CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၆

ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်ချုပ်အပြီး ၁၄ ရက်အကြာမှာပဲ ဒူးဒဏ်ရာခံစားနေရတာကြောင့် ၂ လ ကြာအနားယူရဖွယ်ရှိတယ်လို့ သိရပါတယ်။

ပြင်သစ်ကစားသမားဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ဂျူဗင်တပ်စ်အသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ရောက်ရှိလာခဲ့တာပါ။ပေါ့ဘာဟာ မက္ကဆီကိုကလပ် ဂွာဒလာဟာရာအသင်းနဲ့ ကစား ခဲ့တဲ့ ခြေစမ်းပွဲမှာ ဂျူဗင်တပ်စ်အတွက် ပထမဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားသွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ပြုလုပ် ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ပေါ့ဘာဟာ ဒဏ်ရာရသလိုခံစားနေရတာကြောင့် ဂျူဗင်တပ်စ်အသင်းက ဆေး စစ်မှုတွေ ပြုလုပ်ခဲ့တာပါ။အီတလီကလပ်က ပေါ့ဘာရဲ့ ညာဘက်ဒူးဟာ နာကျင်မှုတွေခံစားနေရတယ်လို့ အတည် ပြုခဲ့ပါတယ်။

ပေါ့ဘာက ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး အရိုးအထုးကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုတွေပြုလုပ်မှာဖြစ်ပြီး ကုသမှုဆက်လက်ခံယူဖို့ ရှိနေတာကြောင့် ဒါးလတ်စ်သွားမယ့်ခရီးစဉ်မှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ ဂျူဗင်တပ်စ် က ထုတ်ပြန်ထားတာပါ။ဂါဇတ်တာဒယ်လိုစပေါ့က ပေါ့ဘာဟာ ခွဲစိတ်ကုသမှု ခံယူရမှာဖြစ်ပြီး ၂ လကြာ အနားယူ ရမယ်လို့ ဖော်ပြထားပါတယ်။အဲဒါကြောင့် ပြင်သစ်ကစားသမားဟာ စီးရီးအေ ရာသီသစ်အစပိုင်းပွဲတွေကို ပါဝင် နိုင်တော့မှာမဟုတ်ပါဘူး။

စီးရီးအေချန်ပီယံဆုကို ၂ နှစ်ဆက်တိုက်လက်လွှတ်ခဲ့ရတာကြောင့် ဒီရာသီမှာ ပြန်လည်ရယူနိုင်ဖို့ ပစ်မှတ်ထားနေ တဲ့ ဂျူဗင်တပ်စ်အတွက်တော့ ပေါ့ဘာရဲ့သတင်းဟာ သတင်းဆိုးဖြစ်ခဲ့တာပါ။နည်းပြ အယ်လီဂရီကတော့ ပေါ့ဘာ အသင်းအတွက် အမြန်ဆုံးပြန်ကစားပေးနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ဂျူဗင်တပ်စ်အသင်းမှာ ၂၀၁၂ ကနေ ၂၀၁၆ အထိ ပထမအကြိမ်ကစားခဲ့တုန်းက အသင်းနဲ့အောင်မြင်မှုတွေ အများအပြားရယူနိုင်ခဲ့တဲ့ ပေါ့ဘာဟာ ၆ နှစ်အကြာမှ အသင်းထံ ဒုတိယအကြိမ်မြောက် ပြန်လည်ရောက်ရှိလာခဲ့တာပါ။

စီးရီးအေရာသီသစ်ဟာ သြဂုတ်လ ၁၆ ရက်မှာ ပြန်လည်စတင်မှာဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းဟာ ဒီပြိုင်ပွဲမတိုင်ခင် မှာ လာလီဂါထိပ်သီး ၂ သင်းဖြစ်တဲ့ ဘာစီလိုနာ၊ ရီးရယ်လ်တို့နဲ့ ခြေစမ်းပွဲယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Source:The Sun