CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ကမ္ဘာ့ဖလားပရိသတ်တွေ ကိုဗစ်စစ်ဆေးမှုပြသဖို့ လိုအပ်ကြောင်း ကာတာအတည်ပြု

By CNI
CNI
Category: အားကစား
Hits: 1039

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃၀

ကာတာမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို တက်ရောက်ကြည့်ရှုမယ့် ပရိသတ်တွေအနေနဲ့ ကာကွယ် ဆေးထိုးထားတဲ့အခြေအနေနဲ့ မသက်ဆိုင်ဘဲ ကိုဗစ်မရှိကြောင်း စစ်ဆေးမှုကို ပြသရမယ်လို့ ပြိုင်ပွဲ ကျင်းပရေးက ပြောပါတယ်။

အသက် ၆ နှစ်နဲ့အထက် လာရောက်ကြည့်ရှုသူအားလုံးဟာ ၄၈ နာရီအတွင်း PCR စမ်းသပ်စစ်ဆေးမှု ကနေ ကိုဗစ်မရှိကြောင်း ပြသရမှာပါ။ပရိသတ်တွေအနေနဲ့ ကိုဗစ်လက္ခဏာတွေ မပြသဘူးဆိုရင် ကာတာနိုင်ငံမှာ နောက်ထပ်စစ်ဆေးမှုတွေပြုလုပ်ဖို့ မလိုအပ်ဘူးလို့ သိရပါတယ်။

အသက် ၁၈ နှစ်နဲ့ အထက် ဧည့်သည်တွေကတော့ အစိုးရက ခြေရာခံမယ့် Ehteraz app ကို ဖုန်းထဲမှာ ထည့်သွင်းဖို့ လိုတယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။

ပရိသတ်တွေအနေနဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးမှာ နှာခေါင်းစည်းတွေ တပ်ဆင်ထားဖို့ လိုအပ် ပေမယ့် ကာကွယ်ဆေးထိုးဖို့တော့ မလိုအပ်ပါဘူး။ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံ အတွင်းကို ဧည့်သည်အရေအတွက် ၁.၂ သန်း ဝင်ရောက်လာမယ်လို့ မျှော်လင့်ထားကြတာပါ။

“ကာတာမှာ ရှိနေတဲ့အချိန် ကိုဗစ်ရှိတဲ့သူ ဘယ်သူမဆို ပြည့်သူကျန်းမာရေးဝန်ကြီးဌာနရဲ့လမ်းညွှန်ချက် နဲ့အညီ သီးခြားခွဲထားဖို့ လိုအပ်တယ်”လို့ ပြိုင်ပွဲကျင်းပရေးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ကာတာနိုင်ငံမှာ ကိုဗစ်ကူးစက်ခံရသူ ၄၄၀,၀၀၀(လေးသိန်းလေးသောင်း)ကျော်နဲ့ သေဆုံးသူ ၆၉၂ ဦး အထိ ရှိတယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့အချက်အလက်တွေအရ သိရပါတယ်။နိုင်ငံအတွင်းမှာ လူဦးရေ ၂.၈ သန်းရှိပြီး ကာတာနိုင်ငံသားတွေက ၃၈၀,၀၀၀(သုံးသိန်းရှစ်သောင်း) သာ ရှိပါတယ်။

ကာတာနိုင်ငံအတွင်းမှာ အခုအချိန်ထိ စုစုပေါင်း ကာကွယ်ဆေး ၇,၄၈၇,၆၁၆ လုံးကို ထိုးနှံပေးထားပြီး ဖြစ်တယ်လို့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာလ ၂၀ ရက်ကနေ ဒီဇင်ဘာလ ၁၈ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပရိသတ်တွေပျော်အောင် မန်စီးတီးကို အနိုင်ကစားမယ်လို့ ဗာရန်းပြော

By CNI
CNI
Category: အားကစား
Hits: 1246

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃၀

ယူနိုက်တက်နောက်ခံလူ ဗာရန်းက အသင်းပရိသတ်တွေပျော်ရွှင်ဖို့အတွက် မန်စီးတီးနဲ့ကစားမယ့် မန်ချက်စတာဒါဘီပွဲစဉ်မှာ အနိုင်ရအောင်ကစားမယ်လို့ ပြောလိုက်ပါတယ်။

ဗာရန်းက “ပြိုင်ဆိုင်မှုတွေမှာ အဓိကကတော့ အားပေးတဲ့ ပရိသတ်တွေပါ။သူတို့အတွက် အလွန် အရေးကြီးပါတယ်။ဒါကို ကျနော်တို့ လေးစားရပါမယ်။ကျနော်တို့က သူတို့ကို ပျော်ရွှင်စေချင်ပါတယ်။ ဒါကြောင့် ကျနော်တို့က မန်စီးတီးနဲ့ လီဗာပူးလ်တို့ကို တိုက်ပွဲဝင်ပြီး အနိုင်ရယူချင်ပါတယ်။ ပရိသတ် တွေက ဘာတွေကိုလိုချင်လဲ၊ သူတို့လိုချင်တာကို ခံစားနိုင်ရပါမယ်။ဒါက အလွန်အရေးကြီးပါတယ်”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အီးတီဟတ်ကွင်းကို သွားရောက်ပြီး မန်စီးတီးနဲ့ မန်ချက်စတာဒါဘီပွဲစဉ် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ယူနိုက်တက်အသင်းဟာ ဘရန်ဖိုဒ့် အသင်း ကို အရေးနိမ့်တဲ့ ပွဲစဉ်ပြီးကတည်းက ပရီးမီးယားလိဂ်မှာ နိုင်ပွဲဆက်နေပြီး ဒီထဲမှာ လီဗာပူးလ်၊ အာဆင် နယ်စတဲ့ အသင်းကြီးတွေ တောင်ပါဝင်ခဲ့တာပါ။မန်စီးတီးအသင်းကလည်း ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိ ဖြတ်သန်းနေပြီး အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်စလုံးမှာ မန်စီးတီးအသင်းကပဲ အနိုင်ရလဒ် ရယူနိုင်ခဲ့တာပါ။ပြီးခဲ့တဲ့ရာသီက ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ ဗာရန်းဟာ လက်ရှိအချိန်မှာ ဒဏ်ရာ ကင်းစင်နေပြီး လီဆန်ဒရိုမာတီးနတ်စ်နဲ့ ဗဟိုခံစစ်မှာ အတွဲညီစွာ ကစားနေခဲ့တာလည်း ဖြစ်ပါတယ်။

သူတို့ ၂ ဦးအတွဲအဖက်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲနဲ့ ယူရိုပါလိဂ် ၁ ပွဲမှာ ပေးဂိုး ၂ ဂိုးသာ ခွင့်ပြုထားခဲ့ရတာပါ။

ဒီပွဲမှာ မန်စီးတီးအသင်းက အနိုင်ရဖို့ ရေပန်းစားနေပြီး ယူနိုက်တက်အသင်းအတွက် အလွန်ကောင်းမွန် တဲ့ စမ်းသပ်မှုလို့ မန်စီးတီးနောက်ခံလူဟောင်း အိုနူအိုဟာက ပြောခဲ့ပါတယ်။

အိုနူအိုဟာက “ယူနိုက်တက်အသင်းအနေနဲ့ မန်စီးတီးနဲ့ ကစားတဲ့အချိန်မှာ ရလဒ်ကောင်းရဖို့အတွက် သူတို့ ကောင်းမွန်စွာ ကစားဖို့ မလိုအပ်ပါဘူး။မန်စီးတီးအသင်းက ဒီပွဲအတွက် ရေပန်းစားနေပြီး ယူနိုက်တက်အတွက်တော့ ကောင်းမွန်တဲ့ စမ်းသပ်မှုဖြစ်မှာပါ။အာဆင်နယ်ကို အနိုင်ရခဲ့တာက သူတို့ အတွက်ကောင်းပါတယ်။ဒီအရှိန်ကို အီးတီဟတ်ဆီ ယူဆောင်နိုင်မလားဆိုတာ ကြည့်ရပါမယ်” လို့ ESPN ကို ပြောခဲ့ပါတယ်။

Source:Metro

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရုရှားစစ်တပ်ထဲ ဝင်ရောက်ခဲ့တဲ့ အဲဗာတန်ကြယ်ပွင့်ဟောင်း

By CNI
CNI
Category: Watch TV
Hits: 732

Share
Tweet
Share
Share
powered by social2s

၂၀၂၂ မာကာဆုပေးပွဲမှာ ဘန်ဇီမာ ဆု ၃ ဆုရ

By CNI
CNI
Category: Watch TV
Hits: 758

Share
Tweet
Share
Share
powered by social2s
မက်ဆီနဲ့ ဖက်ဒဲရားကိုတွေ့ရစဉ် (GETTY IMAGES)

မက်ဆီကို ဖက်ဒဲရားနဲ့ နှိုင်းယှဉ်ပြီး အာဂျင်တီးနားနည်းပြပြော

By CNI
CNI
Category: အားကစား
Hits: 1183

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၉

အာဂျင်တီးနား အသင်းနည်းပြ စကာလိုနီက မက်ဆီကို တင်းနစ်အကျော်အမော် ဖက်ဒဲရားနဲ့ နှိုင်းယှဉ်ပြီး သူတို့ရဲ့ သက်ဆိုင်ရာ အားကစားနည်းတွေမှာ ပျော်ရွှင်မှုတွေ ရစေခဲ့တယ်လို့ ပြောလိုက်ပါတယ်။

စကာလိုနီက “ဖက်ဒဲရား အနားယူချိန်မှာ ကျနော်တို့ ဘာဖြစ်သွားခဲ့ကြလဲ။ လူတိုင်းက စိတ်ခံစားမှုရှိပြီး၊ လူတိုင်း က တွေးတက်ကြပါတယ်။ သူဒီမှာ မရှိတော့ဘူး။ သူ မကစားတော့ဘူး ဆိုပြီးတော့ပေ့ါ။ ဖက်ဒဲရား တင်းနစ် ကစား တာကို ကျနော်တို့ အားလုံး သဘောကျခဲ့ကြပါတယ်။ သူကစားတာကို ကြည့်ရတာ အလွန် အံ့သြစရာ ကောင်းပါ တယ်။ မက်ဆီ အနားယူသွားချိန်မှာလည်း ကျနော်တို့ ဒီလိုပဲ ဖြစ်မှာပါ”လို့ ပြောပါတယ်။
အသက် ၄၁ နှစ်အရွယ်ရှိ ဖက်ဒဲရားနဲ့ ၃၅ နှစ်အရွယ်ရှိ မက်ဆီတို့ဟာ သူတို့ရဲ့ သက်ဆိုင်ရာ အားကစား နည်းတွေ မှာ ၁၀ စုနှစ်ကျော်ကြာအောင် လွှမ်းမိုးထားတာ ဖြစ်ပါတယ်။ ဖက်ဒဲရားဟာ မကြာသေးခင်က ကစားခဲ့တဲ့ Laver Cup ပြိုင်ပွဲအပြီးမှာ ပရော်ဖက်ရှင်နယ် တင်းနစ် ကစားသမားဘဝကို နှုတ်ဆက်ခဲ့တာပါ။

မက်ဆီကိုတွေ့ရစဉ် (Goal)

ဆွစ်ဇာလန် တင်းနစ်အကျော်အမော်ဟာ သူ့ရဲ့နောက်ဆုံးပွဲအပြီးမှာ ကာလကြာရှည် ပြိုင်ဘက် ရာဖေးလ် နာဒယ်လ်နဲ့ ငိုကြွေးနေခဲ့တာ ဖြစ်ပါတယ်။

မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာ သူ့ရဲ့ နိုင်ငံလက်ရွေးစင် အနာဂတ် အပါအဝင် ကစားသမားဘဝကို ပြန်လည် သုံးသပ်သွားမယ်လို့ ပြောထားပါတယ်။ အဲ့ဒါကြောင့် မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ လက်ရွေးစင် ကစားသမားဘဝက အနားယူဖွယ်ရှိတယ်လို့ ထင်ကြေးပေးမှုတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

ကလပ်အသင်းအနေနဲ့ဆိုရင် မက်ဆီဟာ ပီအက်စ်ဂျီအသင်းမှာ ကစားနေတာဖြစ်ပြီးတော့ အကောင်းဆုံးပုံစံ ရရှိနေပါတယ်။ ဒါကြောင့် ၂၀၂၂ အတွင်းမှာ နိုင်ငံလက်ရွေးစင် အသင်းဖြစ်တဲ့ အာဂျင်တီးနားအတွက် ၁၀ ဂိုး သွင်းယူထားနိုင်ခဲ့တာပါ။

ဒါ့အပြင် ပီအက်စ်ဂျီ အသင်းအတွက်လည်း မက်ဆီဟာ လီဂူးဝမ်းပွဲစဉ် ၈ ပွဲ ကစားအပြီးမှာ သွင်းဂိုး အပါအဝင် ဂိုးဖန်တီးမှု ၁၁ ဂိုးအထိ ရှိခဲ့တာလည်း ဖြစ်ပါတယ်။

Source: Goal

 

 

 

Share
Tweet
Share
Share
powered by social2s
ဖမ်းဆီးခံရပြီးနောက် သေဆုံးသွားသော အာမီနီနဲ့ အီရန်ဘောလုံးအသင်း

နိုင်ငံတော်သီချင်းသီဆိုချိန်မှာ ဆန္ဒပြတဲ့အနေနဲ့ နိုင်ငံတံဆိပ်ကို အီရန်အသင်း မပြသခဲ့

By CNI
CNI
Category: အားကစား
Hits: 1350

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၉

အီရန်လက်ရွေးစင် အမျိုးသား ဘောလုံးအသင်းက ကစားသမားတွေဟာ နိုင်ငံတော်သီချင်း သီဆိုချိန်မှာ နိုင်ငံရဲ့ တံဆိပ်ကို မပြသဖို့ ရွေးချယ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီလိုလှုပ်ရှားမှုဟာ သူတို့နိုင်ငံအတွင်းက အမျိုးသမီးတွေကို ဖိနှိပ်မှု ဆန့်ကျင်တဲ့အနေနဲ့ ပြင်းထန်တဲ့ ဆန္ဒပြမှုတစ်ခု ဖြစ်ခဲ့ပါတယ်။

ဆီနီဂေါနဲ့ ပွဲမစတင်ခင် နိုင်ငံတော်သီချင်း သီဆိုချိန်မှာ အီရန်ကစားသမားတွေဟာ သူတို့ရဲ့ တံဆိပ်ကို မပြသဖို့ အတွက် အနက်ရောင် ဂျက်ကတ်တွေနဲ့ ဖုံးအုပ်ထားတာ ဖြစ်ပါတယ်။ ကစားသမား အနည်းစုသာ နိုင်ငံတော် သီချင်းကို သီဆိုခဲ့ကြပေမယ့် အများစုကတော့ သီဆိုခြင်း မရှိခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

ဒီလိုမျိုးတွေ ဖြစ်လာမယ့် အခြေအနေကြောင့် ဒီခြေစမ်းပွဲကို တံခါးပိတ်ပြီး ကျင်းပခဲ့တာလို့ သတင်းဖော်ပြချက် အရ သိရပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိ ကျောင်းဆရာမ မာရှာအာမီနီ သေဆုံးပြီးနောက် နိုင်ငံအတွင်း ပျံ့နှံနေတဲ့ ဆန္ဒပြမှုတွေမှာ ကစားသမားတွေလည်း ပါဝင်လာခဲ့တာပါ။ နိုင်ငံရဲ့ ထိပ်တန်း ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေဟာ ဒေါသ ထွက်နေတဲ့ လူအုပ်ကြီးနဲ့အတူ သံပြိုင်ပါဝင်လာခဲ့ပြီး ကမ္ဘာ့ဇာတ်ခုံပေါ်မှာ သူတို့ရဲ့ ခံစားချက်ကို ထုတ်ဖော်ပြသ ခဲ့တာ ဖြစ်ပါတယ်။

အီရန် ဘောလုံးကစားသမားများကိုတွေ့ရစဉ်

ရာနဲ့ ချီတဲ့ ဆန္ဒပြသူတွေဟာ အားကစားကွင်း အပြင်ဘက်မှာ စုရုံးကာ သူမနာမည် ပြောပြပါဆိုပြီး ကြွေးကြော်ခဲ့ ကြတယ်လို့ သတင်းအများအပြားမှာ ဖော်ပြခဲ့ပါတယ်။

လေဗာကူဆင် တိုက်စစ်မှူး အက်ဇ်မွန် အပါအဝင် အီရန်နိုင်ငံရှိ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်အများအပြားဟာ ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းကို အသုံးပြုခဲ့ကြပါတယ်။

အက်ဇ်မွန်က “ အဆိုးဆုံးက ကျနော်ဟာ နိုင်ငံအသင်းကနေ ထုတ်ပယ်ခံရမှာပါ။ ဒါက ပြဿနာမရှိပါဘူး။ အီရန် အမျိုးသမီးတွေရဲ့ ဦးခေါင်းပေါ်က ဆံပင်တစ်ချောင်းအတွက် ကျနော် စတေးချင်ပါတယ်။ ဒီအကြောင်းကို ကျနော် ပယ်ဖျက်သွားမှာ မဟုတ်ပါဘူး။ သူတို့ လုပ်ချင်တာကို လုပ်နိုင်ပါတယ်။ အလွယ်တကူ သတ်ဖြတ်လိုက်တာ ရှက်ဖို့ ကောင်းပါတယ်။ အီရန်အမျိုးသမီးတွေ အသက်ရှည်ပါစေ”လို့ ပြောပါတယ်။

အီရန်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၁ ရက်မှာ အင်္ဂလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Sportbible

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘန်ဇီမာကို မာကာက ပေးအပ်တဲ့ ဆုနဲ့အတူတွေ့ရစဉ်(Real Madrid)

၂၀၂၂ မာကာဆုပေးပွဲမှာ ဘန်ဇီမာ ဆု ၃ ဆုရ

By CNI
CNI
Category: အားကစား
Hits: 1343

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၉

၂၀၂၂ အတွက် စပိန်သတင်းစာ မာကာက ချီးမြှင့်တဲ့ ဆုပေးပွဲမှာ ရီးရယ်လ်အသင်း ခေါင်းဆောင် ဘန်ဇီမာဟာ ဆု ၃ ဆုကို ရယူသွားနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီက ပြိုင်ပွဲစုံ ၄၄ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဘန်ဇီမာဟာ လာလီဂါ ဂိုးသွင်း အများဆုံးဆုဖြစ်တဲ့ ပီချီချီဆု၊ လာလီဂါ အကောင်းဆုံး ဘောလုံးသမားဆုဖြစ်တဲ့ ဒီစတီဖာနိုဆုနဲ့ ပရိသတ်တွေကပေးတဲ့ အကောင်းဆုံးဆုကို ရယူနိုင်ခဲ့တာပါ။

ရီးရယ်လ်အသင်းနဲ့အတူ မနှစ်က ရာသီက လာလီဂါဖလား၊ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့တဲ့ ဘန်ဇီမာက သူ့ အလုပ်အတွက် အခုလို အသိမှတ်ပြုခံရတာ အလွန်ဂုဏ်ယူမိတယ်လို့ မာကာကို ပြောခဲ့တာ ဖြစ်ပါတယ်။

ဘန်ဇီမာက “ ကျနော့်ရဲ့ အလုပ်အတွက် အလွန်ဂုဏ်ယူမိပါတယ်။ ဒီနှစ်က အလွန်ခက်ခဲတဲ့ နှစ်ဖြစ်မယ်လို့ ထင်ပြီး ကျနော်ဟာ အမြဲတမ်း အခုထက်ပိုပြီး လုပ်ဆောင်ချင်ပါတယ်။ လာလီဂါဆုဖလားကို ရယူမယ်၊ ဂိုးတွေအများကြီး သွင်းမယ်၊ အရေးအကြီးဆုံးက ကွင်းထဲမှာ ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင်လုပ်မယ်။ အဲ့ဒါကြောင့် ဒီထက်ပိုပြီး ကြိုး စား သွားမှာပါ။ ဒီဆုဖလားဟာ ကျနော့်အတွက် အလွန်အရေးကြီးပါတယ်။ အသင်းဖော်တွေ မပါဘဲ ကျနော် ဒီနေရာကို ရောက်နိုင်မှာမဟုတ်လို့ သူတို့တွေကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ပြောပါတယ်။

ဘန်ဇီမာဟာ ပီချီချီဆုကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘန်ဇီမာ လေ့ကျင်းခန်း ပြန်ဆင်းနေစဉ် (Managing Madrid)

ဘန်ဇီမာဟာဆိုရင် ဆဲလ်တစ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် တစ်လနီးပါးကြာ အနားယူခဲ့ရပြီး အခုအချိန်မှာ ရီးရယ်လ်အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြန်လည် ပြုလုပ်နေပါတယ်။

ဘန်ဇီမာကိုယ်တိုင်က တနင်္ဂနွေနေ့မှာ ကစားမယ့် အိုဆာဆူနာနဲ့ လာလီဂါပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပြောထားတာပါ။

ဘန်ဇီမာက “ ကျနော်အသင်းထံ ပြန်လာနိုင်ခဲ့လို့ ပျော်ရွှင်ပါတယ်။ ကျနော်အခု အလွန် အဆင်ပြေတယ်လို့ ခံစားရ ပါတယ်။ သက်တောင့် သက်သာလည်း ရှိပါတယ်။ တနင်္ဂနွေနေ့မှာ ကစားနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ AS သတင်း ဌာနကို ပြောခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိ ဘန်ဇီမာဟာ ဒီရာသီမှာ စပိန်ကလပ်အတွက် ၆ ပွဲကစားထားပြီး ၄ ဂိုး သွင်းယူထား တာပါ။

ရီးရယ်လ်အသင်းဟာ ဒီရာသီလာလီဂါပွဲစဉ် ၆ ပွဲ ကစားထားပြီးချိန်မှာ ရာနှုန်းပြည့် နိုင်ပွဲ ရရှိထားပြီး အမှတ်ပေးဇယားကို ဦးဆောင်နေသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ၂ ပွဲကစား ၂ ပွဲစလုံး အနိုင်ရရှိထားတာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘီလီယာလက်ဒီနော့ဗ်၊ ရုရှားစစ်မှုထမ်း၊ ရုရှားလက်ရွေးစင်အသင်း (GETTY IMAGES)

ရုရှားစစ်တပ်ထဲ ဝင်ရောက်ခဲ့တဲ့ အဲဗာတန်ကြယ်ပွင့်ဟောင်း

By CNI
CNI
Category: အားကစား
Hits: 1668

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၉

အဲဗာတန်အသင်း ကွင်းလယ် ကစားသမားဟောင်း ဒီနီယာ ဘီလီယာလက်ဒီနော့ဗ်ဟာ ရုရှားစစ်တပ်ထဲ ဝင်ရောက်ခဲ့တယ်လို့ ဖခင်ဖြစ်သူ ရီနတ်က ပြောပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွက် နိုင်ငံသား သုံးသိန်း(၃၀၀,၀၀၀)ခန့်ကို ရုရှားစစ်တပ်ထဲ ဝင်ရောက်ပြီး စစ်မှုထမ်းဖို့ ပြီးခဲ့တဲ့အပတ်က ကြေညာခဲ့ပါတယ်။

ဗလာဒီမာပူတင်က “ စစ်မှုထမ်းဖို့က တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ စစ်မှုထမ်းဟောင်းတွေနဲ့ သက်ဆိုင်ရာ အတွေ့အကြုံ ရှိတဲ့သူတွေ၊ လက်ရှိ အရန်တပ်မှာရှိနေတဲ့ နိုင်ငံသားတွေနဲ့သာ သက်ဆိုင်တယ်”လို့ ပြောခဲ့ပါတယ်။

ဘီလီယာလက်ဒီနော့ဗ်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုနီးပါး မတိုင်ခင်က စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့တာဖြစ် ပြီး ဖခင်ဖြစ်သူကတော့ သူ့သားဟာ စစ်တပ်ထဲ ဝင်ရောက်ဖို့ အသက်ကြီးနေတယ်လို့ ယူဆပေမယ့် ရုရှားစစ်တပ် က ပြန်ခေါ်တာကို လက်ခံခဲ့ရတယ်လို့ ပြောပါတယ်။

ဘီလီယာလက်ဒီနော့ဗ် အဲဗာတန်အသင်းမှာ ကစားခဲ့စဉ် (The Times)

ရီနတ်က “ ဒီနီယာဟာ တကယ်ပဲ ဆင့်ခေါ်စာကို လက်ခံရရှိခဲ့တာပါ။ သူဟာ စစ်မှုထမ်းခဲ့ပေမယ့် တာဝန် မထမ်း ဆောင်ခဲ့ရတဲ့အတွက် စိတ်ခံစားမှုအကြောင်းကို ပြောရတာ ခက်ခဲပါတယ်။ သူဟာ ကျမ်းကျိန်ခဲ့ရပေမယ့် အားကစားကနေ ပါဝင်ခဲ့ရတာပါ။ ဥပဒေက လူတွေကို အသက် ၃၅ နှစ်အထိ ခေါ်လို့ ရပေမယ့် သူက အသက် ၃၇ နှစ်ရှိပါပြီ။ အဲ့ဒါကြောင့် ကွဲလွဲမှုအချို့ရှိပါတယ်” လို့ Sports.ru ကို ပြောပါတယ်။

ဘီလီယာလက်ဒီနော့ဗ်ဟာ ၂၀၀၉ က လိုကိုမိုးတစ် မော်စကို အသင်းကနေ အဲဗာတန်အသင်းကို ပေါင် ၉ သန်း ဝန်းကျင်နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ပွဲပေါင်း ၇၇ ပွဲ ပါဝင်ကစားကာ ၉ ဂိုး သွင်းယူနိုင်ခဲ့တာပါ။ ရုရှားလက်ရွေးစင် ဟာ ၂၀၁၂ မှာ အဲဗာတန်ကနေ ပြန်ထွက်ခွာပြီး စပါးတပ် မော်စကို အသင်းထံ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

ဘီလီယာ လက်ဒီနော့ဗ်ဟာ ရုရှားလက်ရွေးစင်အတွက် ပွဲပေါင်း ၄၆ ပွဲ ပါဝင်ကစားခဲ့ပြီး ၆ ဂိုး သွင်းယူခဲ့ကာ ဆီမီး ဖိုင်နယ် တက်ရောက်ခဲ့တဲ့ ယူရို ၂၀၀၈ ပြိုင်ပွဲမှာ ပွဲစဉ်တိုင်းကို ပါဝင်ကစားခဲ့တာပါ။

အဲဗာတန် ကစားသမားဟောင်းဟာ ၂၀၁၂ မှာ ရုရှားလက်ရွေးစင် အသင်းကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၈ မှာ ကစားသမားဘဝက အနားယူခဲ့တဲ့ ဘီလီယာလက်ဒီနော့ဗ်ဟာ လက်ရှိအချိန်မှာ ရုရှားဒုတိယတန်းကလပ် ရိုဒီနာအသင်းမှာ နည်းပြအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

Source: Metro

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပီလီရဲ့ ဂိုးသွင်းစံချိန်ကို နေမာ လိုက်မီဖို နီးစပ်လာ

By CNI
CNI
Category: Watch TV
Hits: 722

Share
Tweet
Share
Share
powered by social2s

၂၀၂၂ ထဲမှာ အာဂျင်တီးနားအတွက် မက်ဆီ ၁၀ ဂိုးသွင်းယူထား

By CNI
CNI
Category: Watch TV
Hits: 721

Share
Tweet
Share
Share
powered by social2s

နိုင်ငံတွင်းက ထွက်ခွာခဲ့တဲ့ ရုရှားအိုလံပစ်ရေကူးအကျော်အမော်

By CNI
CNI
Category: အားကစား
Hits: 1146

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၈

အိုလံပစ်ချန်ပီယံဆုကို ၅ ကြိမ်ရရှိထားတဲ့ ဒါဗီဒိုဗာဟာ ရုရှားနိုင်ငံအတွင်းကနေ ထွက်ခွာသွားခဲ့ပြီး ပြန်လာဖို့ အစီအစဉ်မရှိဘူးဆိုတဲ့အကြောင်းကို သူမရဲ့ ရေကူးစင်တာရှိဝန်ထမ်းတွေကို အကြောင်း ကြားခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိ ဒါဗီဒိုဗာဟာ စည်းချက်ညီအောင်ယှဉ်ပြိုင်ရတဲ့ ရေကူးပြိုင်ပွဲအမျိုးအစားမှာ အောင်မြင်မှုအများအပြားကို ရယူထားနိုင်ခဲ့တဲ့သူပါ။ဒါဗီဒိုဗာဟာ ၂၀၀၄ အေသင်အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ် ၂ ခု၊ ၂၀၀၈ ဘေဂျင်းအိုလံပစ်မှာ ရွှေတံဆိပ် ၂ ခုနဲ့ ၂၀၁၂ လန်ဒန်အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ် ၁ ခု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ဒါ့အပြင် ဒါဗီဒိုဗာဟာ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွေမှာလည်း ရွှေတံဆိပ် ၁၃ ခု အထိ ရယူထားနိုင်ခဲ့တာပါ။

ကစားသမားဘဝက အနားယူပြီးနောက် ဒါဗီဒိုဗာဟာ မော်စကိုမှာ ရေကူးစင်တာကို တည်ထောင်ခဲ့ပြီး ရုရှားအိုလံပစ်ကော်မတီ (ROC) ရဲ့ အထွေထွေအတွင်းရေးမှူးအဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။TASS သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒါဗီဒိုဗာဟာ နိုင်ငံအတွင်းက ထွက်ခွာသွားပြီဖြစ်ကြောင်းကို တနင်္လာနေ့ က ရေကူးစင်တာက ဝန်ထမ်းတွေကို အကြောင်းကြားခဲ့တယ်လို့ သိရတာပါ။သူမထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တဲ့ အကြောင်းရင်းကို မဖော်ပြခဲ့ပေမယ့် ပြန်လာဖို့ အစီအစဉ်မရှိဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။

ရုရှားအိုလံပစ်ကော်မတီကတော့ ဒါဗီဒိုဗာ ဒါမှမဟုတ် သူမရဲ့ မိသားစုဝင်တွေ ထွက်ခွာသွားတာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အတည်မပြုနိုင်သေးဘူးလို့ ပြောထားတာပါ။ “ရုရှားအိုလံပစ် ကော်မတီ အထွေထွေအတွင်းရေးမှူးရာထူးကနေ တရားဝင်နုတ်ထွက်တာ မရှိသေးပါဘူး။ အဖွဲ့အစည်း လုပ်ငန်း ဆောင်ရွက်မှုတွေဟာ အထွေအထွေအတွင်းရေးမှူးရဲ့ကိုယ်ရေးကိုယ်တာပေါ်မှာ မူတည်ခြင်း မရှိပါဘူး” လို့ ရုရှားအိုလံပစ်ကော်မတီက ပြောခဲ့တာဖြစ်ပါတယ်။

ဒါဗီဒိုဗာဟာ ရုရှားရေကူးအားကစားရဲ့ အအောင်မြင်ဆုံး ဒုတိယနေရာမှာ ရပ်တည်နေပြီး သူမရဲ့ အထက် မှာတော့ ရိုမာရှီနာက ရပ်တည်နေတာပါ။ရိုမာရှီနာဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ တိုကျို အိုလံပစ်ပြိုင်ပွဲ မှာ ရွှေတံဆိပ် ၂ ခု ရယူခဲ့တာနဲ့အတူ အိုလံပစ်ရွှေတံဆိပ်စုစုပေါင်း ၇ ခုအထိ ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source:RT

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပီလီရဲ့ ဂိုးသွင်းစံချိန်ကို နေမာ လိုက်မီဖို့ နီးစပ်လာ

By CNI
CNI
Category: အားကစား
Hits: 2056

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၈

တူနီးရှားအသင်းကို အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ နေမာဟာ ဘရာဇီးလ်အသင်းအတွက် ၁ ဂိုးသွင်းယူပြီး နောက် လက်ရွေးစင်အသင်းရဲ့ ဂိုးသွင်းအများဆုံး ဂန္တဝင်ကစားသမားကြီး ပီလီရဲ့ စံချိန်ကို လိုက်မီဖို့ နီးစပ်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီပွဲမှာ ဘရာဇီးလ်အသင်းဟာ တူနီးရှားအသင်းကို ၅ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။ ဘရာဇီးလ် အတွက် ဂိုးတွေကို နေမာအပြင် ရစ်ချာလီဆန်၊ ပီဒရိုနဲ့ ရာဖင်ဟာက ၂ ဂိုးသွင်းယူခဲ့တာဖြစ်ပြီး တူနီးရှား အတွက် ၁ ဂိုးကို တယ်လ်ဘီက သွင်းယူခဲ့တာဖြစ်ပါတယ်။

နေမာဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့ဂိုးကြောင့် ဘရာဇီးလ်အတွက် သွင်းဂိုး ၇၅ ဂိုးအထိ ရှိသွားခဲ့တာပါ။ဘရာဇီးလ်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဟာ ပီလီဖြစ်ပြီး ၇၇ ဂိုး သွင်းယူထားတာဖြစ်ပါတယ်။

အဲဒါကြောင့် ပီအက်စ်ဂျီတိုက်စစ်မှူးဟာ ဂန္တဝင်ကစားသမား ပီလီရဲ့ စံချိန်ကို လိုက်မီဖို့ သွင်းဂိုး ၂ ဂိုးသာ လိုအပ်တော့တာပါ။နေမာကိုယ်တိုင်ကလည်း ပီလီရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်ထားကြောင်း ပြောထားပါတယ်။နေမာက “ကျနော် သူ့ရဲ့စံချိန်ကို ကျော်ဖြတ်ဖို့ မျှော်လင့်ထားပါတယ်။ကျနော် ဒီ အကြောင်းကို အသင်းဖော်တွေနဲ့ စကားပြောပြီးပါပြီ။နောက်ဆုံးမှာ ကျနော် အဲ့ဒီနေရာကို ရောက်ရှိ မှာပါ” လို့ ပြောခဲ့တာပါ။

ဘရာဇီးလ်တိုက်စစ်မှူး ရစ်ချာလီဆန်ဟာ တူနီးရှားနဲ့ပွဲမှာ ဂိုးသွင်းအပြီး အောင်ပွဲခံတာမှာ ငှက်ပျောသီး၊ အခြားအရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခြင်း ခံခဲ့ရပါတယ်။ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ကတော့ ကွင်းအတွင်း မှာပဲ ဖြစ်ဖြစ်၊ ကွင်းအပြင်းမှာပဲဖြစ်ဖြစ် လူမျိုးရေးခွဲခြားတဲ့ ဒီလိုအပြုအမူတွေကို သည်းခံသွားမှာ မဟုတ် ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

ဘရာဇီးလ်အသင်းဟာ လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံရရှိနေပြီး ၂၀၂၂ ထဲမှာ ကစားထားတဲ့ ၈ ပွဲမှာ ၁ ပွဲသာ သရေကျပြီး ၇ ပွဲစလုံးအနိုင်ရရှိထားတာပါ။

တူနီးရှားနဲ့ပွဲဟာ ဘရာဇီးလ်အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ခြေစမ်းပွဲလည်းဖြစ်ပါတယ်။ဘရာဇီးလ်အသင်းဟာ ဒီပွဲအပြီးမှာ ကမ္ဘာ့ ဖလားပွဲစဉ်တွေအဖြစ် ဆားဘီးယား၊ ဆွစ်ဇာလန်၊ ကင်မရွန်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Goal

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

အမေရိကန်ထောက်လှမ်းရေးဟောင်း အက်ဒွပ်စနိုဒင်ကို ရုရှားနိုင်ငံသားဖြစ်ခွင့်ပေး

By CNI
CNI
Category: Watch TV
Hits: 707

Share
Tweet
Share
Share
powered by social2s

မက်ဂွဲယားကို စိတ်ဓါတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့ ရီယိုဖာဒီနန် တိုက်တွန်း

By CNI
CNI
Category: Watch TV
Hits: 862

Share
Tweet
Share
Share
powered by social2s

ကာတာကမ္ဘာ့ဖလား သံတမန်ဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းကို ကန်တိုနာ ဝေဖန်

By CNI
CNI
Category: Watch TV
Hits: 792

Share
Tweet
Share
Share
powered by social2s

ဒိန်းမတ်နဲ့ပွဲက ဘတ်ပီရဲ့ စွမ်းဆောင်ရည်အပေါ် မစိုးရိမ်ဘူးလို့ ဒက်ချမ့်ပ်စ်ပြော

By CNI
CNI
Category: Watch TV
Hits: 731

Share
Tweet
Share
Share
powered by social2s
  • 35
  • 36
  • 37
  • 38
  • 39
  • 40
  • 41
  • 42
  • 43
  • 44

Page 40 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar