CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၀

ဝိန်းရွန်းနီရဲ့ အကြီးဆုံးသားဖြစ်သူ ကိုင်ရွန်းနီဟာ မန်စီးတီးအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ယူ-၁၃ National Cup North ဗိုလ်လုပွဲမှာ ယူနိုက်တက်အသင်းအတွက် ၁ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဂါဘရီရယ်လ်နဲ့ ၁၃ နှစ်အရွယ်ရှိ ကိုင်တို့ဟာ မန်ချက်စတာဒါဘီပွဲစဉ်မှာ သွင်းဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ၂၀၂၂-၂၃ ရာသီ ယူနိုက်တက် လူငယ်အသင်းအတွက် ဆုဖလား ရယူပေးနိုင်ခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ အနိုင်ရခဲ့တာကြောင့် National ဗိုလ်လုပွဲအဖြစ် အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ကိုင်ဟာ တစ်သင်းလုံးနဲ့ အောင်ပွဲခံနေတဲ့ ပုံတွေ၊ ဆုတံဆိပ်နဲ့ ဆုဖလားတွေ ပါဝင်တဲ့ ပုံတွေကို ဂုဏ်ယူစွာနဲ့ သူ့ရဲ့ အကောင့်မှာ တင်ထားခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်က ဒေးလီးမေးလ်ရဲ့ ဖော်ပြချက်အရ ကိုင်ရွန်းနီဟာ ယူ-၁၂ အသင်းအတွက် ၅၆ ဂိုးသွင်းပြီး ၂၈ ဂိုး ဖန်တီးကာ စံချိန်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီထဲမှာ လီဗာပူးလ်အသင်းကို ၄ ဂိုး သွင်းယူခဲ့တာ ပါဝင်ပြီး ရော်နယ်ဒိုရဲ့ သားဖြစ်သူ ခရစ္စတီယာနိုဂျူနီယာနဲ့ အတူတွဲကစားခဲ့တာပါ။

ယူ-၁၃ ဗိုလ်လုပွဲမှာတွေ့ရတဲ့ ကိုင်ရွန်းနီ

ကိုင်ရဲ့ ဖခင်ဖြစ်သူ ဝိန်းရွန်းနီဟာ ယူနိုက်တက် အသင်းအတွက် ၅၅၉ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၅၃ ဂိုး သွင်းယူကာ အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။

၂၀၁၃ တုန်းက ကိုင်ဟာ ဖခင်ဖြစ်သူနဲ့အတူ ယူနိုက်တက်အသင်းရဲ့ အောင်ပွဲခံ အခမ်းအနားမှာ ပါဝင်ခဲ့တာဖြစ်ပြီး အဲဒီနှစ်က ပရီးမီးယားလိဂ်ဖလားကို မန်ချက်စတာ အသင်းအနေနဲ့ နောက်ဆုံး ရယူနိုင်ခဲ့တာပါ။

ကိုင်ဟာ ပြီးခဲ့တဲ့နှစ်က ပူးမားအားကစားကုမ္ပဏီကြီးအတွက် ကြော်ငြာ ရိုက်ကူးပေးခဲ့တာ ဖြစ်ပါတယ်။

ကိုင်ဟာ လာမယ့် ၁၀ နှစ်အတွင်းမှာ ယူနိုက်တက်အသင်းကြီးမှာ ပါဝင်နိုင်ဖို့ ရည်မှန်းထားတဲ့ အကြောင်းကို မကြာသေးခင်က ပြောထားတာပါ။

ကိုင်ရွန်းနီက “လာမယ့် ၁၀ နှစ်အတွင်းမှာ ကျနော်ဟာ ယူနိုက်တက် အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ကစားခွင့် ရဖို့ မျှော်လင့်ထားပါတယ်။ ဒါကို ကျနော်ကိုယ်တိုင် မြင်တွေ့နေရပေမယ့် ကြိုးကြိုးစားစား လုပ်ဆောင်ပြီး နောက် ကွယ်က အရာအားလုံးကို အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Source: The Sun