CNI International News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၇

ဂရင်းဝုဒ်ဟာ ဖမ်းဆီးခံရပြီးနောက် စုံစမ်းစစ်ဆေးမှုတွေဆက်လက်ပြုလုပ်ခံနေရပြီး လာမယ့်အပတ် တရားရုံးမှာ အာမခံကြားနာမှုနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ကစားသမားဟာ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှု၊ ကျူးလွန်မှုသံသယ တို့နဲ့ ဖမ်းဆီးခံခဲ့ရတာပါ။

အဲဒါကြောင့် ကစားသမားဟာ လာမယ့်အပတ် တရားရုံးမှာ သူ့ရဲ့ အာမခံလျှောက်ထားမှု ကို ကြားနာရမှာဖြစ်ပါတယ်။ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေကာ ဂရိတ် မန်ချက်စတာရဲတပ်ဖွဲ့က ဂရင်းဝုဒ်ရဲ့ အာမခံသက်တမ်းတိုးဖို့အတွက် တရားရုံးတွေကို လျှောက်ထားခဲ့တာပါ။

ကြားနာမှုကို ဇွန်လ ၂၃ ရက် မန်ချက်စတာရှိ ဆဲလ်ဖိုဒ့် Magistrates တရားရုံးမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီ ကြားနာမှုကို မီဒီယာတွေနဲ့ ပြည်သူတွေတက်ရောက်ခွင့်ရမှာမဟုတ်သလို ဂရင်းဝုဒ်လည်း ဒီနေရာကို တက်ရောက် သွားဖို့ မရှိပါဘူး။

ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်စဉ်တွေကို အမျိုးသမီးတစ်ဦးက သူ့ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ဓါတ်ပုံတွေနဲ့ ဗီဒီယိုတွေတင်ခဲ့တာဖြစ်ပါတယ်။ဒါကို ရဲတပ်ဖွဲ့က လက်ခံရရှိပြီးနောက် ဂရင်းဝုဒ်ကို ဇန်နဝါရီမှာ ဖမ်းဆီးခဲ့တာပါ။

အင်္ဂလန်တိုက်စစ်မှူးကို ကနဦးက မုဒိမ်းမှု၊စော်ကားမှု သံသယတို့နဲ့ ဖမ်းဆီးခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာ လိင်ပိုင်းဆိုင်ရာစော်ကားမှု၊သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်မှုတွေနဲ့ပါ ထပ်တိုး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ အာမခံမရရှိခင် အချုပ်မှာ ၃ ရက်ကြာနေထိုင်ခဲ့ရတာပါ။ဧပြီလမှာတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့ စွပ်စွဲချက်တွေကို ဆက်လက်စုံစမ်းနေပြီး ဂရင်းဝုဒ်ရဲ့အာမခံကို သက်တမ်းတိုးဖို့ ကြိုးပမ်းသွားမယ်လို့ ပြောခဲ့တာပါ။

ဆဲလ်ဖိုဒ့် Magistrates တရားရုံးက ဂရင်းဝုဒ်ရဲ့ ကြားနာမှုကို လာမယ့်ကြာသပတေးနေ့မှာ ပြုလုပ် သွားမယ်လို့ အတည်ပြုခဲ့ပြီး ဂရင်းဝုဒ်တက်ရောက်ဖို့ မလိုအပ်ဘူးလို့လည်း ပြောခဲ့ပါတယ်။

မန်ချက်စတာအသင်းကတော့ နောက်ထပ်ထုတ်ပြန်ချက်တွေ မထုတ်ပြန်ခင်အချိန်ထိ ဂရင်းဝုဒ်ကို အသင်းလူ စာရင်းမှာ ရွေးချယ်သွားမှာမဟုတ်သလို လေ့ကျင့်ခန်းလည်း ဆင်းခွင့်ပြုမှာမဟုတ်ဘူးလို့ အတည်ပြုထားတာပါ။

ဂရင်းဝုဒ်ဟာ ဇန်နဝါရီ ၂၂ ရက်က ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှာ အသင်းအတွက်နောက်ဆုံး ပါဝင်ကစားထားခဲ့တာဖြစ်ပါ တယ်။သူဟာ အဖမ်းဆီးမခံရခင်အချိန်အထိ အသင်းအတွက် ပြိုင်ပွဲစုံ ၆ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

Source:The Sun