CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၀

မက်ဆီဟာ ပီအက်စ်ဂျီအသင်းမှာ မျှတမှုမရှိစွာ ဆက်ဆံခံနေရတဲ့အတွက် ကစားသမားဟောင်းကို အသင်းထံ ပြန်လာဖို့ စောင့်မျှော်နေတယ်လို့ ဘာစီလိုနာနောက်ခံလူ ရော်ဘတ်တိုက ပြောလိုက်ပါတယ်။

ရော်ဘတ်တိုက “ကျနော်တို့ကတော့ မက်ဆီပြန်လာမှာကို စောင့်မျှော်နေပါတယ်။ သူဟာ ပီအက်စ်ဂျီအသင်းမှာ ကောင်းမွန်တဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်နေပါတယ်။ ဂိုးတွေလည်း အများကြီးသွင်းတယ်၊ ဂိုးဖန်တီးမှုလည်း အများ ကြီး လုပ်နေတယ်ဆိုတာ ခင်ဗျားတို့ မသိဘူးလား။ ချန်ပီယံလိဂ်က ထွက်ခွာခဲ့ရတာကြောင့်သာ သူနဲ့ အဆင်မပြေ တာပါ။ ဒါပေမယ့် သူဟာ ကြီးကျယ်တဲ့ ကစားသမားဖြစ်ပြီး ဒီလိုအဆင့်ရှိတဲ့ ကစားသမားကို ဒီလိုပုံစံတွေနဲ့ ဆက်ဆံတာက ဆိုးပါတယ်။ သူသာ ပြန်လာခဲ့ရင် ကျနော်တို့က ကောင်းမွန်စွာ ဆက်ဆံသွားမှာပါ”လို့ ပြောခဲ့တာပါ။

၂၀၂၁ က ဘာစီလိုနာကနေ ထွက်ခွာပြီး ပီအက်စ်ဂျီအသင်းကို ရောက်ရှိခဲ့တဲ့ မက်ဆီဟာ အခုရာသီ အကုန်မှာ ပြင်သစ်ကလပ်နဲ့ စာချုပ်ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

မက်ဆီဟာ မကြာသေးခင်က အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ဖလားချန်ပီယံဆု ရယူထားပေမယ့် ကလပ်အဆင့် မှာတော့ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဘဲ ရန်းနတ်စ်အသင်းကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကို ပိုပြီးခံခဲ့ရတာပါ။

မက်ဆီဟာ ဒီပွဲအပြီးမှာ ဥမင်ထဲကို တန်းပြီးဝင်သွားခဲ့ကာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာနိုင်တဲ့ ထင်ကြေးတွေကလည်း ပိုပြီး ကျယ်ပြန့်လာခဲ့တာ ဖြစ်ပါတယ်။

မက်ဆီကိုတွေ့ရစဉ်

အဲဒါကြောင့် ရော်ဘတ်တိုက မက်ဆီကို ဘာစီလိုနာအသင်းထံ ပြန်လာဖို့ ပြောခဲ့တာပါ။ ဘာစီလိုနာအသင်းဟာ မက်ဆီကို ပြန်လည်ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေပြီး ကစားသမားရဲ့ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေတာ ဖြစ်ပါ တယ်။

ပီအက်စ်ဂျီအသင်းကလည်း မက်ဆီကို ဆက်ထိန်းသိမ်းဖို့ လုပ်ဆောင်နေတာပါ။

မက်ဆီကို ခေါ်ယူဖို့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီ အသင်းအပြင် ဆော်ဒီကလပ်တွေကလည်း လုပ်အားခ အများအပြားပေးပြီး ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် မက်ဆီကတော့ လက်ရှိအချိန်မှာ ပီအက်စ်ဂျီ အသင်းအတွက်ကိုပဲ အာရုံစိုက်နေပြီး ရာသီကုန်မှသာ အနာဂတ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ချသွားဖို့ ရှိနေတာပါ။ ပီအက်စ်ဂျီအသင်း တိုက်စစ်မှူးဟာ မကြာခင် ရက်ပိုင်းအတွင်းမှာ နိုင်ငံတကာ ခြေစမ်းပွဲကစားဖို့ အာဂျင်တီးနားအသင်းနဲ့ သွားရောက် ပူးပေါင်းမှာလည်း ဖြစ်ပါတယ်။

Source: Goal