CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၁

ဂျူဗင်တပ်စ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးသွားတဲ့ ပေါ့ဘာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ခေါ်ယူနိုင်ခဲ့ပြီလို့ တရားဝင် ကြေညာလိုက်ပါတယ်။

ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ၂၀၂၆ ဇွန်လအထိ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး တစ်နှစ်လုပ်ခ ပေါင် ၈ သန်းအပြင် ထပ်တိုး ပေးချေငွေတွေလည်း ရရှိမှာ ဖြစ်ပါတယ်။ ပေါ့ဘာဟာ သောကြာနေ့ ကတည်းက ဆေးစစ်မှုတွေ ပြုလုပ်ဖို့ တူရင်ကို ရောက် ရှိလာခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့ကို တနင်္လာနေ့မှ ဂျူဗင်တပ်စ်အသင်းက တရားဝင် ကြေညာခဲ့တာ ဖြစ်ပါတယ်။

ပေါ့ဘာကို တွေ့ရစဉ် (Twitter)

ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းမှာ အရင်ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ဂျာစီကို ပြန်လည် ဝတ်ဆင်မှာ ဖြစ်ပါတယ်။ ပေါ့ဘာ ဟာဆိုရင် ဂျူဗင်တပ်စ်အသင်းမှာ ပထမတစ်ကြိမ် ကစားခဲ့တဲ့ ၂၀၁၂ ကနေ ၂၀၁၆ အထိ စီးရီးအေဆုဖလား ၄ ကြိမ်၊ ကိုပါ အီတာလီယာဖလား ၂ ကြိမ်နဲ့ စူပါကိုပါအီတာလီယာဖလား ၂ ကြိမ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: BBC