CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

လူကျွံဘောခြေရာခံစနစ်ကို ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသုံးပြုမယ်

By CNI
CNI
Category: အားကစား
Hits: 1777

CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၄

လူကျွံဘောခြေရာခံစနစ်ကို ရီးရယ်လ်နဲ့ ဖရန့်ဖတ်တို့ရဲ့ ယူအီးအက်ဖ်အေ စူပါဖလားပွဲစဉ်မှာ စတင်မိတ်ဆက်ပြီး နောက် အခုနှစ်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာအသုံးပြုမယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန် လိုက်ပါတယ်။

“ယူအီးအက်ဖ်အေက ပွဲစဉ်တွေပိုမိုကောင်းမွန်ဖို့နဲ့ ဒိုင်လူကြီးတွေရဲ့လုပ်ဆောင်မှုတွေကို ပံ့ပိုးပေးနိုင်ဖို့ နည်းပညာ ဆိုင်ရာ ဖြေရှင်းချက်အသစ်တွေကို အစဉ်တစိုက်ရှာဖွေမှုတွေ ပြုလုပ်နေခဲ့တာပါ။ ဒီဆန်းသစ်ထီထွင်တဲ့ စနစ်က VAR အဖွဲ့တွေကို လူကျွံဘောအခြေအနေတွေကို မြန်မြန်ဆန်ဆန်နဲ့ ပိုမိုတိကျစွာ ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်”လို့ ယူအီးအက်ဖ်အေ ဒိုင်လူကြီးအကြီးအကဲ ရိုဆက်တီက ပြောခဲ့တာပါ။

ကစားသမားတွေရဲ့ ကိုယ်ခန္ဓာပေါ်ကရှိတဲ့ အမှတ်တွေကို ခြေရာခံမယ့် အထူးကင်မရာတွေကို အသုံးပြုထားတဲ့ ဒီစနစ်ကို ဟယ်လင်စကီးမှာ ကျင်းပမယ့် စူပါဖလားနဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တွေမှာ အသုံးပြုသွားတော့ မှာဖြစ်ပါတယ်။ဒီစနစ်ဟာ ကစားသမားတစ်ဦးချင်းစီရဲ့ မတူညီတဲ့ ခန္ဓာကိုယ်အမှတ် ၂၉ ခုကို အထူးကင်မရာ တွေနဲ့ ခြေရာခံနေတာဖြစ်ပြီး ၂၀၂၀ ကတည်းက စတင်ကာ စမ်းသပ်မှုပေါင်း ၁၈၈ ကြိမ်ပြုလုပ်ခဲ့တာပါ။

ဒီစနစ်ကို တရားဝင်ပွဲတွေမှာ အသုံးပြုဖို့ အဆင်သင့်ဖြစ်နေပြီး ချန်ပီယံလိဂ်ကျင်းပတဲ့နေရာတိုင်းမှာ အကောင် အထည်ဖော်မှာပါ”လို့ ရိုဆက်တီက ပြောခဲ့ပါတယ်။ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ဒီစနစ်ကို အခုနှစ် ကာတာ ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ အသုံးပြုသွားမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့လက ပြောခဲ့ပြီး ဆုံးဖြတ်ချက်တွေဟာ ပိုတိကျပြီး ပိုမြန်ဆန် တယ်လို့ ကတိပေးခဲ့တာပါ။VAR အနေနဲ့ သူတို့ချမှတ်တဲ့ဆုံးဖြတ်ချက်တွေကို အားကစားကွင်းမှာရှိတဲ့ ရုပ်သံ မျက်နှာပြင်ပေါ်မှာ ပြန်လည်ပြသတဲ့အချိန် ပရိသတ်တွေဟာ 3D အန်နီမေးရှင်းတချို့ကိုလည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေစူပါဖလားပွဲစဉ်ကို သြဂုတ်လ ၁၀ ရက်မှာကျင်းပသွားမှာဖြစ်ပြီး အင်္ဂလိပ်ဒိုင်လူကြီး မိုက်ကယ် အိုလီဗာက ကွင်းလယ်ဒိုင်လူကြီးအဖြစ် ဆောင်ရွက်မှာဖြစ်ပါတယ်။

Source:Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဒူးထောက်တဲ့အစီအစဉ်ကို အကန့်အသတ်နဲ့သာ ပရီးမီးယားလိဂ်ပြုလုပ်မယ်

By CNI
CNI
Category: အားကစား
Hits: 1236

CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၄

ပရီးမီးယားလိဂ်ကစားသမားတွေဟာ ပွဲမစတင်ခင် ဒူးထောက်တဲ့ အစီအစဉ်ကို ပွဲစဉ်တိုင်း ပြုလုပ်သွားတော့မှာ မဟုတ်ဘဲ အကန့်အသတ်နဲ့သာ ပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဟာ ၂၀၂၀ မေလက အမေရိကန်မှာ ဂျော့ချ်ဖလွိုက်သေဆုံးပြီးနောက် Black Lives Matter လှုပ်ရှားမှုကို ထောက်ခံတဲ့အနေနဲ့ ကိုဗစ်ကြောင့် ရပ်နားခဲ့တဲ့ လိဂ်ပွဲတွေပြန်စတင်တဲ့အချိန်မှာ ပြုလုပ်ခဲ့တာပါ။

အခုအချိန်မှာတော့ ပရီးမီးယားလိဂ်အသင်းခေါင်းဆောင်တွေဟာ အသင်းဖော်တွေနဲ့တိုင်ပင်မှုတွေပြုလုပ်ပြီး နောက် အကန့်အသတ်နဲ့သာပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒူးထောက်တဲ့အစီအစဉ်ကို ဘောက်ဆင်ဒေး ပွဲစဉ်တွေ၊ ဖလားဗိုလ်လုပွဲတွေအပါအဝင် တချို့ပွဲမတိုင်ခင်မှာတော့ တွေ့မြင်ရမှာပါ။ပြီးခဲ့တဲ့ မန်စီးတီးနဲ့ လီဗာ ပူးလ်အသင်းတို့ရဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာတော့ အဆိုပါပြုလုပ်မှုကို တွေ့မြင်ခဲ့ရပါတယ်။

“လူမျိုးရေးခွဲခြားမှုအားလုံးကို ဆန့်ကျင်တဲ့ ကျနော်တို့ရဲ့ စည်းလုံးညီညွတ်မှုကို မီးမောင်းထိုးပြဖို့အတွက် ရာသီ အတွင်း ဒူးထောက်မယ့်အစီအစဉ်အတွက် အရေးပါတဲ့ အခိုက်အတန့်တွေကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းနဲ့ စည်းလုံးညီညွှတ်မှုကို ဆက်လက်ပြသနေပါတယ်” လို့ ပရီးမီးယားလိဂ်အသင်း ခေါင်းဆောင်တွေရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

ပဲလေ့စ်အသင်းတိုက်စစ်မှူး ဇာဟာက ဒူးထောက်တဲ့အစီအစဉ်ကို ၂၀၂၁ ဖေဖော်ဝါရီလကတည်းက ရပ်တန့် ခဲ့တာဖြစ်ပါတယ်။

ဇာဟာက “အခုအချိန်မှာ ဒူးထောက်တာပဲဖြစ်စေ မတ်တပ်ရပ်တာပဲဖြစ်စေ ကိစ္စမရှိပါဘူး။ ကျနော်တို့ထဲက တချို့ဟာ အခုအချိန်ထိကို ခွဲခြားဆက်ဆံမှုကို ဆက်လက်ခံနေရဆဲဖြစ်တယ်”လို့ ပြောခဲ့တာပါ။

ချန်ပီယံရှစ်ကလပ်အသင်းတွေဖြစ်တဲ့ ဒါဘီ၊ ဘုန်းမောက်၊ ဘရန်ဖိုဒ့်၊ ကျူပီအာ တို့ကလည်း အဆိုပါအချိန်ကစပြီး ဒူးထောက်ခြင်းကို ပြုလုပ်ခြင်းမရှိတော့ပါဘူး။ဆွမ်ဆီးနဲ့ ဘရစ်စတိုးလ်တို့ကလည်း ဒီအစီအစဉ်ကို သူတို့ရပ်တန့် လိုက်ပြီလို့ မကြာသေးခင်က ကြေညာခဲ့ပါတယ်။

ပရီးမီးယားလိဂ်အမှုဆောင်ချုပ် ရစ်ချတ်မာစတာက “ ပြီးခဲ့တဲ့အပတ်က ကျနော်တို့ အသင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။သူတို့တွေဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး လုံးဝကတိကဝတ်ပြုထားဆဲပါ။ဒူးထောက်လာတာဟာ ၂ နှစ်ကြာရှိပြီဖြစ်တဲ့အတွက် ပွဲရဲ့ အစိတ်အပိုင်းလိုကိုဖြစ်လာပါပြီ။ကစားသမားတွေက သူတို့ စွမ်းအားတွေနဲ့ အရှိန်တွေကို ဆုံးရှုံးမှာ စိုးရိမ်နေတဲ့အတွက် မတူညီတဲ့ပုံစံနဲ့ ပြုလုပ်မှာကို တွေ့မြင်ရတော့မှာပါ။ကစားသမား တွေအနေနဲ့ သူတို့ကိုယ်တိုင်ဆုံးဖြတ်ရမှာဖြစ်ပြီး၊ ကလပ်အသင်းတွေလိုပဲ သူတို့ဆုံးဖြတ်ချက်ကို ထောက်ခံမှာပါ” လို့ BBC Sports ကို ပြောခဲ့တာဖြစ်ပါတယ်။

၂၀၂၂-၂၃ ရာသီသစ် ပရီးမီးယားလိဂ်ပြိုင်ပွဲကို သြဂုတ်လ ၅ ရက်မှာ စတင်ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။

Source:BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

တွစ်တာပေါ်မှာ တိုက်ခိုက်မှုအများဆုံးခံခဲ့ရတဲ့ ရော်နယ်ဒိုနဲ့ မက်ဂွဲယား

By CNI
CNI
Category: Watch TV
Hits: 736

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့ဖလားကစားချင်လို့ ခွဲစိတ်မှုမပြုလုပ်ဖို့ ပေါ့ဘာ ဆုံးဖြတ်

By CNI
CNI
Category: Watch TV
Hits: 771

Share
Tweet
Share
Share
powered by social2s

ဒီဂျောင်ကို ခေါ်ယူဖို့ ဘာစီလိုနာနဲ့ ချယ်လ်ဆီး ဆွေးနွေးမှုတွေ ပြုလုပ်

By CNI
CNI
Category: အားကစား
Hits: 1551

CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၃

ချယ်လ်ဆီးအသင်းဟာ ယူနိုက်တက်ထက် လက်ဦးမှုရယူကာ ဒီဂျောင်ကို ခေါ်ယူနိုင်ဖို့ ဘာစီလိုနာနဲ့ ဆွေးနွေးမှု တွေ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီဂျောင်ကို နံပတ်တစ်ပစ်မှတ်အဖြစ် သတ်မှတ်ပြီး အခုအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့တာပါ။အခုနွေရာသီအစောပိုင်းက ယူနိုက်တက်နဲ့ ဘာစီလိုနာအသင်းတို့ဟာ ဒီဂျောင်အတွက် ယူရို ၈၅ သန်းနဲ့ သဘောတူညီမှုရခဲ့ပေမယ့် ကစားသမားက မန်ချက်စတာကလပ်ကို မလာချင်တာကြောင့် အပြောင်းအရွှေ့ မဖြစ်ခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ အခုအပြောင်းအရွှေ့မှာ လီဝန်ဒေါစကီး၊ ရာဖင်ဟာနဲ့ ကွန်ဒီတို့ကို ယူရိုသန်း ၁၅၀ အသုံးပြုပြီး ခေါ်ယူထားတာကြောင့် ဒီဂျောင်ကို ပြန်လည်ရောင်းချချင်နေတာပါ။

ဒီဂျောင်ဟာ ဘာစီလိုနာမှာပဲ ဆက်ရှိချင်နေသလို ရရှိမယ့် လုပ်ခလစာ ယူရို ၁၇ သန်းမရရှိသေးတာကြောင့် ဒီလုပ်ခလစာမဖြေရှင်းမပြီးမချင်း စပိန်ကလပ်ကနေ ထွက်ခွာဖို့ ငြင်းဆန်ထားပါတယ်။The Athletic ကတော့ ချယ်လ်ဆီးအသင်းဟာ ဒီဂျောင်အတွက် ဘာစီလိုနာအသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး သဘောတူညီမှု ရယူနိုင်ဖို့အတွက် အကောင်းမြင်နေကြတယ်လို့ ဖော်ပြခဲ့တာပါ။စပိန်သတင်းစာ Sport ကလည်း ချယ်လ်ဆီး အသင်းဟာ ဘာစီလိုနာအသင်းနဲ့ ဆွေးနွေးနေပြီး စပိန်ကလပ်ဟာ သူတို့ကစားသမားအတွက် ယူရိုသန်း ၈၀ ပေးချေဖို့ တောင်းဆိုထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် လန်ဒန်ကလပ်ရဲ့ကမ်းလှမ်းမှုက ဒီဂျောင် အနေနဲ့ ဘာစီလိုနာမှာ ဆက်နေချင်တဲ့စိတ်ကို ပြောင်းသွားနိုင်တယ်လို့ သတင်းမှာပြောထားတာပါ။ ဒီဂျောင်ဟာ ဘာစီလိုနာအသင်းနဲ့အတူ မကြာသေးခင်က ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲတွေမှာ ဝင်ရောက် ကစားသွားခဲ့ ပါတယ်။နယ်သာလန်ကစားသမားအနေနဲ့ လက်ရှိအခြေအနေတွေကြောင့် ဘာစီလိုနာမှာ ဆက်နေချင်တယ်ဆိုရင် လုပ်ခလစာလျှော့ယူရဖို့လည်း ရှိနေတာပါ။

ချယ်လ်ဆီးအသင်းကတော့ အခုအပြောင်းအရွှေ့မှာ မန်စီးတီးအသင်းက စတာလင်နဲ့ နာပိုလီနောက်ခံလူ ကူလီ ဘာလီတို့ကို ခေါ်ယူထားပြီး ဘရိုက်တန်နောက်ခံလူ ကူကူရယ်လ်လာကိုလည်း ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ ကူကူရယ်လ်လာကို ခေါ်ယူဖို့ မန်စီးတီးအသင်းကလည်း ကြိုးစားခဲ့ပေမယ့် ချယ်လ်ဆီးအသင်းက လက်ဦးမှု ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source:Metro

 

 

 

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့ဖလားကစားချင်လို့ ခွဲစိတ်မှုမပြုလုပ်ဖို့ ပေါ့ဘာ ဆုံးဖြတ်

By CNI
CNI
Category: အားကစား
Hits: 1695

CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၃

ဂျူဗင်တပ်စ်ကစားသမား ပေါ့ဘာဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားချင်တာကြောင့် ဒူးကို ခွဲစိတ်မှု မပြုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီး အခုအပြောင်းအရွှေ့မှာ ဂျူဗင်တပ်စ်အသင်းထံ ပြန်လည် ရောက်ရှိလာခဲ့တဲ့ ပေါ့ဘာဟာ အသင်းရဲ့ရာသီကြို ခြေစမ်းခရီးစဉ်အတွင်း လေ့ကျင့်မှုပြုလုပ်ရင်း ညာဘက် ဒူး ဒဏ်ရာ ရရှိသွားခဲ့တာပါ။

အသက် ၂၉ နှစ်အရွယ်ရှိ ကစားသမားဟာ အင်္ဂါနေ့က လိုင်ယွန်မြို့ရှိ အထူးကု အတိုင်ပင် ခံထံ သွားရောက်ခဲ့ပြီး ခွဲစိတ်မှုကို ရှောင်ရှားကာ အဲ့ဒီအစား ရှေးရိုးကျတဲ့ကုသမှုကို ၅ ပတ်ကြာ ခံယူသွားမှာ ဖြစ်ပါတယ်။ကစားသမားအနေနဲ့ ဒီကုသမှုကနေ စက်တင်ဘာလ ၁၀ ရက်မှာ ပြန်လာနိုင်ဖို့ မျှော်လင့်နေတာပါ။

ပေါ့ဘာရဲ့ ၅ ပတ်ကြာကုသမှုမှာ ပထမဆုံး ၃ ပတ်က အားကစားခန်းမမှာ ပြုလုပ်ရမှာဖြစ်ပြီး ကျန်တဲ့ ၂ ပတ် ကတော့ ကွင်းထဲမှာ ပြုလုပ်ရမှာဖြစ်တယ်လို့ ဂါဇတ်တာဒယ်လိုစပေါ့သတင်းဌာနာက ဖော်ပြခဲ့ပါတယ်။

ဂျူဗင် တပ်စ်ဆေးအဖွဲ့က ရာသီသစ်ရဲ့ ပထမဆုံးနိုင်ငံတကာပွဲတွေမတိုင်ခင် ပေါ့ဘာ ပြန်လာတာကို မြင်တွေ့ချင်နေတာ ဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားစေချင်နေတာပါ။ပေါ့ဘာဟာ ဒူးခွဲစိတ်ကုသမှုခံယူရမယ်ဆိုရင် ပြန် ကောင်းလာဖို့ ၄ လ ဒါမှမဟုတ် ၅ လ လိုအပ်နေပြီး ဒီလိုဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်မှာဖြစ်ပါတယ်။

အဲဒါကြောင့် ပေါ့ဘာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို မလွဲချော်ချင်တာကြောင့် ရှေးရိုးကျတဲ့ကုသမှုကို ခံယူဖို့ ဆုံးဖြတ် ခဲ့တာပါ။ပြင်သစ်ကစားသမားဟာ ဂျူဗင်တပ်စ်အသင်းအတွက် မက္ကဆီကိုကလပ် ဂွာဒလာဟာရာ အသင်းနဲ့ ပွဲစဉ် ကိုသာ ပါဝင်ကစားထားနိုင်ခဲ့တာဖြစ်ပါတယ်။

ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းအတွက် ပထမအကြိမ် ကစား ခဲ့တုန်းက အောင်မြင်မှုအများအပြား ရယူနိုင်ခဲ့ပြီး အခုဒုတိယအကြိမ် ပြန်ရောက်လာတာမှာလည်း နောက်ထပ် ဆုဖလားတွေထပ်မံရယူဖို့ ပစ်မှတ်ထားနေခဲ့တာပါ။

ဂျူဗင်တပ်စ်အသင်းဟာ အခုနှစ်ရာသီသစ် စီးရီးအေ အဖွင့်ပွဲစဉ်အဖြစ် သြဂုတ်လ ၁၅ ရက်မှာ ဆက်ဆူအိုလို အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:DailyMail

 

 

 

 

Share
Tweet
Share
Share
powered by social2s

တွစ်တာပေါ်မှာ တိုက်ခိုက်မှုအများဆုံးခံခဲ့ရတဲ့ ရော်နယ်ဒိုနဲ့ မက်ဂွဲယား

By CNI
CNI
Category: အားကစား
Hits: 1635

CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၃

ယူနိုက်တက်အသင်းက ရော်နယ်ဒိုနဲ့ မက်ဂွဲယားတို့ဟာ ပရီးမီးယားလိဂ်ကစားသမားတွေရဲ့ တွစ်တာထဲမှာ တိုက်ခိုက်မှုအများဆုံးခံခဲ့ရတယ်လို့ အစီရင်ခံစာတစ်ခုက ဖော်ပြထားပါတယ်။

Ofcon ဟာ ပြီးခဲ့တဲ့ရာသီ ပထမနှစ်ဝက်ရဲ့တွစ်တာ ၂.၃ သန်းကို စိစစ်လေ့လာခဲ့တာမှာ တိုက်ခိုက်ခံရတဲ့ ပို့စ်ပေါင်း ၆၀,၀၀၀(ခြောက်သောင်း)နီးပါးကို တွေ့ရှိခဲ့တာပါ။ဒီထဲမှာ ထိပ်တန်းကစားသမားအများအပြား တိုက်ခိုက်ခံခဲ့ရတာ ကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။တိုက်ခိုက်ခံရမှုအများဆုံးစာရင်းမှာ ယူနိုက်တက်ကစားသမား ၈ ဦးအထိ ပါဝင် ခဲ့တာပါ။ဒါပေမယ့် Alan Turing Institute ရဲ့ လေ့လာမှုအရ ပရိသတ်တွေဟာ ဆိုရှယ်မီဒီယာကို တာဝန်သိစွာနဲ့ အသုံးပြုနေကြောင်း တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

“အွန်လိုင်းကနေ တိုက်ခိုက်မှုတွေဟာ အားကစားမှာ နေရာမရှိသလို၊ ကျယ်ပြန့်တဲ့ လူ့အဖွဲ့အစည်းမှာလည်း နေရာမရှိပါဘူး။ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ အဖွဲ့လိုက် ကြိုးစားအားထုတ်မှုလိုပါတယ်” လို့ Ofcon ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောခဲ့တာပါ။၂၀၂၁ ဩဂုတ်လ ၁၃ ရက်ကနေ ၂၀၂၂ ဇန်နဝါရီ ၂၄ ရက်အထိ စာရင်းတွေအရ ရော်နယ်ဒို ဟာ တိုက်ခိုက်ခံရမှု ၁၂,၅၂၀(တစ်သောင်းနှစ်ထောင်ငါးရာနှစ်ဆယ်)အထိ ရှိခဲ့ပြီး မက်ဂွဲယားက ၈,၉၅၄ (ရှစ်ထောင့်ကိုးရာငါးဆယ့်လေး)နဲ့ ဒုတိယနေရာမှာ ရှိခဲ့ပါတယ်။အဲဒီနောက်မှာ ရက်ရှ်ဖိုဒ့်၊ ဘရူနိုဖာနန်ဒက်စ်၊ ဟာရီကိန်း၊ ဖရက်ဒ်၊ လင်ဂတ်၊ ဂရီလစ်ရှ်၊ ပေါ့ဘာနဲ့ ဒီဂီယာတို့ ရပ်တည်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းဟာ ရလဒ်ဆိုးတွေကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပြီး အသင်း ခေါင်းဆောင် မက်ဂွဲယားဆိုရင် အမှားအယွင်းတွေကြောင့် အွန်လိုင်းပေါ်မှာ မကြာခဏ တိုက်ခိုက်မှုတွေကို ခံခဲ့ရတာဖြစ်ပါတယ်။ဒီစာရင်းထဲမှာ မပါဝင်ခဲ့ပေမယ့် ကြောင်ကိုကန်ခဲ့တဲ့ ရုပ်သံဖိုင်ကြောင့် ဝက်စ်ဟမ်းနောက်ခံ လူ ဇူးမားဟာ ဆိုရှယ်မီဒီယာမှာ တိုက်ခိုက်မှုတွေကို တော်တော်လေးခံခဲ့ရတာပါ။

ဒီအစီရင်ခံစာကို ဦးဆောင်ရေးသားတဲ့ ဒေါက်တာဘာတီဗစ်ချ်ဒန်က “ဒီတွေ့ရှိချက်တွေက ဘောလုံးသမားတွေ ဆိုရှယ်မီဒီယာမှာ တိုက်ခိုက်မှုတွေခံနေရတာကို ဘယ်လောက်အတိုင်းအတာအထိ ဖော်ထုတ်နိုင်လဲဆိုတာပါ။ ဒီလိုတိုက်ခိုက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲပေမယ့် ဒါကို ဒီတိုင်းထားလို့တော့ မရပါဘူး။ ကစားသမားတွေ အနေနဲ့ တိုက်ခိုက်မှုမခံရဘဲ သူတို့အလုပ်သူတို့ လုပ်နိုင်ဖို့အတွက် အဆိုးရွားဆုံး အကြောင်းအရာတွေကို ရပ်တန့်ဖို့ နောက်ထပ်လုပ်ဆောင်ရမှာပါ”လို့ ပြောခဲ့ပါတယ်။

Source:BBC

 

 

 

Share
Tweet
Share
Share
powered by social2s

မက်ဆီက ဆွာရတ်စ် ဥရုဂွေးပြန်ဖို သူ့လေယာဉ်ငှားပေး

By CNI
CNI
Category: Watch TV
Hits: 778

Share
Tweet
Share
Share
powered by social2s
မြန်မာအသင်းနဲ့ ဩစတြေးလျအသင်းတို့ ယှဉ်ပြိုင်နေစဉ်

အာဆီယံယူ-၁၆ အုပ်စုအဖွင့်ပွဲမှာ သြစတြေးလျကို မြန်မာအနိုင်ရ

By CNI
CNI
Category: အားကစား
Hits: 1342

CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂

အာဆီယံ ယူ-၁၆ ပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် မြန်မာအသင်းနဲ့ သြစတြေးလျအသင်းတို့ သြဂုတ်လ ၂ ရက်က ယှဉ်ပြိုင် ကစားခဲ့ တာမှာ မြန်မာအသင်းက ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရရှိ သွားခဲ့ပါတယ်။

ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာ ၂ ဂိုးစီ သရေကျခဲ့ပြီး ဒုတိယပိုင်းမှာ မြန်မာအသင်းက အနိုင်ဂိုးသွင်း ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ ကြောင့် မြန်မာအသင်းက သြစတြေးလျအသင်းကို အနိုင်ရခဲ့ပြီး အုပ်စုအဖွင့် လှခဲ့တာ ဖြစ်ပါတယ်။

မြန်မာအသင်းအတွက် ဂိုးတွေကို စောမျိုးဇော်၊ ရှိုင်းဝဏ္ဏအောင်နဲ့ ပြည့်စုံအောင်တို့က သွင်းယူခဲ့တာဖြစ်ပြီး သြစတြေးလျ အတွက် ဂိုးတွေကို ကိုဗနီနဲ့ ဒီပီဇီယိုတို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ အုပ်စု ဒုတိယပွဲစဉ်အဖြစ် သြဂုတ်လ ၅ ရက်မှာ မလေးရှား၊ သြဂုတ်လ ၈ ရက်မှာ ကမ္ဘောဒီးယား အသင်း တို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

 

 

 

Share
Tweet
Share
Share
powered by social2s
ဘုန်းမောက်အသင်း ကစားသမားများကိုတွေ့ရစဉ်

ဒူးထောက်တဲ့ အစီအစဉ်ကို ဘုန်းမောက်လုပ်ဆောင်မှာမဟုတ်

By CNI
CNI
Category: အားကစား
Hits: 1385


CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂

တန်းတက်ကလပ် ဘုန်းမောက်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပွဲမစတင်ခင် ပြုလုပ်တဲ့ ဒူးထောက်တဲ့ အစီအစဉ်ကို ဒီရာသီမှာ သူတို့ လုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

ဘုန်းမောက်အသင်းဟာ ချန်ပီယံရှစ်မှာ ရှိနေချိန် ၂၀၂၁ ဖေဖော်ဝါရီလမှာ ဒီလိုလုပ်ဆောင်ခြင်းကို ရပ်တန့်ခဲ့တာပါ။ ဘုန်းမောက် အသင်းဟာ ၂ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ကို ပြန်ရောက်လာချိန်မှာလည်း သူတို့ရဲ့ ရပ်တည်ချက်ကို ပြောင်းလဲမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဘုန်းမောက်အသင်း ခေါင်းဆောင်ဟောင်း စတိဗ်ကွတ်ခ်က ဦးဆောင်ပြီး “ ခွဲခြားဆက်ဆံမှု အားလုံးကို တိုက်ဖျက်ပြီး တန်းတူညီမျှဖြစ်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ကို ဖန်တီးပေးတာက ကျနော်တို့ အလွန်စိတ်အား ထက်သန်စွာ ခံစားရတဲ့ အရာပါ။ ဒါက လွန်ခဲ့တဲ့ ၈ လက ပြုလုပ်ခဲ့တဲ့အရာထက် အကျိုးသက်ရောက်မှု မရှိတော့ဘူး”လို့ ကြေညာခဲ့တာပါ။

ဘုန်းမောက်အသင်းက အခြားအသင်းတွေ အမျိုးမျိုး လုပ်ဆောင်နိုင်တဲ့ ဆန္ဒကို လေးစားပေမယ့် ပြီးခဲ့တဲ့နှစ် ကတည်းက ရပ်တည်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြောင်းဖို့ အစီအစဉ် မရှိတော့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ် အသင်းတွေကလည်း ဒီအစီအစဉ်ကို မလုပ်ဆောင်ကြတော့ဖို့ တွေးတောနေကြပြီး ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးအသင်းကလည်း ဒူးထောက်တော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ တန်းတူညီမျှ မှုတွေကို ရဖို့အတွက် အခြား နည်းလမ်းတွေကို အာရုံစိုက်ကြဖို့ ချန်ပီယံရှစ်ကလပ်က ပြောခဲ့ပါတယ်။

မန်စီးတီးနဲ့အာဆင်နယ် ကစားသမားများ ဒူးထောက်နေသည်ကိုတွေ့ရစဉ်

တခြားအသင်းတွေ ဒူးထောက်တဲ့ အစီအစဉ်ကို ဆက်လုပ်ရင်လည်း သူတို့ဘက်က ထောက်ခံတဲ့အနေနဲ့ လက်ခုပ်တီး ဂုဏ်ပြု မယ်လို့ ပြောခဲ့ပါတယ်။ ချန်ပီယံရှစ်ကလပ် ဘရစ္စတိုးလ် အသင်းကလည်း ဒီရာသီမှာ သူတို့ ဒူးထောက်မှာ မဟုတ်ဘူးလို့ အတည်ပြု ထားပါတယ်။

ပရီးမီးယားလိဂ် အသင်းခေါင်းဆောင်တွေဟာ ရာသီသစ် မစတင်ခင် ဒီလိုလုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပေမယ့် ဆုံးဖြတ်ချက်တော့ မချရသေးပါဘူး။ ပရီးမီးယားလိဂ် ကလပ်တွေဟာ ဒူးထောက်တဲ့ အစီအစဉ်ကို ပွဲစဉ်တိုင်း မပြုလုပ်ချင်ဘူးလို့ သိရပါတယ်။

ပရီးမီးယားလိဂ်ဟာ Black Lives Matter လှုပ်ရှားမှုကို ထောက်ခံတဲ့အနေနဲ့ ပြိုင်ပွဲပြန်လည် စတင်တဲ့ ၂၀၂၀ ခုနှစ်၊ ဇွန်လ ကတည်းက ပွဲမစတင်ခင်မှာ ဒူးထောက်တဲ့ အစီအစဉ်ကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

Share
Tweet
Share
Share
powered by social2s
အမျိုးသမီး ဒိုင်လူကြီး ယာမာရှိတကိုတွေ့ရစဉ်

ဂျပန်နိုင်ငံရဲ့ ပထမဆုံးအမျိုးသမီး ပရော်ဖက်ရှင်နယ် ဒိုင်လူကြီးဖြစ်လာတဲ့ ယာမာရှိတ

By CNI
CNI
Category: အားကစား
Hits: 1053

CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂

ယိုရှီမီ ယာမာရှီတဟာ ဂျပန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ပရော်ဖက်ရှင်နယ် ဘောလုံးဒိုင်လူကြီး ဖြစ်လာခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိ ယာမာရှိတဟာ အခုနှစ် အကုန်ပိုင်းမှာ ကျင်းပမယ့် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ဖို့ ဖရာပါ့တ်၊ မူကန်ဆန်ဂါတို့နဲ့ မေလက ရွေးချယ် ခံခဲ့ရတာပါ။

အမျိုးသား ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ် အမျိုးသမီးဒိုင်လူကြီးတွေ တာဝန်ယူ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ယာမာရှိတဟာ အခုအချိန်မှာ ဂျပန်ဘောလုံးအဖွဲ့ချုပ်နဲ့ ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုထားပါတယ်။ ဂျပန်နိုင်ငံဟာ မကြာသေးခင်က သူတို့ရဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ် အမျိုးသမီးဘောလုံးလိဂ်ကို စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုဖွင့်လှစ်ပြီး ၁ နှစ် မကြာသေးခင်မှာ သူမရဲ့ အခန်းကဏ္ဍသစ် ထွက်ပေါ်လာခဲ့တာပါ။ ယာမာရှိတဟာ အမျိုးသား အာရှ ချန်ပီယံလိဂ် ပြိုင်ပွဲကို တာဝန်ယူခဲ့တဲ့ ပထမဆုံး အမျိုးသမီး ဒိုင်လူကြီးအဖြစ်လည်း မှတ်တမ်းဝင်ထားပြီး “အမျိုးသမီးတွေ အပေါ်မှာ အာရုံစိုက်တာ ကောင်းတယ်”လို့ သူမ ထင်မြင်ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီး ဘောလုံးပွဲတစ်ခုကို ယာမာရှိတ ဒိုင်အဖြစ် ကိုင်တွယ်စဉ်

“အမျိုးသားပွဲတွေမှာ အမျိုးသမီး ဒိုင်လူကြီးလုပ်တာ သိပ်ပြီး ကြီးကြီးမားမားတော့ မဟုတ်ပေမယ့် ဒီအဆင့်မှာ ပွဲတွေက ကြည့်ကောင်းခဲ့လို့ ကျမ ဝမ်းသာရပါတယ်”လို့ ယာမာရှိတက ပြောခဲ့တာပါ။

ယာမာရှိတ၊ ဖရာပါ့တ်နဲ့ မူကန်ဆန်ဂါတို့ဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဒိုင်လူကြီးအဖြစ် ဆောင်ရွက်မယ့် ဒိုင်လူကြီး ၃၆ ဦး စာရင်းမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ စည်းကြပ်ဒိုင်လူကြီး ၆၉ ဦး စာရင်းမှာလည်း အမျိုးသမီး စည်းကြပ်ဒိုင် ၃ ဦး ပါဝင်ခဲ့ တာ ပါ။ ယာမာရှိတက ကာတာမှာ ကမ္ဘာ့ဖလားလေထုကို ရှူရှိူက်ခွင့်ရဖို့ မျှော်လင့်နေပြီး သူမရဲ့ ဆုံးဖြတ်ချက် ချတာကို အရှိန် မြှင့်တင်နိုင်ဖို့ ကြိုးစားနေတယ်လို့လည်း ပြောခဲ့ပါတယ်။

ယာမာရှိတက “ ဒါက အမြဲတမ်း တိုးတက်နေတဲ့ အရာဖြစ်တဲ့အတွက် ဘယ်ပွဲပဲဖြစ်ဖြစ် ဒိုင်လူကြီးလုပ်မှာပါ။ ဆုံးဖြတ်ချက် ချတဲ့ အရှိန်ကို မြှင့်တင်နိုင်မယ်ဆိုရင် ဆုံးဖြတ်ချက် တစ်ခုချင်းစီကို ရှင်းရှင်းလင်းလင်း ချမှတ်နိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ယာမာရှိတဟာ ပြီးခဲ့တဲ့နှစ်က ဂျပန် ပြည်တွင်းလိဂ်ဖြစ်တဲ့ ဂျေလိဂ်မှာလည်း ကိုင်တွယ်ခဲ့တဲ့ ပထမဆုံး အမျိုးသမီး ဒိုင်လူကြီး ဖြစ်ခဲ့တာပါ။ ယာမာရှိတဟာ ကလေးငယ်တွေကို ဒိုင်လူကြီးတစ်ဦးရဲ့ အလုပ်တွေကို ရှင်းပြခဲ့ပြီး ဂျပန်ဘောလုံးအဖွဲ့ချုပ်မှာ သူတို့ရဲ့ မေးခွန်းတွေကို ဖြေကြားခဲ့ပါတယ်။

 

 

 

Share
Tweet
Share
Share
powered by social2s

ချယ်လ်ဆီးအသင်းမှာ နံပါတ် ၂၆ ဝတ်ဆင်ဖို့ ဂျွန်တယ်ရီကို ကူလီဘာလီတောင်းဆို

By CNI
CNI
Category: အားကစား
Hits: 1584

CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂

ချယ်လ်ဆီးအသင်းနောက်ခံလူသစ် ကူလီဘာလီက အသင်းမှာ ကျောနံပါတ် ၂၆ ဂျာစီဝတ်ဆင်ဖို့အတွက် ဂန္တဝင် ကစားသမား ဂျွန်တယ်ရီဆီကနေ ခွင့်ပြုချက်တောင်းဆိုလိုက်ပါတယ်။

ကူလီဘာလီက “ဂျွန်ရေ ခင်ဗျားကို တစ်ခုလောက်တောင်းဆိုချင်လို့ပါ။ကျနော် နာပိုလီမှာ ၂၆ ဝတ်ခဲ့တာ ခင်ဗျား လည်းသိမှာပါ။အခု ဒီ ၂၆ ကို ခင်ဗျားထွက်သွားပြီးကတည်းက ဘယ်သူ့မှမဝတ်ဆင်ကြတော့ဘူး။ခင်ဗျား အနားယူ သွားလို့လား ဒါမှမဟုတ် ဘယ်သူမှမယူချင်လို့လားတော့ မသိပါဘူး။ကျနော်ဝတ်မယ်ဆိုရင်ရော ဝတ်လို့ရမလား ဆိုတာ သိချင်လို့ပါ”လို့ ပြောခဲ့တာပါ။

အသက် ၃၁ နှစ်အရွယ်နောက်ခံလူဟာ အခုအပြောင်းအရွှေ့မှာ နာပိုလီကနေ ချယ်လ်ဆီးအသင်းထံ ပေါင် ၃၃ သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ဂျွန်တယ်ရီဟာ ချယ်လ်ဆီးကစားသမားဘဝမှာ ပွဲပေါင်း ၇၁၇ ပွဲ ကစားခဲ့ပြီး ဆုဖလား ၁၅ လုံးရယူနိုင်ခဲ့ကာ သူဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၂၆ ဟာ အထင်ကရဖြစ်ခဲ့တာပါ။

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဟာ ချယ်လ်ဆီးအသင်းကနေ ၂၀၁၇ မှာ ထွက်ခွာသွားခဲ့ပြီး အဲဒီကတည်းက ဒီနံပါတ်ကို ဘယ်သူ့မှ မဝတ်ဆင်တော့တာဖြစ်ပါတယ်။

ကူလီဘာလီရဲ့ တောင်းဆိုမှုနဲ့ပတ်သက်ပြီး ဂျွန်တယ်ရီက “နားထောင်ပါ။ဒီ ၂၆ က ငါ့အတွက်တော့ အလွန် ထူးခြားပါတယ်။ဒီလိုဖုန်းဆက်ပြီးပြောတဲ့အတွက် ကျေးဇူးတင်တယ်။ဒီနံပါတ်ကို မင်းယူလိုက်လို့ င့ါအတွက် ဘာ ပြဿနာမှမရှိပါဘူး။ လုံးဝ ဝမ်းသာပါတယ်။ငါမင်းကို ၂၆ ပေးဝတ်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ကူလီဘာလီက ကျေးဇူးတင်ကြောင်းနဲ့ ဒါကို ဝတ်ရမှာ သူ့အတွက်တာဝန်ကြီးတယ်လို့ ပြောခဲ့တာမှာ ဂျွန်တယ်ရီ က “ဖိအားတွေမထားပါနဲ့ ငါတို့အတွက် ဆုဖလားတွေယူပေးမှာမလားလို့ “ ပြန်ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ကူလီဘာလီအတွက် ကျောနံပါတ် ၂၆ ဂျာစီဝတ်ဆင်ဖို့ အတည်မပြုခင်မှာ ဆီနီဂေါ နောက်ခံလူက ဂျွန်တယ်ရီဆီကနေ သေချာစေမယ့် ခွင့်ပြုချက်ကို ရယူခဲ့တာဖြစ်ပါတယ်။

ကူလီဘာလီဟာ မကြာသေးခင်က ချယ်လ်ဆီးအသင်းရဲ့ ခြေစမ်းပွဲတွေမှာ ကျောနံပါတ် ၂၆ ဂျာစီဝတ်ဆင်ပြီး ဝင်ရောက်ကစား သွားခဲ့တာပါ။ချယ်လ်ဆီးအသင်းဟာ အခုနှစ်ရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် အဲဗာတန်အသင်း အိမ်ကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပါတယ်။

Source:Sportbible

 

 

 

 

Share
Tweet
Share
Share
powered by social2s

ယူရိုချန်ပီယံ အင်္ဂလန်အမျိုးသမီးအသင်းကို ဘုရင်မကြီး ဂုဏ်ပြု

By CNI
CNI
Category: Watch TV
Hits: 824

Share
Tweet
Share
Share
powered by social2s

ယူရိုချန်ပီယံဆုကို အင်္ဂလန်အမျိုးသမီးအသင်း ပထမဆုံးအကြိမ်ရရှိ

By CNI
CNI
Category: Watch TV
Hits: 701

Share
Tweet
Share
Share
powered by social2s
မြန်မာယူ-၁၆ အသင်း နည်းပြ ဦးအောင်ဇော်မျိုး

အာဆီယံယူ-၁၆ ပြိုင်ပွဲမှာ အကောင်းဆုံး ကြိုးစားသွားမယ်လို့ မြန်မာနည်းပြပြော

By CNI
CNI
Category: အားကစား
Hits: 1234

CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁

မြန်မာယူ-၁၆ အသင်းနည်းပြ ဦးအောင်ဇော်မျိုးက အာဆီယံယူ-၁၆ ပြိုင်ပွဲအတွက် ပြင်ဆင်ချိန် ၁၂ ပတ်လောက်ရခဲ့ပြီး အကောင်းဆုံး ကြိုးစားသွားမယ်လို့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ဦးအောင်ဇော်မျိုးက “ အသင်းကို မြန်မာဘောလုံး အကယ်ဒမီတွေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေက ကစားသမားတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီပြိုင်ပွဲအတွက် ပြင်ဆင်ချိန် ၁၂ ပတ်လောက်ရခဲ့ပါတယ်။ အကောင်းဆုံး ကြိုးစားပြင်ဆင်ပြီး ယှဉ်ပြိုင် သွားမှာပါ။ ပြိုင်ပွဲကောင်းတစ်ခု ဖြစ်ဖို့ကိုလည်း မျှော်လင့်ကြောင်း” ပြောပါတယ်။

မြန်မာအသင်း ပါဝင်တဲ့ အုပ်စု (ဂ) ရဲ့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို သြဂုတ်လ ၁ ရက်က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ အုပ်စု (ဂ) မှာ မလေးရှား၊ သြစတြေးလျ၊ ကမ္ဘောဒီးယားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့တာပါ။ အုပ်စု(က) မှာ အိမ်ရှင်အင်ဒိုးနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ စင်ကာပူ ကျရောက်နေပါတယ်။

 မြန်မာယူ -၁၆ အသင်း လေ့ကျင့်ခန်းဆင်းနေစဉ်

ဒီနောက် အုပ်စု(ခ) မှာတော့ ထိုင်း၊ တီမော၊ လာအိုနဲ့ ဘရူနိုင်းတို့ ကျရောက်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ သြဂုတ်လ ၂ ရက်မှာ သြစတြေးလျ၊ ၅ ရက်နေ့မှာ မလေးရှား၊ ၈ ရက်နေ့မှာ ကမ္ဘောဒီးယားတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။

ဒီပြိုင်ပွဲမှာ အုပ်စုထိပ်ဆုံးက ၃ သင်းနဲ့ ဒုတိယအကောင်းဆုံး ၁ သင်းက ဆီမီးဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ မြန်မာ အသင်းဟာ အာဆီယံယူ-၁၆ ပြိုင်ပွဲမှာ ချန်ပီယံဆု ၂ ကြိမ် ရယူထားခဲ့ပြီး အဆိုပါနှစ်တွေကတော့ ၂၀၀၂ နဲ့ ၂၀၀၅ ပဲဖြစ်ပါ တယ်။

မြန်မာအသင်းဟာ ၂၀၁၈ က ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ စတုတ္တနေရာသာ ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုနှစ်ပြိုင်ပွဲကို ဇူလိုင်လ ၃၁ ရက်ကနေ သြဂုတ်လ ၁၃ ရက်အထိ ကျင်းပသွားမှာပါ။

ဒီပြိုင်ပွဲမှာ အိမ်ရှင် အင်ဒိုနီးရှားယူ-၁၆ အသင်းရဲ့ ပွဲစဉ်တွေကိုသာ ရုပ်သံရိုက်ကူး ထုတ်လွှင့်မှာ ဖြစ်တယ်လို့လည်း ပြိုင်ပွဲ ကျင်းပရေးအဖွဲ့ကနေ သိရပါတယ်။

 

 

 

Share
Tweet
Share
Share
powered by social2s

ဆုဖလားရယူပြီး ပီအက်စ်ဂျီအသင်း ရာသီသစ်ကို စတင်ခဲ့

By CNI
CNI
Category: အားကစား
Hits: 1787

CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁

ပီအက်စ်ဂျီအသင်းဟာ တဲလ်အဗစ်မှာ ကစားခဲ့တဲ့ Trophee des Champions ပွဲမှာ နန့်တက်စ်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီအတွက်ဂိုးတွေကို နေမာက ၂ ဂိုး၊ မက်ဆီနဲ့ ရာမို့စ်တို့က ၁ ဂိုးစီသွင်းယူခဲ့ကြတာပါ။ဒီပွဲမှာ ပီအက်စ်ဂျီ အသင်းဟာ ပွဲပယ်ခံထားရတဲ့ တိုက်စစ်မှူး ဘတ်ပီကလွဲပြီး အဓိက ကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့တာ ကြောင့် နန့်တက်စ်အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ပီအက်စ်ဂျီအသင်းဟာ အခု ၁ ကြိမ်အပါအဝင် နောက်ဆုံး ၁၀ ကြိမ်ကျင်းပခဲ့တဲ့ Trophee des Champions ပွဲမှာ ချန်ပီယံဆုကို ၉ ကြိမ်ရယူနိုင်ခဲ့တာပါ။

နေမာက “ဒီပွဲက ပွဲကောင်းတစ်ပွဲပါ။ဒီဆုဖလားကိုလည်း ကျနော်တို့ အရယူချင်ခဲ့တာပါ။လီယို၊ ကိုင်လီယန်နဲ့ ကျနော်တို့ ပျော်ရွှင်နေမယ်ဆိုရင် ပီအက်စ်ဂျီအသင်းက ကောင်းမွန်စွာ အလုပ်လုပ်နိုင်မှာပါ။ဒီရာသီမှာ ကျနော်တို့ ၃ ဦးစလုံး အတူတကွဆက်ရှိပြီး ဆုဖလားတွေရယူသွားမယ်” လို့ Prime Video ကို ပြောခဲ့တာ ဖြစ်ပါတယ်။ ပိုချက်တီနိုနေရာမှာ အစားထိုးဝင်ရောက်လာခဲ့တဲ့ ဂယ်လ်တီယာအတွက်တော့ ပီအက်စ်ဂျီနည်းပြဘဝ ပထမဆုံး ဆုဖလားကို ရယူနိုင်ခဲ့တာပါ။

ပီအက်စ်ဂျီအတွက် ၁ ဂိုးသွင်းယူပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့ မက်ဆီကို ဒီပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ပြီးခဲ့တဲ့ရာသီက ပြင်သစ်ကလပ်ကို ရောက်ရှိလာခဲ့တဲ့ မက်ဆီအတွက်တော့ ပီအက်စ်ဂျီ ကစားသမားဘ၀ ဒုတိယမြောက်ဆုဖလား ရရှိခဲ့တာပါ။မက်ဆီဟာ ဒီဆုဖလားကြောင့် ကစားသမားဘဝ ဆုဖလား ၄၁ ခုအထိ ရယူနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ပီအက်စ်ဂျီနည်းပြ ဂယ်လ်တီယာက “ကျနော်တို့ဟာ ကြယ်ပွင့်တွေအကြောင်း ပြောနေပေမယ့် သူတို့က ကစား သမားတွေအားလုံးထက် ဆုဖလားပိုပြီး ဆွတ်ခူးချင်ကြတဲ့သူတွေပါ။သူတို့နဲ့ ကျနော်သွားရမှာပါ။ဒါပေမယ့် ဒီ ကမ္ဘာ့ အဆင့်မီ ကစားသမားတွေနဲ့ဆိုရင်တော့ အရာအားလုံးက ပိုပြီးလွယ်ကူသွားတယ်ဆိုတာ သိသာလာခဲ့ပါတယ်” လို့ ပြောခဲ့တာပါ။

ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းဟာ ဆုဖလားကာကွယ်ဖို့အတွက် ရာသီအဖွင့်ပွဲစဉ် အဖြစ် သြဂုတ်လ ၆ ရက်မှာ ကလဲမောင့်အသင်းနဲ့ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Besoccer

 

 

 

Share
Tweet
Share
Share
powered by social2s
  • 49
  • 50
  • 51
  • 52
  • 53
  • 54
  • 55
  • 56
  • 57
  • 58

Page 54 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar