CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၁၆

မန်ချက်စတာယူနိုက်တက် ပရိသတ်တွေကတော့ တက်စ်လာ စီအီးအို အီလွန်မတ်စ်ကို ဂလေဇာမိသားစု ဆီကနေ အသင်းကို ဝယ်ယူဖို့ တောင်းဆိုမှု ပြုလုပ်လိုက်ပါတယ်။

အီလွန်မတ်စ်ဟာ တွစ်တာကို ဝယ်ယူဖို့ ပြင်ဆင်နေသူ ဖြစ်တာကြောင့် တွစ်တာ ကို ဝယ်မယ့်အစား ယူနိုက်တက်ကိုသာ ဝယ်ဖို့ အသင်းပရိသတ်တွေက တောင်းဆိုလိုက်ခြင်း ဖြစ်ပါတယ်။

အီလွန်မတ်စ်ဟာ ဆိုရှယ်မီဒီယာရဲ့ နာမည်ကြီး ပလက်ဖောင်းတစ်ခုဖြစ်တဲ့ တွစ်တာကို လွှဲပြောင်းရယူဖို့ ဒေါ်လာ ၄၃ ဘီလီယံ နဲ့ ကမ်းလှမ်းမှုတွေ စတင်ပြုလုပ်ခဲ့တာပါ။ အီလွန်မတ်စ်ဟာ တွစ်တာမှာ ရှယ်ယာ ၉.၂ ရာခိုင်နှုန်း ပိုင်ဆိုင်ထား သူဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ပရိသတ်‌တွေဟာ အသင်းပိုင်ရှင်ဖြစ်တဲ့ ဂလေဇာမိသားစုအပေါ် စိတ်ပျက်နေတာကြောင့် အီလွန်မတ်စ်ကို တွစ်တာထက် ယူနိုက်တက်ကို ဝယ်ဖို့သာ အာရုံစိုက် စေချင်နေကြတာ ဖြစ်ပါတယ်။

ယူနိုက်တက် ပရိသတ်တစ်ဦးက "အီလွန်မတ်စ် အနေနဲ့ ယူနိုက်တက်ကို ဝယ်ယူလိုက်ပါ။ ပြီးရင် ကမ္ဘာပေါ်မှာရှိတဲ့ အကောင်း ဆုံး လူငယ်ကစားသမားတွေကို ဝယ်ယူဖို့ ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြုပ်နှံလိုက်ပါ။ ကျနော်တို့ကို ယုံလိုက်ပါ သိပ်မကြာခင်မှာ ခင်‌ဗျားငွေတွေ ပြန်ရပြီး တွစ်တာမှာ ဆူညံနေပါလိမ့်မယ်။ တွစ်တာကို မဝယ်ပါနဲ့"လို့ ရေးသားခဲ့ပါတယ်။

နောက်တစ်ဦးက "အီလွန်မတ်စ် အနေနဲ့ ဘောလုံးအသင်း တစ်သင်းကို မပိုင်ဆိုင်ချင်ဘူးလား၊ မန်ချက်စတာယူနိုက်တက် ရှိတယ်"လို့ ရေးသားခဲ့သလို တခြားပရိသတ်တွေကလည်း ယူနိုက်တက်ကို ဝယ်ယူဖို့ အီလွန်မတ်စ်ကို ဆိုရှယ်မီဒီယာပေါ်မှာ စာရေးသားပြီး တောင်းဆိုခဲ့ကြတာပါ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဖလားလက်မဲ့ရာသီ တစ်ရာသီပြီး တစ်ရာသီ ဖြတ်သန်းနေရသလို ဂလေဇာ မိသားစုရဲ့ အသင်းအပေါ် ရင်းနှီးမြုပ်နှံမှုတွေကို ပရိသတ်တွေက စိတ်ပျက်နေကြတာ ဖြစ်ပါတယ်။

Source: SPORTbible