CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

အီတလီကို အရေးနိမ့်ပြီး နေးရှင်းလိဂ် A ကနေ အင်္ဂလန်တန်းဆင်း

By CNI
CNI
Category: အားကစား
Hits: 1452

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၄

အင်္ဂလန်အသင်းဟာ စက်တင်ဘာ ၂၄ ရက်မနက်ပိုင်းက ကစားခဲ့တဲ့ နေးရှင်းလိဂ်အုပ်စုပွဲစဉ်မှာ အီတလီ အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီး လိဂ် A ကနေ တန်းဆင်းသွားခဲ့ပြီဖြစ်ပါတယ်။

ဒီပွဲမှာ အီတလီအတွက် အနိုင်ဂိုးကို ရက်စပါဒိုရီက သွင်းယူခဲ့တာပါ။အင်္ဂလန်အသင်းဟာ ဒီရှုံးပွဲကြောင့် နေးရှင်းလိဂ်အုပ်စုပွဲစဉ် ၅ ပွဲ ကစားအပြီးမှာ ၂ ပွဲသရေ ၃ ပွဲရှုံးနဲ့ အုပ်စုတွင်း နောက်ဆုံးနေရာမှာ ရပ်တည် နေခဲ့တာဖြစ်ပါတယ်။အင်္ဂလန်အသင်းဟာ နောက်ဆုံးပွဲစဉ်အဖြစ် ဂျာမနီအသင်းနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေ ပေမယ့် တန်းဆင်းသွားခဲ့ပြီး နောက်တစ်ကြိမ်ကျင်းပမယ့်ပြိုင်ပွဲကျရင် လိဂ် B မှာ သွားရောက် ယှဉ်ပြိုင် ရတော့မှာပါ။

အင်္ဂလန်အသင်းဟာ ဒီ နေးရှင်းလိဂ် ၅ ပွဲမှာ သွင်းဂိုး ၁ ဂိုးသာ ရယူထားနိုင်တာဖြစ်ပြီး အဆိုပါသွင်းဂိုး ဟာ ပင်နယ်တီကနေ ရရှိထားတာကြောင့် တိုက်စစ်ပိုင်းအတွက် စိုးရိမ်စရာတွေရှိလာနိုင်တာ ဖြစ်ပါတယ်။အင်္ဂလန်အသင်းဟာ လက်ရှိအချိန်မှာ ကစားကွက်ကနေ ဂိုးမသွင်းနိုင်တာ မိနစ်ပေါင်း ၄၅၀ မိနစ်အထိ ရှိသွားပြီလို့ အချက်အလက်တွေအရ သိရတာပါ။ဒီပွဲမှာ အဝေးကွင်းကို လိုက်ပါအားပေးတဲ့ အင်္ဂလန်ပရိသတ်တွေဟာ လှောင်ပြောင်မှုတွေပြုလုပ်ခဲ့ကြပြီး နည်းပြဆောက်ဂိတ်ကို ကမ္ဘာ့ဖလား မတိုင်ခင် ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေပါ ရှိလာခဲ့တာဖြစ်ပါတယ်။

ဆောက်ဂိတ်ကတော့ ဒီဖိအားဒဏ်တွေကို သူခံယူသွားမယ်လို့ ပြောခဲ့တာပါ။ “ကျနော်တို့ ရလဒ်တွေ ဆိုးရွားနေပါတယ်။ဒါကို လုပ်ကိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းက ကျနော်တို့ ယုံကြည်ရတဲ့အရာ တွေကို ဆုပ်ကိုင်ထားဖို့ပါပဲ။ပြီးခဲ့တဲ့ ပြိုင်ပွဲတွေမှာလည်း ကျနော်တို့ဟာ အောင်မြင်မှု ရယူနိုင်တဲ့ အရာ တွေကို စွဲမြဲစွာ ကိုင်စွဲနိုင်ခဲ့ပါတယ်။ဖိအားတွေကို ခံယူဖို့က ကျနော့်ရဲ့အလုပ်ပါ။ စွမ်းဆောင်ရည်ကို ဝေဖန်ဖို့ဆိုတာ ကျနော့်အတွက် အလွန်ခက်ခဲပါတယ်။ရလဒ်မကောင်းပေမယ့် ဒီနေ့ညမှာ ကျနော်တို့ အတွက် အပေါင်းလက္ခဏာဆောင်တဲ့ အရာတွေအများကြီးရှိခဲ့ပါတယ်”လို့ ဆောက်ဂိတ်က ပြောခဲ့ပါတယ်။

အင်္ဂလန်ကွင်းလယ်ကစားသမား ဒီကလန်ရိုက်စ်က သူတို့ဟာ လက်ရှိအချိန်မှာ ရလဒ်ပိုင်းမကောင်း ပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒါကိုတွန်းအားပေးသွားမယ်လို့ ပြောခဲ့တာပါ။ဒီကလန်ရိုက်စ်က “ကျနော် တို့ ပိုပြီးကောင်းမွန်လာမယ်ဆိုတာကို ယုံကြည်လိုက်ပါ။ကျနော်တို့ဟာ ပြိုင်ပွဲတိုင်းကို အနိုင်ယူချင်လို့ ဒါဟာ စိတ်ပျက်ဖို့ ကောင်းပါတယ်။ဒီပွဲမှာ ကျနော်တို့ ထိန်းချုပ်နိုင်ခဲ့ပေမယ့် သူတို့ဟာ ရတဲ့ အခွင့်အရေး တစ်ကြိမ်ရတာကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့တာပါ”လို့ ပြောခဲ့ပါတယ်။

အင်္ဂလန်အသင်းကို အနိုင်ရခဲ့တဲ့ အီတလီအသင်းဟာ နေးရှင်းလိဂ်နောက်ဆုံးပွဲအဖြစ် ဟန်ဂေရီနဲ့ ကစား ရမှာဖြစ်ပြီး အနိုင်ရတာနဲ့ နောက်ဆုံးအဆင့် ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။

Source:Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s

မက်ဆီကြောင့် ပီအက်စ်ဂျီအသင်း အပိုဝင်ငွေ ယူရိုသန်း ၇၀၀ ရရှိ

By CNI
CNI
Category: Watch TV
Hits: 612

Share
Tweet
Share
Share
powered by social2s

CNI ရဲ့ ဘောလုံးသုံးသပ်ချက် အစီအစဉ်

By CNI
CNI
Category: Watch TV
Hits: 650

Share
Tweet
Share
Share
powered by social2s

ကာကွယ်ဆေးမထိုးလို့ ဂရမ်းဆလမ်းပွဲတွေမပါဝင်နိုင်တဲ့အပေါ် ဂျိုကိုဗစ် နောင်တမရ

By CNI
CNI
Category: အားကစား
Hits: 1216

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၃

ဂျိုကိုဗစ်ဟာ အခုနှစ်ရာသီ ဂရမ်းဆလမ်းပြိုင်ပွဲ ၄ ပွဲမှာ ၂ ပွဲက ကိုဗစ်ကာကွယ်ဆေးမထိုးခဲ့လို့ မပါဝင် နိုင်ခဲ့ပေမယ့် သူ့ရဲ့ ဆုံးဖြတ်ချက်အတွက် နောင်တမရဘူးလို့ ပြောလိုက်ပါတယ်။

ဂျိုကိုဗစ်က “ကာကွယ်ဆေးမထိုးလို့ ကျနော်နောင်တရစရာမရှိပါဘူး။ မကစားနိုင်ခဲ့လို့တော့ ကျနော် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ဒါပေမယ့် ဒါတွေကို ကျနော်ဆုံးဖြတ်ခဲ့တယ်ဆိုတာ ခင်ဗျားတို့လည်း သိနေတာပါပဲ။ဘာတွေအကျိုးဆက်ဖြစ်လာမလဲဆိုတာလည်း သိပါတယ်။ဒါတွေကို ကျနော်လက်ခံ တယ်။ဒါပါပဲ” လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။

ဆားဘီးယားတင်းနစ်သမားဟာ ၂၀၂၁ မှာ သြစတြေးလျအိုးပန်း၊ ပြင်သစ်အိုးပန်းနဲ့ ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲတွေမှာ ချန်ပီယံဆုရခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ကိုဗစ်ကာကွယ်ဆေး မထိုးလို့ သြစတြေးလျနိုင်ငံကနေ ပြည်နှင်ဒဏ်ပေးခံရတာကြောင့် ချန်ပီယံဆုကို ကာကွယ်ခွင့်မရတော့ပါဘူး။ ဂျိုကိုဗစ်ဟာ ရာသီနောက်ဆုံးပိတ် ဂရမ်းဆလမ်းပြိုင်ပွဲဖြစ်တဲ့ အမေရိကန်အိုးပန်းပြိုင်ပွဲကိုလည်း ယှဉ်ပြိုင်ခွင့် မရခဲ့ပါဘူး။

အသက် ၃၅ နှစ်အရွယ်ရှိ ဂျိုကိုဗစ်ဟာ ဂရမ်းဆလမ်းချန်ပီယံဆု ၂၁ ကြိမ်အထိ ရရှိထားတာပါ။ ဂျိုကိုဗစ်ဟာ သြစတြေးလျနိုင်ငံကနေ ပြည်နှင်ဒဏ်ခံရချိန်မှာ ခရီးသွားလာခွင့် ၃ နှစ်ပိတ်ပင်ခံရပေမယ့် ဝန်ကြီးချုပ် စကော့မော်ရစ်ဆန်က အဓိကပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် ခွင့်ပြုနိုင်တယ်လို့ နောက်ပိုင်းမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ဂျိုကိုဗစ်က “ကျနော်သတင်းတွေကို စောင့်မျှော်နေတာပါ။အခုက ကျနော့်လက်ထဲမှာ မရှိသေးပါဘူး။ မကြာခင်မှာ အပေါင်းလက္ခဏာဆောင်တဲ့ သတင်းတွေကို ရရှိနိုင်ဖို့ မျှော်လင့်တယ်”လို့ ပြောခဲ့တာပါ။ ဆားဘီးယားတင်းနစ်သမားဟာ လက်ရှိအချိန်မှာ ဖက်ဒဲရားကို နှုတ်ဆက်မယ့် Laver Cup ပြိုင်ပွဲ အတွက် လန်ဒန်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

Source:Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပြင်သစ်အသင်းရဲ့ အသက်အကြီးဆုံးဂိုးသွင်းရှင် ဂီရောဒ့်ဖြစ်လာ

By CNI
CNI
Category: အားကစား
Hits: 1129

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၃

ဂီရောဒ့်ဟာ သြစတြီးယားအသင်းကို အနိုင်ရခဲ့တဲ့ နေးရှင်းလိဂ်ပွဲမှာ ဂိုးသွင်းယူပြီးနောက် ပြင်သစ် အသင်းရဲ့ အသက်အကြီးဆုံးဂိုးသွင်းရှင်ဖြစ်လာခဲ့ပါတယ်။

ဒီပွဲမှာ ပြင်သစ်အသင်းဟာ သြစတြီးယားအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဂီရောဒ့်နဲ့ ဘတ်ပီ တို့က ၁ ဂိုးစီသွင်းယူခဲ့ကြတာပါ။အေစီမီလန်တိုက်စစ်မှူးဟာ သြစတြီးယားဘက်ကို ဂိုးသွင်းယူချိန်မှာ အသက် ၃၅ နှစ်နဲ့ ၃၅၇ ရက်ရှိနေပြီး အရင်စံချိန်တင်ထားတဲ့ မာချီက ၃၅ နှစ်နဲ့ ၂၈၇ ရက် ဖြစ်ပါတယ်။ အဲဒါကြောင့် ဂီရောဒ့်ဟာ ပြင်သစ်အသင်းရဲ့ အသက်အကြီးဆုံး ဂိုးသွင်းရှင်ဖြစ်လာခဲ့တာပါ။ ဒီပွဲမှာ သွင်းယူတဲ့ဂိုးကြောင့် ဂီရောဒ့်ဟာ ပြင်သစ်အတွက် ၄၉ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့် ပြင်သစ်အသင်းအတွက် ၅၁ ဂိုးနဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေတဲ့ အွန်နရီ ရဲ့ စံချိန်ကို လိုက်မှီဖို့ ဂီရောဒ့်အတွက် သွင်းဂိုး ၂ ဂိုးသာ လိုတော့တာပါ။

ဂီရောဒ့်ဟာ ဒီရာသီမှာ အေစီ မီလန်အတွက် ခြေစွမ်းပြသနေသလို အဓိကတိုက်စစ်မှူး ဘန်ဇီမာ ဒဏ်ရာရနေတာကြောင့် ပြင်သစ် လက်ရွေးစင်အသင်း လူစာရင်းမှာ ပြန်လည်ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။အာဆင်နယ်နဲ့ ချယ်လ်ဆီး တိုက်စစ်မှူးဟောင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားရခဲ့တုန်းကလည်း ပြင်သစ်အတွက် ခြေစွမ်းပြသနိုင်ခဲ့တာပါ။

ဂီရောဒ့်ဟာ တိုက်ပွဲဝင်စိတ်ဓါတ်အပြည့်ရှိတဲ့သူလို့ လက်ရွေးစင်အသင်းဖော် ကလောစ့်က ချီးကျူးသွားခဲ့ ပါတယ်။ “ဂီရော့ဒ်ဟာ သူ့ကိုယ်သူသစ္စာရှိပါတယ်။သူဟာ ကွင်းထဲမှာဆို အသင်းအတွက် အရာအားလုံး ကို ပေးစွမ်းနိုင်တဲ့သူပါ။ကျနော်သူ့ကို ချီးကျူးဂုဏ်ပြုရမှာပါ။ဒါဟာ မလွယ်ကူပါဘူး။သူ့ဆီမှာ တိုက်ပွဲဝင် စိတ်ဓါတ်အပြည့်အဝရှိတယ်”လို့ ကလော့စ်က ပြောခဲ့တာပါ။

ဂီရောဒ့်ဟာ ပြင်သစ်အသင်းနဲ့အတူ ၂၀၁၄၊ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ပါဝင်ခဲ့တာကြောင့် တတိယ အကြိမ်မြောက်အနေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ ပြင်သစ် အသင်းအတွက်တော့ သြစတြီးယားကို အနိုင်ရတဲ့ပွဲဟာ နေးရှင်းလိဂ် ၅ ပွဲကစားအပြီးမှာ ပထမဆုံးရခဲ့တဲ့ နိုင်ပွဲလည်း ဖြစ်ခဲ့တာပါ။

ပြင်သစ်အသင်းဟာ စက်တင်ဘာလ ၂၆ ရက်မှာ နေးရှင်းလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဒိန်းမတ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဘာစီလိုနာနဲ့ စာချုပ်သစ်ချုပ်ဖို့ မက်ဆီတောင်းဆိုခဲ့တဲ့ အချက်အလက်တွေပေါက်ကြား

By CNI
CNI
Category: Watch TV
Hits: 579

Share
Tweet
Share
Share
powered by social2s

ဘတ်ပီနဲ့ ပြင်သစ်လက်ရွေးစင်အသင်းကို KFC တောင်းပန်

By CNI
CNI
Category: Watch TV
Hits: 609

Share
Tweet
Share
Share
powered by social2s
မေဝယ်သာနဲ့ မက်ဂရီဂေါကို တွေ့ရစဉ်(Forbes)

လာမယ့်နှစ်မှာ မက်ဂရီဂေါနဲ့ သရုပ်ပြပွဲ ထိုးသတ်ချင်တယ်လို့ မေဝယ်သာပြော

By CNI
CNI
Category: အားကစား
Hits: 1052

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၂

ရှုံးပွဲမရှိ လက်ဝှေ့သမားဟောင်း မေဝယ်သာက UFC ဖိုက်တာ မက်ဂရီဂေါနဲ့ လာမယ့်နှစ်မှာ သရုပ်ပြပွဲ ထိုးသတ် ချင်တယ်လို့ ပြောလိုက်ပါတယ်။

မေဝယ်သာက “ဒါက သရုပ်ပြပွဲလား ဒါမှမဟုတ် တကယ်ထိုးသတ်ရမယ့် ပွဲလားဆိုတာ ကျနော်မသိပါဘူး။ ကျနော်ကတော့ သရုပ်ပြပွဲ ထိုးသတ်ရတာ ပိုပြီးကြိုက်နှစ်သက်တယ်လို့” ဒေးလီးမေးလ်နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

မက်ဂရီဂေါကတော့ ဒီပွဲကို စိတ်ဝင်စားခြင်း မရှိဘူးလို့ သူတို့ နှစ်ဦး အရင်ထိုးသတ်ခဲ့တဲ့ပုံကို အင်စတာဂရမ်မှာ တင်ပြီး စာရေးသားခဲ့တာ ဖြစ်ပါတယ်။

မေဝယ်သာနဲ့ မက်ဂရီဂေါတို့ဟာ ၂၀၁၇ က အမေရိကန်မှာ ထိုးသတ်ခဲ့ပြီး မေဝယ်သာက ၁၀ ချီမြောက်မှာ အနိုင်ရ ခဲ့တာပါ အမေရိကန် လက်ဝှေ့ သမားဟောင်းဟာ ဒီတစ်ပတ်ထဲ ဂျပန်မှာ ပြုလုပ်မယ့် သရုပ်ပြပွဲမှာ MMA ကြယ်ပွင့် အဆာကူရာနဲ့ ထိုးသတ်ဖို့ ရှိနေပါတယ်။

မေဝယ်သာနဲ့ မက်ဂရီဂေါကို တွေ့ရစဉ် (Sky Sports)

ပရော်ဖက်ရှင်နယ် လက်ဝှေ့ပွဲပေါင်း ၅၀ ထိုးသတ်ထားတာမှာ ပွဲပေါင်း ၅၀ စလုံး အနိုင်ရခဲ့တဲ့ မေဝယ်သာဟာ ပြီးခဲ့တဲ့နှစ်က You Tube ကြယ်ပွင့် လိုဂန်ပေါလ်နဲ့ ပွဲစဉ်အပါအဝင် သရုပ်ပြပွဲ အများအပြား ထိုးသတ်ထားတာပါ။

မက်ဂရီဂေါကတော့ မေဝယ်သာကို အရေးနိမ့်တဲ့ ပွဲစဉ်အပြီးမှာ UFC ပြိုင်ပွဲတွေကို ပြန်လည် ယှဉ်ပြိုင်ခဲ့ပေမယ့် ရလဒ်ပိုင်း ဆိုးရွားခဲ့ပြီး နောက်ဆုံး ထိုးသတ်ခဲ့တဲ့ ၄ ပွဲမှာ ၃ ပွဲအထိ အရေးနိမ့်ထားတာ ဖြစ်ပါတယ်။

အိုင်ယာလန်ဖိုက်တာဟာ ၂၀၂၁ က နောက်ဆုံးထိုးသတ်ခဲ့တဲ့ ပွဲမှာ ဒတ်စတင်ပိုရီရာကို အရေးနိမ့်ပြီး ခြေထောက် ကျိုး သွားခဲ့တာပါ။ အဲ့ဒါကြောင့် ခြေထောက်ကျိုးတာကနေ ပြန်လည် သက်သာ ကောင်းမွန်လာအောင် မက်ဂရီဂေါ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

UFC ဝိတ်တန်း ၂ ခု ချန်ပီယံဟောင်း မက်ဂရီဂေါဟာ လာမယ့်နှစ် အစောပိုင်းမှာ ပြိုင်ပွဲတွေ ထိုးသတ်ဖို့ ရှိနေ တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။ မက်ဂရီဂေါဟာ UFC ပြိုင်ပွဲကနေ အနားယူပြီးတာနဲ့ လက်ဝှေ့ကြိုး ဝိုင်းထဲ ဝင်ရောက်ဖို့ ရည်ရွယ်ထားကြောင်း ပြောထားတာ ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘာစီလိုနာမှာ မက်ဆီ ကစားခဲ့စဉ် (ESPN)

ဘာစီလိုနာနဲ့ စာချုပ်သစ်ချုပ်ဖို့ မက်ဆီတောင်းဆိုခဲ့တဲ့ အချက်အလက်တွေပေါက်ကြား

By CNI
CNI
Category: အားကစား
Hits: 1066

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၂

စပိန်သတင်းစာ EI Mundo ကတော့ မက်ဆီဟာ ၂၀၂၀ နွေရာသီက ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် တောင်းဆိုခဲ့တဲ့ အချက်အလက်တွေကို ဖော်ပြလိုက်ပါတယ်။

ဒါပေမယ့် စာချုပ်သစ်အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်တာမှာ အဆင်မပြေခဲ့တာကြောင့် မက်ဆီဟာ ၂၀၂၁ နွေရာသီမှာ ၂၁ နှစ်ကြာ ကစားခဲ့တဲ့ ဘာစီလိုနာကနေ ထွက်ခွာပြီး ပီအက်စ်ဂျီအသင်းထံ အလွတ်ပြောင်းရွှေ့ကြေး နဲ့ ရောက်ရှိသွားခဲ့တာပါ။

မက်ဆီဟာ ဘာစီလိုနာနဲ့ စာချုပ်သစ်အတွက် တောင်းဆိုခဲ့တဲ့ အချက် ၉ ချက်အထိ ရှိခဲ့တာဖြစ်ပါတယ်။ ဒီထဲမှာ နံပါတ် ၁ အချက်ကတော့ မက်ဆီဟာ ၃ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖို့ ပြောခဲ့တာပါ။

နံပါတ် ၂ မှာတော့ မက်ဆီဟာ သူ့ရဲ့ မိသားစုနဲ့ ဆွာရက်စ် မိသားစုတို့အတွက် နူးကမ့်ပ်မှာ သီးသန့်အခန်း ထားရှိ ပေးဖို့ ပြောခဲ့ပြီး နံပါတ် ၃ ကတော့ စာချုပ်သစ်မှာ လတ်မှတ်ထိုးကြေးအတွက် ယူရို ၁၀ သန်းပေးချေဖို့ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

ဘာစီလိုနာကနေ မက်ဆီထွက်ခွာဖို့ နှုတ်ဆက်ပွဲ(Football Espana)

ဒီနောက်မှာတော့ နံပါတ် ၄ အချက်ကတော့ မက်ဆီဟာ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၇၀၀ ကနေ ယူရို ၁ သောင်းအထိ လျှော့ချေပေးဖို့ တောင်းဆိုခဲ့တာပါ။ နံပါတ် ၅ မှာတော့ မက်ဆီဟာ ကိုဗစ် ကာလအတွင်းမှာ လုပ်အားခ လျှော့ယူခဲ့ရတာနဲ့ ပတ်သက်ပြီး ဒီလျှော့ချမှုကို အတိုး ၃ ရာခိုင်နှုန်းနဲ့ ပြန်ဆပ်ဖို့ လိုချင်ခဲ့တာ ဖြစ်ပါတယ်။

နံပါတ် ၆ က မက်ဆီဟာ ခရစ္စမတ်လို အားလပ်ရက်အတွင်းမှာ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ မိသားစုကို အာဂျင်တီးနား ပြန်ပို့ပေးဖို့နဲ့ နံပါတ် ၇ ကတော့ စပိန်အစိုးရက အခွန်တိုးကောက်မယ်ဆိုရင် သူ့ရဲ့ လစာကိုပါ တိုးပေးဖို့ တောင်းဆိုခဲ့တာပါ။

နံပါတ် ၈ မှာတော့ သူ့ရဲ့ လက်ထောက် ပီပီကော်စတာကို လစာပေးပြီး ဆက်ထားဖို့နဲ့ နံပါတ် ၉ ကတော့ သူ့ အစ်ကို ရီဒရီဂိုမက်ဆီကိုလည်း စာချူပ်သက်တမ်းတိုးပြီး အပိုဆုကြေးပေးရမယ်ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီထဲက အချက်အများအပြားကို လက်ခံခဲ့ပြီး ၂ ချက်ကိုသာ ငြင်းဆန်ခဲ့တယ်လို့ သိရပါ တယ်။ ဘာစီလိုနာအသင်းဟာ ဒီလိုပေါက်ကြားမှုတွေနဲ့ ပတ်သက်ပြီး ဒေါသထွက်နေကာ စပိန်သတင်းစာကို တရားစွဲသွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဒါပေမယ့် ပေါက်ကြားလာတဲ့ အချက်အလက်တွေဟာ တရားစီရင်ရေး လုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ် လို့ စပိန်ကလပ်က ပြောခဲ့ပါတယ်။

Source: Daily Mail/Sportbible

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ယူကရိန်းလက်ပတ်ဝတ်ဆင်ရမှာ ဂုဏ်ယူစရာလို့ လီဝန်ဒေါစကီးပြော

By CNI
CNI
Category: Watch TV
Hits: 638

Share
Tweet
Share
Share
powered by social2s

ရုရှားကို ယူရို ၂၀၂၄ ခြေစစ်ပွဲယှဉ်ပြိုင်ခွင့် ယူအီးအက်ဖ်အေ ပိတ်ပင်

By CNI
CNI
Category: Watch TV
Hits: 591

Share
Tweet
Share
Share
powered by social2s

ပေါ်တူဂီအတွက် ယူရို ၂၀၂၄ ပြိုင်ပွဲအထိ ပါဝင်ဖို့ ရော်နယ်ဒိုပစ်မှတ်ထား

By CNI
CNI
Category: အားကစား
Hits: 1211

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၁

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် ရော်နယ်ဒိုက ယူရို ၂၀၂၄ ပြိုင်ပွဲအထိ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ နိုင်ငံအသင်းကပေးတဲ့ ဆုလက်ခံရယူအပြီးမှာ ပြောလိုက်ပါတယ်။

ရော်နယ်ဒိုက “နောက်နှစ်အနည်းငယ်ကြာတဲ့အထိ အဖွဲ့ချုပ်ရဲ့ အစိတ်အပိုင်းဖြစ်လာဖို့ ကျနော် မျှော်လင့်ထားပါတယ်။ကျနော်ဟာ အခုထိ စိတ်အားထက်သန်မှုရှိတုန်းဖြစ်သလို ရည်မှန်းချက်ကလည်း မြင့်မားပါတယ်။ ကျနော့်ရဲ့နိုင်ငံအသင်းလမ်းကြောင်းက မပြီးဆုံးသေးပါဘူး။ကျနော်တို့မှာ အရည် အသွေးရှိတဲ့ လူငယ်ကစားသမားတွေလည်း အများကြီးပါ။ကျနော် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်မှာ ဖြစ်သလို ယူရိုပြိုင်ပွဲမှာလည်း ရှိချင်ပါတယ်”လို့ ပြောခဲ့တာပါ။

ရော်နယ်ဒိုဟာ Quinas De Ouro ဆုပေးပွဲမှာ နိုင်ငံအသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆုကို ရယူ နိုင်ခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်တိုက်စစ်မှူးဟာ ပေါ်တူဂီလက်ရွေးစင်အတွက် ၁၈၉ ပွဲ ပါဝင်ကစား ထားပြီး ၁၁၇ ဂိုးသွင်းယူထားတာပါ။ရော်နယ်ဒိုဟာ ပေါ်တူဂီအတွက်သာမကဘဲ နိုင်ငံတကာသွင်းဂိုး အများဆုံးကစားသမားအဖြစ် စံချိန်တင်ရပ်တည်နေတာဖြစ်ပါတယ်။ယူရို ၂၀၂၄ ပြိုင်ပွဲမှာသာ ရော်နယ်ဒို ပါဝင်ခဲ့မယ်ဆိုရင် သူ့ရဲ့ အသက်ဟာ ၃၉ နှစ်အရွယ်ရှိသွားမှာပါ။

ရော်နယ်ဒိုက ဆုရခဲ့တာနဲ့ ပတ်သက်ပြီး “ ဒီလိုဆုကြီးကို ရခဲ့လို့ ကျနော်ဂုဏ်ယူမိပါတယ်။တစ်နေ့မှာ ဒီလိုအောင်မြင်မှုရယူနိုင်မယ်လို့ ဘယ်တုန်းကမှ ကျနော်မတွေးဖူးပါဘူး။ကျနော့်ရဲ့ ကစားသမားဘဝမှာ အရေးပါတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။သွားရမယ့်လမ်းကြောင်းက အရှည်ကြီး ကျန်ရှိနေ သေးပြီး ကျနော်သွားရမယ့်လမ်းက မပြီးဆုံးသေးဘူးဆိုတာပြောချင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဒီဆုပေးပွဲအခမ်းအနားကို မော်ရင်ဟို၊ ပီပီ၊ ဘရူနိုဖာနန်ဒက်စ်နဲ့ ရူဘင်ဒီယတ်ဇ်တို့လည်း တက်ရောက် ခဲ့ကြပါတယ်။ပေါ်တူဂီအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် နေးရှင်းလိဂ်ပွဲစဉ်အဖြစ် ချက်၊ စပိန် အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရုရှားကို ယူရို ၂၀၂၄ ခြေစစ်ပွဲယှဉ်ပြိုင်ခွင့် ယူအီးအက်ဖ်အေ ပိတ်ပင်

By CNI
CNI
Category: အားကစား
Hits: 1558

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၁

ရုရှားလက်ရွေးစင်အသင်းကို ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် ခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက်ပြီ လို့ ယူအီးအက်ဖ်အေက အတည်ပြုလိုက်ပါတယ်။

ပဋိပက္ခစတင်ခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ရုရှားလက်ရွေးစင်နဲ့ ကလပ်အသင်းတွေကို ယူအီး အက်ဖ်အေနဲ့ ဖီဖာက သူတို့နဲ့ သက်ဆိုင်တဲ့ ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားတာပါ။ယူရို ၂၀၂၄ ခြေစစ်ပွဲအတွက် အုပ်စုမဲခွဲမှုကို အောက်တိုဘာလ ၉ ရက် ဂျာမနီနိုင်ငံ ဖရန့်ဖတ်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ရုရှားကတော့ သူတို့ကို ပိတ်ပင်ထားတာနဲ့ ပတ်သက်ပြီး အားကစားဆိုင်ရာ ခုံရုံးကို အယူခံဝင်ခဲ့ပေမယ့် ဇူလိုင်လက ပယ်ချခံခဲ့ရတာပါ။

ရုရှားအသင်းတွေကို ပိတ်ပင်မယ့် ကနဦးဆုံးဖြတ်ချက်ကို ယူအီးအက်ဖ်အေအမှုဆောင်ကော်မတီက ၂၀၂၂ ဖေဖော်ဝါရီ ၂၈ ရက်မှာ ချမှတ်ခဲ့တာဖြစ်ပြီး အားကစားဆိုင်ရာခုံရုံးက ဇူလိုင်လ ၁၅ ရက်မှာ ဒါကို အတည်ပြုခဲ့ပါတယ်။ “ရုရှားအသင်းဟာ ၂၀၂၂ ကနေ ၂၀၂၄ အထိ ပြုလုပ်မယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲ အုပ်စု မဲခွဲမှုမှာ ပါဝင်မှာမဟုတ်ဘူး”လို့ ယူအီးအက်ဖ်အေက ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားတာပါ။

ရုရှားအသင်းဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲပလေးအောဖ့်အဆင့်ထိ တက်လှမ်းနိုင်ခဲ့ ပေမယ့် ဖီဖာကယှဉ်ပြိုင်ဖို့ ပိတ်ပင်ခဲ့လို့ ယှဉ်ပြိုင်ခွင့်မရခဲ့ပါဘူး။ဒါ့အပြင် ရုရှားအမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့ အမျိုးသမီးယူရိုပြိုင်ပွဲမှာ ခြေစစ်ပွဲအောင်မြင်ခဲ့ပေမယ့် ဖယ်ရှားခြင်းခံခဲ့ရပြီး သူ့နေရာမှာ ပေါ်တူဂီ နဲ့ ပြိုင်ပွဲစီစဉ်သူတွေက အစားထိုးခဲ့တာပါ။ ယူအီးအက်ဖ်အေဟာ ရုရှားစွမ်းအင်ကုမ္ပဏီကြီး Gazprom နဲ့ စပွန်ဆာသဘောတူညီချက်တွေကို အဆုံးသတ်ခဲ့ပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ ဒီရာသီ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ယူရိုပါကွန်းဖရန့်စ်လိဂ်ပြိုင်ပွဲတွေမှာ ရုရှားကလပ်တွေကို ယှဉ်ပြိုင်ခွင့် ဆက်လက်ပိတ်ပင်ထားခဲ့တာပါ။ပြီးခဲ့တဲ့ ၂၀၂၂ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို မူလက စိန့်ပီတာစဘတ်မှာ ကျင်းပဖို့ သတ်မှတ်ခဲ့ပေမယ့် ပဲရစ်ကို ပြောင်းရွှေ့ပြီး ကျင်းပသွားတာ ဖြစ်ပါ တယ်။

Source:BBC

 

 

 

Share
Tweet
Share
Share
powered by social2s

ဘာစီလိုနာမှာ ဘောလွန်းဒီအောရနိုင်ခြေပိုရှိတယ်လို့ လီဝန်ဒေါစကီးပြော

By CNI
CNI
Category: Watch TV
Hits: 608

Share
Tweet
Share
Share
powered by social2s

ONE Championship နဲ့ စာချုပ်ချုပ်လိုက်ပြီလို့ အောင်လအန်ဆန်းပြော

By CNI
CNI
Category: Watch TV
Hits: 704

Share
Tweet
Share
Share
powered by social2s

ကျန်းမာရေးအခြေအနေဆိုးရွားနေကြောင်း မိုက်တိုင်ဆန် ဖွင့်ဟ

By CNI
CNI
Category: အားကစား
Hits: 1924


CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀

ဟဲဗီးဝိတ်လက်ဝှေ့အကျော်အမော် မိုက်တိုင်ဆန်က တင်ပါးကြောကိုက်ခဲတဲ့ ဝေဒနာကို ခံစားနေရပြီး တစ်ခါတစ်ရံမှာ စကားတောင်မပြောနိုင်တဲ့ အခြေအနေမှာရှိတယ်လို့ ပြောပါတယ်။

မိုက်တိုင်ဆန်က “ကျနော်မကြာခဏဆိုသလို တင်ပါးကြောကိုက်ခဲတဲ့ ဝေဒနာကိုခံစားနေရပါတယ်။ ဒီလိုဖြစ်ပြီဆိုရင် ကျနော်စကားတောင်မပြောနိုင်တော့ပါဘူး။ဒါက ကျနော့်မှာတစ်ခုတည်းသော ကျန်းမာရေးပြဿနာဖြစ်လို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ကျနော့်အိမ်မှာရှိတဲ့သူတိုင်းက တကယ်ကို ကောင်းချီးပေးကြပါတယ်။ကျနော့်မှာ ရှိတဲ့အရာတွေအတွက်လည်း အားလုံးကို ကျေးဇူး တင်ပါတယ်”လို့ Newsmax TV နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

အသက် ၅၆ နှစ်အရွယ်ရှိ မိုက်တိုင်ဆန်ကို ပြီးခဲ့တဲ့လက လေဆိပ်မှာ ဘီးတပ်ကုလားထိုင်နဲ့ တွေ့မြင် ခဲ့ရတာ ဖြစ်ပါတယ်။တုတ်ချောင်းကို အကူအညီယူပြီး လမ်းလျှောက်လာတာကိုလည်း တွေ့မြင်ခဲ့ရကာ မိုက်တိုင်ဆန်ကတော့ တင်ပါးကြောကိုက်ခဲတဲ့ ဝေဒနာကြောင့်လို့ ပြောခဲ့ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် နောက်ကျောကို ထိခိုက်နေပုံရတယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။ မိုက်တိုင်ဆန်ဟာ ကစားသမားဘဝ ကုန်ခါနီးမှာ ဒူးဒဏ်ရာနဲ့ ရုန်းကန်ခဲ့ရပြီး ၂၀၀၅ မှာ နောက်ကျော ပြဿနာကြောင့် ကစားသမားဘဝက အနားယူခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ မှာတော့ မိုက်တိုင်ဆန်ဟာ လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်လည်ဝင်ရောက်လာခဲ့ပြီး ရွိုင်ဂျူံးစ်ဂျူနီယာနဲ့ သရုပ်ပြပွဲထိုးသတ်ခဲ့တာပါ။ဒါပေမယ့် သူဟာ မကြာခင်မှာ သေဆုံးတော့မယ်ဆိုပြီး ပြောခဲ့တာကြောင့် မိုက်တိုင်ဆန်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ တိုးလာခဲ့တာ ဖြစ်ပါတယ်။

“ကျနော်တို့ အားလုံးဟာ တစ်နေ့ သေကြရမှာပါ။မှန်ထဲမှာ ကြည့်လိုက်တော့ ကျနော့်မျက်နှာပေါ်မှာ အစက်အပြောင်လေးတွေကို တွေ့ခဲ့ရပါတယ်။ဒါဟာ ကျနော့်ရဲ့ သက်တမ်း မကြာခင်မှာ ကုန်ဆုံးဖို့ နီးလာပြီကို ဆိုလိုတာ”လို့ မိုက်တိုင်ဆန်က ပြောခဲ့တာပါ။

သံမဏိမိုက်ဆိုပြီး နာမည်ပြောင်ရထားတဲ့ မိုက်တိုင်ဆန်ဟာ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘဝမှာ ပွဲပေါင်း ၅၈ ပွဲထိုးသတ်ခဲ့ပြီး ပွဲပေါင်း ၅၀ အနိုင်ရကာ ၆ ပွဲရှုံးပြီး ၂ ပွဲက ရလဒ်မထွက်ပေါ်ခဲ့တာ ဖြစ်ပါ တယ်။

Source:The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 36
  • 37
  • 38
  • 39
  • 40
  • 41
  • 42
  • 43
  • 44
  • 45

Page 41 of 81

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar