CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၁

မန်ချက်စတာယူနိုက်တက် နည်းပြသစ် အဲရစ်တန်ဟတ် ဟာ အခုနွေရာသီမှာ အနည်းဆုံး ကစားသမား ၅ ဦးအထိ ခေါ်ယူနိုင် ဖို့ စီစဉ်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။

အဲရစ်တန်ဟတ် ဟာ ခေါ်ယူမယ့် ကစားသမား အများအပြားကို စာရင်းပြုစု ထားပေမယ့် ပြန်လည် တည်ဆောက်ရမယ့် အသင်းကို ကူညီနိုင်ဖို့အတွက် ထိပ်တန်း ပစ်မှတ်တွေကို ဖော်ထုတ်ထားတယ်လို့ မန်ချက်စတာ ညနေခင်း သတင်းက ဖော်ပြထားတာပါ။

အဲရစ်တန်ဟတ် ခေါ်ယူချင်နေတဲ့ သူတွေကတော့ ဘာစီလိုနာအသင်းက ဒီဂျောင်၊ စပါးကွင်းလယ်လူဟောင်း အဲရစ်ဆန်၊ အေဂျတ်စ် ကစားသမားတွေဖြစ်တဲ့ တင်ဘာ၊ အန်တိုနီ နဲ့ အရန်ဂိုးသမား တစ်ဦး ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီဂျောင်ကို ဦးစားပေး ကြိုးစားနေပြီး ကလပ်အသင်းရဲ့ စီအီးအိုက ဒီဂျောင် အသင်းထံ ရောက်လာဖို့ အရာအားလုံး လုပ်ဆောင်သွားမယ်လို့ ပြောထားပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီဂျောင်အတွက် မန်ချက်စတာယူနိုက်တက်ရဲ့ ပထမအကြိမ် ကမ်းလှမ်းမှုကို ပယ်ချထားပေမယ့် မန်ချက်စတာကလပ်ကတော့ ပြောင်းရွှေ့ကြေး ထပ်တိုးပေးပြီး ကမ်းလှမ်းဖို့ ရှိနေတာ ဖြစ်ပါတယ်။

 အဲရစ်တန်ဟတ်ကို တွေ့ရစဉ်

ဘရန်ဖို့ဒ်အသင်းမှာ မယုံနိုင်ဖွယ် ကောင်းမွန်ခဲ့တဲ့ အဲရစ်ဆန်ကို အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ မန်ချက်စတာ ယူနိုက်တက်က ကြိုးစားနေသလို ခေါ်ယူနိုင်မယ်လို့လည်း အသင်းက ယုံကြည်မှု ရှိနေပါတယ်။

ဒတ်ချ်လူမျိုး နည်းပြဟာ ပြီးခဲ့တဲ့ ရာသီက အေဂျတ်စ်မှာ အတူတွဲ အလုပ်လုပ်ပြီး ဆုဖလား အောင်မြင်မှုတွေ ရခဲ့တဲ့ ကစား သမား ၂ ဦးကို အင်္ဂလန်ကလပ်မှာ ထပ်မံ အလုပ်တွဲလုပ်ဖို့ မျှော်လင့်နေတာပါ။ တောင်ပံ ကစားသမား အန်တိုနီကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူနိုင်ဖို့ ကလပ်အသင်း အကြီးအကဲတွေက အမ်စတာဒမ်အထိ သွားရောက်ပြီး လုပ်ဆောင်နေတယ်လို့လည်း သိရ ပါတယ်။

နောက်ခံလူ တင်ဘာကိုလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြဟောင်း ဗန်ဟားလ် က မပြောင်းရွှေ့ဖို့ တားမြစ်ထားပါတယ်။

တင်ဘာ အနေနဲ့ ပထမအသင်းမှာ ပုံမှန်ကစားခွင့်ရမှ ကမ္ဘာ့ဖလားပြိုင်ပွဲကို ခေါ်ဆောင်သွားမယ်လို့ ပြောထားတာကြောင့် ကစားသမားဟာ အေဂျတ်စ်မှာပဲ ဆက်နေဖို့ ရှိနေပါတယ်။ လက်ရှိ မန်ချက်စတာ ယူနိုက်တက်အသင်း ဂိုးသမားဖြစ်တဲ့ ဒိန်းဟန်ဒါဆန် ဟာ အသင်းက ထွက်ခွာဖွယ်ရှိတာကြောင့် အရန်ဂိုးသမားတစ်ဦး ခေါ်ယူဖို့ လိုအပ်နေတာပါ။

အဲ့ဒါကြောင့် နယူးကာဆယ်အသင်း ဂိုးသမား ကားလ်ဒါလော့နဲ့ ဝက်ဖို့ဒ်အသင်း ဂိုးသမား ဘတ်ချ်မန်းတို့ထဲက တစ်ဦးကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

Source: The Sun