CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၅

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အဲရစ်ဆန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာလိုက်ပါတယ်။

အဲရစ်ဆန်ဟာဆိုရင် ပြီးခဲ့တဲ့ ရာသီက ဘရန်ဖို့ဒ် အသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် အခု မန်ချက်စတာ ယူနိုက်တက် အသင်းက အဲရစ်ဆန်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပြီးတော့  ၂၀၂၅ အထိ ၃ နှစ် စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

နည်းပြ အဲရစ်တန်ဟတ်ဟာ သူတည်ဆောက်မယ့် အသင်းကွင်းလယ်ပိုင်းအတွက် အဲရစ်ဆန်ကို အမိအရ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

အဲရစ်ဆန်က " ကျနော့်မှာ ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိနေ‌ဆဲပါ။ ကျနော် အောင်မြင်မှုတွေ ရယူနိုင်တယ်ဆိုတာကို သိထား တဲ့ ပမာဏတွေလည်း အများကြီး ရှိပါတယ်။ ဒါက ကျနော့်ရဲ့ ခရီးကို ဆက်ဖို့ ပြီးပြည့်စုံတဲ့ နေရာပါ။ ယူနိုက်တက်ဟာ အလွန် ကောင်းမွန်တဲ့ အသင်းဖြစ်ပြီး သူတို့နဲ့ စတင်ဖို့ မစောင့်နိုင်တော့ဘူး"လို့ ပြောခဲ့ပါတယ်။

အဲရစ်ဆန်ဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းရဲ့ ဒုတိယမြောက် ကစားသမား  ခေါ်ယူမှုပါ။ ပထမဆုံး ခေါ်ယူခဲ့တဲ့ ကစားသမားက ဖီယင်နုအသင်းရဲ့ နောက်ခံလူ မာလာစီယာ ဖြစ်ပါတယ်။

Source: BBC