CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

၂၀၂၃ အာရှဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်ကျင်းပဖို့ ၄ နိုင်ငံက ကြိုးပမ်းနေကြောင်း AFC ပြော

By CNI
CNI
Category: အားကစား
Hits: 2095

 

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၈

တောင်ကိုရီးယား၊ သြစတြေးလျ၊ အင်ဒိုနီးရှားနဲ့ ကာတာတို့ဟာ တရုတ်နေရာမှာ အစားဝင်ပြီး ၂၀၂၃ အာရှဖလား ပြိုင်ပွဲကို အိမ်ရှင်အဖြစ်ကျင်းပဖို့ သူတို့ရဲ့ စိတ်ဝင်စားမှုဖော်ပြချက်တွေကို တင်သွင်းခဲ့တယ်လို့ အာရှဘောလုံး အဖွဲ့ ချုပ်က ဇူလိုင်လ ၁၈ ရက်က ပြောပါတယ်။

အဆိုပါ ၄ နိုင်ငံဟာ အိမ်ရှင်အဖြစ်ပြုလုပ်ဖို့ နောက်ဆုံးလျှောက်ထားခွင့်ကို သြဂုတ်လ ၃၁ ရက်အထိ သတ်မှတ် ပေးထားပြီး အာရှဘောလုံးအဖွဲ့ချုပ်ရဲ့အမှုဆောင်ကော်မတီက အိမ်ရှင်အသစ်ကို အောက်တိုဘာ ၁၇ ရက်မှာ ကြေညာမယ်လို့ ပြောခဲ့တာပါ။တရုတ်နိုင်ငံဟာ ဒီပြိုင်ပွဲကို လက်ခံကျင်းပဖို့ အိမ်ရှင်အဖြစ် သတ်မှတ်ခံထား ရပေမယ့်နိုင်ငံရဲ့ ကိုဗစ်စည်းမျဉ်းတွေကြောင့် အိမ်ရှင်အဖြစ် ကျင်းပခွင့်ကနေ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ အာရှဖလားပြိုင်ပွဲစတင်ကျင်းပတဲ့ ပထမဆုံးအကြိမ်မှာ ဗိုလ်စွဲခဲ့ပြီး နောက် ၄ နှစ် အကြာ အိမ်ရှင်အဖြစ် လက်ခံကျင်းပတာမှာလည်း ဗိုလ်စွဲခဲ့တာပါ။

တောင်ကိုရီးယားနိုင်ငံဟာ ဂျပန်အသင်းနဲ့အတူ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပပြီး ကတည်းက အဓိကပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် မရတော့တာ ဖြစ်ပါတယ်။၂၀၁၅ အာရှဖလား ကို ရရှိထားတဲ့ သြစတြေးလျနိုင်ငံဟာ ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို နယူးဇီလန်နဲ့အတူ ပူးတွဲအိမ်ရှင် အဖြစ် ကျင်းပခွင့်ရရှိထားတာပါ။အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို လာမယ့်နှစ် ဇူလိုင်လ ၂၀ ရက်မှာ ကျင်းပသွား မှာ ဖြစ်ပါတယ်။

သြစတြေးလျဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ်ဖြစ်သူက ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ထိပ်တိုက်တွေ့ဆုံတာ ကနေ ရှောင်ရှားဖို့အတွက် ဒီနှစ်ကုန်မှာ ကျင်းပဖို့ စဉ်းစားသင့်တယ်ဆိုတာ အာရှဘောလုံးအဖွဲ့ချုပ်နဲ့ ဆွေးနွေးခဲ့ တယ်လို့ ပြောခဲ့တာပါ။

ကာတာကတော့ အခုနှစ် အမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်ပြီး အာရှဖလားပြိုင်ပွဲကိုလည်း ၂ ကြိမ်အိမ်ရှင်အဖြစ်ကျင်းပခဲ့ကာ လက်ရှိချန်ပီယံလည်း ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ၂၀၀၇ အာရှဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ်ကျင်းပခဲ့တဲ့ အာဆီယံဒေသတွင်း ၄ နိုင်ငံမှာ ပါဝင်ခဲ့ပြီး အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာပါ။ဂျပန်ဘောလုံးအဖွဲ့ချုပ်ကတော့ တရုတ်နိုင်ငံနေရာမှာ အစားဝင်ပြီး အိမ်ရှင်အဖြစ်ကျင်းပဖို့ အလွတ်သဘောချဉ်းကပ်ခဲ့တယ်လို့ မေလက ပြောခဲ့ပါတယ်။ဒါပေမယ့် နည်းစနစ် ဒါရိုက်တာက သူတို့အနေနဲ့ အိမ်ရှင်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ဖို့ အခွင့်အရေးအနည်းငယ်ပဲရှိတယ်လို့ အခုလ အစောပိုင်းက ဒေသတွင်းမီဒီယာကို ပြောခဲ့တာဖြစ်ပါတယ်။

Source:ChannelNewsAsia

 

 

 

Share
Tweet
Share
Share
powered by social2s

ကမ္ဘာပေါ်မှာ သူတစ်ဦးတည်းရထားတဲ့ ဥရောပဆုဖလားတွေကို တက်တူးထိုးခဲ့တဲ့ မော်ရင်ဟို

By CNI
CNI
Category: အားကစား
Hits: 1861

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၈

ရိုးမားအသင်းနည်းပြဖြစ်သူ မော်ရင်ဟိုဟာ ဥရောပပြိုင်ပွဲတွေရဲ့ ဆုဖလားအားလုံးကို ရယူထားတဲ့ တစ်ဦးတည်း သောနည်းပြဖြစ်တာကြောင့် ဒီဆုဖလားတွေကို သူ့ရဲ့လက်မောင်းမှာ တက်တူးထိုးလိုက်ပါတယ်။

မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ရာသီက ရိုးမားအသင်းကို ယူရိုပါကွန်းဖရန့်စ်လိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် ဥရောပပြိုင်ပွဲ ၃ ခုစလုံးရဲ့ ချန်ပီယံဆုကို ရယူပေးနိုင်တဲ့ ပထမဆုံးနည်းပြ ဖြစ်ခဲ့တာပါ။

မော်ရင်ဟိုဟာ ပေါ်တိုအသင်းနဲ့အတူ ယူရိုပါလိဂ်နဲ့ ချန်ပီယံလိဂ်၊ အင်တာမီလန်နဲ့ ချန်ပီယံလိဂ်၊ မန်ချက်စတာယူနိုက်တက်နဲ့ ယူရိုပါလိဂ်၊ ရိုးမားအသင်းနဲ့ ယူရိုပါကွန်းဖရန့်စ်လိဂ်စတဲ့ ဥရောပဆုဖလား ၅ ကြိမ် ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြဟာ ရိုးမားအသင်းနဲ့ ဥရောပဆုဖလားရယူပြီးနောက် ဥရောပဆုဖလား ၃ ခုကို တက်တူး ထိုးဖို့ ဆုံးဖြတ်လိုက်တာလို့ ပြောခဲ့တာပါ။မော်ရင်ဟိုက “ကျနော်ဟာ ဥရောပပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့အသင်းတွေကို ဂုဏ်ပြုဖို့အတွက် ထူးထူးခြားခြားဖြစ်မယ့်အရာတစ်ခုကို တွေးလိုက်မိပါတယ်။ တစ်ချိန်တည်းမှာပဲ ကျနော်ဟာ တစ်မူထူးခြားတဲ့ တက်တူးတစ်ခုကို လိုချင်မိခဲ့ပါတယ်။အခုအချိန်ထိ ဒီဆုဖလားတွေအားလုံးကို ရယူနိုင်တဲ့သူဟာ ကျနော်တစ်ဦးတည်းရှိပါတယ်။အယ်လ်ဘာတိုက အဆိုပြုချက်တွေကို ကျနော့်ကို ပြခဲ့ပါတယ်။ကျနော်ကလည်း အသေးစိတ်အချက်အလက်တွေကို ပြောင်းလဲခဲ့ပါတယ်။ဒါက ကျနော့်တက်တူးပါ”ဆိုပြီး သူထိုးခဲ့တဲ့ တက်တူးကို ပြသခဲ့ပါတယ်။

မော်ရင်ဟိုဟာ နည်းပြဘဝမှာ အောင်မြင်မှုအများအပြားရယူထားပြီး သူ့ကိုယ်သူ စပါယ်ရှယ်ဝမ်းအဖြစ် တင်စား ထားတာပါ။မော်ရင်ဟိုဟာ နည်းပြဘဝအစပိုင်းနဲ့ စပါးအသင်းကလွဲပြီး ကျန်တဲ့ အသင်းတိုင်းမှာ ဆုဖလား အများအပြား ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၀၇ နောက်ပိုင်းဆုဖလားတွေနဲ့ ဝေးကွာနေတဲ့ ရိုးမားအသင်းတောင် မော်ရင် ဟို ရောက်လာအပြီးမှာ ဥရောပဆုဖလား ရယူနိုင်ခဲ့တာပါ။

မော်ရင်ဟိုဟာ နည်းပြဘဝမှာ ဆုဖလားပေါင်း ၂၆ လုံး ရယူနိုင်ခဲ့ပြီး ဖီဖာရဲ တစ်နှစ်တာအကောင်းဆုံးနည်းပြဆု အပါအဝင် တစ်ဦးချင်းအောင်မြင်မှုတွေလည်း အများအပြား ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source:Mirror

 

 

 

 

Share
Tweet
Share
Share
powered by social2s

အသင်းဟောင်း စပို့တင်းလစ္စဘွန်းနဲ့ သတင်းတွေကို ရော်နယ်ဒို ငြင်းဆို

By CNI
CNI
Category: အားကစား
Hits: 1438

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၈

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပေါ်တူဂီကို ပြန်လာဖို့အတွက် အသင်းဟောင်း စပို့တင်း လစ္စဘွန်းအသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်ဆိုတာကို ငြင်းဆိုလိုက်ပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ အခုနွေရာသီမှာ ယူနိုက်တက်ကနေ ထွက်ခွာချင်နေပေမယ့် သင့်တော်တဲ့ ကမ်းလှမ်းမှုကို ရှာဖွေရခက်ခဲနေတာပါ။Sport TV ပေါ်တူဂီက ရော်နယ်ဒိုရဲ့ကားဟာ လစ္စဘွန်းရှိ စပို့တင်း အားကစားကွင်းမှာ ရပ်နားထားခဲ့ပြီး ကစားသမားရဲ့ ကိုယ်စားလှယ်ဟာ ကလပ်အသင်းအကြီးအကဲတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ပေါ်တူဂီကစားသမားကတော့ ဒီထင်ကြေးတွေဟာ အမှားတွေသာ ဖြစ်တယ်လို့ မှတ်ချက်ပေးသွားခဲ့တာပါ။

ရော်နယ်ဒိုဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စပို့တင်းအသင်းမှာ အစပြုခဲ့ပြီး ယူနိုက်တက်ထံ ပြောင်းရွှေ့ သွားခဲ့တာဖြစ်ပါတယ်။စပို့တင်းအသင်းဟာ ရော်နယ်ဒိုကို အခုအပြောင်းအရွှေ့မှာ ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စား နေပေမယ့် ကစားသမားကတော့ ပြန်လာဖို့ မရှိပါဘူး။

ရော်နယ်ဒိုဟာ ကစားသမားဘ၀ ကုန်ဆုံးဖို့ နီးကပ်လာပြီ ဖြစ်တာကြောင့် ဆုဖလားနဲ့အောင်မြင်မှုတွေ ရယူနိုင်မယ့်အသင်းကို ပြောင်းရွှေ့ချင်နေပြီး အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒတ်စ်ကလည်း ရှာဖွေပေးနေတာဖြစ်ပါတယ်။

ဒါပေမယ့် ဥရောပထိပ်သီးအသင်းတွေဖြစ်တဲ့ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ ချယ်လ်ဆီးအသင်းတို့ကတော့ ရော်နယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားခြင်းမရှိဘူးလို့ ပြောထားခဲ့ပါတယ်။

ပေါ်တူဂီကစားသမားကတော့ ယူနိုက်တက် ကနေ ထွက်ခွာဖို့ ဆန္ဒရှိနေဆဲဖြစ်ပြီး အခုအချိန်ထိ အသင်းနဲ့ လေ့ကျင့်မှုလာရောက်ပြုလုပ်ခြင်း မရှိသေးပါဘူး။ မန်ချက်စတာကလပ်နဲ့ နည်းပြ အဲရစ်တန်ဟတ်တို့ကတော့ စာချူပ်သက်တမ်းရှိနေတဲ့ ရော်နယ်ဒိုကို ရောင်းချမှာ မဟုတ်ဘူးလို့ ပြောထားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နှစ် နွေရာသီကမှ ဂျူဗင်တပ်စ်ကနေ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး မနှစ်ကရာသီမှာ ၂၄ ဂိုးသွင်းယူနိုင်ခဲ့ကာ PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့် အသင်းဟာ ယူရိုပါလိဂ်သာ ဝင်ခွင့်ရခဲ့ပြီး ဆုဖလားအောင်မြင်မှုရဖို့ လုံလောက်တဲ့ အခြေအနေမှာ မရှိဘူးလို့ ရော်နယ်ဒိုကယူဆကာ ထွက်ခွာခွင့်တောင်းဆိုခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြသစ် အဲရစ်တန်ဟတ်လက်ထက်မှာ အသင်းအောင်မြင်မှု ရယူနိုင်ဖို့အတွက် အခုအပြောင်းအရွှေ့မှာ ကစားသမား ၃ ဦးအထိ ခေါ်ယူပေးထားခဲ့ပါတယ်။

သူတို့တွေကတော့ မာလာစီယာ၊ အဲရစ်ဆန်နဲ့ လီဆန်ဒရိုမာတီးနတ်စ်တို့ဖြစ်ပြီး ဒီဂျောင်အပါအဝင် နောက်ထပ်ကစားသမား အချို့ကိုလည်း ခေါ်ယူပေးနိုင်ဖို့ ကလပ်အသင်းဘက်က လှုပ်ရှားမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Source:Metro

 

 

 

 

Share
Tweet
Share
Share
powered by social2s

အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာ ဖိလစ်ပိုင်အသင်း ပထမဆုံးအကြိမ်ဗိုလ်စွဲ

By CNI
CNI
Category: အားကစား
Hits: 1565


CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၈

ဖိလစ်ပိုင်အသင်းဟာ ၂၀၂၂ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲဗိုလ်လုပွဲမှာ ထိုင်းအသင်းကို အနိုင်ရပြီး သမိုင်း တစ်လျှောက် ပထမဆုံးအကြိမ်ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

အိမ်ရှင်ဖိလစ်ပိုင်အသင်းဟာ ဗိုလ်လုပွဲမှာ ထိုင်းအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။သူတို့နှစ်သင်း အုပ်စု အဆင့်မှာ တွေ့ဆုံခဲ့တုန်းက ထိုင်းအသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်တဲ့အတွက် ဖိလစ်ပိုင်အသင်းဟာ ဗိုလ်လုပွဲမှာ ရှုံးကြွေးပြန်ဆပ်ကာ ချန်ပီယံဆုကိုပါ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ဖိလစ်ပိုင်အသင်းဟာ ဆီမီးဖိုင်နယ် မှာ ဗီယက်နမ်အသင်းကို ဂိုးပြတ်အနိုင်ရပြီး အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲတက်တဲ့ ပထမဆုံး အကြိမ်မှာပဲ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။

ဖိလစ်ပိုင်အသင်းနည်းပြ စတာဂျစ်က “ဒီနိုင်ပွဲက တကယ့်ကို စိတ်လှုပ်ရှားစရာပါပဲ။ကျနော်တို့ ဒီညမှာ တောင်ကုန်းလေးတစ်ခုကိုတက်ပြီး အရှေ့တောင်အာရှကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒါပေမယ့် အရှေ့ မှာ ကြီးမားတဲ့ တောင်အကြီးကြီးတွေ ရှိတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ဒါဟာ တက်နိုင်ဖို့ ကြီးမားတဲ့ တောင်ကုန်းကြီး ဖြစ်ပေမယ့် ရှေ့မှာ ပိုပြီးကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေပါတယ်”လို့ ပြောခဲ့ပါတယ်။

ဖိလစ်ပိုင်အသင်းဟာ စတာဂျစ်နည်းပြအဖြစ် ကိုင်တွယ်ပြီးနောက်မှာ သိသိသာသာတိုးတက်သွားခဲ့တာဖြစ်ပြီး အမျိုးသမီးအာရှဖလားပြိုင်ပွဲရဲ့ အကြိုဗိုလ်လုပွဲတက်နိုင်ခဲ့တာပါ။အဲဒါကြောင့် သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်လည်း ရရှိသွားခဲ့ပါတယ်။ ဖိလစ်ပိုင်အသင်းဟာ ပြီးခဲ့တဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲမှာလည်း ကြေးတံဆိပ်ဆုကို ရယူနိုင်ခဲ့ကာ အခုဆိုရင် အာဆီယံအမျိုးသမီးပြိုင်ပွဲမှာ ချန်ပီယံဆုကိုပါ ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီပြိုင်ပွဲရဲ့ တတိယနေရာလုပွဲမှာတော့ မြန်မာအသင်းက ဗီယက်နမ်အသင်းကို ၄ ဂိုး- ၃ ဂိုးနဲ့ အနိုင်ရပြီး တတိယ နေရာရရှိသွားခဲ့ပါတယ်။မြန်မာအသင်းဟာ ဒီပွဲမှာ အရှုံးကနေ အနိုင်ရအောင် ကစားခဲ့ပြီး ပြီးခဲ့တဲ့ ပြိုင်ပွဲမှာ တတိယနေရာရခဲ့တဲ့ အစဉ်အလာကို ဆက်ထိန်းသိမ်းနိုင်ခဲ့တာပါ။ပြီးခဲ့တဲ့ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ဗီယက်နမ် အသင်းအတွက်တော့ စတုတ္တနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာ ထိုင်းအသင်းက ၄ ကြိမ်နဲ့ အများဆုံး ဗိုလ်စွဲထားပြီး ဗီယက်နမ်အသင်း က ၃ ကြိမ်၊ မြန်မာအသင်းက ၂ ကြိမ်၊ ဖိလစ်ပိုင်၊ သြစတြေးလျနဲ့ ဂျပန်ယူ-၂၃ တို့က ၁ ကြိမ်စီ ဗိုလ်စွဲထားတာ ဖြစ်ပါတယ်။

Source:Manilatimes,Aseanfootball

 

 

 

Share
Tweet
Share
Share
powered by social2s
ဗြိတိန် အပြေးချန်ပီယံ မိုဖာရာ (ABC)

အပြေးချန်ပီယံ ဆာမိုဖာရာ သို့မဟုတ် တရားမဝင် လူကုန်ကူးခံရသူ

By CNI
CNI
Category: ဆောင်းပါး
Hits: 2250

CNI Article News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၇

ဆာမိုဖာရာဟာ ဗြိတိန်ရဲ့ အကြီးကျယ်ဆုံး အားကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ၂၀၁၂ လန်ဒန်အိုလံ ပစ်ပြိုင်ပွဲမှာ နိုင်ငံ အတွက် ရွှေတံဆိပ် အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

နာမည်ကျော် ဗြိတိန် တာဝေး အပြေးသမား မိုဖာရာရဲ့ အံ့သြစရာကောင်းတဲ့ အမှန်တရား တစ်ခုကတော့ သူ့ နာမည်က မိုဖာရာ မဟုတ်တာပါဘဲ။ သူဟာ ဆိုမာလီယာနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပြီး အသက် ၉ နှစ်အရွယ်မှာ လူကုန်ကူး သူတွေက ဗြိတိန်နိုင်ငံထဲကို ခိုးသွင်းခဲ့တဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ဖြစ်ပါတယ်။

“အမှန်တော့ ကျနော်ဟာ ခင်ဗျားတို့ ထင်နေတဲ့သူ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ်ပါ ကျနော့်ရဲ့ ဖြစ်ရပ်မှန်ကို ပြောပြပါမယ်”လို့ အသက် ၃၉ နှစ်အရွယ်ရှိ ဆာမိုဖာရာက ပြောခဲ့တာပါ။

၁၉၈၀ ပြည့်နှစ် နှောင်းပိုင်းမှာ ဆိုမာလီ ပြည်တွင်းစစ်အတွင်း မိုဖာရာရဲ့ ဖခင်ဖြစ်သူ အသတ်ခံခဲ့ရပြီး မိခင်ဖြစ်သူကလည်း ဒီအချိန်မှာ အလွန်စိတ်ပျက်နေခဲ့တာ ဖြစ်ပါတယ်။

ဒီအချိန်မှာ မိုနဲ့အတူ သူ့ရဲ့ အမွှာညီအစ်ကို ဟာဆန်တို့ဟာ ဦးလေးဖြစ်သူနဲ့ ဆက်လက် နေထိုင်ဖို့ စေလွှတ် ခံခဲ့ရပါတယ်။ မိုဖာရာရဲ့ အံအားသင့်စရာ ကောင်းတဲ့ အသေးစိတ် အချက်အလက်တွေကို ဘီဘီစီရဲ့ မှတ်တမ်းရုပ်ရှင်မှာ ဖော်ပြထားပါတယ်။

မိုဖာရာ ငယ်ဘ၀ကို ပြောပြနေစဉ် (PA)

မိုဖာရာက “အရင်တုန်းကလည်း ပြောခဲ့ဖူးပေမယ့် ကျနော့် မိဘတွေဟာ ဗြိတိန်မှာ တစ်ခါမှ မနေဖူးပါဘူး။ ကျနော် လေးနှစ် သား အချိန်မှာ အဖေက ပြည်တွင်းစစ်မှာ အသတ်ခံခဲ့ရပါတယ်။ မိသားစုတွေနဲ့ ကွဲကွာခဲ့ရပါတယ်။ တကယ်ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို ပြောပြဖို့အတွက် ကျနော့်မှာ အမြဲတမ်း လျှို့ဝှက်ထားသလို ခံစားရတယ်”လို့ ပြောပါတယ်။
အမှန်တရားကို နှစ်ပေါင်း ၃၀ ကျော်ကြာ ဖုံးကွယ်ထားပြီးနောက်မှာ တစ်ခုခုကို ဆုပ်ကိုင်ထားတာထက် ပုံမှန်လိုပဲ မိုဖာရာက အသက်ရှင် နေထိုင်သွားချင်တဲ့ စိတ်ခံစားမှုတွေ ရှိနေပါတယ်။

သူဟာ (မိုဖာရာ) အိမ်အကူလုပ်ဖို့ စာရွက်စာတမ်း အတုတွေသုံးပြီး ဗြိတိန်ကို ခေါ်ဆောင်ခြင်း ခံခဲ့ရပြီးနောက်မှာ ရောက်ရှိ လာခဲ့သူ ဖြစ်ပါတယ်။

၁၉၉၃ ခုနှစ်မှာ သူ့ကို ခေါ်ဆောင်လာခဲ့တဲ့ အမျိုးသမီးဟာ သူ့မိခင်ဖြစ်သူ ဟန်ဆောင်ခဲ့တာပါ။ လေဆိပ်မှာ တွေ့တဲ့သူ တစ်ယောက်က သူ့သား ဘယ်ရောက် နေလဲဆိုတာကို သိချင်တဲ့အချိန်မှာ တစ်စုံတစ်ယောက်ရဲ့ နေရာကို ယူခဲ့ရတယ်ဆို တာကို သူသဘောပေါက်ခဲ့ပါတယ်။
မိုဖာရတ်က “သူဟာ သူမရဲ့ ခင်ပွန်းဖြစ်ပြီး သူတို့မိသားစု အမည်က ဖာရာပါ။ အဆိုပါ လူဟာ သူမနဲ့ အကြီးဆုံးသားဖြစ်သူ မိုဟာမက်ကို စောင့်နေတာပါ။ သူတို့ အိမ်ကို ရောက်တဲ့အချိန်မှာ အမျိုးသမီးက ဗြိတိန်မှာရှိတဲ့ သူ့ရဲ့ တစ်ဦးတည်းသော ဆွေမျိုးအတွက် မိုရဲ့ အဆက်အသွယ် အသေးစိတ် အချက်အလက်တွေကို ဖျက်ဆီးလိုက်ပါတယ်။ အဲ့ဒီအချိန်မှာ ကျနော် ဒုက္ခ ရောက်ပြီဆိုတာကို သိလိုက်ပါတယ်”လို့ သူအတွေ့အကြုံကို ပြန်ပြောင်း ပြောပြပါတယ်။

ဒီအမျိုးသမီးဟာ အခု မှတ်တမ်းရုပ်ရှင်မှာ ပါဝင်ဖို့ တောင်းဆိုတာကို တုံ့ပြန်ခြင်းမပြုဘဲ အမှန်အတိုင်း ပြောနေတာတွေကို လည်း ရပ်တန့်ဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။

“ကျနော့်ပါးစပ်ထဲ အစာတွေ ရောက်တာ လိုချင်ရင်တော့ ကျနော့်ရဲ့ အလုပ်က ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့၊ ရေချိုး ပေးဖို့၊ ချက်ပြုတ်ပေးဖို့နဲ့ သူတို့အတွက် သန့်ရှင်းရေး လုပ်ပေးဖို့ပါ။ သူမကတော့ မင်းမိသားစုတွေနဲ့ တွေ့ချင်တယ်ဆိုရင် ဘာမှ မပြောနဲ့လို့ ပြောခဲ့ပါတယ်။ မကြာခဏဆိုသလို ကျနော်ဟာ ရေချိုးခန်းထဲမှာ သော့ပိတ်ပြီး ငိုနေမိပါတယ်”လို့ မိုဖာရာ ဖြစ်သန်းခဲ့ရပုံကို ပြောပါတယ်။

ဗြိတိန်နာမည်ကြီး အားကစားသမားဟာ ၁၁ နှစ် အရွယ်မှာတော့ လန်ဒန် အနောက်တောင်ပိုင်းမှာရှိတဲ့ Feltham Community College ကို တက်ရောက်ခွင့် ရရှိခဲ့ပြီး အင်္ဂလိပ်လို ပြောဖို့ ရုန်းကန်ခဲ့ရ ပါသေးတယ်။

မိုဖာရာဟာ နောက်ဆုံးမှာ သူယုံကြည်လို့ရတဲ့သူကို ရှာတွေ့ခဲ့ပါတယ်။ သူကတော့ PE ဆရာ အလန်ဝက်ကင်ဆန် ဖြစ်ပါ တယ်။

မိုဖာရာနဲ့ သူ၏ မိခင် ပြန်ဆုံတွေ့ခြင်း (PA)

အလန်ဝက်ကင်ဆန်က “ သူဟာ သူနဲ့အတူနေထိုင်တဲ့ သားမဟုတ်ဘူး။ သူ့နာမည်က မိုဟာမက်ဖာရာ မဟုတ်ကြောင်း ကျနော်ကို မိုက ပြောခဲ့ပါတယ်။ သူ့ကို ဒီမှာ အလုပ် ဝေယျာဝစ္စတွေလုပ်ဖို့ အထောက်အထား အသစ်တွေလုပ်ပြီး ခေါ်ဆောင် လာခဲ့တာလို့လည်း ပြောခဲ့ပါတယ်။ ဒါကိုကြားရတာ တော်တော် တုန်လှုပ်သွားခဲ့ပါတယ်”လို့ ပြောပါတယ်။

မိုဖာရာကို ဆိုမာလီကျောင်းသူလေးရဲ့ မိခင်ဖြစ်သူ ကင်ဆီက ခေါ်ဆောင်သွားဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။ သူဟာ မိသားစုနဲ့အတူ ၇ နှစ်ကြာ ပျော်ရွှင်စွာ နေထိုင်ခဲ့ရပါတယ်။ ကင်ဆီဟာ မို(မိုဟာမက်ဖာရာ) လေဆိပ်မှာ တွေ့ခဲ့တဲ့ တကယ့် မိုဟာမက်ဖာရာ ဖခင်ဖြစ်သူရဲ့ ညီမ ဖြစ်ပါတယ်။

အသက် ၁၄ နှစ်အရွယ်မှာ မိုဖာရာဟာ လတ်ဗီးယားနိုင်ငံရှိ အင်္ဂလိပ် စာသင်ကျောင်းတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံ ခဲ့ရတာပါ။ အဲ့ဒီအချိန်မှာ မိုဖာရာဟာ နိုင်ငံရပ်ခြားကို ခရီးသွားဖို့အတွက် စာရွက်စာတမ်း အထောက်အထား မရှိဘူးဆိုတာ သိသာ ထင်ရှားခဲ့ပါတယ်။

အလန်ဆိုသူက သူ့ကို ဗြိတိန်နိုင်ငံသားဖြစ်ဖို့ စီစဉ်ပေးခဲ့ပြီး အဲ့ဒီကတည်းက သူသိမ်းဆည်းထားတဲ့ စာရွက်စာတမ်းသေတ္တာကို မိုကို ပြသခဲ့ပါတယ်။ ဆာမိုက ဆရာဟောင်းကို ဒုက္ခမပေးချင်ဘူးလို့ ပြောခဲ့ပေမယ့် အလန်ကတော့ သတ္တိရှိခဲ့ပါတယ်။

“လူမှုရေး ဝန်ဆောင်မှု လုပ်ငန်းတွေကို ဆောင်ရွက်တဲ့အချိန်မှာ မိုဟာမက်ဖာရာ အဖြစ် ခင်ဗျားနေခဲ့တယ်။ ကျနော့်ရဲ့ စိတ် ထဲမှာ အဲ့ဒီအချိန်က နိုင်ငံတော်ကလည်း ခင်ဗျားကို မိုဟာမက်ဖာရာလို့ပဲ အသိအမှတ်ပြုတယ်။ ကျနော်နဲ့ ကျောင်းက ဘာမှ အမှားအယွင်း မလုပ်မိဘူးလို့ ထင်ကြောင်း” အလန်က ပြောပါတယ်။

ဒီလိုနဲ့ မိုဟာ ဥပဒေကြောင်းအရ အကြံဉာဏ်ရယူဖို့ ဆုံးဖြတ်လိုက်ပါတယ်၊ ဒီအချိန်မှာပဲ သူ့ရဲ့ ဗြိတိန်နိုင်ငံသားဖြစ်ခွင့် လျှောက်ထားမှုက ဥပဒေပိုင်းဆိုင်ရာအရ ကြည့်လိုက်တဲ့အခါမှာတော့ လိမ်လည်မှု ဒါမှမဟုတ် လွဲမှားစွာ တင်ပြမှု ဖြစ်တယ်ဆိုတာကို သိလိုက်ရတော့ မိုဖာရာ တုန်လှုပ်သွားခဲ့ပါတယ်။

မိုဖာရာ ဟာ ၂၀၁၃ ခုနှစ်က သူ့ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ Twin Ambitions မှာ သူဟာ ဆိုမာလီယာ၊ မိုဂါဒစ်ရှူးမှာ မွေးဖွား ခဲ့ပြီး ဖခင်ဖြစ်သူနဲ့အတူ နေထိုင်ဖို့ အမေ၊ ညီမ၊ အစ်ကို နှစ်ယောက်ဖြစ်သူနဲ့အတူ ဗြိတိန်ကို ငယ်ရွယ်တဲ့ အချိန်မှာ ရောက်လာ ခဲ့တယ်လို့ ပြောထားတာပါ။

ကျောင်းမှာတွေ့ခဲ့တဲ့ ဆာမိုရဲ့ဇနီး တာနီရာကတော့ ၂၀၁၀ ခုနှစ်မှာ လက်ထပ်ဖို့ ပြင်ဆင်နေချိန်မှာပဲ သူမဟာ အမှန်တရားကို အပြည့်အဝ သိခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။ တာနီရာက မှတ်တမ်း ရုပ်ရှင်အဆုံးမှာ သူဟာ တကယ် မိုဟာမက် အဖြစ်ကို ဘာကြောင့် ပြောင်းလဲသွားတယ်ဆိုတာကို အဖြေမရသေးပါဘူး။

မို ဟာ သူ့ရဲ့ သားတွေထဲက တစ်ဦးကို သူ့ရဲ့ နာမည်ရင်းဖြစ်တဲ့ ဟူစိန်ဆိုတဲ့ နာမည်ကို ပေးခဲ့ပါတယ်။ မို ဟာ သူ့ရဲ့ မိခင်ရှိတဲ့ ဆိုမာလီယာကို သွားရောက်လည်ပတ်ကာ အဖြေတွေကို ရှာဖွေခဲ့ပါတယ်။

မိုဖာရာ ဆယ်ကျော်သက် အရွယ်တုန်းက မိခင်ဆီကို ဖုန်းနံပါတ် ပေးပို့ခဲ့ပြီးနောက် နှစ်ဦးသား အဆက်အသွယ် ပြန်ရခဲ့ပါ တယ်။ မိခင်ဖြစ်သူဟာ မိုကို ဗြိတိန်မှာ နေထိုင်ဖို့ ခေါ်ဆောင် သွားတယ်ဆိုတာကို နှစ်ပေါင်းများစွာကြာအောင် မသိခဲ့ပါဘူး။

 မိုဖာရာ ငယ်ဘ၀ အပြေးသမား ပုံရိပ် (PA)

မိခင်ဖြစ်သူက “ မိုကို ငါတို့အားလုံးက သေပြီလို့ ထင်နေကြတာ။ ဗုံးသံတွေ ငါတို့ ကြားတယ်။ မင်းကို ဗြိတိန် ပို့လိုက်တယ် ဆိုတာ ဘယ်သူမှ ငါ့ကို မပြောဘူး။ ငါတို့မှာ ဖုန်းတွေ မရှိဘူး။ ဒီမှာ ဘာမှမရှိဘူး။ လယ်ယာမြေတွေလည်း ပျက်ဆီးသွား တယ်”လို့ သူ့ရဲ့ အဖြစ်အပျက်ကို ပြောပြပါတယ်။

ဆာမိုဟာ ဂျီဘူတီရှိ ဦးလေးနဲ့အတူ နေထိုင်ခဲ့တဲ့ တဲအိမ်ကို သွားရောက်ကာ “အခက်အခဲဆုံး အရာတစ်ခုက ကျနော့် မိသားစု ထဲက တစ်ယောက်ယောက်က ကျနော့်ကို လူကုန်ကူးတာ ဖြစ်နိုင်တယ်ဆိုပြီး ကိုယ့်ကိုယ်ကို ဝန်ခံတာပါပဲ”လို့ ပြောခဲ့တာပါ။

ဗြိတိန်မှာ လူကုန်ကူး ခံရသူပေါင်း ၁ သိန်းလောက် ရှိတယ်ဆိုတာ မိုဖာရာ ကိုယ်တိုင်သိပါတယ်။

မိုဖာရာဟာ ၂၀၁၂ ခုနှစ်က လန်ဒန်အိုလံပစ် ပြိုင်ပွဲရဲ့ မီတာ ၅၀၀၀ နဲ့ မီတာ ၁၀၀၀၀ အပြေးပြိုင်ပွဲတွေမှာ ရွှေတံဆိပ် နှစ်ခု ရယူခဲ့ပြီး ၂၀၁၆ ခုနှစ် ရီယိုအိုလံပစ် ပြိုင်ပွဲမှာလည်း ဒီပြိုင်ပွဲတွေကပဲ ရွှေတံဆိပ် ထပ်မံ ရယူနိုင်ခဲ့တာပါ။

မိုဖာရာ ဟာ သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် သူ့အတိတ်ကို လိမ်ညာခဲ့ပေမယ့် အမှန်တရားကို ဖော်ထုတ်နိုင်ဖို့ဆိုတာကိုတော့ အခုမှ သဘောပေါက်တယ်လို့လည်း ပြောပါတယ်။

ဘီဘီစီက ကင်ဆီကို ရှာတွေ့တဲ့ အချိန်မှာ သူမဟာ မိုကို ခိုးသွင်းခဲ့တဲ့ အမျိုးသမီးရဲ့ ခယ်မဖြစ်တဲ့အတွက် အသေးစိတ် အချက် အလက်တွေကို ပိုပြီးသိခွင့်ရဖို့ မိုက မျှော်လင့်ခဲ့တာပါ။

ဒါပေမယ့် ကင်ဆီက မိုဟာ မိဘမဲ့ဖြစ်တယ်ဆိုပြီး သူမက ပြောခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဆာမိုဟာ အစစ်အမှန် မိုဖာရာနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဆာမိုက “ ခင်ဗျားကို ကျေးဇူးတင်တယ်လို့ ကျနော်ပြောချင်တယ်။ ခင်ဗျားနာမည်ကို ကျနော်သုံးတယ်။ ငယ်ငယ်က ဒီကို လာရတာခက်တယ်”လို့ ပြောခဲ့ပြီး မို အစစ်ကလည်း “ဒါက အဆင်ပြေပါတယ်။ ခင်ဗျားက ကျနော့် ညီအစ်ကိုပါပဲ”လို့ ပြန်ပြောခဲ့ပါတယ်။

ဆာမိုက “ကျနော့် ပခုံးပေါ်မှာရှိတဲ့ တစ်ခုခုကို ရုပ်သိမ်း လိုက်ရတယ်လို့ ခံစားမိပါတယ်”လို့လည်း ပြောပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိ ဗြိတိန် တာဝေးအပြေးသမား မိုဖာရာဟာ ဗြိတိန်ကိုယ်စားပြုပြီး ဝင်ရောက် ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတွေ ကနေ ရွှေတံဆိပ် ၁၉ ခု၊ ငွေတံဆိပ် ၉ ခုနဲ့ ကြေးတံဆိပ် ၂ ခု ရယူနိုင်ခဲ့တာအပြင် အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တဲ့ သူဖြစ်ပါတယ်။

Source: Mirror

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

လီဝန်ဒေါစကီးကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာ သဘောတူညီမှုရရှိ

By CNI
CNI
Category: Watch TV
Hits: 798

Share
Tweet
Share
Share
powered by social2s
ရက်ရှ်ဖို့ဒ်၊ ဆန်ချို၊ ဆာကာတို့ကို တွေ့ရစဉ်

လူဖြူတွေသာ ပင်နယ်တီလွဲရင် လူမျိုးရေးခွဲခြား ခံရမှာမဟုတ်ဘူးလို့ ရက်ရှ်ဖို့ဒ်ပြော

By CNI
CNI
Category: အားကစား
Hits: 1375

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၆

အီတလီနဲ့ ကစားခဲ့တဲ့ ယူရို ၂၀၂၀ ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းက လူဖြူကစားသမား ၃ ဦးသာ ပင်နယ်တီလွဲရင် လူမျိုးရေး ခွဲခြားခံရမှာ မဟုတ်ဘူးလို့ ရက်ရှ်ဖို့ဒ်က ပြောလိုက်ပါတယ်။

ရက်ရှ်ဖို့ဒ်က “ အရိုးသားဆုံးပြောရရင် လူဖြူတွေသာ ပင်နယ်တီလွဲရင် လူမျိုးရေးခွဲခြားခံရမှာ မဟုတ်ပါဘူး။ ကျနော်ကတော့ ဒီလိုပဲ ခံစားရပါတယ်။ ဒီလိုလည်း ဖြစ်လာမယ် မထင်ပါဘူး။ တစ်ချိန်တည်းမှာပဲ လူတွေလည်း ဒါကို သတိပြုမိမယ် မထင်ပါ ဘူး။ လူမည်း ၃ ယောက်ပဲဖြစ်ဖြစ် လူဖြူ ၃ ယောက်ပဲဖြစ်ဖြစ်ပေါ့၊ သူတို့ ခံစားချက်ကို တုံ့ပြန်လိုက်တယ်လို့ ခံစားရပါတယ်” လို့ ပြောပါတယ်။

အင်္ဂလန်အသင်းဟာ အီတလီအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ယူရိုဗိုလ်လုပွဲမှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး အင်္ဂလန် အသင်းဘက်က ရက်ရှ်ဖို့ဒ်၊ ဆန်ချိုနဲ့ ဆာကာတို့ မဝင်ခဲ့ပါဘူး။ အဲ့ဒါကြောင့် အင်္ဂလန်အသင်း အရေးနိမ့်သွားခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်၊ ဆန်ချိုနဲ့ နည်းပြ ဆောက်ဂိတ် တို့ကို တွေ့ရစဉ်

ဒီအဖြစ်အပျက် ပြီးနောက်မှာ သူတို့ ၃ ဦး စလုံးဟာ လူမှုကွန်ရက်တွေပေါ်မှာ လူမျိုးရေးခွဲခြားခံ ခဲ့ရတာဖြစ်ပါတယ်။ အင်္ဂလန် ပရိသတ်တွေကတောင် သူတို့တွေကို လူမျိုးရေး ခွဲခြားခဲ့တာပါ။

ကစားသမားတွေရဲ့ အင်စတာဂရမ်မှာ “မင်းတို့ ဒီနိုင်ငံက ထွက်သွားတော့”၊ “ နိုက်ဂျီးရီးယားကို ပြန်သွားတော့” အစရှိတဲ့ မှတ်ချက်တွေ ရေးသားခဲ့ကြသလို ငှက်ပျောသီးပုံ၊ မျောက်ပုံ စတဲ့ အီမိုဂျီတွေလည်း ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလက သူတို့ ၃ ဦးကို လူမျိုးရေး ခွဲခြားခဲ့တဲ့ ဂျွန်နသန်ဘတ်စ် ဆိုတဲ့ ပရိသတ်တစ်ဦးကို လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၁၀ ပတ် ချမှတ်ခဲ့ပါသေးတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း လူမျိုုးရေးခွဲခြားတဲ့ အဖြစ်အပျက် တွေ ရှိနေသေးတာ ဖြစ်ပါတယ်။

အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကတောင် လာမယ့်ပြိုင်ပွဲတွေမှာ လူမည်း ကစားသမားတွေကို ပင်နယ်တီ ကန်ခိုင်းဖို့ အတော် လေး စဉ်းစားနေရတယ်လို့ မကြာသေးခင်က ပြောခဲ့ပါသေးတယ်။ အကြောင်းရင်းကတော့ လူမည်း ကစားသမားတွေ အပေါ် မှာ ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိနိုင်တာကြောင့် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

Source: Daily Mail

 

 

 

Share
Tweet
Share
Share
powered by social2s

ရုရှားတင်းနစ်မယ်ဟောင်း ရှာရာပိုဗာ သားရင်သွေးလေး မွေးဖွား

By CNI
CNI
Category: အားကစား
Hits: 1272

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၆

တင်းနစ်အကျော်အမော်တစ်ဦးဖြစ်တဲ့ ရှာရာပိုဗာဟာ သားရင်သွေးလေးကို မွေးဖွားလိုက်ကြောင်း ကြေညာလိုက် ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိ ရုရှားတင်းနစ်မယ်ဟောင်း ရှာရာပိုဗာနဲ့ စေ့စပ်ထားသူ ဂေးလ်စ်တို့ဟာ ဒီတစ်ပတ်ထဲမှာ သူတို့ရဲ့ပထမဆုံးရင်သွေးလေးကို ကြိုဆိုခဲ့ကြတာပါ။ရှာရာပိုဗာဟာ သူ့ရဲ့သားလေးကို သီယိုဒိုရီလို့ အမည် ပေးထားပြီး သူတို့ မိသားစုပုံကို သူမရဲ့ အင်စတာဂရမ်မှာ မျှဝေခဲ့တာဖြစ်ပါတယ်။ရှာရာပိုဗာဟာ သူ့ရဲ့ မွေးလ ဖြစ်တဲ့ ဧပြီလက သူကိုယ်ဝန်ဆောင်ထားတယ်ဆိုတဲ့အကြောင်းကို အသိပေးခဲ့ဖြစ်ပြီး ရုရှားတင်းနစ်မယ်နဲ့ ဂေးလ်စ်တို့ဟာ ၂၀၁၈ မှာ စတင်တွဲခဲ့ကြတာ ဖြစ်ပါတယ်။

ဗြိတိန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဂေးလ်စ်ဟာ ရှာရာပိုဗာကို ၂၀၂၀ ဒီဇင်ဘာလမှာ ပေါင် ၃ သိန်း တန် ကြေးရှိ စိန်လက်စွပ်နဲ့ စေ့စပ်ခဲ့တာပါ။ရှာရာပိုဗာဟာ ၂၀၂၀ ဖေဖော်ဝါရီလက တင်းနစ်ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ရှာရာပိုဗာဟာ အသက် ၁၈ နှစ်အရွယ် ၂၀၀၆ သြဂုတ်လက ကမ္ဘာ့ အဆင့် ၁ အမျိုးသမီးတင်းနစ်မယ်အဖြစ် ရပ်တည်နိုင်ခဲ့တာပါ။ရုရှားတင်းနစ်မယ်ဟာ ဂရမ်းဆလမ်းပြိုင်ပွဲတွေ ဖြစ်တဲ့ ပြင်သစ်အိုးပန်းမှာ ချန်ပီယံဆု ၂ ကြိမ်၊ သြစတြေးလျအိုးပန်း၊ ဝင်ဘယ်လ်ဒန်အိုးပန်းနဲ့ အမေရိကန်အိုးပန်း မှာ ၁ ကြိမ်စီ ရရှိခဲ့ပါတယ်။

ရှာရာပိုဗာဟာ ၂၀၁၆ မှာ တားမြစ်ဆေးသုံးစွဲခဲ့လို့ဆိုပြီး ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီ(WADA) ရဲ့ ပြိုင်ပွဲဝင်ခွင့် ယှဉ်ပြိုင်ခြင်း ပိတ်ပင်ခံခဲ့ရတာပါ။နိုင်ငံတကာတင်းနစ်အဖွဲ့ချုပ်က ပြိုင်ပွဲဝင်ခွင့် ၂ နှစ်ပိတ်ပင်ခဲ့ ပေမယ့် နောက်ပိုင်းမှာ ပိတ်ပင်မှုကို ၁၅ လအထိ လျှော့ချခဲ့ပြီး ၂၀၁၇ ဧပြီလမှာတော့ ပြိုင်ပွဲပြန်လည် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာ ရှာရာပိုဗာဟာ ကြီးကြီးမားမား အောင်မြင်မှုမရတော့ဘဲ ဒဏ်ရာတွေနဲ့ ရုန်းကန် ခဲ့ရပြီး ကစားသမားဘဝကနေ အနားယူဖို့ပါ ဆုံးဖြတ်ခဲ့ရတာပါ။

ရှာရာပိုဗာဟာ တင်းနစ်ကစားသမားဘဝမှာ ဆုဖလားပေါင်း ၃၆ ခု ရရှိခဲ့ပြီး ရုရှားနိုင်ငံကိုယ်စားပြုု ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၁၂ အိုလံပစ်ပြိုင်ပွဲမှာ ငွေတံဆိပ်ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source:The Sun

 

 

 

Share
Tweet
Share
Share
powered by social2s

ရုရှားအက်ဖ်အေနဲ့ ကလပ်အသင်းတွေရဲ့ အယူခံကို အားကစားခုံရုံးပယ်ချ

By CNI
CNI
Category: အားကစား
Hits: 1386

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၆

ရုရှားဘောလုံးအဖွဲ့ချုပ်နဲ့ ကလပ်အသင်း ၄ သင်းက ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့ရဲ့ ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ထားတဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အယူခံတင်သွင်းခဲ့တာကို အားကစားခုံရုံးက ပယ်ချလိုက်ပါတယ်။

ယူကရိန်းကို ကျူးကျော်ခဲ့တဲ့လုပ်ရပ်ကြောင့် ရုရှားလက်ရွေးစင်နဲ့ ကလပ်အသင်းတွေကို ဖီဖာနဲ့ ယူအီးအက်ဖ်အေ တို့က သူတို့နဲ့သက်ဆိုင်တဲ့ ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားတာပါ။ဖီဖာရဲ့ ပိတ်ပင်ထားမှုကို ရပ်တန့်ပေးဖို့ ရုရှားဘောလုံးအဖွဲ့ချုပ်က တောင်းဆိုခဲ့တာကိုလည်း အားကစားခုံရုံးက မတ်လကပယ်ချခဲ့ပါတယ်။

ရုရှားအသင်း ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအောဖ့််အဖြစ် ပိုလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပေမယ့် ဒီဆုံးဖြတ်ချက်ကြောင့် ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရမယ့် မျှော်လင့်ချက်ထိခိုက်သွားခဲ့ရတာပါ။

မေလနှောင်းပိုင်းမှာတော့ ရုရှားပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ဇင်းနစ်၊ ဒိုင်နမိုမော်စကို၊ အက်ဖ်စီဆိုချီနဲ့ စီအက်စ်ကေအေမော်စကိုအသင်းတို့ဟာ ယူအီးအက်ဖ်အေရဲ့ ပိတ်ပင်မှုနဲ့ပတ်သက်ပြီး ထပ်မံအယူခံဝင်ခဲ့ ပါတယ်။

အဆိုပါကလပ်အသင်း ၄ သင်းဟာ ပြီးခဲ့တဲ့ရာသီက ရုရှားပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံး ၅ သင်း ဝင်ရောက်ခဲ့ကြတာပါ။ပုံမှန်ဆိုရင် ဒီအသင်းတွေဟာ ယူအီးအက်ဖ်အေက ကျင်းပတဲ့ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ဒါပေမယ့် အားကစားခုံရုံးက ဒီအယူခံကို ပယ်ချခဲ့တာပါ။

 ယူကရိန်းကလပ် ရှက်တာဒိုးနတ်အသင်း CEO က “ရုရှားအယူခံဝင်ခဲ့တဲ့အပေါ် အားကစားခုံရုံးက ငြင်းပယ် လိုက်တာကို ရှက်တာဒိုးနတ်က ဂုဏ်ပြုပါတယ်။ရုရှားရဲ့ အားကစားနဲ့ဘောလုံးဟာ နိုင်ငံတော် ဝါဒဖြန့်ချိရေးရဲ့ အဓိကလက်နက်တစ်ခု ဖြစ်ပါတယ်။ယူကရိန်းစစ်ပွဲအဆုံးသတ်ပြီး သိမ်းပိုက်ထားတဲ့နယ်မြေတွေကို ပြန်စွန့်လွှတ် ပေးတဲ့အချိန်ထိ ရုရှားကို ပုံမှန်ဖြစ်တည်မှုနဲ့ သီးခြားခွဲထုတ်ပြီး အဖွဲ့အစည်းတွေကနေ ဖယ်ထားပေးတဲ့အတွက် အားကစားခုံရုံးကို ကျေးဇူးတင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

စပါးတပ်မော်စကိုအသင်းဟာ ပြီးခဲ့တဲ့ရာသီက ရုရှားကျူးကျော်မှုမပြုလုပ်ခင်အချိန်ထိ ဥရောပမှာရှိတဲ့ တစ်သင်း တည်းသော ရုရှားကလပ်ဖြစ်ပေမယ့် ပိတ်ပင်ခံရတာကြောင့် ယူရိုပါလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။

ဒါ့အပြင် ကျင်းပနေတဲ့ အမျိုးသမီးယူရိုပြိုင်ပွဲမှာလည်း ရုရှားအသင်း ယှဉ်ပြိုင်ခွင့်ရခဲ့ပေမယ့် ပိတ်ပင်ခံရတာကြောင့် သူ့ရဲ့ နေရာမှာ ပေါ်တူဂီအသင်းက အစားထိုးယှဉ်ပြိုင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

Source:Theathletic

 

 

 

 

Share
Tweet
Share
Share
powered by social2s

လီဝန်ဒေါစကီးကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာ သဘောတူညီမှုရရှိ

By CNI
CNI
Category: အားကစား
Hits: 1430

လီဝန်ဒေါစကီးကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာ သဘောတူညီမှုရရှိ

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၆

ဘာစီလိုနာအသင်းဟာ လီဝန်ဒေါစကီးကို ယူရိုသန်း ၅၀ နဲ့ ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်။

လီဝန်ဒေါစကီးဟာ ဘာစီလိုနာအသင်းနဲ့ ၃ နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး ဆေးစစ်မှုတွေပြုလုပ်ဖို့အတွက် စနေနေ့ စပိန်နိုင်ငံကို လာရောက်မယ်လို့ သိရတာပါ။ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တဲ့ လီဝန်ဒေါစကီးဟာ စာချုပ်သက်တမ်းတိုးမှာမဟုတ်ဘဲ အသင်းကထွက်ခွာမယ်လို့ ပြီးခဲ့တဲ့ရာသီအကုန်ကတည်း က ပြောခဲ့တာဖြစ်ပါတယ်။

လီဝန်ဒေါစကီးဟာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ချင်တဲ့အကြောင်းကို ထုတ်ဖော် ပြောခဲ့ပြီး စပိန်ကလပ်ကလည်း ခေါ်ယူနိုင်ဖို့ ကြိုးစားလုပ်ဆောင်ခဲ့တာပါ။ဒါပေမယ့် ဂျာမန်ကလပ်က ရောင်းချဖို့ ငြင်းဆန်နေတာကြောင့် အပြောင်းအရွှေ့ဖြစ်ဖို့ ကြန့်ကြာနေခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ဘာစီလိုနာအသင်းက လီဝန်ဒေါစကီးအတွက် ယူရိုသန်း ၄၀ နဲ့ ကမ်းလှမ်းခဲ့တာကို ဘိုင်ယန်မြူးနစ် အသင်းက ပယ်ချခဲ့ပေမယ့် အခု ယူရိုသန်း ၅၀ နဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တာပါ။

လီဝန်ဒေါစကီးဟာ ဘိုင်ယန် မြူးနစ်အသင်းနဲ့ ရာသီကြိုအတွက် လေ့ကျင့်မှုတွေ ပြုလုပ်နေခဲ့ပေမယ့် အသင်းကနေ ထွက်ခွာချင်တဲ့ အရိပ် အယောင်တွေကို လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပြသခဲ့တယ်လို့ သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

၂၀၁၄ က ဒေါ့မွန်ကနေ ရောက်ရှိလာခဲ့တဲ့ လီဝန်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၇၅ ပွဲပါဝင်ကစား ခဲ့ပြီး ၃၄၄ ဂိုးသွင်းယူခဲ့တာပါ။

ပိုလန်တိုက်စစ်မှူးဟာ ဘိုင်ယန်မြူးနစ်နဲ့အတူ ဘွန်ဒစ်လီဂါဖလား ၈ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်အပါအဝင် ဆုဖလားအများအပြား ရယူနိုင်ခဲ့သလို တစ်ဦးချင်းအောင်မြင်မှုတွေလည်း အများကြီး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကတော့ ပြီးခဲ့တဲ့ရာသီက ဆုဖလားလက်မဲ့ဖြစ်ခဲ့ပြီး အောင်မြင်မှုနဲ့ ဝေးကွာခဲ့တာကြောင့် ကစားသမားသစ်တွေ ခေါ်ယူပြီး အသင်းကို ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။ စပိန်ကလပ်ဟာ လိဒ်စ်အသင်းက ရာဖင်ဟာ၊ ချယ်လ်ဆီးအသင်းက ခရစ်တန်ဆန်၊ အေစီမီလန်အသင်းက ကတ်ဆီတို့ကို အားဖြည့်ခဲ့တာပါ။

ဒါ့အပြင် စာချုပ်ကုန်ဆုံးခဲ့တဲ့ ဒမ်ဘီလီကိုလည်း ၂ နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ဘာစီလိုနာ အသင်းဟာ ကစားသမားသစ်တွေ အားဖြည့်ခဲ့သလို အသင်းမှာရှိတဲ့ ကစားသမားအချို့ကိုလည်း ရောင်းချဖို့ ပြင်ဆင်နေတာပါ။

ဘာစီလိုနာအသင်းဟာ ရာသီသစ်မတိုင်ခင် ခြေစမ်းပွဲတွေအဖြစ် အင်တာမိုင်ယာမီ၊ ရီးရယ်လ်၊ ဂျူဗင်တပ်စ်အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားဖို့ ရှိနေတာဖြစ်ပါတယ်။

Source:Sky Sport

 

 

 

 

Share
Tweet
Share
Share
powered by social2s

လေ့ကျင့်ရေးပုံကြောင့် ရော်နယ်ဒို ယူနိုက်တက်မှာပဲရှိမယ်လို့ ပရိသတ်တွေ ယုံကြည်

By CNI
CNI
Category: Watch TV
Hits: 707

Share
Tweet
Share
Share
powered by social2s

အန်ဒရီဂါဗယ်လ်အိုနဲ့ အောင်လအန်ဆန်း ONE Championship အထူးပွဲထိုးမည်

By CNI
CNI
Category: Watch TV
Hits: 766

Share
Tweet
Share
Share
powered by social2s
အဲရစ်ဆန်ကို တွေ့ရစဉ် (Manchester United)

အဲရစ်ဆန်ကို ခေါ်ယူလိုက်ကြောင်း ယူနိုက်တက်အသင်း တရားဝင်ကြေညာ

By CNI News
CNI News
Category: အားကစား
Hits: 1426

 

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၅

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အဲရစ်ဆန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာလိုက်ပါတယ်။

အဲရစ်ဆန်ဟာဆိုရင် ပြီးခဲ့တဲ့ ရာသီက ဘရန်ဖို့ဒ် အသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် အခု မန်ချက်စတာ ယူနိုက်တက် အသင်းက အဲရစ်ဆန်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပြီးတော့  ၂၀၂၅ အထိ ၃ နှစ် စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

နည်းပြ အဲရစ်တန်ဟတ်ဟာ သူတည်ဆောက်မယ့် အသင်းကွင်းလယ်ပိုင်းအတွက် အဲရစ်ဆန်ကို အမိအရ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

အဲရစ်ဆန်က " ကျနော့်မှာ ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိနေ‌ဆဲပါ။ ကျနော် အောင်မြင်မှုတွေ ရယူနိုင်တယ်ဆိုတာကို သိထား တဲ့ ပမာဏတွေလည်း အများကြီး ရှိပါတယ်။ ဒါက ကျနော့်ရဲ့ ခရီးကို ဆက်ဖို့ ပြီးပြည့်စုံတဲ့ နေရာပါ။ ယူနိုက်တက်ဟာ အလွန် ကောင်းမွန်တဲ့ အသင်းဖြစ်ပြီး သူတို့နဲ့ စတင်ဖို့ မစောင့်နိုင်တော့ဘူး"လို့ ပြောခဲ့ပါတယ်။

အဲရစ်ဆန်ဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းရဲ့ ဒုတိယမြောက် ကစားသမား  ခေါ်ယူမှုပါ။ ပထမဆုံး ခေါ်ယူခဲ့တဲ့ ကစားသမားက ဖီယင်နုအသင်းရဲ့ နောက်ခံလူ မာလာစီယာ ဖြစ်ပါတယ်။

Source: BBC

 

 

Share
Tweet
Share
Share
powered by social2s
အင်တာမီလန် အသင်းနဲ့ လေ့ကျင့်ခန်းဆင်းနေတဲ့ လူကာကူ

ချယ်လ်ဆီးကို ပြောင်းဖို့ အင်တာမီလန်က ထွက်ခဲ့တာဟာ အမှားပဲလို့ လူကာကူပြော

By CNI
CNI
Category: အားကစား
Hits: 1261

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၅

လူကာကူက ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့အတွက် အင်တာမီလန် အသင်းကနေ ထွက်ခွာခဲ့တာဟာ အမှားအယွင်း ပြုလုပ်ခဲ့တာလို့ ပြောလိုက်ပါတယ်။

ရာသီသစ်အတွက် အင်တာမီလန်အသင်း ဂျာစီအသစ် မိတ်ဆက်တဲ့ပွဲမှာ လူကာကူက “ကျနော့် ကစားသမားဘဝရဲ့ အကြီး မားဆုံး စိန်ခေါ်မှုက ဒီရာသီမှာ ဖြစ်လာပါလိမ့်မယ်။ ကျနော် ထွက်ခွာသွားခဲ့တာက အမှားအယွင်း ပြုလုပ်ခဲ့မိတာပါ။ အခု ဒီဂျာစီကို ဝတ်ဆင်ရတာကို ပျော်ရွှင်မိပါတယ်။ အသင်းက ဘာလုပ်ရမလဲ ဆိုတာကို သိပြီး ဒါက ဒီရာသီရဲ့ ကြီးမားတဲ့ စိန် ခေါ်မှုကြီးဖြစ်ကာ ဒီလိုမျိုး ဆက်လုပ်နိုင်ဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ရာသီက ကျနော် အင်္ဂလန်မှာရှိတဲ့အချိန် ကမ္ဘာပေါ်မှာ အင်တာမီလန် အသင်းက ဘယ်လောက်ထိ အရေးပါလဲဆိုတာကို နားလည်ခဲ့ပါတယ်”လို့ ပြောပါတယ်။
ဘယ်လ်ဂျီယံ တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နှစ် နွေရာသီက အင်တာမီလန် အသင်းကနေ ချယ်လ်ဆီး အသင်းကို ယူရို ၁၁၃ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လူကာကူဟာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး တစ်ရာသီအကြာမှာပဲ အသင်းဟောင်း အင်တာမီလန် အသင်းထံ ရာသီအကုန်ထိ အငှားစာချုပ်ချုပ်ဆိုကာ ပြန်လည်ပြောင်းရွှေ့လာခဲ့ တာပါ။

အင်တာမီလန် အသင်းဟာ လူကာကူအတွက် အငှားကြေး ယူရို ၁၀ သန်းသာ ချယ်လ်ဆီးအသင်းကို ပေးချေခဲ့ရတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းမှာ လူကာကူ ကစားစဉ်

ချယ်လ်ဆီး အသင်းဟာ လူကာကူ ထွက်ခွာသွားပြီးနောက် တိုက်စစ်နေရာမှာ မန်စီးတီးအသင်းက စတာလင်ကို ခေါ်ယူ အားဖြည့် ခဲ့ပါတယ်။ ချယ်လ်ဆီး အသင်းနည်းပြ တူချယ်လ်ဟာ အငှားစာချုပ် ကုန်ဆုံးချိန်မှာ လူကာကူ အသင်းထံ ပြန်လာ နိုင်ချေနဲ့ ပတ်သက်ပြီး Sky Sports နဲ့ တွေ့ဆုံရာမှာ ပြောခဲ့ပါတယ်။

တူချယ်လ်က “သူဟာ အငှားပဲ ရှိသေးတဲ့အတွက် သေချာပေါက် အခွင့်အရေးရှိပါတယ်။ ဒါက ဖြစ်လာနိုင်လား ဆိုတာတော့ မသိပါဘူး။ ဒါပေမယ့် ဒါနဲ့ပတ်သက်ပြီး ကြိုပြောဖို့တော့ အဆင်မပြေပါဘူး။ အခွင့်အရေးတော့ ရှိတယ်”လို့ ပြောခဲ့ပါတယ်။

လူကာကူဟာ အင်တာမီလန် အသင်းနဲ့ ရာသီအကုန်ထိသာ အငှားစာချုပ် ချုပ်ဆိုထားပြီး အပြီးသတ် ဝယ်ယူခွင့် မပါဝင်တာ ကြောင့် ကစားသမားဟာ စာချုပ် ကုန်ဆုံးချိန်မှာ ချယ်လ်ဆီးအသင်းထံ ပြန်လာရမှာ ဖြစ်ပါတယ်။

လူကာကူဟာ ချယ်လ်ဆီး အသင်းအတွက် ပြီးခဲ့တဲ့ ရာသီက ၄၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၅ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဘယ်လ်ဂျီ ယံ တိုက်စစ်မှူးဟာ အင်တာမီလန် အသင်းအတွက် ရာသီကြို ခြေစမ်းပွဲတွေမှာ တွဲဖက်ကစားသမား လော်တရိုမာတီနတ်စ်နဲ့ အတွဲညီကာ ခြေစွမ်းပြသနေခဲ့တာ ဖြစ်ပါတယ်။

Source: Football

 

 

 

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒို လေ့ကျင့်ခန်း လုပ်နေစဉ်

လေ့ကျင့်ရေးပုံကြောင့် ရော်နယ်ဒို ယူနိုက်တက်မှာပဲရှိမယ်လို့ ပရိသတ်တွေ ယုံကြည်

By CNI
CNI
Category: အားကစား
Hits: 1567

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၅

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပရိသတ်တွေဟာ ရော်နယ်ဒို လေ့ကျင့်မှုတွေ ပြုလုပ်တာမှာ ဝတ်ဆင်ထားတဲ့ ဘောင်းဘီတိုကြောင့် အသင်းမှာပဲ ဆက်ရှိတော့မယ်လို့ ပိုမို ယုံကြည်လာပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုထားပြီး မိသားစုကိစ္စ အကြောင်းပြကာ ရာသီကြို လေ့ကျင့်မှု အစီအစဉ်တွေကို လာရောက် ပူးပေါင်းခြင်း မရှိသေးတာပါ။

အဲ့ဒါကြောင့် ထိုင်း၊ သြစတြေးလျကို သွားရောက်ခဲ့တဲ့ အသင်းရဲ့ လူစာရင်းမှာ မပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုကို ခေါ်ယူဖို့ အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒတ်စ်က ချယ်လ်ဆီး၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ် အသင်းတွေ အပါအဝင် အသင်းတချို့နဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် အဆိုပါထိပ်သီး ၃ သင်းစလုံးက ရော်နယ်ဒိုကို ခေါ်ယူခွင့်ရမယ့် အခွင့်အရေးတွေကို ငြင်းဆန်ခဲ့ ကြပါတယ်။ ပေါ်တူဂီ ကစားသမားကို ခေါ်ယူဖို့ ဆော်ဒီကလပ် ၁ သင်းက တစ်ပတ်လုပ်ခ ပေါင် ၂ သန်းနဲ့ ကမ်းလှမ်းမှုကိုတော့ ကစား သမားက ပယ်ချခဲ့တာပါ။

ဒီလို သတင်းတွေ ထွက်ပေါ်နေချိန်မှာ ရော်နယ်ဒို ဟာ လေ့ကျင့်မှုတွေ ပြုလုပ်နေပြီး သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာကို ထိန်းသိမ်းထား တဲ့ပုံကို လှုမှုကွန်ယက်ပေါ် တင်ခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒို ဟာ ဒီလို လေ့ကျင့်မှု ပြုလုပ်တာမှာ ပြီးခဲ့တဲ့ ရာသီက ယူနိုက် တက်အသင်းရဲ့ လေ့ကျင့်ရေး ဘောင်းဘီတိုကို ဝတ်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။

 

ရော်နယ်ဒို လေ့ကျင့်ခန်း လုပ်နေပြီး၊ နည်းပြ အဲရစ်တန်ဟတ်၊ မန်ယူအသင်းသားများ လေ့ကျင့်ခန်းဆင်းနေ

ဒီအချိန်မှာ ပရိသတ်တွေ အားလုံးက ရော်နယ်ဒို ယူနိုက်တက်မှာပဲ ဆက်ရှိမယ်လို့ ယုံကြည်ခဲ့ကြတာ ဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက “ရော်နယ်ဒိုက ယူနိုက်တက် ဘောင်းဘီတိုနဲ့ သူဒီမှာ ဆက်ရှိမှာပါ”လို့ ရေးသားခဲ့ပြီး နောက်တစ်ဦး ကလည်း “ရော်နယ်ဒို ယူနိုက်တက်မှာ သေချာပေါက် ဆက်ရှိတော့မယ်”လို့ မှတ်ချက်တွေ ရေးသားခဲ့ကြတာပါ။

ရော်နယ်ဒိုဟာ အောင်မြင်မှုတွေ ရယူချင်တာကြောင့် အသင်းကနေ ထွက်ခွာချင်တဲ့ ဆန္ဒရှိနေပေမယ့် ယူနိုက်တက်ကတော့ ရောင်းချမှာ မဟုတ်ဘူးလို့ ပြောထားခဲ့ပါတယ်။ ဒါ့အပြင် နည်းပြ အဲရစ်တန်ဟတ်ကလည်း ရာသီကြိုခရီးစဉ် မတိုင်ခင် ပြုလုပ် ထားတဲ့ သတင်းစာ ရှင်းလင်းပွဲတွေမှာ ရော်နယ်ဒိုကို ရောင်းချမှာ မဟုတ်ဘဲ သူ့ရဲ့ အစီအစဉ်မှာ ပါဝင်တယ်ဆိုတဲ့ အကြောင်း ဖြေဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ် နွေရာသီကမှ ယူနိုက်တက်အသင်းထံ ပြန်ရောက်ရှိလာတဲ့ ရော်နယ်ဒို ဟာ မနှစ်က ရာသီက ပြိုင်ပွဲစုံ ၂၄ ဂိုး သွင်း ယူခဲ့ပြီး အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ပေါ်တူဂီ အသင်းခေါင်းဆောင်နဲ့ ယူနိုက်တက် တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၁ နှစ် ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။

Source: The Sun

 

 

 

Share
Tweet
Share
Share
powered by social2s

အန်ဒရီဂါဗယ်လ်အိုနဲ့ အောင်လအန်ဆန်း ONE Championship အထူးပွဲထိုးမည်

By CNI
CNI
Category: အားကစား
Hits: 2781


CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၅

မြန်မာပြည်ဖွား တိုက်ခိုက်ရေးသမား အောင်လအန်ဆန်းဟာ ONE Championship က စီစဉ်တဲ့ အထူးပွဲစဉ်အဖြစ် ဘရာဇီးလ်သား နပန်းချန်ပီယံ အန်ဒရီဂါဗယ်လ်အိုနဲ့ ထိုးသတ်မယ်လို့ သိရပါတယ်။

လေးချီထိုးသတ်ရမယ့် အထူးပွဲစဉ်မှာ ပထမအချီနဲ့ တတိယအချီက MMA စည်းမျဉ်းတွေနဲ့ ထိုးသတ်ရမှာဖြစ်ပြီး ဒုတိယအချီနဲ့ စတုတ္တအချီကတော့ နပန်းစည်းမျဉ်းနဲ့ ထိုးသတ်ရမယ်လို့ ONE Championship က ထုတ်ပြန် ထားတာပါ။ဒီအထူးပွဲကို ဘယ်နေ့မှာ ထိုးသတ်မလဲဆိုတာကိုတော့ ကြေညာထားခြင်း မရှိသေးပါဘူး။ အောင်လ အန်ဆန်းကတော့ “ဘယ်အချိန်ထိုးသတ်ရမလဲဆိုတာသာ ပြောလိုက်ပါ”လို့ သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားထား တာဖြစ်ပါတယ်။

အောင်လအန်ဆန်းဟာ မကြာသေးခင်က သူ့ရဲ့ ပိုကောင်းတဲ့ပုံစံအသစ်ကို မြင်တွေ့ရဖို့ ရှိတယ်လို့ ကြုံးဝါးထား သလို နပန်းပညာရပ်ကိုလည်း သင်ကြားနေခဲ့တာပါ။ONE Championship ဝိတ်တန်း ၂ ခုချန်ပီယံဟောင်းဖြစ်တဲ့ အောင်လအန်ဆန်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဘစ်ဒက်ရှ်ကို အရေးနိမ့်ပြီးကတည်းက ပြိုင်ပွဲတွေနဲ့ ဝေးကွာ နေပြီး လေ့ကျင့်မှုတွေကိုသာ ပြင်းပြင်းထန်ထန် ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။အောင်လအန်ဆန်းဟာ ဒီပြိုင်ပွဲမှာ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်တွေ ရရှိခဲ့ပေမယ့် ရိုင်နီယာကို အရေးနိမ့်ပြီး ချန်ပီယံဆုတွေကို လက်လွှတ်ခဲ့ရတာပါ။

အန်ဒရီဂါဗယ်လ်အိုကတော့ အခုနှစ် မတ်လကမှ ONE Championship ပြိုင်ပွဲရဲ့ အထူးပွဲစဉ်အဖြစ် ရိုင်နီယာနဲ့ နပန်းပွဲစဉ်အဖြစ် ထိုးသတ်ခဲ့ပါတယ်။ဒီပွဲမှာ နှစ်ဦးစလုံအရှုံးအနိုင်မပေါ်တာကြောင့် သရေပွဲဖြစ်ခဲ့တာပါ။အသက် ၃၉ နှစ်အရွယ်ရှိ အန်ဒရီဂါဗယ်လ်အိုဟာ ကမ္ဘာ့နပန်းချန်ပီယံဆုအများအပြားကို ရယူထားနိုင်ခဲ့ပြီး ရှုံးပွဲအနည်းငယ် သာရှိခဲ့ကာ မှတ်တမ်းကောင်းတွေကို ပိုင်ဆိုင်ထားခဲ့တာလည်း ဖြစ်ပါတယ်။ အန်ဒရီဂါဗယ်လ်အိုဟာ MMA ပွဲစဉ် တွေလည်း ယှဉ်ပြိုင်ထိုးသတ်ခဲ့သေးတာပါ။

သူဟာ MMA ပွဲစဉ်ပေါင်း ၇ ပွဲထိုးသတ်ခဲ့ပြီး ၅ ပွဲအနိုင် ၂ ပွဲရှုံးနိမ့်ခဲ့ပြီး နောက်ဆုံးထိုးသတ်ခဲ့တာမှာ ၂၀၁၀ က ဖြစ်တဲ့အတွက် ပွဲနဲ့ အနည်းငယ်ဝေးနေခဲ့တာဖြစ်ပါတယ်။အောင်လအန်ဆန်းကတော့ MMA ပွဲစဉ်ပေါင်း ၄၁ ပွဲ ထိုးသတ်ထားပြီး ၂၇ ပွဲအနိုင်ရကာ ၁၃ ပွဲရှုံးနိမ့်ထားတာဖြစ်ပါတယ်။

 

 

 

Share
Tweet
Share
Share
powered by social2s
  • 54
  • 55
  • 56
  • 57
  • 58
  • 59
  • 60
  • 61
  • 62
  • 63

Page 59 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar