CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ကမ္ဘာ့ဖလားမှာ အင်္ဂလန်ရလဒ်မကောင်းရင် ထုတ်ခံရမှာသိကြောင်း ဆောက်ဂိတ်ပြော

By CNI
CNI
Category: အားကစား
Hits: 1152

CNI International News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၆

လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းရလဒ်တွေမကောင်းဘူးဆိုရင် ထုတ်ပယ်ခံရမှာ သိတယ် လို့ နည်းပြဖြစ်သူ ဆောက်ဂိတ်က ဝန်ခံလိုက်ပါတယ်။

ဆောက်ဂိတ်က “ကျနော်ဟာ အခုအချိန်မှာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ ရလဒ်ကောင်း တွေကို ရယူနိုင်ဖို့ အာရုံစိုက်နေပါတယ်။ဒါပေမယ့် ကမ္ဘာ့ဖလားမှာ ဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်ပြီး နောက်ဆုံးမှာ အကဲဖြတ်ခံရမယ်ဆိုတာကို ကျနော်သိပါတယ်။စာချုပ်က ဘောလုံးလောကနဲ့ မသက် ဆိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုရင် ခင်ဗျားမှာ ၃ နှစ် ၊ ၄ နှစ်၊ ၅ နှစ်ဆိုတဲ့ စာချုပ်ရှိပေမယ့် ရလဒ်မကောင်းဘူး ဆိုရင် သီးခြားလမ်းကိုလျှောက်ဖို့ အချိန်တန်ပြီဆိုတာ ခင်ဗျားလက်ခံရပါမယ်။ကျနော်လည်း မခြားနား ပါဘူး။ချုပ်ဆိုထားတဲ့ စာချုပ်က အကာအကွယ်ပေးရလောက်အောင်အထိ တွေးဖို့ ကျနော့် မာနမကြီး ပါဘူး” လို့ ပြောခဲ့တာပါ။

အင်္ဂလန်ဟာ ယှဉ်ပြိုင်ကစားခဲ့ပြီးတဲ့ နေးရှင်းလိဂ် ၅ ပွဲမှာ နိုင်ပွဲပျောက်ဆုံးပြီး လိဂ် A ကနေ လိဂ် B ကို တန်းဆင်းသွားခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့် ဆောက်ဂိတ်အပေါ် ဖိအားတွေကျရောက်နေပြီး ပရိသတ် တချို့က အီတလီအသင်းကို အရေးနိမ့်တဲ့ပွဲအပြီးမှာ ရာထူးက ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေ ရှိခဲ့တာပါ။ ဆောက်ဂိတ်နဲ့ အင်္ဂလန်အသင်းတို့ ချုပ်ဆိုထားတဲ့စာချုပ်ဟာ ၂၀၂၄ ဒီဇင်ဘာလအထိ သက်တမ်းရှိနေ တာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ စက်တင်ဘာ ၂၇ ရက်မနက်ပိုင်းမှာ ဂျာမနီအသင်းနဲ့ နေးရှင်းလိဂ် အုပ်စုနောက်ဆုံး ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး လက်ရှိအချိန်ထိ ကစားကွက်ကနေ ဂိုးမသွင်းနိုင်တာ မိနစ်ပေါင်း ၄၅၀ မိနစ် အထိ ရှိသွားခဲ့ပြီလည်း ဖြစ်တာပါ။ဒါ့အပြင် ဂျာမနီအသင်းကို အနိုင်မရခဲ့ဘူးဆိုရင် အင်္ဂလန်အသင်းဟာ ပြိုင်ပွဲအသွင်မှာ ပထမဆုံးအကြိမ် ၆ ပွဲစလုံးနိုင်ပွဲမရတဲ့ မှတ်တမ်းဆိုးတစ်ခုကိုလည်း ရရှိမှာပါ။

အင်္ဂလန်အသင်းတောင်ပံကစားသမား စတာလင်ကတော့ ဒီပွဲတွေမှာ ရလဒ်တွေဆိုးနေပေမယ့် ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ ရလဒ်ကောင်းရမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ “ဒါက ခက်ခဲတဲ့ကာလ ဖြစ်နေ ပေမယ့် ဆောင်းရာသီမှာ ကောင်းမွန်တဲ့ အခွင့်အရေးမရဘူးလို့ ကျနော်တို့ တွေးနေမှာ မဟုတ်ပါဘူး။ ဒါက ကျနော်တို့အဖွဲ့ရဲ့ယုံကြည်မှုပါ။အခုအချိန်မှာ ရလဒ်မကောင်းပေမယ့် ကမ္ဘာ့ဖလားမှာ ရလဒ်ကောင်း တွေရမယ်လို့ ကျနော်တို့ အခိုင်အမာကို ယုံကြည်ပါတယ်။ထိတ်လန့်နေစရာမလိုဘူး” လို့ ပြောခဲ့တာပါ။

အင်္ဂလန်အသင်းဟာ ဆောက်ဂိတ်ရဲ့လက်ထက်မှာ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက် နိုင်ခဲ့သလို၊ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါ တယ်။

Source:Mirror

 

 

 

 

Share
Tweet
Share
Share
powered by social2s

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းတွေနဲ့ မိတ်ဆက်(အပိုင်း ၁၂)

By CNI
CNI
Category: Watch TV
Hits: 783

Share
Tweet
Share
Share
powered by social2s
ဒရီကာကိုတွေ့ရစဉ်

“ဘောလုံးဆိုတာ ကျမကို အိမ်မှာလိုခံစားစေတဲ့ တစ်ခုတည်းသောအရာပါ”- ဒရီကာ ဘောလုံးကို အိမ်လိုခံစားရသူ သို့မဟုတ် ဒရီကာ

By CNI
CNI
Category: ဆောင်းပါး
Hits: 1529

 

CNI Article

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၃

ဒရီကာဟာ ဘရာဇီးလ်အသင်းကို ၂၀၁၄ Street Child United World Cup ပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် ဦးဆောင်နိုင်ခဲ့တဲ့သူ ဖြစ်ပါတယ်။ သူမဟာ ဘရာဇီးလ်နိုင်ငံမြောက်ပိုင်း ဆာဂျီပီရှိ ရွာငယ်လေး ဆာရာ ကာရီဒါကနေ ရောက်ရှိလာခဲ့တာပါ။

ဒရီကာဟာ သေးငယ်တဲ့ အိမ်လေးမှာ အဘိုးအဘွားတွေနဲ့ ကြီးပြင်းလာခဲ့တာဖြစ်ပြီး မီးဖို၊ မီးလုံး၊ တီဗွီ၊ အရုပ်တွေ အများအပြား အပါအဝင် ပိုက်ဆံအများကြီးလည်း မရှိသလို၊ ဇိမ်ခံပစ္စည်းတွေ၊ အခြေခံကျတဲ့ အရာတွေတောင် မရှိပါဘူး။

ဒရီကာက ဘောလုံးဟာ သူမကို ဘယ်လို စိတ်အားထက်သန်မှု ရှိစေလဲဆိုတဲ့ အကြောင်းနဲ့ သူမ စိတ်ကူး ထဲမှာတောင် မတွေးဖူးတဲ့ အနာဂတ်ဆီကို ခေါ်ဆောင်သွားပုံကို ပြောပြပါတယ်။ ဒရီကာဟာ ၇ နှစ် အရွယ်မှာ သူမရဲ့ အဒေါ်တွေ၊ ဝမ်းကွဲမောင်နှမတွေနဲ့ ဘောလုံးကစားခဲ့ပြီး ဒါဟာ သူလုပ်နိုင်တဲ့ တစ်ခု တည်းသော အရာဖြစ်ခဲ့ပါတယ်။
“ကျမအိပ်ရာက နိုးလာပြီရင် ဘောလုံးကစားတယ်၊ ဒါကို အလွန်ပျော်ရွှင်ပါတယ်။ ကျမအတွက် တခြား ဘာမှ လုပ်စရာ မရှိခဲ့ပါဘူး”လို့ ဒရီကာက ပြောပြလာပါတယ်။

အဖွားဖြစ်သူ ကွန်လွန်သွားပြီးနောက် ဒရီကာဟာ အသက် ၁၃ နှစ်အရွယ်မှာ ရီယိုမြို့ကို ပြောင်းရွှေ့ခဲ့ ပါတယ်။ သူမဟာ မိခင်ဖြစ်သူရယ်၊ ပထွေးဖြစ်သူနဲ့အတူ နေထိုင်ခဲ့တာပါ။

 

Street Child World Cup 2014 မှာ ဒရီကာရဲ့အသင်းသားများ ပျော်ရွှင်နေကြ

ဒရီကာဟာ မိခင်ဖြစ်သူရဲ့ လက်ထဲမှာ ကြီးပြင်းလာတာ မဟုတ်သလို နောက်ဆုံးတွေ့ခဲ့တဲ့ အချိန်ကို လည်း မမှတ်မိတော့တာကြောင့် အမေနဲ့ သမီးဆိုတဲ့ နှောင်ကြိုးမျိုး မရှိခဲ့ပါဘူး။ ရွာမှာနေခဲ့တုန်းက ဘဝ က ခက်ခဲခဲ့ပေမယ့် သူမဟာ ပျော်ရွှင်ခဲ့ပြီး လွတ်လွတ်လပ်လပ်လည်း နေခဲ့ရပါတယ်။

သူငယ်ချင်းတွေနဲ့ လမ်းမပေါ်ထွက်ပြီး ကစားခွင့်လည်း ရခဲ့ပါတယ်။ ရီယိုကို ပြောင်းလာတဲ့ အချိန်မှာ တော့ ဒါတွေဟာ ပြောင်းလဲသွားခဲ့ပြီး ခြားနားမှုတွေလည်း ရှိခဲ့သလို လွတ်လွတ်လပ်လပ်လည်း မနေရ တော့ပါဘူး။ သေနတ်ကြီးတွေ ကိုင်ထားတဲ့ လူတွေရှိတော့ အကြမ်းဖက်မှုတွေလည်း အများကြီး တွေ့မြင် ခဲ့ရပါတယ်။

ရီယိုမှာတော့ ဘောလုံးက သူမကို အိမ်မှာလိုပဲ ခံစားစေခဲ့တဲ့ တစ်ခုတည်းသော အရာဖြစ်ခဲ့ပါတယ်။ ကစားခဲ့တဲ့ အချိန်မှာ မြင်တွေ့ခဲ့ရတဲ့ အကြမ်းဖက်မှု အကြောင်းတွေကိုလည်း သူမ မတွေးနိုင်တော့ပါဘူး။

သူမက ဘောလုံးကိုပဲ ဆက်ကစားချင်နေတာဖြစ်ပြီး ကျန်တာအားလုံးက ဒီအတိုင်းပဲ ဆက်သွားနိုင်ပါတယ်။

“အမေဖြစ်သူနဲ့အတူ ပြောင်းလာခဲ့တုန်းက ဆယ်ကျော်သက်အရွယ်မှာ လိုက်လျောညီထွေ ဖြစ်အောင် ကြိုးစားခဲ့ရပါတယ်။ အဆင်ပြေအောင် သွားခဲ့ရပေမယ့် တစ်ခါတစ်ရံမှာတော့ ပထွေးဖြစ်သူနဲ့ ရန်ဖြစ် ခဲ့ဖူးပါတယ်။ တစ်ကြိမ်မှာတော့ အစိုးရ အလုပ်သင် အစီအစဉ်က ထောက်ပံ့ကြေးအဖြစ် ရရှိတဲ့ ဝင်ငွေကို သူ့ကိုပေးဖို့ ငြင်းခဲ့လို့ အိမ်ကနေ သူ့ရဲ့ မောင်းထုတ်ခြင်းကို ခံခဲ့ရပါတယ်” လို့ ဒရီကာက သူကြုံ ခဲ့ရပုံကို ပြန်ပြောင်း ပြောပြလာပါတယ်။

ဒရီကာက ထပ်ပြီးတော့ “ ကျမ ချိန်းတွေ့နေကြ ကောင်လေးနဲ့အတူ တခြားနေရာကို သွားရောက်ခဲ့ ပေမယ့် ၈ လလောက်အကြာမှာ ကျမတို့ လမ်းခွဲခဲ့ကြပြီး ကျမ ထွက်ခွာခဲ့ပါတယ်။ ခက်ခဲတဲ့ အခြေအနေ ကို ရောက်နေပြီး ဘယ်လိုဆက်သွားရမလဲဆိုတာကို စဉ်းစားခဲ့ရပါတယ်။ ဒီလိုတွေကြောင့် အဒေါ်နဲ့ ဆက်သွယ်ဖို့ ဆုံးဖြတ်လိုက်ပြီး သူမနဲ့ နေထိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။

 

ဒရီကာ နည်းပြလုပ်နေစဉ်

တခြားသူတွေရဲ့ အိမ်ဟာ ကိုယ့်အိမ်နဲ့ မတူညီတာကြောင့် အမြဲတမ်း လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်ဖို့ ကြိုးစားရပါတယ်။ အမှားတစ်ခုခု လုပ်မိရင် သူတို့ရဲ့ မောင်းထုတ်ခြင်းကိုလည်း ခံရဖို့ ရှိနေ ပါတယ်။

“အသက် ၁၆ နှစ်အရွယ်မှာ သူငယ်ချင်းတွေနဲ့ ဘောလုံးကစားနေတဲ့ အချိန်မှာ ဒတ်ချ် တစ်ယောက်က ချဉ်းကပ်လာပြီး သူ့အသင်းမှာ ကစားချင်လားလို့ မေးခဲ့ပါတယ်။ ကျမနဲ့ သူငယ်ချင်းတွေဟာ ဘောလုံး ကစားတဲ့ နေရာတိုင်းကို သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ အရာရာက ပြောင်းလဲလာခဲ့ပြီး ထိုသူဟာ Favela Street Girls တည်ထောင်သူဖြစ်ပြီး ကမ္ဘာ့ဖလားမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ပြောလာခဲ့ပါတယ်”လို့ ဒရီကာ က ပြောပါတယ်။

သူမဟာ အဆိုပါအသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်လာပြီး Street Child World Cup 2014 အပြီးမှာ နည်းပြဖြစ်လာခဲ့ပါတယ်။

ဒရီကာဟာ ရွာငယ်လေးကနေ လာရောက်တဲ့သူ ဖြစ်တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကိုယ့်နိုင်ငံကို ကိုယ်စားပြုရမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပါဘူး။ ဘရာဇီးလ်ကို ကိုယ်စားပြုတဲ့ ဘောလုံးသမား ဖြစ်ချင်တာကြောင့် သူမရဲ့ အိမ်မက်တွေ အမှန်တကယ် ဖြစ်လာခဲ့ပါတယ်။

ဒါဟာ တရားဝင်အသင်း မဟုတ်ပေမယ့် ဘောလုံးကစားနေတဲ့ အခိုက်အတန့်က သူမအတွက် အဆင်ပြေ ခဲ့တာပါ။ ကမ္ဘာ့ဖလားမှာ အလားတူ နောက်ခံ သမိုင်းကြောင်းရှိတဲ့ သူတွေနဲ့ တွေ့ရတာက သူမအတွက် အံ့သြဖို့ ကောင်းခဲ့ပြီး ဘယ်သူကမှ အင်္ဂလိပ်လို မပြောတက်ခဲ့ပေမယ့် လက်တွေ၊ အချက်ပြ သင်္ကေတ တွေ သုံးပြီး ဆက်သွယ်ခဲ့ကြတာ ဖြစ်ပါတယ်။

သူမဟာ အဲဒီအချိန်ကစပြီး အရင်က လုပ်ခဲ့တာထက် အများကြီး ပိုပြီး လုပ်နိုင်မယ်လို့ တွေးမိလာခဲ့ပါတယ်။

ဒရီကာကို တွေ့ရစဉ်

“လမ်းဘေးမှာ ဘောလုံးကစားနေကြတဲ့ ကလေးတွေအတွက် အားကစားဟာ သူတို့ဘဝကို ပြောင်းလဲ နိုင်စေတဲ့ အရာလို့ ကျမမြင်မိပါတယ်။ ဘာကြောင့်လဲဆိုရင် ဒါက ကျမဘဝကို ပြောင်းလဲစေခဲ့လို့ပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာတော့ နေရာအသီးသီးက သူတွေနဲ့တွေ့ခဲ့ပြီး စိတ်တွေကလည်း လုံးဝ ပွင့်လင်း လာခဲ့ပါတယ်။ ဒီထက်တောင် ပိုပြီး လုပ်နိုင်မယ်လို့ တွေးခဲ့ကြောင်း” ဒရီကာက ပြောခဲ့ပါတယ်။

ဒရီကာဟာ အထက်တန်းကျောင်းကို နှစ်လတက်ပြီး အင်္ဂလိပ်စာကို သင်ယူခဲ့ကာ အမေရိကန်မှာ အလုပ် သင် သွားရောက်ခဲ့တာပါ။ အဲ့ဒီနောက် အင်္ဂလိပ်စာကို လေ့လာဖို့ အင်္ဂလန်ကို သူမ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ပညာရပ်ကိုလည်း သင်ယူပြီး အနာဂတ်မှာ ကိုယ်ပိုင်စီးပွားရေးအဖြစ် ကိုယ်ပိုင် Gym ရုံကို ဖွင့်ချင်ခဲ့တာပါ။ ဒရီကာဟာ ကလေးတွေနဲ့လည်း ဆက်ပြီး အလုပ်လုပ်ချင်ပြီး ဘာကြောင့်လဲဆိုရင် သူတို့ တွေဟာ ဒရီကာအတွက် မိသားစုတွေလို ဖြစ်နေလို့ပါလို့ ပြောပါတယ်။

ဘောလုံးနဲ့ ကမ္ဘာ့ဖလားက သူမရဲ့ ဘဝကို ပြောင်းလဲစေခဲ့တဲ့ အရာဖြစ်ခဲ့ပြီး ဘောလုံးက သူမတွေးနေတဲ့ အနာဂတ်ကနေ လွတ်မြောက်အောင် ကူညီပေးနိုင်ခဲ့တဲ့ ပလက်ဖောင်းအဖြစ် ရှိနေခဲ့တာ ဖြစ်ပါတယ်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s

Laver Cup ပြိုင်ပွဲမှာ အရေးနိမ့်ပြီး ဖက်ဒဲရား အနားယူ

By CNI
CNI
Category: Watch TV
Hits: 739

Share
Tweet
Share
Share
powered by social2s

CNI ရဲ့ ဘောလုံးသုံးသပ်ချက် အစီအစဉ်

By CNI
CNI
Category: Watch TV
Hits: 785

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုကို တွေ့ရစဉ် (Reuters)

ပရိသတ်ရဲ့ ဖုန်းကိုရိုက်ချခဲ့မှုကြောင့် ရော်နယ်ဒို အက်ဖ်အေရဲ့ စွဲချက်တင်ခံရ

By CNI News
CNI News
Category: အားကစား
Hits: 1134

 

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၄

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပရိသတ်လက်ထဲက ဖုန်းကို ရိုက်ချခဲ့တဲ့ ဗွီဒီယိုဖိုင်ကြောင့် အက်ဖ်အေရဲ့ စွဲချက်တင်ခြင်းကို ခံလိုက်ရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက အဲဗာတန်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ရော်နယ်ဒိုဟာ ကွင်းထဲက ထွက်လာချိန် ဥမင်လှိုဏ်ခေါင်းမှာ ပရိသတ်တစ်ဦးရဲ့ ဖုန်းကို ရိုက်ချခဲ့တာပါ။

ဒီအဖြစ်အပျက် ဗွီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံခဲ့ပြီး မှတ်ချက်တွေ အမျိုးမျိုး ရေးသားခဲ့ကြတာ ဖြစ်ပါ တယ်။ အသက် ၃၇ နှစ် အရွယ်ရှိ ရော်နယ်ဒိုဟာ ဒါနဲ့ပတ်သက်ပြီး နောက်ပိုင်းမှာ ပြန်လည် တောင်းပန်မှု ပြုလုပ်ခဲ့ ပါတယ်။

ရော်နယ်ဒိုက “ကျနော်တို့ ကြုံတွေ့ရတဲ့ ခက်ခဲသော အခိုက်အတန့်တွေထဲမှာ စိတ်ခံစားမှုကို ကိုင်တွယ်ဖြေရှင်းဖို့ ဘယ်တုန်းကမှ မလွယ်ကူခဲ့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ဟာ အမြဲတမ်း လေးစားမှု၊ စိတ်ရှည်မှုတွေနဲ့အတူ လှပတဲ့ ပွဲတွေကို နှစ်သက်တဲ့ လူငယ်တိုင်းအတွက် စံနမူနာဖြစ်ဖို့ လိုအပ်ပါတယ်။ ကျနော့်ရဲ့ ပေါက်ကွဲမှုအတွက် တောင်းပန်ချင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် အိုးထရက်ဖို့ဒ်မှာ ပွဲလာရောက်ကြည့်ရှုဖို့ အဆိုပါ ပရိသတ်ကို ဖိတ်ခေါ် ချင်ပါတယ်”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

ရော်နယ်ဒို ပရိသတ်တစ်ဦးရဲ့ ဖုန်းကို ရိုက်ချလိုက်ခြင်း(MARCA)

ဒီအဖြစ်အပျက်ကြောင့် ပြီးခဲ့တဲ့ သြဂုတ်လက ရဲတပ်ဖွဲ့ဟာ ရော်နယ်ဒိုကို သတိပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အခုအချိန်မှာ ဒီအပြုအမူဟာ မလုပ်သင့်တဲ့ လုပ်ရပ်ဆိုပြီး အက်ဖ်အေက ရော်နယ်ဒိုကို စွဲချက်တင်လာခဲ့တာ ဖြစ်ပါ တယ်။

ယူနိုက်တက်အသင်းကတော့ ဒီစွဲချက်အပေါ် တုံ့ပြန်ခဲ့ပြီး ရော်နယ်ဒိုဘက်က ရပ်တည်သွားမယ်လို့ ပြောထားတာ ပါ။ ရော်နယ်ဒို အနေနဲ့ အက်ဖ်အေရဲ့ စွဲချက်မှာ အပြစ်ရှိကြောင်း တွေ့ရမယ်ဆိုရင် သတိပေးခြင်း၊ ဒဏ်ကြေးငွေ ဒါမှမဟုတ် ပွဲပယ်ပြစ်ဒဏ် ကျခံရနိုင်ဖွယ် ရှိပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက အဲဗာတန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ဒီပွဲကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် ထိခိုက်သွားခဲ့ပါတယ်။ အသင်းဟာ ရာသီကုန်ချိန်မှာ အဆင့် ၆ နေရာနဲ့သာ အဆုံးသတ်ပြီး အခု ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်နေရတာ ဖြစ်ပါတယ်။

Source: BBC

 

 

Share
Tweet
Share
Share
powered by social2s
အာဆင်နယ်အသင်း နည်းပြဟောင်း အာဆင်ဝင်းဂါး (GETTY IMAGES)

ဒီရာသီ EPL ဖလားကို အာဆင်နယ်ရဖို့ အခွင့်အရေးရှိတယ်လို့ အာဆင်ဝင်းဂါးပြော

By CNI
CNI
Category: အားကစား
Hits: 1861

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၅

အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ အခွင့်အရေးကောင်းတွေ ရှိတယ်လို့ နည်းပြဟောင်း အာဆင်ဝင်းဂါးက ပြောပါတယ်။

အာဆင်ဝင်းဂါးက “ ဒီရာသီမှာ ကြီးကြီးမားမား လွှမ်းမိုးထားတဲ့ အသင်းမရှိသေးတာကြောင့် အာဆင်နယ်အသင်း အနေနဲ့ အခွင့်အရေးကောင်းတွေရှိတယ်လို့ ပြောချင်ပါတယ်။ အသင်းအနေနဲ့ ဒါကိုလုပ်နိုင်ဖို့ အခွင့်အရေး ကောင်း တစ်ခုလို့ ကျနော်ယုံကြည်ပါတယ်။ ရာသီအလယ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲရှိလို့ ကစားသမားတစ်ဦးချင်းစီနဲ့ အသင်း အတွက် ဘယ်လောက်ထိ အကျိုးသက်ရောက်မှု ရှိမလဲဆိုတာ ခင်ဗျားတို့လည်း မသိနိုင်ပါဘူး။ အားလုံး ခြုံပြီးပြော ရရင် ဒီရာသီမှာ အာဆင်နယ်အတွက် အခွင့်အရေးကောင်းတွေ ရှိပါတယ်”လို့ Sky Sports ကို ပြောခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ခြေစွမ်းပြသနေပြီး ၇ ပွဲ ကစားအပြီးမှာ ရှုံးပွဲ ၁ ပွဲသာ ရှိကာ ၆ ပွဲစလုံး အနိုင်ရရှိထားတာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် အာဆင်နယ်အသင်းဟာ မန်စီးတီး၊ စပါးအသင်းတို့ရဲ့ အထက် ၁ မှတ်အသာနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေခဲ့တာပါ။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၂၀၀၃-၀၄ ရာသီက နောက်ဆုံး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းသားများ အောင်ပွဲခံနေစဉ်(Eurosport)

အဲ့ဒီနောက်ပိုင်းမှာ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် အောင်မြင်မှုနဲ့ ဝေးကွာခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ပါ ဆုံးရှုံးလာခဲ့တာပါ။

ဒီရာသီမှာတော့ နည်းပြ အာတီတာဟာ အာဆင်နယ်အသင်းကို ဝေးကွာနေတဲ့ အောင်မြင်မှုတွေ ပြန်လည်ရယူ နိုင်ဖို့ ကစားသမားသစ်တွေ ဖြည့်တင်းပြီး ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း လန်ဒန်ကလပ်ဟာ ရလဒ်ကောင်းတွေကို ပိုင်ဆိုင်နိုင်ခဲ့တာပါ။

အာဆင်နယ်အသင်းဟာ နိုင်ငံတကာ ပွဲစဉ်တွေအပြီး အောက်တိုဘာလ ၁ ရက်မှာ မြောက်လန်ဒန်ဒါဘီ ပွဲစဉ် အဖြစ် စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီပွဲအပြီးမှာ ယူရိုပါလိဂ်အုပ်စု ပွဲစဉ်အဖြစ် ဘိုဒိုဂီလင့်မ်၊ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းတို့နဲ့ ပွဲကြီးပွဲကောင်းတွေ ဆက်တိုက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: eusport

 

 

 

 

Share
Tweet
Share
Share
powered by social2s

Laver Cup ပြိုင်ပွဲမှာ အရေးနိမ့်ပြီး ဖက်ဒဲရား အနားယူ

By CNI
CNI
Category: အားကစား
Hits: 1541

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၄

ဆွစ်ဇာလန်တင်းနစ်အကျော်အမော် ဖက်ဒဲရားဟာ Laver Cup ပြိုင်ပွဲမှာ နာဒယ်လ်နဲ့အတူ နှစ်ယောက် တွဲပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပြီး အရေးနိမ့်ကာ ကစားသမားဘဝကနေ တရားဝင်အနားယူလိုက်ပြီ ဖြစ်ပါတယ်။

ဖက်ဒဲရားအနေနဲ့ ဒီပြိုင်ပွဲဟာ သူ့ရဲ့ နောက်ဆုံးပြိုင်ပွဲဖြစ်တယ်လို့ ပွဲမတိုင်ခင်ကတည်းက ပြောထား ခဲ့တာပါ။ ဖက်ဒဲရားနဲ့ နာဒယ်လ်တို့ နှစ်ယောက်တွဲဟာ ဒီပြိုင်ပွဲမှာ တီယာဖိုးနဲ့ ဂျက်ဆော့ခ်တို့အတွဲကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ပရိသတ်တွေဟာ ဖက်ဒဲရားနောက်ဆုံးပွဲစဉ်အဖြစ် ကစားအပြီး ကွင်းထဲက ထွက်ခွာချိန်မှာ လက်ခုပ်တီး ဂုဏ်ပြုခဲ့ကြတာပါ။ဂရမ်းဆလမ်းချန်ပီယံဆုအကြိမ် ၂၀ ရရှိထားတဲ့ ဖက်ဒဲရားဟာ တင်းနစ်လောကရဲ့ အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးအဖြစ် သတ်မှတ်ခံထား ရတာ ဖြစ်ပါတယ်။

“ဒါဟာ ကျနော့်အတွက် အံသြစရာကောင်းတဲ့နေ့တစ်နေ့ပါ။ကျနော်ပျော်ရွှင်နေပါတယ်။ဝမ်းနည်းခြင်း မရှိပါဘူး။ ဒီမှာရှိနေရတာကိုက အလွန်ကောင်းမွန်တဲ့ ခံစားမှုပါပဲ။ဒါကို လုပ်နိုင်ခဲ့တဲ့အတွက် ကျနော် ပျော်ရွှင်တယ်” လို့ ဖက်ဒဲရားက ပြောခဲ့တာပါ။ဖက်ဒဲရားဟာ နာဒယ်လ်အပါအဝင် အခြားကစားသမား တွေနဲ့ ပွေ့ဖက်ကာ ငိုကြွေးခဲ့ပြီး ဒီပွဲကိုလာရောက်ကြည့်ရှုတဲ့ ပရိတ်သတ်ထောင်ပေါင်းများစွာဟာ ဖက်ဒဲရားရဲ့ အမည်ကို အော်ဟစ်သီကြွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဖက်ဒဲရားဟာ ပရော်ဖက်ရှင်နယ် တင်းနစ်ကစားသမားဘ၀ ၂၅ နှစ်ကြာအချိန်အတွင်းမှာ တစ်ဦးချင်းနဲ့ နှစ်ယောက်တွဲ ပွဲပေါင်း ၁၇၅၀ ယှဉ်ပြိုင်ခဲ့ကာ အောင်မြင်မှုအများအပြား ရယူနိုင်ခဲ့တာပါ။ ဖက်ဒဲရားက “ဒါက ပြီးပြည့်စုံတဲ့ ခရီးတစ်ခုဖြစ်ခဲ့ပါတယ်။ရာဖာနဲ့အတူ ကစားခဲ့သလို၊ ဒီမှာ အလွန်ကောင်းမွန်တဲ့ ကစားသမားတွေ၊ ဂန္တဝင်တွေရှိပါတယ်။အားလုံးကို ကျေးဇူးတင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဖက်ဒဲရားဟာ ပြီးခဲ့တဲ့နှစ် ဝင်ဘယ်လ်ဒန်အိုးပန်းပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ အရေးနိမ့်ပြီးကတည်းက ဒဏ်ရာကြောင့် ပြိုင်ပွဲတွေဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိတော့ပါဘူး။ဖက်ဒဲရားဟာ သူ့ရဲ့ ဒဏ်ရာ အခြေအနေကို နောက်ထပ်စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်အပြီးမှာ အနားယူဖို့ သူ့ရဲ့ ခန္ဓာကိုယ်က ရှင်းရှင်းလင်းလင်းကို အချက်ပြနေပြီလို့ ပြောကာ အနားယူဖို့ ကြေညာခဲ့တာဖြစ်ပါတယ်။

Source:BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပြင်သစ်အသင်းရဲ့ အသက်အကြီးဆုံးဂိုးသွင်းရှင် ဂီရောဒ့်ဖြစ်လာ

By CNI
CNI
Category: Watch TV
Hits: 694

Share
Tweet
Share
Share
powered by social2s

အီတလီကို အရေးနိမ့်ပြီး နေးရှင်းလိဂ် A ကနေ အင်္ဂလန်တန်းဆင်း

By CNI
CNI
Category: အားကစား
Hits: 1646

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၄

အင်္ဂလန်အသင်းဟာ စက်တင်ဘာ ၂၄ ရက်မနက်ပိုင်းက ကစားခဲ့တဲ့ နေးရှင်းလိဂ်အုပ်စုပွဲစဉ်မှာ အီတလီ အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီး လိဂ် A ကနေ တန်းဆင်းသွားခဲ့ပြီဖြစ်ပါတယ်။

ဒီပွဲမှာ အီတလီအတွက် အနိုင်ဂိုးကို ရက်စပါဒိုရီက သွင်းယူခဲ့တာပါ။အင်္ဂလန်အသင်းဟာ ဒီရှုံးပွဲကြောင့် နေးရှင်းလိဂ်အုပ်စုပွဲစဉ် ၅ ပွဲ ကစားအပြီးမှာ ၂ ပွဲသရေ ၃ ပွဲရှုံးနဲ့ အုပ်စုတွင်း နောက်ဆုံးနေရာမှာ ရပ်တည် နေခဲ့တာဖြစ်ပါတယ်။အင်္ဂလန်အသင်းဟာ နောက်ဆုံးပွဲစဉ်အဖြစ် ဂျာမနီအသင်းနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေ ပေမယ့် တန်းဆင်းသွားခဲ့ပြီး နောက်တစ်ကြိမ်ကျင်းပမယ့်ပြိုင်ပွဲကျရင် လိဂ် B မှာ သွားရောက် ယှဉ်ပြိုင် ရတော့မှာပါ။

အင်္ဂလန်အသင်းဟာ ဒီ နေးရှင်းလိဂ် ၅ ပွဲမှာ သွင်းဂိုး ၁ ဂိုးသာ ရယူထားနိုင်တာဖြစ်ပြီး အဆိုပါသွင်းဂိုး ဟာ ပင်နယ်တီကနေ ရရှိထားတာကြောင့် တိုက်စစ်ပိုင်းအတွက် စိုးရိမ်စရာတွေရှိလာနိုင်တာ ဖြစ်ပါတယ်။အင်္ဂလန်အသင်းဟာ လက်ရှိအချိန်မှာ ကစားကွက်ကနေ ဂိုးမသွင်းနိုင်တာ မိနစ်ပေါင်း ၄၅၀ မိနစ်အထိ ရှိသွားပြီလို့ အချက်အလက်တွေအရ သိရတာပါ။ဒီပွဲမှာ အဝေးကွင်းကို လိုက်ပါအားပေးတဲ့ အင်္ဂလန်ပရိသတ်တွေဟာ လှောင်ပြောင်မှုတွေပြုလုပ်ခဲ့ကြပြီး နည်းပြဆောက်ဂိတ်ကို ကမ္ဘာ့ဖလား မတိုင်ခင် ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေပါ ရှိလာခဲ့တာဖြစ်ပါတယ်။

ဆောက်ဂိတ်ကတော့ ဒီဖိအားဒဏ်တွေကို သူခံယူသွားမယ်လို့ ပြောခဲ့တာပါ။ “ကျနော်တို့ ရလဒ်တွေ ဆိုးရွားနေပါတယ်။ဒါကို လုပ်ကိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းက ကျနော်တို့ ယုံကြည်ရတဲ့အရာ တွေကို ဆုပ်ကိုင်ထားဖို့ပါပဲ။ပြီးခဲ့တဲ့ ပြိုင်ပွဲတွေမှာလည်း ကျနော်တို့ဟာ အောင်မြင်မှု ရယူနိုင်တဲ့ အရာ တွေကို စွဲမြဲစွာ ကိုင်စွဲနိုင်ခဲ့ပါတယ်။ဖိအားတွေကို ခံယူဖို့က ကျနော့်ရဲ့အလုပ်ပါ။ စွမ်းဆောင်ရည်ကို ဝေဖန်ဖို့ဆိုတာ ကျနော့်အတွက် အလွန်ခက်ခဲပါတယ်။ရလဒ်မကောင်းပေမယ့် ဒီနေ့ညမှာ ကျနော်တို့ အတွက် အပေါင်းလက္ခဏာဆောင်တဲ့ အရာတွေအများကြီးရှိခဲ့ပါတယ်”လို့ ဆောက်ဂိတ်က ပြောခဲ့ပါတယ်။

အင်္ဂလန်ကွင်းလယ်ကစားသမား ဒီကလန်ရိုက်စ်က သူတို့ဟာ လက်ရှိအချိန်မှာ ရလဒ်ပိုင်းမကောင်း ပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒါကိုတွန်းအားပေးသွားမယ်လို့ ပြောခဲ့တာပါ။ဒီကလန်ရိုက်စ်က “ကျနော် တို့ ပိုပြီးကောင်းမွန်လာမယ်ဆိုတာကို ယုံကြည်လိုက်ပါ။ကျနော်တို့ဟာ ပြိုင်ပွဲတိုင်းကို အနိုင်ယူချင်လို့ ဒါဟာ စိတ်ပျက်ဖို့ ကောင်းပါတယ်။ဒီပွဲမှာ ကျနော်တို့ ထိန်းချုပ်နိုင်ခဲ့ပေမယ့် သူတို့ဟာ ရတဲ့ အခွင့်အရေး တစ်ကြိမ်ရတာကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့တာပါ”လို့ ပြောခဲ့ပါတယ်။

အင်္ဂလန်အသင်းကို အနိုင်ရခဲ့တဲ့ အီတလီအသင်းဟာ နေးရှင်းလိဂ်နောက်ဆုံးပွဲအဖြစ် ဟန်ဂေရီနဲ့ ကစား ရမှာဖြစ်ပြီး အနိုင်ရတာနဲ့ နောက်ဆုံးအဆင့် ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။

Source:Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s

မက်ဆီကြောင့် ပီအက်စ်ဂျီအသင်း အပိုဝင်ငွေ ယူရိုသန်း ၇၀၀ ရရှိ

By CNI
CNI
Category: Watch TV
Hits: 754

Share
Tweet
Share
Share
powered by social2s

CNI ရဲ့ ဘောလုံးသုံးသပ်ချက် အစီအစဉ်

By CNI
CNI
Category: Watch TV
Hits: 746

Share
Tweet
Share
Share
powered by social2s

ကာကွယ်ဆေးမထိုးလို့ ဂရမ်းဆလမ်းပွဲတွေမပါဝင်နိုင်တဲ့အပေါ် ဂျိုကိုဗစ် နောင်တမရ

By CNI
CNI
Category: အားကစား
Hits: 1359

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၃

ဂျိုကိုဗစ်ဟာ အခုနှစ်ရာသီ ဂရမ်းဆလမ်းပြိုင်ပွဲ ၄ ပွဲမှာ ၂ ပွဲက ကိုဗစ်ကာကွယ်ဆေးမထိုးခဲ့လို့ မပါဝင် နိုင်ခဲ့ပေမယ့် သူ့ရဲ့ ဆုံးဖြတ်ချက်အတွက် နောင်တမရဘူးလို့ ပြောလိုက်ပါတယ်။

ဂျိုကိုဗစ်က “ကာကွယ်ဆေးမထိုးလို့ ကျနော်နောင်တရစရာမရှိပါဘူး။ မကစားနိုင်ခဲ့လို့တော့ ကျနော် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ဒါပေမယ့် ဒါတွေကို ကျနော်ဆုံးဖြတ်ခဲ့တယ်ဆိုတာ ခင်ဗျားတို့လည်း သိနေတာပါပဲ။ဘာတွေအကျိုးဆက်ဖြစ်လာမလဲဆိုတာလည်း သိပါတယ်။ဒါတွေကို ကျနော်လက်ခံ တယ်။ဒါပါပဲ” လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။

ဆားဘီးယားတင်းနစ်သမားဟာ ၂၀၂၁ မှာ သြစတြေးလျအိုးပန်း၊ ပြင်သစ်အိုးပန်းနဲ့ ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲတွေမှာ ချန်ပီယံဆုရခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ကိုဗစ်ကာကွယ်ဆေး မထိုးလို့ သြစတြေးလျနိုင်ငံကနေ ပြည်နှင်ဒဏ်ပေးခံရတာကြောင့် ချန်ပီယံဆုကို ကာကွယ်ခွင့်မရတော့ပါဘူး။ ဂျိုကိုဗစ်ဟာ ရာသီနောက်ဆုံးပိတ် ဂရမ်းဆလမ်းပြိုင်ပွဲဖြစ်တဲ့ အမေရိကန်အိုးပန်းပြိုင်ပွဲကိုလည်း ယှဉ်ပြိုင်ခွင့် မရခဲ့ပါဘူး။

အသက် ၃၅ နှစ်အရွယ်ရှိ ဂျိုကိုဗစ်ဟာ ဂရမ်းဆလမ်းချန်ပီယံဆု ၂၁ ကြိမ်အထိ ရရှိထားတာပါ။ ဂျိုကိုဗစ်ဟာ သြစတြေးလျနိုင်ငံကနေ ပြည်နှင်ဒဏ်ခံရချိန်မှာ ခရီးသွားလာခွင့် ၃ နှစ်ပိတ်ပင်ခံရပေမယ့် ဝန်ကြီးချုပ် စကော့မော်ရစ်ဆန်က အဓိကပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် ခွင့်ပြုနိုင်တယ်လို့ နောက်ပိုင်းမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ဂျိုကိုဗစ်က “ကျနော်သတင်းတွေကို စောင့်မျှော်နေတာပါ။အခုက ကျနော့်လက်ထဲမှာ မရှိသေးပါဘူး။ မကြာခင်မှာ အပေါင်းလက္ခဏာဆောင်တဲ့ သတင်းတွေကို ရရှိနိုင်ဖို့ မျှော်လင့်တယ်”လို့ ပြောခဲ့တာပါ။ ဆားဘီးယားတင်းနစ်သမားဟာ လက်ရှိအချိန်မှာ ဖက်ဒဲရားကို နှုတ်ဆက်မယ့် Laver Cup ပြိုင်ပွဲ အတွက် လန်ဒန်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

Source:Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပြင်သစ်အသင်းရဲ့ အသက်အကြီးဆုံးဂိုးသွင်းရှင် ဂီရောဒ့်ဖြစ်လာ

By CNI
CNI
Category: အားကစား
Hits: 1296

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၃

ဂီရောဒ့်ဟာ သြစတြီးယားအသင်းကို အနိုင်ရခဲ့တဲ့ နေးရှင်းလိဂ်ပွဲမှာ ဂိုးသွင်းယူပြီးနောက် ပြင်သစ် အသင်းရဲ့ အသက်အကြီးဆုံးဂိုးသွင်းရှင်ဖြစ်လာခဲ့ပါတယ်။

ဒီပွဲမှာ ပြင်သစ်အသင်းဟာ သြစတြီးယားအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဂီရောဒ့်နဲ့ ဘတ်ပီ တို့က ၁ ဂိုးစီသွင်းယူခဲ့ကြတာပါ။အေစီမီလန်တိုက်စစ်မှူးဟာ သြစတြီးယားဘက်ကို ဂိုးသွင်းယူချိန်မှာ အသက် ၃၅ နှစ်နဲ့ ၃၅၇ ရက်ရှိနေပြီး အရင်စံချိန်တင်ထားတဲ့ မာချီက ၃၅ နှစ်နဲ့ ၂၈၇ ရက် ဖြစ်ပါတယ်။ အဲဒါကြောင့် ဂီရောဒ့်ဟာ ပြင်သစ်အသင်းရဲ့ အသက်အကြီးဆုံး ဂိုးသွင်းရှင်ဖြစ်လာခဲ့တာပါ။ ဒီပွဲမှာ သွင်းယူတဲ့ဂိုးကြောင့် ဂီရောဒ့်ဟာ ပြင်သစ်အတွက် ၄၉ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့် ပြင်သစ်အသင်းအတွက် ၅၁ ဂိုးနဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေတဲ့ အွန်နရီ ရဲ့ စံချိန်ကို လိုက်မှီဖို့ ဂီရောဒ့်အတွက် သွင်းဂိုး ၂ ဂိုးသာ လိုတော့တာပါ။

ဂီရောဒ့်ဟာ ဒီရာသီမှာ အေစီ မီလန်အတွက် ခြေစွမ်းပြသနေသလို အဓိကတိုက်စစ်မှူး ဘန်ဇီမာ ဒဏ်ရာရနေတာကြောင့် ပြင်သစ် လက်ရွေးစင်အသင်း လူစာရင်းမှာ ပြန်လည်ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။အာဆင်နယ်နဲ့ ချယ်လ်ဆီး တိုက်စစ်မှူးဟောင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားရခဲ့တုန်းကလည်း ပြင်သစ်အတွက် ခြေစွမ်းပြသနိုင်ခဲ့တာပါ။

ဂီရောဒ့်ဟာ တိုက်ပွဲဝင်စိတ်ဓါတ်အပြည့်ရှိတဲ့သူလို့ လက်ရွေးစင်အသင်းဖော် ကလောစ့်က ချီးကျူးသွားခဲ့ ပါတယ်။ “ဂီရော့ဒ်ဟာ သူ့ကိုယ်သူသစ္စာရှိပါတယ်။သူဟာ ကွင်းထဲမှာဆို အသင်းအတွက် အရာအားလုံး ကို ပေးစွမ်းနိုင်တဲ့သူပါ။ကျနော်သူ့ကို ချီးကျူးဂုဏ်ပြုရမှာပါ။ဒါဟာ မလွယ်ကူပါဘူး။သူ့ဆီမှာ တိုက်ပွဲဝင် စိတ်ဓါတ်အပြည့်အဝရှိတယ်”လို့ ကလော့စ်က ပြောခဲ့တာပါ။

ဂီရောဒ့်ဟာ ပြင်သစ်အသင်းနဲ့အတူ ၂၀၁၄၊ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ပါဝင်ခဲ့တာကြောင့် တတိယ အကြိမ်မြောက်အနေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ ပြင်သစ် အသင်းအတွက်တော့ သြစတြီးယားကို အနိုင်ရတဲ့ပွဲဟာ နေးရှင်းလိဂ် ၅ ပွဲကစားအပြီးမှာ ပထမဆုံးရခဲ့တဲ့ နိုင်ပွဲလည်း ဖြစ်ခဲ့တာပါ။

ပြင်သစ်အသင်းဟာ စက်တင်ဘာလ ၂၆ ရက်မှာ နေးရှင်းလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဒိန်းမတ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဘာစီလိုနာနဲ့ စာချုပ်သစ်ချုပ်ဖို့ မက်ဆီတောင်းဆိုခဲ့တဲ့ အချက်အလက်တွေပေါက်ကြား

By CNI
CNI
Category: Watch TV
Hits: 675

Share
Tweet
Share
Share
powered by social2s

ဘတ်ပီနဲ့ ပြင်သစ်လက်ရွေးစင်အသင်းကို KFC တောင်းပန်

By CNI
CNI
Category: Watch TV
Hits: 706

Share
Tweet
Share
Share
powered by social2s
  • 36
  • 37
  • 38
  • 39
  • 40
  • 41
  • 42
  • 43
  • 44
  • 45

Page 41 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar