CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ဂိုးပေါက်ပျောက်ဆုံးနေမှုအပေါ် ဆွန်ဟောင်မင် စိုးရိမ်မှုမရှိ

By CNI
CNI
Category: အားကစား
Hits: 1789

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၀

စပါးအသင်းတိုက်စစ်မှူး ဆွန်ဟောင်မင်က ဂိုးပေါက်ပျောက်ဆုံးနေမှုအပေါ်မှာ စိုးရိမ်မှုမရှိဘဲ ဒီထက်ပိုကောင်းအောင် လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ပြောလိုက်ပါတယ်။

ဆွန်ဟောင်မင်က “တိုးတက်မှုတစ်ခုခုရှိလာမယ်လို့ ကျနော်မြင်မိပါတယ်။ဘာကြောင့်လဲဆိုရင် ကျနော့်မှာ တိုးတက်ဖို့အတွက် နေရာတွေအများကြီးကျန်ရှိနေသေးလို့ပါ။အသင်းတစ်သင်းအနေနဲ့ရော တစ်ဦးချင်းအနေနဲ့ပါ ကောင်းမွန်အောင်လုပ်ရမှာပါ။အရေးကြီးဆုံးက ကျနော်တို့ဟာ အသင်းလိုက် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့ပါ။ အသင်းလိုအပ်တဲ့အရာတွေကို ကျနော်လုပ်ဆောင်သွားမယ်”လို့ ပြောခဲ့တာပါ။

ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ရာသီက စပါးအသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂၃ ဂိုးသွင်းယူပြီး ဆာလတ်နဲ့ အတူ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ပူးတွဲရရှိခဲ့တာ ဖြစ်ပါတယ်။တောင်ကိုရီးယား ကစားသမားဟာ ဒီရာသီမှာ တော့ ဂိုးပေါက်ပျောက်ဆုံးနေပြီး ၇ ပွဲကစားအပြီးမှာ သွင်းဂိုး မရရှိသေးပါဘူး။

ဆွန်ဟောင်မင်က “ရိုးရိုးသားသားပြောရရင် ပွဲမှာ အခွင့်အရေးမရတော့ဘူးဆိုရင် စိုးရိမ်နိုင်ပေမယ့် အခုထိ အခွင့်အရေးတွေက ရတုန်းပါ။တချိုပွဲတွေမှာ ကံမကောင်းခဲ့သလို၊ တချို့ပွဲတွေမှာတော့ အဆုံးသတ်ပိုင်း ဆိုးရွားခဲ့ပါတယ်။တချို့ပွဲတွေမှာဆို အခွင့်အရေးကြီးကြီးမားရပေမယ့် ဂိုးမဝင်တာကြောင့် စိတ်ပျက်တာတွေ လည်း ရှိခဲ့ပါတယ်။ဒါပေမယ့် ကျနော်မစိုးရိမ်ပါဘူး။ဘာဖြစ်လို့လဲဆိုရင် အသင်း၊ဝန်ထမ်းတွေနဲ့ ပရိသတ်တွေက ကျနော့်ကိုကူညီနေတာကြောင့်ပါ။တစ်ဂိုးသွင်းလိုက်ပြီဆိုရင် ယုံကြည်မှုတွေပြန်ပြီးတော့ ရမှာပါ။အဲဒါကနေ ရှေ့ဆက်ဂိုးတွေသွင်းနိုင်တော့မှာပါ”လို့ ပြောခဲ့ပါတယ်။

စပါးအသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးနဲ့ ကစားဖို့ ရှိခဲ့ပေမယ့် ဘုရင်မကြီး အယ်လိဇဘတ် II ကွယ်လွန်ခဲ့တာကြောင့် ပွဲစဉ်တွေကို ရွှေ့ဆိုင်းခဲ့ရတာပါ။လန်ဒန်ကလပ်ဟာ ပရီးမီးယားလိဂ် ၆ ပွဲကစားအပြီးမှာ ၄ ပွဲနိုင် ၂ ပွဲသရေ ရမှတ် ၁၄ မှတ်နဲ့ အမှတ်ပေးဇယား တတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။စပါးအသင်းဟာ ကြားရက်က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မာဆေးလ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။

စပါးအသင်းဟာ အခုလာမယ့်အပတ်မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် စပို့တင်းလစ္စဘွန်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဆိုစီဒက်ကို ပင်နယ်တီပေးခဲ့တဲ့ ဖြစ်ရပ်အပေါ် ယူနိုက်တက်ပရိသတ်တွေ ပေါက်ကွဲ

By CNI
CNI
Category: Watch TV
Hits: 746

Share
Tweet
Share
Share
powered by social2s

ဘာစီလိုနာကစားသမားဘဝ ပထမဆုံးဟတ်ထရစ်ကို လီဝန်ဒေါစကီး ရယူ

By CNI
CNI
Category: Watch TV
Hits: 726

Share
Tweet
Share
Share
powered by social2s

နာပိုလီကို ရှုံးပေမယ့် ပိုင်ရှင်တွေက ထုတ်ပယ်မှာမဟုတ်ဘူးလို့ ကလော့ပ်ပြော

By CNI
CNI
Category: Watch TV
Hits: 654

Share
Tweet
Share
Share
powered by social2s

အီရန်၊ ကာဂျစ္စတန်အသင်းတို့ နဲ့ ခြေစမ်းမယ်လို့ ရုရှားဘောလုံးအသင်း ကြေညာ

By CNI
CNI
Category: အားကစား
Hits: 1253

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၈

ရုရှားအမျိုးသားဘောလုံးအသင်းဟာ အီရန်၊ ကာဂျစ္စတန်တို့နဲ့ ခြေစမ်းပွဲကစားမယ်လို့ ကြေညာလိုက်ပြီး ဒီပွဲတွေကို တီဟီရန်မှာ ကျင်းပသွားဖွယ်ရှိတယ်လို့ သတင်းတွေအရ သိရပါတယ်။

ရုရှားဘောလုံးနဲ့ သက်ဆိုင်တဲ့အသင်းတွေဟာ ယူကရိန်းမှာ မော်စကိုစစ်ဆင်ရေး စတင်လုပ်ဆောင်ပြီး နောက် ယူအီးအက်ဖ်အေနဲ့ ဖီဖာက ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခြင်းခံထားရ တာပါ။ဒီလို ပိတ်ပင်မှုကြောင့် ရုရှားလက်ရွေးစင်အမျိုးသားဘောလုံးအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပလေးအောဖ့် ပွဲစဉ်ယှဉ်ပြိုင်ခွင့် မရခဲ့ပါဘူး။ဒါပေမယ့် သူတို့ဟာ ခြေစမ်းပွဲတော့ ယှဉ်ပြိုင်ခွင့် ရတာ ဖြစ်ပါတယ်။

ရုရှားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်၊ အမေရိကန်၊ ဝေးလ်စ်တို့နဲ့ တစ်အုပ်စုတည်း ကျရောက် နေတဲ့ အီရန်အသင်းနဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားတာပါ။အီရန်အသင်းဟာ အိမ်ရှင်အဖြစ် နိုဝင်ဘာလ ၁၅ ရက်မှာ ရုရှားအသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့ သတ်မှတ်ထားပေမယ့် ဘယ်နေရာမှာ ကျင်းပမလဲဆိုတာ တော့ အတည်ပြုရခြင်း မရှိသေးပါဘူး။ဒါပေမယ့် Match TV ရဲ့ ဖော်ပြမှုအရ တီဟီရန်မှာ ကျင်းပဖွယ်ရှိ တယ်လို့ သိရပါတယ်။

ကာဂျစ္စတန်နဲ့ ပွဲကိုတော့ စက်တင်ဘာလ ၂၄ ရက်မှာ ကျင်းပဖို့ သတ်မှတ်ထားတာဖြစ်ပြီး ဒီပွဲဟာ နှစ်သင်းကြား ပထမဆုံးတွေ့ဆုံမယ့် ပွဲလည်းဖြစ်ပါတယ်။

ရုရှားဟာ နိုဝင်ဘာလထဲမှာ တတိယမြောက် ခြေစမ်းပွဲကစားဖို့ ပစ်မှတ်ထားနေပြီး အသေးစိတ်အချက်အလက်တွေကို အတည်မပြုနိုင်ပေမယ့် ဘော့စနီးယားအသင်း ဖြစ်တယ်လို့ ရုရှားနိုင်ငံရဲ့ သတင်းတွေမှာ ဖော်ပြထားတာပါ။ရုရှားအသင်းဟာ ခရိုအေးရှားအသင်းကို အရေးနိမ့်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက ဘောလုံးပြိုင်ပွဲတွေ ယှဉ်ပြိုင် ကစားခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

ရုရှားအသင်းဟာ ကာဂျစ္စတန်နဲ့ ခြေစမ်းပွဲအတွက် ကစားသမား ၃၅ ဦးနဲ့ လေ့ကျင့်မှုတွေ ပြုလုပ် နေတာပါ။ ရုရှားနည်းပြ ကာပင်က “အီရန်ဟာ ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရတဲ့အသင်းဖြစ်ပြီး အဆင့် သတ်မှတ်ချက်ကောင်းပါတယ်။ပွဲကျင်းပမယ့် ရက်စွဲကတော့ မေးခွန်းထုတ်စရာတွေရှိနေပါတယ်။ အီရန်ဟာ နိုဝင်ဘာ ၂၁ ရက်မှာ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်အဖြစ် အင်္ဂလန်နဲ့ ကစားရမှာပါ။ ညှိနှိုင်းမှုတွေ တော့ ပြုလုပ်နေဆဲပဲ”လို့ ပြောခဲ့ပါတယ်။

ရုရှားဟာ ဖီဖာရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၃၅ နေရာမှာရှိနေပြီး၊ အီရန်က ကမ္ဘာ့အဆင့် ၂၂ နဲ့ ကာဂျစ္စတန်အသင်းက ကမ္ဘာ့အဆင့် ၉၅ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Source:အာရ်တီ

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပရီးမီးယားလိဂ်ပြီးတော့ ချန်ပီယံလိဂ်မှာပါ စံချိန်သစ်တင်တဲ့ ဟာလန်း

By CNI
CNI
Category: Watch TV
Hits: 755

Share
Tweet
Share
Share
powered by social2s

ချယ်လ်ဆီးရောင်းလို့ရတဲ့ ငွေကို ယူကရိန်းထံမလွှဲရသေးဘူးလို့ ခရစ္စဘရိုင်ယန့်ပြော

By CNI
CNI
Category: Watch TV
Hits: 798

Share
Tweet
Share
Share
powered by social2s

CNI ရဲ့ ဘောလုံးသုံးသပ်ချက် အစီအစဉ်

By CNI
CNI
Category: Watch TV
Hits: 800

Share
Tweet
Share
Share
powered by social2s

၂ နှစ်ကျော်အကြာမှ ပထမဆုံးချန်ပီယံလိဂ်သွင်းဂိုးရခဲ့တဲ့ ဟာဇတ်

By CNI
CNI
Category: အားကစား
Hits: 1121

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၇

ရီးရယ်လ်အသင်းတိုက်စစ်ကစားသမား ဟာဇတ်ဟာ ဆဲလ်တစ်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ ၂၀၂၀ နောက်ပိုင်း၂ နှစ်ကျော်အကြာမှ ပထမဆုံးချန်ပီယံလိဂ် သွင်းဂိုးကို ရယူ နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ရီးရယ်လ်အသင်းက ဆဲလ်တစ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။ ရီးရယ်လ်အတွက်ဂိုး တွေကို ဗီနီစီးယက်စ်၊ မိုဒရစ်နဲ့ ဟာဇတ်တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။

ဟာဇတ်ဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန် မိနစ် ၃၀ မှာ ဘန်ဇီမာဒဏ်ရာ ရသွားခဲ့လို့ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့ရတာပါ။ဒါပေမယ့် ဘယ်လ်ဂျီယံအသင်းခေါင်းဆောင်ဟာ ဒီပွဲမှာ ခြေစွမ်းပြသခဲ့ပြီး ၁ ဂိုးသွင်းယူခဲ့သလို အသင်းဖော် မိုဒရစ်သွင်းယူခဲ့တဲ့ ဂိုးကိုလည်း ဖန်တီးပေးခဲ့တာပါ။

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက ဟာဇတ် အလွန်ပျော်ရွှင်နေတာကို မြင်တွေ့ခဲ့ရတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။အန်ဆယ်လော့တီက “ ကျနော်သူ့ကို လူစားထည့်သွင်းလိုက်ချိန်မှာ ဟာဇတ်ရဲ့ အခိုက်အတန့်ပဲလို့ ကျနော်ထင်ခဲ့ပါတယ်။သူကလည်း ကျနော်မှန်တယ်ဆိုတာကို သက်သေပြသနိုင်ခဲ့ ပါတယ်။သူ အခုအလွန်ပျော်ရွှင်နေပါတယ်။

ဒီလိုပုံစံအတိုင်းပဲ သူဆက်ရှိဖို့ ကျနော်မျှော်လင့်ပါတယ်”လို့ ပွဲအပြီးမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

ဟာဇတ်ဟာ ရီးရယ်လ်အသင်းကို ၂၀၁၉ က ချယ်လ်ဆီးကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး ကစားသမား ဟာ စပိန်ကလပ်ကို ရောက်ရှိလာကတည်းက ဒဏ်ရာတွေနဲ့ လုံးပန်းခဲ့ရတာဖြစ်ပါတယ်။ သူဟာ ဒီလို အခြေအနေတွေကြောင့် ရီးရယ်လ်အသင်းအတွက် ပွဲစဉ်ပေါင်း ၆၉ ပွဲသာ ပါဝင်ကစားထားနိုင်ခဲ့ပြီး သွင်းဂိုးကလည်း အခုသွင်းဂိုး အပါမှ ၇ ဂိုးသာ ရရှိထားတာပါ။

ဟာဇတ်ဟာ ဒီရာသီမှာတော့ ကြံ့ခိုင်မှုအပြည့်နဲ့ အသင်းအတွက် ပါဝင်ကစားနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ချယ်လ်ဆီးကစားသမားဟောင်းဟာ ဆဲလ်တစ်နဲ့ပွဲမှာ သွင်းယူခဲ့တဲ့ဂိုးကြောင့် သူ့ရဲ့ ကလပ်နဲ့ နိုင်ငံအသင်းကစားသမားဘ၀ သွင်းဂိုး ၂၀၀ ပြည့်မြောက်သွားခဲ့တာပါ။ရီးရယ်လ်အသင်းဟာ အခုအပတ် မှာ စပိန်လာလီဂါပွဲစဉ်အဖြစ် မာယော့ကာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:DailyMail

 

 

 

 

Share
Tweet
Share
Share
powered by social2s
ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြ တူချယ်လ် (Twitter)

တူချယ်လ်ကို ချယ်လ်ဆီးအသင်း ထုတ်ပယ်

By CNI News
CNI News
Category: အားကစား
Hits: 1139

CNI Sport BREAKING NEWS

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၇

ချယ်လ်ဆီးအသင်းဟာ ဒိုင်နမိုဇာဂရက်အသင်းကို ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ အရေးနိမ့်ပြီးနောက် နည်းပြ တူချယ်လ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။

Source: BBC

 

Share
Tweet
Share
Share
powered by social2s

ဒူးဒဏ်ရာခွဲစိတ်ရမှာဖြစ်လို့ ကမ္ဘာ့ဖလားပါဝင်နိုင်ဖို့ ပေါ့ဘာ မသေချာ

By CNI
CNI
Category: Watch TV
Hits: 763

Share
Tweet
Share
Share
powered by social2s

US Open က ထွက်ရပြီးနောက် ပြန်ကစားနိုင်မယ့် အချိန်မသိဘူးလို့ နာဒယ်လ်ပြော

By CNI
CNI
Category: Watch TV
Hits: 907

Share
Tweet
Share
Share
powered by social2s

CNI ရဲ့ ဘောလုံးသုံးသပ်ချက် အစီအစဉ်

By CNI
CNI
Category: Watch TV
Hits: 680

Share
Tweet
Share
Share
powered by social2s
နေမာနဲ့ ဘတ်ပီကိုတွေ့ရစဉ်

နေမာနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်လို့ ပီအက်စ်ဂျီတိုက်စစ်မှူး ဘတ်ပီပြော

By CNI
CNI
Category: အားကစား
Hits: 1445

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၆

ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ ပင်နယ်တီ ကန်သွင်းမှုနဲ့ ပတ်သက်ပြီး အငြင်းအခုံ ဖြစ်ခဲ့ပေမယ့် နေမာနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်လို့ ဘတ်ပီက ပြောပါတယ်။

ဘတ်ပီက “ ကျနော်တို့ရဲ့ ဆက်ဆံရေးက အမြဲတမ်း ဒီလိုပါပဲ။ အနည်းငယ် နွေးထွေးတဲ့ အခိုက်အတန့်တွေရှိသလို အေးတိအေးစက်ဖြစ်တဲ့ အချိန်တွေလည်း ရှိပါတယ်။ တစ်ခါတလေမှာ ကျနော်တို့ဟာ အခင်ဆုံး သူငယ်ချင်းတွေ ဖြစ်ပြီး တချို့အချိန်တွေမှာဆို စကားပြောနည်းကြပါတယ်။ ဒါပေမယ့် အမြဲတမ်းတော့ လေးစားမှုရှိပါတယ်။ အသင်းမှာ ဒီလို ကစားသမားတွေ ရှိရင်တော့ ပြဿနာဖြစ်တက်ပါတယ်။ ဒါပေမယ့် ကျနော်တို့ တစ်ယောက်နဲ့ တစ်ယောက် အမြဲတမ်းလေးစား မှုရှိပါတယ်”လို့ ပြောပါတယ်။

နေမာနဲ့ ဘတ်ပီတို့ဟာ မောင့်ပယ်လီယာကို အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ ပင်နယ်တီ ကန်သွင်းမှုနဲ့ ပတ်သက်ပြီး အငြင်းအခုံ ဖြစ်ခဲ့ကြပါတယ်။

ပင်နယ်တီ ကန်ဖို့ လုနေကြတဲ့ နေမာနဲ့ဘတ်ပီ

ဘတ်ပီဟာ ဒီပွဲမှာ ပီအက်စ်ဂျီအသင်း ပထမဆုံးပင်နယ်တီ ကန်သွင်းမှုရခဲ့တာကို ကန်သွင်းတာမှာ လွဲချော်သွားခဲ့ တာပါ။ နောက်ထပ်တစ်ကြိမ် ပင်နယ်တီ ကန်သွင်းခွင့်ရတဲ့အချိန်မှာ ဘတ်ပီက ကန်သွင်းချင်ခဲ့ပေမယ့် နေမာက ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အဆင်မပြေမှုတွေ ရှိခဲ့ကြတာပါ။

နောက်ပိုင်းပွဲတွေမှာတော့ ၂ ဦးသား ပြန်အဆင်ပြေ သွားခဲ့ကြပြီး လီဂူးဝမ်းပြိုင်ပွဲမှာ ၇ ဂိုးစီ သွင်းယူထားကာ ဂိုး သွင်း အများဆုံး ကစားသမားတွေအဖြစ် ထိပ်ဆုံးမှာ ဦးဆောင်နေခဲ့ပါတယ်။ မက်ဆီကလည်း သူတို့ ၂ ဦး ဂိုးသွင်း ယူမှုတွေ ပြုလုပ်နိုင်အောင် ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထား နိုင်ခဲ့တာပါ။

ပီအက်စ်ဂျီအသင်းဟာ ဒီရာသီ လီဂူးဝမ်း ၆ ပွဲကစားအပြီးမှာ ၂၄ ဂိုး သွင်းယူထားကာ ဂိုးသွင်းစွမ်းရည်ကို ပြသထား တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ် အပါအဝင် ဆုဖလားအားလုံးကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပြီး ပိုချက်တီနိုကို ထုတ်ပယ်ကာ ဂယ်လ်တီယာကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာပါ။

ချန်ပီယံလိဂ်အုပ်စု အဖွင့်ပွဲစဉ်အဖြစ် ဂျူဗင်တပ်စ်အသင်းနဲ့ ကစားခဲ့တဲ့ ပီအက်စ်ဂျီအသင်းဟာ ဒီတစ်ပတ်မှာ လီဂူးဝမ်းပွဲစဉ်အဖြစ် ဘရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဒူးဒဏ်ရာခွဲစိတ်ရမှာဖြစ်လို့ ကမ္ဘာ့ဖလားပါဝင်နိုင်ဖို့ ပေါ့ဘာ မသေချာ

By CNI
CNI
Category: အားကစား
Hits: 1223

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၆

ဂျူဗင်တပ်စ်နဲ့ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာဟာ ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူရမှာ ဖြစ်တာကြောင့် အခုနှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့ မသေချာတော့ဘူးလို့ သိရပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိ ပေါ့ဘာဟာ ပြီးခဲ့တဲ့ဇူလိုင်လမှာ ဒူးဒဏ်ရာကို ခံစားခဲ့ရတာဖြစ်ပြီး အခုနှစ်ရာသီ ဂျူဗင်တပ်စ်အသင်းအတွက် တစ်ပွဲမှပါဝင်ကစားရခြင်းမရှိသေးပါဘူး။ပေါ့ဘာဟာ အစောပိုင်းက ဒီ ဒဏ်ရာကို ရှေးရိုးဆန်တဲ့ ကုသမှုပြုလုပ်ခဲ့ရာမှာ အဆင်မပြေတာကြောင့် ခွဲစိတ်ကုသမှုခံယူရတော့မှာ ဖြစ်ပါတယ်။

ဒီခွဲစိတ်မှုကြောင့် ပေါ့ဘာဟာ ရက်ပေါင်း ၄၀ ကနေ ၆၀ အထိအနားယူရဖွယ်ရှိနေပါတယ်။ ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်ကတော့ နိုဝင်ဘာလ ၂၂ ရက် သြစတြေးလျနဲ့ ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီက “ဒီမနက်မှာ ပေါ့ဘာက ဒုတိယအကြိမ်မြောက် လေ့ကျင့်မှုပြုလုပ်ခဲ့ ပေမယ့် ရပ်တန့်သွားခဲ့ပြီး ခွဲစိတ်မှုပြုလုပ်ဖို့ သူဆုံးဖြတ်ခဲ့ပါတယ်။ကျနော်တို့ကတော့ ပေါ့ဘာကို ဇန်နဝါရီ မှ ပြန်ရရှိတော့မှာပါ။သူကမ္ဘာ့ဖလားကစားနိုင်ခြင်း ရှိ မရှိကတော့ ကျနော်ရဲ့ ပြဿနာ မဟုတ်ဘူး” လို့ သတင်းထောက်ရဲ့ မေးမြန်းမှုကို ဖြေခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဗိုလ်လုပွဲမှာ ပြင်သစ်အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့တဲ့ ပေါ့ဘာကတော့ ကာတာကမ္ဘာ့ဖလားမှာ ကြံခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ပေါ့ဘာဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် အသင်းဟောင်း ဂျူဗင်တပ်စ်အသင်းထံ ပြန်လည်ရောက်ရှိလာခဲ့တာပါ။ဒါပေမယ့် ရာသီကြိုခြေစမ်းပွဲတစ်ပွဲသာ ပါဝင် ကစားထားနိုင်ခဲ့ပါတယ်။

ပေါ့ဘာဟာ ဒဏ်ရာပြဿနာအပြင် အစ်ကိုဖြစ်သူပါဝင်နေတဲ့ ဂိုဏ်းအဖွဲ့အစည်းတစ်ခုရဲ့ ခြိမ်းခြောက် ငွေညှစ်မှုကိုလည်း ခံနေရတာပါ။အဲဒါကြောင့် သူ့ရဲ့ တိုင်ကြားမှုနဲ့အတူ ပြင်သစ်အစိုးရရှေ့နေတွေက တရားစီရင်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေကို စတင်ခဲ့တာလည်းဖြစ်ပါတယ်။

Source:Goal

 

 

 

Share
Tweet
Share
Share
powered by social2s
ရာဖေးလ်နာဒယ်လ်ကို တွေ့ရစဉ် (Reuters)

US Open က ထွက်ရပြီးနောက် ပြန်ကစားနိုင်မယ့် အချိန်မသိဘူးလို့ နာဒယ်လ်ပြော

By CNI
CNI
Category: အားကစား
Hits: 1254

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၆

စပိန်နာမည်ကျော် တင်းနစ်ကစားသမား ရာဖေးလ်နာဒယ်လ်ဟာ အမေရိကန်အိုးပန်း စတုတ္ထအဆင့်ကနေ ထွက်ခဲ့ရပြီးနောက် ဘယ်အချိန်မှာ ပြန်လည် ကစားနိုင်မလဲဆိုတာ မသိဘူးလို့ ပြောလိုက်ပါတယ်။

ရာဖေးလ်နာဒယ်လ်က “ ကျနော်ပြန်သွားဖို့လိုပါတယ်။ ဘဝ အပါအဝင် အရာရာကို ပြန်လည်ပြင်ဆင်မှုတွေ ပြုလုပ်ရမှာ ဖြစ်တာကြောင့် ဘယ်အချိန်မှာ ဒီကိုပြန်လာနိုင်မလဲဆိုတာ ကျနော်မသိပါဘူး။ ကျနော် စိတ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်အောင် ကြိုးစားရပါမယ်။ နောက်တစ်ကြိမ် ပြန်ကစားဖို့ အဆင်သင့် ဖြစ်နေတယ်လို့ ခံစားမိရင်တော့ ကျနော်အဲ့ဒီနေရာမှာ ရောက်ရှိနေမှာပါ”လို့ ပြောခဲ့ပါတယ်။

ရာဖေးလ်နာဒယ်လ်ဟာ စတုတ္ထအဆင့်မှာ အမေရိကန်တင်းနစ်သမား တီယာဖိုးကို ၄-၆၊ ၆-၄၊ ၄-၆၊ ၃-၆ နဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒီရှုံးပွဲဟာ နာဒယ်လ် အတွက်တော့ ၂၀၂၂ ဂရမ်းဆလမ်းပြိုင်ပွဲမှာ ပထမဆုံး ကြုံတွေ့ခဲ့ရတဲ့ ရှုံးပွဲလည်း ဖြစ်ပါ တယ်။

ရာဖေးလ်နာဒယ်လ်နဲ့ တီယာဖိုးကို တွေ့ရစဉ် (CBS Sport)

နာဒယ်လ်ဟာ အခုနှစ် ကျင်းပခဲ့တဲ့ ဂရမ်းဆလမ်းပြိုင်ပွဲတွေထဲမှာ သြစတြေးလျအိုးပန်းနဲ့ ပြင်သစ်အိုးပန်းပြိုင်ပွဲမှာ ဗိုလ်စွဲထားပြီး ဂရမ်းဆလမ်းဆုဖလား ၂၂ ကြိမ်အထိ ရယူထားနိုင်တာ ဖြစ်ပါတယ်။

နာဒယ်လ်ကို အနိုင်ရခဲ့တဲ့ တီယာဖိုးကတော့ “ ဒီနေ့ကတော့ ထူးထူးခြားခြား အရာတစ်ခု ဖြစ်သွားခဲ့တာပါ။ ကျနော် ဘာပြောရမလဲဆိုတာ မသိပါဘူး။ ကျနော် အလွန်ပျော်ရွှင်နေပါတယ်။ သူက အချိန်တိုင်းရဲ့ အကောင်းဆုံး ကစားသမား တွေထဲက တစ်ယောက်ဖြစ်ပြီး မယုံနိုင်လောက်အောင်ကို ကစားခဲ့ရတာပါ”လို့ ပွဲအပြီး အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

တီယာဖိုးဟာ အမေရိကန်အိုးပန်း ကွာတားဖိုင်နယ်အဆင့်မှာ ရုရှားတင်းနစ်သမား ရူဘလက်ဗ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ရာဖေးလ်နာဒယ်လ်ဟာ တင်းနစ်ပြိုင်ပွဲတွေ ဘယ်အချိန်မှာ ပြန်ကစားနိုင်မလဲဆိုတာ မသိဘူးလို့ ပြောထားပေမယ့် လန်ဒန်မှာ စက်တင်ဘာ ၂၃ ရက်ကနေ ၂၅ ရက်အထိ ကျင်းပဖို့ စီစဉ်ထားတဲ့ Laver Cup ပြိုင်ပွဲမှာ ပါဝင်ဖို့ ရှိနေပါတယ်။

ဒီပြိုင်ပွဲမှာတော့ နာဒယ်လ်အပြင် တင်းနစ်လောကရဲ့ နာမည်ကြီး ကစားသမားတွေ ဖြစ်တဲ့ ရော်ဂျာဖက်ဒဲရား၊ ဂျိုကိုဗစ်နဲ့ အန်ဒီမာရေးတို့ ပါဝင်ကြမှာ ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 40
  • 41
  • 42
  • 43
  • 44
  • 45
  • 46
  • 47
  • 48
  • 49

Page 45 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar