CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
မေဝယ်သာနဲ့ မက်ဂရီဂေါကို တွေ့ရစဉ်(Forbes)

လာမယ့်နှစ်မှာ မက်ဂရီဂေါနဲ့ သရုပ်ပြပွဲ ထိုးသတ်ချင်တယ်လို့ မေဝယ်သာပြော

By CNI
CNI
Category: အားကစား
Hits: 1201

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၂

ရှုံးပွဲမရှိ လက်ဝှေ့သမားဟောင်း မေဝယ်သာက UFC ဖိုက်တာ မက်ဂရီဂေါနဲ့ လာမယ့်နှစ်မှာ သရုပ်ပြပွဲ ထိုးသတ် ချင်တယ်လို့ ပြောလိုက်ပါတယ်။

မေဝယ်သာက “ဒါက သရုပ်ပြပွဲလား ဒါမှမဟုတ် တကယ်ထိုးသတ်ရမယ့် ပွဲလားဆိုတာ ကျနော်မသိပါဘူး။ ကျနော်ကတော့ သရုပ်ပြပွဲ ထိုးသတ်ရတာ ပိုပြီးကြိုက်နှစ်သက်တယ်လို့” ဒေးလီးမေးလ်နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

မက်ဂရီဂေါကတော့ ဒီပွဲကို စိတ်ဝင်စားခြင်း မရှိဘူးလို့ သူတို့ နှစ်ဦး အရင်ထိုးသတ်ခဲ့တဲ့ပုံကို အင်စတာဂရမ်မှာ တင်ပြီး စာရေးသားခဲ့တာ ဖြစ်ပါတယ်။

မေဝယ်သာနဲ့ မက်ဂရီဂေါတို့ဟာ ၂၀၁၇ က အမေရိကန်မှာ ထိုးသတ်ခဲ့ပြီး မေဝယ်သာက ၁၀ ချီမြောက်မှာ အနိုင်ရ ခဲ့တာပါ အမေရိကန် လက်ဝှေ့ သမားဟောင်းဟာ ဒီတစ်ပတ်ထဲ ဂျပန်မှာ ပြုလုပ်မယ့် သရုပ်ပြပွဲမှာ MMA ကြယ်ပွင့် အဆာကူရာနဲ့ ထိုးသတ်ဖို့ ရှိနေပါတယ်။

မေဝယ်သာနဲ့ မက်ဂရီဂေါကို တွေ့ရစဉ် (Sky Sports)

ပရော်ဖက်ရှင်နယ် လက်ဝှေ့ပွဲပေါင်း ၅၀ ထိုးသတ်ထားတာမှာ ပွဲပေါင်း ၅၀ စလုံး အနိုင်ရခဲ့တဲ့ မေဝယ်သာဟာ ပြီးခဲ့တဲ့နှစ်က You Tube ကြယ်ပွင့် လိုဂန်ပေါလ်နဲ့ ပွဲစဉ်အပါအဝင် သရုပ်ပြပွဲ အများအပြား ထိုးသတ်ထားတာပါ။

မက်ဂရီဂေါကတော့ မေဝယ်သာကို အရေးနိမ့်တဲ့ ပွဲစဉ်အပြီးမှာ UFC ပြိုင်ပွဲတွေကို ပြန်လည် ယှဉ်ပြိုင်ခဲ့ပေမယ့် ရလဒ်ပိုင်း ဆိုးရွားခဲ့ပြီး နောက်ဆုံး ထိုးသတ်ခဲ့တဲ့ ၄ ပွဲမှာ ၃ ပွဲအထိ အရေးနိမ့်ထားတာ ဖြစ်ပါတယ်။

အိုင်ယာလန်ဖိုက်တာဟာ ၂၀၂၁ က နောက်ဆုံးထိုးသတ်ခဲ့တဲ့ ပွဲမှာ ဒတ်စတင်ပိုရီရာကို အရေးနိမ့်ပြီး ခြေထောက် ကျိုး သွားခဲ့တာပါ။ အဲ့ဒါကြောင့် ခြေထောက်ကျိုးတာကနေ ပြန်လည် သက်သာ ကောင်းမွန်လာအောင် မက်ဂရီဂေါ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

UFC ဝိတ်တန်း ၂ ခု ချန်ပီယံဟောင်း မက်ဂရီဂေါဟာ လာမယ့်နှစ် အစောပိုင်းမှာ ပြိုင်ပွဲတွေ ထိုးသတ်ဖို့ ရှိနေ တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။ မက်ဂရီဂေါဟာ UFC ပြိုင်ပွဲကနေ အနားယူပြီးတာနဲ့ လက်ဝှေ့ကြိုး ဝိုင်းထဲ ဝင်ရောက်ဖို့ ရည်ရွယ်ထားကြောင်း ပြောထားတာ ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘာစီလိုနာမှာ မက်ဆီ ကစားခဲ့စဉ် (ESPN)

ဘာစီလိုနာနဲ့ စာချုပ်သစ်ချုပ်ဖို့ မက်ဆီတောင်းဆိုခဲ့တဲ့ အချက်အလက်တွေပေါက်ကြား

By CNI
CNI
Category: အားကစား
Hits: 1226

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၂

စပိန်သတင်းစာ EI Mundo ကတော့ မက်ဆီဟာ ၂၀၂၀ နွေရာသီက ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် တောင်းဆိုခဲ့တဲ့ အချက်အလက်တွေကို ဖော်ပြလိုက်ပါတယ်။

ဒါပေမယ့် စာချုပ်သစ်အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်တာမှာ အဆင်မပြေခဲ့တာကြောင့် မက်ဆီဟာ ၂၀၂၁ နွေရာသီမှာ ၂၁ နှစ်ကြာ ကစားခဲ့တဲ့ ဘာစီလိုနာကနေ ထွက်ခွာပြီး ပီအက်စ်ဂျီအသင်းထံ အလွတ်ပြောင်းရွှေ့ကြေး နဲ့ ရောက်ရှိသွားခဲ့တာပါ။

မက်ဆီဟာ ဘာစီလိုနာနဲ့ စာချုပ်သစ်အတွက် တောင်းဆိုခဲ့တဲ့ အချက် ၉ ချက်အထိ ရှိခဲ့တာဖြစ်ပါတယ်။ ဒီထဲမှာ နံပါတ် ၁ အချက်ကတော့ မက်ဆီဟာ ၃ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖို့ ပြောခဲ့တာပါ။

နံပါတ် ၂ မှာတော့ မက်ဆီဟာ သူ့ရဲ့ မိသားစုနဲ့ ဆွာရက်စ် မိသားစုတို့အတွက် နူးကမ့်ပ်မှာ သီးသန့်အခန်း ထားရှိ ပေးဖို့ ပြောခဲ့ပြီး နံပါတ် ၃ ကတော့ စာချုပ်သစ်မှာ လတ်မှတ်ထိုးကြေးအတွက် ယူရို ၁၀ သန်းပေးချေဖို့ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

ဘာစီလိုနာကနေ မက်ဆီထွက်ခွာဖို့ နှုတ်ဆက်ပွဲ(Football Espana)

ဒီနောက်မှာတော့ နံပါတ် ၄ အချက်ကတော့ မက်ဆီဟာ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၇၀၀ ကနေ ယူရို ၁ သောင်းအထိ လျှော့ချေပေးဖို့ တောင်းဆိုခဲ့တာပါ။ နံပါတ် ၅ မှာတော့ မက်ဆီဟာ ကိုဗစ် ကာလအတွင်းမှာ လုပ်အားခ လျှော့ယူခဲ့ရတာနဲ့ ပတ်သက်ပြီး ဒီလျှော့ချမှုကို အတိုး ၃ ရာခိုင်နှုန်းနဲ့ ပြန်ဆပ်ဖို့ လိုချင်ခဲ့တာ ဖြစ်ပါတယ်။

နံပါတ် ၆ က မက်ဆီဟာ ခရစ္စမတ်လို အားလပ်ရက်အတွင်းမှာ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ မိသားစုကို အာဂျင်တီးနား ပြန်ပို့ပေးဖို့နဲ့ နံပါတ် ၇ ကတော့ စပိန်အစိုးရက အခွန်တိုးကောက်မယ်ဆိုရင် သူ့ရဲ့ လစာကိုပါ တိုးပေးဖို့ တောင်းဆိုခဲ့တာပါ။

နံပါတ် ၈ မှာတော့ သူ့ရဲ့ လက်ထောက် ပီပီကော်စတာကို လစာပေးပြီး ဆက်ထားဖို့နဲ့ နံပါတ် ၉ ကတော့ သူ့ အစ်ကို ရီဒရီဂိုမက်ဆီကိုလည်း စာချူပ်သက်တမ်းတိုးပြီး အပိုဆုကြေးပေးရမယ်ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီထဲက အချက်အများအပြားကို လက်ခံခဲ့ပြီး ၂ ချက်ကိုသာ ငြင်းဆန်ခဲ့တယ်လို့ သိရပါ တယ်။ ဘာစီလိုနာအသင်းဟာ ဒီလိုပေါက်ကြားမှုတွေနဲ့ ပတ်သက်ပြီး ဒေါသထွက်နေကာ စပိန်သတင်းစာကို တရားစွဲသွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဒါပေမယ့် ပေါက်ကြားလာတဲ့ အချက်အလက်တွေဟာ တရားစီရင်ရေး လုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ် လို့ စပိန်ကလပ်က ပြောခဲ့ပါတယ်။

Source: Daily Mail/Sportbible

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ယူကရိန်းလက်ပတ်ဝတ်ဆင်ရမှာ ဂုဏ်ယူစရာလို့ လီဝန်ဒေါစကီးပြော

By CNI
CNI
Category: Watch TV
Hits: 734

Share
Tweet
Share
Share
powered by social2s

ရုရှားကို ယူရို ၂၀၂၄ ခြေစစ်ပွဲယှဉ်ပြိုင်ခွင့် ယူအီးအက်ဖ်အေ ပိတ်ပင်

By CNI
CNI
Category: Watch TV
Hits: 705

Share
Tweet
Share
Share
powered by social2s

ပေါ်တူဂီအတွက် ယူရို ၂၀၂၄ ပြိုင်ပွဲအထိ ပါဝင်ဖို့ ရော်နယ်ဒိုပစ်မှတ်ထား

By CNI
CNI
Category: အားကစား
Hits: 1376

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၁

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် ရော်နယ်ဒိုက ယူရို ၂၀၂၄ ပြိုင်ပွဲအထိ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ နိုင်ငံအသင်းကပေးတဲ့ ဆုလက်ခံရယူအပြီးမှာ ပြောလိုက်ပါတယ်။

ရော်နယ်ဒိုက “နောက်နှစ်အနည်းငယ်ကြာတဲ့အထိ အဖွဲ့ချုပ်ရဲ့ အစိတ်အပိုင်းဖြစ်လာဖို့ ကျနော် မျှော်လင့်ထားပါတယ်။ကျနော်ဟာ အခုထိ စိတ်အားထက်သန်မှုရှိတုန်းဖြစ်သလို ရည်မှန်းချက်ကလည်း မြင့်မားပါတယ်။ ကျနော့်ရဲ့နိုင်ငံအသင်းလမ်းကြောင်းက မပြီးဆုံးသေးပါဘူး။ကျနော်တို့မှာ အရည် အသွေးရှိတဲ့ လူငယ်ကစားသမားတွေလည်း အများကြီးပါ။ကျနော် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်မှာ ဖြစ်သလို ယူရိုပြိုင်ပွဲမှာလည်း ရှိချင်ပါတယ်”လို့ ပြောခဲ့တာပါ။

ရော်နယ်ဒိုဟာ Quinas De Ouro ဆုပေးပွဲမှာ နိုင်ငံအသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆုကို ရယူ နိုင်ခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်တိုက်စစ်မှူးဟာ ပေါ်တူဂီလက်ရွေးစင်အတွက် ၁၈၉ ပွဲ ပါဝင်ကစား ထားပြီး ၁၁၇ ဂိုးသွင်းယူထားတာပါ။ရော်နယ်ဒိုဟာ ပေါ်တူဂီအတွက်သာမကဘဲ နိုင်ငံတကာသွင်းဂိုး အများဆုံးကစားသမားအဖြစ် စံချိန်တင်ရပ်တည်နေတာဖြစ်ပါတယ်။ယူရို ၂၀၂၄ ပြိုင်ပွဲမှာသာ ရော်နယ်ဒို ပါဝင်ခဲ့မယ်ဆိုရင် သူ့ရဲ့ အသက်ဟာ ၃၉ နှစ်အရွယ်ရှိသွားမှာပါ။

ရော်နယ်ဒိုက ဆုရခဲ့တာနဲ့ ပတ်သက်ပြီး “ ဒီလိုဆုကြီးကို ရခဲ့လို့ ကျနော်ဂုဏ်ယူမိပါတယ်။တစ်နေ့မှာ ဒီလိုအောင်မြင်မှုရယူနိုင်မယ်လို့ ဘယ်တုန်းကမှ ကျနော်မတွေးဖူးပါဘူး။ကျနော့်ရဲ့ ကစားသမားဘဝမှာ အရေးပါတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။သွားရမယ့်လမ်းကြောင်းက အရှည်ကြီး ကျန်ရှိနေ သေးပြီး ကျနော်သွားရမယ့်လမ်းက မပြီးဆုံးသေးဘူးဆိုတာပြောချင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဒီဆုပေးပွဲအခမ်းအနားကို မော်ရင်ဟို၊ ပီပီ၊ ဘရူနိုဖာနန်ဒက်စ်နဲ့ ရူဘင်ဒီယတ်ဇ်တို့လည်း တက်ရောက် ခဲ့ကြပါတယ်။ပေါ်တူဂီအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် နေးရှင်းလိဂ်ပွဲစဉ်အဖြစ် ချက်၊ စပိန် အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရုရှားကို ယူရို ၂၀၂၄ ခြေစစ်ပွဲယှဉ်ပြိုင်ခွင့် ယူအီးအက်ဖ်အေ ပိတ်ပင်

By CNI
CNI
Category: အားကစား
Hits: 1701

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၁

ရုရှားလက်ရွေးစင်အသင်းကို ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် ခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက်ပြီ လို့ ယူအီးအက်ဖ်အေက အတည်ပြုလိုက်ပါတယ်။

ပဋိပက္ခစတင်ခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ရုရှားလက်ရွေးစင်နဲ့ ကလပ်အသင်းတွေကို ယူအီး အက်ဖ်အေနဲ့ ဖီဖာက သူတို့နဲ့ သက်ဆိုင်တဲ့ ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားတာပါ။ယူရို ၂၀၂၄ ခြေစစ်ပွဲအတွက် အုပ်စုမဲခွဲမှုကို အောက်တိုဘာလ ၉ ရက် ဂျာမနီနိုင်ငံ ဖရန့်ဖတ်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ရုရှားကတော့ သူတို့ကို ပိတ်ပင်ထားတာနဲ့ ပတ်သက်ပြီး အားကစားဆိုင်ရာ ခုံရုံးကို အယူခံဝင်ခဲ့ပေမယ့် ဇူလိုင်လက ပယ်ချခံခဲ့ရတာပါ။

ရုရှားအသင်းတွေကို ပိတ်ပင်မယ့် ကနဦးဆုံးဖြတ်ချက်ကို ယူအီးအက်ဖ်အေအမှုဆောင်ကော်မတီက ၂၀၂၂ ဖေဖော်ဝါရီ ၂၈ ရက်မှာ ချမှတ်ခဲ့တာဖြစ်ပြီး အားကစားဆိုင်ရာခုံရုံးက ဇူလိုင်လ ၁၅ ရက်မှာ ဒါကို အတည်ပြုခဲ့ပါတယ်။ “ရုရှားအသင်းဟာ ၂၀၂၂ ကနေ ၂၀၂၄ အထိ ပြုလုပ်မယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲ အုပ်စု မဲခွဲမှုမှာ ပါဝင်မှာမဟုတ်ဘူး”လို့ ယူအီးအက်ဖ်အေက ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားတာပါ။

ရုရှားအသင်းဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲပလေးအောဖ့်အဆင့်ထိ တက်လှမ်းနိုင်ခဲ့ ပေမယ့် ဖီဖာကယှဉ်ပြိုင်ဖို့ ပိတ်ပင်ခဲ့လို့ ယှဉ်ပြိုင်ခွင့်မရခဲ့ပါဘူး။ဒါ့အပြင် ရုရှားအမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့ အမျိုးသမီးယူရိုပြိုင်ပွဲမှာ ခြေစစ်ပွဲအောင်မြင်ခဲ့ပေမယ့် ဖယ်ရှားခြင်းခံခဲ့ရပြီး သူ့နေရာမှာ ပေါ်တူဂီ နဲ့ ပြိုင်ပွဲစီစဉ်သူတွေက အစားထိုးခဲ့တာပါ။ ယူအီးအက်ဖ်အေဟာ ရုရှားစွမ်းအင်ကုမ္ပဏီကြီး Gazprom နဲ့ စပွန်ဆာသဘောတူညီချက်တွေကို အဆုံးသတ်ခဲ့ပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ ဒီရာသီ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ယူရိုပါကွန်းဖရန့်စ်လိဂ်ပြိုင်ပွဲတွေမှာ ရုရှားကလပ်တွေကို ယှဉ်ပြိုင်ခွင့် ဆက်လက်ပိတ်ပင်ထားခဲ့တာပါ။ပြီးခဲ့တဲ့ ၂၀၂၂ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို မူလက စိန့်ပီတာစဘတ်မှာ ကျင်းပဖို့ သတ်မှတ်ခဲ့ပေမယ့် ပဲရစ်ကို ပြောင်းရွှေ့ပြီး ကျင်းပသွားတာ ဖြစ်ပါ တယ်။

Source:BBC

 

 

 

Share
Tweet
Share
Share
powered by social2s

ဘာစီလိုနာမှာ ဘောလွန်းဒီအောရနိုင်ခြေပိုရှိတယ်လို့ လီဝန်ဒေါစကီးပြော

By CNI
CNI
Category: Watch TV
Hits: 718

Share
Tweet
Share
Share
powered by social2s

ONE Championship နဲ့ စာချုပ်ချုပ်လိုက်ပြီလို့ အောင်လအန်ဆန်းပြော

By CNI
CNI
Category: Watch TV
Hits: 821

Share
Tweet
Share
Share
powered by social2s

ကျန်းမာရေးအခြေအနေဆိုးရွားနေကြောင်း မိုက်တိုင်ဆန် ဖွင့်ဟ

By CNI
CNI
Category: အားကစား
Hits: 2185


CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀

ဟဲဗီးဝိတ်လက်ဝှေ့အကျော်အမော် မိုက်တိုင်ဆန်က တင်ပါးကြောကိုက်ခဲတဲ့ ဝေဒနာကို ခံစားနေရပြီး တစ်ခါတစ်ရံမှာ စကားတောင်မပြောနိုင်တဲ့ အခြေအနေမှာရှိတယ်လို့ ပြောပါတယ်။

မိုက်တိုင်ဆန်က “ကျနော်မကြာခဏဆိုသလို တင်ပါးကြောကိုက်ခဲတဲ့ ဝေဒနာကိုခံစားနေရပါတယ်။ ဒီလိုဖြစ်ပြီဆိုရင် ကျနော်စကားတောင်မပြောနိုင်တော့ပါဘူး။ဒါက ကျနော့်မှာတစ်ခုတည်းသော ကျန်းမာရေးပြဿနာဖြစ်လို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ကျနော့်အိမ်မှာရှိတဲ့သူတိုင်းက တကယ်ကို ကောင်းချီးပေးကြပါတယ်။ကျနော့်မှာ ရှိတဲ့အရာတွေအတွက်လည်း အားလုံးကို ကျေးဇူး တင်ပါတယ်”လို့ Newsmax TV နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

အသက် ၅၆ နှစ်အရွယ်ရှိ မိုက်တိုင်ဆန်ကို ပြီးခဲ့တဲ့လက လေဆိပ်မှာ ဘီးတပ်ကုလားထိုင်နဲ့ တွေ့မြင် ခဲ့ရတာ ဖြစ်ပါတယ်။တုတ်ချောင်းကို အကူအညီယူပြီး လမ်းလျှောက်လာတာကိုလည်း တွေ့မြင်ခဲ့ရကာ မိုက်တိုင်ဆန်ကတော့ တင်ပါးကြောကိုက်ခဲတဲ့ ဝေဒနာကြောင့်လို့ ပြောခဲ့ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် နောက်ကျောကို ထိခိုက်နေပုံရတယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။ မိုက်တိုင်ဆန်ဟာ ကစားသမားဘဝ ကုန်ခါနီးမှာ ဒူးဒဏ်ရာနဲ့ ရုန်းကန်ခဲ့ရပြီး ၂၀၀၅ မှာ နောက်ကျော ပြဿနာကြောင့် ကစားသမားဘဝက အနားယူခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ မှာတော့ မိုက်တိုင်ဆန်ဟာ လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်လည်ဝင်ရောက်လာခဲ့ပြီး ရွိုင်ဂျူံးစ်ဂျူနီယာနဲ့ သရုပ်ပြပွဲထိုးသတ်ခဲ့တာပါ။ဒါပေမယ့် သူဟာ မကြာခင်မှာ သေဆုံးတော့မယ်ဆိုပြီး ပြောခဲ့တာကြောင့် မိုက်တိုင်ဆန်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ တိုးလာခဲ့တာ ဖြစ်ပါတယ်။

“ကျနော်တို့ အားလုံးဟာ တစ်နေ့ သေကြရမှာပါ။မှန်ထဲမှာ ကြည့်လိုက်တော့ ကျနော့်မျက်နှာပေါ်မှာ အစက်အပြောင်လေးတွေကို တွေ့ခဲ့ရပါတယ်။ဒါဟာ ကျနော့်ရဲ့ သက်တမ်း မကြာခင်မှာ ကုန်ဆုံးဖို့ နီးလာပြီကို ဆိုလိုတာ”လို့ မိုက်တိုင်ဆန်က ပြောခဲ့တာပါ။

သံမဏိမိုက်ဆိုပြီး နာမည်ပြောင်ရထားတဲ့ မိုက်တိုင်ဆန်ဟာ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘဝမှာ ပွဲပေါင်း ၅၈ ပွဲထိုးသတ်ခဲ့ပြီး ပွဲပေါင်း ၅၀ အနိုင်ရကာ ၆ ပွဲရှုံးပြီး ၂ ပွဲက ရလဒ်မထွက်ပေါ်ခဲ့တာ ဖြစ်ပါ တယ်။

Source:The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဘာစီလိုနာမှာ ဘောလွန်းဒီအောရနိုင်ခြေပိုရှိတယ်လို့ လီဝန်ဒေါစကီးပြော

By CNI
CNI
Category: အားကစား
Hits: 1072

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀

လီဝန်ဒေါစကီးက ဘိုင်ယန်မြူးနစ်အသင်းမှာ ကစားတဲ့အချိန်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဘာစီလိုနာမှာက ဘောလွန်းဒီအောဆု ရနိုင်ခြေပိုရှိတယ်လို့ ပြောလိုက်ပါတယ်။

လီဝန်ဒေါစကီးက “ဘောလွန်းဒီအောဆုကို အများဆုံးရရှိခဲ့တဲ့ ကစားသမားသမားအများအပြားက ဘာစီလိုနာအသင်းကဆိုတာ ကျနော်သိပါတယ်။ဒါကြောင့်လည်း ဘိုင်ယန်မြူးနစ်မှာထက် ဘာစီလိုနာ မှာက ပိုပြီးရနိုင်ဖို့ နီးစပ်ပါတယ်”လို့ မာကာနဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

အသက် ၃၃ နှစ်အရွယ်ရှိ လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့က ပေါင်သန်း ၃၀ နဲ့ ဘိုင်ယန် မြူးနစ်မှာ ၈ ရာသီကြာကစားတာကို အဆုံးသတ်ပြီး ဘာစီလိုနာထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ပိုလန်တိုက်စစ်မှူးဟာ ဘာစီလိုနာအသင်းမှာ ချက်ချင်းအံဝင်ခဲ့ပြီး ၈ ပွဲကစားအပြီးမှာ ၁၁ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။ လီဝန်ဒေါစကီးဟာ စပိန်လာလီဂါပြိုင်ပွဲမှာ ၈ ဂိုးအထိသွင်းယူထားပြီး ဂိုးသွင်း အများဆုံးကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

လီဝန်ဒေါစကီးက “နူးကမ့်ပ်မှာ ဘာစီလိုနာပရိသတ်တွေ ကျနော့်နာမည်ကို သီဆိုဖို့ဆိုတာက တကယ် ကို မမျှော်လင့်ထားတဲ့အရာပါ။ဘာစီလိုနာမှာ အကြာကြီးရှိနေသလိုကို ခံစားနေရပါတယ်။ဘာစီလိုနာကို ရောက်လာတဲ့ ပထမဆုံးနေ့ကတည်းက ကျနော်ဟာ နေရာမှန်ကို အချိန်မှန်ရောက်လာတယ်လို့ ခံစား ခဲ့ရတာပါ။ပရိသတ်တွေရဲ့အားပေးမှုကြောင့် အလွန်သက်သောင့်သက်သာရှိသလို ခံစားခဲ့ရပါတယ်။ အားလုံးက ကောင်းမွန်စွာဆက်ဆံပြီး အခွင့်ထူးခံရသလိုကို ရှိခဲ့တာပါ”လို့ ပြောခဲ့တာပါ။

လီဝန်ဒေါစကီးဟာ နေးရှင်းလိဂ်ပွဲတွေယှဉ်ပြိုင်ဖို့ ပိုလန်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းပြီး လေ့ကျင့်မှု တွေ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ပိုလန်အသင်းဟာ စက်တင်ဘာ ၂၃ ရက်မှာ နယ်သာလန်၊ ၂၆ ရက်မှာ ဝေးလ်စ်အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

Source:Mirror

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
အောင်လအန်ဆန်းကိုတွေ့ရစဉ် (Aung La Nsang-fb)

ONE Championship နဲ့ စာချုပ်ချုပ်လိုက်ပြီလို့ အောင်လအန်ဆန်းပြော

By CNI
CNI
Category: အားကစား
Hits: 2261

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀

မြန်မာပြည်ဖွား MMA တိုက်ခိုက်ရေးသမား အောင်လအန်ဆန်းဟာ ONE Championship နဲ့ စာချုပ် ချုပ်ဆိုလိုက် ပြီလို့ သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ တရားဝင် ကြေညာခဲ့ပါတယ်။

အောင်လအန်ဆန်းက “ ONE Championship နဲ့ စာချုပ် ချုပ်ဆိုလိုက်ပါပြီ။ ကျနော့်အဖွဲ့က ကျနော် အဆင်သင့် ဖြစ်အောင် လုပ်ထားမယ်ဆိုတာ ကျနော်သိပါတယ်။ ကျနော့်ကို ချစ်ခြင်းမေတ္တာတွေနဲ့ အားပေးမှုတွေအတွက် ခင်ဗျားတို့ အားလုံးကို ကျေးဇူးတင်ပါတယ်”လို့ ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားထုတ်လွှင့်ပြီးတော့ ပြောခဲ့တာပါ။

အောင်လအန်ဆန်းဟာ အခုနှစ် ဖေဖော်ဝါရီလက ဘစ်ဒက်ချ်ကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်ပြီးကတည်းက ပွဲတွေနဲ့ ဝေးကွာနေခဲ့ပါတယ်။ ဒါပေမယ့် လေ့ကျင့်မှုတွေကိုသာ ပိုပြီးကြိုးစားလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အောင်လအန်ဆန်းဟာ တိုကျိုမှာ ပြုလုပ်မယ့် ONE Championship ပြိုင်ပွဲမှာ ယူရှင်အိုကာမီနဲ့ ထိုးသတ်ချင်တဲ့ အကြောင်းကို မကြာသေးခင်က သူ့ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားမှု ပြုလုပ်ခဲ့တာပါ။ ONE ရဲ့ ဝိတ်တန်း ၂ ခု ချန်ပီယံဟောင်း အောင်လအန်ဆန်းဟာ စာချုပ်ကြောင့် အခုနှစ်မကုန်ခင် ပွဲထိုးသတ်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။

အောင်လအန်ဆန်း လေ့ကျင့်ခန်းဆင်းနေစဉ် (Aung La Nsang-Fb)

အောင်လအန်ဆန်းဟာ ဘစ်ဒက်ချ်ကို အရေးနိမ့်အပြီးမှာ သူ့ရဲ့ ပိုကောင်းတဲ့ ပုံစံအသစ်တွေကို မြင်တွေ့ရဖို့ ရှိတယ်လို့ ပြောထားတာပါ။

မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ် ချန်ပီယံဟောင်းဟာ နောက်ဆုံးထိုးသတ်ခဲ့တဲ့ ၄ ပွဲမှာ ၃ ပွဲအထိ အရေးနိမ့်ထားတာ ကြောင့် ချန်ပီယံခါးပတ်ကို ပြန်စိန်ခေါ်နိုင်ဖို့အတွက် နပန်းပညာရပ်တွေကိုပါ သင်ယူ ကာ ပြင်းပြင်းထန်ထန် လေ့ကျင့်နေပါတယ်။

အောင်လအန်ဆန်းဟာ ONE ပြိုင်ပွဲရဲ့ ချန်ပီယံခါးပတ် ၂ ခုကို ၂၀၁၇ ကနေ ၂၀၁၉ အထိ ထိန်းထားနိုင်ခဲ့ပေမယ့် ၂၀၂၀ နဲ့ ၂၀၂၁ မှာ ရိုင်နီယာကို အရေးနိမ့်ပြီး ချန်ပီယံဆုတွေကို လက်လွှတ်ခဲ့ရတာပါ။ အသက် ၃၇ နှစ်အရွယ်ရှိ အောင်လအန်ဆန်းဟာ MMA ပွဲစဉ်ပေါင်း ၄၁ ပွဲအထိ ထိုးသတ်ထားပြီး ၂၇ ပွဲအနိုင်ရကာ ၁၃ ပွဲအရေးနိမ့်ထားတာ ဖြစ်ပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဗီနီစီးယက်စ်ကို အသလက်တီကိုပရိသတ်တွေ လူမျိုးရေးခွဲခြားမှု ပြုလုပ်

By CNI
CNI
Category: Watch TV
Hits: 646

Share
Tweet
Share
Share
powered by social2s

အာရှယူ-၂၀ ခြေစစ်ပွဲအုပ်စု နောက်ဆုံးပွဲမှာ မော်လ်ဒိုက်ကို မြန်မာအနိုင်ရ

By CNI
CNI
Category: Watch TV
Hits: 720

Share
Tweet
Share
Share
powered by social2s

ငွေညှစ်ဖို့ ကြံစည်မှုနဲ့ ပေါ့ဘာရဲ့ အစ်ကိုဖြစ်သူ ထိန်းသိမ်းခံထားရ

By CNI
CNI
Category: အားကစား
Hits: 1159

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀

မာသီးယက်စ်ပေါ့ဘာဟာ ညီဖြစ်သူ ပေါလ်ပေါ့ဘာဆီကနေ ငွေညှစ်ဖို့ ကြံစည်မှုနဲ့ ထိန်းသိမ်းခံထားရပြီး စုံစမ်းစစ်ဆေးခံနေရတယ်လို့ သိရပါတယ်။

ငွေညှစ်ဖို့နဲ့ ရာဇဝတ်ဆိုင်ရာပူးပေါင်းကြံစည်မှုတို့အတွက် အခြားလူ ၄ ဦးကိုလည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ တရားရေးဆိုင်ရာရင်းမြစ်တွေက ရိုက်တာနဲ့ ပြင်သစ်သတင်းဌာနတွေကို ပြောခဲ့ တာပါ။မာသီးယက်စ်ရဲ့ ရှေ့နေဖြစ်သူကတော့ သူ့ရဲ့ အမှုသည်မှာ အပြစ်မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ ရှေ့နေဖြစ်သူ ယာဆင်ဘိုဇရူးက “ဒီဆုံးဖြတ်ချက်ကို ကျနော်တို့ဘက်က စိန်ခေါ်ပြီး ရင်ဆိုင်သွားမှာပါ” လို့ ပြင်သစ်ရုပ်သံ BFMTV ကို ပြောခဲ့တာပါ။

မာသီးယက်စ်ဟာ ညီဖြစ်သူရဲ့ အကြောင်းနဲ့ ပတ်သက်တဲ့ ပြောဆိုမှုတွေဟာ ပြီးခဲ့တဲ့လက အွန်လိုင်းပေါ် မှာ ထွက်ပေါ်လာခဲ့ပြီးနောက် ဒီဗွီဒီယိုရဲ့ နောက်ကွယ်မှာ သူရှိနေကြောင်း ဝန်ခံထားတာ ဖြစ်ပါတယ်။ ပေါ့ဘာက သူ့ကို ဂိုဏ်းအဖွဲ့အစည်းတစ်ခုက ခြိမ်းခြောက်ငွေညှစ်ဖို့ ပစ်မှတ်ထားနေတယ်လို့ ပြောခဲ့ပြီး နောက် ပြင်သစ်အစိုးရရှေ့နေတွေဟာ စက်တင်ဘာလအစောပိုင်းက တရားစီရင်ရေးဆိုင်ရာ စုံစမ်း စစ်ဆေးမှုတွေကို စတင်ခဲ့တာပါ။

ပြင်သစ်ကွင်းလယ်ကစားသမားက သူဟာ ယူရို ၁၃ သန်းပေးချေဖို့ ပစ်မှတ်ထားတောင်းခံနေရတယ်လို့ ဇူလိုင်လ ၁၆ ရက်က တူရင်အစိုးရရှေ့နေတွေထံ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ နွေရာသီ အ ပြောင်းအရွှေ့က ဂျူဗင်တပ်စ်အသင်းထံ ပြန်လည်ရောက်ရှိလာခဲ့တဲ့ ပေါ့ဘာဟာ ဒဏ်ရာကို ခွဲစိတ် ကုသမှုခံယူရမှာ ဖြစ်တာကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ရဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။

ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦးဖြစ်တဲ့ မာသီးယက်စ်ဟာ ဂီနီလက်ရွေးစင်ကို ကိုယ်စားပြု ပါဝင်ကစားခဲ့ကာ အင်္ဂလန်ကလပ်တွေဖြစ်တဲ့ ခရူဝီ၊ ရက်ဇ်ဟမ်း၊ ခရော်လေစတဲ့ အသင်းတွေအပြင် ဥရောပကလပ်တွေမှာ ကစားခဲ့တာလည်း ဖြစ်ပါတယ်။

Source:BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဗီနီစီးယက်စ်ကို အသလက်တီကိုပရိသတ်တွေ လူမျိုးရေးခွဲခြားမှု ပြုလုပ်

By CNI
CNI
Category: အားကစား
Hits: 1098

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၉

အသလက်တီကိုမက်ဒရစ်အသင်း ပရိသတ်တွေဟာ ရီးရယ်လ်မက်ဒရစ်အသင်းနဲ့ ကစားခဲ့တဲ့ မက်ဒရစ် ဒါဘီပွဲ မစတင်ခင် ဗီနီစီးယက်စ်ကို လူမျိုးရေးခွဲခြားတဲ့ ကြွေးကြော်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

အေးဂျင့်တစ်ဦးဖြစ်တဲ့ ဘရာဗိုက ဂိုးသွင်းအပြီးမှာ ကခုန်အောင်ပွဲခံတဲ့ ဗီနီစီးယက်စ်ကို ရည်ညွှန်းပြီး မျောက်လိုလုပ်တာ ရပ်လိုက်ပါလို့ ပြောခဲ့ပြီးနောက် ကစားသမားဖြစ်သူက စပိန်ဘောလုံးလောကမှာ လူမျိုးရေးခွဲခြားမှုကို ရှုတ်ချကြောင်းပြောထားတာပါ။ဘရာဇီးလ်နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ပီလီ၊ နေမာတို့ အပါအဝင် ကစားသမားတချို့က ဗီနီစီးယက်စ်ဘက်က ရပ်တည်ကြောင်း ထုတ်ပြောခဲ့ ကြပါတယ်။

အသလက်တီကိုအသင်း ပရိသတ်တချို့ကတော့ မက်ဒရစ်ဒါဘီပွဲမစခင်မှာ “မင်းဟာ မျောက်ပဲ၊ ဗီနီစီးယက်စ် မင်းဟာ မျောက်ပဲ” ဆိုပြီး ကြွေးကြော်နေကြတဲ့ ဗွီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ရောက်ရှိသွားခဲ့တာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ဗီနီစီးယက်စ်အပေါ် လူမျိုးရေးခွဲခြားတာနဲ့ပတ်သက်ပြီး ရီးရယ်လ်အသင်းက “ဒီလိုလူမျိုးရေးခွဲခြားမှုအပြုအမူတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်။ ကျနော် တို့ ကစားသမားတွေအပေါ် လူမျိုးရေးခွဲခြားတဲ့ မှတ်ချက်ပေးတဲ့သူတိုင်းကို တရားဥပဒေအရအရေးယူဖို့ လုပ်ဆောင်ထားတယ်လို့” ထုတ်ပြန်ထားပါတယ်။

ဗီနီစီးယက်စ်ကတော့ ဘာနေဗျူးမှာ ဒါမှမဟုတ် ဘယ်ကွင်းမှာပဲဖြစ်ဖြစ် ကခုန်အောင်ပွဲခံမှုကိုတော့ ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ ပြောထားခဲ့တာပါ။ဘရာဇီးလ်ကစားသမားဟာ အသလက်တီကိုအသင်း နဲ့ပွဲမှာ အသင်းဖော် ရိုဒရီဂို ဂိုးသွင်းအပြီး ဆမ်ဘာအကနဲ့ ပြိုင်ဘက်ပရိသတ်တွေ ရှေ့မှာ ကခုန်အောင်ပွဲခံ သွားခဲ့တာ ဖြစ်ပါတယ်။ဒီပွဲမှာ ရီးရယ်လ်အသင်းက အသလက်တီကိုအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ရာနှုန်းပြည့်နိုင်ပွဲနဲ့ လာလီဂါ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့တာပါ။

ဘရာဇီးလ်ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ အာဆင်နယ်အသင်းတိုက်စစ်မှူး ဂျီးဆပ်စ်ဟာ ဘရန်ဖိုဒ့်အသင်းနဲ့ပွဲမှာ ဂိုးသွင်းအပြီး ဗီနီစီးယက်စ်ကို ထောက်ခံတဲ့အနေနဲ့ ကခုန်အောင်ပွဲခံသွားခဲ့တာ ဖြစ်ပါတယ်။

Source:Mirror

 

 

 

 

Share
Tweet
Share
Share
powered by social2s
မြန်မာအသင်းကိုတွေ့ရစဉ် (MFF)

အာရှယူ-၂၀ ခြေစစ်ပွဲအုပ်စု နောက်ဆုံးပွဲမှာ မော်လ်ဒိုက်ကို မြန်မာအနိုင်ရ

By CNI
CNI
Category: အားကစား
Hits: 1312

CNI International News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၉

မြန်မာအသင်းဟာ ၂၀၂၃ အာရှယူ-၂၀ ချန်ပီယံရှစ် ပြိုင်ပွဲခြေစစ်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် မော်လ်ဒိုက်အသင်း နဲ့ ကစားခဲ့တာမှာ ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းက ဆော်ဒီမှာ ကစားခဲ့တဲ့ ဒီပွဲမှာ မြန်မာအသင်းဟာ ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို ရှာဖွေ သွားနိုင်ခဲ့တာပါ။

မြန်မာအသင်းအတွက် ဂိုးတွေကို ကောင်းထက်ပိုင်၊ စွမ်းထက်နဲ့ လမင်းထွေးတို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ မော်လ်ဒိုက်အသင်းကို အနိုင်ရခဲ့ပေမယ့် အုပ်စုပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ၁ ပွဲနိုင်၊ ၂ ပွဲရှုံးနဲ့ ခြေစစ်ပွဲ အောင်မြင်ခြင်း မရှိခဲ့တာပါ။

မြန်မာအသင်းဟာ ခြေစစ်ပွဲမှာ ဥဇဘတ်ကစ္စတန်၊ ဆော်ဒီ၊ တရုတ်၊ မော်လ်ဒိုက်တို့နဲ့ တစ်အုပ်စုတည်း ကျရောက် ခဲ့တာ ဖြစ်ပါတယ်။

မော်လ်ဒိုက်သတင်းနဲ့ မြန်မာအသင်း ယှဉ်ပြိုင်နေစဉ် (MFF)

ဒါပေမယ့် ဥဇဘတ်ကစ္စတန် အသင်းဟာ နောက်ဆုံးအဆင့် ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်လို့ ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်ထားတာပါ။

အဲ့ဒါကြောင့် ဥဇဘတ်ကစ္စတန်နဲ့ ကစားတဲ့ ရလဒ်တွေကို ထည့်သွင်းတွက်ချက်ခြင်း မရှိပါဘူး။ မြန်မာအသင်းဟာ အုပ်စုတွင်းပွဲတွေမှာ တရုတ်အသင်းကို ၃ ဂိုး- ၁ ဂိုး၊ ဆော်ဒီအသင်းကို ၅ ဂိုး- ဂိုးမရှိဆိုတဲ့ ရလဒ်တွေနဲ့ အရေးနိမ့်ခဲ့ ပြီး မော်လ်ဒိုက်အသင်းကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

၂၀၂၃ အာရှယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲအပြီးမှာ အုပ်စုထိပ်ဆုံး အသင်းတွေဖြစ်တဲ့ ဆော်ဒီ၊ ကာတာ၊ ဂျပန်၊ ဂျော်ဒန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ အိုမန်၊ တာဂျစ်ကစ္စတန်၊ အီရန်တို့ ခြေစစ်ပွဲအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဗီယက်နမ်၊ ကာဂျစ္စတန်၊ တရုတ်၊ ဆီးရီးယားနဲ့ ထိုင်းအသင်းတို့ဟာ အကောင်းဆုံး အုပ်စုဒုတိယနဲ့ ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။ သြစတြေးလျ၊ အီရတ်၊ အိန္ဒိယနဲ့ ကူဝိတ်တို့ ပါဝင်တဲ့ အုပ်စု H ခြေစစ်ပွဲကိုတော့ အောက်တိုဘာလမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

၂၀၂၃ အာရှယူ-၂၀ နောက်ဆုံးအဆင့် ပြိုင်ပွဲကို မတ်လ ၁ ရက်ကနေ ၁၈ ရက်အထိ အသင်းပေါင်း ၁၆ သင်းနဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 37
  • 38
  • 39
  • 40
  • 41
  • 42
  • 43
  • 44
  • 45
  • 46

Page 42 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar