CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၉

ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့ ရက်ပိုင်းသာ လိုအပ်တော့ချိန်မှာ EA Sports က အာဂျင်တီးနားဟာ ဒီပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိသွားလိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။

ဖီဖာဘောလုံးဂိမ်းတွေကို ထုတ်လုပ်တဲ့ EA Sports ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ တစ်ခုလုံးကို တုပပြီး ခန့်မှန်းမှု ပြုလုပ် သွားခဲ့တာပါ။ EA Sports ဟာ ကမ္ဘာ့ဖလား ချန်ပီယံဆုအတွက် ခန့်မှန်းတာနဲ့ ပက်သက်ပြီး အထင်ကြီးစရာ ကောင်းတဲ့ မှတ်တမ်းတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

၂၀၁၀ ကမ္ဘာ့ဖလားမှာ စပိန်၊ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ဂျာမနီနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်း ချန်ပီယံဆု ရယူနိုင်မယ်လို့ ခန့်မှန်းတာမှာ မှန်ကန်ခဲ့ပါတယ်။

EA Sports က အာဂျင်တီးနား အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဘရာဇီးလ်အသင်းနဲ့ တွေ့ဆုံမှာ ဖြစ်ပြီး ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရကာ ချန်ပီယံဆုကို ရယူမယ်လို့ ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလား အကောင်းဆုံးရလာနိုင်မယ့် စာရင်းကို EA Sports ကထုတ်ပြန်ထား

တတိယနေရာကိုတော့ ပြင်သစ်အသင်းက ပေါ်တူဂီအသင်းကို ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ယူပြီး ရရှိမယ်လို့ ခန့်မှန်းထား တာပါ။ နာမည်ကြီး အင်္ဂလန်ဟာ ၁၆ သင်းအဆင့်မှာ နယ်သာလန်ကို ၃ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ပြီး ထွက်ခွာရမယ်လို့ သူတို့ရဲ့ ခန့်မှန်းမှုမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

မက်ဆီဟာ ဒီပြိုင်ပွဲမှာ ၇ ပွဲ ကစားတာမှာ ၈ ဂိုးသွင်းပြီး ဂိုးသွင်းဘုရင်ဆုနဲ့ ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆု ကို ရရှိမယ်လို့လည်း EA Sports က ခန့်မှန်းထားတာပါ။

ဒီပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်းမှာ မာတီးနတ်စ်၊ ကန်ဆယ်လို၊ ဗာရန်း၊ မာကွင်ဟိုစ်၊ အကူနာ၊ ပါရီဒက်စ်၊ ဒီပေါလ်၊ ဗီနီစီးယက်စ်၊ မက်ဆီ၊ ဘတ်ပီနဲ့ ရစ်ချာလီဆန် တို့ ပါဝင်မယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကိုတော့ နိုဝင်ဘာလ ၂၀ ရက်ကနေ ဒီဇင်ဘာလ ၁၈ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။

Source: Sportbible