CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၃

ဂျူဗင်တပ်စ်ကစားသမား ပေါ့ဘာဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားချင်တာကြောင့် ဒူးကို ခွဲစိတ်မှု မပြုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီး အခုအပြောင်းအရွှေ့မှာ ဂျူဗင်တပ်စ်အသင်းထံ ပြန်လည် ရောက်ရှိလာခဲ့တဲ့ ပေါ့ဘာဟာ အသင်းရဲ့ရာသီကြို ခြေစမ်းခရီးစဉ်အတွင်း လေ့ကျင့်မှုပြုလုပ်ရင်း ညာဘက် ဒူး ဒဏ်ရာ ရရှိသွားခဲ့တာပါ။

အသက် ၂၉ နှစ်အရွယ်ရှိ ကစားသမားဟာ အင်္ဂါနေ့က လိုင်ယွန်မြို့ရှိ အထူးကု အတိုင်ပင် ခံထံ သွားရောက်ခဲ့ပြီး ခွဲစိတ်မှုကို ရှောင်ရှားကာ အဲ့ဒီအစား ရှေးရိုးကျတဲ့ကုသမှုကို ၅ ပတ်ကြာ ခံယူသွားမှာ ဖြစ်ပါတယ်။ကစားသမားအနေနဲ့ ဒီကုသမှုကနေ စက်တင်ဘာလ ၁၀ ရက်မှာ ပြန်လာနိုင်ဖို့ မျှော်လင့်နေတာပါ။

ပေါ့ဘာရဲ့ ၅ ပတ်ကြာကုသမှုမှာ ပထမဆုံး ၃ ပတ်က အားကစားခန်းမမှာ ပြုလုပ်ရမှာဖြစ်ပြီး ကျန်တဲ့ ၂ ပတ် ကတော့ ကွင်းထဲမှာ ပြုလုပ်ရမှာဖြစ်တယ်လို့ ဂါဇတ်တာဒယ်လိုစပေါ့သတင်းဌာနာက ဖော်ပြခဲ့ပါတယ်။

ဂျူဗင် တပ်စ်ဆေးအဖွဲ့က ရာသီသစ်ရဲ့ ပထမဆုံးနိုင်ငံတကာပွဲတွေမတိုင်ခင် ပေါ့ဘာ ပြန်လာတာကို မြင်တွေ့ချင်နေတာ ဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားစေချင်နေတာပါ။ပေါ့ဘာဟာ ဒူးခွဲစိတ်ကုသမှုခံယူရမယ်ဆိုရင် ပြန် ကောင်းလာဖို့ ၄ လ ဒါမှမဟုတ် ၅ လ လိုအပ်နေပြီး ဒီလိုဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်မှာဖြစ်ပါတယ်။

အဲဒါကြောင့် ပေါ့ဘာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို မလွဲချော်ချင်တာကြောင့် ရှေးရိုးကျတဲ့ကုသမှုကို ခံယူဖို့ ဆုံးဖြတ် ခဲ့တာပါ။ပြင်သစ်ကစားသမားဟာ ဂျူဗင်တပ်စ်အသင်းအတွက် မက္ကဆီကိုကလပ် ဂွာဒလာဟာရာ အသင်းနဲ့ ပွဲစဉ် ကိုသာ ပါဝင်ကစားထားနိုင်ခဲ့တာဖြစ်ပါတယ်။

ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းအတွက် ပထမအကြိမ် ကစား ခဲ့တုန်းက အောင်မြင်မှုအများအပြား ရယူနိုင်ခဲ့ပြီး အခုဒုတိယအကြိမ် ပြန်ရောက်လာတာမှာလည်း နောက်ထပ် ဆုဖလားတွေထပ်မံရယူဖို့ ပစ်မှတ်ထားနေခဲ့တာပါ။

ဂျူဗင်တပ်စ်အသင်းဟာ အခုနှစ်ရာသီသစ် စီးရီးအေ အဖွင့်ပွဲစဉ်အဖြစ် သြဂုတ်လ ၁၅ ရက်မှာ ဆက်ဆူအိုလို အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:DailyMail