CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ရော်နယ်ဒိုကို တွေ့ရစဉ် (Reuters)

ရော်နယ်ဒိုကို ယူနိုက်တက်တို့ လက်လွှတ်သင့်ပြီလား

By CNI
CNI
Category: ဆောင်းပါး
Hits: 1592

CNI Article News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၄

ဒီအကြောင်းအရာက အခုနွေရာသီ အပြောင်းအရွှေ့မှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့တဲ့ အရာတွေထဲက တစ်ခုဖြစ်သလို အားလုံး လည်း စိတ်ဝင်စားနေတဲ့ အရာဖြစ်ပါတယ်။

စပို့တင်းလစ္စဘွန်း အသင်းမှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ စတင်ခဲ့တဲ့ ရော်နယ်ဒို အတွက်တော့ အောင်မြင်မှု ခြေ လှမ်းတွေ ပိုင်ဆိုင်နိုင်မှုအစက ယူနိုက်တက်အသင်းနဲ့ အစပျိုးခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ၂၀၀၇-၀၈ ဘောလုံးရာသီမှာ ယူနိုက်တက်နဲ့ အတူ ချန်ပီယံလိဂ် ချန်ပီယံဖြစ်ခဲ့ပြီး ကစားသမားဘဝ ပထမဆုံးအကြိမ် ဘောလွန်းဒီအောဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာ ရော်နယ်ဒိုဟာ ယူနိုက်တက်ကနေ စွန့်ခွာပြီး ရီးရယ်လ်၊ ဂျူဗင်တပ်စ် အသင်းတွေမှာ သွားရောက်ကစားခဲ့ကာ အောင်မြင်မှု ကြီးကြီးမားမား ရရှိခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နှစ် နွေရာသီမှာ ယူနိုက်တက်အသင်းထံ တကျော့ပြန် ရောက်ရှိလာခဲ့ပါတယ်။ ပေါ်တူဂီ ကစားသမားက ယူနိုက်တက်အသင်းနဲ့အတူ နောက်ထပ် အောင်မြင်မှုတွေ ထပ်မံရရှိချင်တာကြောင့် ပြန်လာခဲ့တာလို့ ပြောခဲ့ပါတယ်။

 ဆိုးရှားလ်နဲ့ ရော်နယ်ဒိုကိုတွေ့ရစဉ် 

ဒါပေမယ့် ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းအတွက် ဒုတိယအကြိမ်မြောက် ကစားခဲ့တဲ့ အချိန်မှာ တာထွက် လှခဲ့ပေမယ့် နောက်ပိုင်းမှာ မန်ချက်စတာကလပ်ရဲ့ ရလဒ်ဆိုးတွေနဲ့အတူ သူလည်း အတော်လေး ရုန်းကန်ခဲ့ရပါတယ်။

သို့သော်လည်းပဲ ရော်နယ်ဒိုဟာ ယူနိုက်တက်အတွက် ပါဝင်ခွင့်ရတဲ့ မိနစ်တိုင်းမှာ အကောင်းဆုံး ပေးဆပ်ခဲ့တာတော့ အားလုံး လည်း မြင်တွေ့ရမှာပါ။ ယူနိုက်တက်အသင်းဟာ ရလဒ်ဆိုးတွေနဲ့အတူ နည်းပြ ဆိုးလ်ရှားကို ထုတ်ပယ်ခဲ့ပြီး ရက်ဂ်နစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ နည်းပြ အပြောင်းအလဲ လုပ်ခဲ့ပေမယ့် အသင်းရဲ့ စွမ်းဆောင် ရည်၊ ရလဒ်ပိုင်းတွေဟာ ကောင်းမွန်လာခြင်း မရှိခဲ့ပါဘူး။

ဒီလိုနဲ့ ယူနိုက်တက်အသင်းဟာ ၅ ရာသီဆက်တိုက် ဖလားလက်မဲ့ အဖြစ်နဲ့ ဖြတ်သန်းခဲ့ရပြီး ရာသီအကုန်မှာ အဆင့် ၆ နေရာ မှာသာ ရပ်တည်ကာ ရာသီ အဆုံးသတ် သွားခဲ့ပါတယ်။

ရော်နယ်ဒိုလို အောင်မြင်မှုရချင်တဲ့ ကစားသမား တစ်ယောက်အနေနဲ့ ဒီလို အခြေအနေတွေကို မျှော်လင့်ထားခြင်း မရှိဘူးဆို တာ အသေအချာပါပဲ။ အသက် ၃၇ နှစ်အရွယ်ရှိ ကစားသမား တစ်ယောက်ဟာ ပြီးခဲ့တဲ့ရာသီက ၂၄ ဂိုးအထိ သွင်းယူခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုတွေကိုလည်း သိမ်းပိုက်နိုင်ခဲ့သလို ပရီးမီးယားလိဂ် အဖွဲ့အစည်းရဲ့ တစ်နှစ်တာ အကောင်းဆုံးဆုအတွက် ဆန်ကာတင် စာရင်းမှာတောင် ရော်နယ်ဒို ပါဝင်ခဲ့တာပါ။ ဒီအချိန်မှာ ယူနိုက်တက် အသင်းက အေဂျတ်စ်နည်းပြ အဲရစ်တန်ဟတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

 

မန်ယူနည်းပြ အဲရစ်တန်ဟတ် (The Times) 

ရော်နယ်ဒိုဟာ နည်းပြသစ်နဲ့ အလုပ် အတူတူ တွဲလုပ်ချင်တယ်လို့ ပြောခဲ့ပေမယ့် ယူနိုက်တက်အသင်း ယူရိုပါလိဂ် ဝင်ခွင့် ရခဲ့တာက ရော်နယ်ဒိုရဲ့ အနာဂတ်အတွက် စိုးရိမ်စရာ ဖြစ်ခဲ့ရပါတယ်။ အားလုံးကလည်း ဒီအချက်ကို စိုးရိမ်မှုရှိခဲ့ပါတယ်။

အကြောင်းရင်းကတော့ ရော်နယ်ဒိုဟာ ကစားသမားဘဝ တစ်လျှောက် ချန်ပီယံလိဂ်ပြိုင်ပွဲပဲ ကစားခဲ့ရလို့ပါ။ ဒီလိုနဲ့ အားလပ်ရက် အပန်းဖြေ အနားယူရပြီး အသင်းထံ ပြန်လာဖို့ သတင်းပို့ရမယ့် အချိန်မှာ ရော်နယ်ဒိုဟာ လာရောက်ခြင်း မရှိတော့ပါဘူး။

နည်းပြသစ်နဲ့အတူ လက်တွဲ အလုပ်လုပ်ဖို့ ကစားသမားအားလုံး ပူးပေါင်းခဲ့ပေမယ့် ရော်နယ်ဒိုကတော့ မိသားစုကိစ္စ အကြောင်းပြပြီး လာရောက်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ နောက်ပိုင်းရက်တွေမှာလည်း ဒီအကြောင်းပြချက်နဲ့ပဲ လေ့ကျင့်မှုတွေ လာရောက် ပြုလုပ်ခြင်း မရှိခဲ့တာကို ယူနိုက်တက်အသင်း တာဝန်ရှိသူတွေကလည်း လက်ခံခဲ့ကြတာပါ။

ရော်နယ်ဒို အနေနဲ့ သင့်လျော်တဲ့ ကမ်းလှမ်းမှုရရင် အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ ယူနိုက်တက်အသင်းကို တောင်းဆိုလာ ပါတော့တယ်။ ယူနိုက်တက် အသင်းကလည်း ရော်နယ်ဒိုကို ထွက်ခွာခွင့်ပေးမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

ရော်နယ်ဒို ယူနိုက်တက်ကနေ ထွက်ခွာချင်တဲ့ အကြောင်းပြချက်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဒီအချက်တွေကတော့ ရော်နယ်ဒိုဟာ ကစားသမားဘဝ ကုန်ဆုံးဖို့ နီးကပ်လာပြီ ဖြစ်တာကြောင့် အောင်မြင်မှုတွေကို ရယူချင်နေပြီး ယူနိုက်တက် အသင်းဟာ ချန်ပီယံဆုတွေ ရယူနိုင်ဖို့ လုံလောက်တဲ့ အခြေအနေမရှိဘူးလို့ ယူဆခဲ့တာပါ။

ဒါ့အပြင် ချန်ပီယံလိဂ် ကစားချင်တာကလည်း ထွက်ခွာချင်တဲ့ အကြောင်းပြချက်တွေထဲမှာ တစ်ချက်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ မန်ချက်စတာကလည်း ဘယ်လို အကြောင်းပြချက်ပေးပေး ရော်နယ်ဒိုကို ထွက်ခွာခွင့် မပေးဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

 

 မန်ယူကစားသမားများ ခြေစွမ်းပွဲ ကစားနေစဉ် (Sports Brief)

ဒီလိုနဲ့ ရော်နယ်ဒိုဟာ လေ့ကျင့်ရေး အစီအစဉ်တွေကိုလည်း လာရောက် မပူးပေါင်းခဲ့သလို ရာသီကြို ခြေစမ်းပွဲစဉ်အဖြစ် ထိုင်း၊ သြစတြေးလျကို သွားရောက်မယ့် အသင်းရဲ့ လူစာရင်းမှာလည်း မပါဝင်ခဲ့ပါဘူး။ နည်ပြ အဲရစ်တန်ဟတ်ကလည်း ရော်နယ်ဒို မပါဝင်တဲ့ ကစားကွက်၊ နည်းစနစ်တွေကို တည်ဆောက်နေခဲ့ပါတယ်။

အေဂျတ်စ်နည်းပြဟောင်း ကိုယ်တိုင်ကလည်း သတင်းစာ ရှင်းလင်းပွဲတွေမှာ ရော်နယ်ဒိုကို ရောင်းချသွားမှာ မဟုတ်ဘဲ သူ့ရဲ့ အစီအစဉ်မှာ ပါဝင်တယ်ဆိုတဲ့ အကြောင်းကို ပြောခဲ့တာ တွေ့ခဲ့ရပါတယ်။

ယူနိုက်တက်အသင်းဟာ ခြေစမ်းပွဲတွေမှာ ရလဒ်ကောင်းတွေရခဲ့ပြီး တိုက်စစ် အတွဲအဖက် ဖြစ်တဲ့ မာရှယ်၊ ဆန်ချိုနဲ့ ရက်ရှ်ဖို့ဒ် တို့ဟာ နည်းပြ အဲရစ်တန်ဟတ်ရဲ့ နည်းစနစ်အောက်မှာ အတွဲညီစွာ ကစားနိုင်ခဲ့ပါတယ်။

ဒီအချိန်မှာ ရော်နယ်ဒို မရှိလည်း ရပြီဆိုတဲ့ ပြောဆိုမှုတွေလည်း ကြားခဲ့ရပါတယ်။ ယူနိုက်တက်အသင်းမှာ ရော်နယ်ဒို မရှိ တော့ရင် ရပြီလားဆိုတဲ့ အချက်ဟာ စဉ်းစားစရာ ရှိလာခဲ့ပါပြီ။ ဘယ်ကစားသမားကမှ အသင်းရဲ့ အထက်မှာ ရှိမနေရဘူး ဆိုတဲ့ လက်စွဲကို အသင်းတိုင်းက အသုံးပြုကြပါတယ်။

တကယ်လို့ ရော်နယ်ဒို ထွက်သွားရင် စတင်ထိခိုက်မှုက ယူနိုက်တက်အသင်းရဲ့ အကျိုးစီးပွားပါ။ ပြီးခဲ့တဲ့ ရာသီက ရော်နယ်ဒို ရောက်လာချိန်မှာ သူ့ရဲ့ ဂျာစီရောင်းအားနှုန်းကနေ ယူနိုက်တက်အသင်း ဝင်ငွေ အများအပြား ရရှိသွားခဲ့ပါတယ်။ ဒါက ဂျာစီ ရောင်းအားကပဲ ရှိပြီး နောက်ထက် အခြားဝင်ငွေတွေလည်း ရှိနိုင်ပါသေးတယ်။

 

 ရော်နယ်ဒိုကိုတွေ့ရစဉ်(Bleacher Reports)

အခု ရာသီကြို ခြေစမ်းခရီးစဉ်မှာ ရော်နယ်ဒို မပါဝင်တာက ယူနိုက်တက်အတွက် နစ်နာစရာ အချို့ရှိနိုင်ပါတယ်။ အဲ့ဒါကြောင့် လည်း ရော်နယ်ဒိုလို ပုံရိပ်မြှင့် ကစားသမားကို ယူနိုက်တက်အသင်းက လက်မလွှတ်ခံချင်ပဲ ဖြစ်နေခဲ့ပါတယ်။

နည်းပြက လည်း အသင်းရဲ့ အလိုကျ ရော်နယ်ဒိုကို မထွက်ခွာစေချင်ပေမယ့် ရာသီကြိုက စတင်ပြီး သူ့ရဲ့ နည်းစနစ်နဲ့ ကစားသမားတွေ အားလုံးကို အံ့ဝင်မှုရှိအောင် မောင်းနှင်ခဲ့ရတဲ့ သူ့အတွက်တော့ ပေါ်တူဂီကစားသမား မပူးပေါင်းတာကို စိတ်ပျက်နေနိုင် ပါ တယ်။

ရော်နယ်ဒိုလို အတွေ့အကြုံရင့်ပြီး ဘောလွန်းဒီအောဆု ၅ ကြိမ်ရတဲ့ ကစားသမား အတွက်တော့ ဘယ်နည်းပြရဲ့ နည်းစနစ် ပိုင်းမှာမဆို အံ့ဝင်မှုရှိအောင် ကစားနိုင်တဲ့ အနေအထားမှာ ရှိနေတာပါ။ ဒါပေမယ့် ရော်နယ်ဒိုရဲ့ ကိစ္စက လက်ရှိသွားနေတဲ့ အသင်းအပေါ်မှာတော့ အနည်းနဲ့အများ သက်ရောက်မှု ရှိနေနိုင်တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ရော်နယ်ဒိုရဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ အရာတွေကို ယူနိုက်တက် အသင်းအနေနဲ့ အမြန်ဆုံးဖြေရှင်းဖို့ လိုအပ်နေ တာပါ။ ပရီးမီးယားလိဂ် ရာသီသစ်ကလည်း မကြာခင်မှာ စတင်တော့မှာ ဖြစ်တာကြောင့် ယူနိုက်တက်အနေနဲ့ အသင်းမှာ မနေချင်တော့တဲ့ ကစားသမားကို စာချုပ်ကုန်တဲ့အထိ ဆက်ထားမလား ဒါမှမဟုတ် ရောင်းချမလားဆိုတာ ဆုံးဖြတ်ရတော့ မှာ ဖြစ်ပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကမ္ဘာပေါ်မှာရှိတဲ့ ကြိုက်တဲ့သူလာခဲ့လို့ ဘစ်ဒက်ရှ်ကို အနိုင်ရအပြီး ရိုင်နီယာပြော

By CNI
CNI
Category: Watch TV
Hits: 743

Share
Tweet
Share
Share
powered by social2s

ငြိမ်းချမ်းကို ထိုင်းလိဂ် ၂ ကလပ် ရနောင်းယူနိုက်တက် ခေါ်ယူ

By CNI
CNI
Category: Watch TV
Hits: 729

Share
Tweet
Share
Share
powered by social2s
ဟံသာဝတီယူနိုက်တက်နဲ့ ဂျီအက်ဖ်အေ အသင်းတို့ ယှဉ်ပြိုင်နေစဉ်

ဂျီအက်ဖ်အေကို ၁၀ ဂိုးပြတ်နဲ့ ဟံသာဝတီယူနိုက်တက် အနိုင်ရ

By CNI
CNI
Category: အားကစား
Hits: 2379

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၅ ပွဲစဉ်တွေထဲက အစောဆုံးပွဲအဖြစ် ယနေ့ (ဇူလိုင် ၂၃ ရက်)မှာ ဟံသာဝတီယူနိုက်တက်နဲ့ ဂျီအက်ဖ်အေတို့ ကစားခဲ့ကြတာမှာ ဟံသာဝတီယူနိုက်တက်က ၁၀ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိသွားခဲ့ပါတယ်။

ဟံသာဝတီ ယူနိုက်တက် အသင်းဟာ ဒီပွဲမှာ ဂျီအက်ဖ်အေ အသင်းကို ပထမပိုင်း ၅ ဂိုး၊ ဒုတိယပိုင်း ၅ ဂိုး သွင်းယူခဲ့တာပါ။ ဟံသာဝတီ ယူနိုက်တက်အတွက် ဂိုးတွေကို စိုးကျော်ကျော်နဲ့ အောင်မြတ်သူက ၃ ဂိုးစီ၊ ကျော်ကျော်ဇင်ဟိန်းက ၂ ဂိုး၊ ရဲလင်းထက်နဲ့ ညီညီအောင်တို့က ၁ ဂိုးစီ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဟံသာဝတီယူနိုက်တက် အသင်းသားများ အောင်ပွဲခံနေစဉ်

ဒီပွဲဟာ မြန်မာနေရှင်နယ်လိဂ် သမိုင်းတစ်လျှောက် ဂိုးအပြတ်ဆုံး ပွဲအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့တာပါ။

ဟံသာဝတီ ယူနိုက်တက် အသင်းဟာ ဒီပွဲ အပါအဝင် အခုနှစ်ရာသီ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၅ ပွဲကစား အပြီးမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံး ရလဒ် ရရှိထားတာပါ။ ဂျီအက်ဖ်အေ အသင်းကတော့ ၅ ပွဲ ကစားအပြီးမှာ ၁ ပွဲနိုင် ၄ ပွဲ ရှုံးနိမ့်ထားတာ ဖြစ်ပါ တယ်။

 

 

 

Share
Tweet
Share
Share
powered by social2s
ဟာရီကိန်းနဲ့ ဘိုင်ယန်မြူးနစ်အသင်း အမှတ်တံဆိပ်ကိုတွေ့ရစဉ်

ဟာရီကိန်းကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ဘိုင်ယန်မြူးနစ်နည်းပြ ပြော

By CNI
CNI
Category: အားကစား
Hits: 1768

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃

ဘိုင်ယန်မြူးနစ် အသင်းနည်းပြ နာဂျယ်လ်စမန်းက အင်္ဂလန် အသင်းခေါင်းဆောင် ဟာရီကိန်းကို အသင်းထံ ခေါ်ယူချင် ကြောင်း ဝန်ခံလိုက်ပါတယ်။

နာဂျယ်လ်စမန်းက “ ဟာရီကိန်းက ဈေးကြီးတယ်။ အဲ့ဒါက ပြဿနာပါ။ ဒါပေမယ့် သူက အလွန်ထက်မြတ်တဲ့ ကစားသမား ပါ။ သူဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ နံပတ် ၁၀ ဖြစ်ခဲ့ပေမယ့် ဗဟိုတိုက်စစ်မှူးအဖြစ် ကစားနိုင်တဲ့ ၂ ဦး ဒါမှ မဟုတ် ၃ ဦးထဲက ၁ ဦး ဖြစ်နိုင်ပါတယ်။ သူဟာ အလွန်သန်မာပြီး ခေါင်းရော ခြေထောက်ရော အလွန်ကောင်းမွန်တယ်။ သူက ဘွန်ဒစ်လီဂါမှာ ဂိုးတွေ အများကြီး သွင်းယူနိုင်မှာ။ သူ့ရဲ့ ဈေးနှုန်းကို မသိပေမယ့် ဒါက ဘိုင်ယန်အတွက် တကယ် ခက်ခဲပါတယ်။ အနာဂတ်မှာ ဘာတွေဖြစ်မလဲ ဆိုတာတော့ မြင်တွေ့ရမှာပါ”လို့ ပြောခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းဟာ လီဝန်ဒေါစကီးကို ဘာစီလိုနာ အသင်းထံ ရောင်းချခဲ့ပြီးနောက် တိုက်စစ်မှူး အစားထိုးဖို့ ရှာဖွေနေတာ ဖြစ်ပါတယ်။ အမှုဆောင်ချုပ် အိုလီဗာခန်းကလည်း ဟာရီကိန်းကို ခေါ်ယူဖို့က အိမ်မက်တစ်ခုလို ပါပဲလို့ မကြာသေးခင်က ပြောခဲ့ပါသေးတယ်။

ဟာရီကိန်းကိုတွေ့ရစဉ်
မနှစ်က ရာသီက မန်စီးတီးအသင်းဟာ အင်္ဂလန် အသင်းခေါင်းဆောင်ကို ပေါင်သန်း ၁၅၀ ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖို့ ကမ်းလှမ်းခဲ့ ပေမယ့် စပါးအသင်းက မရောင်းချခဲ့ပါဘူး။
ဂျာမနီကလပ်ဟာ လီဗာပူးလ်အသင်း တိုက်စစ်မှူး မာနေးကို ခေါ်ယူထားပေမယ့် လီဝန်ဒေါစကီးနေရာ အစားထိုးဖို့အတွက် ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။ လီဝန်ဒေါစကီး ထွက်ခွာသွားခဲ့တာကြောင့် ဘိုင်ယန်မြူးနစ် အသင်းအနေနဲ့ ပွဲအတွက် အစီအစဉ်တွေကို ပြန်တွေးတောရမယ်လို့ နာဂျယ်လ်စမန်းက ပြောခဲ့ပါတယ်။

နာဂျယ်လ်စမန်းက “ကျနော်အသင်းနဲ့ အလုပ်တွေ အများကြီး လုပ်ရမှာဖြစ်ပြီး အသင်းရဲ့ ဖွဲ့စည်းမှုနဲ့အတူ အရာတွေလည်း ပြောင်းလဲသွားမှာပါ။ ကစားသမားတိုင်းက မတူညီတဲ့ ပုံစံတွေနဲ့ ကစားနေရလို့ သူတို့အတွက် မလွယ်ပါဘူး။ တချို့ အရာ တွေကတော့ ပြောင်းလဲသွားနိုင်ပါတယ်။ ကျနော်တို့ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမယ်လို့” ပြောခဲ့တာပါ။

ဘိုင်ယန်မြူးနစ် အသင်းဟာ ရာသီသစ်အတွက် ပြင်ဆင်နေပြီး ရာသီကြို ခြေစမ်းပွဲအဖြစ် ဒီစီယူနိုက်တက်နဲ့ ကစားခဲ့တာမှာ ၆ ဂိုး- ၂ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ဂျာမန်ကလပ်ဟာ ဇူလိုင်လ ၂၄ ရက်မှာတော့ မန်စီးတီးအသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်မှာ ဖြစ်ပြီး ဒီပွဲအပြီးမှာ ဂျာမန်စူပါဖလားပွဲစဉ်အဖြစ် လိုက်ပ်ဇစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: The Sun

 

 

 

Share
Tweet
Share
Share
powered by social2s
ဘာစီလိုနာ အသင်းကားကိုတွေ့ရစဉ်

လာလီဂါရုပ်သံမူပိုင်ခွင့် ၁၅ ရာခိုင်နှုန်းကို Sixth Street ထံ ဘာစီလိုနာရောင်းချ

By CNI
CNI
Category: အားကစား
Hits: 1616

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃

ဘာစီလိုနာအသင်းဟာ လာလီဂါ ရုပ်သံမူပိုင်ခွင့် ၁၅ ရာခိုင်နှုန်းကို လာမယ့် ၂၅ နှစ်အတွင်း Sixth Street ထံ ရောင်းချခဲ့တယ် လို့ စပိန်ကလပ်က ဇူလိုင် ၂၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

Financial Times ရဲ့ ဖော်ပြချက်အရ အဆိုပါ ရင်းနှီးမြှုပ်နှံမှုဟာ ယူရိုသန်း ၃၀၀ ကျော် တန်ဖိုး ရှိတယ်လို့ သိရပါတယ်။ Sixth Street ဟာ လာလီဂါ ရုပ်သံမူပိုင်ခွင့်ကနေ ရရှိတဲ့ ဘာစီလိုနာအသင်းရဲ့ ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အဖွဲ့အစည်းဟာ ဇွန်လ ၃၀ ရက်ကလည်း ယူရို ၂၀၇.၅ သန်းနဲ့ ၁၀ ရာခိုင်နှုန်းကို ဝယ်ယူခဲ့တာပါ။ ဘာစီလိုနာ အသင်းဟာ Sixth Street ရဲ့ ပထမဆုံး ရင်းနှီးမြှုပ်နှံမှု အပြီးမှာ လိဒ်စ်အသင်းက ရာဖင်ဟာနဲ့ ဘိုင်ယန်မြူးနစ်အသင်းက လီဝန်ဒေါစကီးတို့ကို ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဟာ ဘာစီလိုနာအသင်းရဲ့ ပြိုင်ဘက် ရီးရယ်လ်အသင်းနဲ့ အဆက်အသွယ် ရှိနေခဲ့တာပါ။

ဘာစီလိုနာကွင်းအရှေ့ကို တွေ့ရစဉ်

ဘာစီလိုနာအသင်း ဥက္ကဋ္ဌ လာပေါ်တာက “ကျနော်တို့ဟာ အသင်းရဲ့ နည်းဗျူဟာအတိုင်း ဆက်သွားနေပြီး Sixth Street နဲ့ နောက်ထပ် သဘောတူညီမှု ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့လို့ ကျေနပ်မိပါတယ်။ ရေရှည် လက်တွဲမှုကိုလည်း မျှော်လင့် နေပါတယ်”လို့ ပြောခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ အအောင်မြင်ဆုံး ကာလတွေထဲက တစ်ခုကို ဦးဆောင်နိုင်ခဲ့တဲ့ လာပေါ်တာက အသင်းမှာ ကြွေးမြီ စုစုပေါင်း ယူရို ၁.၃၅ ဘီလီယံရှိပြီး ဘဏ်တွေမှာ အကြွေး ၆၇၃ သန်းရှိတယ်လို့ ပြီးခဲ့တဲ့နှစ် သြဂုတ်လက ပြောခဲ့တာပါ။

စပိန်ကလပ်ဟာ ပြီးခဲ့တဲ့ မတ်လက Spotify နဲ့ ဂျာစီ၊ အားကစားကွင်း စပွန်ဆာစာချုပ်ကို ယူရိုသန်း ၂၈၀ နဲ့ သဘောတူ စာချုပ် လတ်မှတ် ရေးထိုးခဲ့ပါတယ်။

ဘာစီလိုနာ အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဘဏ္ဍာရေး အခက်အခဲတွေကြောင့် မက်ဆီကို လက်လွှတ်ခဲ့ရသလို အသင်းဟာ လည်း ရုန်းကန်ခဲ့ရပြီး ဆုဖလားလက်မဲ့နဲ့ ရာသီသိမ်းခဲ့ရပါတယ်။ အဲ့ဒါကြောင့် အခု အပြောင်းအရွှေ့မှာ လီဝန်ဒေါစကီး၊ ရာဖင်ဟာ၊ ကတ်ဆီနဲ့ ခရစ်တန်ဆန်တို့ကို ခေါ်ယူထားပြီး နောက်ထပ် ကစားသမား တချို့ကိုလည်း ခေါ်ယူဖွယ်ရှိတယ်လို့ လာပေါ်တာက ပြောခဲ့ပါတယ်။

Source: CNA

Share
Tweet
Share
Share
powered by social2s
ရနောင်းယူနိုက်တက်နဲ့ စာချုပ်လိုက်တဲ့ ငြိမ်းချမ်း

ငြိမ်းချမ်းကို ထိုင်းလိဂ် ၂ ကလပ် ရနောင်းယူနိုက်တက် ခေါ်ယူ

By CNI
CNI
Category: အားကစား
Hits: 2191

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃

မြန်မာ့လက်ရွေးစင် နောက်ခံလူဖြစ်တဲ့ ငြိမ်းချမ်းကို ထိုင်းလိဂ်၂ ကလပ် ရနောင်းယူနိုက်တက်က တစ်ရာသီစာချုပ်နဲ့ ခေါ်ယူ လိုက်ပါတယ်။

ငြိမ်းချမ်းဟာ ရနောင်းယူနိုက်တက် အသင်းနဲ့ ပူးပေါင်းတာ ၃ ပတ် ဝန်းကျင်ရှိပြီဖြစ်ပေမယ့် အခုမှ အပြောင်းအရွှေ့ကို တရားဝင် ကြေညာခဲ့တာပါ။ မြန်မာ့လက်ရွေးစင် နောက်ခံလူကို ခေါ်ယူဖို့ ကာဆာ့ဆတ် အသင်းကလည်း ဆက်သွယ်မှုတွေ ရှိခဲ့တယ်လို့ အေးဂျင့်ဖြစ်သူက ပြောထားပါတယ်။

ရနောင်းမြို့မှာ မြန်မာနိုင်ငံသားတွေ အများအပြားရှိလို့ မြန်မာပရိသတ်တွေ အနေနဲ့ ဒီခေါ်ယူမှုအပေါ် ပျော်ရွှင်နိုင်မယ်လို့ အသင်းဘက်က မျှော်လင့်နေတာပါ။

ငြိမ်းချမ်းအတွက်တော့ ရနောင်းယူနိုက်တက်ဟာ သူ့ရဲ့ ပထမဆုံး ပြည်ပကလပ်လည်း ဖြစ်ပါတယ်။ ငြိမ်းချမ်း ကတော့ ပရော်ဖက်ရှင်နယ် ကစားသမား တစ်ယောက်အနေနဲ့ နိုင်ငံရပ်ခြားမှာ ကစားဖို့ အိမ်မက်တွေက အမှန်တကယ် ဖြစ်လာပြီလို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားထားခဲ့တာပါ။

 ငြိမ်းချမ်းရဲ့ ကစားဟန်

ငြိမ်းချမ်းဟာ ရနောင်းယူနိုက်တက်အသင်းမှာ ကျောနံပတ် ၄ ဂျာစီ ဝတ်ဆင်သွားမှာလည်း ဖြစ်ပါတယ်။ လက်ရွေးစင် နောက်ခံလူဟာ မြန်မာနေရှင်နယ်လိဂ် ကလပ်တွေဖြစ်တဲ့ နေပြည်တော်၊ ရခိုင်ယူနိုက်တက်နဲ့ ရှမ်းယူ

နိုက်တက်အသင်းတွေမှာ ကစားခဲ့ပါတယ်။

နောက်ဆုံး ကစားခဲ့တဲ့ ရှမ်းယူနိုက်တက် အသင်းနဲ့အတူ ၂၀၁၉ က မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဆုကိုလည်း ရယူနိုင်ခဲ့တာပါ။ ငြိမ်းချမ်းဟာ မြန်မာ့လက်ရွေးစင် အသင်းအတွက် ၈ ပွဲ ပါဝင်ကစားထားပြီး ၁ ဂိုး သွင်းယူထားပါတယ်။ ငြိမ်းချမ်း ဟာ ရနောင်းယူနိုက်တက် အသင်းမှာ လက်ရွေးစင် ကစားသမားဟောင်း အောင်ကျော်နိုင်နဲ့ တွဲဖက်ကစားရမှာပါ။ အောင်ကျော်နိုင် ဟာ ပြီးခဲ့တဲ့ ရာသီကတည်းက ရနောင်းယူနိုက်တက်မှာ ကစားခဲ့တာ ဖြစ်ပါတယ်။

ရနောင်းယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီ ထိုင်းလိဂ် ၂ ပြိုင်ပွဲရဲ့ အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

 

 

 

Share
Tweet
Share
Share
powered by social2s

ကမ္ဘာပေါ်မှာရှိတဲ့ ကြိုက်တဲ့သူလာခဲ့လို့ ဘစ်ဒက်ရှ်ကို အနိုင်ရအပြီး ရိုင်နီယာပြော

By CNI
CNI
Category: အားကစား
Hits: 1848

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃

နယ်သာလန်ဖိုက်တာ ရိုင်နီယာက ONE Championship ပြိုင်ပွဲရဲ့ 159 ပွဲစဉ်မှာ ဘစ်ဒက်ရှ်ကို အနိုင်ရအပြီး ကမ္ဘာပေါ်မှာရှိတဲ့ ကြိုက်တဲ့သူလာခဲ့လို့ စိန်ခေါ်လိုက်ပါတယ်။

ရိုင်နီယာက “ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်သူ့ကိုမဆို ကျနော် အဆုံးသတ်ပေးလိုက်မယ်။ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်သူ့ကိုမဆို လည်ပင်းကို ညှစ်ပြီး ချုပ်ပြမယ်”လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။

ဇူလိုင်လ ၂၂ ရက်က ထိုးသတ်ခဲ့တဲ့ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲမှာ လက်ရှိချန်ပီယံ ရိုင်နီယာက ဘစ်ဒက်ရှ်ကို ပထမအချီမပြီးဆုံးခင်မှာပဲ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။အစပိုင်းမှာ ဘစ်ဒက်ရှ်က ချုပ်ကွက်နဲ့ အနိုင်ယူဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ဘဲ နောက်ပိုင်းမှာ ရိုင်နီယာက အသာစီးရရှိသွားခဲ့တာပါ။ပထမအချီ ၃ မိနစ် ၂၉ စက္ကန့်မှာ ရိုင်နီယာက ဘစ်ဒက်ရှ် ခေါင်းကို ခြေထောက်နဲ့ချုပ်ကာ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့် ရိုင်နီယာဟာ ဒုတိယအကြိမ်မြောက် ONE မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းသွားနိုင် ခဲ့တာပါ။

ရိုင်နီယာဟာ အောင်လအန်ဆန်းကို အနိုင်ယူပြီး မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံဆုတွေကို ရယူထားနိုင်တာ ဖြစ်ပါတယ်။နယ်သာလန်ဖိုက်တာဟာ ၁၆ ပွဲဆက်တိုက် ရှုံးပွဲမရှိဘဲ ပြီးပြည့်စုံတဲ့ နိုင်ပွဲရ မှတ်တမ်းကောင်းကို လည်း ရယူထားနိုင်တာပါ။ရိုင်နီယာဟာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကြောင့် ဆုကြေးအမေရိကန် ဒေါ်လာ ၅ သောင်း ရရှိခဲ့ပါတယ်။ရိုင်နီယာက သူထင်ထားတာထက် အနည်းငယ်စောပြီး ပွဲသိမ်းနိုင်ခဲ့တယ်လို့ လည်း ပြောခဲ့ပါသေးတယ်။

ONE Championship ပြိုင်ပွဲရဲ့ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်တန်းတွေမှာ ပြိုင်ဘက်မရှိ အနိုင်ရနေတဲ့ ရိုင်နီယာ ဟာ နောက်ဆုံးအနိုင်ရခဲ့တဲ့ ၄ ပွဲမှာ မတူညီတဲ့ ချုပ်ကွက် ၃ ခုကို အသုံးပြုသွားခဲ့တာပါ။ စင်ကာပူနိုင်ငံမှာ ကျင်းပ ခဲ့တဲ့ 159 ပွဲစဉ်မှာ ရိုင်နီယာနဲ့ ဘစ်ဒက်ရှ်တို့ ပွဲအပါအဝင် ပွဲစဉ်ပေါင်း ၉ ပွဲကျင်းပခဲ့တာ ဖြစ်ပါတယ်။

 

 

 

Share
Tweet
Share
Share
powered by social2s

ဒါဝင်နူနက်စ်က ဝေဖန်သူတွေကို ပြီးပြည့်စုံတဲ့ တုံ့ပြန်မှုပေးနိုင်ခဲ့တယ်လို့ ကလောပ့်ပြော

By CNI
CNI
Category: Watch TV
Hits: 782

Share
Tweet
Share
Share
powered by social2s

အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆု မာနေး ရရှိ

By CNI
CNI
Category: Watch TV
Hits: 715

Share
Tweet
Share
Share
powered by social2s
မန်ယူနည်းပြ အဲရစ်တန်ဟတ်

တိုက်စစ်မှူးအသစ် ခေါ်ယူပေးဖို့ ယူနိုက်တက်ဘုတ်အဖွဲ့ကို အဲရစ်တန်ဟတ်ပြော

By CNI
CNI
Category: အားကစား
Hits: 1546

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၂

ယူနိုက်တက် အသင်းအနေနဲ့ ဒီရာသီမှာ စိန်ခေါ်မှုတွေ ပြုလုပ်ဖို့ဆိုရင် အပြောင်းအရွှေ့ မပိတ်ခင်မှာ တိုက်စစ်မှူးသစ် ခေါ်ယူ ပေးဖို့ အရေးကြီးကြောင်း နည်းပြ အဲရစ်တန်ဟတ်က ပြောလိုက်ပါတယ်။

အဲရစ်တန်ဟတ်က “ရာသီက အလွန်ရှည်ပြီး အောင်မြင်မှု ရချင်ရင်တော့ တိုက်စစ်မှူး ခေါ်ယူပေးဖို့ အရေးကြီး ပါတယ်။ အဲ့ဒါ က အကြောင်းအရင်းတစ်ခု ဖြစ်ပေမယ့် ပွဲအရေအတွက်လည်း ပါပါတယ်။ အဆုံးသတ်ပိုင်းက ပြတ်ပြတ်သားသား လုပ်နိုင်ဖို့ အတွက် နောက်ထပ် ရွေးချယ်စရာတွေ လိုအပ်ပါတယ်။ ဒါကို ဖြည့်ဆည်းနိုင်ဖို့ အချိန်ကျန်ပါသေးတယ်။ အဲရစ်ဆန်ကို ခေါ်ယူ နိုင်ခဲ့လို့လည်း ကျနော်ပျော်ရွှင်ပါတယ်။ ဒါပေမယ့် ဒီရာသီမှာ ပွဲတွေအများကြီးရှိပြီး ကမ္ဘာ့ဖလားလည်း ရှိပါတယ်။ ဒါကြောင့် ရွေးချယ်စရာတွေ ပိုပြီးလိုပါတယ်။

ရာသီကုန်မှာ မှန်ကန်တဲ့ ရလဒ်တွေရဖို့ အသင်းကောင်း တစ်သင်းလိုပါတယ်”လို့ ပြောခဲ့ တာပါ။

အဲရစ်တန်ဟတ်ဟာ အေဂျတ်စ်အသင်းမှာ လက်တွဲခဲ့တဲ့ အန်တိုနီကို ခေါ်ယူဖို့ ချိတ်ဆက်နေပြီး ကစားသမားရဲ့ ကိုယ်စား လှယ်နဲ့ ယူနိုက်တက်တို့ ကြာသပတေးနေ့က ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ရော်နယ်ဒိုနဲ့ ဂရင်းဝုဒ်တို့ မရှိချိန်မှာ တိုက်စစ်ပိုင်းအတွက် မာရှယ်ကို အားကိုးနေရတာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ လီဗာပူးလ်၊ မဲလ်ဘုန်းဗစ်ထရီ၊ ပဲလေစ့် အသင်းတို့နဲ့ ရာသီကြိုခြေစမ်းပွဲ ၃ ပွဲမှာ ၁၁ ဂိုး အထိ သွင်းယူ နိုင်ခဲ့ပါတယ်။

တိုက်စစ်မှူး မာရှယ်လ်

မာရှယ်ဟာ အဲရစ်တန်ဟတ် လက်ထက်မှာ အကောင်းဆုံးပုံစံ ရနေပြီး ခြေစမ်းပွဲ ၃ ပွဲမှာ ၃ ဂိုး သွင်းယူထားပါတယ်။

ရော်နယ်ဒိုကတော့ ယူနိုက်တက်ကနေ ထွက်ခွာခွင့် တောင်းဆိုထားပြီး အသင်းနဲ့ လေ့ကျင့်မှု ပြုလုပ်ခြင်း မရှိသေးပါဘူး။ ဂရင်းဝုဒ်ကလည်း မုဒိမ်းမှု စွဲချက်တွေနဲ့ အမှုရင်ဆိုင်နေရပြီး အာမခံနဲ့ နေထိုင်နေရတာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် နည်းပြ အဲရစ်တန်ဟတ်က တိုက်စစ်ပိုင်းအတွက် ကစားသမားသစ် ခေါ်ယူချင်နေတာပါ။ ယူနိုက်တက်အသင်းရဲ့ တိုက်စစ် ကစားသမားတွေဖြစ်တဲ့ ဆန်ချိုနဲ့ ရက်ရှ်ဖို့ဒ်တို့ကလည်း အကောင်းဆုံး ပုံစံတွေ ပြသနေပါတယ်။

နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်က စက်တင်ဘာ ၁ ရက်မှာ ပိတ်မှာဖြစ်တာကြောင့် ယူနိုက်တက် အနေနဲ့ နည်းပြလိုချင် တဲ့ တိုက်စစ်မှူးကို ခေါ်ယူပေးနိုင်ဖို့ ကြိုးစား လုပ်ဆောင်နေတာပါ။

ယူနိုက်တက်အသင်းဟာ ဇူလိုင်လ ၂၃ ရက်မှာ ရာသီကြို ခြေစမ်းပွဲအဖြစ် အက်စတွန်ဗီလာအသင်းနဲ့ ကစားမှာဖြစ်ပြီး ဒီပွဲပြီး ရင်တော့ အသလက်တီကို မက်ဒရစ်၊ ဗယ်လက်ကာနိုတို့နဲ့ ခြေစမ်းပွဲ ဆက်လက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

Share
Tweet
Share
Share
powered by social2s
အမေရိကန် အိုးပန်းပြိုင်ပွဲနဲ့ ဂျိုကိုဗစ် (The Mirror)

အစိုးရကာကွယ်ဆေး စည်းမျဉ်းကြောင့် အမေရိကန်အိုးပန်း ဂျိုကိုဗစ် ကစားရဖွယ်မရှိ

By CNI
CNI
Category: အားကစား
Hits: 1405

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၂

ကာကွယ်ဆေး မထိုးရသေးတဲ့ ကစားသမားတွေအတွက် ခရီးသွားခြင်းဆိုင်ရာ အမေရိကန်အစိုးရ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို လေးစားမယ်လို့ ပွဲစီစဉ်သူတွေက ပြောခဲ့တာကြောင့် ဂျိုကိုဗစ်ဟာ အမေရိကန်အိုးပန်းမှာ ပါဝင်ကစားဖို့ မဖြစ်နိုင်ဘူးလို့ သိရပါတယ်။

အမေရိကန်နိုင်ငံအတွင်းကို နိုင်ငံသားမဟုတ်တဲ့ သူတွေ ဝင်ရောက်မယ်ဆိုရင် ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါတယ်။ ဂျိုကိုဗစ် ဟာ ကာကွယ်ဆေး မထိုးရသေးတာကြောင့် အခုနှစ် အစောပိုင်းက ကျင်းပခဲ့တဲ့ သြစတြေးလျအိုးပန်း ပြိုင်ပွဲကို ကစားခွင့် မရခဲ့ပါဘူး။

အသက် ၃၅ နှစ်အရွယ်ရှိ ဆားဘီးယား တင်းနစ်သမားဟာ ဇူလိုင်လက ဝင်ဘယ်လ်ဒန်အိုးပန်းပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင် ခဲ့ပြီး သူကလည်း သတင်းကောင်း တစ်ခုကို စောင့်မျှော်နေမယ်လို့ ပြောခဲ့ပါတယ်။

အမေရိကန် အိုးပန်းပြိုင်ပွဲကို နယူးယေ့ာခ်မှာ သြဂုတ်လ ၂၉ ရက်ကနေ စက်တင်ဘာလ ၁၁ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဂျိုကိုဗစ်ကိုတွေ့ရစဉ်(Tennis World)

အမေရိကန်အိုးပန်း ချန်ပီယံဆုကို ၃ ကြိမ် ရရှိထားတဲ့ ဂျိုကိုဗစ်ဟာ အခုနှစ်ရဲ့ နောက်ဆုံးဂရမ်း ဆလမ်းပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရတဲ့ ကစားသမား စာရင်းထဲမှာ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရ ကစားသမားစာရင်းမှာ ပါဝင်ပေမယ့် ကစားခွင့်ပြုမယ်လို့ ကြေညာထားတာ မဟုတ်ပါဘူး။

ဂျိုကိုဗစ်ဟာ ကိုဗစ် ကာကွယ်ဆေး ထိုးမှာ မဟုတ်ဘူးလို့ သူ့ရဲ့ ရပ်တည်ချက်ကို ပြတ်ပြတ်သားသား ပြောခဲ့တာပါ။ အဲ့ဒါ ကြောင့်လည်း ပြိုင်ပွဲအများအပြားကို ယှဉ်ပြိုင်ခွင့် မရခဲ့ဘဲ ကမ္ဘာ့အဆင့် ရပ်တည်မှုလည်း ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။

ဆားဘီးယား တင်းနစ်သမားဟာ ပြီးခဲ့တဲ့ ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပေမယ့် ရမှတ်တွေကို ထည့်မတွက် တာကြောင့် ကမ္ဘာ့အဆင့် ၇ နေရာမှာသာ ရပ်တည်ခဲ့ပါတယ်။ ဝင်ဘယ်လ်ဒန် အိုးပန်းဟာ ရုရှားနဲ့ ဘယ်လာရုစ် ကစားသမား တွေကို ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားတာကြောင့် ATP က ရမှတ်တွေကို ထည့်တွက်မှာ မဟုတ်ဘူးလို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဂျိုကိုဗစ်ဟာ လက်ရှိအချိန်မှာ ဂရမ်းဆလမ်းဆုဖလား ၂၁ ကြိမ်အထိ ရရှိထားပြီး သူ့ရဲ့ အထက်မှာ ရာဖေးလ်နာဒယ်လ်က ၂၂ ကြိမ်နဲ့ ၁ ကြိမ် အသာ ရထားတာပါ။

Source: BBC

 

 

 

Share
Tweet
Share
Share
powered by social2s

ဒါဝင်နူနက်စ်က ဝေဖန်သူတွေကို ပြီးပြည့်စုံတဲ့ တုံ့ပြန်မှုပေးနိုင်ခဲ့တယ်လို့ ကလောပ့်ပြော

By CNI
CNI
Category: အားကစား
Hits: 1781

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၂

လိုက်ပ်ဇစ်နဲ့ ခြေစမ်းပွဲမှာ ၄ ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးသစ် ဒါဝင်နူနက်စ်ဟာ ဝေဖန်မှုတွေခံနေရတဲ့အပေါ်မှာ ပြီးပြည့်စုံတဲ့ တုံပြန်မှုပေးနိုင်ခဲ့တယ်လို့ လီဗာပူးလ်နည်းပြ ကလောပ့်က ပြောလိုက်ပါတယ်။

ကလောပ့်က “ဒါဝင်အတွက်တော့ ဒါဟာ ပြီးပြည့်စုံတဲ့ ညဖြစ်ခဲ့ပါတယ်။ပိုက်ဆံအများကြီးပေးရင် ကစားသမား တွေက ဖိအားမခံစားရဘူးလို့ ကျနော်တို့ အမြဲတမ်းတွေးမိပါတယ်။ဒါပေမယ့် သူတို့ကလည်း သာမန်လူသား တွေပါ။ဒါပေမယ့် ပထမဆုံးထိချက်က မပြည့်စုံခဲ့ရင်တော့ ကစားသမားအနေနဲ့ ဆိုရှယ်မီဒီယာကို ဖတ်ရတာ စမတ်ကျမှာမဟုတ်ပါဘူး။ဒီညမှာတော့ ဒါတွေကို ရပ်တန့်နိုင်မယ့် အကောင်းဆုံးနည်းလမ်းကို တွေ့ရှိခဲ့ပါတယ်။ သူက ကျနော်တို့မှာ ရှိပြီးသားနဲ့မတူတဲ့ ခြားနားတဲ့ တိုက်စစ်မှူးပါ။ဒါပေမယ့် သူကတကယ်ကို ကောင်းပါတယ်”လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။

ပေါင် ၈၅ သန်းနဲ့ ဘင်ဖီကာကနေ ရောက်ရှိလာခဲ့တဲ့ ဒါဝင်နူနက်စ်ဟာ ပြီးခဲ့တဲ့ ယူနိုက်တက်၊ ပဲလေစ့်အသင်းတွေနဲ့ ပွဲတွေမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် ဝေဖန်မှုတွေ ခံခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့် ဥရုဂွေးတိုက်စစ်မှူး ဟာ လိုက်ပ်ဇစ်နဲ့ပွဲမှာတော့ အကောင်းဆုံးပုံစံ ပြန်ရှာဖွေနိုင်ခဲ့ပြီး ဝေဖန်သူတွေကို အသံတိတ်စေခဲ့တာပါ။ ဒါဝင် နူနက်စ်ဟာ ပြီးခဲ့တဲ့ရာသီ ဘင်ဖီကာအသင်းမှာ ကစားခဲ့ချိန်က ၄၁ ပွဲကစားပြီး ၃၄ ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါဝင်နူနက်စ်ကို ခေါ်ယူဖို့ ယူနိုက်တက်အသင်းကလည်း ကြိုးပမ်းခဲ့ပေမယ့် ကစားသမားက လီဗာပူးလ်အသင်းကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။လီဗာပူးလ်အသင်းက လိုက်ပ်ဇစ်ကို ၅ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဆာလတ်ကလည်း ၁ ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။လီဗာပူးလ်အသင်းဟာ လိုက်ပ်ဇစ်ပွဲအပါအဝင် ခြေစမ်းပွဲ ၃ ပွဲကစားထားပြီး ၂ ပွဲနိုင် ၁ ပွဲရှုံးနိမ့်ထားတာပါ။အန်ဖီးလ်ကလပ်ဟာ အခုအချိန်မှာ သြစတြီးယားကို သွားရောက်ပြီး စခန်းသွင်းလေ့ကျင့်မှု တွေပြုလုပ်မှာ ဖြစ်ပါတယ်။

ကလောပ့်က “သြစတြီးယားမှာလည်း ခက်ခဲမှုတွေရှိလိမ့်မယ်။အဲဒါက ကောင်းပါတယ်။ဒါကို ဖြတ်ကျော်ရမယ်၊ အလုပ်ကို အလွန်ကြိုးစားရမယ်။အဲဒါမှ ကျနော်တို့ အဆင်ပြေနိုင်မှာပါ။ဆဲလ်ဘတ်နဲ့ပွဲမှာ ကျနော်တို့ အဆင်ပြေ နိုင်မလားဆိုတာ မသေချာပေမယ့် ကြိုးစားလုပ်ဆောင်ရမှာပါ။ရာသီကြိုရဲ့ အရေးအကြီးဆုံးအပိုင်းက အခုမှစမှာ ပါ”လို့ ပြောခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ဇူလိုင်လ ၃၀ ရက်မှာ ကွန်မြူနတီဒိုင်းပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲပြီးရင်တော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် တန်းတက် ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Metro

 

 

 

Share
Tweet
Share
Share
powered by social2s

စပိန်ကို အချိန်ပိုမှာအနိုင်ရပြီး အင်္ဂလန်အသင်း အမျိုးသမီးယူရို ဆီမီးဖိုင်နယ်တက်

By CNI
CNI
Category: Watch TV
Hits: 724

Share
Tweet
Share
Share
powered by social2s

အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆု မာနေး ရရှိ

By CNI
CNI
Category: အားကစား
Hits: 1219

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၂

မော်ရိုကိုမြို့တော် ရာဘတ်မှာကျင်းပခဲ့တဲ့ အာဖရိကအကောင်းဆုံးဆုပေးပွဲမှာ ဆီနီဂေါနဲ့ ဘိုင်ယန်မြူးနစ် ကစားသမား မာနေးက တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။

မာနေးဟာ အီဂျစ်အသင်းကို အနိုင်ရခဲ့တဲ့ အာဖရိကဖလားဗိုလ်လုပွဲမှာ ဆီနီဂေါအသင်း ပထမဆုံးအကြိမ် ချန်ပီယံ ဖြစ်စေမယ့် အဆုံးအဖြတ်ပင်နယ်တီကို သွင်းယူခဲ့တာပါ။အဲဒါကြောင့်လည်း မာနေးဟာ လီဗာပူးလ်အသင်းဖော် ဟောင်း ဆာလတ်နဲ့ ဆီနီဂေါလက်ရွေးစင်အသင်းဖော် မန်ဒီတို့ကို အသာရပြီး တစ်နှစ်တာအကောင်းဆုံးဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။မာနေးဟာ ၂၀၁၉ ကလည်း ဒီဆုကို ရရှိထားတာကြောင့် အခုတစ်ကြိမ်ရရှိမှုဟာ သူ့ အတွက် ဒုတိယအကြိမ်မြောက်လည်း ဖြစ်ခဲ့တာပါ။

အာဖရိကအကောင်းဆုံးဆုပေးပွဲကို ကိုဗစ်ကပ်ရောဂါကြောင့် ၃ နှစ်အကြာမှ ပထမဆုံးအကြိမ် ပြန်လည်ကျင်းပ နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။မာနေးက “အခုနှစ်အတွက် ဒီဆုကို ရယူနိုင်ခဲ့လို့ အလွန်ပျော်ရွှင်ပါတယ်။ဆီနီဂေါ ပြည်သူတွေကို ကျေးဇူးတင်ပါတယ်။ဒီဆုကို ဆီနီဂေါလူငယ်တွေအတွက် ကျနော် ရည်ညွှန်းပါတယ်။ ကျနော် အလွန်စိတ်လှုပ်ရှားနေပြီး ခံစားချက်ကို ဖော်ပြဖို့အတွက် စကားလုံးမရှိဘူး”လို့ ဆုယူအပြီးမှာ ပြောခဲ့တာပါ။

မာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ရာသီကြိုခြေစမ်းပွဲအဖြစ် ဒီစီယူနိုက်တက်အသင်းနဲ့ ကစားပြီးတာနဲ့ ရာဘတ်မြို့ကို လာရောက်ခဲ့တာဖြစ်ပါတယ်။ဆီနီဂေါအသင်းကို ပထမဆုံးအကြိမ်ချန်ပီယံဖြစ်အောင် စွမ်းဆောင် ပေးနိုင်ခဲ့တဲ့ နည်းပြ ဆစ်ဆီက အကောင်းဆုံးအမျိုးသားနည်းပြဆုကို ရရှိခဲ့ပြီး၊ ပါပီဆားက အကောင်းဆုံးလူငယ် အမျိုးသားကစားသမားဆုကို ရရှိခဲ့တာပါ။ဒီ အာဖရိကအကောင်းဆုံးဆုပေးပွဲမှာ ဆီနီဂေါက ဆု ၅ ဆုအထိ ရယူ နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆီနီဂေါဘောလုံးအဖွဲ့ချုပ် ဥက္ကဌက “ဒီနိုင်ငံဆုဖလားရဖို့အတွက် ကျနော်တို့ အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရတာ ပါ။ဒီပြိုင်ပွဲမှာ ဆုဖလားမရသေးတဲ့ အသင်းတွေအားလုံးအတွက် ကျနော်တို့က စံနမူနာကောင်းဖြစ်ပါတယ်”လို့ ပြောခဲ့ပါတယ်။အာဖရိကတစ်နှစ်တာအကောင်းဆုံးအမျိုးသမီးဆုကိုတော့ နိုင်ဂျီးရီးယားနဲ့ ဘာစီလိုနာအသင်းက အိုရှိုအာလာက ရရှိခဲ့တာဖြစ်ပါတယ်။အိုရှိုအာလာအတွက်တော့ ဒီဆုကို ပဉ္စမအကြိမ်မြောက် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source:BBC

 

 

 

Share
Tweet
Share
Share
powered by social2s

မာနေး၊မန်ဒီနဲ့ ဆာလတ်တို့ ယှဉ်ပြိုင်ရမယ့် အာဖရိက အကောင်းဆုံးဆု

By CNI
CNI
Category: Watch TV
Hits: 706

Share
Tweet
Share
Share
powered by social2s
  • 52
  • 53
  • 54
  • 55
  • 56
  • 57
  • 58
  • 59
  • 60
  • 61

Page 57 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar