CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၅

၂၀၂၂ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲအဖြစ် ထိုင်းအသင်းနဲ့ မြန်မာအသင်းတို့ ကစားခဲ့ရာ ထိုင်းအသင်းက ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ထိုင်းအသင်းဟာ ဂိုးတွေကို ပွဲချိန် ၄၅ မိနစ်နဲ့ ၈၃ မိနစ်မှာ သွင်းယူခဲ့တာပါ။ဒီပွဲမှာ မြန်မာအသင်းဘက်က ဂိုးကန်သွင်းခွင့်တွေ ရခဲ့ပေမယ့် ထိုင်းအသင်း ဂိုးသမားလက်စွမ်းပြကာကွယ်နိုင်ခဲ့တာနဲ့ အဆုံးသတ်ပိုင်း အားနည်းမှုတွေကြောင့် သွင်းဂိုးမရရှိခဲ့တာ ဖြစ်ပါတယ်။အဲဒါကြောင့် ပွဲအပြီးမှာ ထိုင်းအသင်းက ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်သွားခဲ့ကာ မြန်မာအသင်း ကတော့ တတိယနေရာသာ လုရတော့မှာပါ။

နောက်ထပ်ဆီမီးဖိုင်နယ် ပွဲစဉ်တစ်ပွဲအဖြစ် ဗီယက်နမ်နဲ့ ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းက ထိုင်းနဲ့ဗိုလ်လုပွဲ၊ အရေးနိမ့်တဲ့အသင်းက မြန်မာနဲ့ တတိယနေရာလုရမှာ ဖြစ်ပါတယ်။ဒီပွဲတွေကိုတော့ ဇူလိုင်လ ၁၇ ရက်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။