CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ယူနိုက်တက်ကို ဝယ်ယူမယ်လို့ အီလွန်မတ်စ် ပြော

By CNI
CNI
Category: Watch TV
Hits: 759

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုကိုတွေ့ရစဉ်

မီဒီယာတွေကိုဝေဖန်ပြီး အနာဂတ်အကြောင်း အမှန်အတိုင်းပြောဖို့ ရော်နယ်ဒိုကတိပေး

By CNI
CNI
Category: အားကစား
Hits: 1700

CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၇

ရော်နယ်ဒိုကတော့ မီဒီယာတွေဟာ လိမ်ညာပြီး ပြောနေတယ်လို့ ဝေဖန်လိုက်ပြီး ယူနိုက်တက် အသင်းနဲ့ ပတ်သက်တဲ့ အနာဂတ်အကြောင်းကို အမှန်အတိုင်း ပြောပြမယ်လို့ ကတိပေး လိုက်ပါတယ်။

ရော်နယ်ဒိုက “ လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်း အင်တာဗျူး ဖြေတဲ့အခါမှာ အမှန်တရားကို သိရမှာ ပါ။ မီဒီယာတွေက လိမ်ညာပြီး ပြောနေတာပါ။ ကျနော့်မှာ မှတ်စု စာအုပ်ရှိပါတယ်။ ပြီးခဲ့တဲ့လ အနည်းငယ် အတွင်းမှာ ကျနော်နဲ့ ပတ်သက်ပြီး လုပ်ခဲ့တဲ့ သတင်းအပုဒ် ၁၀၀ မှာ ၅ ပုဒ်ပဲ မှန်တာပါ။ တွေးကြည့် လိုက်စမ်းပါ” လို့ မှတ်ချက် ရေးသားခဲ့တာပါ။

ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားချင်ပြီး ဆုဖလား အောင်မြင်မှုတွေ ရယူချင်တာကြောင့် အခုနွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ စိတ်အား ထက်သန်နေတာ ဖြစ်ပါတယ်။

ပေါ်တူဂီ လက်ရွေစင်းအသင်းရဲ့ ကစားသမားဟာ ဘရိုက်တန်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲ မှာ လူစားဝင် ကစားသမားအဖြစ်နဲ့သာ ပါဝင်ခဲ့ရပေမယ့် ဘရန်ဖို့ဒ်နဲ့ ပွဲမှာတော့ ပွဲအစကတည်းက ပါဝင်ခဲ့ရတာပါ။ လက်ရှိ အချိန်မှာ ရော်နယ်ဒိုဟာ အသင်းက ထွက်ခွာဖို့ ဆန္ဒရှိနေဆဲ ဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ တုံ့ပြန်ချက်

ယူနိုက်တက် အသင်းကတော့ ရော်နယ်ဒိုကို ရောင်းချဖို့ မရည်ရွယ်ထားပေမယ့် မကြာသေးခင်က သတင်းတွေမှာ ကစားသမားကို ခေါ်ယူဖို့ ကမ်းလှမ်းလာမယ့် ကမ်းလှမ်းမှုတွေကို နားထောင်သွားဖို့ ရှိနေတယ်လို့ ဖော်ပြခဲ့တာပါ။

လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ပိတ်ဖို့ ၂ ပတ်ခန့်သာ ကျန်ရှိတော့တာကြောင့် ရော်နယ်ဒို အနေနဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့ အချိန်တန်လာခဲ့ပြီ ဖြစ်ပါတယ်။ ရော်နယ်ဒိုနဲ့ ယူနိုက်တက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၁ နှစ် ကျန်ရှိနေတာပါ။

ရော်နယ်ဒို အပါအဝင် ယူနိုက်တက်အသင်းရဲ့ စီနီယာ ကစားသမားတွေဟာ ရလဒ်ဆိုးနေတဲ့ အသင်းအတွက် နောက်ထပ် ကစားသမားသစ် အားဖြည့်ဖို့ တာဝန်ရှိသူတွေထံ ပြောထားတယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့်လည်း ယူနိုက်တက်အသင်းဟာ အပြောင်းအရွှေ့ မပိတ်ခင်မှာ လိုအပ်နေတဲ့ တိုက်စစ်နဲ့ ကွင်းလယ် ပိုင်းကို ဝယ်ယူဖို့ ဈေးကွက်ထဲမှာ လှုပ်ရှားနေတာပါ။ ယူနိုက်တက်အသင်းဟာဆိုရင် ဂျူဗင်တပ်စ် ကွင်းလယ်လူ ရာဘီယော့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် တောင်းဆိုမှုများပြားလို့ လက်လျှော့လိုက်ပြီး ရီးရယ်လ်အသင်းက ကတ်စမဲရိုးကို ချိတ်ဆက်နေပါတယ်။

တိုက်စစ်ပိုင်းအတွက် အသလက်တီကို အသင်းက မိုရာတာ၊ ပီအက်စ်ဂျီ အသင်းက အိုင်ကာဒီ အပါအဝင် ကစား သမား တချို့ကို ယူနိုက်တက်အသင်းက စောင့်ကြည့်နေပါတယ်။

Source: Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဒါဝင်နူနက်စ်ရဲ့ တုံ့ပြန်မှုက မှားယွင်းတယ်လို့ လီဗာပူးလ်နည်းပြ ကလော့ပ်ပြော

By CNI
CNI
Category: Watch TV
Hits: 706

Share
Tweet
Share
Share
powered by social2s

တတိယအဖွဲ့အစည်းလွှမ်းမိုးမှုကြောင့် အိန္ဒိယဘောလုံးအဖွဲ့ချုပ်ကို ဖီဖာ ဆိုင်းငံ့

By CNI
CNI
Category: Watch TV
Hits: 732

Share
Tweet
Share
Share
powered by social2s
အွန်နရီကိုတွေ့ရစဉ် (The Sun)

ပရိသတ်တွေရဲ့ ဝေဖန်မှုခံနေရတဲ့ ဘတ်ပီဘက်ကနေ အွန်နရီကာကွယ်

By CNI
CNI
Category: အားကစား
Hits: 1442

CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၆

အွန်နရီဟာ မကြာသေးခင်က ပီအက်စ်ဂျီအသင်းရဲ့ ပွဲစဉ်မှာ ပရိသတ်တွေရဲ့ ဝေဖန်မှုခံနေရတဲ့ တိုက်စစ်မှူး ဘတ်ပီ ဘက်ကနေ ကာကွယ်ပြီးတော့ ပြောသွားခဲ့ပါတယ်။

အွန်နရီက “ဒါက သူ့ရဲ့နေရာပါ။ သူဟာ အစပိုင်းမှာကတည်းက ပြသခဲ့တဲ့အတိုင်း သူ့ရဲ့ အကောင်းဆုံးအဆင့်ကို ပြသရပါလိမ့်မယ်။ ဒါပေမယ့် သူဟာ ဘယ်သူ့ကိုမှ သက်သေပြစရာ မရှိပါဘူး။ နည်းပြက ဘတ်ပီ၊ နေမာနဲ့ မက်ဆီ တို့ ၃ ဦးကစားဖို့ နည်းလမ်းတွေ ရှာဖွေပြီး သူတို့ကို ပျော်ရွှင်စေမှာပါ။ ပီအက်စ်ဂျီမှာ ငြင်းခုံစရာ ပြဿနာက အမြဲတမ်း ရှိနေပါတယ်။ သူတို့က ၅ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရပြီး ဘတ်ပီအကြောင်းကို ပြောနေပါတယ်။ မနှစ်ကဆိုရင် နေမာ အကြောင်းကို ပြောခဲ့ကြတယ်။ ဒါဟာ အမြဲတမ်း ဒီလိုဖြစ်နေမှာပါ။ ဒါက ပီအက်စ်ဂျီပါ”လို့ Prime Sport Video France ကို ပြောခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းက မောင့်ပယ်လီယာ အသင်းကို ၅ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မှာ ကွင်းလယ်လူ ဗီတင်ဟာက ဘတ်ပီရဲ့လမ်းကြောင်းကို ဘောလုံးမပေးပဲ တခြားတစ်ဖက်ကို သွားဖို့ ရွေးချယ်ခဲ့ချိန်မှာ ပြင်သစ် တိုက်စစ်မှူးဟာ စိတ်ပျက်ပြီး ရပ်နေခဲ့ပါတယ်။
ဘတ်ပီဟာ ဘောလုံးနောက်ကို ဆက်မလိုက်တော့ဘဲ လမ်းလျှောက်နေခဲ့တာကို တွေ့မြင်ခဲ့ရတာပါ။ ပရိသတ်တွေ က ဒီလိုပြုမူခဲ့တဲ့ ဘတ်ပီရဲ့ လုပ်ရပ်ကို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

ဘတ်ပီကိုတွေ့ရစဉ် (Paris)

ဘတ်ပီဟာ ပြီးခဲ့တဲ့ နွေရာသီကမှ ပီအက်စ်ဂျီ အသင်းနဲ့ ပေါင် ၅၀၇ သန်း တန်ကြေးရှိ ၃ နှစ် စာချုပ်ချုပ် ဆိုခဲ့တာ ပါ။ ဘတ်ပီဟာ ဒီပွဲမှာ နေမာ ပင်နယ်တီ ကန်သွင်းဖို့ တည်ထားတဲ့အချိန်မှာ ဘရာဇီးလ် ကစားသမားအနားကို သွားပြီး သူကန်သွင်းချင်တဲ့ ပုံစံကို ပြသခဲ့ပါတယ်။

ဘတ်ပီဟာ ဒီပွဲမှာရတဲ့ ပထမဆုံး ပင်နယ်တီကို ကန်သွင်းခဲ့ပေမယ့် မဝင်ခဲ့တာကြောင့် နေမာက ဒုတိယမြောက် ရတဲ့ ပင်နယ်တီကို သူကိုယ်တိုင် ကန်သွင်းယူသွားခဲ့တာပါ။

နေမာဟာ ပြင်သစ်လီဂူးဝမ်းရာသီ ပြန်စတင်ကတည်းက ခြေစွမ်းပြသနေပြီး ၂ ပွဲကစားအပြီးမှာ ၃ ဂိုး သွင်းယူ ထားပါတယ်။ ပီအက်စ်ဂျီ အသင်းကလည်း နည်းပြ ဂယ်လ်တီယာ လက်ထက်မှာ ခြေစွမ်းပြသနေပြီး လီဂူးဝမ်း ၂ ပွဲ ကစားပြီးအချိန်မှာ ၂ ပွဲစလုံးနိုင် ရဂိုး ၁၀ ဂိုး ပေးဂိုး ၂ ဂိုးသာ ခွင့်ပြုထားရတာပါ။

ပြင်သစ်ကလပ်ဟာ ဒီရာသီမှာ ပြည်တွင်း ဆုဖလားတွေအပြင် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့လည်း ပစ်မှတ် ထားနေတာ ဖြစ်ပါတယ်။

Source: The Sun

 

 

 

Share
Tweet
Share
Share
powered by social2s

အူဆက်ခ်ရဲ့ လှည့်ကွက်တွေကို သိတယ်လို့ အန်သိုနီဂျိုရွှာ ပြော

By CNI
CNI
Category: အားကစား
Hits: 1149


CNI Sport News

၂၀၂၂ ခုနှစ်၊ဩဂုတ် ၁၆

အန်သိုနီဂျိုရွှာက စနေနေ့ညမှာ ထိုးသတ်မယ့် ဟဲဗီးဝိတ်ပွဲစဉ်မကျေပွဲမတိုင်ခင် အူဆက်ခ်ရဲ့ လှည့်ကွက်တွေကို သိတယ်လို့ ပြောလိုက်ပါတယ်။

အန်သိုနီဂျိုရွှာက “သူဘာလုပ်မလဲဆိုတာ ကျနော်သိသလို၊ ကျနော်ဘာလုပ်ရမလဲဆိုတာလည်း ကျနော် သိပါတယ်။သူ့ရဲ့လှည့်ကွက်တွေကို ကျနော်ကောင်းကောင်းသိပါတယ်။ဒီဇာတ်ကြောင်းကို ပြောင်းလဲရပါမယ်။ ကျနော်ဟာ ကျနော့်ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ကို ရေးသားတဲ့သူပါ။ကျနော် ဒီဇာတ်ကြောင်းကို ပြောင်းလို့ရပါတယ်” လို့ ပြောခဲ့တာပါ။

လန်ဒန်မှာ ထိုးသတ်ခဲ့တဲ့ ၂၀၂၁ စက်တင်ဘာလက အန်သိုနီဂျိုရွှာဟာ အူဆက်ခ်ကို အမှတ်နဲ့အရေးနိမ့်ခဲ့ပြီး ဟဲဗီးဝိတ်ချန်ပီယံခါးပတ်တွေကို ဆုံးရှုံးခဲ့ရပါတယ်။ဆော်ဒီမှာထိုးသတ်မယ့်ပွဲမှာတော့ အူဆက်ခ်ဟာ WBA (Super)၊ WBOနဲ့ IBF ချန်ပီယံခါးပတ်တွေကို ကာကွယ်ရတော့မှာပါ။ဂျိုရွှာကတော့ သူတို့နှစ်ဦး ပထမဆုံးအကြိမ် တွေ့ဆုံမှုကနေ သင်ယူခဲ့ပြီး ၃ ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံဆုကို ရယူနိုင်ဖို့ ကြိုးစားနေကြောင်း ပြောခဲ့ပါတယ်။

အန်သိုနီဂျိုရွှာဟာ အမေရိကန်နည်းပြ ရော်ဘတ်ဂါစီယာနဲ့ လေ့ကျင့်မှုတွေပြုလုပ်နေတာပါ။တိုင်ဆန်ဗျူရီ လက်ဝှေ့လောကကနေ အနားယူသွားတာကြောင့် အန်သိုနီဂျိုရွှာနဲ့ အူဆက်ခ်တို့ဟာ ကမ္ဘာ့ချန်ပီယံဆု ၃ ခုအပြင် Ring ဟဲဗီးဝိတ်ခါးပတ်အတွက်လည်း ထိုးသတ်ရတော့မှာ ဖြစ်ပါတယ်။တိုင်ဆန်ဗျူရီဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ လက်ဝှေ့လောကကနေ ထွက်သွားပြီလို့ ဒုတိယအကြိမ်မြောက် ပြောခဲ့တာပါ။အူဆက်ခ်ဟာ ပွဲပေါင်း ၁၉ ပွဲထိုး သတ်ခဲ့ရာမှာ ရာနှုန်းပြည့်အနိုင်ရထားပြီး အန်သိုနီဂျိုရွှာကတော့ ၂၆ ပွဲမှာ ၂ ပွဲရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။

အန်သိုနီဂျိုရွှာက အခုလာမယ့်ပွဲမှာ အူဆက်ခ်ကို ပြန်လက်စားချေနိုင်ဖို့ ယုံကြည်မှုရှိနေတာပါ။အန်သိုနီဂျိုရွှာက “ ကျနော် ကိုယ့်အလုပ်ကို အကောင်းဆုံးလုပ်သွားမှာ ဘာဆင်ခြေမှပေးနေမှာ မဟုတ်ဘူး။ကျနော်က အနိုင်ရမယ့် သူပါ။ကျနော်အနိုင်ရမယ်ဆိုတာ ကိုယ့်ကိုကိုယ်သိပါတယ်။ကျနော့်အကြောင်းသိဖို့က အခြားဘာမှ မရှိပါဘူး”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

အန်သိုနီဂျိုရွှာဟာ ဆော်ဒီမှာ မကျေပွဲအဖြစ် အန်ဒီရူးဝစ်နဲ့ ထိုးသတ်ခဲ့ဖူးပြီး အနိုင်ရရှိခဲ့ကာ အူဆက်ခ်ကတော့ ဆော်ဒီမှာ ပထမဆုံးပွဲအဖြစ် ထိုးသတ်မှာ ဖြစ်ပါတယ်။

Source:BBC

 

 

 

Share
Tweet
Share
Share
powered by social2s
ကလော့ပ်နဲ့ ဒါဝင်နူနက်စ် တို့ကိုတွေ့ရစဉ်

ဒါဝင်နူနက်စ်ရဲ့ တုံ့ပြန်မှုက မှားယွင်းတယ်လို့ လီဗာပူးလ်နည်းပြ ကလော့ပ်ပြော

By CNI
CNI
Category: အားကစား
Hits: 1474

CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၆

ပဲလေ့စ်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အနီကတ် ပြသခံခဲ့ရတဲ့ တိုက်စစ်မှူးသစ် ဒါဝင်နူနက်စ်ရဲ့ တုံ့ပြန်မှုက မှားယွင်းတယ်လို့ လီဗာပူးလ်နည်းပြ ကလော့ပ်က ပြောလိုက်ပါတယ်။

ကလော့ပ်က “ဒီတုံ့ပြန်မှုက မှားယွင်းပါတယ်။ အန်ဒါဆန်က ဒီလိုမျိုး လိုချင်လို့ လုပ်ခဲ့ပေမယ့် ဒါဝင်က အမှား ကျူးလွန်ခဲ့ပါတယ်။ သူဟာ ပြိုင်ဘက် ကစားသမားရဲ့ ရန်ဆမှုကြောင့် ဒေါသအနည်းငယ် ထွက်သွားတယ် ထင်ပါ တယ်။ သေချာတာကတော့ ဒါဟာ မှားယွင်းတဲ့ တုံ့ပြန်မှုပါ။ ဒါကိုတော့ ကျနော်မငြင်းပါဘူး။ ဒီအဖြစ်အပျက်ကနေ သင်ယူရပါလိမ့်မယ်”လို့ ပြောပါတယ်။

ဒါဝင်နူနက်စ်ဟာ ပွဲစကတည်းက ပါဝင်ခွင့် ရခဲ့ပေမယ့် ပဲလေ့စ်အသင်းရဲ့ နောက်ခံလူ အန်ဒါဆန်ကို ခေါင်းနဲ့ တိုက်ခဲ့တဲ့အတွက် တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ် ခံခဲ့ရပါတယ်။


ပြိုင်ဘက် ကစားသမားကို ခေါင်းနဲ့တိုက်လိုက်တဲ့ ဒါဝင်နူနက်စ်၊ ဒိုင်က အနီကတ်ပြထုတ်ပယ် (Fox Sports)

ဒါဝင်နူနက်စ်ဟာ ကလော့ပ် လက်ထက်မှာ ဒီလိုကြမ်းတမ်းတဲ့ အပြုအမူကြောင့် ထုတ်ပယ်ခံရတဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ ဥရုဂွေး နိုင်ငံ့ လက်ရွေးစင်အသင်း တိုက်စစ်မှူး အနေနဲ့ ၃ ပွဲပယ် ခံရမှာဖြစ်ပြီး လာမယ့် ယူနိုက်တက်အသင်းနဲ့ ကစားမယ့်ပွဲက စပြီး ပွဲပယ်ခံရတော့မှာ ဖြစ်ပါတယ်။

ကလော့ပ်က “ကံမကောင်းစွာနဲ့ သူဟာ ပွဲအနည်းငယ်ကို ကစားခွင့်ရရှိတော့မှာ မဟုတ်ပါဘူး။ ဒါက ကျနော်တို့ အတွက်လည်း အဆင်မပြေပါဘူး။ ကျနော်သူနဲ့ စကားသေသေချာချာ ပြောရပါမယ်။ လူသိရှင်ကြား ပြောရတာ ဘာအဓိပ္ပါယ်မှ မရှိပါဘူး။ သူဘယ်လောက်ကြာကြာ ပွဲပယ်ခံရမလဲဆိုတာ ကျနော်မသိပါဘူး။ ဒီအချိန်မှာ သူ့ကို အပြစ်ပေးမှာ မဟုတ်ဘဲ ကြံ့ခိုင်မှုအပိုင်းကို ပြုလုပ်ရမယ်။ သူ့ကို ပိုပြီးသန်မာလာအောင် ပြုလုပ်သွားမှာဖြစ်ပြီး ဒါကို ကျနော်တို့ ကြိုးစားသွားပါမယ်”လို့ ပြောပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီပွဲမှာ ဇာဟာရဲ့ ဂိုးနဲ့ ပဲလေ့စ်ရဲ့ ဦးဆောင်မှုကို ခံခဲ့ရပြီး ဒီယက်ဇ်က ချေပဂိုး ပြန်သွင်းခဲ့လို့ သရေနဲ့ ပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ၂ ပွဲ ကစားပြီးချိန်မှာ ၂ ပွဲလုံး သရေရလဒ် ရရှိထားပြီး အခုအပတ်မှာ ယူနိုက်တက်အသင်းနဲ့ အိုးထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal

 

 

 

Share
Tweet
Share
Share
powered by social2s

ရော်နယ်ဒိုကို စာချုပ်ဖျက်သိမ်းမယ့်အပေါ် ယူနိုက်တက်ငြင်းဆန်

By CNI
CNI
Category: Watch TV
Hits: 727

Share
Tweet
Share
Share
powered by social2s

ပွဲအပြီးလက်ဆွဲ နှုတ်ဆက်တာကနေ အနီကတ်ထိခဲ့ကြတဲ့ တူချယ်လ်နဲ့ ကွန်တီ

By CNI
CNI
Category: Watch TV
Hits: 767

Share
Tweet
Share
Share
powered by social2s

ရော်နယ်ဒိုကို စာချုပ်ဖျက်သိမ်းမယ့်အပေါ် ယူနိုက်တက်ငြင်းဆန်

By CNI
CNI
Category: အားကစား
Hits: 1206

CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၅

ယူနိုက်တက်အသင်းကတော့ ရော်နယ်ဒိုကို စာချုပ်ဖျက်သိမ်းဖို့ အစီအစဉ်မရှိဘူးလို့ အတည်ပြုလိုက်ပြီး ထွက်ပေါ် နေတဲ့ သတင်းတွေကို ငြင်းဆန်လိုက်ပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိ ကစားသမားဟာ ချန်ပီယံလိဂ်ကစားချင်ပြီး အောင်မြင်မှုရယူချင်တာကြောင့် အခု နွေရာသီအပြောင်းအရွှေ့မှာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ ကြိုးစားနေတာပါ။

ယူနိုက်တက်အသင်းဟာ လက်ရှိ အချိန်မှာ ပရီးမီးယားလိဂ် ၂ ပွဲဆက်ရှုံးနိမ့်ထားပြီးနောက် အသင်းဟာ အခြေအနေဆိုးရွားနေကာ အမှတ်ပေးဇယား အဆင့် ၂၀ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ရော်နယ်ဒိုဟာ ဘရန်ဖို့ဒ့်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်တဲ့ ပွဲအပြီးမှာ တော်တော်လေးကို စိတ်ပျက်နေခဲ့တာပါ။

အဲဒါကြောင့် မန်ချက်စတာကလပ်ဟာ ရော်နယ်ဒိုရဲ့ သဘောထားအတိုင်း ထွက်ခွာခွင့်ပေးပြီး စာချုပ်ဖျက်သိမ်း ပေးဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ ယူနိုက်တက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ တစ်နှစ်ကျန်ရှိနေသေးပြီး နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်လည်း ရှိနေတာပါ။ဒါပေမယ့် ယူနိုက်တက်အသင်းကတော့ ရော်နယ်ဒိုရဲ့ စာချုပ်ကို ဖျက်သိမ်းပေးဖို့ အစီအစဉ်မရှိပါဘူး။ရော်နယ်ဒိုနဲ့ပတ်သက် ပြီး ကလပ်ရဲ့ရပ်တည်မှုက ပြောင်းလဲမှုမရှိဘူးလို့ ယူနိုက်တက်ရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့တာပါ။

နည်းပြ အဲရစ်တန်ဟတ်ကလည်း ရော်နယ်ဒိုဟာ သူ့ရဲ့ အစီအစဉ်မှာပါဝင်တယ်လို့ ဘရန်ဖိုဒ့်နဲ့ ပွဲမတိုင်ခင် ပြောထားခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “ရော်နယ်ဒို ထွက်ခွာချင်နေတယ်ဆိုတာ ခင်ဗျားတို့ မီဒီယာတွေရဲ့ ယူဆချက်ပါ။ဒါကို သူပြောနေတာလည်းမဟုတ်ပါဘူး။ဒီရာသီ သူနဲ့အတူ ကျနော်တို့မှာ အစီအစဉ်ရှိပြီး သူ့ကို အသင်းနဲ့ အံဝင်အောင်လုပ်ရမှာပါ။ဒါကြောင့် ရော်နယ်ဒိုအနေနဲ့ မှန်ကန်တဲ့ ကြံခိုင်မှုအဆင့်ကို ရောက်ပြီး ကျနော် တို့ မျှော်လင့်ထားတဲ့အတိုင်း သူလုပ်နိုင်မှာပါ” လို့ ပြောခဲ့တာပါ။

ရော်နယ်ဒိုဟာ ဘရိုက်တန်နဲ့ ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး၊ ဘရန်ဖိုဒ့်နဲ့ ပွဲမှာတော့ ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ကာ အသင်းရဲ့ ရလဒ်ဆိုးတွေနဲ့အတူ ခြေစွမ်းပြသနိုင်ဖို့ ခက်ခဲနေခဲ့တာဖြစ်ပါတယ်။

Source:Metro

 

 

 

 

Share
Tweet
Share
Share
powered by social2s
ကွန်တီနဲ့တူချယ်လ်တို့ လက်ဆွဲနှုတ်ဆက်ရင်း ရုန်းကန်ဆန်ခတ်ဖြစ်နေ (ABC)

ပွဲအပြီးလက်ဆွဲ နှုတ်ဆက်တာကနေ အနီကတ်ထိခဲ့ကြတဲ့ တူချယ်လ်နဲ့ ကွန်တီ

By CNI
CNI
Category: အားကစား
Hits: 1447

CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၅

ချယ်လ်ဆီးအသင်း နည်းပြ တူချယ်လ်နဲ့ စပါးအသင်းနည်းပြ ကွန်တီဟာ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲအပြီး လက်ဆွဲနှုတ်ဆက်တာကနေ ပြဿနာဖြစ်ပွားခဲ့ကြပြီး အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ ရပါတယ်။

တူချယ်လ်နဲ့ ကွန်တီတို့ဟာ ပွဲချိန်အတွင်း စပါးအသင်း ကွင်းလယ်ကစားသမား ဟို့ချ်ဘတ်ချ် ချေပဂိုး သွင်းပြီး ချိန်မှာ ထိပ်တိုက် တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဂိုးမရခင် စပါးအသင်းဟာ ဟာဗတ်စ်ကို ပြစ်ဒဏ်ဘော ကျူးလွန်ခဲ့သလို၊ ရစ်ချာလီဆန်က လူကျွံဘော အနေအထားမှာ ရှိနေတယ်ဆိုပြီး တူချယ်လ်က ဒေါသထွက်နေခဲ့ တာဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ကြောင့် ကွင်းလယ်ဒိုင်လူကြီးက ၂ ဦးစလုံးကို အဝါကတ်ပြသပြီး သတိပေးထားခဲ့တာပါ။ ဒါပေမယ့် ဟာရီကိန်းက စပါးအတွက် ချေပဂိုးသွင်းပြီး ပွဲသိမ်းခရာမှုတ်ချိန်မှာ အနီကတ် ပြသခံခဲ့ရတာ ဖြစ်ပါတယ်။

ပွဲအပြီး လက်ဆွဲနှုတ်ဆက်ချိန်မှာ တူချယ်လ်က သူ့ကိုမကြည့်ပဲ လှည့်ထွက်ဖို့ လုပ်တဲ့ ကွန်တီရဲ့ လက်ကို အတင်း ဖိပြီး ဆွဲလိုက်တဲ့အချိန်မှာ ပြဿနာဖြစ်ပြီး အားလုံးက ဝိုင်းဝန်း ဖျန်ဖြေပေးခဲ့ရတာပါ။

ကွန်တီနဲ့တူချယ်လ် အနီကတ်ထိ (Yahoo News)

တူချယ်လ်က “လက်ဆွဲနှုတ်ဆက်တဲ့ အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်း ဆုံနေရမယ်လို့ ကျနော် တွေးမိပါတယ်။ ကွန်တီဆီမှာတော့ မတူညီတဲ့ သဘောထားမျိုးရှိပါတယ်”လို့ Sky Sports ကို ပြောခဲ့ပါတယ်။

ဒါပေမယ့် ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး တူချယ်လ်ဟာ အသေးစိတ် ပြောပြခဲ့ခြင်းတော့ မရှိပါဘူး။ ဒါ့အပြင် တူချယ်လ်က ဒီပွဲမှာ ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီး အန်သိုနီတေလာကို ဝေဖန်ခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့ လာမယ့်ပွဲတွေမှာ သူ့ကို မကိုင်တွယ်စေချင်တော့ကြောင်း ပြောခဲ့ပါတယ်။

တူချယ်လ်က “သူ့ကို ချယ်လ်ဆီးအသင်းပွဲတွေ မကိုင်တွယ်ခိုင်းတော့ရင် ပိုကောင်းမှာပါ။ ရိုးရိုးသားသားပြောရရင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ VAR လည်း ရှိပါတယ်။ ကစားသမားတွေကို ဘယ်အချိန်ကတည်းက ဆံပင်ဆွဲလို့ ရသွားတာလဲ။ ဒါကို မမြင်လို့ သူ့ကို ကျနော် အပြစ်မတင်ပါဘူး။ ဒါပေမယ့် VAR နဲ့ စစ်ဆေးလို့ ရတယ်လေ။ ကျနော်တို့က အခုဆို လာမယ့်ပွဲကိုင်တွယ်လို့ မရတော့ဘူး။ သူကတော့ လာမယ့်ပွဲ ကိုင်တွယ်လို့ရတယ်”လို့ ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းနဲ့ စပါးအသင်းတို့ဟာ ဒီပွဲ သရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ် ၂ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ်စီ ရယူထားနိုင်ခဲ့ပါတယ်။

Source: Metro

 

 

 

 

Share
Tweet
Share
Share
powered by social2s

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းတွေနဲ့ မိတ်ဆက် (အပိုင်း ၆)

By CNI
CNI
Category: Watch TV
Hits: 979

Share
Tweet
Share
Share
powered by social2s

လီဝန် ‌‌ဒေါ့စကီး အပါအဝင် ကစားသမားသစ် ၄ ဦးကို ဘာစီလိုနာ မှတ်ပုံတင်နိုင်ပြီ

By CNI
CNI
Category: Watch TV
Hits: 719

Share
Tweet
Share
Share
powered by social2s

၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် ဘောလွန်းဒီအော ဆန်ကာတင်စာရင်းမှာ မက်ဆီ မပါဝင်

By CNI
CNI
Category: Watch TV
Hits: 768

Share
Tweet
Share
Share
powered by social2s
ဝီလျံကိုတွေ့ရစဉ် (Daily Star)

အသက်အန္တရာယ်ခြိမ်းခြောက်ခံရလို့ ကိုရင်သီယန်ကနေ ဝီလျံ ထွက်ခွာ

By CNI
CNI
Category: အားကစား
Hits: 1154

CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၃

ချယ်လ်ဆီးနဲ့ အာဆင်နယ် ကစားသမားဟောင်း ဝီလျံဟာ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတာကြောင့် ဘရာဇီးလ်ကလပ် ကိုရင်သီယန် အသင်းကနေ ထွက်ခွာခဲ့ပြီ ဖြစ်ပါတယ်။

ဝီလျံက “ဒီလိုခြိမ်းခြောက်မှုတွေ ခံရဖို့ ကျနော် ဘရာဇီးလ်ကို လာခဲ့တာ မဟုတ်ပါဘူး။ ကိုရင်သီယန် ရှုံးသွားတာပဲ ဖြစ်စေ၊ ကျနော်ပွဲမှာ ကောင်းမွန်စွာ မစွမ်းဆောင်နိုင်တာပဲ ဖြစ်စေ၊ ကျနော့် မိသားစုဟာ ဆိုရှယ်မီဒီယာပေါ်မှာ ခြိမ်းခြောက်မှုတွေ၊ ကျိန်စာတွေကို ရရှိခဲ့ပါတယ်။ ကျနော့်ဇနီး၊ ကျနော့်သမီးတွေ၊ အဖေနဲ့ ညီမဖြစ်သူတို့ကို သူတို့ တွေ တိုက်ခိုက်ကြပါတယ်”လို့ သတင်းထောက်တွေကို ပြောပြပါတယ်။

ဝီလျံဟာ ပြီးခဲ့တဲ့ နွေရာသီကမှ အာဆင်နယ်အသင်းကနေ ထွက်ခွာပြီး ကိုရင်သီယန်အသင်းထံ ပြောင်းရွှေ့လာ ခဲ့တာ ဖြစ်ပါတယ်။

ကိုရင်သီယန်အသင်းဟာ ဘရာဇီးလိဂ်ရဲ့ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေခဲ့ပေမယ့် မကြာသေးခင် ရက်သတ္တပတ်တွေ အတွင်းမှာ အသင်းဟာ အရေးပါတဲ့ ပြိုင်ပွဲ ၂ ခုကနေ ထွက်ခွာခဲ့ရပါတယ်။ အဲ့ဒါကြောင့် ကွင်း အတွင်းမှာ စွမ်းဆောင်ရည် ညံ့ဖျင်းခဲ့တဲ့ ဝီလျံကို ပရိသတ်အချို့က တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

ကိုရင်သီယန်အသင်းမှာ ကစားခဲ့တဲ့ ဝီလျံ (Football Flakes)

ဒီလိုတွေကြောင့် ဝီလျံဟာ သူ့ရဲ့ စာချုပ်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြောင်း ကိုရင်သီယန်အသင်းဥက္ကဋ္ဌ မွန်တဲရိုး အဲလ်ဗတ်စ်က ပြောခဲ့ပါတယ်။

ကိုရင်သီယန်အသင်းက “ကလပ်အသင်းက အားကစားသမားရဲ့ ထွက်ခွာခွင့်တောင်းမှုကို လက်ခံခဲ့ပြီး စာချူပ်ကို အဆုံးသတ် ပေးခဲ့ပါတယ်။ ဝီလျံက ပုဂ္ဂိုလ်ရေးနဲ့ မိသားစုပြဿနာတွေကြောင့် အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိခဲ့ တာပါ။ ကိုရင်သီယန်က ဒါကို စိတ်မကောင်း ဖြစ်ခဲ့ပေမယ့် ကစားသမားရဲ့ ဆုံးဖြတ်ချက်ကို လေးစားရမယ်”လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဝီလျံဟာ ကိုရင်သီယန်အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် ဥရောပကို ပြန်မှာဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်အသင်းထံ ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ဝီလျံဟာ ချယ်လ်ဆီး အသင်းနဲ့အတူ အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ပေမယ့် အာဆင်နယ်အသင်းမှာတော့ ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

 

 

 

Share
Tweet
Share
Share
powered by social2s
ဘာစီလိုနာ ကစားသမားများ (MX24)

လီဝန်ဒေါစကီး အပါအဝင် ကစားသမားသစ် ၄ ဦးကို ဘာစီလိုနာ မှတ်ပုံတင်နိုင်ပြီ

By CNI
CNI
Category: အားကစား
Hits: 1262

CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၃

ဘာစီလိုနာအသင်းဟာ ရာသီသစ်လာလီဂါ အဖွင့်ပွဲစဉ်ကစားဖို့ နာရီပိုင်းအလိုမှာ ကစားသမားသစ် ၄ ဦးကို လာလီဂါထံ စာရင်းသွင်း မှတ်ပုံတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ကစားသမားသစ် ၄ ဦးဖြစ်တဲ့ လီဝန်ဒေါစကီး၊ ရာဖင်ဟာ၊ ကတ်ဆီနဲ့ ခရစ်တန်ဆန်တို့ဟာ ဖယ်လက် ကာနို အသင်းနဲ့ ကစားမယ့် အဖွင့်ပွဲစဉ်ကို ကစားခွင့် ရသွားခဲ့ပြီ ဖြစ်ပါတယ်။

ဆီဗီလာကနေ ခေါ်ယူထားတဲ့ နောက်ခံလူသစ် ကွန်ဒီကိုတော့ စာရင်းသွင်း မှတ်ပုံတင်နိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမယ့် စပိန်ကလပ်က ကွန်ဒီကိုလည်း သြဂုတ်လ မကုန်ခင်မှာ စာရင်းသွင်းမှတ်ပုံတင်နိုင်ဖို့ ယုံကြည်မှုရှိနေခဲ့ တာပါ။

ဘာစီလိုနာအသင်းဟာ သောကြာနေ့က ဘာကာ စတူဒီယိုရဲ့ နောက်ထပ် ၂၄.၅ ရာခိုင်နှုန်းကို ရောင်းချခဲ့ပါတယ်။

စပိန်လိဂ်ရဲ့ စီးပွားရေး ထိန်းချုပ်မှုဌာနဟာ နောက်ဆုံးရောင်းချခဲ့တဲ့ အသေးစိတ် အချက်အလက်တွေကို ပြန်လည် သုံးသပ်အပြီးမှာ ကစားသမားသစ်တွေကို စာရင်းသွင်းနိုင်ကြောင်း အတည်ပြုခဲ့တာပါ။ အခုနွေရာသီမှာ စာချုပ် သစ်တွေ ချုပ်ဆိုခဲ့တဲ့ ဆာဂျီယိုရောဘတ်တိုနဲ့ ဒမ်ဘီလီတို့ကိုလည်း ဘာစီလိုနာအသင်းဟာ စာရင်းသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာ ပရိသတ်များ (DC News)

စပိန်ကလပ်ဟာ ကွန်ဒီအပြင် ချယ်လ်ဆီးကနေ ခေါ်ယူမယ့် အလွန်ဆိုကိုလည်း စာရင်းသွင်းနိုင်ဖို့ လုပ်ဆောင်နေ တာပါ။

ဘာစီလိုနာအသင်းဟာ ဘတ်စ်ကွက်၊ ဒီဂျောင်နဲ့ ပီကေးတို့ကို လုပ်ခလစာလျှော့ယူဖို့ လုပ်ဆောင်နေပြီး အခုအချိန် ထိ ပီကေး တစ်ဦးတည်းသာ ဒီကိစ္စကို လုပ်ဆောင်ဖို့ သဘောတူထားတာ ဖြစ်ပါတယ်။

စပိန်ကလပ်ဟာ ကစားသမား တချို့ကိုလည်း ရောင်းချဖို့ စီစဉ်နေပြီး ဒီပိုင်း၊ ဘရိတ်ဝိတ်၊ အမ်တီတီတို့ဟာ အသင်း က ထွက်ခွာရဖို့ ရှိနေတာပါ။ ဒါ့အပြင် ဒီဂျောင်၊ အူဘာမီယန်းတို့ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေကိုလည်း နားထောင် နေတာ ဖြစ်ပါတယ်။

စပိန်ကလပ်ဟာ ပြီးခဲ့တဲ့ရာသီက ဆုဖလားအောင်မြင်မှုနဲ့ ဝေးကွာခဲ့တာကြောင့် ဒီရာသီမှာ ဆုဖလားတွေ ပြန်ရ ယူနိုင်ဖို့ ကစားသမားသစ်တွေ ဖြည့်တင်းပြီး အားစိုက်နေခဲ့တာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 45
  • 46
  • 47
  • 48
  • 49
  • 50
  • 51
  • 52
  • 53
  • 54

Page 50 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar