CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

မန်စီးတီးအတွက် စိန်ခေါ်သူက လီဗာပူးလ်လို့ ဂွာဒီယိုလာပြော

By CNI
CNI
Category: Watch TV
Hits: 649

Share
Tweet
Share
Share
powered by social2s
မက်ဆီ၊ ဒိုင်ဘားလား၊ ဒီမာရီယာ လေ့ကျင့်ခန်း ဆင်းနေစဉ် (Dunya News)

ဒီမာရီယာနဲ့ ဒိုင်ဘားလားတို့ ကမ္ဘာ့ဖလားမတိုင်ခင် ပြန်ကောင်းလာဖို့ မက်ဆီမျှော်လင့်

By CNI
CNI
Category: အားကစား
Hits: 1595

ဒီမာရီယာနဲ့ ဒိုင်ဘားလားတို့ ကမ္ဘာ့ဖလားမတိုင်ခင် ပြန်ကောင်းလာဖို့ မက်ဆီမျှော်လင့်

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၅

အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီက ဒဏ်ရာရရှိနေကြတဲ့ လက်ရွေးစင် အသင်းဖော် ဒီမာရီယာနဲ့ ဒိုင်ဘားလားတို့ အခြေအနေကို စိုးရိမ်ပေမယ့် ကမ္ဘာ့ဖလားမတိုင်ခင် ပြန်ကောင်းလာဖို့ မျှော်လင့်ကြောင်း ပြောလိုက်ပါတယ်။

မက်ဆီက “ ကမ္ဘာ့ဖလားပြိုင်ပွဲက ခြားနားပြီး၊ မတူညီတဲ့ အချိန်တွေမှာ ကစားရလို့ စိုးရိမ်မှုတွေ ရှိပါ တယ်။ သူတို့ နှစ်ဦးစလုံး ပြန်ကောင်းလာဖို့ ကျနော်မျှော်လင့်ပါတယ်။ သူတို့အနေနဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ကောင်းမွန်ဖို့ အချိန်တွေ အများကြီး ကျန်ပါသေးတယ်။ အားလုံးပဲ ကျန်းကျန်းမာမာနဲ့ ရှိဖို့ ကျနော် မျှော်လင့်ထားပါတယ်”လို့ DirecTV Sports ကို ပြောခဲ့ပါတယ်။

ဒီမာရီယာ ဒဏ်ရာရရှိသွားစဉ် (AP)

မက်ဆီကလည်း ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ပီအက်စ်ဂျီ အသင်းရဲ့ ပွဲစဉ် ၂ ပွဲကို ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ ဂျူဗင်တပ်စ် ကစားသမား ဒီမာရီယာက တံကောက်ကြော ဒဏ်ရာကြောင့် နိုဝင်ဘာလ အစောပိုင်းအထိ အနားယူရဖွယ် ရှိနေပြီး ဒိုင်ဘားလားကတော့ ပေါင်ဒဏ်ရာကြောင့် ကာတာကမ္ဘာ့ဖလားကို ပါဝင်နိုင် ဖွယ် မရှိဘူးလို့ နိုင်ငံတကာ သတင်းတွေက ဖော်ပြနေကြပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ နီးနေတာကြောင့် ဒဏ်ရာရတဲ့ အခြေအနေဟာ ကြောက်ဖို့ ကောင်းတယ်လို့လည်း မက်ဆီက ပြောပါတယ်။

 ဒိုင်ဘားလား ဒဏ်ရာရရှိသွားစဉ် (InsideSports)

“ဒါတွေကို မြင်တွေ့ရတာ ကြောက်ဖို့ကောင်းပေမယ့် တွေးကြည့်မယ်ဆိုရင်လည်း ဆန့်ကျင်ဘက် ဖြစ်နိုင်ပါတယ်။ အကောင်းဆုံး အရာကတော့ ပုံမှန်အတိုင်းပဲ အမြဲတမ်း လုပ်ဆောင်ပြီး ကစားတာက အကောင်းဆုံး နည်းလမ်းပါပဲ”လို့ မက်ဆီက ထပ်ပြီး ပြောခဲ့ပါတယ်။

မက်ဆီဟာ ဒဏ်ရာက သက်သာလာပြီး လေ့ကျင့်မှုတွေ ပြန်လည် ပြုလုပ်နေပြီ ဖြစ်တာကြောင့် မာဆေးလ်နဲ့ လီဂူးဝမ်းပွဲစဉ်မှာ ပါဝင်နိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားဟာ သူ့အတွက် နောက်ဆုံး ကမ္ဘာ့ဖလား ဖြစ်တယ်လို့လည်း မက်ဆီက မကြာသေး ခင်က ပြောထားပါတယ်။ အာဂျင်တီးနား အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု C မှာ ဆော်ဒီ၊ မက္ကဆီ ကို၊ ပိုလန်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။

Source: CNA

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
လီဗာပူးလ်အသင်း နည်းပြ ကလော့ပ်နဲ့ ဂွာဒီယိုလာကိုတွေ့ရစဉ် (FotMob)

မန်စီးတီးအတွက် စိန်ခေါ်သူက လီဗာပူးလ်လို့ ဂွာဒီယိုလာပြော

By CNI
CNI
Category: အားကစား
Hits: 1948

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၅

မိမိတို့အသင်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့အတွက် အကြီးမားဆုံး စိန်ခေါ်သူက လီဗာပူးလ် အသင်း ဖြစ်တယ်လို့ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ပြောပါတယ်။

ဂွာဒီယိုလာက “၁၀ ပွဲကျန်သေးလို့ ဒီမေးခွန်းကို မေးမယ်ဆိုရင် လီဗာပူးလ်က ဒီလိဂ်ရဲ့ ထိပ်ဆုံးနေရာကို လိုက်မှီ နိုင်မယ်လို့ မထင်ပါဘူး။ ဒါပေမယ့် ကျနော်တို့ အခုရှိနေတဲ့ အနေအထားမှာရော၊ ကမ္ဘာ့ဖလားပြိုင်ပွဲပါ ရှိနေတဲ့ အတွက် ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ သူတို့မှာရှိတဲ့ အရည်အသွေးကို ကျနော်တို့ သိပါတယ်။ ဒီပွဲက အမြဲတမ်း ခက်ခဲတဲ့ ပွဲဖြစ်မှာဖြစ်ပြီး တခြားဘာကိုမှ မမျှော်လင့်ထားပါဘူး”လို့ ပြောပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေ ဆိုးနေပြီး အဆင့် ၁၀ နေရာမှာ ရပ်တည် နေကာ မန်စီးတီး အသင်းကတော့ အဆင့် ၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

သူတို့ နှစ်သင်းကြား ရမှတ်ကွာဟမှု ၁၃ မှတ်အထိ ရှိနေတာပါ။ လက်ရှိ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အမှတ်ပေး ဇယား ထိပ်ဆုံးနေရာမှာ အာဆင်နယ်အသင်းက ဦးဆောင်နေပြီး စပါးအသင်းကတော့ တတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

မန်စီးတီးနဲ့လီဗာပူးလ်အသင်း ကစားသမားများကိုတွေ့ရစဉ် (Manchester City)

ဒါပေမယ့် ဂွာဒီယိုလာကတော့ လီဗာပူးလ်အသင်းကိုသာ အဓိက ပြိုင်ဘက်အဖြစ် သတ်မှတ်ထားကြောင်း ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ကြိမ်မှာ မန်စီးတီးအသင်းက ချန်ပီယံဆု ၄ ကြိမ် ရယူနိုင်ခဲ့ပြီး လီဗာပူးလ်အသင်းက ၁ ကြိမ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂွာဒီယိုလာက “ ကျနော်တို့ ဒီကို အတူတူ ရောက်ရှိလာကတည်းက နှစ်တိုင်းဟာ အမြဲတမ်း ခက်ခဲခဲ့ ပါတယ်။ ဒီပွဲ ကို အမှတ်ပေး ဇယားနဲ့ မဟုတ်ဘဲ ကွင်းထဲမှာပဲ အဆုံးအဖြတ် ပေးသွားမှာပါ။ ကျနော်တို့က သူတို့ အရှေ့မှာပဲ ရှိရှိ၊ နောက်မှာပဲ ရှိရှိ ဒီလိုမျိုး အရာတွေနဲ့ မသက်ဆိုင်ပါဘူး။ လီဗာပူးလ်အသင်းဟာ လွန်ခဲ့တဲ့လ အနည်းငယ်က အင်္ဂလိပ် ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာရှိတဲ့ အခြေအနေအဖြစ် ဆုဖလား ၄ ခုအတွက် ယှဉ်ပြိုင်ခဲ့ရတာပါ။ သူတို့ ဟာ ဂိုးကန်သွင်းမှု အသာ၊ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့ပါတယ်။ ဒါက တူညီတဲ့အသင်း၊ တူညီတဲ့ နည်းပြနဲ့ပါ”လို့ ပြောပါတယ်။

လီဗာပူးလ်နဲ့ မန်စီးတီး အသင်းတို့ဟာ ရာသီ မစတင်ခင် ကွန်မြူနတီဒိုင်းအဖြစ် ယှဉ်ပြိုင်ခဲ့တာမှာ လီဗာပူးလ် အသင်းက ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Source: BBC

 

 

 

Share
Tweet
Share
Share
powered by social2s

ဘောလွန်းဒီအောဆုပေးပွဲမဖျက်ရင် ဒီနှစ်က ဘန်ဇီမာအတွက်ပဲလို့ လီဝန်ဒေါစကီးပြော

By CNI
CNI
Category: Watch TV
Hits: 690

Share
Tweet
Share
Share
powered by social2s

ကာတာနိုင်ငံက ကမ္ဘာ့ဖလားကို အောင်မြင်စွာကျင်းပနိုင်ဖို့ ပူတင် ဆန္ဒပြု

By CNI
CNI
Category: Watch TV
Hits: 624

Share
Tweet
Share
Share
powered by social2s

CNI ရဲ့ ဘောလုံးသုံးသပ်ချက် အစီအစဉ်

By CNI
CNI
Category: Watch TV
Hits: 785

Share
Tweet
Share
Share
powered by social2s
မေဝယ်လ်သာနဲ့ ပတ်ကွီအို ထိုးသတ်ခဲ့ကြစဉ် (The Mirror)

တကယ့်ပွဲထိုးချင်ပေမယ့် မေဝယ်လ်သာက သရုပ်ပြပွဲပဲ ထိုးချင်နေတယ်လို့ ပတ်ကွီအိုပြော

By CNI
CNI
Category: အားကစား
Hits: 1327

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၄

ဖိလစ်ပိုင် လက်ဝှေ့အကျော်အမော် ပတ်ကွီအိုက မေဝယ်လ်သာနဲ့ ပရော်ဖက်ရှင်နယ် မကျေပွဲ ထိုးသတ်ချင်ပေမယ့် အမေရိကန်နိုင်ငံသားက သရုပ်ပြပွဲပဲ ထိုးသတ်ချင်နေတယ်လို့ ပြောပါတယ်။

ပတ်ကွီအိုက “ ဖလွိုက်နဲ့ ထိုးမယ့်ပွဲက တကယ့်ပွဲဖြစ်ဖို့ မသေချာတော့ပါဘူး။ သူက ဒီလို မထိုးသတ်ချင်ပါဘူး။ သူက သရုပ်ပြပွဲ ထိုးသတ်ချင်နေပါတယ်။ သရုပ်ပြပွဲဖြစ်ဖို့ အခွင့်အလမ်းရှိပြီး ဒါက ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တကယ် ထိုးသတ်မယ့်ပွဲတော့ ဖြစ်မယ်မထင်ပါဘူး”လို့ FITE TV ကို ပြောခဲ့ပါတယ်။

သူတို့ နှစ်ဦးထိုးသတ်ခဲ့တဲ့ ၂၀၁၅ က ပေါင်သန်း ၄၇၀ တန်ကြေးရှိ ထိုးသတ်ပွဲမှာ ဝိတ်တန်း ၅ ခု ကမ္ဘာ့ချန်ပီယံ မေဝယ်လ်သာက ဝိတ်တန်း ၈ ခု ကမ္ဘာ့ချန်ပီယံ ပတ်ကွီအိုကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ပတ်ကွီအိုဟာ ဒီဇင်ဘာလမှာ DK Yoo နဲ့ သရုပ်ပြပွဲ ထိုးသတ်မှာဖြစ်ပြီး အဆိုပါပွဲက ရရှိတဲ့ ဝင်ငွေတွေကို ယူကရိန်းရှိ ပြည်သူတွေကို အကူအညီပေးဖို့နဲ့ ဖိလစ်ပိုင်ရှိ အိုးမဲ့အိမ်မဲ့ ပြည်သူတွေအတွက် အိမ်တွေဆောက်လုပ်ဖို့ အသုံးပြုသွားမှာပါ။

မေဝယ်လ်သာနဲ့ ပတ်ကွီအို ထိုးသတ်ခဲ့ကြစဉ် (GETTY IMAGES)

ပတ်ကွီအိုက “ ဒီသရုပ်ပြပွဲက ပရဟိတပွဲ တစ်ပွဲပါ။ ယူကရိန်းမှာ ခံစားနေရတဲ့ ဒုက္ခသည်တွေနဲ့ ဖိလစ်ပိုင်ရှိ အိုးမဲ့ အိမ်မဲ့တွေကို အကူအညီ ပေးသွားဖို့လည်း ပါဝင်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူတွေကို အကူအညီ ပေးနိုင်ဖို့ အတွက် လူတွေအနေနဲ့လည်း ဒီသရုပ်ပြပွဲကို ပိုပြီး ပံ့ပိုးပေးဖို့ မျှော်လင့်ပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ပတ်ကွီအိုက ဒီပွဲက သရုပ်ပြပွဲ ဖြစ်ပေမယ့် ပရော်ဖက်ရှင်နယ်ပွဲ ထိုးသတ်ဖို့အတွက် ကြိုးဝိုင်းထဲ ပြန်လာသလိုမျိုး လေ့ကျင့်မယ်လို့ ဝန်ခံခဲ့ပါတယ်။
“ဒီပွဲအတွက် ကျနော့်ရဲ့ လေ့ကျင့်မှုက အရင်တုန်းက အတိုင်းပါပဲ။ အရင်က ကျနော်လုပ်ခဲ့တာကို ခင်ဗျားတို့ မြင်တွေ့ခဲ့တဲ့ အတိုင်းပဲ ဒီလေ့ကျင့်မှုမှာလည်း ဒီလိုပဲ လုပ်သွားမှာပါ။ ဖိလစ်ပိုင်ကို ပြန်ပြီး လေ့ကျင့်မှုတွေကို ပြင်းပြင်းထန်ထန် လုပ်မယ်”လို့ ပတ်ကွီအိုက ပြောပါတယ်။

ပတ်ကွီအိုဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့ပွဲပေါင်း ၇၂ ပွဲ ထိုးသတ်ခဲ့တာမှာ ၆၂ ပွဲ အနိုင်ရခဲ့ပြီး ၈ ပွဲ အရေးနိမ့်ကာ ၂ ပွဲသရေကျခဲ့တာ ဖြစ်ပါတယ်။

Source: Daily Maila

 

 

 

 

Share
Tweet
Share
Share
powered by social2s
နေမာကိုတွေ့ရစဉ် (The Daily Star)

နေမာကို ထောင်ဒဏ် ၅ နှစ်ချမှတ်ဖို့ တောင်းဆို

By CNI
CNI
Category: အားကစား
Hits: 1495

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၄

ဘရာဇီးလ် ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီတစ်ခုက ၂၀၁၃ မှာ ဆန်းတို့စ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့တဲ့ နေမာရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး လာမယ့်အပတ် ရုံးတင်စစ်ဆေးတဲ့အခါ ထောင်ဒဏ် ၅ နှစ်ချမှတ်ဖို့ တောင်းဆို ထားပါတယ်။

အဲဒီအချိန်က နေမာရဲ့ လုပ်ပိုင်ခွင့် ၄၀ ရာခိုင်နှုန်း ပိုင်ဆိုင်ခဲ့တဲ့ DIS က ပြောင်းရွှေ့ကြေးဟာ တန်ဖိုးနည်းပါးတာ ကြောင့် သူတို့ဆုံးရှုံးခဲ့တယ်ဆိုပြီး ပြောပါတယ်။

အသက် ၃၀ အရွယ်ရှိ နေမာဟာ ဒီစွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ပေမယ့် ၂၀၁၇ က စပိန်တရားရုံးချုပ်မှာ အယူခံ ဝင်တာမှာ အရေးနိမ့်ခဲ့တာကြောင့် စပိန်အစိုးရရှေ့နေတွေရဲ့ ရုံးတင်စစ်ဆေးခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

နေမာ အနေနဲ့ ရုံးတင်စစ်ဆေးမယ့် ပထမဆုံးနေ့မှာ ဘာစီလိုနာကို လူကိုယ်တိုင် လာရောက်ရမယ်လို့ တရားရုံးက ပြောထားပါတယ်။

ဒါပေမယ့် ဒီကြားနာမှုဟာ ၂ ပတ် ကြာမြင့်နိုင်တာကြောင့် ပီအက်စ်ဂျီ တိုက်စစ်မှူးကို ဒီမှာဆက်ရှိပေးဖို့ တောင်းဆို မလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဆန်းတို့စ်အသင်းကနေ ဘာစီလိုနာကို နေမာ ပြောင်းရွှေ့ခဲ့စဉ် (Barca Blaugranes)

တခြား တရားခံတွေကတော့ နေမာရဲ့ မိဘတွေ၊ ကလပ် ၂ သင်း၊ ဘာစီလိုနာ ဥက္ကဋ္ဌဟောင်း ဘာတိုမြူနဲ့ ရိုဆဲလ်၊ ဆန်းတို့စ်အသင်း ဥက္ကဋ္ဌဟောင်း အိုတီလီယိုတို့ ဖြစ်ပါတယ်။ ရိုဆဲလ်ကတော့ သူတို့ ဘာအမှားအယွင်းမှ မလုပ်ခဲ့ ဘူးလို့ အရင်ကလည်း ငြင်းဆန်ထားပါတယ်။
နေမာ မိသားစုကိုယ်စားပြု ရှေ့နေတွေဖြစ်တဲ့ ဘာကာမက်ကန်ဇီက စပိန်တရားရုံး အနေနဲ့ နေမာရဲ့ မိသားစု၊ သူတို့ရဲ့ ကုမ္ပဏီဖြစ်တဲ့ N&N ကို တရားစွဲဆိုပိုင်ခွင့် မရှိဘူးလို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒီအဖြစ်အပျက်တွေဟာ စပိန်နိုင်ငံ အပြင်ဘက်မှာ ဖြစ်ခဲ့တာဖြစ်ပြီး ဘရာဇီးမှာ စွပ်စွဲထားတဲ့ ရာဇဝတ်မှုတွေ အတွက် အပြစ်ပေးခံရမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ နေမာဟာ စပိန်ကလပ်ကို ပြောင်းရွှေ့ခဲ့ချိန်မှာ ပြောင်းရွှေ့ ကြေးက ယူရို ၅၇.၁ သန်းဖြစ်ပြီး ဒီထဲက ယူရိုသန်း ၄၀ ကို သူ့မိသားစုထံ ပေးခဲ့တာလို့ ဘာစီလိုနာက ပြောခဲ့တာပါ။

အဆိုပါ ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီဟာ ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းထံ ပေးချေခဲ့တဲ့ ယူရို ၁၇.၁ သန်းထဲက ရှယ်ယာ ၄၀ ရာခိုင်နှုန်း ရရှိခဲ့တာ ဖြစ်ပါတယ်။ နေမာကို ထောင်ဒဏ် ၅ နှစ် ချမှတ်ဖို့ တောင်းဆိုမှုအပြင် DIS ဟာ ရိုဆဲလ်နဲ့ ဘာတိုမြူတို့ကိုလည်း ထောင်ဒဏ်နဲ့ ဒဏ်ကြေးငွေ ယူရို ၁၄၉ သန်းချမှတ်ဖို့ တောင်းဆိုထားပါတယ်။

စပိန်အစိုးရရှေ့နေတွေကတော့ နေမာကို ထောင်ဒဏ် ၂ နှစ်နဲ့ ဒဏ်ကြေးငွေ ယူရို ၁၀ သန်း၊ ရိုဆဲလ်ကို ထောင်ဒဏ် ၅ နှစ်နဲ့ ဒဏ်ကြေးငွေ ချမှတ်ဖို့ အလိုရှိနေတာ ဖြစ်ပါတယ်။

Source: BBC

 

 

 

Share
Tweet
Share
Share
powered by social2s

ဘောလွန်းဒီအောဆုပေးပွဲမဖျက်ရင် ဒီနှစ်က ဘန်ဇီမာအတွက်ပဲလို့ လီဝန်ဒေါစကီးပြော

By CNI
CNI
Category: အားကစား
Hits: 1178

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၄

ဘာစီလိုနာအသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးက အခုနှစ် ဘောလွန်းဒီအောဆုပေးပွဲကိုသာ မဖျက်ဘူးဆိုရင် ဘန်ဇီမာပဲ ရရှိမှာလို့ ပြောလိုက်ပါတယ်။

လီဝန်ဒေါစကီးက “ဘန်ဇီမာဟာ ဘောလွန်းဒီအောဆုကို ရယူဖို့ ရေပန်းအစားဆုံးသူတွေထဲက တစ်ယောက် ဖြစ်ပါတယ်။ဒီဆုပေးပွဲကိုသာ မပယ်ဖျက်ဘူးဆိုရင် ဘောလွန်းဒီအောဆုကို ဘန်ဇီမာပဲ ရရှိမယ်ဆိုတာ ဟုတ်ပါ တယ်” လို့ Movistar Plus ကို ပြောခဲ့တာပါ။အခုနှစ်အတွက် ဘောလွန်းဒီအောဆုပေးပွဲအခမ်းအနားကို တနင်္လာနေ့မှာပြုလုပ်မှာဖြစ်ပြီး ပိုလန်အသင်းခေါင်းဆောင်က ဆုပေးပွဲမတိုင်ခင် ပြောခဲ့တာဖြစ်ပါတယ်။

လီဝန်ဒေါစကီးရဲ့ အခုလို ပြောဆိုမှုဟာ ၂၀၂၀ က ကိုဗစ်ကြောင့် ဆုပေးပွဲဖျက်ခဲ့တာကို ရည်ညွှန်းခဲ့တာလည်း ဖြစ်ပါတယ်။လီဝန်ဒေါစကီးဟာ အဆိုပါနှစ်က ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဘွန်ဒစ်လီဂါ၊ချန်ပီယံလိဂ်နဲ့ ပိုကယ်လ်ဖလားတို့ကို ရယူနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၅၅ ဂိုးသွင်းယူကာ ၁၀ ဂိုးအထိ ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် လီဝန်ဒေါစကီးဟာ အဆိုပါနှစ်အတွက် ဘောလွန်းဒီအောဆုကို သေချာပေါက်ရရှိမယ့်သူအဖြစ် အားလုံးက သတ်မှတ်ခဲ့ကြတာပါ။

ဒါပေမယ့် ကိုဗစ်ကြောင့် ဒီဆုပေးပွဲကို ဖျက်သိမ်းခဲ့တဲ့အတွက် လီဝန်ဒေါစကီးဟာ ဖီဖာရဲ့ အကောင်းဆုံးဆုနဲ့ ယူအီးအက်ဖ်အေတစ်နှစ်တာ အကောင်းဆုံးဆုတို့ကိုသာ ရရှိခဲ့တာဖြစ်ပါတယ်။အခုနှစ်အတွက်တော့ ရီးရယ်လ် အသင်းခေါင်းဆောင် ဘန်ဇီမာက ဒီဆုကို ရရှိဖို့ ရေပန်းအစားဆုံးဖြစ်နေတာပါ။သူဟာ ပြီးခဲ့တဲ့ရာသီက ရီးရယ်လ် အသင်းကို ချန်ပီယံလိဂ်နဲ့ လာလီဂါဆုဖလား ရရှိနိုင်အောင် ဦးဆောင်ပေးနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၄၆ ပွဲမှာ ၄၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဘောလွန်းဒီအောဆုကို ရရှိခဲ့တဲ့ မက်ဆီဟာ ဒီနှစ်အတွက် ဆန်ကာတင် ၃၀ ဦးစာရင်းမှာ ပါဝင်ခြင်း မရှိခဲ့ဘဲ အဓိကပြိုင်ဘက်ကြီး ရော်နယ်ဒိုကတော့ ဒီစာရင်းမှာ ပါဝင်ခဲ့တာပါ။ရော်နယ်ဒိုဟာ ဒီနှစ်ဆုပေးပွဲကို ၂၀၁၇ နောက်ပိုင်း ပထမဆုံးအကြိမ်တက်ရောက်ဖို့ ရှိတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

Source:Goal

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပူတင်နဲ့ ရှိတ်တာမင်ကိုတွေ့ရစဉ် (A News)

ကာတာနိုင်ငံက ကမ္ဘာ့ဖလားကို အောင်မြင်စွာကျင်းပနိုင်ဖို့ ပူတင် ဆန္ဒပြု

By CNI
CNI
Category: အားကစား
Hits: 1074

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၄

ရုရှားသမ္မတ ဗလာဒီမာပူတင်က လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံ အနေနဲ့ အောင်မြင်စွာ ကျင်းပနိုင်ဖို့ ဆန္ဒပြုလိုက်ပြီး ၂၀၁၈ က အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ အတွေ့အကြုံတွေကို မျှဝေပေးခဲ့တယ်လို့ သိရပါတယ်။

ဗလာဒီမာပူတင်က “ကမ္ဘာ့ဖလားပြိုင်ပွဲ ပြင်ဆင်မှုနဲ့ ပတ်သက်ပြီး အတွေ့အကြုံတွေကို မျှဝေပေးနိုင်ဖို့ လုပ်ဆောင် လို့ရတဲ့ အရာအားလုံးကို လုပ်ဆောင်ပေးနေပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ဖို့လည်း ဆန္ဒပြုပေးချင်ပါတယ်။ ဒီလိုပဲ ဖြစ်မယ်ဆိုတာ သေချာပါတယ်”လို့ ပြောပါတယ်။

ရုရှားဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ကွာတားဖိုင်နယ်အထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုနှစ် အစောပိုင်းမှာ ယူကရိန်းကို ဝင်ရောက် ကျူးကျော်မှုကြောင့် ကာတာ ကမ္ဘာ့ဖလား ဝင်ခွင့်ရမယ့် ပလေးအော့ဖ် ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရတာပါ။

 ကမ္ဘာ့ဖလား ဆုဖလားနဲ့အတူ ပူတင်ကိုတွေ့ရစဉ် (RT)

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ အောက်တိုဘာလ ၁၃ ရက်က ကာဇက်စတန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ထိပ်သီး အစည်းအဝေးမှာ ကာတာနိုင်ငံက ရှိတ်တာမင်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပြုလုပ်တဲ့ ပထမဆုံး အရှေ့အလယ်ပိုင်း နိုင်ငံလည်း ဖြစ်ပါ တယ်။

ရှိတ်တာမင်က “ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ရုရှားက အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်မှုက ကျနော်တို့ လက်ခံ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်တာမှာ ကြီးမားတဲ့ အထောက်အကူ တစ်ခုပါပဲ။ လာမယ့် ပြိုင်ပွဲ အတွက် ပြင်ဆင်မှုတွေအပေါ် ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာလ ၂၀ ရက်ကနေ ဒီဇင်ဘာလ ၁၈ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဆာလတ်က ချန်ပီယံလိဂ်မှာ အမြန်ဆုံးဟတ်ထရစ်ဂိုးသွင်းသူ ဖြစ်လာ

By CNI
CNI
Category: Watch TV
Hits: 683

Share
Tweet
Share
Share
powered by social2s

ချန်ပီယံလိဂ်ကစားဖို့ ဘာစီလိုနာအသင်း မထိုက်တန်ဘူးလို့ နည်းပြ ဇာဗီပြော

By CNI
CNI
Category: Watch TV
Hits: 680

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုကိုတွေ့ရစဉ် (SPORTbible)

ဘောလွန်းဒီအောဆုပေးပွဲကို ၂၀၁၇ နောက်ပိုင်း ရော်နယ်ဒို ပထမဆုံးအကြိမ်တက်မည်

By CNI
CNI
Category: အားကစား
Hits: 1551

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၃

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ တနင်္လာနေ့မှာ ကျင်းပမယ့် ဘောလွန်းဒီအော ဆုပေးပွဲကို တက်ရောက် မယ်လို့ နိုင်ငံတကာ သတင်းတွေအရ သိရပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ၂၀၁၇ က ဘောလွန်းဒီအောဆုကို နောက်ဆုံး ရရှိပြီးနောက်ပိုင်း ဒီဆုပေးပွဲကို တက်ရောက်ခြင်း မရှိတော့တာပါ။

ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အတွက် ၂၄ ဂိုး သွင်းယူခဲ့တဲ့ ရော်နယ်ဒိုဟာ အခုနှစ် ကျင်းပမယ့် ဆုပေးပွဲရဲ့ ဆန်ကာတင်စာရင်းမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဒီဆုကိုရယူနိုင်ဖို့ ဖြစ်နိုင်ဖွယ်မရှိဘဲ ရီးရယ်လ် အသင်းတိုက်စစ်မှူး ဘန်ဇီမာက ဆုရရှိဖို့ ရေပန်းအစားဆုံးအဖြစ် ရှိနေတာပါ။

ဘန်ဇီမာဟာ ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်အသင်းအတွက် ပြိုင်ပွဲစုံ ၄၆ ပွဲမှာ ၄၄ ဂိုး သွင်းယူပြီး အသင်းကို လာလီဂါ နဲ့ ချန်ပီယံလိဂ် ဆုဖလား ရယူနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ ဘန်ဇီမာတို့ဟာ ဘာနေဗျူးမှာ ၉ နှစ်ကြာ တွဲကစားခဲ့ပြီး အဆိုပါအချိန်တွေမှာ အရင်းနှီးဆုံး မိတ်ဆွေ တွေအဖြစ် ရှိခဲ့တာပါ။ ရော်နယ်ဒို ကိုယ်တိုင်ကလည်း အခုနှစ်အတွက် ဘောလွန်းဒီအောဆုကို ဘန်ဇီမာ ရရှိမယ် လို့ ယုံကြည်မှုရှိနေတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ ဘန်ဇီမာကိုတွေ့ရစဉ် (Sky Sports)

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ၂၀၁၈၊ ၂၀၁၉ နဲ့ ၂၀၂၁ က ကျင်းပခဲ့တဲ့ ဆုပေးပွဲမှာ ဆုရရှိနိုင်မှာ မဟုတ်မှန်းသိလို့ တက်ရောက်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် အခုနှစ်မှာ ကျင်းပမယ့် ဆုပေးပွဲမှာတော့ အသင်းဖော်ဟောင်း ဘန်ဇီမာကို ဂုဏ်ပြုချင်လို့ တက်ရောက်မယ်လို့ နိုင်ငံတကာ သတင်းတွေက ဖော်ပြထားကြပါတယ်။

ပြီးခဲ့တဲ့နှစ်က ဘောလွန်းဒီအောဆုကို ရယူနိုင်ခဲ့တဲ့ မက်ဆီကတော့ အခုနှစ်အတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။

အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ ပီအက်စ်ဂျီအသင်းနဲ့ ပထမရာသီမှာ ခြေစွမ်းပြနိုင်ဖို့ ခက်ခဲနေတာကြောင့် ဆန်ကာတင်စာရင်းမှာ ရွေးချယ်ခြင်း မခံခဲ့ရတာ ဖြစ်ပါတယ်။ ဘန်ဇီမာက သူဟာ အခုနှစ်အတွက် ချီးမြှင့်မယ့် ဘောလွန်းဒီအောဆုနဲ့ ထိုက်တန်တယ်ဆိုတာ ယုံကြည်တယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောထားတာပါ။

ဘန်ဇီမာက “ ကျနော်ဟာ ကောင်းမွန်တဲ့ ရာသီတစ်ခု ရှိခဲ့တာကြောင့်လို့ ထင်ပါတယ်။ အရေးကြီးတဲ့ ပွဲ အများ အပြားမှာလည်း ကျနော်ရှိနေခဲ့ပြီး ကွဲပြားခြားနားမှုတွေကို ကျနော် လုပ်နိုင်ခဲ့ပါတယ်။ ဒါတွေအားလုံးက ကျနော့်ရဲ့ စွမ်းဆောင်ရည်ကို လူတွေ အသိအမှတ် ပြုစေခဲ့တာ ဖြစ်ပါတယ်။ ကျနော်ဟာ တစ်ရာသီလုံး တသမတ်တည်း ရှိခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

Source: Sportbible

 

 

 

Share
Tweet
Share
Share
powered by social2s

ဆာလတ်က ချန်ပီယံလိဂ်မှာ အမြန်ဆုံးဟတ်ထရစ်ဂိုးသွင်းသူ ဖြစ်လာ

By CNI
CNI
Category: အားကစား
Hits: 1301

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၃

ဆာလတ်ဟာ လီဗာပူးလ်အသင်းက ရိန်းဂျားစ်အသင်းကို ၇ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒီပြိုင်ပွဲရဲ့ အမြန်ဆုံးဟတ်ထရစ်ဂိုးသွင်းသူအဖြစ် စံချိန်သစ်တင်လိုက်ပါတယ်။

ဆာလတ်ဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန် ၆၈ မိနစ်မှ ဒါဝင်နူနက်စ်ရဲ့ နေရာမှာ လူစားထိုးဝင်ရောက်လာခဲ့ပြီး ပွဲချိန် ၇၅ မိနစ်၊ မိနစ် ၈၀ နဲ့ ၈၁ မိနစ်တွေမှာ ဟတ်ထရစ်ဂိုးသွင်းယူခဲ့တာပါ။ဆာလတ်ဟာ ဒီဂိုးတွေသွင်းယူဖို့ ၆ မိနစ်နဲ့ ၁၂ စက္ကန့် သာ အချိန်ယူခဲ့ရတာဖြစ်ပြီး စံချိန်သစ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။အရင်က ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အမြန်ဆုံး ဟတ် ထရစ်ဂိုးသွင်းသူအဖြစ် စံချိန်တင်ထားကတော့ ပြင်သစ်တိုက်စစ်မှူးဟောင်း ဂိုမစ်ဖြစ်တာပါ။

သူဟာ ၂၀၁၁-၁၂ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ လိုင်ယွန်အသင်းအတွက် ကစားပေးချိန် ဒိုင်နမိုဇာ ဂရက်ဘက်ကို ဟတ်ထရစ်သွင်းယူခဲ့တာဖြစ်ပါတယ်။ဂိုမစ်ဟာ ဒီဂိုးတွေကို ၈ မိနစ်အတွင်း သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး အခု ဆာလတ်က ၆ မိနစ် ၁၂ စက္ကန့်နဲ့ စံချိန်သစ်တင်ခဲ့တာပါ။ ဆာလတ်သွင်းယူခဲ့တဲ့ ၃ ဂိုးစလုံးကို တိုက်စစ်မှူး ဂျိုတာ တစ်ဦးတည်းက ဖန်တီးပေးခဲ့တာလည်း ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းနည်းပြ ကလောပ့်က “ဆာလတ်ကတော့ ဆာလတ်ပါပဲ။ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အမြန်ဆုံးဟတ်ထရစ်သွင်းဂိုး၊ဒါဟာ ထူးခြားမှုတစ်ခုပါပဲ” လို့ ပွဲအပြီး BT Sport နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။ လီဗာပူးလ်အသင်းဟာ ဒီပွဲရဲ့ ပထမပိုင်းမှာ ရိန်းဂျားစ်အသင်းနဲ့ ၁ ဂိုးစီသရေကျခဲ့ပေမယ့် ဒုတိယပိုင်းမှာ ၆ ဂိုး သွင်းပြီး ဂိုးပြတ်နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။လီဗာပူးလ်အသင်းဟာ ဒီနိုင်ပွဲကြောင့် နောက်တစ်ဆင့်တက်ဖို့ အခြေအနေ ကောင်းသွားပြီဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ အုပ်စုတွင်း ၄ ပွဲကစားအပြီးမှာ ၃ ပွဲနိုင် ၁ ပွဲရှုံး ရမှတ် ၉ မှတ် ရရှိထားပြီး ဒုတိယနေရာမှာ ရပ်တည်ကာ တတိယနေရာက အေဂျတ်စ်အသင်းကို ၆ မှတ်ဖြတ်ထားတာဖြစ်ပါတယ်။ အုပ်စုထိပ်ဆုံးက နာပိုလီ အသင်းကတော့ ရာနှုန်းပြည့်နိုင်ပွဲနဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပါပြီ။လီဗာပူးလ်အသင်းဟာ ချန်ပီယံ လိဂ်မှာ ရလဒ်ကောင်းတွေရနေပေမယ့် ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးတာကနေ ပြန်လည်ရုန်းထွက်နိုင်ဖို့ လိုအပ်နေတာပါ။

ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ၂ ပွဲသာ ရရှိထားပြီး အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာရပ်တည်နေတဲ့ လီဗာပူးလ် အသင်းဟာ ဒီတစ်ပတ်မှာတော့ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Mirror,Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဘတ်ပီနဲ့ ပီအက်စ်ဂျီကြားက ကောလာဟာလတွေကို ရာမို့စ်တုံ့ပြန်

By CNI
CNI
Category: Watch TV
Hits: 686

Share
Tweet
Share
Share
powered by social2s

မက္ကာဘီဟိုင်ဖာကို အရေးနိမ့်ပေမယ့် ဂျူဗီ နည်းပြရာထူးက အယ်လီဂရီ နုတ်ထွက်မှာမဟုတ်

By CNI
CNI
Category: Watch TV
Hits: 673

Share
Tweet
Share
Share
powered by social2s
  • 31
  • 32
  • 33
  • 34
  • 35
  • 36
  • 37
  • 38
  • 39
  • 40

Page 36 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar