီဂိုးဟာ စက်တင်ဘာလ နောက်ပိုင်း သူ့ရဲ့ ပထမဆုံး လိဂ်ဂိုးလည်း ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန် ၈၅ မိနစ်မှာ ပီနာမွန်တီက ဆက်ဆူအိုလိုအတွက် ချေပဂိုး သွင်းပေးခဲ့လို့ သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါ တယ်။ ပရော်ဖက်ရှင်နယ် မပီသတဲ့ ကစားသမားရဲ့ အမည်ကိုတော့ မော်ရင်ဟိုက ထုတ်ဖော်ပြောဖို့ ငြင်းဆန် ခဲ့ပါတယ်။

 ရိုးမားကစားသမား တစ်ဦးကိုတွေ့ရစဉ် (Sports)

မော်ရင်ဟိုက “ ကျနော် ခင်ဗျားတို့ကို ပြောမှာ မဟုတ်ပါဘူး။ ကျနော့်ရဲ့ ကစားသမား ၁၆ ဦးအထိ ရှိခဲ့ပြီး ဒီထဲက ၁၅ ဦးရဲ့ စိတ်နေ သဘောထားကို ကျနော် သဘောကျပါတယ်။ ဇန်နဝါရီ ကျရင်တော့ အဆိုပါ ကစားသမားအနေ နဲ့ အခြားကလပ် တစ်သင်းကို ရှာဖွေဖို့ လိုအပ်ပါတယ်”လို့ ပြောခဲ့တာပါ။

မော်ရင်ဟိုဟာ ဘယ်ကစားသမားကို ပြောနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမယ့် ဇန်နဝါရီ အပြောင်း အရွှေ့ မတိုင်ခင်မှာ သူ့ခံစားချက်တွေကို ချပြခဲ့တာ ဖြစ်ပါတယ်။ ရိုးမားအသင်းဟာ ပြီးခဲ့တဲ့ စီးရီးအေပွဲမှာ လာဇီယို အသင်းကို အရေးနိမ့်ခဲ့ပြီး ဒီပွဲမှာ သရေကျခဲ့တာကြောင့် ၂ ပွဲဆက်တိုက် ရမှတ်တွေ လျော့ကျခဲ့တာပါ။

ရိုးမားအသင်းဟာ ဒီပွဲရလဒ်ကြောင့် စီးရီးအေ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ရိုးမားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် စီးရီးအေ နောက်ဆုံးပွဲစဉ်အဖြစ် တိုရီနိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal

 

 

 

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့ဖလားမကျင်းပခင် ရက်ပိုင်းအလိုမှာ ဒဏ်ရာရရှိခဲ့တဲ့ မာနေး

By CNI
CNI
Category: Watch TV
Hits: 541

Share
Tweet
Share
Share
powered by social2s

၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ကာတာကို ရွေးချယ်ခဲ့တာ မှားခဲ့တယ်လို့ ဘလတ္တာပြော

By CNI
CNI
Category: Watch TV
Hits: 591

Share
Tweet
Share
Share
powered by social2s
အာဂျင်တီးနားအသင်း ဗိုလ်ဆွဲမယ်လို့ EA Sports ခန့်မှန်းထားချက်ကို တွေ့ရစဉ်

၂၀၂၂ ကမ္ဘာ့ဖလား ချန်ပီယံဆုကို အာဂျင်တီးနား ရရှိမယ်လို့ EA Sports ခန့်မှန်း

By CNI
CNI
Category: အားကစား
Hits: 1027

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၉

ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့ ရက်ပိုင်းသာ လိုအပ်တော့ချိန်မှာ EA Sports က အာဂျင်တီးနားဟာ ဒီပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိသွားလိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။

ဖီဖာဘောလုံးဂိမ်းတွေကို ထုတ်လုပ်တဲ့ EA Sports ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ တစ်ခုလုံးကို တုပပြီး ခန့်မှန်းမှု ပြုလုပ် သွားခဲ့တာပါ။ EA Sports ဟာ ကမ္ဘာ့ဖလား ချန်ပီယံဆုအတွက် ခန့်မှန်းတာနဲ့ ပက်သက်ပြီး အထင်ကြီးစရာ ကောင်းတဲ့ မှတ်တမ်းတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

၂၀၁၀ ကမ္ဘာ့ဖလားမှာ စပိန်၊ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ဂျာမနီနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်း ချန်ပီယံဆု ရယူနိုင်မယ်လို့ ခန့်မှန်းတာမှာ မှန်ကန်ခဲ့ပါတယ်။

EA Sports က အာဂျင်တီးနား အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဘရာဇီးလ်အသင်းနဲ့ တွေ့ဆုံမှာ ဖြစ်ပြီး ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရကာ ချန်ပီယံဆုကို ရယူမယ်လို့ ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလား အကောင်းဆုံးရလာနိုင်မယ့် စာရင်းကို EA Sports ကထုတ်ပြန်ထား

တတိယနေရာကိုတော့ ပြင်သစ်အသင်းက ပေါ်တူဂီအသင်းကို ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ယူပြီး ရရှိမယ်လို့ ခန့်မှန်းထား တာပါ။ နာမည်ကြီး အင်္ဂလန်ဟာ ၁၆ သင်းအဆင့်မှာ နယ်သာလန်ကို ၃ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ပြီး ထွက်ခွာရမယ်လို့ သူတို့ရဲ့ ခန့်မှန်းမှုမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

မက်ဆီဟာ ဒီပြိုင်ပွဲမှာ ၇ ပွဲ ကစားတာမှာ ၈ ဂိုးသွင်းပြီး ဂိုးသွင်းဘုရင်ဆုနဲ့ ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆု ကို ရရှိမယ်လို့လည်း EA Sports က ခန့်မှန်းထားတာပါ။

ဒီပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်းမှာ မာတီးနတ်စ်၊ ကန်ဆယ်လို၊ ဗာရန်း၊ မာကွင်ဟိုစ်၊ အကူနာ၊ ပါရီဒက်စ်၊ ဒီပေါလ်၊ ဗီနီစီးယက်စ်၊ မက်ဆီ၊ ဘတ်ပီနဲ့ ရစ်ချာလီဆန် တို့ ပါဝင်မယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကိုတော့ နိုဝင်ဘာလ ၂၀ ရက်ကနေ ဒီဇင်ဘာလ ၁၈ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။

Source: Sportbible

 

 

 

Share
Tweet
Share
Share
powered by social2s
အီကွေဒေါအသင်း နည်းပြ အယ်လ်ဖာရိုကိုတွေ့ရစဉ်(The Daily Star)

ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်ရက် ပြောင်းလဲခဲ့တဲ့အပေါ် အီကွေဒေါနည်းပြ ဝေဖန်

By CNI
CNI
Category: အားကစား
Hits: 1005

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၉

အီကွေဒေါ အသင်းနည်းပြ အယ်လ်ဖာရိုက အိမ်ရှင်ကာတာနဲ့ သူ့အသင်း ကစားမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ် ကို ရက်ပြောင်းလဲ ကျင်းပတဲ့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်လိုက်ပါတယ်။

အယ်လ်ဖာရိုက “ကျနော်တို့ ပြင်ဆင်ချိန် တစ်ရက် လျော့နည်းသွားပါတယ်။ ဒီလို ရက်ပြောင်းလဲ ကျင်းပတာနဲ့ ပက်သက်ပြီး အကောင်အထည် ဖော်တာမှာ ပြဿနာတစ်စုံတစ်ရာ ရှိ၊မရှိ ဆိုတာကိုလည်း ကျနော်တို့နဲ့ ဆွေးနွေး တိုင်ပင်မှု မရှိခဲ့ဘူး”လို့ အင်္ဂါနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို မူလက နိုဝင်ဘာလ ၂၁ ရက်မှာ ကျင်းပဖို့ စီစဉ်ခဲ့တာဖြစ်ပေမယ့် ပြိုင်ပွဲစီစဉ်သူတွေက အိမ်ရှင်အသင်းနဲ့ ပြိုင်ပွဲစတင်တာ ပိုကောင်းတယ်လို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ကာတာနဲ့ အီကွေဒေါ အသင်းရဲ့ ပွဲကို ရှေ့တစ်ရက်တိုးပြီး နိုဝင်ဘာလ ၂၀ ရက်မှာ ကျင်းပဖို့ ပြုလုပ်ခဲ့ တာပါ။ အီကွေဒေါအသင်းဟာ တောင်အမေရိကဇုန် ခြေစစ်ပွဲမှာ ဘရာဇီးလ်၊ အာဂျင်တီးနား၊ ဥရုဂွေးတို့ရဲ့ နောက် စတုတ္တနေရာရကာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။

အီကွေဒေါအသင်းသားများကိုတွေ့ရစဉ်(FIFA)

အီကွေဒေါအသင်းဟာ အသုံးပြုလို့မရတဲ့ ကစားသမား ကတ်စတီလိုကို အသုံးပြုခဲ့လို့ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ ရပါသေးတယ်။

ဒါပေမယ့် အားကစားခုံရုံးက ကတ်စတီလိုဟာ အီကွေဒေါနိုင်ငံသား ဖြစ်တယ်လို့ ပြောခဲ့တာကြောင့် လက်ရွေးစင် အသင်းဟာ ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခွင့်ရဖို့ သေချာသွားခဲ့တာ ဖြစ်ပါတယ်။ အီကွေဒေါအသင်းဟာ အခုတစ်ကြိမ်နဲ့ ဆို ကမ္ဘာ့ဖလားပြိုင်ပွဲကို ၄ ကြိမ်မြောက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာပါ။

၂၀၀၆ က ဂျာမနီမှာကျင်းပခဲ့စဉ်က ၁၆ သင်းအဆင့် တက်နိုင်တာကလွဲပြီး အီကွေဒေါအသင်းဟာ ကျန်တဲ့ ၂ ကြိမ် စလုံး အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ အီကွေဒေါအသင်းဟာ အခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု A မှာ အိမ်ရှင်ကာတာ၊ ဆီနီဂေါ၊ နယ်သာလန်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး နောက်တစ်ဆင့် တက်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။

Source:CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရော်နယ်ဒိုက ခြားနားမှုတွေဖြစ်အောင် လုပ်နိုင်သေးတယ်လို့ ဇာဗီပြော

By CNI
CNI
Category: Watch TV
Hits: 549

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့ဖလားအတွက် ဘရာဇီးလ်ထုတ်ပြန်ခဲ့တဲ့ ကစားသမားတွေက ဘယ်သူတွေလဲ

By CNI
CNI
Category: Watch TV
Hits: 553

Share
Tweet
Share
Share
powered by social2s
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31
  • 32
  • 33

Page 29 of 81

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar