CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ယူရိုချန်ပီယံဆုကို အင်္ဂလန်အမျိုးသမီးအသင်း ပထမဆုံးအကြိမ်ရရှိ

By CNI
CNI
Category: Watch TV
Hits: 581

Share
Tweet
Share
Share
powered by social2s
မြန်မာယူ-၁၆ အသင်း နည်းပြ ဦးအောင်ဇော်မျိုး

အာဆီယံယူ-၁၆ ပြိုင်ပွဲမှာ အကောင်းဆုံး ကြိုးစားသွားမယ်လို့ မြန်မာနည်းပြပြော

By CNI
CNI
Category: အားကစား
Hits: 1066

CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁

မြန်မာယူ-၁၆ အသင်းနည်းပြ ဦးအောင်ဇော်မျိုးက အာဆီယံယူ-၁၆ ပြိုင်ပွဲအတွက် ပြင်ဆင်ချိန် ၁၂ ပတ်လောက်ရခဲ့ပြီး အကောင်းဆုံး ကြိုးစားသွားမယ်လို့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ဦးအောင်ဇော်မျိုးက “ အသင်းကို မြန်မာဘောလုံး အကယ်ဒမီတွေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေက ကစားသမားတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီပြိုင်ပွဲအတွက် ပြင်ဆင်ချိန် ၁၂ ပတ်လောက်ရခဲ့ပါတယ်။ အကောင်းဆုံး ကြိုးစားပြင်ဆင်ပြီး ယှဉ်ပြိုင် သွားမှာပါ။ ပြိုင်ပွဲကောင်းတစ်ခု ဖြစ်ဖို့ကိုလည်း မျှော်လင့်ကြောင်း” ပြောပါတယ်။

မြန်မာအသင်း ပါဝင်တဲ့ အုပ်စု (ဂ) ရဲ့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို သြဂုတ်လ ၁ ရက်က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ အုပ်စု (ဂ) မှာ မလေးရှား၊ သြစတြေးလျ၊ ကမ္ဘောဒီးယားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့တာပါ။ အုပ်စု(က) မှာ အိမ်ရှင်အင်ဒိုးနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ စင်ကာပူ ကျရောက်နေပါတယ်။

 မြန်မာယူ -၁၆ အသင်း လေ့ကျင့်ခန်းဆင်းနေစဉ်

ဒီနောက် အုပ်စု(ခ) မှာတော့ ထိုင်း၊ တီမော၊ လာအိုနဲ့ ဘရူနိုင်းတို့ ကျရောက်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ သြဂုတ်လ ၂ ရက်မှာ သြစတြေးလျ၊ ၅ ရက်နေ့မှာ မလေးရှား၊ ၈ ရက်နေ့မှာ ကမ္ဘောဒီးယားတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။

ဒီပြိုင်ပွဲမှာ အုပ်စုထိပ်ဆုံးက ၃ သင်းနဲ့ ဒုတိယအကောင်းဆုံး ၁ သင်းက ဆီမီးဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ မြန်မာ အသင်းဟာ အာဆီယံယူ-၁၆ ပြိုင်ပွဲမှာ ချန်ပီယံဆု ၂ ကြိမ် ရယူထားခဲ့ပြီး အဆိုပါနှစ်တွေကတော့ ၂၀၀၂ နဲ့ ၂၀၀၅ ပဲဖြစ်ပါ တယ်။

မြန်မာအသင်းဟာ ၂၀၁၈ က ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ စတုတ္တနေရာသာ ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုနှစ်ပြိုင်ပွဲကို ဇူလိုင်လ ၃၁ ရက်ကနေ သြဂုတ်လ ၁၃ ရက်အထိ ကျင်းပသွားမှာပါ။

ဒီပြိုင်ပွဲမှာ အိမ်ရှင် အင်ဒိုနီးရှားယူ-၁၆ အသင်းရဲ့ ပွဲစဉ်တွေကိုသာ ရုပ်သံရိုက်ကူး ထုတ်လွှင့်မှာ ဖြစ်တယ်လို့လည်း ပြိုင်ပွဲ ကျင်းပရေးအဖွဲ့ကနေ သိရပါတယ်။

 

 

 

Share
Tweet
Share
Share
powered by social2s

ဆုဖလားရယူပြီး ပီအက်စ်ဂျီအသင်း ရာသီသစ်ကို စတင်ခဲ့

By CNI
CNI
Category: အားကစား
Hits: 1597

CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁

ပီအက်စ်ဂျီအသင်းဟာ တဲလ်အဗစ်မှာ ကစားခဲ့တဲ့ Trophee des Champions ပွဲမှာ နန့်တက်စ်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီအတွက်ဂိုးတွေကို နေမာက ၂ ဂိုး၊ မက်ဆီနဲ့ ရာမို့စ်တို့က ၁ ဂိုးစီသွင်းယူခဲ့ကြတာပါ။ဒီပွဲမှာ ပီအက်စ်ဂျီ အသင်းဟာ ပွဲပယ်ခံထားရတဲ့ တိုက်စစ်မှူး ဘတ်ပီကလွဲပြီး အဓိက ကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့တာ ကြောင့် နန့်တက်စ်အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ပီအက်စ်ဂျီအသင်းဟာ အခု ၁ ကြိမ်အပါအဝင် နောက်ဆုံး ၁၀ ကြိမ်ကျင်းပခဲ့တဲ့ Trophee des Champions ပွဲမှာ ချန်ပီယံဆုကို ၉ ကြိမ်ရယူနိုင်ခဲ့တာပါ။

နေမာက “ဒီပွဲက ပွဲကောင်းတစ်ပွဲပါ။ဒီဆုဖလားကိုလည်း ကျနော်တို့ အရယူချင်ခဲ့တာပါ။လီယို၊ ကိုင်လီယန်နဲ့ ကျနော်တို့ ပျော်ရွှင်နေမယ်ဆိုရင် ပီအက်စ်ဂျီအသင်းက ကောင်းမွန်စွာ အလုပ်လုပ်နိုင်မှာပါ။ဒီရာသီမှာ ကျနော်တို့ ၃ ဦးစလုံး အတူတကွဆက်ရှိပြီး ဆုဖလားတွေရယူသွားမယ်” လို့ Prime Video ကို ပြောခဲ့တာ ဖြစ်ပါတယ်။ ပိုချက်တီနိုနေရာမှာ အစားထိုးဝင်ရောက်လာခဲ့တဲ့ ဂယ်လ်တီယာအတွက်တော့ ပီအက်စ်ဂျီနည်းပြဘဝ ပထမဆုံး ဆုဖလားကို ရယူနိုင်ခဲ့တာပါ။

ပီအက်စ်ဂျီအတွက် ၁ ဂိုးသွင်းယူပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့ မက်ဆီကို ဒီပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ပြီးခဲ့တဲ့ရာသီက ပြင်သစ်ကလပ်ကို ရောက်ရှိလာခဲ့တဲ့ မက်ဆီအတွက်တော့ ပီအက်စ်ဂျီ ကစားသမားဘ၀ ဒုတိယမြောက်ဆုဖလား ရရှိခဲ့တာပါ။မက်ဆီဟာ ဒီဆုဖလားကြောင့် ကစားသမားဘဝ ဆုဖလား ၄၁ ခုအထိ ရယူနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ပီအက်စ်ဂျီနည်းပြ ဂယ်လ်တီယာက “ကျနော်တို့ဟာ ကြယ်ပွင့်တွေအကြောင်း ပြောနေပေမယ့် သူတို့က ကစား သမားတွေအားလုံးထက် ဆုဖလားပိုပြီး ဆွတ်ခူးချင်ကြတဲ့သူတွေပါ။သူတို့နဲ့ ကျနော်သွားရမှာပါ။ဒါပေမယ့် ဒီ ကမ္ဘာ့ အဆင့်မီ ကစားသမားတွေနဲ့ဆိုရင်တော့ အရာအားလုံးက ပိုပြီးလွယ်ကူသွားတယ်ဆိုတာ သိသာလာခဲ့ပါတယ်” လို့ ပြောခဲ့တာပါ။

ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းဟာ ဆုဖလားကာကွယ်ဖို့အတွက် ရာသီအဖွင့်ပွဲစဉ် အဖြစ် သြဂုတ်လ ၆ ရက်မှာ ကလဲမောင့်အသင်းနဲ့ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Besoccer

 

 

 

Share
Tweet
Share
Share
powered by social2s
ဘုရင်မကြီး အဲလိစဘတ်

ယူရိုချန်ပီယံ အင်္ဂလန်အမျိုးသမီးအသင်းကို ဘုရင်မကြီး ဂုဏ်ပြု

By CNI
CNI
Category: အားကစား
Hits: 985

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁

ဂျာမနီအသင်းကို ဗိုလ်လုပွဲမှာ အနိုင်ရပြီး အမျိုးသမီး ယူရိုပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အင်္ဂလန်အသင်းကို ဘုရင်မကြီးက ဂုဏ်ပြုကြောင်း ပြောလိုက်ပါတယ်။

ဗြိတိန်ဘုရင်မကြီးက “ ဥရောပပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အင်္ဂလန် အမျိုးသမီးအသင်းကို နွေးထွေးစွာ ဂုဏ်ပြုချင်ပါတယ်။ ဒါက အသင်း တစ်သင်းလုံးအတွက် အရေးပါတဲ့ အောင်မြင်မှုပါ။ ဒီပြိုင်ပွဲမှာ စွမ်းဆောင်ခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် မှန်ကန်တဲ့ ချီးကျူးမှုတွေကို ရရှိခဲ့ပါတယ်။ ဒါဟာ ဒီနေ့ခေတ် မိန်းကလေးတွေ၊ အမျိုးသမီးတွေနဲ့ အနာဂတ် မျိုးဆက်သစ် တွေအတွက် အတုယူရမယ့် စံနမူနာအဖြစ် ရှိခဲ့ပြီ”လို့ ကြေညာချက် ထုတ်ပြန်ပြီးတော့ ပြောခဲ့ပါတယ်။

အင်္ဂလန် အမျိုးသမီးအသင်း အတွက်တောာ့ ယူရိုချန်ပီယံဆုကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့တာဖြစ်သလို ၁၉၆၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ ပြီးကတည်းက နိုင်ငံအတွက် ပထမဆုံး အဓိကဆုဖလား အောင်မြင်မှုလည်း ဖြစ်ခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ နည်းပြ ဝီဂ်မန်း ကိုင်တွယ်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၁ စက်တင်ဘာလ ကတည်းက ပြိုင်ပွဲစုံ ရှုံးပွဲမရှိခဲ့ပဲ အကောင်းဆုံးပုံစံ ရရှိနေခဲ့တာပါ။ အင်္ဂလန်အသင်းဟာ ဝီဂ်မန်း လက်ထက် ပွဲပေါင်း ၂၀ ကစားထားခဲ့တာမှာ ၁၈ ပွဲ အနိုင်ရပြီး ၂ ပွဲသရေကျခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်အမျိုးသမီးအသင်း

မင်းသားဝီလျံက “ စိတ်လှုပ်ရှားစရာ ကောင်းပြီး မယုံနိုင်စရာ နိုင်ပွဲပါပဲ။ တစ်နိုင်ငံလုံးက အသင်းအတွက် ဂုဏ်ယူလို့ မဆုံးဘူး ဖြစ်နေကြပါတယ်။ ဝင်ဘာလေမှာ သမိုင်းကြောင်း ဖန်တီးခဲ့တာကို မြင်တွေ့ခွင့် ရခဲ့တာက အံသြစရာပါပဲ။ ဂုဏ်ယူပါ တယ်” လို့ ကမ်းဘရစ်ချ်မြို့စားနဲ့ မြိုစားကတော် တွစ်တာအကောင့်မှာ ရေးသားခဲ့တာပါ။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကလည်း နိုင်ငံရဲ့ အောင်ပွဲအတွက် ဂုဏ်ယူကြောင်း သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ ပါတယ်။

“ဘောလုံးက အိမ်ကိုပြန်လာပြီ။ ခြင်္သေ့မယ်တွေရဲ့ အံ့မခန်းအောင်ပွဲပါ။ နည်းပြ၊ အသင်းခေါင်းဆောင်နဲ့ တစ်သင်းလုံးကို ဂုဏ်ပြုချင်ပါတယ်။ အမျိုးသမီး ဘောလုံးပွဲတွေ ကျင်းပတဲ့ အခါမှာ နိုင်ငံအနှံ့ ဘောလုံးကွင်းတွေမှာ လူပြည့်တော့မှာလို့” ပြောခဲ့တာပါ။

အင်္ဂလန်အမျိုးသားအသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ အသင်းခေါင်းဆောင် ဟာရီကိန်းနဲ့ နောက်ခံလူ မက်ဂွဲယားတို့ကလည်း အမျိုးသမီးအသင်းရဲ့ နိုင်ပွဲအတွက် ဂုဏ်ပြုခဲ့ကြပါတယ်။

အင်္ဂလန် အမျိုးသားအသင်းကလည်း ပြီးခဲ့တဲ့နှစ်က ယူရိုဗိုလ်လုပွဲ တက်ခဲ့ပေမယ့် အီတလီကို ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ပြီး ဒုတိယသာ ရရှိခဲ့တာ ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းတွေနဲ့ မိတ်ဆက် (အပိုင်း ၄)

By CNI
CNI
Category: Watch TV
Hits: 813

Share
Tweet
Share
Share
powered by social2s

အင်္ဂလန်ချန်ပီယံရှစ် အဖွင့်ပွဲစဉ်မှာ နိုင်ပွဲရခဲ့တဲ့ ကွန်ပနီရဲ့ ဘန်လေ

By CNI
CNI
Category: Watch TV
Hits: 632

Share
Tweet
Share
Share
powered by social2s

ဗယ်လက်ကာနိုနဲ့ ပွဲမှာ ယူနိုက်တက်အတွက် ပါဝင်ကစားမယ်လို ရော်နယ်ဒို အတည်ပြု

By CNI
CNI
Category: Watch TV
Hits: 684

Share
Tweet
Share
Share
powered by social2s

ဘုတ်အဖွဲ့ဝင်အဖြစ် ယူနိုက်တက်ကို ဆာအဲလက်စ်ဖာဂူဆန် ပြန်ရောက်ရှိ

By CNI
CNI
Category: အားကစား
Hits: 1471

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၀

ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ဟာ ဘုတ်အဖွဲ့ဝင်အဖြစ် အသင်းထံ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ အသက် ၈၀ အရွယ်ရှိ ဖာဂူဆန်ကို အသင်းမှာ တရားဝင်ရာထူးပေးအပ်ခဲ့တာပါ။ ယူနိုက်တက်အမှုဆောင်ချုပ် ရစ်ချတ်အာနိုးလ်က အသင်းမှာကြုံတွေ့နေရတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး အကြံပေးနိုင်ဖို့ ဖာဂူဆန်ပါဝင်တဲ့ အကြံပေးပညာရှင်အဖွဲ့ကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။ဒီအဖွဲ့မှာ အသင်း ခေါင်းဆောင်ဟောင်း ရော့ဘ်ဆင်၊ စီအီးအိုဟောင်း ဒေးဗစ်ဂီးလ်နဲ့ ဘောလုံးဒါရိုက်တာ ဂျွန်မာတော့ချ်တို့ ပါဝင် တယ်လို့ ဒေးလီးမေးလ်က ဖော်ပြခဲ့တာပါ။ဖာဂူဆန်ဟာ အင်္ဂါနေ့က ယူနိုက်တက်အကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့ပြီး အဆိုပါနေ့မှာပဲ ရော်နယ်ဒိုက ပြီးခဲ့တဲ့ရာသီပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် ကာရင်တန်ကို ပြန်ရောက် လာခဲ့ပါတယ်။

အဆိုပါအဖွဲ့ဝင် ၅ ဦးဟာ ကလပ်အသင်းမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ပုံမှန်တွေ့ဆုံ နိုင်ဖို့ မျှော်လင့်နေကြတာပါ။ရစ်ချတ်အာနိုးလ်က ဖာဂူဆန်ကို ကလပ်အသင်း ကိစ္စရပ်တွေမှာ ပိုမိုပါဝင်စေချင် နေတာဖြစ်ပါတယ်။ဒေးဗစ်ဂီးလ်ဟာ အရင်က ယူနိုက်တက်အမှုဆောင်ချုပ်အဖြစ် ဆယ်စုနှစ်တစ်ခုကြာ တာဝန် ထမ်းဆောင်ခဲ့ပြီး ရော့ဘ်ဆင်ကတော့ ကလပ်အသင်းရဲ့ ထင်ရှားကျော်ကြားတဲ့ ကစားသမားတွေထဲကတစ်ဦးပါ။

သူတို့တွေဆွေးနွေးခဲ့တဲ့ အချက်တွေထဲက တစ်ခုကတော့ ကာရင်တန်နဲ့ အိုးထရက်ဖိုဒ့်ကို ပြန်လည်တည်ဆောက် ဖို့က အကောင်းဆုံးနည်းလမ်းလို့ ပြောခဲ့ကြပါတယ်။ဘောလုံးရေးရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးမှာဖြစ်ပြီး ဘောလုံးဒါရိုက်တာ ဂျွန်မာတော့ချ်အနေနဲ့ ဝင်ရောက်စွက်ဖက်ခြင်းမပြုဖို့ အဖွဲ့က ကြိုးစားသွားမယ်လို့ သိရတာပါ။ဖာဂူဆန်ဟာ ၂၀၁၃ က နည်းပြရာထူးကနေ အနားယူပြီးကတည်းက ယူနိုက်တက်အသင်းမှာ သြဇာ အရှိဆုံးသူလည်း ဖြစ်ပါတယ်။သူဟာ အနားယူပြီးကတည်းက ဘုတ်အဖွဲ့မှာ အမှုဆောင်မဟုတ်တဲ့ ဒါရိုက်တာ တစ်ဦးအဖြစ်ရှိနေခဲ့ပြီး ဒါက ကြီးမားတဲ့ သင်္ကေတတစ်ခုပါ။

အခုအချိန်မှာတော့ ဖာဂူဆန်ဟာ ယူနိုက်တက်မှာ လုပ်ဆောင်နေတဲ့ အရာတွေနဲ့ ပတ်သက်ပြီး အမှန်အတိုင်း ပြောလာတော့မှာ ဖြစ်ပါတယ်။ရော်နယ်ဒိုဟာ ကာရင်တန်ကို ရောက်ရှိလာချိန်မှာ ဆရာဟောင်းဖြစ်သူ ဖာဂူဆန်နဲ့ စကားပြောဆိုဖို့ ခေတ္တရပ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။ပြီးခဲ့တဲ့နှစ်က ရော်နယ်ဒိုဟာ ယူနိုက်တက် အသင်းထံ ပြန်လာတာမှာလည်း ဖာဂူဆန်ရဲ့အခန်းကဏ္ဍက အဓိကကျခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့် ဖာဂူဆန် အနေနဲ့ အခုတစ်ကြိမ်မှာရော ရော်နယ်ဒိုအသင်းမှာ ဆက်ရှိဖို့ လုပ်ဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

Source:The Sun

 

 

 

Share
Tweet
Share
Share
powered by social2s

ဗယ်လက်ကာနိုနဲ့ ပွဲမှာ ယူနိုက်တက်အတွက် ပါဝင်ကစားမယ်လို့ ရော်နယ်ဒို အတည်ပြု

By CNI
CNI
Category: အားကစား
Hits: 1192

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၀

ရော်နယ်ဒိုက တနင်္ဂနွေနေ့ အိုးထရက်ဖိုဒ့်မှာကစားမယ့် ဗယ်လက်ကာနိုနဲ့ ခြေစမ်းပွဲမှာ ယူနိုက်တက်အသင်း အတွက် ပါဝင်ကစားမှာဖြစ်တယ်လို့ အတည်ပြုသွားခဲ့ပါတယ်။

အခုနွေရာသီအပြောင်းအရွှေ့မှာ ယူနိုက်တက်ကနေ ထွက်ခွာချင်နေတဲ့ ရော်နယ်ဒိုဟာ မိသားစုအကြောင်း ပြချက်နဲ့ အသင်းရဲ့ရာသီကြိုခရီးစဉ်တွေကို မလိုက်ပါခဲ့ပါဘူး။ပေါ်တူဂီကစားသမားဟာ သောကြာနေ့က အသင်းနဲ့ လေ့ကျင့်မှုတွေပြုလုပ်ဖို့ ကာရင်တန်ကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

ဒါပေမယ့် အသလက်တီကိုအသင်းနဲ့ ကစားဖို့ အော်စလိုကို ထွက်ခွာခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့လူစာရင်းမှာ ရော်နယ်ဒို မပါဝင်ခဲ့ပါဘူး။ ဘောလွန်း ဒီအော ၅ ကြိမ်ရ ကစားသမားဟာ ဗယ်လက်ကာနိုနဲ့ ပွဲမှာတော့ သူပါဝင်ကစားမယ်လို့ အင်စတာဂရမ်မှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

နော်ဝေမှာကစားမယ့်ပွဲမှာ ရော်နယ်ဒို မပါဝင်တဲ့အကြောင်းနဲ့ပတ်သက်ပြီး ကစားသမားရဲ့ ဖန်ပေ့ချ်တစ်ခုက မှတ်ချက်ပေးခဲ့တာပါ။ဒီအချိန်မှာ ရော်နယ်ဒိုက “တနင်္ဂနွေနေ့မှာ ဘုရင်ကြီးကစားမယ်”လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ယူနိုက်တက်အသင်းဟာ အသလက်တီကိုနဲ့ပွဲအတွက် ကစားသမားသစ်တွေဖြစ်တဲ့ အဲရစ်ဆန်၊ လီဆန်ဒရိုမာတီးနတ်စ်အပါအဝင် ကစားသမား ၂၁ ဦးကို ခေါ်ဆောင်သွားခဲ့တာပါ။အော်စလိုကိုသွားတဲ့ ခရီးစဉ်မှာ မပါဝင်တဲ့ ကစားသမားတွေဟာ ဗယ်လက်ကာနိုနဲ့ပွဲမှာ ပါဝင်ကစားသွားမယ်လို့ ယူနိုက်တက်အသင်းက ထုတ်ပြန် ထားပါတယ်။

ရော်နယ်ဒိုဟာ အင်္ဂါနေ့က နည်းပြ အဲရစ်တန်ဟတ်နဲ့ တွေ့ဆုံခဲ့ပြီး အသင်းက ထွက်ခွာချင်တဲ့ သူ့ရဲ့ဆန္ဒကို ပြောကြားခဲ့ကာ ရက်စ်ဟမ်းနဲ့ ကစားခဲ့တဲ့ တံခါးပိတ်ခြေစမ်းပွဲမှာလည်း မပါဝင်ခဲ့ပါဘူး။

အဲရစ်တန်ဟတ်က ရော်နယ်ဒိုကို ရောင်းမှာမဟုတ်ဘဲ သူ့ရဲ့ အစီအစဉ်မှာပါဝင်တယ်ဆိုတဲ့ အကြောင်းကို သတင်းစာရှင်းလင်းပွဲတွေ မှာ ပြောထားခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ အခုရာသီသစ်မှာ ယူရိုပါလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ရမှာကို ရော်နယ်ဒိုက စိတ်ပျက်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကစားခွင့်ရမယ့် အသင်းကို ပြောင်းဖို့ ဆုံးဖြတ်ထားပါတယ်။

လက်ရှိအချိန်မှာ ရော်နယ်ဒိုကို ခေါ်ယူဖို့ ချယ်လ်ဆီး၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်တို့က စိတ်ဝင်စားခြင်း မရှိ ကြောင်း ပြောထားပါတယ်။

ဒါ့အပြင် အသလက်တီကိုပရိသတ်တွေကလည်း ရော်နယ်ဒိုကို ကြိုဆိုမှာမဟုတ်တဲ့ အကြောင်း စာတန်းတွေချိတ်ဆွဲထားခဲ့သလို အွန်လိုင်းပေါ်မှာလည်း ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ သြဂုတ်လ ၇ ရက်မှာ ပရီးမီးယားလိဂ်ရာသီသစ်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရော်နယ်ဒိုက အခွင့်အရေးရရင် လီဗာပူးလ်ကိုတောင်ပြောင်းမယ့်သူလို့ အဘွန်လဟော်ပြော

By CNI
CNI
Category: Watch TV
Hits: 720

Share
Tweet
Share
Share
powered by social2s

ပူတင်နာမည်ကြွေးကြော်ခဲ့တဲ့ ဖီနာဘာချီပရိသတ်တွေရဲ့အပြုအမူ UEFA စုံစမ်းစစ်ဆေး

By CNI
CNI
Category: Watch TV
Hits: 628

Share
Tweet
Share
Share
powered by social2s
ချီလီအသင်း ယူပြိုင်နေစဉ်

အီကွေဒေါ ကစားသမားနဲ့ ပတ်သက်ပြီး ဖီဖာကမ္ဘာ့ဖလား ဆုံးဖြတ်ချက်ကို ချီလီအယူခံဝင်

By CNI
CNI
Category: အားကစား
Hits: 1016

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၉

ချီလီ ဘောလုံးအဖွဲ့ချုပ်က အီကွေဒေါ အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အသုံးပြုလို့မရတဲ့ ကစားသမားကို အသုံးပြုခဲ့ တယ်ဆိုပြီး တိုင်ကြားခဲ့တာကို ပယ်ချခဲ့တဲ့ ဖီဖာရဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင် လိုက်ပါတယ်။

ဖီဖာရဲ့ ဇွန်လ ၁၀ ရက်က ဆုံးဖြတ်ချက်ကြောင့် အီကွေဒေါအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ခွင့်ရဖို့ ရှင်းလင်းခဲ့ပေမယ့် ချီလီကတော့ ဒီကိစ္စကို ဆက်လက် တွန်းအားပေးနေတာပါ။

ချီလီဘောလုံးအဖွဲ့ချုပ်က အီကွေဒေါကစားသမား ကတ်စတီလိုဟာ သူ့ရဲ့ တရားဝင် စာရွက်စာတမ်းမှာ ဖော်ပြထားတဲ့ အတိုင်း ၁၉၉၈ အီကွေဒေါမြို့တော် ပလာရက်စ်မှာ မွေးဖွားခဲ့တာ မဟုတ်ဘဲ ၁၉၉၅ ကိုလံဘီယာနိုင်ငံ တူမာကာမှာ မွေးဖွား ခဲ့တဲ့ အထောက်အထားရှိကြောင်း ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၁၈ ပွဲမှာ ၈ ပွဲ ပါဝင်ကစားခဲ့တဲ့ ကတ်စတီလိုဟာ နိုင်ငံကူးလက်မှတ်နဲ့ မွေးစာရင်းအတုကို အသုံးပြုခဲ့တယ်လို့ ချီလီဘောလုံးအဖွဲ့ချုပ်က ပြောခဲ့တာ ဖြစ်ပါတယ်။

ဖီဖာဟာ အချက်အလက်တွေ အားလုံးကို သုံးသပ်ပြီးနောက် အရေးယူခြင်း မရှိခဲ့ပါဘူး။ ကြာသပတေးနေ့မှာတော့ ချီလီဟာ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) ထံ အယူခံဝင်ခဲ့တယ်လို့ ပြောခဲ့တာပါ။

အီကွေဒေါအသင်းမှ ကတ်စတီလိုကို တွေ့ရစဉ်

ချီလီဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးက “ကျနော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေရဲ့ ကောက်ချက်နဲ့ ပတ်သက်ပြီး ဒါက လုံးဝသေချာပါတယ်။ ကစားသမားက အီကွေဒေါ စာရွက်စာတမ်း အတုတွေကို သုံးတယ်ဆိုတာ လုံးဝရှင်းပါတယ်။ ဒါက ၂၀၂၂ ကမ္ဘာ့ဖလားရဲ့ နေရာတစ်ခုတည်းတင် မဟုတ်ပါဘူး။ မျှတတဲ့ ကစားနည်းရဲ့ နိယာမတစ်ခုလုံးပါ” လို့ ပြောခဲ့ပါတယ်။

ချီလီအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန်မှာ ရမှတ် ၁၉ မှတ်နဲ့ အဆင့် ၇ နေရာမှာ ရပ်တည်ကာ ခြေစစ်ပွဲ မအောင်မြင်ခဲ့တာပါ။

အီကွေဒေါအသင်းက အဆင့် ၄ နဲ့ ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး အဆင့် ၅ နေရာက ပီရူးအသင်းက ပလေးအော့ဖ် ပွဲစဉ် ကစားခဲ့ရ ပါတယ်။ ပီရူးအသင်းဟာ ပလေးအော့ဖ်ပွဲစဉ်မှာ သြစတြေးလျအသင်းကို အရေးနိမ့်ခဲ့တဲ့အတွက် နောက်ဆုံး အဆင့်ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့ရတာပါ။

အီကွေဒေါအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု A မှာ အိမ်ရှင် ကာတာ၊ ဆီနီဂေါ၊ နယ်သာလန်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၁ ရက်မှာ ကာတာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: CNA

 

 

 

Share
Tweet
Share
Share
powered by social2s
ဝိန်းရွန်နီနဲ့ သူ၏ မိသားစု

ဇနီးသည်နဲ့ သားဖြစ်သူတို့အတွက် နေအိမ်ကို ဝိန်းရွန်နီလုံခြုံရေးတိုးမြှင့်ထား

By CNI
CNI
Category: အားကစား
Hits: 1453

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၉

ဝိန်းရွန်နီဟာ အမေရိကန်ကို ပြောင်းပြီးနောက် ဇနီးသည် ကောလင်းနဲ့ သားဖြစ်သူ ၄ ဦးတို့အတွက် နေအိမ်ကို လုံခြုံရေး တိုးမြှင့်ထားခဲ့တယ်လို့ The Sun သတင်းဌာနက ဖော်ပြထားပါတယ်။

အင်္ဂလန်နဲ့ ယူနိုက်တက် ဂန္တဝင်ကစားသမားဟောင်း ဝိန်းရွန်နီဟာ သူတို့နေထိုင်တဲ့ ချက်ရှိုင်းယားဒေသမှာ မိသားစု အရေ အတွက် တိုးလာတာကြောင့် သူ့ရဲ့ ဇနီးနဲ့ သားဖြစ်သူတို့ ပစ်မှတ်ထား တိုက်ခိုက်ခံမှာကို စိုးရိမ်မှုရှိနေတာပါ။

အဲ့ဒါကြောင့် ဝိန်းရွန်နီဟာ သူတို့ရဲ့ ပေါင်သန်း ၂၀ တန်ကြေးရှိ နေအိမ်တစ်ဝိုက်မှာ လုံခြုံရေးတွေကို တိုးမြှင့်ခဲ့တာ ဖြစ်ပါ တယ်။ အသက် ၃၆ နှစ်အရွယ်ရှိ ဝိန်းရွန်နီဟာ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းကို နည်းပြအဖြစ် ကိုင်တွယ်နေ တာကြောင့် မိသားစုကိုထားပြီး တစ်ဦးတည်း အမေရိကန်ကို ထွက်ခွာလာခဲ့တာပါ။

သတင်းရင်းမြစ် တစ်ခုက “ဝိန်းဟာ သူနေထိုင်ရာအနီးမှာ လုယက်မှုတွေ အများကြီး ဖြစ်တယ်ဆိုတာကို သိရှိနားလည်ထားပြီး ဒါဟာ အမြဲတစေ စိုးရိမ်ရတဲ့ အရာပါပဲ။ ဒါကြောင့်လည်း ဝိန်းနဲ့ ကောလင်းတို့ဟာ လုံခြုံရေးကို အချိန်အတော်ကြာအောင် ထားရှိခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်ကို မသွားခင်မှာ ကောလင်းနဲ့ ကောင်လေးတွေကို သူအနားမှာ မရှိချိန် ဘေးကင်းစေ ဖို့အတွက် ဝိန်းဟာ အကောင်းဆုံး အစီအမံတွေကို လုပ်ဖို့ အချိန်ယူခဲ့ပါတယ်။ လုံခြုံရေးအဖွဲ့ တစ်ဖွဲ့ကို ၂၄ နာရီ ၇ ရက်လုံး စောင့်ကြည့်ဖို့ အခကြေးငွေ ပေးထားပြီး အိမ်အတွင်း တစ်စုံတစ်ခုဖြစ်ခဲ့ရင် ကောလင်းအနားမှာ ရှိနေနိုင်တယ်လို့” ပြောပါ တယ်။

ဝိန်းရွန်နီရဲ့ နေအိမ်

ဒါ့အပြင် “ကောလင်း အပြင်ထွက်တဲ့ အခါဖြစ်စေ ဒါမှမဟုတ် ကလေးတွေနဲ့ဖြစ်စေ လိုက်ပါဖို့ ရွေးချယ်ခွင့်လည်း ရှိပါတယ်။ ဝိန်း အိမ်မှာရှိနေတာကို ဘယ်လိုမှ အစားထိုးနိုင်မှာ မဟုတ်ပေမယ့် ကောလင်းနဲ့ ကလေးတွေ အကောင်းဆုံး အကာအကွယ် ရှိအောင် လုပ်ခဲ့ပါတယ်။ ဒါမှလည်း စိတ်တည်ငြိမ်စွာနဲ့ သူ့အလုပ်ကို အာရုံစိုက်နိုင်ပြီး ကောင်းမွန်စွာလုပ်ဖို့ ကြိုးစားနိုင်မှာ ပါ”လို့ ပြောပါတယ်။

ဘောလုံးသမား အများအပြားဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ဓါးပြတွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ခံခဲ့ရတာပါ။ မကြာသေးခင်က အင်္ဂလန်အသင်းရဲ့ နောက်ခံလူဟောင်း အက်ရှ်လေကိုးလ်ရဲ့ နေအိမ်ထဲကို ဓါးပြတွေ ဝင်ရောက်လာခဲ့ပြီး လက်ချောင်းတွေကို ဖြတ်ပစ်မယ်လို့ ခြိမ်းခြောက်ခြင်း ခံခဲ့ရပါတယ်။

ချယ်လ်ဆီးအသင်း နောက်ခံလူ ရီစီဂျိမ်းစ်ကလည်း ဓါးပြတွေဟာ သူ့ရဲ့ ချန်ပီယံလိဂ်၊ စူပါဖလားနဲ့ ယူရို ၂၀၂၀ ဆုတံဆိပ်တွေ ပါဝင်တဲ့ မီးခံသေတ္တာကို ယူသွားတယ်လို့ ပြောခဲ့ပါတယ်။

Source: The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရော်နယ်ဒိုက အခွင့်အရေးရရင် လီဗာပူးလ်ကိုတောင်ပြောင်းမယ့်သူလို့ အဘွန်လဟော်ပြော

By CNI
CNI
Category: အားကစား
Hits: 1532

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၉

ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းအပေါ်မှာ သစ္စာမရှိဘဲ လီဗာပူးလ်ကို ပြောင်းလို့ရရင်တောင် ပြောင်းမယ့်သူလို့ အဘွန်လဟော်က ပြောလိုက်ပါတယ်။

အဘွန်လဟော်က “ရော်နယ်ဒိုဟာ လီဗာပူးလ်အသင်းကို ပြောင်းလို့ရမယ်ဆိုရင် အခုနွေရာသီမှာ ပြောင်းရွှေ့ သွားနိုင်ပါတယ်။သူတို့က ယူနိုက်တက်ရဲ့ကြီးမားတဲ့ ပြိုင်ဘက်ဖြစ်ပေမယ့် ဒါက ရော်နယ်ဒိုရဲ့အကြောင်းပါ။သူဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကစားလို့ရပြီး သူ့ရဲ့စံချိန်တွေနဲ့ မှတ်တမ်းတွေကို ထပ်ထည့်လို့ရမယ်ဆိုရင် ဘယ်ကိုဖြစ်ဖြစ် သွားမှာပါ။ရော်နယ်ဒိုက ယူနိုက်တက်၊ ရီးရယ်လ်နဲ့ ဂျူဗင်တပ်စ်အသင်းတွေအပေါ်မှာ သစ္စာရှိမယ်ဆိုတာ ကျနော် မထင်ဘူး”လို့ talkSPORT ကို ပြောခဲ့တာပါ။

ရော်နယ်ဒိုဟာ ကလပ်အသင်းတချို့နဲ့ ချိတ်ဆက်မှုတွေပြုလုပ်ထားပြီး ယူနိုက်တက်အသင်းကနေလည်း ထွက်ခွာ ခွင့်တောင်းထားပါတယ်။ပေါ်တူဂီကစားသမားဟာ မိသားစုအကြောင်းပြချက်နဲ့ ယူနိုက်တက်အသင်းရဲ့ ရာသီကြို ခရီးစဉ်ကို မလိုက်ပါခဲ့ပေမယ့် အခု ကာရင်တန်လေ့ကျင့်ရေးကွင်းကို ပြန်လည်ရောက်ရှိနေခဲ့တာပါ။ ရော်နယ်ဒို ဟာ နည်းပြ အဲရစ်တန်ဟတ်နဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး ထွက်ခွာလိုတဲ့ သူ့ရဲ့ဆန္ဒကို အတည်ပြုထားခဲ့ပါတယ်။ ဒါ့အပြင် သူနဲ့ အသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းပြီး ထွက်ခွာခွင့်ပေးဖို့ကိုလည်း တောင်းဆိုထားတာ ပါ။

ယူနိုက်တက်ကတော့ ရော်နယ်ဒိုကို အသင်းမှာဆက်လက်ရှိစေချင်ပြီး စာချုပ်သက်တမ်းတိုးဖို့တောင် တောင်းဆို ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။မကြာသေးခင်က ရော်နယ်ဒိုနဲ့ ချိတ်ဆက်မှုတွေရှိတယ်လို့ သတင်းတွေ ထွက်နေတဲ့ အသလလက်တီကိုအသင်း ပရိသတ်တွေကတော့ ပေါ်တူဂီကစားသမားကို ကြိုဆိုမှာမဟုတ်ဘူးလို့ ရေးသားထားတဲ့ စာတန်းတွေကို အသင်းခြေစမ်းပွဲမှာ ချိတ်ဆွဲထားခဲ့တာပါ။ စပိန်ကလပ်ဥက္ကဋ္ဌကလည်း ရော်နယ်ဒို နဲ့ သတင်းတွေဟာ မဟုတ်မှန်ဘူးလို့ ငြင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ်နွေရာသီက ယူနိုက်တက်အသင်းထံ ပြန်လည်ရောက်ရှိလာခဲ့တဲ့ ရော်နယ်ဒိုဟာ ပြိုင်ပွဲစုံ ၂၄ ဂိုးသွင်းယူ နိုင်ခဲ့ပေမယ့် အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် မစွမ်းဆောင်ပေးနိုင်ခဲ့ပါဘူး။ ယူနိုက်တက်အသင်းဟာ စနေ နေ့မှာ ရာသီကြိုခြေစမ်းပွဲအဖြစ် အသလက်တီကိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:The Sun

 

 

 

Share
Tweet
Share
Share
powered by social2s

ပူတင်နာမည်ကြွေးကြော်ခဲ့တဲ့ ဖီနာဘာချီပရိသတ်တွေရဲ့အပြုအမူ UEFA စုံစမ်းစစ်ဆေး

By CNI
CNI
Category: အားကစား
Hits: 1567

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၉

ဒိုင်နမိုကိဗ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ရုရှားသမ္မတ ပူတင်နာမည်ကြွေးကြော်ခဲ့တဲ့ ဖီနာဘာချီအသင်း ပရိသတ်တွေရဲ့အပြုအမူကို ယူအီးအက်ဖ်အေက စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။

ဖီနာဘာချီအသင်း အပြုအမူနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ကျင့်ဝတ်နဲ့ စည်းကမ်းထိန်းသိမ်းရေးပိုင်းဆိုင်ရာ စစ်ဆေးရေးမှူးကို ခန့်ထားတယ်လို့ ယူအီးအက်ဖ်အေက ပြောခဲ့တာပါ။

ချန်ပီယံလိဂ်ဒုတိယအဆင့် ခြေစစ်ပွဲ ဒုတိယအကျော့ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ ဒိုင်နမိုကိဗ်အသင်းက အချိန်ပိုမှာ ဖီနာဘာချီအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ပထမအကျော့က ပိုလန်မြေမှာကစားခဲ့တုန်းက ဂိုးမရှိသရေကျခဲ့တာပါ။ ဒိုင်နမိုကိဗ် အသင်း ကွင်းလယ်ကစားသမား ဘူရယ်လ်စကီးက ဂိုးသွင်းပြီးနောက် လင်းယုန်လက်ဟန်ပြုလုပ်ပြီး အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။

အဆိုပါလင်းယုန်ငှက်ပုံစံဟာ ဖီနာဘာချီအသင်းရဲ့ မဟာပြိုင်ဘက် ဘက်ဆီးတပ်စ်အသင်းရဲ့ သင်္ကေတဖြစ်တာ ကြောင့် တူရကီကလပ်ဟာ ရုရှားသမ္မတ ပူတင်ရဲ့ နာမည်ကို ကြွေးကြော်ခဲ့ကြတာဖြစ်ပါတယ်။ဖီနာဘာချီအသင်း ပရိသတ်တွေရဲ့ အပြုအမူကို ရှုတ်ချမှုတွေ ရှိခဲ့တာပါ။

အရင် တူရကီလက်ရွေးစင်ကို ကိုင်တွယ်ခဲ့ဖူးတဲ့ ဒိုင်နမိုကိဗ် အသင်းနည်းပြ လူဆက်ကူက “ယူအီးအက်ဖ်အေအနေနဲ့ ဖီနာဘာချီပရိသတ်တွေရဲ့ အပြုအမူကို လက်ခံနိုင်မှာ မဟုတ်ပါဘူး။ဒီလိုကြွေးကြော်နေတာက သနားစရာပါပဲ”လို့ ပြောခဲ့ပါတယ်။

ပရိသတ်တွေတချို့က ဖီနာဘာချီအသင်းကို ယူအီးအက်ဖ်အေပြိုင်ပွဲတွေကနေ ပိတ်ပင်ဖို့ တောင်းဆိုမှုတွေ ရှိနေကြတာပါ။အပြစ်ရှိကြောင်းတွေ့ရမယ်ဆိုရင် ဖီနာဘာချီအသင်းအနေနဲ့ ဒဏ်ကြေးငွေ ဒါမှမဟုတ် အိမ်ကွင်း ပွဲစဉ်တွေကို တံခါးပိတ်ပြီးမဖြစ်မနေကျင်းပရဖွယ် ရှိနေပါတယ်။

ယူကရိန်းသံအမတ်ကြီး ဘောဒ့်နာက ဒီဖြစ်ရပ် ကြောင့် ဝမ်းနည်းကြေကွဲရကြောင်း သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာပါ။

ဘောဒ့်နာက “ယူကရိန်းနိုင်ငံသားတွေကို တမင်တကာသတ်ဖြတ်ပြီး ကျနော်တို့နိုင်ငံကို ဖျက်ဆီးနေတဲ့ ရုရှား လူသတ်သမားနဲ့ ရန်လိုသူတွေအပေါ် ထောက်ခံတဲ့စကားတွေကို ဘယ်တော့မှ နားလည်ပေးနိုင်မှာမဟုတ်ပါဘူး။ တူရကီမှာ အလွန်နှစ်သက်တဲ့ ဘောလုံးတောင်မှ ကန့်သတ်ချက်တွေများစွာရှိတယ်”လို့ ရေးသားခဲ့ပါတယ်။

ဒိုင်နမိုကိဗ်အသင်းဟာ ချန်ပီယံလိဂ် တတိယအဆင့်ခြေစစ်ပွဲအဖြစ် သြစတြီးယားကလပ် စတန်းဂရာ့စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Mirror

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဘာစီလိုနာအပြောင်းအရွှေ့အတွက် လိမ်လည်မှုနဲ့ နေမာ တရားရင်ဆိုင်ရ

By CNI
CNI
Category: Watch TV
Hits: 645

Share
Tweet
Share
Share
powered by social2s
  • 49
  • 50
  • 51
  • 52
  • 53
  • 54
  • 55
  • 56
  • 57
  • 58

Page 54 of 81

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar