CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀

မာသီးယက်စ်ပေါ့ဘာဟာ ညီဖြစ်သူ ပေါလ်ပေါ့ဘာဆီကနေ ငွေညှစ်ဖို့ ကြံစည်မှုနဲ့ ထိန်းသိမ်းခံထားရပြီး စုံစမ်းစစ်ဆေးခံနေရတယ်လို့ သိရပါတယ်။

ငွေညှစ်ဖို့နဲ့ ရာဇဝတ်ဆိုင်ရာပူးပေါင်းကြံစည်မှုတို့အတွက် အခြားလူ ၄ ဦးကိုလည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ တရားရေးဆိုင်ရာရင်းမြစ်တွေက ရိုက်တာနဲ့ ပြင်သစ်သတင်းဌာနတွေကို ပြောခဲ့ တာပါ။မာသီးယက်စ်ရဲ့ ရှေ့နေဖြစ်သူကတော့ သူ့ရဲ့ အမှုသည်မှာ အပြစ်မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ ရှေ့နေဖြစ်သူ ယာဆင်ဘိုဇရူးက “ဒီဆုံးဖြတ်ချက်ကို ကျနော်တို့ဘက်က စိန်ခေါ်ပြီး ရင်ဆိုင်သွားမှာပါ” လို့ ပြင်သစ်ရုပ်သံ BFMTV ကို ပြောခဲ့တာပါ။

မာသီးယက်စ်ဟာ ညီဖြစ်သူရဲ့ အကြောင်းနဲ့ ပတ်သက်တဲ့ ပြောဆိုမှုတွေဟာ ပြီးခဲ့တဲ့လက အွန်လိုင်းပေါ် မှာ ထွက်ပေါ်လာခဲ့ပြီးနောက် ဒီဗွီဒီယိုရဲ့ နောက်ကွယ်မှာ သူရှိနေကြောင်း ဝန်ခံထားတာ ဖြစ်ပါတယ်။ ပေါ့ဘာက သူ့ကို ဂိုဏ်းအဖွဲ့အစည်းတစ်ခုက ခြိမ်းခြောက်ငွေညှစ်ဖို့ ပစ်မှတ်ထားနေတယ်လို့ ပြောခဲ့ပြီး နောက် ပြင်သစ်အစိုးရရှေ့နေတွေဟာ စက်တင်ဘာလအစောပိုင်းက တရားစီရင်ရေးဆိုင်ရာ စုံစမ်း စစ်ဆေးမှုတွေကို စတင်ခဲ့တာပါ။

ပြင်သစ်ကွင်းလယ်ကစားသမားက သူဟာ ယူရို ၁၃ သန်းပေးချေဖို့ ပစ်မှတ်ထားတောင်းခံနေရတယ်လို့ ဇူလိုင်လ ၁၆ ရက်က တူရင်အစိုးရရှေ့နေတွေထံ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ နွေရာသီ အ ပြောင်းအရွှေ့က ဂျူဗင်တပ်စ်အသင်းထံ ပြန်လည်ရောက်ရှိလာခဲ့တဲ့ ပေါ့ဘာဟာ ဒဏ်ရာကို ခွဲစိတ် ကုသမှုခံယူရမှာ ဖြစ်တာကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ရဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။

ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦးဖြစ်တဲ့ မာသီးယက်စ်ဟာ ဂီနီလက်ရွေးစင်ကို ကိုယ်စားပြု ပါဝင်ကစားခဲ့ကာ အင်္ဂလန်ကလပ်တွေဖြစ်တဲ့ ခရူဝီ၊ ရက်ဇ်ဟမ်း၊ ခရော်လေစတဲ့ အသင်းတွေအပြင် ဥရောပကလပ်တွေမှာ ကစားခဲ့တာလည်း ဖြစ်ပါတယ်။

Source:BBC