CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ရုရှားပရီးမီးယားလိဂ်ဥက္ကဋ္ဌ အော်လာယက်ဗ် (InsideTheGames)

UEFA က မိမိတို့ကို လျစ်လျူမရှုဘူးလို့ ရုရှားပရီးမီးယားလိဂ်ဥက္ကဋ္ဌ ပြော

By CNI
CNI
Category: အားကစား
Hits: 1215

CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၇

ယူအီးအက်ဖ်အေဟာ လက်ရှိအချိန်မှာ နိုင်ငံအပေါ် ပိတ်ပင်မှုတွေရှိပေမယ့် ရုရှားနိုင်ငံရဲ့ ဘောလုံးအားကစားကို လျစ်လျူမရှုထားဘူးလို့ ရုရှားပရီးမီးယားလိဂ်ဥက္ကဋ္ဌ အော်လာယက်ဗ်က ပြောပါတယ်။

အော်လာယက်ဗ်က “ယူအီးအက်ဖ်အေက ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ အရာအားလုံးကို နားလည်ပါ တယ်။တရားဝင် မဟုတ်တဲ့ အဆက်အသွယ်တွေရဲ့ ရလဒ်တွေအပေါ် မူတည်ပြီး သူတို့က သူတို့ရဲ့ ရပ်တည်ချက် တွေကို ထုတ်ဖော်သလို ကျနော်တို့ကလည်း ကျနော်တို့ရဲ့ သဘောထားကို တင်ပြတယ်ဆိုတာ ရှင်းပါတယ်။ ဒါက အလွန် သိမ်မွေ့တဲ့ လုပ်ငန်းစဉ်ဖြစ်ပြီး သူတို့က အရာအားလုံးကို ဖတ်ပြီးစောင့်ကြည့်နေ ပါတယ်။ အခြေအနေ ပုံမှန် ဖြစ်တာနဲ့ ချက်ချင်း ပြန်ဆွေးနွေးဖို့ ဖြစ်နိုင်ပါတယ်။ ဆက်ဖာရင်က ကျနော်တို့ရဲ့ ကံကြမ္မာကို လျစ်လျူမရှု ဘူးလို့ ခံစားရကြောင်း” Championat ကို ပြောပါတယ်။

ယူကရိန်း ပဋိပက္ခ ဖြစ်ပြီးကတည်းက ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့ဟာ သူတို့နဲ့ သက်ဆိုင်တဲ့ ပြိုင်ပွဲတွေမှာ ရုရှား လက်ရွေးစင် အသင်းတွေနဲ့ ကလပ်အသင်းတွေ အားလုံးကို ယှဉ်ပြိုင်ခွင့် ဆိုင်းငံ့ခဲ့ပါတယ်။

ရုရှား အမျိုးသား/အမျိုးသမီး ဘောလုံးအသင်း (Sky Sports)

ယူအီးအက်ဖ်အေဥက္ကဋ္ဌ ဆက်ဖာရင်က မေလမှာ ဆိုင်းငံ့မှုကို ၂၀၂၂-၂၃ ရာသီတစ်ခုလုံး သက်တမ်းတိုးခဲ့ပေမယ့် ဆုံးဖြတ်ချက်ချတာမှာ ခက်ခဲခဲ့တယ်လို့ ပြောပါတယ်။

ရုရှားဘောလုံးအဖွဲ့ချုပ်ဟာ သူတို့ကို ဆိုင်းငံ့ထားတဲ့ ယူအီးအက်ဖ်အေနဲ့ ဖီဖာတို့ရဲ့ ဆုံးဖြတ်ချက်ကို ပယ်ဖျက်နိုင်ဖို့ အားကစားခုံရုံးကို အယူခံဝင်ခဲ့ပေမယ့် အရေးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် ရုရှားလက်ရွေးစင် အမျိုးသားအသင်းဟာ ကာတာ ကမ္ဘာ့ဖလား ဝင်ခွင့်ရဖို့အတွက် ခြေစစ်ပွဲ မကစားခဲ့ရသလို အမျိုးသမီးအသင်းလည်း ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ပါဝင်ခွင့် မရခဲ့ပါဘူး။

ရုရှားကလပ် စပါးတပ် မော်စကိုအသင်းဟာ ပြီးခဲ့တဲ့နှစ်က ယူရိုပါလိဂ် ၁၆ သင်း အဆင့်အထိ တက်လှမ်းနိုင်ခဲ့ ပေမယ့် ဒီလိုပိတ်ပင်မှုကြောင့် ပြိုင်ဘက် လိုက်ပ်ဇစ်အသင်းက အလိုအလျောက် နောက်တစ်ဆင့် တက်နိုင်ခဲ့ တာပါ။

ယူကရိန်းပဋိပက္ခကြောင့် ဘောလုံးအပြင် တခြား အားကစားနည်းတွေကလည်း ရုရှားကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

Source: အာတီ

 

 

 

 

Share
Tweet
Share
Share
powered by social2s
တင်းနစ်ကစားနေတဲ့ နာဒယ်လ်(Eurosport)

အမေရိကန်အိုးပန်းပြိုင်ပွဲမှာ ဂျိုကိုဗစ် ပါဝင်ခွင့်မရလို့ နာဒယ်လ် ဝမ်းနည်း

By CNI
CNI
Category: အားကစား
Hits: 1081

CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၇

စပိန်နာမည်ကျော် တင်းနစ်သမား ရာဖေးလ်နာဒယ်လ်က ကျင်းပတော့မယ့် အမေရိကန်အိုးပန်းပြိုင်ပွဲမှာ ဂျိုကိုဗစ် ပါဝင်ခွင့်မရလို့ ဝမ်းနည်းကြောင်း သြဂုတ်လ ၂၆ ရက်က ပြောကြားလိုက်ပါတယ်။

နာဒယ်လ်က “ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေး ရှုထောင့်က ကြည့်မယ်ဆိုရင် ဒါဟာ အလွန်ဝမ်းနည်းဖို့ ကောင်းတဲ့ သတင်း ပါ။ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေဟာ ဒဏ်ရာကြောင့် ဒါမှမဟုတ် အခြား မတူညီတဲ့ အကြောင်းပြချက် တွေကြောင့် ပြိုင်ပွဲတွေ မယှဉ်ပြိုင်နိုင်တဲ့အခါ အမြဲတမ်း အရှက်ရပါတယ်။ ဒီလိုသမိုင်းရဲ့ အကောင်းဆုံး ကစားသမား တစ်ဦးမရှိတာက ပရိသတ်တွေအတွက်ရော ပြိုင်ပွဲအတွက်ပါ ခက်ခဲပါတယ်။ ကျနော့် အမြင်အရဆိုရင် ကစားသမားတွေအတွက်ပါ ခက်ခဲတယ်”လို့ ပြောပါတယ်။

ဂျိုကိုဗစ်ဟာ အမေရိကန်အိုးပန်းပြိုင်ပွဲ ဝင်ခွင့်ရ ကစားသမားစာရင်းမှာ ပါဝင်ခဲ့ပေမယ့် ကိုဗစ်ဆေး မထိုးထားတာ ကြောင့် ဒီပြိုင်ပွဲကို လာရောက် ယှဉ်ပြိုင်ခွင့် မရတာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံကို လာရောက်မယ့် ခရီးသွား ဧည့်သည်တွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးထားရမယ်ဆိုတဲ့ အချက်ကြောင့် ဆားဘီးယား ကစားသမားဟာ ရာသီရဲ့ နောက်ဆုံး ဂရမ်းဆလမ်းပြိုင်ပွဲကို ပါဝင်ခွင့် မရခဲ့တာပါ။

ဂျိုကိုဗစ်ဟာ ရာသီအစ ဂရမ်းဆလမ်းပွဲဖြစ်တဲ့ သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာလည်း ဒီအချက်ကြောင့်ပဲ ပြည်နှင် ဒဏ် ပေးခံခဲ့ရပါတယ်။

နာဒယ်လ်နဲ့ ဂျိုကိုဗစ် (Latest India News)

နာဒယ်လ်ကတော့ ၃ နှစ်အတွင်း ပထမဆုံးအကြိမ် အမေရိကန် အိုးပန်းပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မှာပါ။ ဂျိုကိုဗစ် မပါဝင်နိုင်ပေမယ့် ဒီပြိုင်ပွဲက အားလျော့သွားမှာ မဟုတ်ဘူးလို့ နာဒယ်လ်က ပြောပါတယ်။

နာဒယ်လ်ဟာ ဂရမ်းဆလမ်းဆုဖလား ၂၂ ကြိမ် ရရှိထားပြီး ဂျိုကိုဗစ်ထက် ၁ ကြိမ် အသာရကာ အမျိုးသားကစား သမားတွေထဲမှာ အအောင်မြင်ဆုံး ကစားသမားအဖြစ် ရပ်တည်နေတာပါ။

နာဒယ်လ်က “ကျနော် အကြိမ်ကြိမ်ပြောခဲ့တဲ့ စကားကိုပဲ ထပ်ပြီးပြောပါမယ်။ အားကစားက ကစားသမားတိုင်း ထက် ပိုပြီးကြီးမားပါတယ်။ ဒဏ်ရာကြောင့် တင်းနစ် ကစားသမားဘဝရဲ့ အရေးကြီးတဲ့ ပွဲတွေ အများကြီးကို ကျနော်လွဲခဲ့ပါတယ်။ မနှစ်ကရော လွန်ခဲ့တဲ့ ၂ နှစ်ကရော ကျနော်ဒီမှာ မရှိပါဘူး။ ပြိုင်ပွဲက ဆက်ကျင်းပနေသလို တင်းနစ် လောကကလည်း ဆက်ပြီး တည်ရှိနေပါတယ်”လို့ ပြောခဲ့ပါတယ်။

နာဒယ်လ်ဟ ရာသီအစ ဂရမ်းဆလမ်း ၂ ခုဖြစ်တဲ့ သြစတြေးလျနဲ့ ပြင်သစ်အိုးပန်းပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပြီး ဝမ်းဗိုက် ကြွက်သား ဒဏ်ရာကြောင့် ဝင်ဘယ်လ်ဒန်အိုးပန်း ဆီမီးကနေ ထွက်ခဲ့ရတာပါ။

စပိန်တင်းနစ် ကစားသမားဟာ ဒဏ်ရာက သက်သာပြီးနောက် ပြီးခဲ့တဲ့လက စင်စင်နတီ မာစတာ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

Source: CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဖီဖာနဲ့ အိန္ဒိယဘောလုံးအဖွဲ့ချုပ်

အိန္ဒိယဘောလုံးအဖွဲ့ချုပ်ကို ဆိုင်းငံ့ထားမှု ဖီဖာပြန်လည်ရုပ်သိမ်း

By CNI
CNI
Category: အားကစား
Hits: 1019

CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၇

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဟာ တတိယအဖွဲ့အစည်း လွှမ်းမိုးမှုကြောင့် အိန္ဒိယဘောလုံးအဖွဲ့ချုပ်ကို ဆိုင်းငံ့တဲ့ ပြစ်ဒဏ် ချထားတာကို ရုပ်သိမ်းလိုက်ပြီလို့ သောကြာနေ့က အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

ဒီလို ဆိုင်းငံ့မှုကို ပြန်လည် ရုပ်သိမ်းလိုက်တာကြောင့် အောက်တိုဘာလ ၁၁ ရက်ကနေ ၃၀ ရက်အထိ အိန္ဒိယ နိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဖီဖာ ယူ-၁၇ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆက်လက် ကျင်းပခွင့် ရသွားခဲ့ တာပါ။

အိန္ဒိယနိုင်ငံရဲ့ အမြင့်ဆုံး တရားရုံးဟာ မေလက အိန္ဒိယဘောလုံးအဖွဲ့ချုပ်ကို ဖျက်သိမ်းခဲ့ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ဖို့နဲ့ ၁၈ လကြာ ဆိုင်းငံ့ထားတဲ့ ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့ ကော်မတီ တစ်ရပ် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ဖီဖာအဖွဲ့ဝင်တွေနဲ့ နိုင်ငံတကာက ဘောလုံးအဖွဲ့ချုပ်တွေဟာ ဥပဒေပိုင်းဆိုင်ရာနဲ့နိုင်ငံရေးမှာ ဝင်ရောက် စွက်ဖက် မှု ကင်းရှင်းရမှာဖြစ်ပြီး ဒီဖွဲ့စည်းထားတဲ့ ကော်မတီကို ဖျက်သိမ်းမယ်ဆိုရင် ဆိုင်းငံ့ထားတဲ့ ဆုံးဖြတ်ချက်ကို ရုပ်သိမ်း ပေးမယ်လို့ ဖီဖာက ပြောပါတယ်။

အိန္ဒိယအသင်းကိုတွေ့ရစဉ်

အိန္ဒိယဘောလုံးအဖွဲ့ချုပ်ဟာ သူတို့ရဲ့ နေ့စဉ် လုပ်ငန်း တာဝန်တွေကို ပြန်လည် ထိန်းချုပ်နိုင်ပြီလို့ ယာယီ အထွေထွေအတွင်းရေးမှူး ဆူနန်ဒိုက ဖီဖာအထွေထွေအတွင်းရေးမှူးထံ အကြောင်းကြားခဲ့ပါတယ်။

ဆိုင်းငံ့ထားတာကို ရုပ်သိမ်းပေးခဲ့ပေမယ့် ဖီဖာနဲ့ အာရှဘောလုံးအဖွဲ့ချုပ်တို့ဟာ သူတို့ရဲ့ အခြေအနေကို ဆက်လက် စောင့်ကြည့်မှာဖြစ်ပြီး အိန္ဒိယဘောလုံးအဖွဲ့ချုပ်ကို ရွေးကောက်ပွဲအချိန်နဲ့ တပြေးညီ ကျင်းပနိုင်ဖို့ ပံ့ပိုးပေးသွားမယ်လို့လည်း သိရပါတယ်။

ဖီဖာကောင်စီ အဖွဲ့ဝင်ဟောင်း ပါတယ်လ် ဦးဆောင်ပြီး အိန္ဒိယဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲကို ၂၀၂၀ ဒီဇင်ဘာလက ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တာမှာ အဆင်မပြေလို့ ရွှေ့ဆိုင်းခဲ့ရပါတယ်။

“အိန္ဒိယဘောလုံးလောကရဲ့ အမှောင်မိုက်ဆုံး အချိန်ဟာ နောက်ဆုံးမှာ ပြီးဆုံးသွားခဲ့ပါပြီ။ ဖီဖာနဲ့ အေအက်ဖ်စီ အထူးသဖြင့် အခက်အခဲဖြစ်နေတဲ့ အချိန်မှာ ကျနော်တို့ကို လမ်းပြပေးတဲ့ အေအက်ဖ်စီ အထွေထွေ အတွင်းရေးမှူးကိုလည်း အထူးကျေးဇူးတင်ပါတယ်”လို့ အိန္ဒိယဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
အေဂျတ်စ်အသင်း ကစားသမား အန်တိုနီ (The Athletic)

အေဂျတ်စ်ကနေ ထွက်ခွာဖို့ ဖေဖော်ဝါရီလကတည်းက ပြောခဲ့ကြောင်း အန်တိုနီဖွင့်ဟ

By CNI
CNI
Category: အားကစား
Hits: 1041

CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၇

ယူနိုက်တက်အသင်းရဲ့ အဓိကပစ်မှတ် အန်တိုနီကတော့ သူ့ကို ထွက်ခွာခွင့်ပေးဖို့ အေဂျတ်စ်အသင်းထံ ဖေဖော်ဝါရီလ ကတည်းက ပြောခဲ့ကြောင်း ဖွင့်ဟလိုက်ပါတယ်။

အန်တိုနီက “အခုနှစ် ဖေဖော်ဝါရီလကတည်းက ကျနော်အသင်းက ထွက်ခွာချင်တဲ့ ဆန္ဒနဲ့ စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်လိုကြောင်းကို ပြောဖို့ အေးဂျင့်တွေက အမ်စတာဒမ်အထိ လာရောက်ခဲ့ပါတယ်။ အလွန်ကောင်းမွန်တဲ့ ကမ်းလှမ်းမှုနဲ့အတူ စိတ်ဝင်စားဖို့ ကောင်းတဲ့ ကမ်းလှမ်းမှုတွေလည်း ရောက်ရှိလာခဲ့ပါတယ်။ ဇွန်လမှာလည်း အပန်းဖြေခရီးကို ရပ်နားခဲ့ပြီး နည်းပြသစ် အပါအဝင် အသင်းက မန်နေဂျာတွေကို ကျနော်ထွက်ခွာချင်တဲ့ ဆန္ဒကို ကိုယ်တိုင်ပြောဖို့ ရောက်လာခဲ့ပါတယ်။ အဲ့ဒီနောက် အေဂျတ်စ်အသင်းဆီက စာချုပ်သက်တမ်းတိုးဖို့ အဆိုပြုချက် ရောက်လာခဲ့ပေမယ့် ကျနော်ကတော့ ထွက်သွားချင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ထပ်ပြောထားပါတယ်”လို့ ဖာဘရီဇီယိုရိုမန်နိုနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

အေဂျတ်စ်အသင်းဟာ အန်တိုနီကို မရောင်းချချင်တာကြောင့် နောက်ဆုံးအကြိမ် ယူရိုသန်း ၉၀ နဲ့ ယူနိုက်တက် အသင်းက ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာကိုလည်း ပယ်ချခဲ့တာ ဖြစ်ပါတယ်။

 အေဂျတ်စ်အသင်းမှာ အတူ လက်တွဲခဲ့တဲ့ အန်တိုနီနဲ့ အဲရစ်တန်ဟတ်  (Planet Football)

အေဂျတ်စ်အသင်းဟာ အခု အပြောင်းအရွှေ့မှာ ကစားသမား အများအပြားကို ဆုံးရှုံးခဲ့ပြီးဖြစ်လို့ အန်တိုနီကိုတော့ ရောင်းချလိုခြင်း မရှိပါဘူး။ ဒါပေမယ့် ဘရာဇီးလ် ကစားသမားကတော့ ထွက်ခွာချင်နေတာကြောင့် အပြောင်း အရွှေ့ ဖြစ်ဖို့ တွန်းအားပေး လုပ်ဆောင်နေပါတယ်။

အန်တိုနီက “ဒီနေ့ ကလပ်အသင်းနဲ့ ပြုလုပ်တဲ့ အစည်းအဝေးမှာလည်း ကလပ်ကနေ ထွက်ခွာချင်ကြောင်းကိုပဲ ထပ် ပြောခဲ့ပါတယ်။ အေဂျတ်စ်အသင်းက ကျနော့်နေရာ အစားထိုးဖို့ ၅ ရက်ပဲ အချိန် ကျန်တော့တယ်ဆိုပြီး ငြင်းခဲ့ပါတယ်။ ကျနော်က ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ ဒတ်ချ်လိဂ်သမိုင်းရဲ့ အမြင့်ဆုံး ပြောင်းရွှေ့ ကြေးနဲ့ ရောင်းချဖို့ အေဂျတ်စ်ကို တောင်းဆိုနေတာပါ။ ဖေဖော်ဝါရီလ ကတည်းက ဒါကို တောင်းဆို နေတာပါ”လို့ ပြောခဲ့ပါတယ်။

အန်တိုနီဟာ အေဂျတ်စ်မှာ လက်တွဲခဲ့တဲ့ နည်းပြဟောင်း အဲရစ်တန်ဟတ် ကိုင်တွယ်နေတဲ့ ယူနိုက်တက်အသင်း ထံ ပြောင်းရွှေ့ဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ လက်ရှိအချိန်မှာ အပြောင်းအရွှေ့အတွက် နှစ်သင်းကြား ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေတာကြောင့် အပြောင်းအရွှေ့ ဖြစ်လာနိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Source: Metro

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကိုဗစ်ကာကွယ်ဆေးမထိုးလို့ အမေရိကန်အိုးပန်း ဂျိုကိုဗစ် မပါဝင်နိုင်

By CNI
CNI
Category: Watch TV
Hits: 700

Share
Tweet
Share
Share
powered by social2s

UEFA တစ်နှစ်တာ အကောင်းဆုံး အမျိုးသားကစားသမားဆု ဘန်ဇီမာ ရရှိ

By CNI
CNI
Category: Watch TV
Hits: 739

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုနဲ့ ကတ်စမဲရိုးကို ယူနိုက်တက်အသင်းမှာ တွေ့ရစဉ် (Public News Time)

ရော်နယ်ဒို ယူနိုက်တက်မှာပဲ ဆက်ရှိဖို့ ကတ်စမဲရိုး မျှော်လင့်

By CNI
CNI
Category: အားကစား
Hits: 1134

CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၆

ယူနိုက်တက်အသင်းရဲ့ ကစားသမားသစ် ကတ်စမဲရိုးက ရော်နယ်ဒိုရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ထင်ကြေးတွေ အမျိုးမျိုး ရှိနေပေမယ့် မန်ချက်စတာကလပ်မှာပဲ ဆက်ရှိဖို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။

ကတ်စမဲရိုးက “ ကျနော်သူ့ကို အလွန်လေးစားတယ်ဆိုတာ သူသိပါတယ်။ သူက အလွန်ကောင်းမွန်တဲ့ ကစား သမားဖြစ်လို့ ကျနော်တို့နဲ့အတူ ဆက်ရှိဖို့ မျှော်လင့်ပါတယ်။ ကျနော် အခုပြောနေတာက အချိန်တိုင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးပါ။ သူက ဂိုးတွေ အများကြီး သွင်းယူထားသူ၊ အောင်နိုင်သူနဲ့ ခေါင်းဆောင်ကောင်း တစ်ဦးပါ။ သူဟာ ကျနော်တို့အတွက် အလွန်အရေးကြီးပါတယ်။ အဲ့ဒါကြောင့် သူ ကျနော်တို့နဲ့အတူ ဆက် ရှိဖို့ တကယ်ကို မျှော်လင့်ပါတယ်”လို့ ESPN ကို ပြောပါတယ်။

ကတ်စမဲရိုးနဲ့ ရော်နယ်ဒိုတို့ဟာ ရီးရယ်လ်အသင်းမှာ ကာလကြာရှည် တွဲကစားပြီး အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ ကတ်စမဲရိုးကို ရီးရယ်လ်အသင်းမှာ တွေ့ရစဉ် (RT)

ဘရာဇီးလ် ကစားသမားဟာ အခုအပြောင်းအရွှေ့မှာ ရီးရယ်လ်အသင်းကနေ ပေါင်သန်း ၆၀ နဲ့ ပြောင်းရွှေ့လာခဲ့ပြီး ယူနိုက်တက်အသင်းနဲ့ လေ့ကျင့်မှုတွေ စတင်ပြုလုပ်နေပါပြီ။ ကတ်စမဲရိုးဟာ စနေနေ့မှာ ကစားမယ့် ဆောက်သမ်တန် အသင်းနဲ့ ပွဲစဉ်မှာ ယူနိုက်တက်အတွက် ပွဲဦးထွက်အဖြစ် ပါဝင်လာဖို့ ရှိနေပါတယ်။

ရော်နယ်ဒိုကတော့ အပြောင်းအရွှေ့ မပိတ်ခင် အချိန်အထိ ယူနိုက်တက်ကနေ ထွက်ခွာခွင့်ရဖို့ မျှော်လင့်နေတာပါ။ ရော်နယ်ဒိုဟာ လီဗာပူးလ် အသင်းနဲ့ပွဲ အပါအဝင် ယူနိုက်တက်အသင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲမှာ ၁ ပွဲ သာ ပွဲအစကတည်းက ပါဝင်ခဲ့ရပြီး ကျန်တဲ့ ၂ ပွဲစလုံးက လူစားဝင်ကစားသမား အဖြစ်သာ ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။

နည်းပြ အဲရစ်တန်ဟတ်ကတော့ ရော်နယ်ဒိုဟာ သူ့ရဲ့ အစီအစဉ်တွေထဲမှာ ပါဝင်နေဆဲ ဖြစ်တယ်လို့ ပြောထား တာပါ။

မကြာသေးခင်က ရော်နယ်ဒိုဟာ ငယ်ဘဝကလပ် စပို့တင်းလစ္စဘွန်းအသင်းထံ ပြန်ဖို့ ၉၉ ရာခိုင်နှုန်း သေချာနေ ပြီလို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် ယူနိုက်တက်ကတော့ ဒါကို ငြင်းဆန်ထားတာ ဖြစ်ပါတယ်။

Source: ESPN

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကိုဗစ်ကာကွယ်ဆေးမထိုးလို့ အမေရိကန်အိုးပန်း ဂျိုကိုဗစ် မပါဝင်နိုင်

By CNI
CNI
Category: အားကစား
Hits: 1319

CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၆

ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်ဟာ ကိုဗစ်စည်းမျဉ်းတွေကြောင့် အမေရိကန်နိုင်ငံကို သွားရောက်နိုင်ခြင်း မရှိတဲ့အတွက် အမေရိကန်အိုးပန်းပြိုင်ပွဲကို ပါဝင်နိုင်တော့မှာမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

ဂျိုကိုဗစ်က “ဝမ်းနည်းစရာကောင်းတာက အမေရိကန်အိုးပန်းယှဉ်ပြိုင်ဖို့ ဒီတစ်ကြိမ်မှာ နယူးယောခ့်ကို သွားရောက်လို့ မရတာပါ။ကျနော်ဟာ ကောင်းမွန်တဲ့ပုံစံတွေနဲ့ အပေါင်းလက္ခဏာဆောင်တဲ့စိတ်ဓါတ်ကို ဆက်ထိန်းပြီး နောက်တစ်ကြိမ်ယှဉ်ပြိုင်ခွင့်ရမယ့် အခွင့်အရေးကိုစောင့်မျှော်နေမှာပါ။ မကြာခင် တင်းနစ်လောကနဲ့ ပြန်တွေ့ ပါမယ်” လို့ ကြာသပတေးနေ့က သူ့ရဲ့တွစ်တာမှာ ရေးသားခဲ့တာပါ။

ဂျိုကိုဗစ်ဟာ ရာသီအစ ဂရမ်းဆလမ်းပွဲစဉ်ဖြစ်တဲ့ သြစတြေးလျအိုးပန်းပြိုင်ပွဲမှာ ကိုဗစ်ကာကွယ်ဆေး မထိုးတဲ့ အတွက်ကြောင့် ပြည်နှင်ဒဏ်ပေးခံခဲ့ရပါတယ်။အမေရိကန်ကလည်း ကိုဗစ်ကာကွယ်ဆေးမထိုးတဲ့ ခရီးသွားတွေကို နိုင်ငံအတွင်း ဝင်ရောက်ခွင့်မပြုတာကြောင့် ဆားဘီးယားတင်းနစ်သမားဟာ ဒီရာသီ ဒုတိယမြောက် ဂရမ်း ဆလမ်းပြိုင်ပွဲကို ပါဝင်နိုင်တော့မှာမဟုတ်ပါဘူး။

 ဂျိုကိုဗစ်ဟာ အစောပိုင်းက အမေရိကန်အိုးပန်းပြိုင်ပွဲရဲ့ ဝင်ခွင့်ရ ကစားသမားစာရင်းမှာ ပါဝင်နေတာကြောင့် ဝင်ပြိုင်ခွင့်ရခဲ့မယ်ဆိုရင် အဆင်သင့်ဖြစ်အောင် ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ ဇူလိုင် ၃၀ ရက်က သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။ဂျိုကိုဗစ်ဟာ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ ဝင်ဘယ်လ်ဒန်အိုးပန်းပြိုင်ပွဲ ပြီး ကတည်းက ပြိုင်ပွဲတွေယှဉ်ပြိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။သူဟာ အဲ့ဒီပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီး ကစားသမားဘ၀ ဂရမ်းဆလမ်းဆုဖလား ၂၁ ကြိမ်မြောက်ကို ရယူနိုင်ခဲ့တာပါ။

လက်ရှိဂရမ်းဆလမ်းဆုဖလားအများဆုံးရထားတဲ့ အမျိုးသားကစားသမားက နာဒယ်လ်ဖြစ်ပြီး သူဟာ ၂၂ ကြိမ် ရယူထားတာကြောင့် ဂျိုကိုဗစ်ကတော့ နာဒယ်လ်ကို အမှီလိုက်နိုင်ဖို့ ကြိုးစားနေခဲ့တာဖြစ်ပါတယ်။ဂျိုကိုဗစ်ဟာ ကပ်ရောဂါအမြင့်ဆုံးဖြစ်နေတဲ့ ၂၀၂၀ နဲ့ ၂၀၂၁ အချိန် နယူးယော့ခ်မှာကျင်းပတဲ့ အမေရိကန်အိုးပန်းမှာ ပါဝင်ခွင့် ရခဲ့တာကြောင့် အခုတစ်ကြိမ်ပိတ်ပင်မှုဟာ ဟာသပဲလို့ တင်းနစ်အကျော်အမော်ဟောင်း ဂျွန်မက်အင်ရိုးက ပြော ထားတာပါ။

ဒီရာသီနောက်ဆုံး ဂရမ်းဆလမ်းပြိုင်ပွဲဖြစ်တဲ့ အမေရိကန်အိုးပန်းကို သြဂုတ်လ ၂၉ ရက်ကနေ စက်တင်ဘာလ ၁၁ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

Source:ChannelNewsAsia

 

 

 

 

Share
Tweet
Share
Share
powered by social2s

၁၂ နှစ်အကြာမှ ချန်ပီယံလိဂ်အုပ်စုအဆင့် ရိန်းဂျားစ်အသင်း ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရ

By CNI
CNI
Category: Watch TV
Hits: 721

Share
Tweet
Share
Share
powered by social2s

ဘောလုံးပွဲပြန်စတာဟာ ယူကရိန်းက အရှုံးမပေးဘူးဆိုတာ ပြတာလို့ ဇင်ချန်ကိုပြော

By CNI
CNI
Category: Watch TV
Hits: 687

Share
Tweet
Share
Share
powered by social2s

ကစားသမားတွေကို အပြစ်ပေးမှုမှာ အဲရစ်တန်ဟတ် ကိုယ်တိုင်လည်း ပါဝင်

By CNI
CNI
Category: Watch TV
Hits: 694

Share
Tweet
Share
Share
powered by social2s

ကျူးကျော်စစ်ကို တိုက်နေတဲ့ ယူကရိန်းမှာ ဘောလုံးပွဲတွေ ပြန်ကျင်းပ

By CNI
CNI
Category: Watch TV
Hits: 637

Share
Tweet
Share
Share
powered by social2s

၁၂ နှစ်အကြာမှ ချန်ပီယံလိဂ်အုပ်စုအဆင့် ရိန်းဂျားစ်အသင်း ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရ

By CNI
CNI
Category: အားကစား
Hits: 1032

CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၅

ရိန်းဂျားစ်အသင်းဟာ ချန်ပီယံလိဂ်ခြေစစ်ပွဲပလေးအောဖ့်အဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ပီအက်စ်ဗွီအသင်းကို အနိုင်ရပြီး အုပ်စုအဆင့်ကို ၁၂ နှစ်အကြာမှ ပထမဆုံးအကြိမ်ယှဉ်ပြိုင်ခွင့် ရရှိသွားပြီဖြစ်ပါတယ်။

ဒုတိယအကျော့အဖြစ် ပီအက်စ်ဗွီအသင်းအိမ်ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ရိန်းဂျားစ်အသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင် ရရှိခဲ့တာပါ။ပထမအကျော့အဖြစ်ကစားခဲ့တုန်းက ၂ ဂိုးစီသရေကျခဲ့တဲ့အတွက် နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး- ၂ ဂိုးနဲ့ ရိန်းဂျားစ်အသင်း အနိုင်ရပြီး အုပ်စုအဆင့်ယှဉ်ပြိုင်ခွင့်ရရှိသွားခဲ့တာဖြစ်ပါတယ်။

ရိန်းဂျားစ်အတွက်တော့ ၂၀၁၀ နောက်ပိုင်း ပထမဆုံးအကြိမ်ချန်ပီယံလိဂ် အုပ်စုအဆင့်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာပါ။ ဒါ့အပြင် စကော့တလန် ကလပ်အသင်းတွေဖြစ်တဲ့ ရိန်းဂျားစ်နဲ့ ဆဲလ်တစ်အသင်းတို့ဟာ ၂၀၀၇ နောက်ပိုင်း ပထမဆုံးအကြိမ် အုပ်စုအဆင့်ကို အတူတူယှဉ်ပြိုင်ခွင့်ရရှိသွားတာဖြစ်ပါတယ်။

ရိန်းဂျားစ်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ရီးရယ်လ်မက်ဒရစ်၊မန်စီးတီး၊လီဗာပူးလ်၊ ပီအက်စ်ဂျီ၊ ဘိုင်ယန် မြူးနစ်စတဲ့ အသင်းကြီးတွေနဲ့ တစ်အုပ်စုတည်းကျရောက်နိုင်တာပါ။ရိန်းဂျားစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက နည်းပြ ဗန်ဘရွန်ခရော့စ်ကိုင်တွယ်မှုနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲအထိတက်နိုင်ခဲ့ပြီး အခုနှစ်မှာ ချန်ပီယံလိဂ်ယှဉ်ပြိုင် ခွင့်ရခဲ့တာဖြစ်ပါတယ်။

ဗန်ဘရွန်ခရော့စ်က “လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ကျနော်တို့ဟာ ကျနော်တို့သမိုင်းရဲ့ အနိမ့်ဆုံးမှာရှိခဲ့ပါတယ်။ ကလပ်ကိုအခုအောင်မြင်နေတဲ့ အဆင့်ရောက်ရှိအောင် ပြန်လည်တည်ဆောက်ဖို့ ကျနော်တို့ တကယ်ကို ကြိုးစား ခဲ့ရတာပါ။အသင်းကိုကောင်းမွန်စွာပြင်ဆင်ထားပြီး ဒီရာသီမှာ ချန်ပီယံလိဂ်သီချင်းကို ပြန်နားထောင်နိုင်ဖို့က ကျနော်နဲ့ ဒီကလပ်မှာရှိတဲ့သူတိုင်းအတွက် စိန်ခေါ်မှုကြီးတစ်ခုပါပဲ။ အကောင်းဆုံးအသင်းတွေနဲ့ ကစားရတာက ကျနော်တို့အတွက် ဂုဏ်ယူစရာအကောင်းဆုံး အခိုက်အတန့်ပါပဲ” လို့ ပြောခဲ့တာပါ။

ရိန်းဂျားစ်အသင်းနဲ့အတူ ဗစ်တိုးရီးယားပလာဇန်၊ ဒိုင်နမိုဇာဂရက်၊ မက္ကာဘီဟိုင်ဖာ၊ ကိုပင်ဟေဂင်နဲ့ ဘင်ဖီကာ အသင်းတို့ဟာ ပလေးအောဖ့်အဆင့်ကနေ ချန်ပီယံလိဂ်အုပ်စုအဆင့်ကို ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

Source:DailyMail

 

 

 

 

Share
Tweet
Share
Share
powered by social2s
စစ်ပွဲနဲ့အတူ ယူကရိန်းအမှတ်ပေးလိဂ်ပြိုင်ပွဲ ကျင်းပ (AFP)

ကျူးကျော်စစ်ကို တိုက်နေတဲ့ ယူကရိန်းမှာ ဘောလုံးပွဲတွေ ပြန်ကျင်းပ

By CNI
CNI
Category: အားကစား
Hits: 1201

CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၄

ရှက်တာဒိုးနတ်နဲ့ မီတာလစ်အသင်းတို့ရဲ့ အမှတ်ပေးလိဂ်ပြိုင်ပွဲရဲ့ ရာသီသစ်ပွဲစဉ်နဲ့အတူ ကျူးကျော်စစ်ကို တိုက်နေပြီး စစ်ဘေးသင့်နေတဲ့ ယူကရိန်းနိုင်ငံမှာ သြဂုတ်လ ၂၃ ရက်က ဘောလုံးပြိုင်ပွဲတွေ ပြန်လည်ပြီးတော့ ကျင်းပ နေပါတယ်။

ကိဗ်အိုလံပစ် အားကစားကွင်းမှာ ပရိသတ်မပါဘဲ ကစားခဲ့တဲ့ ဒီပွဲစဉ်ကတော့ ဂိုးမရှိ သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါ တယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ရုရှားရဲ့ကျူးကျော်မှုကြောင့် ပြိုင်ပွဲ ဆက်မကျင်းပ နိုင်တော့ဘဲ ရပ်နားခဲ့ရတဲ့ ယူကရိန်း ပရီးမီးယားလိဂ်ဟာ အခုမှ ပြန်လည် ကျင်းပနိုင်တာ ဖြစ်ပါတယ်။

ဒီပွဲဟာ ရှက်တာဒိုးနတ်နဲ့ မီတာလစ်အသင်း ၂ သင်းစလုံးအတွက် ၉ လတာ ကာလအတွင်း ပြိုင်ပွဲအသွင်အဖြစ် ပထမဆုံး ယှဉ်ပြိုင်ခဲ့ရတဲ့ ပွဲလည်း ဖြစ်ပါတယ်။

ယူကရိန်း ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဗုံးဒဏ် ကာကွယ်ရေး အမိုးကာတွေ ပါဝင်တဲ့ နေရာတွေမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပွဲစဉ်အများစုကို ကိဗ်မြို့အနီးကို ဗဟိုပြု ကျင်းပသွားမှာဖြစ်ပါတယ်။

 ဇာလန်းစကီး မိန့်ခွန်းပြောနေတာကို ပြသထား (GETTY IMAGES)

ဒါပေမယ့် ပရိသတ်တွေကိုတော့ အားကစားကွင်းထဲ ဝင်ရောက်ခွင့်ပြုမှာ မဟုတ်ပါဘူး။ ချာနီဟစ်ဗ်နဲ့ မာရီပေါလ် အသင်းတို့ မပါဝင်ဘဲ အသင်း ၁၆ သင်းနဲ့ အမှတ်ပေးလိဂ်ပြိုင်ပွဲကို စတင်ကျင်းပနေတာ ဖြစ်ပါတယ်။

ရှက်တာဒိုးနတ်နည်းပြ ဂျိုဗီဆီဗစ်က “ဒါက ကျနော်တို့ရဲ့ အလုပ်ပါ။ ယူကရိန်းဟာ ရပ်တန့်မနေဘဲ ဆက်လက် တည်ရှိနေတယ်ဆိုတာကို ကမ္ဘာကြီးကို ပြသနိုင်ဖို့အတွက် အလွန်ကြီးမားတဲ့ တာဝန်တစ်ရပ်လို့ ကျနော်တို့ ခံယူ ထားပါတယ်။ ဘောလုံးဆိုတာ နိုင်ငံတစ် ဝှမ်းလုံးနဲ့ ကျနော်တို့ အားလုံးအတွက် တိုက်ပွဲဝင်နေကြတဲ့ ပြည်သူတွေ ကို စိတ်ခံစားမှုဖြစ်စေတဲ့ အချက်ပါ။ ဒါဟာ ရှက်တာအတွက် သာမကဘဲ ယူကရိန်းပရီးမီးယားလိဂ်နဲ့ ကျနော်တို့ အတွက် အလွန်အရေးကြီးပါတယ်”လို့ ပွဲမတိုင်ခင် သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒီပွဲမှာ ရှက်တာဒိုးနတ်အသင်းနဲ့ မီတာလစ်အသင်းတို့ရဲ့ ကစားသမားတွေ အပါအဝင် တာဝန်ရှိသူတွေဟာ ယူကရိန်း အလံကို လွှမ်းခြုံပြီး ဥမင်လှိုဏ်ခေါင်းကနေ ထွက်လာကာ အားကစားကွင်းကြီးရဲ့ ကြီးမားတဲ့ မျက်နှာ ပြင်ပေါ်မှာ သမ္မတ ဇာလန်းစကီးပြောတဲ့ မိန့်ခွန်းကို နားထောင်ခဲ့ကြပါတယ်။

ရာသီသစ်ရဲ့ ပွဲစဉ်တိုင်း လိုလိုမှာ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ ဝေဟင်ကနေ တိုက်ခိုက်တဲ့ ဥသြသံတွေ ကြားရရင် ကစားသမားတွေနဲ့ တာဝန်ရှိသူတွေကို ကယ်ဆယ်ရေးစခန်းဆီ ရွှေ့ပြောင်းဖို့ အဆင်သင့် ရှိနေကြပါတယ်။

အခုနှစ်ရာသီ ယူကရိန်းလိဂ်ပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃ ရက်အထိ ကျင်းပဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Source: BBC/CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s
အိန္ဒိယဘောလုံးအဖွဲ့ချုပ်နဲ့ တရားရုံးကိုတွေ့ရစဉ် (News Waali)

ဖီဖာရဲ့ ဆိုင်းငံ့မှုကို ရုပ်သိမ်းပေးဖို့ အိန္ဒိယဘောလုံးအဖွဲ့ချုပ် တောင်းဆို

By CNI
CNI
Category: အားကစား
Hits: 891

CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၄

နိုင်ငံတွင်း အားကစားကို အုပ်ချုပ်နိုင်ဖို့ တရားရုံးကခန့်ထားတဲ့ ကော်မတီရဲ့ လုပ်ပိုင်ခွင့်ကို ဒီအပတ်ထဲမှာ ရပ်စဲ လိုက်ပြီးနောက် အိန္ဒိယဘောလုံးအဖွဲ့ချုပ်က သူတို့ကို ချမှတ်ထားတဲ့ ဆိုင်းငံ့မှုကို ရုပ်သိမ်းပေးဖို့ ဖီဖာထံ တောင်းဆိုခဲ့ပါတယ်။

အိန္ဒိယရဲ့ အမြင့်ဆုံး တရားရုံးဟာ မေလက အိန္ဒိယဘောလုံးအဖွဲ့ချုပ်ကို ဖျက်သိမ်းခဲ့ပြီး ဒါကို အုပ်ချုပ်နိုင်ဖို့ အတွက် အဖွဲ့ဝင် ၃ ဦးပါ ကော်မတီတစ်ရပ်ကို ခန့်အပ်ခဲ့ပါတယ်။ ဒီ ၃ ဦးပါ ကော်မတီဟာ အဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့နဲ့ ၁၈ လကြာ ဆိုင်းငံ့ထားတဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။

ဖီဖာက တတိယအဖွဲ့အစည်းရဲ့ လွှမ်းမိုးမှုကြီးမားတာကြောင့် အိန္ဒိယဘောလုံးအဖွဲ့ချုပ်ကို အခုလထဲမှာ ပိတ်ပင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒါပေမယ့် အဖွဲ့ချုပ်အနေနဲ့ သူတို့ရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်တာနဲ့ ဆိုင်းငံ့ထားတာကို ရုပ်သိမ်းပေးမယ်လို့ ဖီဖာက ပြောပါတယ်။

အိန္ဒိယဘောလုံးအသင်းကိုတွေ့ရစဉ် (Goal)

တနင်္လာနေ့မှာ အိန္ဒိယတရားရုံးချုပ်က ကော်မတီရဲ့ လုပ်ပိုင်ခွင့်ကို ရပ်စဲဖို့နဲ့ နိုင်ငံရဲ့ ဘောလုံးရေးရာစီမံခန့်ခွဲမှုကို အိန္ဒိယဘောလုံးအဖွဲ့ချုပ်ထံ ပြန်လည်လွှဲပြောင်းပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အိန္ဒိယဘောလုံးအဖွဲ့ချုပ်ဟာ တရားရုံး ရဲ့ စီရင်ချက်ချမှုနဲ့ ပတ်သက်ပြီး ဖီဖာ အထွေထွေအတွင်းရေးမှူးထံ အင်္ဂါနေ့က စာပေးပို့ကာ လျှောက်ထားခဲ့ပါတယ်။

ဖီဖာကတော့ အိန္ဒိယဘောလုံးအဖွဲ့ချုပ် ပေးပို့တဲ့စာနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုတာကို ချက်ချင်း တုံ့ပြန်ခြင်း မရှိခဲ့ပါဘူး။ အိန္ဒိယနိုင်ငံဟာ ယူ-၁၇ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို အောက်တိုဘာ ၁၁ ရက်ကနေ ၃၀ ရက်အထိ အိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိထားပြီး အခုလို ဆိုင်းငံ့ထားတာကြောင့် အိမ်ရှင်ဖြစ်ခွင့် အခွင့်အရေး ဆုံးရှုံးရဖွယ် ရှိနေတာပါ။

အရင်က ဖီဖာကောင်စီအဖွဲ့ဝင် ပါတယ်လ်က ဦးဆောင်ပြီး အိန္ဒိယဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲကို ၂၀၂၀ ဒီဇင်ဘာလက ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် ဖွဲ့စည်းပုံပြင်ဆင်ဖို့ အဆင်မပြေခဲ့လို့ ရွှေ့ဆိုင်းခဲ့ရပါတယ်။

အိန္ဒိယဘောလုံးအဖွဲ့ချုပ်ဟာ လက်ရှိအချိန်မှာ ရွေးကောက်ပွဲကို လာမယ့်လ အစောပိုင်းမှာ ကျင်းပဖို့ စီစဉ် ထားတာ ဖြစ်ပါတယ်။

Source: CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s
မန်ယူကစားသမားများနဲ့အတူ တွေ့ရတဲ့ အဲရစ်တန်ဟတ် (GETTY IMAGES)

ကစားသမားတွေကို အပြစ်ပေးမှုမှာ အဲရစ်တန်ဟတ် ကိုယ်တိုင်လည်း ပါဝင်

By CNI
CNI
Category: အားကစား
Hits: 1030

CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၄

အဲရစ်တန်ဟတ်ဟာ ဘရန်ဖို့ဒ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်က စွမ်းဆောင်ရည်ကို အပြစ်ပေးတဲ့ အနေနဲ့ ယူနိုက်တက် ကစားသမားတွေကို ၁၃.၈ ကီလိုမီတာ ပြေးခိုင်းတာမှာ သူကိုယ်တိုင်လည်း ပါဝင် လုပ်ဆောင် ခဲ့တယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းဟာ လီဗာပူးလ်အသင်းကို အိုးထရက်ဖို့ဒ်မှာ ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် နိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။

လီဗာပူးလ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ယူနိုက်တက် ကစားသမားတွေဟာ ဘရန်ဖို့ဒ်နဲ့ ပွဲစဉ်က စွမ်းဆောင်ရည်နဲ့ ဆန့် ကျင်ပြီး အလွန်ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကစားသမားတွေဟာ ဘရန်ဖို့ဒ်နဲ့ ပွဲစဉ်အပြီး နောက်တစ်ရက်မှာ စွမ်းဆောင်ရည်ကို အပြစ်ပေးတဲ့အနေနဲ့ ၁၃.၈ ကီလိုမီတာ အပြေးလေ့ကျင့်မှု ပြုလုပ်ခံရတာပါ။

အဲရစ်တန်ဟတ် ကိုယ်တိုင်လည်း ပူပြင်းတဲ့ နေရောင်အောက်မှာ ကစားသမားတွေနဲ့အတူ ပါဝင်ပြေးခဲ့တာကြောင့် ကစားသမားတွေရဲ့ အထင်ကြီးမှုကို ရခဲ့တယ်လို့ မေရာသတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

လေ့ကျင့်ရေးဆင်းနေတဲ့ မန်ယူကစားသမားများ(Manchester United)

“ကစားသမားတွေဟာ အခုလို ပြေးခိုင်းတဲ့အတွက် အဲရစ်တန်ဟတ်ကို ဒေါသထွက်ခဲ့ကြပါတယ်။ ဒါပေမယ့် မန်နေဂျာကပါ သူတို့နဲ့အတူ ပါဝင်လုပ်ဖို့ စီစဉ်လာတဲ့အတွက် ကစားသမားတွေက အံ့သြတုန်လှုပ်သွား ခဲ့ကြ ပါတယ်။ သူကိုယ်တိုင်လည်း ဒီမှာ အပြစ်ရှိတယ်လို့ ခံစားရတာကြောင့် ပါဝင်ခဲ့တယ်”လို့ ယူနိုက်တက် လေ့ကျင့် ရေးကွင်းမှ သတင်းရင်းမြစ်က မေရာကို ပြောခဲ့ပါတယ်။

ဒီလို လုပ်ဆောင်ခဲ့တာကြောင့် လီဗာပူးလ်နဲ့ပွဲမှာ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ပိုင်းဟာ အလွန် ကောင်းမွန် ခဲ့ပြီး နိုင်ပွဲကို ရှာဖွေနိုင်ခဲ့ပါတယ်။ ယူနိုက်တက် ကစားသမားတွေဟာ လီဗာပူးလ်နဲ့ ပွဲအပြီး နောက်တစ်ရက်မှာ လည်း အပြေးလေ့ကျင့်မှုတွေ၊ ဂိုးကန်သွင်းမှုအတွက် လေ့ကျင့်တာတွေကိုပါ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ယူနိုက်တက်အသင်းဟာ အခုလာမယ့် စနေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၄ အဖြစ် ဆောက်သမ်တန်အသင်းရဲ့ အိမ် ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Metro

 

 

 

Share
Tweet
Share
Share
powered by social2s
  • 42
  • 43
  • 44
  • 45
  • 46
  • 47
  • 48
  • 49
  • 50
  • 51

Page 47 of 81

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar