CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၂

နယ်သာလန်အသင်းဟာ ကာတာမှာရှိနေတဲ့ အချိန်အတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အားကစားကွင်းတွေ တည်ဆောက်တာမှာ ကူညီခဲ့ကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ တွေ့ဆုံပြီး စကားပြောသွားမယ်လို့ နည်းပြ ဗန်ဟားလ်က ပြောပါတယ်။

ဗန်ဟားလ်က “ ဒီလိုလုပ်ဆောင်ဖို့ ဆန္ဒရှိတယ်ဆိုတဲ့ အချက်က နယ်သာလန် ဘောလုံးအဖွဲ့ချုပ်နဲ့ အသင်းသား တွေရဲ့ အတွေးအမြင်တွေ အကြောင်းကို တစ်ခုခု ပြောပြနေတာပါပဲ။ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ တစ်နာရီ ကြာ တွေ့ဆုံအပြီးမှာ ဆီနီဂေါနဲ့ ပွဲအတွက် အာရုံစိုက်ရပါမယ်”လို့ ပြောခဲ့တာပါ။

နယ်သာလန်အသင်းဟာ နိုဝင်ဘာ ၁၇ ရက်မှာ ရွှေ့ပြောင်း အလုပ်သမား ၂၀ ခန့်နဲ့ တွေ့ဆုံမှာဖြစ်ပြီး သူတို့ရဲ့ လုပ်ငန်းခွင် အခြေအနေအကြောင်း စကားပြောကာ ကစားသမားတွေနဲ့အတူ လေ့ကျင့်ခွင့် ရမယ့် အခွင့်အရေးမျိုး ပေးမယ်လို့ သိရပါတယ်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘောလုံးကွင်း ဆောက်နေတဲ့ အလုပ်သမားတွေကိုတွေ့ရစဉ်

နယ်သာလန်အသင်းဟာ ကာတာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ လုပ်ငန်းခွင် အခြေအနေအကြောင်းကို ဝေဖန်တဲ့ ဘောလုံးအသင်း အနည်းငယ်ထဲက ၁ သင်းလည်း ဖြစ်ပါတယ်။

ကာာတာနိုင်ငံဟာ ရွှေ့ပြောင်း အခြေအနေတွေနဲ့ ပက်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ပြင်းထန်စွာ ဝေဖန် ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က ထောင်နဲ့ ချီတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ပိတ်မိနေပြီး ခေါင်းပုံဖြတ်ခံနေရတယ်ဆိုတဲ့ အစီရင်ခံစာကို ကာတာအစိုးရက ငြင်းဆန်ထားတာပါ။

ဖီဖာဟာ ငွေကြေးနဲ့ စီးပွားရေးဆိုင်ရာ အကြောင်းပြချက်တွေကြောင့် ကာတာနိုင်ငံကို ကမ္ဘာ့ဖလားအိမ်ရှင်ပေးခဲ့ တာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို အဲဒီနိုင်ငံမှာ ကစားရမှာက ရယ်စရာကောင်းတယ်လို့ ခံစားရကြောင်း နယ်သာလန်နည်းပြ ဗန်ဟားလ်က အခုနှစ်အစောပိုင်းက ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာလ ၂၀ ရက်ကနေ ဒီဇင်ဘာလ ၁၈ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source: CNA