CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၉

အတ္တလန္တာအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီး နောက် ရိုးမားကစားသမားတွေအနေနဲ့ ဒိုင်ဗင်ထိုးတာကို စတင်လုပ်ဆောင်သင့်ပြီလို့ နည်းပြ မော်ရင် ဟိုက ပြောလိုက်ပါတယ်။

မော်ရင်ဟိုက “ဒါက ရှင်းရှင်းလင်းလင်းကို ပင်နယ်တီပေးရမှာပါ။ဇာနီအိုလိုက မလဲကျလို့ ပင်နယ်တီ မပေးတာလား။ဒါဆိုရင် ကစားသမားတွေကို ကျနော်ပေးထားတဲ့ အကြံဉာဏ်တွေ ပြောင်းလဲရတော့ မယ်။ ရပ်နိုင်အောင်မကြိုးစားနဲ့၊ ဘောလုံးကန်ဖို့ မလုပ်နဲ့၊ ဒီလိဂ်မှာ အများလုပ်သလို ရေကန်ထဲမှာ ဒိုင်ဗင်ထိုးတဲ့ လူပျက်လိုပဲနေဖို့ မှာရတော့မှာပါ။ဒါမှလည်း ကျနော်တို့ ပင်နယ်တီရမှာ” လို့ Football Italia ကို ပြောခဲ့တာပါ။

ဇာနီအိုလိုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရိုးမားအသင်းကို ပင်နယ်တီမပေးခဲ့တာကြောင့် မော်ရင်ဟိုဟာ ဒေါသ ထွက်ခဲ့ပြီး ကွင်းထဲထိ ဝင်ရောက်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်လူကြီးက အနီကတ်ပြ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ဒီပွဲမှာ ဇာနီအိုလိုကို အတ္တလန္တာကစားသမား အိုကိုလီက ဆွဲထားခဲ့ပေမယ့် ကစားသမားက ဂိုးဧရိယာထဲမှာ မလဲကျခဲ့ပါဘူး။အဲဒါကြောင့် ကွင်းလယ်ဒိုင်လူကြီးက ပင်နယ်တီမပေးခဲ့တာကို မော်ရင် ဟိုက ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။

ရိုးမားအသင်းဟာ ဒီပွဲမစတင်ခင် သွေးပူလေ့ကျင့်ခန်းပြုလုပ်တာမှာ အဓိက ကစားသမားဖြစ်သူ ဒိုင်ဘား လား ဒဏ်ရာရသွားလို့ မာတစ်နဲ့ ပွဲထွက်လူစာရင်းကို အပြောင်းအလဲ ပြုလုပ်ခဲ့ရတာပါ။ဒီရှုံးပွဲဟာ ဒီရာသီ ရိုးမားအသင်းအတွက် စီးရီးအေ ဒုတိယမြောက်ရှုံးပွဲဖြစ်ပြီး ၇ ပွဲကစားအပြီးမှာ ရမှတ် ၁၃ မှတ်နဲ့ အမှတ် ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ရိုးမားအသင်းဟာ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ စီးရီးအေပွဲစဉ်အဖြစ် အင်တာမီလန်အသင်းနဲ့ အောက်တိုဘာလ ၁ ရက်မှာ ယှဉ်ပြိုင်ရမှာပါ။ဒီပွဲပြီးရင်တော့ ဘက်တစ်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:DailyMail