CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ယူနိုက်တက်သာ အလိုရှိရင် အလကားကစားပေးမယ်လို့ ဟာနန်ဒက်စ်ပြော

By CNI
CNI
Category: အားကစား
Hits: 1222

CNI Sport News

၂၀၂၂ ခုနှစ်၊ဩဂုတ် ၁၀

ယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်း ဟာနန်ဒက်စ်က အိုးထရက်ဖိုဒ့်ကို ပြန်လာဖြစ်ခဲ့ရင် အလကား ကစား ပေးသွားမယ်လို့ ပြောလိုက်ပါတယ်။

ဟာနန်ဒက်စ်က “ယူနိုက်တက်ကသာ ကျနော့်ကို ဒီကိုလာမလားဆိုရင် လာမယ်လို့ပြောပြီး အလကား ကစားပေး လိုက်မယ်လို့ ပြောမှာပါ။ကျနော်ဒီလိုမျိုးလုပ်မယ်ဆိုတာခင်ဗျားလည်း သိပါတယ်။ဒါပေမယ့် ကျနော့်ရဲ့ ကလပ်ကို လည်း လေးစားမှုရှိချင်ပါတယ်။အယ်လ်အေဂလက်ဇီနဲ့ ဆုဖလားရယူနိုင်ဖို့ စိတ်ထဲမှာ စွဲမြဲထားပြီး အနာဂတ်မှာ ဒီလိုတွေဖြစ်လာနိုင်ပါတယ်။ဒါပေမယ့် ကျနော့်ရဲ့စိတ်ထဲမှာတော့ အယ်လ်အေဂလက်ဇီက ရာနှုန်းပြည့်ရှိပါတယ်” လို့ ပြောခဲ့တာပါ။

ဂန္တဝင်နည်းပြကြီး ဖာဂူဆန်လက်ထက်မှာ နာမည်ကြီးလာခဲ့တဲ့ ဟာနန်ဒက်စ်ဟာ မန်ချက်စတာကလပ်မှာ ၅ ရာသီကြာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဆုဖလား ၂ ကြိမ်ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဟာနန်ဒက်စ်ဟာ ဖာဂူဆန်ထွက်သွားခဲ့တဲ့ ၂၀၁၃ နောက်ပိုင်း ယူနိုက်တက်ကစားသမားဘဝ မရေမရာဖြစ်ခဲ့ပြီး ရီးရယ်လ်အသင်းထံ အငှားသွားကစားခဲ့ရသလို ၂၀၁၅ မှာ လေဗာကူဆင်အသင်းထံ အပြီးသတ်ရောင်းချခံခဲ့ရတာပါ။ မက္ကဆီကို တိုက်စစ်မှူးဟာ ယူနိုက်တက်အတွက် ၁၅၇ ပွဲကစားခဲ့ပြီး ၅၉ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဟာနန်ဒက်စ်ဟာ လက်ရှိအချိန်မှာ မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်ဇီအသင်းအတွက် ခြေစွမ်းပြသနေခဲ့ တာပါ။ဘရိုက်တန်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်ပြီးနောက် ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်ဟာ လက်ရှိ အချိန်မှာ တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ အသင်းကို ပြောထားခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် အသင်းဟာ တိုက်စစ်မှူးတစ်ဦးကို ရှာဖွေမှုတွေပြုလုပ်နေတာပါ။ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ရော်နယ်ဒိုဟာ အသင်းက ထွက်ခွာချင်နေပြီး မာရှယ်က ဒဏ်ရာကြောင့် အနားယူနေခဲ့ရပါတယ်။

ယူနိုက်တက်အသင်းဟာ မကြာသေးခင်က ဘိုလောဂ့်နာတိုက်စစ်မှူး အာနော်တိုဗစ်ကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေ မယ့် ဘိုလောဂ့်နာအသင်းဟာ မရောင်းချချင်ခဲ့သလို ပရိသတ်တွေကလည်း မခေါ်ယူဖို့ တောင်းဆိုခဲ့တာကြောင့် အခြားတစ်ဦးကို ရှာဖွေနေတာပါ။

မန်ချက်စတာကလပ်ဟာ ကွင်းလယ်ပိုင်းအတွက်လည်း ဂျူဗင်တပ်စ်အသင်းက ရာဘီယော့ကို ခေါ်ယူဖို့ အီတလီကလပ်နဲ့ ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိထားပြီလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရန်ဖိုဒ့်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Mirror

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဆရီနာဝီလျံ ကိုတွေ့ရစဉ် (Eurosport)

အမေရိကန်အိုးပန်းအပြီးမှာ တင်းနစ်လောကက အနားယူမယ့် ဆရီနာဝီလျံ

By CNI
CNI
Category: အားကစား
Hits: 1436

CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၀

နာမည်ကြီး တင်းနစ်မယ် ဆရီနာဝီလျံက အမေရိကန် အိုးပန်းပြိုင်ပွဲအပြီးမှာ တင်းနစ်လောကကနေ အနားယူတော့မယ်လို့ ပြောလိုက်ပါတယ်။

ဆရီနာဝီလျံက “တင်းနစ်နဲ့ မိသားစုကြားကို ရွေးချယ်ဖို့ ဘယ်တုန်းကမှ မလိုချင်ခဲ့ပါဘူး။ ဒါကို မျှတတယ်လို့လည်း မထင် ပါဘူး။ အနားယူတယ်ဆိုတဲ့ စကားလုံးကို ဘယ်တုန်းကမှလည်း ကြိုက်နှစ်သက်ခဲ့ခြင်း မရှိပါဘူး။ ဒါကို ခေတ်မီတဲ့ စကားလုံး လို့လည်း မထင်ခဲ့ပါဘူး။ ဒါကို အကူးအပြောင်း တစ်ခုအနေနဲ့ တွေးထားပါတယ်။ ဒါပေမယ့် လူတွေရဲ့ အသိုက်အဝန်းအတွက် အရေးကြီးပြီး အလွန်တိကျတဲ့အရာ ဖြစ်တာကြောင့် ဒီစကားလုံးကို ဘယ်လိုသုံးရမလဲဆိုတာ သတိထားစေချင်ပါတယ်။ အခု တင်းနစ်နဲ့ ဝေးကွာပြီး အရေးကြီးတဲ့ အရာတွေဆီ ဦးတည်နေပြီ”လို့ Vogue မှာ ရေးသားခဲ့တာပါ။

အသက် ၄၀ အရွယ်ရှိ ဆရီနာဝီလျံဟာ ဒဏ်ရာကြောင့် ကာလကြာရှည် အနားယူခဲ့ရပြီး ပြီးခဲ့တဲ့ ဇွန်လက ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲမှာ ပြန်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆရီနာဝီလျံဟာ သြဂုတ်လ ကုန်ပိုင်းမှာ ကစားမယ့် အမေရိကန် အိုးပန်း ပြိုင်ပွဲမှာတော့ သူမ ပါဝင်ကစားမယ်လို့ ပြောခဲ့ပါတယ်။

အမေရိကန် တင်းနစ်မယ်ဟာ ဂရမ်းဆလမ်း ချန်ပီယံဆု ၂၃ ကြိမ် ရရှိထားပြီး သူ့ရဲ့ အထက်မှာ အများဆုံး အမျိုးသမီး ကစားသမားအဖြစ် မာဂရတ်ကော့တ်က ၂၄ ကြိမ်နဲ့ ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။

ဆရီနာဝီလျံ ကိုတွေ့ရစဉ် (MARCA)

“ကံမကောင်းစွာနဲ့ပဲ ဝင်ဘယ်လ်ဒန်မှာ အနိုင်ရဖို့ အဆင်သင့် မဖြစ်ခဲ့ပါဘူး။ နယူးယော့ခ်မှာရော အနိုင်ရဖို့ အဆင်သင့် ဖြစ်မလားဆိုတာ မသိပါဘူး။ ဒါပေမယ့် ကြိုးစားသွားမှာပါ။ နှုတ်ဆက်ရတယ်ဆိုတာ အလွန်ဆိုးရွားပါတယ်။ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံးပါပဲ။ စကားလုံးတွေနဲ့ ဖော်ပြနိုင်တာထက် ပိုပြီး ကျေးဇူးတင်တယ်ဆိုတာ သိထားပေးပါ”လို့ ဆရီနာဝီလျံက ရေးသားခဲ့တာပါ။

တိုရွန်တိုမှာ တနင်္လာနေ့က ကစားခဲ့တဲ့ ပွဲစဉ်မှာ ဒီယက်ဇ်ကို အနိုင်ရခဲ့တာဟာ ဆရီနာဝီလျံအတွက် ၁၄ လအတွင်း ပထမဆုံး တစ်ဦးချင်း ပြိုင်ပွဲမှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

“တင်းနစ်ပြိုင်ပွဲက နိုင်ပွဲတွေ အများကြီးနဲ့ ဆုဖလားတွေကို ယူဆောင်လာပေးပါတယ်။ တင်းနစ်ကစားတဲ့ ကောင်မလေးဆိုတဲ့ ဗားရှင်းကို လွမ်းနေမှာ ဖြစ်သလို အရာအားလုံးကိုလည်း လွမ်းနေမှာပါ”လို့ ဆရီနာဝီလျံက ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဆရီနာဝီလျံဟာ ခင်ပွန်းဖြစ်သူ အလက်ဇစ်နဲ့ ၅ နှစ်အရွယ်ရှိ အိုလံပီယာကို ပိုင်ဆိုင်ထားပြီး နောက်ထပ် ရင်သွေးထပ်ယူဖို့ ရှိနေကြောင်းလည်း အဆိုပါ Vogue မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

Share
Tweet
Share
Share
powered by social2s

ဆန်းချက်စ်နဲ့ အင်တာမီလန်အသင်းတို့ နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်း

By CNI
CNI
Category: Watch TV
Hits: 737

Share
Tweet
Share
Share
powered by social2s

အာဆီယံယူ-၁၆ ပြိုင်ပွဲမှာ မြန်မာအသင်း အကြိုဗိုလ်လုပွဲတက်

By CNI
CNI
Category: Watch TV
Hits: 729

Share
Tweet
Share
Share
powered by social2s
တံကောက်ကြောဒဏ်ရာ ရခဲ့တဲ့ သီယာဂို (SI)

တံကောက်ကြောဒဏ်ရာကြောင့် ၆ ပတ်ကြာ အနားယူရမယ့် သီယာဂို

By CNI
CNI
Category: အားကစား
Hits: 1361

CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၉

လီဗာပူးလ်အသင်း ကွင်းလယ်ကစားသမား သီယာဂိုဟာ ဖူလ်ဟမ်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ရခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် ၆ ပတ်ကြာ အနားယူရမယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

သီယာဂိုဟာ အဆိုပါ ပွဲစဉ်ရဲ့ ပွဲချိန် မိနစ် ၅၀ မှာ ဒဏ်ရာကြောင့် ဆက်ကစားနိုင်ခြင်း မရှိတော့တဲ့အတွက် လူစားလဲ ခံခဲ့ရတာပါ။ The Athletic ကတော့ စပိန်ကစားသမားဟာ စက်တင်ဘာ လလယ်အထိ အနားယူရမယ်လို့ ဖော်ပြခဲ့ပါတယ်။

အဲ့ဒါကြောင့် သီယာဂိုဟာ ပရီးမီးယားလိဂ် ပွဲစဉ်တွေဖြစ်တဲ့ ပဲလေ့စ်၊ ယူနိုက်တက်၊ ဘုန်းမောက်၊ နယူးကာဆယ်၊ အဲဗာတန်နဲ့ ဝုလ်ဗ်စ်တို့ ပွဲစဉ်တွေကို ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။ လီဗာပူးလ်အသင်းဟာ သီယာဂိုမတိုင်ခင် ချိန်ဘာလိန်နဲ့ ကာတစ် ဂျူံးစ် တို့ကိုလည်း ဒဏ်ရာကြောင့် လက်လွှတ်ထားရပါတယ်။

တံကောက်ကြောဒဏ်ရာ ရခဲ့တဲ့ သီယာဂို (FotMob)

အဲ့ဒါကြောင့် ကလော့ပ်အတွက် ဒီသတင်းဟာ ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ခဲ့တာပါ။ ဒီအခြေအနေတွေကြောင့် လီဗာပူးလ် အသင်းအနေနဲ့ နောက်ထပ် ကွင်းလယ်ကစားသမား ဝယ်ယူမလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ကလော့ပ်က “ အပြောင်း အရွှေ့က အခုရော ရေရှည်မှာပါ အဓိပ္ပါယ်ရှိရပါမယ်။ ကျနော်တို့မှာ ကွင်းလယ်ကစားသမား ၈ ဦးရှိလို့ ကွင်းလယ်အတွက် လုံလောက်ပါတယ်။ ဒဏ်ရာရ ကစားသမားတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စောင့်ကြည့်ရမှာ ဖြစ်ပေမယ့် ထိတ်လန့်ခြင်း မရှိပါဘူး”လို့ ဖြေခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က ဘိုင်ယန်မြူးနစ်ကနေ ပေါင် ၂၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ သီယာဂိုဟာ လီဗာပူးလ်အသင်းမှာ မကြာခဏ ဆိုသလို ဒဏ်ရာနဲ့ ကြုံတွေ့နေခဲ့ရတာပါ။ သူဟာ ဒဏ်ရာရတာတွေနဲ့ နာမကျန်းမှုတွေကြောင့် ၂၀၂၀-၂၁ ရာသီက လိဂ်ပွဲ ၂၄ ပွဲသာ ကစားနိုင်ခဲ့သလို ပြီးခဲ့တဲ့ ရာသီကလည်း ၂၅ ပွဲသာ ပါဝင်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

သီယာဂိုဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ် အသင်းနဲ့အတူ အက်ဖ်အေဖလား၊ ကာရာဘောင်းဖလား ရယူနိုင်ခဲ့ပြီး အခုရာသီ အစမှာ ကွန်မြူနတီဒိုင်း တို့ကို ရယူနိုင်ခဲ့တာပါ။

ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ သရေရလဒ်ရခဲ့တဲ့ လီဗာပူးလ် အသင်းဟာ ပွဲစဉ် ၂ အဖြစ် ပဲလေ့စ်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

Share
Tweet
Share
Share
powered by social2s

ကိုယ်ဝန်ဆောင်ချစ်သူဟောင်းရဲ့ ဗိုက်ကိုကန်ခဲ့တယ်လို့ နီကိုရူးစ် စွပ်စွဲခံထားရ

By CNI
CNI
Category: အားကစား
Hits: 1640


CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၉

ဂျာမနီနောက်ခံလူ နီကိုရူးစ်ဟာ ကိုယ်ဝန်ဆောင်ထားတဲ့ ချစ်သူဟောင်းရဲ့ ဗိုက်ကိုကန်ကျောက်ခဲ့တယ်လို့ စွပ်စွဲ ခံထားရကြောင်း The Sun သတင်းဌာနက ဖော်ပြထားပါတယ်။

ဒေါ့မွန်အသင်းမှာ ကစားနေတဲ့ အသက် ၂၉ နှစ်အရွယ်ရှိ နီကိုရူးစ်ဟာ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်တွေနဲ့ ရင်ဆိုင်နေရတာပါ။ဂျာမနီလက်ရွေးစင်အတွက် ၁၂ ပွဲကစားပြီး ၂ ဂိုးသွင်း ယူထားတဲ့ နီကိုရူးစ်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ဒေါ့မွန်အသင်းဟာ ဒီတုန်လှုပ်ဖွယ်ကောင်းတဲ့ သတင်းတွေကို သတိပြုမိပြီး ကစားသမားနဲ့ စကားပြောဆိုခဲ့တယ်လို့အတည်ပြုထားပါတယ်။ဂျာမန်ကလပ်ဟာ လက်ရှိအချိန်ထိတော့ နီကိုရူးစ်ကို ကစားခွင့်ရပ်ဆိုင်းထားမှာ မဟုတ်သေးပါဘူး။

ဒါပေမယ့် အခြေအနေနဲ့ ပတ်သက်ပြီး သိရှိလာတဲ့အချိန်မှာတော့ အချိန်မရွေးအရေးယူသွားမှာ ဖြစ်တယ်လို့ ဒေါ့မွန်အသင်းက ပြောထားတာပါ။နီကိုရူးစ်ဟာ ၂၀၂၀ က လက်တွဲဖော်ဟောင်းဖြစ်သူဟာ သူနဲ့ရရှိတဲ့ သမီးဖြစ်သူ ၏ ကိုယ်ဝန်ကိုလွယ်ထားရချိန်မှာ ပျက်ကျအောင် ကန်ကျောက်ခဲ့တာဆိုပြီး စွပ်စွဲခံထားရကြောင်း ဂျာမန် သတင်းစာ Bild က ဖော်ပြခဲ့တာဖြစ်ပါတယ်။ဂျာမန်နောက်ခံလူဟာ ကလေးမွေးဖွားဖို့ ၂ ပတ်သာလိုတော့တဲ့ ချစ်သူဖြစ်သူရဲ့ ဗိုက်ကို ဖိနပ်စီးထားတဲ့ ခြေထောက်နဲ့ ကန်ခဲ့တာလို့ စွပ်စွဲချက်တွေအရ သိရပါတယ်။

ဒေါ့မွန်ပြည်နယ်အစိုးရရှေ့နေရုံးက ဒါနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ကလည်း စုံစမ်းစစ်ဆေးမှုရဲ့ အစိတ်အပိုင်းအဖြစ် သက်သေအထောက်အထားတွေ ရယူဖို့ နီကိုရူးစ်ရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းမှုတွေ ပြုလုပ်ခဲ့တာပါ။ဒေါ့မွန်အသင်းကတော့ မီဒီယာတွေရဲ့ ဖော်ပြချက်အရ အလွန်ပြင်းထန်ပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ရာ စွပ်စွဲချက်တွေကိုသာ သတိပြုမိကြောင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

နီကိုရူးစ်က “ရှေ့နေအကူအညီတွေနဲ့ ဒီစွပ်စွဲချက်တွေကို ခုခံကာကွယ်သွားမှာဖြစ်ပြီး အပြစ်မရှိကြောင်းကိုလည်း ဆက်ထိန်းသိမ်းသွားမယ်”လို့ ဒေါ့မွန်အသင်းကို ပြောခဲ့ကြောင်း ဂျာမန်ကလပ်ရဲ့ ကြေညာချက်ထဲမှာ ပါရှိတာပါ။ နီကိုရူးစ်ဟာ လေဗာကူဆင်ကို အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါအဖွင့်ပွဲစဉ်မှာ ဒေါ့မွန်အသင်းအတွက် ပါဝင်ကစားခဲ့ခြင်း မရှိပါဘူး။ဒေါ့မွန်အသင်းနည်းပြ တာဇစ်က နီကိုရူးစ်အနေနဲ့ ဘောလုံးအကြောင်းပြချက်ကြောင့် ဒီရာသီ သူ့ရဲ့အစီ အစဉ်မှာမပါဝင်ဘူးလို့ အရင်က ပြောထားခဲ့ပါတယ်။

စွဲချက်တွေနဲ့ပတ်သက်ပြီး ပြစ်မှုထင်ရှားမယ်ဆိုရင် နီကိုရူးစ်အနေနဲ့ ဂျာမနီဥပဒေအရ ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်တယ်လို့ Bild က ဖော်ပြခဲ့ပါတယ်။

Source:TheSun

 

 

 

Share
Tweet
Share
Share
powered by social2s

ဆန်းချက်စ်နဲ့ အင်တာမီလန်အသင်းတို့ နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်း

By CNI
CNI
Category: အားကစား
Hits: 1333

CNI Sport News

၂၀၂၂ ခုနှစ်၊ဩဂုတ် ၉

အင်တာမီလန်အသင်းဟာ တိုက်စစ်မှူး ဆန်းချက်စ်နဲ့ ချုပ်ဆိုထားတဲ့စာချုပ်ကို နှစ်ဖက်သဘောတူ ဖျက်သိမ်း လိုက်ပြီလို့ တနင်္လာနေ့က ထုတ်ပြန်လိုက်ပါတယ်။

“နောက်ဆုံး ၃ ရာသီအတွင်းမှာ အဓိကဆုဖလား ၃ လုံးရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ဆန်းချက်စ်ကို အထူး ကျေးဇူးတင်ကြောင်းနဲ့ အနာဂတ်ကစားသမားဘ၀ အကောင်းဆုံးဖြစ်ဖို့အတွက် ဆုတောင်းပေးတယ်” လို့ အင်တာမီလန်အသင်း ရဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။အသက် ၃၃ နှစ်အရွယ်ရှိ ဆန်းချက်စ်ဟာ ၂၀၁၉ က မန်ချက်စတာယူနိုက်တက်ကနေ အင်တာမီလန်အသင်းထံ ရောက်ရှိလာခဲ့တာဖြစ်ပြီး ပွဲပေါင်း ၁၀၉ ပွဲပါဝင် ကစားခဲ့ကာ ဂိုး ၂၀ သွင်းယူနိုင်ခဲ့ပါတယ်။

ဆန်းချက်စ်ဟာ အင်တာမီလန်အသင်းနဲ့အတူ နှစ်ပေါင်း ၁၁ နှစ်ကြာဝေးကွာနေတဲ့ စီးရီးအေဖလား၊ ကိုပါ အီတာလီယာဖလားနဲ့ စူပါဖလားတို့ကို ရယူနိုင်ခဲ့တာပါ။ဒါပေမယ့် ချီလီကစားသမားဟာ ပြီးခဲ့တဲ့ရာသီကတည်း က အင်တာမီလန်အသင်းမှာ ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။အီတလီကလပ်ဟာ အခု အပြောင်း အရွှေ့မှာ တိုက်စစ်မှူးဟောင်း လူကာကူကို ချယ်လ်ဆီးအသင်းကနေ အငှားနဲ့ ပြန်ခေါ်ယူခဲ့တာကြောင့် ဆန်းချက်စ်ဟာ ကစားခွင့်ရဖို့ ပိုမိုခက်ခဲသွားခဲ့တာပါ။အဲဒါကြောင့် အသင်းကထွက်ခွာဖို့ ကြိုးစားခဲ့ပြီး ကလပ် အသင်းကလည်း စာချုပ်ဖျက်သိမ်းပေးပြီး ထွက်ခွာခွင့်ပေးခဲ့တာဖြစ်ပါတယ်။

ဆန်းချက်စ်ဟာ လက်ရှိအချိန်မှာ ပြင်သစ်ကလပ် မာဆေးလ်အသင်းထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ တော့မယ်လို့ သတင်းဌာနအများအပြားက ဖော်ပြခဲ့တာပါ။လာကာဇတ်တာဒယ်လိုစပေါ့ကတော့ ဆန်းချက်စ်ဟာ မာဆေးလ်အသင်းနဲ့ ၂ နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး ၁ နှစ်ကို ယူရို ၃ သန်းရရှိမယ်လို့ ဖော်ပြထားခဲ့ပါတယ်။ ဆန်းချက်စ်ဟာ ကစားသမားဘဝမှာ အူဒီးနီးစ်၊ ဘာစီလိုနာ၊ အာဆင်နယ်နဲ့ ယူနိုက်တက်အသင်းတွေမှာ ကစားခဲ့ ပြီး အောင်မြင်မှုအများအပြားရယူနိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ရာသီက စီးရီးအေဖလားကို လက်လွှတ်ခဲ့ရတဲ့ အင်တာမီလန်အသင်းဟာ ရာသီသစ်စီးရီးအေ အဖွင့်ပွဲစဉ် အဖြစ် အခုလာမယ့် စနေနေ့မှာ လက်ချီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Reuters

 

 

 

Share
Tweet
Share
Share
powered by social2s
မြန်မာအသင်း အောင်ပွဲခံနေစဉ်(MFF)

အာဆီယံယူ-၁၆ ပြိုင်ပွဲမှာ မြန်မာအသင်း အကြိုဗိုလ်လုပွဲတက်

By CNI
CNI
Category: အားကစား
Hits: 1821

CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၉

မြန်မာအသင်းဟာ ကျင်းပနေဆဲ အာဆီယံယူ-၁၆ ပြိုင်ပွဲမှာ အုပ်စု ပထမနေရာ ရယူပြီး အကြိုဗိုလ်လုပွဲကို တက်သွားပြီ ဖြစ်ပါတယ်။

အကြိုဗိုလ်လုပွဲ တက်နိုင်ဖို့ အဆုံးအဖြတ် ပွဲစဉ်အဖြစ် ကစားခဲ့ရတဲ့ ကမ္ဘောဒီးယားနဲ့ အုပ်စု နောက်ဆုံးပွဲစဉ်မှာ မြန်မာအသင်း က ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။

မြန်မာအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၄၈ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကို အသင်းခေါင်းဆောင် လင်းထက်ဦးက သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ အဖိုးတန် အနိုင်ဂိုးရအပြီး လက်ကျန်ပွဲ ကစားချိန်တွေ အတွင်းမှာ အနိုင်ရလဒ်ကို ထိန်းခဲ့ကာ အကြိုဗိုလ်လုပွဲ အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ ကမ္ဘောဒီးယားကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ် အပါအဝင် အုပ်စုတွင်းမှာ သြစတြေးလျကို ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရပြီး မလေးရှားအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။

ပင်နယ်တီကန်ဖို့ လုပ်နေတဲ့ လင်းထက်ဦး (MFF)

အဲ့ဒါကြောင့် အုပ်စုပွဲစဉ် ၃ ပွဲ ကစားအပြီး ရမှတ် ၇ မှတ်နဲ့ ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တခြား အုပ်စုတွေမှာ အိမ်ရှင် အင်ဒိုနီးရှားနဲ့ ထိုင်း အသင်းတို့လည်း အုပ်စုထိပ်ဆုံးနဲ့ အကြိုဗိုလ်လုပွဲ တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဗီယက်နမ်အသင်း ကတော့ အကောင်းဆုံးအုပ်စု ဒုတိယနဲ့ နောက်တစ်ဆင့် တက်ခဲ့ပါတယ်။

မြန်မာအသင်းဟာ အကြိုဗိုလ်လုပွဲအဖြစ် အိမ်ရှင် အင်ဒိုနီးရှားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ထိုင်းအသင်းက ဗီယက်နမ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒီပွဲတွေကို သြဂုတ်လ ၁၀ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပြီး မြန်မာအသင်းရဲ့ ပွဲစဉ်ကိုတော့ မြန်မာစံတော်ချိန် ည ၇ နာရီ မိနစ် ၃၀ အချိန်မှာ ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

အာဆီယံယူ-၁၆ ပြိုင်ပွဲကို ကိုဗစ်ကူးစက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂ နှစ်ဆက်တိုက် မကျင်းပခဲ့ရတာဖြစ်ပြီး အခုနှစ်မှ ပြန်လည် ကျင်းပ နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာအသင်းကတော့ အာဆီယံယူ-၁၆ ပြိုင်ပွဲရဲ့ ၂၀၀၂ နဲ့ ၂၀၀၅ ခုနှစ်တွေမှာ ချန်ပီယံဆု ၂ ကြိမ် ရယူထားပြီး အဲ့ဒီနောက်ပိုင်း အောင်မြင်မှုတွေနဲ့ ဝေးကွာနေတာ ဖြစ်ပါတယ်။

 

 

 

Share
Tweet
Share
Share
powered by social2s

ဂျိုအန်ဂမ်ပါဖလားပွဲမှာ ဘာစီလိုနာအတွက် လီဝန်ဒေါစကီးဂိုးစသွင်း

By CNI
CNI
Category: Watch TV
Hits: 787

Share
Tweet
Share
Share
powered by social2s

ဝက်စ်ဟမ်းဘက်ကို ၂ ဂိုးပဲသွင်းနိုင်လို့ စိတ်ပျက်ကြောင်း ဟာလန်းပြော

By CNI
CNI
Category: Watch TV
Hits: 709

Share
Tweet
Share
Share
powered by social2s
တိုင်ဆန်ဗျူရီကိုတွေ့ရစဉ် (Sporting News)

တိုင်ဆန်ဗျူရီက ကမ္ဘာ့အကောင်းဆုံး ဟဲဗီးဝိတ်သမားလို့ အက်ဒီဟန်းပြော

By CNI
CNI
Category: အားကစား
Hits: 1182

CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၈

အန်သိုနီဂျိုရွာရဲ့ ပွဲစီစဉ်သူ အက်ဒီဟန်းက တိုင်ဆန်ဗျူရီက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဟဲဗီးဝိတ်သမားပဲလို့ ပြောလိုက် ပါတယ်။

အက်ဒီဟန်းက “ အခုအချိန်မှာ ခင်ဗျား ကျနော့်ကို ကမ္ဘာ့အကောင်းဆုံး ဟဲဗီးဝိတ်က ဘယ်သူလဲလို့မေးရင် တိုင်ဆန်ဗျူရီပဲလို့ ပြောရမှာပါ။ ဒါကို ပြောရတာ နာကျင်ပေမယ့် ဒါက အဖြစ်မှန်ပါ”လို့ Happy Hour Podcast ကို ပြောခဲ့တာပါ။

တိုင်ဆန်ဗျူရီဟာ ဧပြီလက နောက်ဆုံး ထိုးသတ်ခဲ့တဲ့ပွဲမှာ ဒီလီယန်ဝှိုက်ကို အနိုင်ရထားပြီး ကစားသမားဘဝက အနားယူပြီ လို့ ပြောထားခဲ့ပါတယ်။ ဒါပေမယ့် ဗြိတိန် ဟဲဗီးဝိတ် ချန်ပီယံနဲ့ ပတ်သက်ပြီး ကောလာဟာလ သတင်းတွေ ထွက်ပေါ်နေ ခဲ့ပါတယ်။

တိုင်ဆန်ဗျူရီဟာ အန်သိုနီဂျိုရွာနဲ့ အူဆက်ခ်တို့ ပွဲစဉ်က အနိုင်ရတဲ့သူနဲ့ ထိုးသတ်ပြီး အငြင်းပွားဖွယ်မရှိ ဟဲဗီးဝိတ်ချန်ပီယံ အဖြစ် အဆုံးသတ်ဖို့ ပြောဆိုမှုတွေလည်း ရှိနေခဲ့ပါတယ်။

အက်ဒီဟန်းကိုတွေ့ရစဉ်(Sky Sport)

ဒါ့အပြင် တစ်နိုင်ငံတည်းသား အန်သိုနီဂျိုရွာနဲ့ ဒီဇင်ဘာလထဲမှာ ထိုးသတ်ဖို့ ရှိနေတယ်လို့လည်း သတင်းတွေ ထွက်နေခဲ့တာ ပါ။ ရှုံးပွဲမရှိ ဟဲဗီးဝိတ်ချန်ပီယံအဖြစ် ရပ်တည်နေတဲ့ တိုင်ဆန်ဗျူရီဟာ သရုပ်ပြပွဲတွေ ထိုးသတ်ဖို့လည်း ရှိနေပါတယ်။

လက်ရှိအချိန်မှာတော့ သြဂုတ်လထဲ ထိုးသတ်မယ့် အန်သိုနီဂျိုရွာနဲ့ အူဆက်ခ်တို့ ပွဲပြီးရင်တော့ အခြေအနေတွေဟာ ပြောင်းလဲသွားဖို့ ရှိနေတာပါ။ သူတို့နှစ်ဦးဟာ အခုလ ၂၀ ရက် ဆော်ဒီနိုင်ငံမှာ မကျေပွဲအဖြစ် ထိုးသတ်မှာ ဖြစ်ပါတယ်။

နောက်ဆုံး ထိုးသတ်ခဲ့တဲ့ ပွဲမှာ အူဆက်ခ်က အနိုင်ရပြီး WBA, IBF, WBO နဲ့ IBO ဟဲဗီးဝိတ်ချန်ပီယံဆုတွေကို ရယူနိုင်ခဲ့တာပါ။ အဲ့ဒါကြောင့် အန်သိုနီဂျိုရွာက ဒီပွဲမှာ အနိုင်ရပြီး ချန်ပီယံဆုတွေကို ပြန်လည် ရယူချင်နေတာ ဖြစ်ပါတယ်။

အက်ဒီဟန်းကတော့ သူ့ရဲ့ကစားသမားဖြစ်တဲ့ အန်သိုနီဂျိုရွာ အနေနဲ့ အူဆက်ခ်နဲ့ပွဲမှာ အနိုင်ရခဲ့ရင် ကမ္ဘာ့အကောင်းဆုံး ဟဲဗီးဝိတ်သမား ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

Source: The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရဲအရာရှိရဲ့ ပစ်ခတ်မှုကြောင့် ကမ္ဘာ့ဂျူဂျစ်ဆုချန်ပီယံ လီအန်ဒရိုလို သေဆုံး

By CNI
CNI
Category: အားကစား
Hits: 1424

CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၈

ဘရာဇီးလ်ဂျူဂျစ်ဆု ကမ္ဘာ့ချန်ပီယံ လီအန်ဒရိုလိုဟာ ဦးခေါင်းကို သေနတ်နဲ့ပစ်ခံခဲ့ရတာကြောင့် တနင်္ဂနွေနေ့က သေဆုံးသွားခဲ့တယ်လို့ ရှေ့နေဖြစ်သူက အတည်ပြုလိုက်ပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိ လိုဟာ ဘရာဇီးလ်နိုင်ငံ ဆာအိုပေါ်လိုမြို့က ဖျော်ဖြေပွဲတစ်ခုမှာ အခြားအမျိုးသား တစ်ဦးနဲ့ စကားများရန်ဖြစ်ခဲ့ရာမှာ သေနတ်နဲ့နဖူးကို ပစ်ခတ်ခံခဲ့ရတယ်လို့သတင်းတွေက ဖော်ပြထားတာပါ။ သူ့ကို ဆေးရုံပို့ဆောင်ခဲ့ပေမယ့် နာရီပိုင်းအကြာမှာ ဦးနှောက်သေသွားခဲ့တာဖြစ်ပါတယ်။

ရဲအရာရှိ ဗယ်လိုဇိုဟာ Clube Sirio ဖျော်ဖြေပွဲမှာ လီအန်ဒရိုလိုရဲ့ စားပွဲဝိုင်းပေါ်က ပုလင်းကို လာရောက်ယူခဲ့ပြီး နောက် ၎င်းတို့နှစ်ဦးသား ပြဿနာဖြစ်ပွားခဲ့တာကို မျက်မြင်တွေ့ရှိခဲ့ကြောင်း သေဆုံးမှုနဲ့ပတ်သက်ပြီး ရဲမှတ်တမ်း ကို ကိုးကားလျက် MMA Fighting က ဖော်ပြထားတာပါ။

သူတို့နှစ်ဦး ပြဿနာဖြစ်ပွားရာကနေ လူစုကွဲသွားခဲ့တာမှာ ရဲအရာရှိဗယ်လိုဇိုက သေနတ်ထုတ်ပြီး လီအန်ဒရိုလိုရဲ့ နဖူးကို ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ဆာအိုပေါ်လိုရှိ မီဒီယာတွေကတော့ ဒီလူသတ်မှုကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း ဖော်ပြခဲ့တာပါ။လီအန်ဒရိုလိုဟာ ၂၀၁၂ က စတင်ကာ ကမ္ဘာ့ချန်ပီယံခါးပတ် ၈ ခုကို ရယူထားနိုင်ခဲ့ပြီး ဘရာဇီးလ်ဂျူဂျစ်ဆု အားကစားသမားတွေထဲမှာ အအောင်မြင်ဆုံးသူတစ်ဦး ဖြစ်ပါတယ်။

လီအန်ဒရိုလိုသေဆုံးခဲ့တဲ့ သတင်းဟာ MMA လောကသားတွေကို တုန်လှုပ်စေခဲ့ပြီး နာမည်ကျော်ကြယ်ပွင့်တွေနဲ့ ဝေဖန်သုံးသပ်သူတွေက ဆိုရှယ်မီဒီယာတွေကနေ ဝမ်းနည်းကြောင်း ရေးသားခဲ့ကြပါတယ်။

UFC တိုက်ခိုက်ရေး သမားဟောင်း ဖလော်ရီယန်က “ဘရာဇီးလ်ဂျူဂျစ်ဆုအသိုင်းအဝိုင်းအတွက် အလွန် ဝမ်းနည်း စရာကောင်းတဲ့နေ့ဖြစ်ပြီး လီအန်ဒရိုက ဂန္တဝင်ပါ”လို့ ရေးသားခဲ့ပါတယ်။UFC ဟဲဗီးဝိတ်ချန်ပီယံဟောင်း ဒေါ့ဆန်းတို့စ်က “ငြိမ်းချမ်းစွာအနားယူပါချန်ပီယံ”ရေ ဆိုပြီး ဆုတောင်းပေးနေတဲ့ အီမိုဂျီနဲ့ တွစ်တာမှာ တင်ခဲ့တာ ပါ။

လီအန်ဒရိုလိုဟာ ကမ္ဘာ့ချန်ပီယံဆု ၈ ကြိမ် အပါအဝင် ကမ္ဘာ့ဖလားချန်ပီယံဆု ၅ ကြိမ်၊ ပန်အမေရိကန်ချန်ပီယံဆု ၈ ကြိမ်နဲ့ အောင်မြင်မှုအများအပြား ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Source:DailyMail

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဂျိုအန်ဂမ်ပါဖလားပွဲမှာ ဘာစီလိုနာအတွက် လီဝန်ဒေါစကီးဂိုးစသွင်း

By CNI
CNI
Category: အားကစား
Hits: 1803

CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၈

ဘာစီလိုနာအသင်းတိုက်စစ်မှူးသစ် လီဝန်ဒေါစကီးဟာ မက္ကဆီကိုကလပ် ပူးမတ်စ်အသင်းနဲ့ ကစားခဲ့တဲ့ ဂျိုအန်ဂမ်ပါဖလားပွဲမှာ စပိန်ကလပ်အတွက် ဂိုးစတင်သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီပွဲမှာ ဘာစီလိုနာအသင်းဟာ ပူးမတ်စ်အသင်းကို ၆ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။ဘာစီလိုနာအသင်းဟာ ရာသီသစ်မစတင်ခင် နှစ်စဉ်နှစ်တိုင်း နူးကမ့်ပ်ကွင်းမှာ ဂျိုအန်ဂမ်ပါဖလားပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ဒီနှစ်မှာ ပူးမတ်စ်အသင်းနဲ့ ကစားခဲ့တာပါ။

ဘာစီလိုနာအတွက် ဂိုးတွေကို ပီဒရီက ၂ ဂိုး၊ လီဝန်ဒေါစကီး၊ ဒမ်ဘီလီ၊ ဒီဂျောင်နဲ့ အူဘာမီယန်းတို့က ၁ ဂိုးစီသွင်းယူခဲ့တာပါ။အခုအပြောင်းအရွှေ့မှာ ဘိုင်ယန်မြူးနစ်ကနေ ရောက်ရှိ လာခဲ့တဲ့ လီဝန်ဒေါစကီးအတွက်တော့ ဒီပွဲမှာ ဘာစီလိုနာဂျာစီနဲ့ ပထမဆုံးဂိုးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပိုလန်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ အမေရိကန်ခရီးစဉ်မှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် နူးကမ့်ပ်ကွင်းကြီးထဲမှာ ကစားခဲ့ရတဲ့ ပွဲမှာတော့ သွင်းဂိုးရယူနိုင်ခဲ့တာပါ။

လီဝန်ဒေါစကီးဟာ ဒီပွဲမှာ ၁ ဂိုးသွင်းယူခဲ့တဲ့အပြင် အသင်းဖော် ပီဒရီသွင်းယူ ခဲ့တဲ့ ၂ ဂိုးစလုံးကိုလည်း ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်လည်း အခုနှစ် ဂျိုအန်ဂမ်ပါဖလားပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။ “နူးကမ့်ပ်မှာ ပထမဆုံးပွဲကစားရလို့ ပျော်ရွှင်သလို ဆုဖလား လည်း ရယူနိုင်ခဲ့တယ်” လို့ လီဝန်ဒေါစကီးက ဆိုရှယ်မီဒီယာတစ်ခုကို ပြောခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဆုဖလားလက်မဲ့ဖြစ်ခဲ့တာကြောင့် ဒီရာသီမှာ အဓိက ကစားသမား အများအပြားကို အားဖြည့်ထားပြီး ဆုဖလားရယူနိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ကတ်တလန်ကလပ်ဟာ ရီးရယ်လ်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အပါအဝင် ရာသီကြိုခြေစမ်းပွဲတွေမှာလည်း ရလဒ်ကောင်းတွေကို ပိုင်ဆိုင်ထားတာပါ။

ဘာစီလိုနာအသင်းဟာ သြဂုတ်လ ၁၃ ရက်မှာ စပိန်လာလီဂါ ပွဲစဉ် ၁ အဖြစ် အိမ်ကွင်းမှာ ဗယ်လက်ကာနို အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး လီဝန်ဒေါစကီးကတော့ ဒီပွဲမှာ ပွဲထွက်ခွင့်ရဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

Source:Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဟာလန်း ဝက်စ်ဟမ်းအသင်းဘက်ကို ဂိုးသွင်းနေစဉ် (Manchester Evening News)

ဝက်စ်ဟမ်းဘက်ကို ၂ ဂိုးပဲသွင်းနိုင်လို့ စိတ်ပျက်ကြောင်း ဟာလန်းပြော

By CNI
CNI
Category: အားကစား
Hits: 1383

CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၈

မန်စီးတီးတိုက်စစ်မှူးသစ် ဟာလန်းက ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၂ ဂိုးပဲ သွင်းယူနိုင်ခဲ့လို့ စိတ်ပျက်မိကြောင်း ပြောလိုက်ပါတယ်။

ဟာလန်းက “ ကျနော် ဟတ်ထရစ် ရခဲ့သင့်တာပါ။ လူစားလဲ မခံရချိန် ဂန်ဒိုဂန် ရတဲ့ အခွင့်အရေးမျိုးမှာ သူ့နေရာ မှာ ကျနော်ရှိ နေခဲ့သင့်တာပါ။ အနည်းငယ်တော့ စိတ်ပျက်မိပေမယ့် ဒါက ပြီးသွားပါပြီ။ လေ့ကျင့်မှုတွေနဲ့ လေ့ကျင့်ရေးတွေမှာ နေ့တိုင်း လုပ်ဆောင်နေတဲ့ ချိတ်ဆက်မှုတွေကြောင့် ပိုပြီးတော့ ကောင်းလာမှာပါ။ ဒီထက် ပိုကောင်းလာဖို့ပဲရှိလို့ စိတ်မပူပါဘူး။ ကျနော် ဂိုးတွေရဖို့ ဆက်သွားရမှာပါ”လို့ ပွဲအပြီး အင်တာဗျူးမှာ ပြောသွား ပါတယ်။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် ဝက်စ်ဟမ်းအသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ၂ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ၂ ဂိုးစလုံးကို ဟာလန်းက သွင်းယူခဲ့တာ ဖြစ်ပါတယ်။

နော်ဝေ လက်ရွှေးစင် တိုက်စစ်မှူးလည်းဖြစ်တဲ့ ဟာလန်းဟာဆိုရင် ပြီးခဲ့တဲ့ လီဗာပူးလ်နဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်က လွဲချော်မှုတွေကနေ ဒီပွဲမှာ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂွာဒီယိုလာနဲ့ ဟာလန်းကိုတွေ့ရစဉ် (The Sun)

ဟာလန်းဟာ ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှာ ၂ ဂိုး သွင်းယူထားတာကြောင့် ဟတ်ထရစ် ရယူဖို့ ကြိုးစားနေခဲ့ပေမယ့် နည်းပြ ဂွာဒီယိုလာက ပွဲချိန် ၇၈ မိနစ်မှာ အယ်လ်ဗားရတ်စ်နဲ့ လူစားလဲခဲ့တာ ဖြစ်ပါတယ်။

ဂွာဒီယိုလာကတော့ “ဟာလန်းဟာ ကျနော်တို့ ကစားချင်တဲ့ပုံစံနဲ့ လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဆောင်နေ ပါတယ်။ သူ့ကို ဂိုးတွေ သွင်းနိုင်ဖို့အတွက် ကျနော်တို့ဘက်က အခွင့်အရေးတွေ ပိုပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ပြီးခဲ့တဲ့ အပတ်က လီဗာပူးလ်နဲ့ ပွဲအပြီးမှာဆိုရင် ဟာလန်းက ပရီးမီးယားလိဂ်နဲ့ လိုက်လျောညီထွေဖြစ်မှာ မဟုတ် ဘူးဆိုပြီး လှောင်ပြောင် ခဲ့ကြပါတယ်။ အခုဆိုရင်သူက နောက်ထပ် အွန်နရီ ဒါမှမဟုတ် ရော်နယ်ဒိုဆိုပြီး ဖြစ်လာ တော့မှာပါ။ အချိန်ယူရဦးမယ်။ ဒါက သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပွဲပါ”လို့ ပြောခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ သြဂုတ်လ ၁၃ ရက်မှာ ပရီးမီးယားလိဂ် ဒုတိယပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ဘုန်းမောက် အသင်းနဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Source: 90min

 

 

 

 

Share
Tweet
Share
Share
powered by social2s

အာဆင်နယ်ကို ကြည့်ရတာ ဆာလောင်နေတဲ့ပုံပဲလို့ ပဲလေစ့်နဲ့ပွဲအပြီး အာတီတာပြော

By CNI
CNI
Category: Watch TV
Hits: 768

Share
Tweet
Share
Share
powered by social2s

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းတွေနဲ့ မိတ်ဆက် (အပိုင်း ၅)

By CNI
CNI
Category: Watch TV
Hits: 880

Share
Tweet
Share
Share
powered by social2s
  • 47
  • 48
  • 49
  • 50
  • 51
  • 52
  • 53
  • 54
  • 55
  • 56

Page 52 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar