CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၄

အဲရစ်တန်ဟတ်ဟာ ဘရန်ဖို့ဒ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်က စွမ်းဆောင်ရည်ကို အပြစ်ပေးတဲ့ အနေနဲ့ ယူနိုက်တက် ကစားသမားတွေကို ၁၃.၈ ကီလိုမီတာ ပြေးခိုင်းတာမှာ သူကိုယ်တိုင်လည်း ပါဝင် လုပ်ဆောင် ခဲ့တယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းဟာ လီဗာပူးလ်အသင်းကို အိုးထရက်ဖို့ဒ်မှာ ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် နိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။

လီဗာပူးလ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ယူနိုက်တက် ကစားသမားတွေဟာ ဘရန်ဖို့ဒ်နဲ့ ပွဲစဉ်က စွမ်းဆောင်ရည်နဲ့ ဆန့် ကျင်ပြီး အလွန်ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကစားသမားတွေဟာ ဘရန်ဖို့ဒ်နဲ့ ပွဲစဉ်အပြီး နောက်တစ်ရက်မှာ စွမ်းဆောင်ရည်ကို အပြစ်ပေးတဲ့အနေနဲ့ ၁၃.၈ ကီလိုမီတာ အပြေးလေ့ကျင့်မှု ပြုလုပ်ခံရတာပါ။

အဲရစ်တန်ဟတ် ကိုယ်တိုင်လည်း ပူပြင်းတဲ့ နေရောင်အောက်မှာ ကစားသမားတွေနဲ့အတူ ပါဝင်ပြေးခဲ့တာကြောင့် ကစားသမားတွေရဲ့ အထင်ကြီးမှုကို ရခဲ့တယ်လို့ မေရာသတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

လေ့ကျင့်ရေးဆင်းနေတဲ့ မန်ယူကစားသမားများ(Manchester United)

“ကစားသမားတွေဟာ အခုလို ပြေးခိုင်းတဲ့အတွက် အဲရစ်တန်ဟတ်ကို ဒေါသထွက်ခဲ့ကြပါတယ်။ ဒါပေမယ့် မန်နေဂျာကပါ သူတို့နဲ့အတူ ပါဝင်လုပ်ဖို့ စီစဉ်လာတဲ့အတွက် ကစားသမားတွေက အံ့သြတုန်လှုပ်သွား ခဲ့ကြ ပါတယ်။ သူကိုယ်တိုင်လည်း ဒီမှာ အပြစ်ရှိတယ်လို့ ခံစားရတာကြောင့် ပါဝင်ခဲ့တယ်”လို့ ယူနိုက်တက် လေ့ကျင့် ရေးကွင်းမှ သတင်းရင်းမြစ်က မေရာကို ပြောခဲ့ပါတယ်။

ဒီလို လုပ်ဆောင်ခဲ့တာကြောင့် လီဗာပူးလ်နဲ့ပွဲမှာ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ပိုင်းဟာ အလွန် ကောင်းမွန် ခဲ့ပြီး နိုင်ပွဲကို ရှာဖွေနိုင်ခဲ့ပါတယ်။ ယူနိုက်တက် ကစားသမားတွေဟာ လီဗာပူးလ်နဲ့ ပွဲအပြီး နောက်တစ်ရက်မှာ လည်း အပြေးလေ့ကျင့်မှုတွေ၊ ဂိုးကန်သွင်းမှုအတွက် လေ့ကျင့်တာတွေကိုပါ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ယူနိုက်တက်အသင်းဟာ အခုလာမယ့် စနေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၄ အဖြစ် ဆောက်သမ်တန်အသင်းရဲ့ အိမ် ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Metro