CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ပူတင်နာမည်ကြွေးကြော်ခဲ့တဲ့ ဖီနာဘာချီကို ယူအီးအက်ဖ်အေ ပြစ်ဒဏ်ချမှတ်

By CNI
CNI
Category: Watch TV
Hits: 721

Share
Tweet
Share
Share
powered by social2s
အင်္ဂလန်အမျိုးသမီးအသင်း အယ်လန်ဝှိုက်ကိုတွေ့ရစဉ် (SPORTbible)

မိန်းကလေးဖြစ်လို့ ဘောလုံးကစားခွင့် ပိတ်ပင်ခံရဖူးတဲ့ ယူရိုချန်ပီယံ အယ်လန်ဝှိုက်

By CNI
CNI
Category: ဆောင်းပါး
Hits: 1170

CNI Article

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၇

အင်္ဂလန် အမျိုးသမီးအသင်းရဲ့ စံချိန်တင် ဂိုးသွင်းရှင် အယ်လန်ဝှိုက်ဟာ အသက် ၉ နှစ် အရွယ်တုန်းက အမျိုးသမီးဖြစ်နေလို့ ဆိုပြီးတော့ ဘောလုံးကစားခွင့် ပိတ်ပင် ခံခဲ့ရဖူးပါတယ်။

အခုအချိန်မှာတော့ အယ်လန်ဝှိုက်ဟာ အင်္ဂလန် အမျိုးသမီးအသင်းနဲ့ ယူရိုချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အင်္ဂလန် အမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ပြိုင်ဘက်ကြီး ဂျာမနီကို အနိုင်ရကာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲကြီး ပွဲကောင်းမှာ အယ်လန်ဝှိုက် ဟာဆိုရင် ရှေ့တန်းမှာ ပွဲစတည်းက ပါဝင်ခဲ့ပါတယ်။ သူမဟာဆိုရင် ကလပ် အသင်း အနေနဲ့ မန်စီးတီးအသင်းမှာလည်း ကစားနေသူဖြစ်ပါတယ်။ ဒီမန်စီးတီး ကစားသမားဟာ ၂၀၁၀ မှာ အင်္ဂလန်အမျိုးသမီး အသင်းအတွက် စတင်ကစားခွင့်ရခဲ့ပြီး လက်ရွေးစင်အသင်းအတွက် ၅၂ ဂိုး သွင်းယူထားပါတယ်။

အယ်လန်ဝှိုက် ဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ နည်းပြ ဝီဂ်မန်းရဲ့ အဓိက ကစားသမားဖြစ်ခဲ့ပြီး အင်္ဂလန်မှာ အမျိုးသမီး ကစားနည်း ကို ပိုမိုကြီးထွားလာစေဖို့ အထောက်အကူဖြစ်မယ့် မျှော်လင့်ချက်များစွာ ရှိနေခဲ့ပါတယ်။

ဝှိုက်ဟာ ကလေးဘဝ ကတည်းက အားကစားကို ချစ်မြတ်နိုးလာခဲ့တာဖြစ်ပြီး ဒါက ကြီးမားတဲ့ ပြောင်းလဲမှု တစ်ခုကို ဖြစ်စေ ခဲ့ပါတယ်။ တွစ်တာအသုံးပြုသူ စကော့အော့ဒ်ဝေးက အသက် ၉ နှစ်အရွယ်ရှိ ဝှိုက်ကို ပြည်တွင်းလိဂ်မှာ ကစားနေတာကနေ တားမြစ်ခံခဲ့ရတဲ့ ၁၉၉၈ စက်တင်ဘာလက ထုတ်ဝေခဲ့တဲ့ သတင်းစာ တစ်စောင်ကို ပြန်လည် ဖော်ပြခဲ့ပါတယ်။

 အယ်လန်ဝှိုက် ငယ်ဘ၀ကိုတွေ့ရစဉ် (Nokia News)

သူတို့ပေးခဲ့တဲ့ အကြောင်းပြချက်က မိန်းကလေးတွေကို ယောင်္ကျားလေးတွေနဲ့ တွဲကစားခွင့် မပေးဘူးဆိုတာပါ။ ယောင်္ကျား လေးတွေရဲ့ လိဂ်ပြိုင်ပွဲမှာ မိန်းကလေးတွေကို ကစားခွင့် ပိတ်ပင်ထားတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဝှိုက်ဟာ ကစားခွင့် ပိတ်ပင်ခံခဲ့ ရတာ ဖြစ်ပါတယ်။ ဝှိုက်ဟာ ယူ-၁၁ အဆင့်မှာ အာဆင်နယ်အသင်းရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူထားပေမယ့် ပိတ်ပင်ခံ ခဲ့ရတာပါ။

The Chiltern Youth League ကတော့ အဝတ်လဲခန်းကို ရောနှောပြီး အသုံးပြုနေရတာကြောင့် စိုးရိမ်မှု ရှိတဲ့အတွက် သူမကို ကစားခွင့် ပိတ်ပင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကို တုံ့ပြန်တဲ့အနေနဲ့ ဝှိုက်ဟာ Herald ရဲ့ အရှေ့စာမျက်နှာမှာ အာဆင်နယ်အသင်း ဂျာစီဝတ်ပြီး ဘောလုံးနဲ့ အိပ်နေတဲ့ပုံ ပါဝင်လာခဲ့တာပါ။

လိဂ်ဥက္ကဋ္ဌဖြစ်သူ ခရစ်ဒါဗစ်ဆန်က အဲဒီအချိန်က The Herald ကို “ကျနော်တို့လိဂ်က ဆုံးဖြတ်ချက် ချပြီးသွားပါပြီ။ ကျနော် တို့ အဲဒီအတိုင်း ရပ်တည်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး Bedfordshire FA ကို အယူခံဝင်နိုင်ကြောင်း သူက ဝန်ခံခဲ့ပါတယ်။ အဆိုပါ ဆောင်းပါးရဲ့ ဖော်ပြမှုအရ ဝှိုက်ဟာ ပြီးခဲ့တဲ့ ရာသီက ဂိုးပေါင်း ၁၀၀ ကျော် သွင်းယူခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် The Chiltern Youth League က သူမရဲ့ မှတ်ပုံတင်မှုကို ငြင်းဆိုခဲ့ပြီး ဒီလိုလုပ်မှုကြောင့် လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံတယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

ဝှိုက်ရဲ့ ဖခင်က သူ့သမီးကစားနေတဲ့ အသင်းရဲ့ ဥက္ကဋ္ဌအဖြစ် ဆန္ဒပြတာကို ဦးဆောင်ခဲ့ပါတယ်။ ဝှိုက်ဟာ ဒီဆုံးဖြတ်ချက်တွေ အတွက် အလွန်စိတ်မကောင်း ဖြစ်ခဲ့တယ်လို့ ဖခင်ဖြစ်သူက The Herald ကို ပြောခဲ့တာပါ။ အခုအချိန်မှာတော့ ဝှိုက်ဟာ အင်္ဂလန် အမျိုးသမီးအသင်းရဲ့ ကြီးမားတဲ့ ကြယ်ပွင့် ဖြစ်လာခဲ့ပါပြီ။

 

 အယ်လန်ဝှိုက် ကစားသမားဘ၀ သတင်းဖော်ပြခံရမှု (The Mirror)

အသက် ၃၃ နှစ်အရွယ်ရှိ ဝှိုက်ဟာ ၁၉၆၆ က အမျိုးသားအသင်း ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် နိုင်ငံအတွက် ပထမဆုံး အဓိက ဆုဖလားအဖြစ် အမျိုးသမီးယူရို ချန်ပီယံဆုကို ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

သူမဟာ ယူရိုပြိုင်ပွဲမှာ ၂ ဂိုး သွင်းယူခဲ့ပြီး ဒီဂိုးတွေကို အုပ်စုအဆင့်မှာ တွေ့ခဲ့တဲ့ နော်ဝေနဲ့ ပွဲစဉ်မှာ သွင်းယူနိုင်ခဲ့တာပါ။ နည်းပြ ဝီဂ်မန်းဟာ စံချိန်တင် ပရိသတ်ဦးရေ ၈၇,၁၉၂ အရှေ့မှာ ကစားခဲ့ရတဲ့ ဗိုလ်လုပွဲမှာ ဝှိုက်ကို ပွဲထွက် တိုက်စစ်မှူးအဖြစ် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

အယ်လန်ဝှိုက်ဟာ ဒီပြိုင်ပွဲမှာ၂ ဂိုး သွင်းယူခဲ့တာကြောင့် အင်္ဂလန်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်တဲ့ ဝိန်းရွန်နီရဲ့ နောက် ၁ ဂိုးသာ လိုအပ်တော့တာပါ။ ဝှိုက် အနေနဲ့ စက်တင်ဘာလမှာ ကစားမယ့် သြစတြီးယား၊ လူဇင်ဘတ်တို့နဲ့ ကမ္ဘာ့ ဖလား ခြေစစ်ပွဲမှာ ဝိန်းရွန်နီရဲ့ သွင်းဂိုးကို ကျော်ဖြတ်နိုင်ဖို့ ကောင်းမွန်တဲ့ အခွင့်အရေးတွေ ပိုင်ဆိုင်နေပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ ဝှိုက်ဟာ အင်္ဂလန် အမျိုးသမီးအသင်းရဲ့ အောင်မြင်မှုအတွက် ဆက်လက် အောင်ပွဲခံရမယ့် အချိန်လည်း ဖြစ်ပါတယ်။

Source: Mirror

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘာစီလိုနာ အသင်းကစားသမားများကိုတွေ့ရစဉ်(Football)

ကစားသမားအသစ်တွေကို စာရင်းမသွင်းနိုင်သေးတဲ့ ဘာစီလိုနာ

By CNI
CNI
Category: အားကစား
Hits: 1669

CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၆

ဘာစီလိုနာအသင်းဟာ သြဂုတ်လ ၁၃ ရက်မှာ ဗယ်လက်ကာနိုနဲ့ လာလီဂါအဖွင့်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပေမယ့် အခု အပြောင်းအရွှေ့မှာ ခေါ်ယူထားတဲ့ ကစားသမားသစ်တွေ အားလုံးကို စာရင်း မသွင်းနိုင်သေးဘဲ ဖြစ်နေပါတယ်။

ဘာစီလိုနာအသင်းဟာ ၂၀၂၁ မှာ အကြွေးယူရို ၁.၃၅ ဘီလီယံရှိကြောင်း ကြေညာခဲ့ပေမယ့် အခုနွေရာသီ အပြောင်းအရွှေ့မှာ ငွေကြေး အများအပြား အသုံးပြုထားပါတယ်။

စပိန်ကလပ်ဟာ ကလပ်အသင်းရဲ့ ရုပ်သံမူပိုင်ခွင့် ရာခိုင်နှုန်းနဲ့ ဘာကာစတူဒီယိုရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ရောင်းချပြီး အပြောင်းအရွှေ့အတွက် ငွေကြေးထောက်ပံ့ခဲ့ပါတယ်။ ဒါပေမယ့် လာလီဂါရဲ့ ဘဏ္ဍာရေးမျှခြေ စံနှုန်းတွေကို လိုက်နာနိုင်မှ သာ ကစားသမား အသစ်တွေကို စာရင်းသွင်း မှတ်ပုံတင်နိုင်မှာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ အခုအပြောင်းအရွှေ့မှာ လီဝန်ဒေါစကီးကို ဘိုင်ယန်မြူးနစ်ကနေ ယူရိုသန်း ၅၀၊ ရာဖင်ဟာကို လိဒ်စ်ယူနိုက်တက်ကနေ ယူရို ၅၉ သန်း၊ ဆီဗီလာနောက်ခံလူ ကွန်ဒီကို ယူရိုသန်း ၆၀ ပေးပြီး ခေါ်ယူထားပါတယ်။

ဘာစီလိုနာ အသင်းကစားသမားများကိုတွေ့ရစဉ်(Sporting News)

စပိန်ကလပ်(ဘာစီလိုနာအသင်း) အနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ကတ်ဆီနဲ့ ခရစ်တန်ဆန်တို့ကိုလည်း စာရင်းသွင်းနိုင်ဖို့ စောင့်ဆိုင်းနေရပါတယ်။ ဘာစီလိုနာအသင်းဟာ ကစားသမားအသစ်တွေ ခေါ်ယူနိုင်ဖို့အတွက် လာလီဂါ ရုပ်သံမူပိုင်ခွင့် ၁၀ ရာခိုင်နှုန်းကို Sixth Street ထံ ရောင်းချခဲ့ပြီး နောက်ထပ် ယူရို ၃၁၅ သန်း ရရှိဖို့ ၁၅ ရာခိုင်နှုန်းကိုပါ ထပ်မံ ရောင်းချခဲ့ပါတယ်။

ဒါ့အပြင် socios.com ထံ ယူရိုသန်း ၁၀၀ နဲ့ ဘာကာစတူဒီယိုရဲ့ ရာခိုင်နှုန်း ၂၅ ရာခိုင်နှုန်းကို ရောင်းချခဲ့ပါသေးတယ်။ ဒါပေမယ့် ခေါ်ယူထားတဲ့ သူတွေအားလုံးကို မှတ်ပုံတင်နိုင်ဖို့ နောက်ထပ် ပြုလုပ်ရမယ့် အပိုင်းတွေ ရှိနေ ပါသေးတယ်။

အဲ့ဒါကြောင့် စပိန်ကလပ်အနေနဲ့ နောက်ထပ် ယူရိုသန်း ၁၀၀ ထပ်မံရရှိဖို့အတွက် ဘာကာစတူဒီယိုရဲ့ ၂၄.၅ ရာခိုင်နှုန်းကို ရောင်းချနိုင်တာပါ။

ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာက “ ကျနော်တို့အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ခဲ့ပြီး လိုအပ်ချက်တွေအားလုံး ပြည့်မီ နိုင်မယ်လို့ ယုံကြည်ပါတယ်။ စာရွက်စာတမ်းအားလုံးကို တင်ပြထားပြီးဖြစ်လို့ လာလီဂါရဲ့ တုံ့ပြန်မှုကို စောင့်ဆိုင်းနေတာပါ။ ကွာဟချက် တချို့တော့ ရှိကောင်းရှိနိုင်ပေမယ့် ကျနော်တို့ဟာ အရာအားလုံးကို လိုက်နာပြီး ကစားသမား စာရင်း တင်သွင်းခဲ့ တဲ့အတွက် ပြဿနာ မရှိနိုင်ဘူးဆိုတာ နားလည်ကြောင်း” ပြောခဲ့ပါတယ်။

လာလီဂါပြိုင်ပွဲမှာ ကစားသမားစာရင်း တင်သွင်းဖို့ စောင့်ဆိုင်းနေရတာဟာ ဘာစီလိုနာ တစ်သင်းတည်း မဟုတ်ဘဲ ဘက်တစ်၊ အယ်လ်မာရီယာ၊ အယ်လ်ချီ၊ ဗီလာရီးရယ်လ်၊ ဗယ်လာဒိုးလစ်တို့လည်း ဒီပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။

Source: Goal

 

 

 

Share
Tweet
Share
Share
powered by social2s

မင်္ဂလာပွဲမှာ သတို့သားနေရာကို အစ်ကိုထံ လွှဲခဲ့ရတဲ့ ဘူယာတူရေး

By CNI
CNI
Category: အားကစား
Hits: 1146

CNI Sport News

၂၀၂၂ ခုနှစ်၊ဩဂုတ် ၆

ဆီရီယာလီယွန်တိုက်စစ်မှူး ဘူယာတူရေးဟာ ဆွီဒင်ထိပ်သီးကလပ် မယ်လ်မိုနဲ့ ပူးပေါင်းဖို့အတွက် သူ့ရဲ့ မင်္ဂလာ ပွဲကို အစ်ကိုဖြစ်သူနဲ့ လွှဲခဲ့တယ်လို့ သိရပါတယ်။

မင်္ဂလာပွဲအခမ်းအနားမှာ အစ်ကိုဖြစ်သူက သူ့ရဲ့နေရာအစားဝင်ရောက်ပြီး သတို့သမီးဖြစ်သူနဲ့အတူ ရပ်ခဲ့ရတယ်လို့ ဘူယာတူရေးက ဆွီဒင်သတင်းစာ Aftonbladet ကို ပြောခဲ့တာပါ။ “ကျနော်တို့ ဇူလိုင် ၂၁ ရက် ဆီရီယာလီယွန်မှာ လက်ထပ်ခဲ့ပါတယ်။ဒါပေမယ့် မယ်လ်မိုက ကျနော့်ကို စောစီးစွာလာရောက်ပူးပေါင်းဖို့ ပြောခဲ့လို့ အဲ့ဒီနေရာမှာ မရှိခဲ့ပါဘူး။ကျနော်တို့ ဓါတ်ပုံကို ကြိုပြီးရိုက်ထားတယ်။အဲဒါကြောင့် အဲ့ဒီမှာ ကျနော်ရှိနေသလို ဖြစ်ပေမယ့် မရှိခဲ့ပါဘူး။မင်္ဂလာဆောင်မှာ အစ်ကိုက ကျနော့်နေရာကိုယ်စားပြုပေးရမှာ”လို့ ပြောခဲ့ပါတယ်။

မင်္ဂလာပွဲကို ဇူလိုင် ၂၁ ရက်မှာပြုလုပ်ဖို့ သတ်မှတ်ထားပေမယ့် ဆွီဒင်ကလပ်က ဘူယာတူရေးကို အမြန်ဆုံး ပူးပေါင်းစေချင်နေတာကြောင့် မင်္ဂလာပွဲအခမ်းအနားကို လွှဲခဲ့ရတာပါ။ဇူလိုင် ၂၂ ရက်မှာတော့ မယ်လ်မိုက သူ့ကို ခေါ်ယူနိုင်တဲ့အပြောင်းအရွှေ့ကို ကြေညာခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့် အစ်ကိုဖြစ်သူက မင်္ဂလာအခမ်းအနားမှာ ဘူယာတူရေးရဲ့ နေရာကို အစားဝင်ခဲ့ရတာပါ။တူရေးဟာ တရုတ်လိဂ်မှာ ၂ ရာသီကြာ ကစားပြီးနောက် မယ်လ်မို အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

တူရေးဟာ လူဇင်ဘတ်ကလပ်ကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ် တတိယအဆင့် ခြေစစ်ပွဲရဲ့ ပွဲစဉ်ပြီးဆုံးဖို့ ၉ မိနစ်အလို မှာ မယ်လ်မိုအသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်ကစားခွင့်ရခဲ့တာပါ။ ဆီရီယာလီယွန်ကစားသမားဟာ ဆွီဒင် လိဂ်အတွေ့အကြုံရှိပြီး မယ်လ်မိုအသင်းမတိုင်ခင် ဒီနိုင်ငံက ကလပ်အသင်းတွေဖြစ်တဲ့ ဒါကာ့၊ အက်စ်ကေးလ် စတူနာ၊ ဂျူဂါဒန်အသင်းတွေမှာ ကစားခဲ့တာဖြစ်ပါတယ်။သူဟာ ဂျူဂါဒန်အသင်းမှာ အငှားကစားခဲ့တဲ့ ၂၀၁၉ မှာ အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။

ဘူယာတူရေးဟာ အဆိုပါရာသီ လိဂ်ပွဲ ၂၉ ပွဲမှာ ၁၅ ဂိုးသွင်းယူခဲ့ပြီး ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်ခဲ့ ပါတယ်။တူရေးဟာ လက်ထပ်ပြီးကတည်းက ဇနီးဖြစ်သူနဲ့ ပြန်လည်ဆုံတွေ့ရခြင်း မရှိသေးပေမယ့် ဟန်းနီးမွန်း အတူထွက်မယ်လို့ ကတိပေးထားခဲ့တာပါ။ “ပထမဆုံးက ကျနော်တို့လိဂ်ပြိုင်ပွဲကို အနိုင်ယူရပါမယ်။ပြီးရင် ဟန်းနီး မွန်းထွက်မယ်”လို့ တူရေးက ပြောခဲ့တာဖြစ်ပါတယ်။

Source:ChannelNewsAsia

 

 

 

Share
Tweet
Share
Share
powered by social2s

ပူတင်နာမည်ကြွေးကြော်ခဲ့တဲ့ ဖီနာဘာချီကို ယူအီးအက်ဖ်အေ ပြစ်ဒဏ်ချမှတ်

By CNI
CNI
Category: အားကစား
Hits: 1448

CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၆

ယူကရိန်းကလပ် ဒိုင်နမိုကိဗ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ နာမည်ကြွေးကြော်ခဲ့တဲ့ ပရိသတ်တွေကြောင့် ဖီနာဘာချီအသင်းကို ယူအီးအက်ဖ်အေက ပြစ်ဒဏ်ချမှတ်လိုက်ပါ တယ်။

တူရကီကလပ်ဟာ ယူရို ၅၀,၀၀၀(ငါးသောင်း) ဒဏ်ရိုက်ခံခဲ့ရပြီး နောက်လာမယ့် ဥရောပပွဲစဉ်မှာ အနည်းဆုံး ပရိသတ် ၅၀၀၀(ထိုင်ခုံ ၅၀၀၀) သာ ခွင့်ပြုမယ့် တစ်ပိုင်းတစ်စကွင်းပိတ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။ဒါပေမယ့် ဒီပြစ်ဒဏ်ကို ၂ နှစ်ကြာ ဆိုင်းငံ့ထားပါတယ်။ ယူအီးအက်ဖ်အေက “အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခြင်း၊ရန်စဖွယ် လှုံဆော်တဲ့ စကားတွေကြောင့်” အရေးယူခဲ့တာဖြစ်တယ်လို့ ပြောခဲ့တာပါ။ဒိုင်နမိုကိဗ်အသင်းဟာ ဒီပွဲမှာ ဖီနာ ဘာချီအသင်းကို နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုး- ၁ ဂိုးနဲ့ အချိန်ပိုမှာ အနိုင်ရပြီး နောက်တစ်ဆင့်တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ ဒိုင်နမိုကိဗ်ဘက်ကို ဂိုးပေးလိုက်ရပြီးနောက် ထောင်နဲ့ချီတဲ့ ဖီနာဘာချီအသင်း ပရိသတ်တွေဟာ ရုရှားသမ္မတရဲ့ နာမည်ကို ကြွေးကြော်ခဲ့ကြတာပါ။ဒိုင်နမိုကိဗ်ကွင်းလယ်ကစားသမား ဘူရယ်လ်စကီးက ဂိုးသွင်းယူပြီးချိန်မှာ လင်းယုန်လက်ဟန်ပုံစံနဲ့ အောင်ပွဲခံခဲ့တာဖြစ်ပြီး ဒါကို တူရကီကလပ်ပရိသတ်တွေက ပြိုင်ဘက် ဘက်ဆီးတပ်စ်ကို ရည်ညွှန်းတယ်လို့ ယူဆကြကာ ကြွေးကြော်သံတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ဖီနာဘာချီအသင်းကတော့ ပရိသတ်တွေရဲ့လုပ်ရပ်ဟာ ကလပ် ဒါမှမဟုတ် သူတို့အသင်းအဖွဲ့ရဲ့ ရပ်တည်ချက်ကို လုံးဝကိုယ်စားမပြုဘူးလို့ ပြောခဲ့ပါတယ်။

“အားကစားနဲ့ နိုင်ငံရေးကို အမြဲတမ်းသီးခြားခွဲထားသင့်တယ်ဆိုတဲ့ ကျနော်တို့ရဲ့ ရပ်တည်ချက်ကို ပြည်သူတွေကို ထပ်ပြီး သတိပေးပါတယ်”လို့ ဖီနာဘာချီအသင်းက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒိုင်နမိုကိဗ်အသင်းနည်းပြ လူဆက်စ်ကူက အားကစားအနေနဲ့ ပရိသတ်တွေရဲ့အပြုအမူကို လက်မခံနိုင်ဘူးလို့ အဆိုပါပွဲအပြီးမှာ သတင်း ထောက်တွေကို ပြောခဲ့တာပါ။ “ဒီလိုကြွေးကြော်မယ်လို့ ကျနော်မမျှော်လင့်ထားပါဘူး။ သနားစရာကောင်းပါ တယ်” လို့ ပြောခဲ့ပြီး ပရိသတ်တွေရဲ့လုပ်ရပ်ကို ကန့်ကွက်တဲ့အနေနဲ့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲကို တက်ရောက် ဖို့ ငြင်းဆန်ခဲ့ပါတယ်။

ယူကရိန်းသံအမတ်ကြီး ဘောဒ့်နာကတော့ ဒီအဖြစ်အပျက်ကြောင့် သူစိတ်မကောင်းဖြစ်ရတယ်လို့ ပြောခဲ့ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

Source:BBC

 

 

 

Share
Tweet
Share
Share
powered by social2s

အာဆင်နယ်ကို ကြည့်ရတာ ဆာလောင်နေတဲ့ပုံပဲလို့ ပဲလေစ့်နဲ့ပွဲအပြီး အာတီတာပြော

By CNI
CNI
Category: အားကစား
Hits: 1705


CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၆

ပဲလေစ့်အသင်းကို အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲအပြီးမှာ အာဆင်နယ်အသင်းကို ကြည့်ရတာ ဆာလောင်နေပုံ ရတယ်လို့ နည်းပြ အာတီတာက ပြောလိုက်ပါတယ်။

အာတီတာက “ကောင်လေးတွေဟာ ရာသီကြိုစတင်ကတည်းက ပထမရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ဒီခံစားချက်ကို ခံစားခဲ့ရပါတယ်။သူတို့ဟာ တကယ်ကိုအနိုင်ရချင်တဲ့စိတ်နဲ့အတူ အဆင်သင့်ဖြစ်နေသလို၊ ဆာလောင်မွတ်သိတ်နေကြပါပြီ။ကျနော်တို့ ကစားချင်တဲ့ပုံစံအတိုင်း ဒီကိုရောက်ရှိလာခဲ့တာပါ။ကျနော်တို့ဟာ ပွဲကိုကြီးစိုးနိုင်ခဲ့တယ်၊ခြိမ်းခြောက်မှုတွေပြုလုပ်နိုင်ခဲ့တယ်။ကျနော်တို့ဟာ အစပိုင်းကတည်းက တက်ကြွပြီး ထက်မြက်ခဲ့ကြပါတယ်။ဖိအားတွေအောက်မှာ ကစားရတဲ့အခါမှာလည်း ဒါကို ခံနိုင်ရည်ရှိအောင် ရင်ဆိုင်ခဲ့ကြ တယ်”လို့ Match of the Day ကို ပြောခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ပဲလေစ့်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဂိုးတွေကို မာတင်နယ်လီနဲ့ ပဲလေစ့်နောက်ခံလူ ဂီဟီက ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာ အာဆင်နယ်အတွက် ပထမဂိုးသွင်း ယူပေးခဲ့တဲ့ မာတင်နယ်လီရဲ့ ဂိုးဟာ ရာသီသစ် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပထမဆုံးဂိုးအဖြစ်လည်း မှတ်တမ်း ဝင်ခဲ့တာပါ။လန်ဒန်ကလပ်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ အနိုင် ၃ မှတ်နဲ့အတူ ပေးဂိုးမပေးခဲ့ရတာကြောင့် ပြီးပြည့်စုံတဲ့ နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အာတီတာက “အရေးကြီးဆုံးက ပထမပွဲစဉ်အနိုင်ရဖို့ဖြစ်ပြီး ဒါမှလည်း ယုံကြည်မှုနဲ့ အရှိန်အဟုန်ကို တည်ဆောက်မှာပါ။ပြီးမှ ကျနော်တို့တိုးတက်ဖို့ လိုအပ်နေတဲ့အရာတွေအကြောင်းကို ပြောနိုင်ပါတယ်။ ရိုးရိုး သားသား ပြောရမယ်ဆိုရင် ဒီနေ့မှာ တော်တော်လေးနည်းပါးပါတယ်”လို့ ပြောခဲ့တာပါ။ဒီပွဲမှာ ကစားသမားသစ် တွေဖြစ်တဲ့ ဂျီးဆပ်စ်နဲ့ ဇင်ချန်ကိုတို့ ပါဝင်ကစားခဲ့သလို မာဆေးလ်ကနေ ပြန်ရောက်လာတဲ့ နောက်ခံလူ ဆလီ ဘာလည်း ပါဝင်ကစားသွားခဲ့တာဖြစ်ပါတယ်။

ဆလီဘာကတော့ ဒီပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံရသလို ချီးကျူးမှုတွေလည်း အများကြီး ရယူနိုင်ခဲ့တာပါ။ပဲလေစ့်အသင်းနည်းပြ ဗီအဲရာက “ဖန်တီးလို့ရတဲ့ အခွင့်အရေးအနည်းငယ်ကနေ ဂိုးတွေ သွင်းယူ နိုင်ရပါမယ်။ကောင်းမွန်စွာကစားနိုင်တဲ့ အချိန်တွေရှိခဲ့ပေမယ့် အခွင့်အရေးတွေတော့ အရယူရပါမယ်။အထူးသဖြင့် အာဆင်နယ်လို အသင်းမျိုးနဲ့ ရင်ဆိုင်ရတဲ့ အခါမှာပေါ့”လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပွဲစဉ် ၂ မှာ လက်စတာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပဲလေစ့်အသင်းကတော့ လီဗာပူးလ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:BBC

 

 

 

Share
Tweet
Share
Share
powered by social2s

အာဆင်နယ်က EPL ဆုအတွက် မန်စီးတီးနဲ့ လီဗာပူးလ်ကို စိန်ခေါ်နိုင်မယ်လို့ ဆို

By CNI
CNI
Category: Watch TV
Hits: 902

Share
Tweet
Share
Share
powered by social2s

မူးယစ်ဆေးဝါးစွဲချက်နဲ့ ဘရစ်တနီဂရိုင်နာ ထောင်ဒဏ် ၉ နှစ်ချမှတ်ခံရ

By CNI
CNI
Category: Watch TV
Hits: 755

Share
Tweet
Share
Share
powered by social2s
မက်ဂရီဂေါ ကိုတွေ့ရစဉ် (EssentiallySports)

MMA ကနေ ထွက်ခွာဖို့ စီစဉ်ထားကြောင်း မက်ဂရီဂေါ အရိပ်အမြွက်ဖော်ပြ

By CNI
CNI
Category: အားကစား
Hits: 2026

CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၅

အိုင်ယာလန်ဖိုက်တာ မက်ဂရီဂေါ ဟာ လေ့ကျင့်မှုတွေ ပြုလုပ်နေပေမယ့် MMA လောကကနေ ထွက်ခွာဖို့ အစီအစဉ် ရှိတယ်လို့ အရိပ်အမြွက် ဖော်ပြလိုက်ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိ ချန်ပီယံဟောင်းဟာ ဒက်စတင်ပိုရီရာ ကို အရေးနိမ့်တဲ့ပွဲမှာ ခြေထောက်ကျိုးပြီးနောက် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ကတည်းက ပြိုင်ပွဲထိုးသတ်ခြင်း မရှိတော့တာပါ။ မက်ဂရီဂေါ ဟာ ဒဏ်ရာကနေ ပြန်လည် ကောင်းမွန်လာဖို့ အတွက် အားကစားခန်းမမှာ ပြင်းပြင်းထန်ထန် လေ့ကျင့်နေပြီး ပြိုင်ပွဲထိုးသတ်ဖို့ ပြန်လာခဲ့မယ်လို့ အရင်က ပြောခဲ့ပါတယ်။

ဒါပေမယ့် မက်ဂရီဂေါ ဟာ “MMA မင်းကိုငါ ဘယ်တော့မှ မမေ့ပါဘူး။ လွယ်ကူတဲ့ အလုပ်ဆိုပြီး” တွစ်တာမှာ ရေးသားခဲ့ တာပါ။

ဒါနဲ့ ပတ်သက်ပြီး တုံ့ပြန်မှု အမျိုးမျိုးရှိခဲ့ကြတာ ဖြစ်ပါတယ်။ မက်ဂရီဂေါဟာ UFC ပြိုင်ပွဲကနေ အနားယူနိုင်ပေမယ့် မေဝယ်သာနဲ့ လက်ဝှေ့ မကျေပွဲအတွက် လက်အိတ်ကို ထပ်မံ ဝတ်ဆင်နိုင်တယ်လို့ သုံးသပ်နေကြတာပါ။

မက်ဂရီဂေါ ကိုတွေ့ရစဉ် (Bleacher Report)

သူတို့ နှစ်ဦးဟာ ဒေါ်လာ သန်းပေါင်းများစွာ တန်ကြေးရှိတဲ့ ထိုးသတ်ပွဲအတွက် သဘောတူညီမှု ရယူနိုင်ဖို့ အလွန်နီးစပ်နေပြီး မေဝယ်သာ ကလည်း သူ့ရဲ့ ရှုံးပွဲမရှိ စံချိန်ကို ဆက်ပြီး ထိန်းသိမ်းချင်နေတာ ဖြစ်ပါတယ်။ မက်ဂရီဂေါဟာ အရင်ကလည်း ကစားသမားဘဝက အနားယူပြီလို့ ဆုံးဖြတ်ပြီး ပြိုင်ပွဲတွေ ပြန်လည် ထိုးသတ်ခဲ့ပါတယ်။

မက်ဂရီဂေါဟာ ၂၀၁၆ ဧပြီလက ဒီပြိုင်ပွဲကနေ နုတ်ထွက်ကြောင်း ကြေညာခဲ့ပေမယ့် ၂၀၁၈ မှာ ခါဘစ်နဲ့ ပြန်လည် ထိုးသတ် ခဲ့ပြီး အရေးနိမ့်ခဲ့တာကြောင့် အနားယူကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၀ မှာ ပြန်လည် ထိုးသတ်ကာ ထပ်မံ အနား ယူခဲ့ပေမယ့် ၂၀၂၁ မှာ ဒတ်စတင်ပိုရီရာနဲ့ ၂ ပွဲထိုးသတ်ခဲ့ပြီး အရေးနိမ့်ခဲ့ပါတယ်။

မက်ဂရီဂေါဟာ MMA ပွဲပေါင်း ၂၈ ပွဲထိုးသတ်ခဲ့ပြီး ၂၂ ပွဲအနိုင်ရကာ ၆ ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။ အိုင်ယာလန် ဖိုက်တာဟာ ဖယ်သာဝိတ်၊ လိုက်ဝိတ်နဲ့ ဝယ်လ်တာဝိတ်တန်းတွေမှာ ထိုးသတ်ခဲ့ပြီး ချန်ပီယံဆုတွေ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: The Sun

 

 

 

Share
Tweet
Share
Share
powered by social2s
ရုရှား ဟော်ကီအသင်းကိုတွေ့ရစဉ် (IIHF)

ရုရှားကလပ်ကို အာရှဟော်ကီလိဂ်ပြိုင်ပွဲကနေ ယှဉ်ပြိုင်ခွင့်ပိတ်ပင်

By CNI
CNI
Category: အားကစား
Hits: 1497

CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၅

ရုရှားကလပ် PSK ဆာခလင်အသင်းကို ပြိုင်ဘက်အသင်းတွေက နိုင်ငံရေး အကြောင်းပြချက်တွေအပေါ် အခြေခံ ဆုံးဖြတ် ခဲ့ပြီးနောက် ၂၀၂၂-၂၃ ရာသီ အာရှလိဂ် ရေခဲပြင် ဟော်ကီပြိုင်ပွဲကနေ ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက်ပါတယ်။

အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ ဗွီဒီယိုကွန်ဖရန့်အပြီးမှာ သူတို့ကို အသိပေး အကြောင်းကြားခဲ့တယ်လို့ PSK ဆာခလင်အသင်းက ဆိုရှယ်မီဒီယာမှာ သတင်းကို မျှဝေခဲ့ပါတယ်။

“အစည်းအဝေးအပြီး အသင်းတွေနဲ့ သဘောတူညီမှုအရ လိဂ်ခေါင်းဆောင်တွေက နိုင်ငံရေး အခြေအနေတွေကြောင့်လို့ သုံးနှုန်းပြီး ရုရှားအားကစား သမားတွေ ပါဝင်တဲ့ အသင်းကို ပြိုင်ပွဲကနေ ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့တယ်”လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဆာခလင်အသင်းကို ဟော်ကီဝါသနာအိုးဖြစ်တဲ့ ရုရှားသမ္မတ ပူတင်ရဲ့ အားပေးမှုနဲ့ ၂၀၁၃ မှာ စတင်တည် ထောင်ခဲ့တာ ဖြစ်ပါတယ်။ ဆာခလင်အသင်းဟာ အာရှလိဂ် ဟော်ကီရေခဲပြင် ဟော်ကီပြိုင်ပွဲမှာ ၂၀၁၈-၁၉ ရာသီက ချန်ပီယံဆုကို ရယူနိုင်ခဲ့သလို၊ နောက်တစ်နှစ် အကြာမှာလည်း ထိပ်တန်းချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။

ရုရှားဟော်ကီအသင်း ချန်ပီယံဆုရစဉ် (Russia Posts)

ဒီပြိုင်ပွဲကို ၂၀၀၃ က စတင် ကျင်းပခဲ့တာဖြစ်ပြီး ဂျပန်နဲ့ တောင်ကိုရီးယား အသင်းတွေအပြင် အရင်ကလည်း တရုတ်အသင်း တွေ ပါဝင်ယှဉ်ပြိုင်ခဲ့ ကြပါတယ်။

ဆာခလင်အသင်းကို ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်တာနဲ့ ပတ်သက်ပြီး တရားဝင် လိဂ်ဝက်ဘ်ဆိုဒ်မှာတော့ ရေးသား ဖော်ပြထားခြင်း မရှိပါဘူး။ ရုရှားအားကစားသမားတွေနဲ့ အသင်းတွေဟာ ယူကရိန်းကို ကျူးကျော်ပြီးချိန်က စတင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပိတ်ပင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

နိုင်ငံတကာ အိုလံပစ်ကော်မတီကလည်း ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို ပြိုင်ပွဲဝင်ခွင့်ပိတ်ပင်ဖို့ အားကစား အဖွဲ့ချုပ်တွေကို အကြံပြုထားပါတယ်။ ရုရှားတာဝန်ရှိသူတွေက အဆိုပါ ပိတ်ပင်မှုတွေကို ခွဲခြားဆက်ဆံမှု အဖြစ် ဖော်ပြခဲ့ သလို နိုင်ငံရေး ဝင်ရောက်စွက်ဖက်ခြင်းဟာ ကင်းစင်တဲ့ အားကစားနိယာမကို ပျက်ပြားစေတယ်လို့ ပြောခဲ့ပါတယ်။

ဆွီဒင်၊ လတ်ဗီးယားနဲ့ ဖင်လန်စတဲ့ နိုင်ငံတချို့ကလည်း ရုရှားဟော်ကီအသင်းမှာ ဆက်လက် ပါဝင်နေတဲ့ သူတို့ ကစားသမား တွေကို နိုင်ငံအသင်းအတွက် ရွေးချယ်မှုမှာ ထည့်သွင်းစဉ်းစားမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

Source: အာတီရ်

 

 

 

Share
Tweet
Share
Share
powered by social2s

အာဆင်နယ်က EPL ဆုအတွက် မန်စီးတီးနဲ့ လီဗာပူးလ်ကို စိန်ခေါ်နိုင်မယ်လို့ ဆို

By CNI
CNI
Category: အားကစား
Hits: 1714


CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၅

မန်စီးတီးဂန္တဝင် အဂွေရိုက အခုနှစ်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးနဲ့ လီဗာပူးလ်အသင်းကို အာဆင်နယ်အသင်းက စိန်ခေါ်နိုင်မယ်လို့ ပြောလိုက်ပါတယ်။

အဂွေရိုက “အမြဲတမ်းလိုပါပဲ ပရီးမီးယားလိဂ်ဟာ ကမ္ဘာပေါ်မှာပြိုင်ဆိုင်မှုအရှိဆုံး လိဂ်တွေထဲက တစ်ခု ဖြစ်ကြောင်းကို ပြသနိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ဒီရာသီမှာ ဆုဖလားရနိုင်ဖို့အတွက် မန်စီးတီး၊ လီဗာပူးလ်၊ချယ်လ်ဆီးနဲ့ ရာသီကြိုမှာ အလွန်အားကောင်းပြီး ရလဒ်ကောင်းတွေရခဲ့တဲ့ အာဆင်နယ်အသင်းကို ကျနော်ထည့်သွင်းချင်ပါတယ်။အာတီတာရဲ့အကူအညီနဲ့ ကောင်းမွန်တဲ့ ပရောဂျက်ကို စုစည်းထားတဲ့ အာဆင်နယ် ရဲ့ စွမ်းဆောင်ရည်ကို အာရုံစိုက်ရမှာဖြစ်ပါတယ်။ဒီနှစ်မှာတော့ သူတို့တွေဟာ လူတွေကို ပြောစရာတစ်ခုခု ပေးနိုင် မယ်လို့ ထင်တယ်” လို့ Stake.com ကို ပြောခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဝင်ခွင့်ကို လက်လွှတ်ခဲ့ရတာကြောင့် ဒီရာသီမှာ အသင်းရဲ့ လူစာရင်းကို တောင့်တင်းအောင် အားဖြည့်ထားခဲ့ပါတယ်။မန်စီးတီးအသင်းက ဂျီးဆပ်စ်နဲ့ ဇင်ချန်ကိုတို့ကို ခေါ်ယူ ထားပြီး ဖာဘီယိုဗီအဲရာ၊ မာကွင်ဟိုစ်နဲ့ မတ်တာနာတို့ကိုလည်း ခေါ်ယူခဲ့တာပါ။အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲတွေမှာ ရလဒ်ကောင်းတွေရယူနိုင်ခဲ့ပြီး တိုက်စစ်မှူးသစ် ဂျီးဆပ်စ်ကလည်း ဂိုးသွင်းစွမ်းရည် ပြသခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့်လည်း အဂွေရိုက အာဆင်နယ်အသင်းကို အခုနှစ် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် စောင့်ကြည့် ရမယ့် စာရင်းထဲ ထည့်သွင်းခဲ့တာပါ။ “ထိပ်ဆုံး ၄ သင်းက မန်စီးတီး၊ လီဗာပူးလ်၊ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ ဖြစ်မယ်ဆိုတာ ကျနော်ယုံကြည်တယ်”လို့ အဂွေရိုက ပြောခဲ့ပါတယ်။ယူနိုက်တက်နဲ့ စပါးအသင်းကိုတော့ ထိပ်ဆုံး ၄ သင်းအပြင်ဘက်မှာသာ ရှိနိုင်ပြီး ဗီလာ၊ နယူးကာဆယ်နဲ့ ဘရိုက်တန်တို့ဟာ ဥရောပဝင်ခွင့်အတွက် တိုက်ပွဲဝင် နိုင်မယ်လို့ မန်စီးတီးဂန္တဝင်က ပြောခဲ့တာပါ။

၂၀၂၂-၂၃ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို သြဂုတ်လ ၆ ရက်မနက်ပိုင်းမှာ စတင်ကျင်းပတော့မှာဖြစ်ပြီး အဖွင့်ပွဲစဉ် အဖြစ် အာဆင်နယ်နဲ့ ပဲလေစ့်အသင်းတို့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Source:Metro

 

 

 

Share
Tweet
Share
Share
powered by social2s

မူးယစ်ဆေးဝါးစွဲချက်နဲ့ ဘရစ်တနီဂရိုင်နာ ထောင်ဒဏ် ၉ နှစ်ချမှတ်ခံရ

By CNI
CNI
Category: အားကစား
Hits: 1410

CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၅

အမေရိကန်ဘတ်စကတ်ဘောကြယ်ပွင့် ဘရစ်တနီဂရိုင်နာကို ရုရှားတရားရုံးက မူးယစ်ဆေးဝါးစွဲချက်နဲ့ ထောင်ဒဏ် ၉ နှစ် ချမှတ်လိုက်ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိ ဂရိုင်နာဟာ လက်ထိပ်ခတ်ပြီး တရားခွင်ကနေ ထွက်ခွာလာချိန်မှာ သူ့ရဲ့မိသားစုကို အလွန်ချစ်တယ်လို့ ပြောခဲ့တာကို ကြားခဲ့ရကြောင်း သတင်းမှာ ဖော်ပြထားတာပါ။အိုလံပစ်ချန်ပီယံဆုကို ၂ ကြိမ် ရရှိထားတဲ့ ဂရိုင်နာဟာ ဆေးခြောက်ဆီကို ပိုင်ဆိုင်ကြောင်း ဝန်ခံခဲ့ပြီး သူမဟာ ရိုးသားစွာအမှားကျူးလွန်မိခဲ့ တယ်လို့ တရားရုံးကို ပြောခဲ့ပါတယ်။မော်စကိုမြို့အနီးရှိ တရားရုံးက သူမကို မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှု၊ လက်ဝယ်ထားရှိမှုနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ထောင်ဒဏ် ၉ နှစ်ချမှတ်ခဲ့တာပါ။

ကြာသပတေးနေ့က စီရင်ချက်ကို ဖတ်ကြားခဲ့တာမှာ ဂရိုင်နာဟာ ချုပ်နှောင်မှုမှာ အချိန်အတော်ကြာရှိနေပြီဆိုတဲ့ အချက်ကို ထည့်သွင်းစဉ်းစားခဲ့တယ်လို့ တရားသူကြီးက ပြောခဲ့ပါတယ်။ဂရိုင်နာရဲ့ရှေ့နေဖြစ်သူ ဘလာဂိုဗိုလီနာ က သူမရဲ့ အမှုသည်ဟာ အလွန်စိတ်ဆိုးစိတ်ပျက်နေပြီး အလွန်စိတ်ဖိစီးမှုလည်းဖြစ်နေတယ်လို့ ပြောခဲ့တာပါ။ ဒီစီရင်ချက်နဲ့ပတ်သက်ပြီး အယူခံဝင်သွားမယ်လို့လည်း ဂရိုင်နာရဲ့ရှေ့နေဖြစ်သူက ပြောခဲ့ပါတယ်။ဂရိုင်နာဟာ ဖေဖော်ဝါရီလက သူမရဲ့ ခရီးဆောင်အိတ်အတွင်း ဆေးခြောက်ဆီပါဝင်ခဲ့တာတွေကို တွေ့ရှိရပြီးနောက် မော်စကိုမြို့အနီးရှိ လေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။

ဂရိုင်နာဟာ အမေရိကန်ရဲ့ ပြိုင်ပွဲရာသီနားနေတဲ့အချိန် ဘတ်စကတ်ဘောကစားဖို့ ရုရှားကို လာခဲ့တာဖြစ်ပါ တယ်။အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဒီ စီရင်ချက်နဲ့ပတ်သက်ပြီး လက်ခံနိုင်စရာမရှိဘူးလို့ ပြောခဲ့တာပါ။ “ရုရှားက ဘရစ်တနီကို မတရားဖမ်းဆီးထားပါတယ်။ဒါက လက်ခံနိုင်စရာမရှိတဲ့အတွက် သူမကို ချက်ခြင်း ပြန်လွှတ်ပေးဖို့ ရုရှားကို တောင်းဆိုပါတယ်။ဒါကြောင့် သူမဟာ သူ့ဇနီး၊ သူချစ်ရတဲ့သူတွေ၊ သူငယ်ချင်းတွေ၊ အသင်းဖော်တွေနဲ့အတူ ရှိနေနိုင်ပါတယ်”လို့ ဂျိုးဘိုင်ဒန်က ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

အမေရိကန်နဲ့ ရုရှားတို့ဟာ ဘတ်စကတ်ဘောကစားသမား ပါဝင်လာနိုင်တဲ့ အကျဉ်းသားလဲလှယ်ရေးကိစ္စကို ဆွေးနွေးနေတာကြောင့် ဂရိုင်နာအနေနဲ့ ထောင်ထဲမှာ ဘယ်လောက်ကြာကြာနေရမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးတာဖြစ်ပါတယ်။

Source:BBC

 

 

 

Share
Tweet
Share
Share
powered by social2s

လူကျွံဘောခြေရာခံစနစ်ကို ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသုံးပြုမယ်

By CNI
CNI
Category: Watch TV
Hits: 777

Share
Tweet
Share
Share
powered by social2s

ဒူးထောက်တဲ့အစီအစဉ်ကို အကန့်အသတ်နဲ့သာ ပရီးမီးယားလိဂ်ပြုလုပ်မယ်

By CNI
CNI
Category: Watch TV
Hits: 743

Share
Tweet
Share
Share
powered by social2s
ကောင်းထက်စိုးနဲ့ ကမ်ဖမ်ဖတ်အသင်း စာချုပ်ချုပ် (Kamphaengphet FC)

ကောင်းထက်စိုးနဲ့ ရန်လင်းအောင်ကို ကမ်ဖမ်ဖတ်အသင်းက ခေါ်ယူ

By CNI
CNI
Category: အားကစား
Hits: 1979

CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၄

မြန်မာကစားသမား ၂ ဦးဖြစ်တဲ့ ကောင်းထက်စိုးနဲ့ ရန်လင်းအောင်တို့ကို ထိုင်းလိဂ် ၃ ကလပ် ကမ်ဖမ်ဖတ်အသင်းက တစ်ရာသီစာချုပ်နဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

ဒီကစားသမား ၂ ဦးစလုံးဟာ ထိုင်းလိဂ်မှာ ကစားချင်တာကြောင့် မြန်မာကလပ်တွေရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ အေးဂျင့်ဖြစ်သူက ပြောခဲ့ပါတယ်။

ကောင်းထက်စိုးဟာ မြန်မာ့လက်ရွေးစင် ကစားသမားတစ်ဦးဖြစ်ပြီး ရန်ကုန်ယူနိုက်တက် အသင်းနဲ့အတူ အာရှချန်ပီယံလိဂ်၊ အေအက်ဖ်စီဖလား ပြိုင်ပွဲတွေမှာ ဝင်ရောက် ကစားထားပါတယ်။ ရန်လင်းအောင် ကတော့ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

ရန်လင်းအောင်နဲ့ ကမ်ဖမ်ဖတ်အသင်း စာချုပ်ချုပ် (Kamphaengphet FC)

ကမ်ဖမ်ဖတ် အသင်းကတော့ ဒီကစားသမား ၂ ဦး အသင်းမှာ ခြေစွမ်းပြနိုင်လို့ အသင်းကြီးတွေက ကမ်းလှမ်းလာတဲ့ အခါမှာ ထွက်ခွာခွင့် ပေးမယ်လို့ ကတိပေးထားကြောင်း အေးဂျင့်ဖြစ်သူက ပြောပါတယ်။ ကမ်ဖမ်ဖတ်အသင်းဟာ ထိုင်းလိဂ် ၃ မြောက်ပိုင်းဒေသမှာ ကစားနေတာဖြစ်ပြီး မနှစ်က ရာသီက အသင်း ၁၂ သင်းရှိတဲ့လိဂ်ရဲ့ အမှတ်ပေးဇယား အဆင့် ၉ နေရာ မှာ ရပ်တည်ခဲ့တာပါ။

ဒီလိဂ်မှာ ထိပ်ဆုံးရတဲ့ ၂ သင်းဟာ လိဂ် ၂ ပြိုင်ပွဲကို တန်းတက်နိုင်ဖို့အတွက် ခြေစစ်ပွဲ ထပ်မံယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။

ကမ်ဖမ်ဖတ်အသင်းကို ၂၀၀၉ က စတင် ဖွဲ့စည်းခဲ့တာဖြစ်ပြီး အသင်းဟာ အခုအချိန်ထိ ထိုင်းလိဂ် ၂ ကို တန်းမတက်နိုင် သေးပဲ ထိုင်းလိဂ် ၃ မှာ ကျင်လည်နေတာပါ။ မြန်မာကစားသမား အများအပြားကတော့ အခုရာသီမှာ ထိုင်းလိဂ်ပြိုင်ပွဲကို ပြောင်းရွှေ့ပြီး ကစားနေကြတာ ဖြစ်ပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

လက်စတာဂိုးသမား ကတ်စပါရှမိုက်ကယ် နိုက်စ်ကို ပြောင်းရွှေ့

By CNI
CNI
Category: အားကစား
Hits: 1692

CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၄

လက်စတာအသင်းမှာ ၁၁ နှစ်ကြာကစားခဲ့တဲ့ ဂိုးသမား ကတ်စပါရှမိုက်ကယ်ဟာ ပြင်သစ်ကလပ် နိုက်စ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။

လိဒ်စ်ယူနိုက်တက်ကနေ ၂၀၁၁ က ရောက်ရှိလာခဲ့တဲ့ ကတ်စပါရှမိုက်ကယ်ဟာ နိုက်စ်အသင်းနဲ့ ၃ နှစ်စာချုပ်ချုပ် ဆိုခဲ့တာပါ။သူဟာ လက်စတာအသင်းအတွက် ၄၇၈ ပွဲပါဝင်ကစားခဲ့ပြီး ၂၀၁၆ က ပရီးမီးယားလိဂ်ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဝက်စ်မော်ဂန်အနားယူပြီးနောက် လက်စတာအသင်းခေါင်းဆောင် ဖြစ်လာတဲ့ ကတ်စပါရှမိုက်ကယ်ဟာ ၂၀၂၁ က အက်ဖ်အေဖလား ရယူနိုင်အောင်အသင်းကို ဦးဆောင်နိုင်ခဲ့တာပါ။ ဒိန်းမတ် ဂိုးသမားဟာ လက်စတာအသင်းနဲ့ ပြီးခဲ့တဲ့ရာသီက ကွန်မြူနတီဒိုင်းကိုလည်း ရယူနိုင်ခဲ့ပါတယ်။

ကတ်စပါရှမိုက်ကယ်က “မယုံနိုင်ဖွယ်ကောင်းမွန်တဲ့ ၁၁ ရာသီကို ဖြတ်သန်းအပြီးမှာတော့ ကျနော်ဟာ လက်စတာကနေ ထွက်ခွာဖို့ ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ချခဲ့ပါတယ်။ဒီအသင်းဟာ ကျနော့်အတွက် ကလပ်ဆိုတာ ထက်ကို ပိုပါတယ်။တစ်သက်လုံးအတွက် အမှတ်တရတွေကို ဖန်တီးထားခဲ့တဲ့နေရာဖြစ်ပြီး ကျနော့်ရဲ့အိမ်ပါပဲ။ ကွင်းထဲမှာရှိတဲ့သူတွေ၊ ပရိသတ်တွေနဲ့အတူ နောက်ကွယ်မှာရှိတဲ့သူတွေရဲ့ ပံ့ပိုးမှုတွေကလည်း အံမခန်းဖြစ်ခဲ့ပြီး တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။အားလုံးကို မကြာခင်မှာတွေ့ကြမယ်”လို့ တွစ်တာမှာ ရေးသားခဲ့ ပါတယ်။

လက်စတာအသင်းဥက္ကဋ္ဌကလည်း ကလပ်အသင်းရဲ့ဂန္တဝင် ကတ်စပါရှမိုက်ကယ်ဟာ အသင်းရဲ့မိသားစုဝင်ထဲမှာ အမြဲတမ်းရှိနေမယ်လို့ ပြောခဲ့တာပါ။

လက်စတာအသင်းဟာ ကတ်စပါရှမိုက်ကယ်ရဲ့နေရာမှာ အစားထိုးဖို့ ဂိုးသမားအသစ်ခေါ်မှာမဟုတ်ဘဲ ဒန်နီးဝါတ့်က နံပတ်တစ်ဂိုးသမားအဖြစ် တာဝန်ယူရဖွယ် ရှိနေပါတယ်။

လက်စတာအသင်းဟာ အခုအပြောင်းအရွှေ့ ထိပ်တန်းလိဂ် ၅ လိဂ်မှာ ကစားသမားမခေါ်ယူတဲ့ တစ်သင်းတည်းသော အသင်းလည်း ဖြစ်ပါတယ်။

လက်စတာအသင်းရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ မက်ဒီဆင်၊ တိုင်လီမန်စ်၊ ဘားနတ်စ်နဲ့ ဖိုဖာနာတို့ကိုလည်း အသင်းက ထွက်ခွာဖို့ ပရီးမီးယားလိဂ်ကလပ်တွေက ချိတ်ဆက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

Source:DailyMail

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 48
  • 49
  • 50
  • 51
  • 52
  • 53
  • 54
  • 55
  • 56
  • 57

Page 53 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar