CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ပေါ့ဘာရဲ့ ပြောဆိုမှုနဲ့ပတ်သက်ပြီး ပြင်သစ်အစိုးရရှေ့နေများ စုံစမ်းစစ်ဆေးမှုစတင်

By CNI
CNI
Category: Watch TV
Hits: 733

Share
Tweet
Share
Share
powered by social2s

အမေရိကန်အိုးပန်းကနေ ထွက်ခဲ့ရပြီး ကစားသမားဘဝကို ဆရီနာဝီလျံ နှုတ်ဆက်

By CNI
CNI
Category: Watch TV
Hits: 748

Share
Tweet
Share
Share
powered by social2s

ဘယ်လာရုစ်တင်းနစ်မယ်ကို လက်ဆွဲနှုတ်ဆက်ဖို ယူကရိန်းတင်းနစ်မယ်ငြင်းဆန်

By CNI
CNI
Category: Watch TV
Hits: 643

Share
Tweet
Share
Share
powered by social2s

ပရီးမီးယားလိဂ် ၃ ပွဲဆက်နိုင်ပွဲအဖြစ် လက်စတာကို ယူနိုက်တက်အနိုင်ရရှိ

By CNI
CNI
Category: Watch TV
Hits: 685

Share
Tweet
Share
Share
powered by social2s

ဘယ်လာရုစ်တင်းနစ်မယ်ကို လက်ဆွဲနှုတ်ဆက်ဖို့ ယူကရိန်းတင်းနစ်မယ်ငြင်းဆန်

By CNI
CNI
Category: အားကစား
Hits: 1139

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂

ကျင်းပနေတဲ့ အမေရိကန်အိုးပန်းပြိုင်ပွဲရဲ့ ဒုတိယအဆင့်ပွဲစဉ်အပြီးမှာ ယူကရိန်းတင်းနစ်မယ် မာတာကိုစကျူ့က ဘယ်လာရုစ်တင်းနစ်မယ် အဇာရန်ကာကို လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်သွားခဲ့ပါတယ်။

ဒီပွဲမှာ အဇာရန်ကာက ကိုစကျူ့ကို ၆-၂၊ ၆-၃ နဲ့ အနိုင်ရပြီး တတိယအဆင့်ကို တက်ရောက်သွားခဲ့တာပါ။ ပြိုင်ပွဲ ယှဉ်ပြိုင်ကစားပြီးတဲ့အချိန်မှာ လက်ဆွဲနှုတ်ဆက်ရလေ့ရှိပေမယ့် နှစ်ဦးစလုံးက ဒီလိုလုပ်ခဲ့ခြင်းမရှိဘဲ သူတို့ရဲ့ ရက်ကတ်တွေနဲ့သာ ထိထွေ့ခဲ့တာဖြစ်ပါတယ်။ဘယ်လာရုစ်ဟာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုမှာ ရုရှားရဲ့ အဓိက မဟာမိတ်နိုင်ငံအဖြစ်ရှိခဲ့တာပါ။

“လူတိုင်းက ဒီအရာနဲ့ပတ်သက်ပြီး သံတမန်ဆက်ဆံရေးကောင်းဖြစ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ကျမရဲ့နိုင်ငံဟာ နေ့တိုင်းအသတ်ခံနေရပါတယ်”လို့ ယူကရိန်းတင်းနစ်မယ် ကိုစကျူ့က ပြောခဲ့ပါတယ်။အသက် ၂၀ အရွယ်ရှိ ကိုစကျူ့ဟာ ပြီးခဲ့တဲ့အပတ်က ယူကရိန်းအတွက်ပြုလုပ်ပေးခဲ့တဲ့ပွဲမှာ အဇာရန်ကာ ပါဝင်ခဲ့မှုအပေါ် ဝေဖန်ခဲ့တာ ကြောင့် နောက်ပိုင်းမှာ ဘယ်လာရုစ်တင်းနစ်မယ်ဟာ ဒီပွဲကနေ နုတ်ထွက်သွားခဲ့တာပါ။

အဇာရန်ကာကတော့ လက်ဆွဲနှုတ်ဆက်ခြင်းကို မပြုလုပ်ချင်တဲ့ ကိုစကျူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မအံသြ မိပါဘူးလို့ ပြောခဲ့ပါတယ်။အဇာရန်ကာက “ဒါကို ကြီးကြီးမားမားလုပ်ဖို့အတွက် အရေးကြီးတယ်လို့ မထင်ပါဘူး။ ကျမကတော့ ပြိုင်ဘက်တွေနဲ့ အမြဲတမ်းလက်ဆွဲနှုတ်ဆက်ပါတယ်”လို့ ပြောခဲ့တာပါ။

ကိယက်ဗ်မှာ မွေးဖွားခဲ့တဲ့ ကိုစကျူ့ဟာ ရုရှားရဲ့လုပ်ရပ်ကြောင့် ယူကရိန်းနိုင်ငံသားတွေခံစားခဲ့ရတဲ့ ဆိုးကျိုးနဲ့ ပတ်သက်ပြီး မကြာခဏဆိုသလို မီးမောင်းထိုးပြလေ့ရှိကာ စစ်ပွဲအကြောင်းကို အများဆုံးထုတ်ဖော်ပြောဆိုတဲ့ ကစားသမားတွေထဲကတစ်ဦးဖြစ်ပါတယ်။ATP နဲ့ WTA ပြိုင်ပွဲတွေမှာ ရုရှားနဲ့ ဘယ်လာရုစ်ကစားသမားတွေကို ပြိုင်ပွဲဝင်ခွင့်ပိတ်ပင်ဖို့ တောင်းဆိုတဲ့ ယူကရိန်းကစားသမားအများအပြားထဲမှာလည်း ကိုစကျူ့က တစ်ဦးအနေနဲ့ ပါဝင်ခဲ့တာပါ။

ကိုစကျူ့က “ကျမတို့ရဲ့ပွဲဟာ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။သူမဟာ ပြိုင်ဘက်ကောင်းတစ်ဦးပါ။ အားကစား သမားတစ်ဦးအနေနဲ့တော့ သူမကို ကျမလေးစားပါတယ်။ဒါပေမယ့် အဲဒီအရာက လူသားတစ်ဦးနဲ့ မဆိုင်ပါဘူး”လို့ ပြောခဲ့ပါတယ်။အဇာရန်ကာဟာ ရုရှားသမ္မတပူတင်ရဲ့မဟာမိတ်ဖြစ်တဲ့ ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနဲ့လည်း အရင်က ရင်းနှီးတဲ့ဆက်ဆံရေးတွေ ရှိခဲ့တာပါ။

အဇာရန်ကာဟာ စစ်ပွဲနဲ့ပတ်သက်ပြီး ပြတ်ပြတ်သားသားရှုတ်ချခြင်းမရှိခဲ့ပေမယ့် ပဋိပက္ခကို အဆုံးသတ်ဖို့ ပုံမှန် တောင်းဆိုလေ့ရှိပြီး ပြီးခဲ့တဲ့အပတ်က ယူကရိန်းအတွက် ငြိမ်းချမ်းရေးတင်းနစ်သရုပ်ပြပွဲမှာ ပါဝင်ဖို့ လုပ်ဆောင် ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ယူကရိန်းတင်းနစ်ကစားသမားတွေရဲ့ ဝေဖန်မှုကြောင့် မပါဝင်တော့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Source:BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဂိုးသွင်းပြီး အောင်ပွဲခံနေတဲ့ ဆန်ချို (Manchester United)

ပရီးမီးယားလိဂ် ၃ ပွဲဆက်နိုင်ပွဲအဖြစ် လက်စတာကို ယူနိုက်တက်အနိုင်ရရှိ

By CNI
CNI
Category: အားကစား
Hits: 1070


CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂

ယူနိုက်တက်အသင်းဟာ စက်တင်ဘာ ၂ ရက်နေ့ မနက်ပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လက်စတာ အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းအတွက် တစ်လုံးတည်းသော သွင်းဂိုးကို ပွဲချိန် ၂၃ မိနစ်မှာ ဆန်ချိုက ရက်ရှ်ဖို့ဒ်ရဲ့ ပေးပို့မှုက နေ လက်စတာဂိုးသမားကို ဖြတ်ကျော်ပြီး သွင်းယူခဲ့တာပါ။

လက်စတာအသင်းကို အနိုင်ရခဲ့တာကြောင့် ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက်နိုင်ပွဲရပြီး အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာကလပ်ဟာ အဖွင့်ပွဲ ၂ ပွဲဆက် ရှုံးနိမ့်ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေ အနိုင်ရခဲ့တဲ့အတွက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၅ အထိ တက် လှမ်းနိုင်ခဲ့ပါတယ်။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က ဒီပွဲမှာ အနိုင်ဂိုးသွင်းယူခဲ့တဲ့ ဆန်ချိုကို ချီးကျူးခဲ့ပြီး သူ့ဆီကနေ နောက်ထပ် အများကြီး မျှော်လင့်လို့ရတယ်လို့ ပြောခဲ့ပါတယ်။ ဆန်ချိုဟာ လီဗာပူးလ်ကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း အသင်းအတွက် အရေးပါတဲ့ အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းသားများကိုတွေ့ရစဉ် (Mann Utd)

အဲရစ်တန်ဟတ်က “ ဒါက သူ့အတွက် အစပဲဆိုတာ သေချာပါတယ်။ သူ့မှာ စွမ်းဆောင်ရည်ကောင်းတွေ အများ ကြီး ရှိပါတယ်။ သူဟာ မတူညီတဲ့လိဂ်မှာ လုပ်ပြနိုင်ခဲ့ပေမယ့် ဒါက ပရီးမီးယားလိဂ်ပါ။ သူဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ လိုက်လျောညီထွေမှုဖြစ်ဖို့ လိုအပ်ပါတယ်။ သူ့မှာ ကျွမ်းကျင်မှုရှိပြီးသားပါ”လို့ ပြောပါတယ်။

ဒါ့အပြင် အဲရစ်တန်ဟတ်က “ ဒါဟာ နောက်ထပ် ခြေလှမ်းအသစ် ဖြစ်တာကြောင့် ကျနော်ပျော်ပါတယ်။ ကျနော် တို့ဟာ အသင်းရဲ့ စိတ်ဓါတ်ကောင်းကိုလည်း ပြသနိုင်ခဲ့ပါတယ်။ ကွင်းထဲမှာရှိတဲ့ ကစားသမား ၁၁ ဦးစလုံးက တိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပြီး တိုးတက်မှုတွေလုပ်ဖို့တော့ လိုအပ်ပါသေးတယ်။ ဒါဟာ ဒီရာသီ ဒီအဆင့်မှာ ပုံမှန်ပါ ပဲ”လို့ BT Sport ကို ပြောခဲ့ပါတယ်။

လက်စတာအသင်းဟာ ပရီးမီးယားလိဂ် ၅ ပွဲ ကစားအပြီးမှာ နိုင်ပွဲ ပျောက်ဆုံးနေပြီး ရမှတ် ၁ မှတ်သာ ရရှိကာ အမှတ်ပေးဇယား အဆင့် ၂၀ မှာ ရပ်တည်နေတာပါ။ အဲ့ဒါကြောင့် နည်းပြ ဘရန်ဒန်ရော်ဂျာရဲ့ ရာထူးနဲ့ ပတ်သက် ပြီး ဖိအားတွေ ရှိနေတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အာဆင်နယ်၊ လက်စတာအသင်းက ဘရိုက်တန် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily mail/BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်စီးတီးတိုက်စစ်မှူး ဟာလန်း စံချိန်သစ်တင်

By CNI
CNI
Category: Watch TV
Hits: 681

Share
Tweet
Share
Share
powered by social2s

2022 AFF အုပ်စုနဲ့ ပတ်သက်ပြီး အကောင်းမြင်နေတဲ့ မြန်မာနည်းပြ အန်တွမ်နီဟေး

By CNI
CNI
Category: Watch TV
Hits: 687

Share
Tweet
Share
Share
powered by social2s
ဆရီနာဝီလျံကိုတွေ့ရစဉ် (AP)

ကွန်တာဗိတ်ကို အနိုင်ရပြီး ဆရီနာဝီလျံ အမေရိကန်အိုးပန်း တတိယအဆင့်ရောက်ရှိ

By CNI
CNI
Category: အားကစား
Hits: 1130

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁

ဆရီနာဝီလျံဟာ အမေရိကန်အိုးပန်း ဒုတိယအဆင့်ပွဲစဉ်မှာ ဒီပြိုင်ပွဲရဲ့ ဆီဒင်အဆင့် ၂ အဖြစ် သတ်မှတ်ခြင်း ခံထားရတဲ့ ကွန်တာဗိတ်ကို အနိုင်ရပြီး တတိယအဆင့်ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီလထဲမှာ အသက် ၄၁ နှစ်ပြည့်တော့မယ့် ဆရီနာဝီလျံဟာ အက်စ်တိုးနီးယား တင်းနစ်မယ်ကို ၇-၆၊ ၂-၆၊ ၆-၂ နဲ့ အနိုင်ရရှိခဲ့တာပါ။ ဆရီနာဝီလျံဟာ အမေရိကန် အိုးပန်းပြိုင်ပွဲအပြီးမှာ တင်းနစ်လောကကနေ အနားယူတော့ မယ်လို့ ပြောထားခဲ့ပါတယ်။

ဆရီနာဝီလျံက “ ကျမရဲ့ ရင်ထဲမှာ အနည်းငယ်တော့ ကျန်ပါသေးတယ်”လို့ ပွဲအပြီး ကွင်းထဲမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြုံးရွှင်စွာ ဖြေကြားသွားခဲ့ပါတယ်။

ဒါပေမယ့် ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ “ အခိုက်အတန့်တွေဟာ ခဏတာပဲ ကျန်တော့တယ်ဆိုတာ ရှင်းပါတယ်”လို့ ဆရီနာဝီလျံက ပြောပါတယ်။

ဆရီနာဝီလျံကို တိုက်ဂါးဝုဒ် လာရောက်အားပေး (AP)

ဆရီနာဝီလျံဟာ ဂရမ်းဆလမ်း ချန်ပီယံဆု ၂၃ ကြိမ် ရရှိထားပြီး ၂၄ ကြိမ်နဲ့ အများဆုံး ရရှိထားတဲ့ မာဂရတ်ကော့ရဲ့ စံချိန်ကို လိုက်မီဖို့ ပစ်မှတ်ထားနေတာပါ။ အမေရိကန်အိုးပန်း ပြိုင်ပွဲကတော့ ဆရီနာဝီလျံအတွက် ဒီစံချိန် မှတ်တမ်းကို လိုက်မီဖို့ နောက်ဆုံး အခွင့်အရေးလည်း ဖြစ်ပါတယ်။

အမေရိကန် တင်းနစ်မယ်ဟာ တတိယအဆင့်မှာ ရိုဒီနာကို အနိုင်ရခဲ့တဲ့ သြစတြေးလျ တင်းနစ်မယ် တိုမီအန် နိုဗစ်နဲ့ ယှဉ်ပြိုင်ရမှာပါ။ သူတို့နှစ်ဦးဟာ အရင်က တစ်ကြိမ်မှ တွေ့ဆုံခဲ့ခြင်း မရှိတာကြောင့် အခုတစ်ကြိမ် ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်ခဲ့ပါတယ်။

ဆရီနာဝီလျံက သူမဟာ ဒီပြိုင်ပွဲမှာ ချန်ပီယံဆုအတွက် ယှဉ်ပြိုင်သူ ဟုတ်၊မဟုတ်ဆိုပြီး မေးမြန်းခြင်းလည်း ခံခဲ့ရပါတယ်။

“ဒါကတော့ ကျမတွေးလို့ မရသေးပါဘူး။ အခုအချိန်မှာတော့ ပြိုင်ပွဲကို ပျော်ရွှင်စွာနဲ့ ယှဉ်ပြိုင်နေတယ်လို့” ဆရီနာဝီလျံက ဖြေသွားပါတယ်။

ကွန်တာဗိတ်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်ကို နာမည်ကျော် ဂေါက်သီးရိုက် အားကစားသမား တိုက်ဂါးဝုဒ် လာရောက်ပြီး ဆရီနာဝီလျံကို အားပေးခဲ့ပါတယ်။ ပထမအဆင့် ပွဲစဉ်အဖြစ် ကစားခဲ့တုန်းကလည်း ဆရီနာဝီလျံကို လက်ဝှေ့ အကျော်အမော် မိုက်တိုင်ဆန်က လာရောက် အားပေးခဲ့ပါသေးတယ်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်စီးတီးတိုက်စစ်မှူး ဟာလန်း စံချိန်သစ်တင်

By CNI
CNI
Category: အားကစား
Hits: 1428

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁

မန်စီးတီးအသင်းက နော်တင်ဟမ်ဖောရတ်စ်အသင်းကို ၆ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ဟတ်ထရစ် သွင်းယူပြီးနောက် ဟာလန်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စံချိန်သစ်တင်လိုက်ပါတယ်။

အခုနွေရာသီအပြောင်းအရွှေ့ကမှ ဒေါ့မွန်ကနေ ရောက်ရှိလာတဲ့ ဟာလန်းဟာ မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ် ၅ ပွဲကစားပြီးချိန်မှာ သွင်းဂိုး ၉ ဂိုးအထိ ရရှိထားတာပါ။အဲဒါကြောင့် ဟာလန်းဟာ ပရီးမီးယားလိဂ် ၅ ပွဲကစားအပြီးမှာ ၉ ဂိုးအထိ သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်ခဲ့ပါတယ်။ နော်ဝေတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ပဲလေ့စ်နဲ့ပွဲမှာလည်း ဟတ်ထရစ်ဂိုးသွင်းယူခဲ့တာကြောင့် ၂ ပွဲဆက်တိုက် ဟတ်ထရစ်ရရှိခဲ့တာပါ။

ဟာလန်းရဲ့ လက်ရှိသွင်းဂိုးဟာ ပရီးမီးယားလိဂ် ၁၅ သင်းရဲ့ သွင်းဂိုးထက်တောင်များနေတယ်လို့ အချက် အလက်တွေအရ သိရပါတယ်။ဒေါ့မွန်ကစားသမားဟောင်းဟာ ပွဲအပြီးမှာ ဟတ်ထရစ်သွင်းယူနိုင်လို့ ရရှိတဲ့ ဘောလုံးနဲ့အတူ လူတွေက သူ့ကို မယုံကြည်ကြဘူးဆိုတဲ့ စာသားကို အင်စတာဂရမ်မှာ တင်ထားခဲ့တာပါ။

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဟာလန်းဟာ အသင်းရဲ့ အချိန်တိုင်းအကောင်းဆုံးကစားသမား ဖြစ်လာလိမ့်မယ်လို့ ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက “အဂွေရိုကတော့ ဂန္တဝင်ပါ။ခေတ်သစ်သမိုင်းမှာ မန်စီးတီးအတွက် အရေးပါဆုံးသွင်းဂိုးကို သွင်းယူထားတဲ့သူဖြစ်လို့ မန်စီးတီးပရိသတ်တွေရဲ့ နှလုံးသားမှာ သူ့နေရာကို ဘယ်သူကမှ ဝင်ပြီးဖျက်လို့ရမှာ မဟုတ်ပါဘူး။ဟာလန်းကလည်း အဲ့လိုနေရာမှာရှိဖို့ အခွင့်အရေးရှိပါတယ်။သူမို့လို့ ဒါမှမဟုတ် အဂွေရိုဆိုပြီးတော့ မဟုတ်ပါဘူး။အဂွေရိုလုပ်ခဲ့တာက အံသြစရာပါ။ဒါပေမယ့် ဟာလန်းကလည်း အရည်အသွေးတွေ ရှိပါတယ်။ နော်ဝေ၊သြစတြီးယားနဲ့ ဂျာမနီမှာလုပ်ခဲ့သလိုမျိုး ဒီမှာလည်းလုပ်ဖို့ ကြိုးစားခဲ့ပါတယ်။သူ့မှာ အရည်အချင်း ရှိတယ်ဆိုတာ သိတယ်”လို့ ပြောခဲ့တာပါ။

ဟာလန်းဟာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာချိန်မှာ အသင်းဟောင်းတွေမှာ လုပ်ခဲ့သလိုမျိုးလုပ်နိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ခဲ့ကြပေမယ့် ကစားသမားကတော့ အကောင်းဆုံးလုပ်ဆောင်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ အခုတစ်ပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:DailyMail.com

 

 

 

 

Share
Tweet
Share
Share
powered by social2s
မြန်မာအသင်းနည်းပြ အန်တွမ်နီဟေး (AFF)

2022 AFF အုပ်စုနဲ့ ပတ်သက်ပြီး အကောင်းမြင်နေတဲ့ မြန်မာနည်းပြ အန်တွမ်နီဟေး

By CNI
CNI
Category: အားကစား
Hits: 1822

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁

မြန်မာ့လက်ရွေးစင် အသင်းနည်းပြ အန်တွမ်နီဟေးက ၂၀၂၂ အာဆီယံချန်ပီယံရှစ် Mitsubishi Electric Cup အုပ်စုမဲခွဲမှုနဲ့ ပတ်သက်ပြီး အကောင်းမြင်ကြောင်း ပြောလိုက်ပါတယ်။

အန်တွမ်နီဟေးက “ ကျနော်တို့ဟာ စိတ်ဝင်စားစရာကောင်းတဲ့ အုပ်စုထဲမှာ ရှိနေပါတယ်။ အခုဆို လိဂ်ပြိုင်ပွဲ လည်း ပြန်လည် စတင်နေသလို နိုင်ငံရပ်ခြားမှာလည်း ကစားသမားတွေ အများကြီး ရှိတာကြောင့် အရင်ကထက် ပိုပြီး အားကောင်းလာမှာပါ။ ကျနော်တို့မှာ အကောင်းမြင်တဲ့ အကြောင်းပြချက်တွေ အမျိုးမျိုးတွေ ရှိပါတယ်”လို့ AFF ကို ပြောပါတယ်။

မြန်မာအသင်းဟာ ဒီပြိုင်ပွဲရဲ့ အုပ်စု B မှာ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ လာအိုတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။

အုပ်စု A မှာတော့ လက်ရှိချန်ပီယံ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနဲ့ ခြေစစ်ပွဲအောင် အသင်းတို့ တစ်အုပ်စုတည်း ကျရောက်နေခဲ့တာပါ။ ခြေစစ်ပွဲအဖြစ် တီမောနဲ့ ဘရူနိုင်းတို့ ကစားကြမှာဖြစ်ပြီး ဒီပွဲစဉ်က အနိုင်ရတဲ့အသင်းက အုပ်စု A ထဲ ဝင်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

မြန်မာအသင်းကိုတွေ့ရစဉ် (AFF)

အန်တွမ်နီဟေးက “အိမ်ကွင်းကစပြီး ပြိုင်ပွဲကို စတင်ရမှာဖြစ်လို့ ကျနော်ပျော်ရွှင်ပါတယ်။ စင်ကာပူနဲ့ ပြန်ကစား ရမှာဖြစ်လို့ အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဗီယက်နမ်နဲ့ အဝေးကွင်းပွဲက ပွဲကောင်းတစ်ပွဲပါ၊ နောက်ဆုံးအကြိမ် ရန်ကုန်မှာ ကစားခဲ့တုန်းက သရေကျခဲ့တာပါ။ အခု အတောအတွင်းမှာပဲ လာအိုအသင်းက လည်း နည်းပြလက်အောက်မှာ အကြီးအကျယ် တိုးတက်နေပါတယ်”လို့ ပြောပါတယ်။

ဒီပြိုင်ပွဲကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ အဖွင့်ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၂၄ ရက် အိမ်ကွင်းမှာ မလေးရှား၊ ဒီဇင်ဘာ ၂၇ ရက် အဝေးကွင်းမှာ စင်ကာပူ၊ ဇန်နဝါရီ ၂ ရက် အိမ်ကွင်းမှာ လာအို၊ ဇန်နဝါရီ ၅ ရက် အဝေးကွင်းမှာ ဗီယက်နမ်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။

အုပ်စု ထိပ်ဆုံး ၂ သင်းစီက ဆီမီးဖိုင်နယ် တက်ခွင့်ရမှာဖြစ်ပြီး ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က နောက်ဆုံးကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ မြန်မာအသင်းဟာ အုပ်စုအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။

Source: AFF

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရိုးမားအတွက် ပထမဆုံးဂိုးသွင်းပြီး အမှတ်ပေးဇယားထိပ်ဆုံးပို့ပေးခဲ့တဲ့ ဒိုင်ဘားလား

By CNI
CNI
Category: Watch TV
Hits: 714

Share
Tweet
Share
Share
powered by social2s

ချယ်ဆီးက အနိုင်ယူဖို့ လွယ်ကူတဲ့အသင်းဖြစ်နေပြီလို့ တူချယ်လ်ဝန်ခံ

By CNI
CNI
Category: Watch TV
Hits: 688

Share
Tweet
Share
Share
powered by social2s

ချန်ပီယံ ပါထရစ်ကီနဲ့ ထိုးသတ်မယ့် အူစမန်နာမဂိုမက်ဒေ့ါဗ်

By CNI
CNI
Category: အားကစား
Hits: 795

CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃၁

အူစမန်နာမဂိုမက်ဒေ့ါဗ်ဟာ Bellator Lightweight ကမ္ဘာ့ချန်ပီယံပွဲစဉ်အဖြစ် နိုဝင်ဘာ ၁၈ ရက် ချီကာဂိုမှာ ချန်ပီယံ ပါထရစ်ကီဖရီရီကို စိန်ခေါ်ထိုးသတ်မှာ ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိ ရုရှားဖိုက်တာဟာ MMA ဂန္တဝင် ခါဘစ်ရဲ့ ညီဝမ်းကွဲဖြစ်ပြီး ထိုးသတ်ထားတဲ့ ၁၅ ပွဲစလုံး နိုင်ပွဲရယူထားတာပါ။ဒီပွဲဟာ Bellator 288 ပြိုင်ပွဲရဲ့ ချန်ပီယံပွဲစဉ် ၂ ပွဲထဲက ၁ ပွဲဖြစ်ပြီး နောက်တစ်ပွဲကတော့ Light ဟဲဗီးဝိတ်ချန်ပီယံ ဗာဒင်မ်နမ်ကော့ဗ်နဲ့ အန်ဒါဆန်တို့ရဲ့ မကျေပွဲဖြစ်ပါတယ်။ ဗာဒင်မ်နမ်ကော့ဗ်နဲ့ အန်ဒါ ဆန်တို့ ပွဲစဉ်က အနိုင်ရတဲ့သူဟာ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ သန်းရရှိမှာပါ။

ခါဘစ်ဟာ ကစားသမားဘဝက အနားယူပြီးနောက် အူစမန်နဲ့ မာခါချက်ဗ်တို့ကို ပွဲတွေထိုးသတ်ဖို့အတွက် ကူညီ သင်ကြားပေးနေတာဖြစ်ပါတယ်။အူစမန်ဟာ ပြီးခဲ့တဲ့လက ထိုးသတ်ခဲ့တဲ့ ခရစ်ဂွန်ဇာလတ်စ်နဲ့ ပွဲစဉ်ရဲ့ ပထမအချီ မှာပဲ အနိုင်ထိုးသတ်နိုင်ခဲ့တာကြောင့် Bellator ဉက္ကဋ္ဌက ကစားသမားရဲ့ ချန်ပီယံဆု ရယူချင်တဲ့ဆန္ဒကို ပေးတဲ့ အနေနဲ့ ပွဲတည်ပေးခဲ့တာပါ။

အူစမန်က “ကျနော်စကားတွေ အများကြီးမပြောချင်ပါဘူး။ချန်ပီယံက ဒဏ်ရာရနေတယ်ဆိုတာ ကျနော် သိပါတယ်။ခင်ဗျားအဆင်သင့်ဖြစ်ရင် ကျနော့်ကို ပြောလိုက်ပါ။ချန်ပီယံဆုအတွက် ကျနော်ထိုးသတ်ချင်တယ်”လို့ ပါထရစ်ကီဖရီရီကို ပြောခဲ့တာဖြစ်ပြီး ဒါကို ခါဘစ်က ဘာသာပြန်ပေးခဲ့တာ ဖြစ်ပါတယ်။

ပါထရစ်ကီဖရီရီဟာ MMA ပွဲစဉ်ပေါင်း ၃၄ ပွဲထိုးသတ်ထားခဲ့တာမှာ ၂၄ ပွဲအနိုင်ရပြီး ၁၀ ပွဲအရေးနိမ့်ထားကာ Bellator Lightweight ကမ္ဘာ့ချန်ပီယံအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

Source:BBC,RT

 

 

 

 

Share
Tweet
Share
Share
powered by social2s

အွန်နရီက စီးရီးဘီကလပ် ကိုမိုအသင်းရဲ့ ရှယ်ယာရှင်အသစ်ဖြစ်လာ

By CNI
CNI
Category: Watch TV
Hits: 793

Share
Tweet
Share
Share
powered by social2s

ကစားသမားဘဝနှုတ်ဆက်မယ့် အမေရိကန်အိုးပန်းကို နိုင်ပွဲနဲ့ ဆရီနာဝီလျံ စတင်

By CNI
CNI
Category: Watch TV
Hits: 744

Share
Tweet
Share
Share
powered by social2s
  • 41
  • 42
  • 43
  • 44
  • 45
  • 46
  • 47
  • 48
  • 49
  • 50

Page 46 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar