CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၁

ဘာစီလိုနာအသင်းဟာ ကွင်းလယ်ကစားသမား ဒီဂျောင်အတွက် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပထမအကြိမ် ကမ်းလှမ်းမှုကို ပယ်ချလိုက်တယ်လို့ သိရပါတယ်။

အဲရစ်တန်ဟတ်ဟာ ဒီဂျောင်နဲ့ အေဂျတ်စ်မှာ အလုပ် အတူတွဲ လုပ်ဖူးတာကြောင့် ယူနိုက်တက် အသင်းမှာလည်း အလုပ် အတူတွဲ လုပ်ဖို့ စိတ်ဆန္ဒ ပြင်းပြနေပါတယ်။ ယူနိုက်တက်အသင်းနဲ့ ၃ နှစ် စာချုပ်ချုပ်ဆိုခဲ့တဲ့ အဲရစ်တန်ဟတ်ဟာ အသင်း အောင်မြင်မှုတွေ ရယူဖို့အတွက် ကစားသမားတွေ ဖြည့်တင်းဖို့ ပြင်ဆင်နေပါတယ်။

ယူနိုက်တက်အသင်းဟာ ဘာစီလိုနာအသင်းနဲ့ ရက်သတ္တပတ် ပေါင်းများစွာ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ ဒီဂျောင် အတွက် ဘာစီလိုနာအသင်းကို ယူရိုသန်း ၆၀ အပြင် နောက်ထပ် ယူရို ၁၀ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် ဘာစီလိုနာ အသင်းကတော့ ဒီကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ဒီဂျောင်အတွက် ယူရိုသန်း ၁၀၀ ရရှိဖို့ သတ်မှတ်ထားပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီဂျောင်ကို ရောင်းပြီး ဘဏ္ဍာရေး အကျပ်အတည်းကို ထိန်းညှိဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့် သက်သာတဲ့ ပြောင်းရွှေ့ကြေးနဲ့တော့ ထွက်ခွာခွင့်ပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဒီနောက်မှာလည်း ဒီဂျောင်က ဘာစီလိုနာမှာပဲ ဆက်နေချင်တဲ့ သူ့ရဲ့ ဆန္ဒကို ထုတ်ပြောထားပါတယ်။

အဲရစ်တန်ဟတ်နဲ့ ဒီဂျောင် အေဂျတ်စ်အသင်းမှာ အတူရှိခဲ့စဉ်(Manchester Evening News)

ယူနိုက်တက်အသင်းကတော့ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အားဖြည့်နိုင်ဖို့ အဲရစ်တန်ဟတ်က ဒီဂျောင်ကို အသင်းထံ ရောက်ရှိ အောင် ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။

ဒီဂျောင်က “ ကျနော်ဘာမှ မပြောနိုင်ပေမယ့် ဘာစီလိုနာမှာပဲ ဆက်နေရတာကို ပိုကြိုက်နှစ်သက်ပါတယ်။ ငယ်ငယ်လေး ကတည်းက ဘာစီလိုနာဟာ ကျနော့်ရဲ့ အိမ်မက်အသင်းပါ”လို့ အခုလ အစောပိုင်းက ပြောထားပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက အမှတ်ပေး ဇယားအဆင့် ၆ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာကြောင့် လာမယ့် ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲသာ ယှဉ်ပြိုင်ခွင့် ရရှိထားတဲ့အတွက်ကြောင့် ကစားသမားတွေ ခေါ်ယူတာမှာ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။

နယ်သာလန် ကစားသမားဟောင်း ဗန်ဒါဗတ်ကတော့ ဒီဂျောင်ကို ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ တိုက်တွန်းထားပါ တယ်။

ဒီဂျောင်ဟာ ၂၀၁၉ က အေဂျတ်စ်အသင်းကနေ ဘာစီလိုနာအသင်းထံ ရောက်ရှိခဲ့သူ ဖြစ်ပြီး ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း ၁၄၀ ပါဝင်ကစားထားကာ ၁၃ ဂိုး သွင်းယူထားပါတယ်။

နယ်သာလန်ကစားသမားဟာ ဘာစီလိုနာအသင်းနဲ့အတူ ကိုပါဒယ်ရေးဖလားကိုသာ ရယူထားနိုင်ပါသေးတယ်။

Source: Metro