CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၁၉

လီဗာပူးလ် ပရိသတ်တွေဟာ မနက်ဖြန်မနက်ပိုင်း အန်ဖီးလ်မှာ ကစားမယ့် မန်ချက်စတာယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ရော်နယ်ဒိုကို အားပေးမှုတွေ ပြုလုပ်သွားဖို့ စီစဉ်ထားကြပါတယ်။

ရော်နယ်ဒိုနဲ့ ဂျော်ဂျီနာတို့ဟာ  သူတို့ရဲ့ အမြွှာကလေး ၂ ဦးထဲက သားဖြစ်သူကို ဆုံးရှုံးခဲ့ရလို့ ဝမ်းနည်း ကြေကွဲနေတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် လီဗာပူးလ် ပရိသတ်တွေဟာ ရော်နယ်ဒိုအတွက် ပွဲချိန် ၇ မိနစ်မှာ ၁ မိနစ်ကြာ လက်ခုပ်တီး အားပေးမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားတာပါ။

လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့ဟာ ခါးသီးတဲ့ ပြိုင်ဘက်တွေ ဖြစ်ပေမယ့် လီဗာပူးလ် ပရိသတ်တွေရဲ့ လုပ်ရပ်ကတော့ လေးစားဖွယ်ရာ အဖြစ်ရှိနေတာလည်း ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းကလည်း ရော်နယ်ဒိုဟာ လီဗာပူးလ်နဲ့ ကစားမယ့်ပွဲကို ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ အတည်ပြု ထုတ်ပြန်ထားပါတယ်။

Source: SPORTbible