CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ဂိုးပေါင်း ၉၀ ကျော် ရလဒ်တွေနဲ့ ပွဲစဉ်များ ဆီရီယာလီယွန်အက်ဖ်အေ စုံစမ်းစစ်ဆေး

By CNI
CNI
Category: အားကစား
Hits: 1607

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၆

ဆီရီယာလီယွန်အက်ဖ်အေဟာ စုစုပေါင်း သွင်းဂိုး ၁၈၇ ဂိုးသွင်းယူခဲ့တဲ့ မယုံနိုင်စရာကောင်းလောက်တဲ့ ပွဲစဉ် နှစ်ပွဲရဲ့ရလဒ်ကို စုံစမ်းစစ်ဆေးနေတာဖြစ်ပါတယ်။

ဒုတိယတန်းပွဲစဉ်နှစ်ပွဲဖြစ်တဲ့ ကာနီမာအခြေစိုက် ကာဟူအန်လာရိန်းဂျားစ်နဲ့ ဂေါ့ဖ်အက်ဖ်စီတို့ဟာ တနင်္ဂနွေနေ့က ပရီးမီးယားလိဂ်ခြေစစ်ပွဲမှာ သူတို့ရဲ့ မြို့ခံပြိုင်ဘက်တွေကို ကြီးကြီးမားမား အနိုင်ယူခဲ့တာပါ။ ကာကူအန်လာ အသင်းက လမ်ဘီဘူယူနိုက်တက်ကို ၉၅ ဂိုး- ဂိုးမရှိ၊ ဂေါ့ဖ်အသင်းက ကိုကွီမာလက်ဘနွန်အသင်းကို ၉၁ ဂိုး- ၁ ဂိုးနဲ့အနိုင်ရခဲ့ပြီး ဆီရီယာလီယွန်ဘောလုံးသမိုင်းရဲ့ အကြီးမားဆုံးနိုင်ပွဲတွေအဖြစ် စံချိန်မှတ်တမ်းတင်ခဲ့ပါတယ်။

ဒီပွဲနှစ်ပွဲစလုံးရဲ့ ပထမပိုင်းမှာ ၂ ဂိုး- ဂိုးမရှိ၊ ၇ ဂိုး- ၁ ဂိုးဆိုတဲ့ ရလဒ်တွေကနေ ဒုတိယပိုင်းပွဲအပြီးမှာ ၉၅ ဂိုး-ဂိုးမရှိ၊ ၉၁ ဂိုး-၁ ဂိုး ဆိုတဲ့ ရလဒ်တွေကြောင့် လုပ်ပွဲသံသယရှိတဲ့အတွက် ဒီပွဲတွေရဲ့ ရလဒ်တွေကို ပယ်ဖျက်လိုက်တာပါ။

ဆီရီယာလီယွန်အက်ဖ်အေဥက္ကဋ္ဌ ဘရီမာက “ကျနော်တို့ ဒါနဲ့ပတ်သက်ပြီး ချက်ချင်းဆိုသလို စုံစမ်းစစ်ဆေးမှုတွေ စတင်နေကာ ဒီပွဲတွေရဲ့ တာဝန်ရှိသူတွေ အားလုံးကို စာရင်းပြုစုထားပါတယ်။ပြစ်မှုထင်ရှားတဲ့သူတွေအားလုံးကို ဆီရီယာလီယွန်အက်ဖ်အေရဲ့ ဥပဒေတွေနဲ့ အညီအရေးယူသွားမှာပါ။နိုင်ငံရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကိုလည်း လွှဲပေးမယ်”လို့ BBC Sport Africa ကို ပြောခဲ့ပါတယ်။

ကာဟူအန်လာရိန်းဂျားစ်အသင်းရဲ့ အမှုဆောင်အရာရှိချုပ်က အားကစားမဆန်တဲ့ အပြုအမူကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့တာပါ။လမ်ဘီဘူအသင်းက အထွေထွေမန်နေဂျာကတော့ လုပ်ပွဲဆိုတာမျိုးကို သတိမထားမိဘူးလို့ ပြောခဲ့ပါတယ်။ကိုကွီမာလက်ဘနွန်အသင်း ဥက္ကဋ္ဌက သူ့အသင်းပါဝင်တဲ့ပွဲဟာ အမှန်တကယ်ခြေစမ်းပွဲလို့ ပြောခဲ့ ပြီး ဂေါ့ဖ်အသင်းကတော့ မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့တာပါ။

ဆီရီယာလီယွန်အက်ဖ်အေကတော့ ဒီနှစ်ပွဲမှာ ပါဝင်တဲ့ ကလပ်အသင်း ၄ သင်းက ကစားသမားတွေနဲ့ တာဝန်ရှိသူ တွေ၊သတ်မှတ်ထားတဲ့ ပြိုင်ပွဲတာဝန်ရှိသူတွေအားလုံးနဲ့ အရှေ့ပိုင်းဒေသမှာရှိတဲ့ အဖွဲ့ချုပ်ကို စုံစမ်းစစ်ဆေးမယ်လို့ ပြောခဲ့ပါတယ်။ဒီလိုလုပ်ပွဲကစားတဲ့ ဖြစ်စဉ်တွေအပေါ်မှာ သည်းခံသွားမှာမဟုတ်ဘူးလို့လည်း ပြောခဲ့တာ ဖြစ်ပါတယ်။

Source:BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဆွန်ဟောင်မင် ဂျာမနီအသင်းဘက်ကို ၂၀၁၈ က ဂိုးသွင်းနေစဉ် (FIFA)

လူမျိုးရေးခွဲခြားခဲ့တဲ့ ဂျာမနီကို လက်စားပြန်ချေခဲ့ကြောင်း ဆွန်ဟောင်မင် ဖွင့်ဟ

By CNI
CNI
Category: အားကစား
Hits: 1507

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၆

စပါးအသင်းကြယ်ပွင့် ဆွန်ဟောင်မင်ဟာ ဆယ်ကျော်သက်ဘဝက ဂျာမနီမှာ ကစားခဲ့တဲ့ အချိန်အတွင်း လူမျိုးရေးခွဲခြားမှုနဲ့ ကြုံတွေ့ခဲ့ရပေမယ့် ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဒါကို လက်စားပြန်ချေနိုင်ခဲ့လို့ ပျော်ရွှင်ကြောင်း ပြောပါတယ်။

ဆွန်ဟောင်မင်ဟာ တနင်္လာနေ့က ဆိုးလ်မှာရှိတဲ့ ပွဲတစ်ခုမှာ ပရိသတ်တွေနဲ့ စကားပြောနေချိန် လူမျိုးရေး ခွဲခြားခံရတဲ့ အတွေ့အကြုံတွေကို ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

ဆွန်ဟောင်မင်က “ကျနော် ငယ်ရွယ်တဲ့ အချိန်တုန်းက ဂျာမနီကို ပြောင်းခဲ့ပြီး အဲ့ဒီမှာ တကယ်ခက်ခဲခဲ့သလို မထင်မှတ်ထား တဲ့ အခိုက်အတန့်တွေကို ဖြတ်သန်းခဲ့ရပါတယ်။ ကျနော်လူမျိုးရေး ခွဲခြားမှု အများကြီးနဲ့ ကြုံတွေ့ခဲ့ရတာပါ။ ဒီလိုခက်ခဲတဲ့ အချိန်တွေကို ဖြတ်ကျော်ရင်းနဲ့ တစ်နေ့မှာ လက်စားပြန်ချေရမယ်ဆိုတဲ့ အတွေးတွေ အများကြီး ရှိခဲ့တယ်”လို့ ပြောပါတယ်။

ဆွန်ဟောင်မင်ဟာ ၂၀၀၈ မှာ တောင်ကိုရီးယားကနေ ထွက်ခွာခဲ့ပြီး ဂျာမနီကလပ် ဟမ်းဘတ် လူငယ်အသင်းကို ရောက်ရှိခဲ့ပါ တယ်။

ဟမ်းဘတ် လူငယ်အသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် အသင်းကြီးထံ ခေါ်ယူခံခဲ့ရပြီး ၂၀၁၀ ကနေ ၂၀၁၃ အထိ ကစားခဲ့ ပါတယ်။ အဲ့ဒီနောက် ဂျာမနီကလပ် လေဗာကူဆင် အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၅ မှာတော့ ကစားသမားဘဝ အတောက်ပ ဆုံး ဖြစ်လာတဲ့ စပါးအသင်းဆီ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

ဆွန်ဟောင်မင် ဂျာမနီမှာ ကစားခဲ့စဉ် (Bundesliga)

ဂျာမနီကို လက်စားချေချင်တဲ့ ဆွန်ဟောင်မင်ရဲ့ ဆန္ဒတွေဟာ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ပြည့်ဝခဲ့ပါတယ်။ အဲ့ဒီတုန်းက ကမ္ဘာ့ ဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ ဂျာမနီနဲ့ တောင်ကိုရီးယားတို့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး ဆွန်ဟောင်မင်က ဂျာမနီအသင်း ကမ္ဘာ့ဖလားက ထွက်ခွာစေမယ့် အဖိုးတန်သွင်းဂိုးကို နာကျင်အချိန်ပိုမှာ သွင်းယူခဲ့ပါတယ်။

ဂျာမနီအသင်း အုပ်စုက ထွက်ခဲ့ရတာကြောင့် ပရိသတ်တွေဟာ ငိုကြွေးခဲ့ကြပါတယ်။

ဆွန်ဟောင်မင်က “လူတွေ ငိုကြွေးနေတဲ့ အချိန်မှာ သူတို့ကို ပွေ့ဖက်ပြီး နှစ်သိမ့်ပေးချင်တာပါ။ ဒါပေမယ့် ဂျာမန်လူမျိုးတွေ ငိုကြွေးနေတာကို ကြည့်ရင်း ကျနော်ကြိုက်တဲ့ အရာတစ်ခုကို လုပ်လိုက်ရသလို လက်စားချေနိုင်ခဲ့တယ်လို့ ခံစားရကြောင်း” ပြောပါတယ်။

ဆွန်ဟောင်မင်ဟာ ပရီးမီးယားလိဂ်ကို ပြောင်းလာချိန်မှာလည်း လူမျိုးရေး ခွဲခြားမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။ ဒါပေမယ့် ဆွန်ဟောင်မင်ကတော့ ဒါတွေကို မမူဘဲ အကောင်းဆုံး ခြေစွမ်းပြ ဂိုးတွေသွင်းယူပြီး မနှစ်ကရာသီက ပရီးမီးယားလိဂ် ဂိုးသွင်း ရွှေဖိနပ်ဆုရ ပထမဆုံး အာရှကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

Source: Daily Mail

 

 

 

Share
Tweet
Share
Share
powered by social2s

ရုရှားအကျဉ်းထောင်မှ လွတ်မြောက်အောင်လုပ်ပေးဖို့ ဘိုင်ဒန်ကို ဂရိုင်နာ တောင်းဆို

By CNI
CNI
Category: Watch TV
Hits: 827

Share
Tweet
Share
Share
powered by social2s

အသင်းဟောင်း ချောင်ဘူရီထံ တစ်ရာသီစာချုပ်နဲ့ ပြန်ပြောင်းခဲ့တဲ့ ဇော်မင်းထွန်း

By CNI
CNI
Category: Watch TV
Hits: 788

Share
Tweet
Share
Share
powered by social2s

နည်းပြရာထူးရယူချင်လို့ အဲဗာတန်ကနေ ဒွန်ကန်ဖာဂူဆန် ထွက်ခွာ

By CNI
CNI
Category: အားကစား
Hits: 1635

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၅

အဲဗာတန်အသင်း လက်ထောက်နည်းပြ ဒွန်ကန်ဖာဂူဆန်က နည်းပြလမ်းပတ်ဟာ သူ့ကို အသင်းမှာ ဆက် နေခိုင်းခဲ့ပေမယ့် နည်းပြရာထူးကို ရယူချင်တဲ့အတွက် ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။

ဒွန်ကန်ဖာဂူဆန်က “ဒါဟာ ကျနော့်အတွက် ကြီးမားတဲ့ ဆုံးဖြတ်ချက်ပါ။ဒီလိုလုပ်ဆောင်ဖို့ ခက်ခဲခဲ့ပေမယ့် ကျနော့်ရဲ့ အသက်မွေးဝမ်းကျောင်းမှာ နောက်တစ်ဆင့်တက်ဖို့နဲ့ စိန်ခေါ်မှုအသစ်တွေ ရှာဖွေဖို့ လိုအပ်ပါ တယ်။ပြီးခဲ့တဲ့ရာသီက ခက်ခဲခဲ့ပေမယ့် ဒီအသင်းက လမ်းကြောင်းမှန်ပေါ်ကို ဦးတည်နေပါပြီ။လမ်းပတ်ကတော့ ကျနော့်ကို ဒီမှာဆက်နေစေချင်ခဲ့ပါတယ်။လမ်းပတ်က ကြီးကျယ်ခမ်းနားတဲ့သူဖြစ်သလို ကြီးကျယ်ခမ်းနားတဲ့ လူငယ်နည်းပြတစ်ဦးပါ။အဲဗာတန်အတွက် သူကောင်းမွန်စွာလုပ်ဆောင်နိုင်မယ်ဆိုတာ ယုံကြည်တယ်”လို့ ပြောခဲ့ပါတယ်။

ဒွန်ကန်ဖာဂူဆန်ဟာ ဂွတ်ဒီဆင်ပါ့ခ်မှာ အန်ဆယ်လော့တီ၊ဘင်နီတက်စ်နဲ့ အခုနည်းပြ လမ်းပတ်တို့ရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့တာပါ။ဒါ့အပြင် အသင်းနည်းပြသစ်မခန့်အပ်ရချိန်မှာ ယာယီနည်းပြ အဖြစ် နှစ်ကြိမ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ဒွန်ကန်ဖာဂူဆန်ဟာ နည်းပြဘဝ မစတင်ခင် အဲဗာတန်အသင်းနဲ့ အတူ အက်ဖ်အေဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ နာမည်ကျော်တိုက်စစ်မှူးတစ်ဦးလည်း ဖြစ်ခဲ့တာပါ။ဒွန်ကန်ဖာဂူဆန်ဟာ အဲဗာတန်အသင်းမှာ နှစ်ကြိမ်ကစားခဲ့ပြီး ၂၀၀၆ မှာ ကစားသမားဘဝကနေ အနားယူခဲ့တာဖြစ်ပါတယ်။

စကော့တလန်ကစားသမားဟောင်းဟာ အဲဗာတန်အသင်းအတွက် ၂၇၃ ပွဲပါဝင်ကစားခဲ့ပြီး ၇၃ ဂိုး သွင်းယူ နိုင်ခဲ့တာပါ။ဒွန်ကန်ဖာဂူဆန်က “ကျနော် ဒီကို ၁၉၉၄ မှာရောက်လာကတည်းက ပရိသတ်တွေက မယုံနိုင်လောက် အောင်ဖြစ်ခဲ့ပါတယ်။ကျနော်တို့မှာ ခိုင်မာတဲ့ သံယောစဉ်တွေရှိကြပါတယ်။ကျနော်တို့ရဲ့ ဆက်ဆံရေးက ထူးခြား ပြီး ဒါက ကျနော့်အတွက် ဘယ်လောက်အဓိပ္ပါယ်ရှိလဲဆိုတာ သူတို့သိပါတယ်။ကျနော် သူတို့ကို အမြဲတမ်း ချစ်နေမှာပါ”လို့ ပြောခဲ့ပါတယ်။

အဲဗာတန်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ရာသီမကုန်ဆုံးခင် တစ်ပွဲအလိုထိ တန်းဆင်းဇုန်ကနေ လွတ်မြောက်အောင် ရုန်းကန်ခဲ့ရပြီး နောက်ဆုံးမှာ အဆင့် ၁၆ နေရာနဲ့ ရာသီအဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Source:ChannelNewsAsia

 

 

 

Share
Tweet
Share
Share
powered by social2s

မုဒိမ်းမှုသံသယနဲ့ ပရီးမီးယားလိဂ်ဘောလုံးသမားတစ်ဦး ဖမ်းဆီးခံရ

By CNI
CNI
Category: အားကစား
Hits: 1277

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၅

အသက် ၂၉ နှစ်အရွယ်ရှိ ပရီးမီးယားလိဂ်ဘောလုံးသမားတစ်ဦးဟာ မုဒိမ်းမှုသံသယနဲ့ လန်ဒန်မြောက်ပိုင်းမှာ ဖမ်းဆီးခံလိုက်ရပါတယ်။

ဥပဒေအကြောင်းအရ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ လက်ရွေးစင်ကစားသမားတစ်ဦးရဲ့အမည်ကို ဖော်ပြလို့မရဘူးလို့ သိရပါတယ်။ပြီးခဲ့တဲ့လက ဖြစ်ပျက်ခဲ့တဲ့ ဒီအမှုနဲ့ပတ်သက်ပြီး လက်ရှိအချိန်မှာ သူ့ကို ရဲစခန်းမှာ စစ်ဆေးမေးမြန်း နေတာပါ။Metropolitan ရဲတပ်ဖွဲ့ က “အသက် ၂၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးကို မုဒိမ်းမှုကျူးလွန်ခဲ့ကြောင်း ဇူလိုင်လ ၄ ရက်က ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပါတယ်။ဒီ မုဒိမ်းမှုစွဲချက်ဟာ ၂၀၂၂ ခုနှစ် ဇွန်လမှာ ဖြစ်ပွားခဲ့တာလို့ သတင်းရထားကြောင်း” ထုတ်ပြန်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့က အဆိုပါအမျိုးသားကို မုဒိမ်းမှုသံသယနဲ့ ဘားနတ်မှာရှိတဲ့လိပ်စာတစ်ခုမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး သူ့ကို ချုပ်နှောင်ထားတာပါ။ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောထားပါတယ်။ တနင်္လာနေ့ မနက်အစောပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ပရီးမီးယားလိဂ် ဘောလုံးသမားဟာ အသက် ၂၉ နှစ် အရွယ်ရှိပြီဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ နောက်ထပ်ထုတ်ပြန်ချက်မှာ အတည်ပြုခဲ့တာပါ။

The Telegraph ကတော့ ကစားသမားရဲ့အသင်းဟာ အခြေအနေကို သိရှိပေမယ့် မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ တယ်လို့ ဖော်ပြခဲ့ပါတယ်။ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ကစားသမားဟာ နိုဝင်ဘာလမှာ စတင်မယ့် ကာတာ ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ ပါဝင်ဖို့ ရှိနေတယ်လို့ သတင်းတွေက အခိုင်အမာဖော်ပြခဲ့တာပါ။လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေဟာ ရာသီသစ်မစတင်ခင် ရာသီကြိုခြေစမ်းပွဲခရီးတွေထွက်ဖို့ ပြုလုပ်နေကြပြီး ဒီကစားသမား ပါဝင်နိုင်မလားဆိုတာ မသေချာသေးပါဘူး။

လာမယ့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို သြဂုတ်လ ၅ ရက်မှာ စတင်ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။

Source:Metro

 

 

 

Share
Tweet
Share
Share
powered by social2s
ဇော်မင်းထွန်းကို တွေ့ရစဉ် (Chonburi Football Club)

အသင်းဟောင်း ချောင်ဘူရီထံ တစ်ရာသီစာချုပ်နဲ့ ပြန်ပြောင်းခဲ့တဲ့ ဇော်မင်းထွန်း

By CNI
CNI
Category: အားကစား
Hits: 2328

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၅

မြန်မာ့လက်ရွေးစင် နောက်ခံလူဟောင်း ဇော်မင်းထွန်းကို ထိုင်းလိဂ် ၁ ကလပ် ချောင်ဘူရီအသင်းက တစ်ရာသီ စာချုပ်နဲ့ ပြန်လည် ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

ဇော်မင်းထွန်းရဲ့ အပြောင်းအရွှေ့အတွက် အသင်း ၃ သင်းလောက်နဲ့ စကားပြောဆိုမှုတွေ ရှိခဲ့ပေမယ့် ကစားသမား ကိုယ်တိုင် က ချောင်ဘူရီနဲ့ ပြန်လည် လက်တွဲချင်တာကြောင့် စာချုပ် ချုပ်ဖြစ်ခဲ့တာလို့ အေးဂျင့်ဖြစ်သူ ကိုရဲနိုင်ဝင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေးသား ခဲ့ပါတယ်။

ဇော်မင်းထွန်းဟာ ထိုင်းလိဂ် အတွေ့အကြုံရှိပြီးသား ကစားသမားဖြစ်တဲ့အတွက် ချောင်ဘူရီအသင်းမှာ အဆင်ပြေနိုင်မယ်လို့ မျှော်လင့်ကြောင်း ထိုင်းကလပ်ရဲ့ နည်းပြဖြစ်သူက ပြောပါတယ်။

ချောင်ဘူရီအသင်းဟာ ဇော်မင်းထွန်းရဲ့ ပထမဆုံး ပြည်ပကလပ်ဖြစ်ပြီး ရန်ကုန်ယူနိုက်တက်က ထွက်ပြီးနောက် ၂၀၁၉ မှာ ပြောင်းရွှေ့လာခဲ့တာပါ။ ဇော်မင်းထွန်းကတော့ အသင်းဟောင်းနဲ့ ပြန်လည် လက်တွဲခွင့်ရလို့ ပျော်ရွှင်နေပါတယ်။

ချောင်ဘူရီအသင်းနဲ့ တစ်နှစ်စာချုပ်ချုပ်လိုက်တဲ့ ဇော်မင်းထွန်း (Chonburi Football Club)

“စိတ်ဝင်စားစရာကောင်းတဲ့ ကမ်းလှမ်းမှုတွေ အများကြီးရှိခဲ့ပေမယ့် အိမ်ပြန်ဖို့ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် အိမ်ကို အရမ်းလွမ်းနေလို့ပါ။ အိမ်ပြန်ရောက်တာ အလွန်ဝမ်းသာတယ်”လို့ ဇော်မင်းထွန်းက ပြောပါတယ်။

ဇော်မင်းထွန်းဟာဆိုရင် ၂၀၁၉ ရာသီတုန်းက ချောင်ဘူရီအသင်းအတွက် ပွဲပေါင်း ၂၀ ပါဝင်ကစားခဲ့ပြီး ၁ ဂိုး သွင်းယူခဲ့ပါတယ်။

၂၀၂၀-၂၁ ရာသီမှာတော့ ဆူခိုထိုင်းအသင်းထံ ပြောင်းရွှေ့ခဲ့ပြီး မနှစ်က ရာသီမှာတော့ ထရက်အသင်းထံ ပြောင်းခဲ့တာ ဖြစ်ပါ တယ်။

ပြီးခဲ့တဲ့ရာသီက ထိုင်းလိဂ် ၂ ကလပ် ထရက်အသင်းမှာ ဇော်မင်းထွန်း ကစားခဲ့တာဖြစ်ပြီး အသင်းဟာ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် တန်းတက်ခွင့် ပလေးအော့ဖ် ပွဲစဉ်ကစားခဲ့ရပေမယ့်လည်း အရေးနိမ့်ခဲ့လို့ လာမယ့်ရာသီ ထိုင်းလိဂ်မှာ ဆက်ပြီး ကစားရမှာ ဖြစ်ပါတယ်။

ချောင်ဘူရီအသင်းဟာ ပြီးခဲ့တဲ့ရာသီ ထိုင်းလိဂ် ၁ ပြိုင်ပွဲမှာ အဆင့် ၇ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာကြောင့် လာမယ့်ရာသီ ဒီထက်ပိုမြင့်မားတဲ့ အဆင့်မှာ ရပ်တည်ပြီး အောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက် အခုကတည်းက ပြင်ဆင်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

 

 

 

Share
Tweet
Share
Share
powered by social2s

ရုရှားအကျဉ်းထောင်မှ လွတ်မြောက်အောင်လုပ်ပေးဖို့ ဘိုင်ဒန်ကို ဂရိုင်နာ တောင်းဆို

By CNI
CNI
Category: အားကစား
Hits: 1310

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၅

အမေရိကန်ဘတ်စကတ်ဘော ကြယ်ပွင့် ဘရစ်တနီဂရိုင်နာက ရုရှားအကျဉ်းထောင်ကနေ လွတ်မြောက်အောင် လုပ်ပေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို တနင်္လာနေ့က လက်ရေးနဲ့ စာရေးသားပြီး တောင်းဆိုလိုက်ပါတယ်။

ဘရစ်တနီဂရိုင်နာက “ရုရှားအကျဉ်းထောင်မှာ ထိုင်နေရင်းနဲ့ ဇနီး၊မိသားစု၊သူငယ်ချင်းတွေ၊အိုလံပစ်ဂျာစီ ဒါမှမဟုတ် ဘယ်လိုအောင်မြင်မှုတွေကို အကာအကွယ်မပါဘဲ ဒီမှာ တစ်ဦးတည်းတွေးနေခဲ့ပါတယ်။ဒီမှာပဲ ထာဝရရှိနေမှာကို ကြောက်မိတယ်”လို့ ရေးသားခဲ့တာပါ။

အိုလံပစ် နှစ်ကြိမ်ချန်ပီယံ ဘရစ်တနီဂရိုင်နာဟာ မူးယစ်ဆေးဝါးမှောင်ခိုမှု စွဲချက်နဲ့ ဖေဖော်ဝါရီလကတည်းက ရုရှားမှာ ထိန်းသိမ်းခံထားရတာပါ။သူမ ဘယ်တော့မှမလွတ်မြောက်နိုင်မှာကို ကြောက်မိတယ်လို့ ဂျိုးဘိုင်ဒန်ကို ပြောခဲ့တာဖြစ်ပါတယ်။

ဘရစ်တနီဂရိုင်နာဟာ ရုရှားနိုင်ငံအတွင်းကို ဆေးခြောက်ဆီခိုးသွင်းရန် ကြိုးစားမှုနဲ့ သောကြာနေ့က ရုံးတင်စစ်ဆေးခံခဲ့ရတာပါ။သူမဟာ ဒီပြစ်မှုနဲ့ ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။သူမရဲ့အမှုနဲ့ပတ်သက်ပြီး လာမယ့် ကြာသပတေးနေ့မှာ ကြားနာဖို့ စီစဉ် ထားတာပါ။

အမေရိကန်အစိုးရတာဝန်ရှိသူတွေကတော့ ဘရစ်တနီဂရိုင်နာကို ရုရှားက မတရားဖမ်းဆီးထားတယ်လို့ ပြောခဲ့ပါ တယ်။ဘရစ်တနီဂရိုင်နာဟာ ရုရှားတပ်တွေက ယူကရိန်းထံ ကျူးကျော်ဖို့ ရက်ပိုင်းအလိုမှာ ဖမ်းဆီးထိန်းသိမ်းခံ ခဲ့ရတာပါ။

ဂရိုင်နာကတော့ အမေရိကန်သမ္မတအနေနဲ့ ကိုင်တွယ်နေတဲ့ ကိစ္စရပ်အများအပြား ရှိတယ်ဆိုတာ နားလည်ပေမယ့် သူမနဲ့ ရုရှားမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အခြားအမေရိကန်နိုင်ငံသားတွေကို မမေ့ဖို့ ပြောခဲ့ပါတယ်။

ဘရစ်တနီဂရိုင်နာက “အလုပ်တွေအများကြီးလုပ်ကိုင်နေရတယ်ဆိုတာ နားလည်ပါတယ်။ကျေးဇူးပြုပြီးတော့ သူနဲ့အတူ အခြားအမေရိကန်အကျဉ်းသားတွေကို မမေ့ပါနဲ့။အားလုံးကို အိမ်ပြန်ခေါ်နိုင်ဖို့ တတ်နိုင်သမျှ လုပ်ဆောင်ပေးပါ။၂၀၂၀ မှာ ပထမဆုံးအကြိမ်မဲပေးခဲ့ပြီး သင့်ကို မဲပေးခဲ့တာပါ။ဇနီး၊မိသားစုနဲ့ အသင်းဖော်တွေ အားလုံးကို လွမ်းတယ်။ဒီအချိန်မှာ ဘယ်လိုပဲလုပ်လုပ် အိမ်ပြန်ပို့ပေးမယ်ဆိုရင် ကျေးဇူးတင်ပါတယ်”လို့ ရေးသား ခဲ့တာဖြစ်ပါတယ်။

ဘရစ်တနီဂရိုင်နာ ရေးသားထားတဲ့စာကို အမေရိကန်လွတ်လပ်ရေးနေ့ အားလပ်ရက်မှာ အိမ်ဖြူတော်ထံ တင်ပြ ခဲ့တယ်လို့ သိရပါတယ်။

Source:Bangkokpost

 

 

 

 

Share
Tweet
Share
Share
powered by social2s

အဲရစ်တန်ဟတ်နဲ့ အရေးတကြီး ဆွေးနွေးမှုတွေ ပြုလုပ်မယ့် ရော်နယ်ဒို

By CNI
CNI
Category: Watch TV
Hits: 828

Share
Tweet
Share
Share
powered by social2s

အူဒုံဌာနီနဲ့ အောင်ကောင်းမာန် တစ်ရာသီသက်တမ်းတိုး

By CNI
CNI
Category: Watch TV
Hits: 901

Share
Tweet
Share
Share
powered by social2s
အာဆင်နယ်အသင်းကို ရောက်လာတဲ့ ဂျီးဆပ်စ် (Arsenal)

မန်စီးတီးတိုက်စစ်မှူး ဂျီးဆပ်စ်ကို ခေါ်ယူနိုင်ခဲ့ပြီလို့ အာဆင်နယ် ကြေညာ

By CNI
CNI
Category: အားကစား
Hits: 2207

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၄

အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်း တိုက်စစ်မှူး ဂျီးဆပ်စ်ကို ပေါင် ၄၅ သန်းနဲ့ ၅ နှစ် စာချုပ်ချုပ်ကာ ခေါ်ယူလိုက်ပြီလို့ တရားဝင် ကြေညာလိုက်ပါတယ်။

မြောက်လန်ဒန်ကလပ်ဟာ ဘရာဇီးလ် ကစားသမားကို ကြိုဆိုနေတဲ့ ဗွီဒီယိုနဲ့အတူ ဇူလိုင် ၄ ရက်မှာ ဒီအပြောင်းအရွှေ့ကို ကြေညာခဲ့တာပါ။ ဂျီးဆပ်စ်ဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းထံ ရောက်ရှိလာတဲ့ စတုတ္တမြောက် ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဂျီးဆပ်စ် မတိုင်ခင် ဖာဘီယိုဗီအဲရာ၊ မာကွင်ဟိုစ်နဲ့ မတ်တာနာတို့ကို ခေါ်ယူခဲ့ပါတယ်။ ဂျီးဆပ်စ်ကို ခေါ်ယူဖို့ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ ကြိုးပမ်းခဲ့တာမှာ ကစားသမားက အာဆင်နယ်ကို လာရောက်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါ တယ်။

ဂျီးဆပ်စ်ဟာဆိုရင် အာဆင်နယ်အသင်းမှာ ကျောနံပတ် ၉ ဂျာစီကို ဝတ်ဆင်သွားမှာပါ။

အာဆင်နယ်အသင်းနဲ့ လက်မှတ်ထိုးနေတဲ့ ဂျီးဆပ်စ် (Arsenal)

ဂျီးဆပ်စ်က “ အွန်နရီကြောင့် ငယ်ငယ်လေး ကတည်းက အာဆင်နယ်ကို သဘောကျခဲ့ပါတယ်။ ကျနော် အာဆင်နယ်အသင်း နဲ့ ပြိုင်ဘက်တွေအဖြစ် ကစားတဲ့ အချိန်မှာ အီးမရိတ်စ်ကို ကြည့်ရင်း အလွန်ကောင်းတဲ့ ကွင်းဖြစ်တာကြောင့် ဒီမှာ ကစားရ တာ အလွန် စိတ်လှုပ်ရှား မိပါတယ်။ ဒီလိုကြီးမားတဲ့ ကလပ်နဲ့ လတ်မှတ်ထိုးရလို့ ပျော်ရွှင်မိပါတယ်။ အာဆင်နယ်အတွက် ကစားပေးရတော့မယ်ဆိုတာ သိတဲ့နေ့ကတည်းက ကျနော်ပျော်ရွှင်ခဲ့တာပါ။ ဒီမှာ ရှိတဲ့ ဝန်ထမ်းတွေရော ကစားသမား တချို့ ကိုရော ကျနော်သိပါတယ်”လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဂျီးဆပ်စ်က “ဒီမှာ ထိပ်တန်းအဆင့်ရှိတဲ့ ကစားသမားတွေ အများကြီး ရှိပါတယ်။ သူတို့က ငယ်ရွယ်သလို ကျနော် လည်း ငယ်ရွယ်ပါတယ်။ ဒါကြောင့် ကူညီပေးနိုင်ဖို့အတွက် ဒီကိုလာရလို့ ကျနော် အလွန်ပျော်ပါတယ်။ ကူညီဖို့၊ သင်ယူဖို့နဲ့ အစွမ်းကုန် ကြိုးစားဖို့ ဒီကိုလာခဲ့တာပါ”လို့ အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကို ပြောပါတယ်။

ဂျီးဆပ်စ်ဟာ အာဆင်နယ်အသင်းမှာ မကြာသေးခင်ကမှ သက်တမ်းတိုး စာချုပ်ချုပ်ထားတဲ့ အန်ကိတ်တီယာ၊ ဘရာဇီးလ် အသင်းဖော် မာတင်နယ်လ်တို့နဲ့ တိုက်စစ်မှာ တွဲဖက်ကစားရမှာ ဖြစ်ပါတယ်။

ဘရာဇီးလ်တိုက်စစ်မှူး အနေနဲ့ မန်စီးတီးမှာ လက်တွဲခဲ့တဲ့ အာတီတာနဲ့ အာဆင်နယ်အသင်းမှာ ပြန်လည်လက်တွဲ အလုပ် လုပ်ကိုင်ရတော့မှာ ဖြစ်ပါတယ်။
ဂျီးဆပ်စ်ဟာဆိုရင် မန်စီးတီးအသင်းမှာ ကစားခဲ့တဲ့ ၆ နှစ်တာအတွင်းမှာ ပွဲပေါင်း ၂၃၆ ပွဲ ကစားခဲ့ပြီး ၉၅ ဂိုး သွင်းယူနိုင်ခဲ့ သလို ဆုဖလားအောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ မကြာသေးခင်က ရာသီကြို ခြေစမ်းပွဲအဖြစ် အစ်စဝှစ်ချ်အသင်းနဲ့ ကစားခဲ့ရာ ၅ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရထားပါတယ်။

Source: Daily Mail

 

 

 

Share
Tweet
Share
Share
powered by social2s
တိုင်ဆန်ဗျူရီနဲ့ အန်သိုနီဂျိုရွှာ (The Mirror)

အူဆက်ခ်နဲ့ မကျေပွဲအတွက် တိုင်ဆန်ဗျူရီရဲ့ အကူအညီကို မယူဘူးလို့ ဂျိုရွှာပြော

By CNI
CNI
Category: အားကစား
Hits: 1931

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၄

အန်သိုနီဂျိုရွှာက အူဆက်ခ်နဲ့ မကျေပွဲအတွက် လေ့ကျင့်မှုတွေ ပြုလုပ်ပေးဖို့ တိုင်ဆန်ဗျူရီရဲ့ ကမ်းလှမ်းချက်ကို ပယ်ချလိုက် ပါတယ်။

အန်သိုနီဂျိုရွှာက “ကျနော် သူ့ဆီကနေ သင်ယူစရာ တစ်ခုခု ရှိသေးလားဆိုရင်တော့ ရိုးရိုးသားသား ပြောရရင် မရှိပါဘူး။ လုံးဝ ကို မရှိတာပါ။ အနားယူပြီးသားသူ အနေနဲ့ ဘီယာသောက်၊ အပန်းဖြေပြီး လိုအပ်နေတဲ့ သူတချို့ကို ကူညီလိုက်ပါ။ သူက အလွန် စိတ်ဝင်စားဖို့ကောင်းတဲ့ စရိုက်လက္ခဏာ ရှိပါတယ်။ ဒါပေမယ့် သူ့ အကူအညီကိုတော့ ကျနော်ယူမှာ မဟုတ်ပါဘူး။ ကျနော့် အလုပ်ကို ကျနော် အကောင်းဆုံး လုပ်ခဲ့သလို သူလည်း သူ့အလုပ်ကို အကောင်းဆုံး လုပ်ခဲ့ပါတယ်။ သူဘာပဲလုပ်လုပ် ကံကောင်းပါစေ”လို့ The Mirror ကို ပြောခဲ့ပါတယ်။

အန်သိုနီဂျိုရွှာဟာ ပြီးခဲ့တဲ့နှစ် လန်ဒန်မှာ အူဆက်ခ်ကို အရေးနိမ့်ခဲ့တဲ့အတွက် IBF, WBO နဲ့ WBA ဟဲဗီးဝိတ်ချန်ပီယံ ခါးပတ် တွေကို ဆုံးရှုံးခဲ့ရတာပါ။ အဲ့ဒါကြောင့် ချန်ပီယံခါးပတ်တွေ ပြန်ရယူနိုင်ဖို့ သြဂုတ် ၂၀ ရက်မှာ မကျေပွဲအဖြစ် ပြန်လည် ထိုးသတ်မှာ ဖြစ်ပါတယ်။

အန်သိုနီဂျိုရွှာနဲ့ အူဆက်ခ် (Sky Sports)

အန်သိုနီဂျိုရွှာဟာ ဒီရှုံးပွဲအပြီးမှာ ကာလကြာရှည် လေ့ကျင့်ပေးသူ မက်ကရာကန်နဲ့ လမ်းခွဲခဲ့ပြီး ရော်ဘတ်ဂါစီယာကို အခုနှစ် သူ့အသင်းမှာ ထည့်သွင်းခဲ့တာပါ။

တိုင်ဆန်ဗျူရီက သူဟာ အန်သိုနီဂျိုရွှာကို နိုင်ပွဲရအောင် လမ်းညွှန်ပေးနိုင်ပါတယ်လို့ ပြောခဲ့ ပါတယ်။ ဒါပေမယ့် အန်သိုနီ ဂျိုရွှာက ဟဲဗီးဝိတ်ပြိုင်ဘက်ရဲ့ အကူအညီပေးမယ့် ကမ်းလှမ်းချကို ပယ်ချခဲ့ပါတယ်။

တိုင်ဆန်ဗျူရီဟာ ပြီးခဲ့တဲ့ ဧပြီလက ဝင်ဘာလေ အားကစားကွင်းကြီးမှာ ဒီလီယန်ဝှိုက်ကို အနိုင်ထိုး သတ်ခဲ့ပြီးနောက် လက်ဝှေ့ သမားဘဝက အနားယူပြီလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် တိုင်ဆန်ဗျူရီဟာ လက်ရှိအချိန်ထိ WBC ချန်ပီယံအဖြစ် ရှိနေဆဲပါ။ လက်ဝှေ့လောကမှာ ရှိသူတွေကတော့ အန်သိုနီဂျိုရွှာနဲ့ အူဆက်ခ်တို့ မကျေပွဲက အနိုင်ရတဲ့သူနဲ့ တိုင်ဆန်ဗျူရီ ထိုးသတ်မယ်လို့ ပြောထားတာ ဖြစ်ပါတယ်။

တိုင်ဆန်ဗျူရီ အနေနဲ့ ဒီပွဲကို အနိုင်ရခဲ့မယ်ဆိုရင် ချန်ပီယံခါးပတ်တွေ အားလုံးကို ရယူနိုင်မှာ ဖြစ်ပြီး ကမ္ဘာ့အငြင်းပွားဖွယ်ရာ မရှိတဲ့ ချန်ပီယံအဖြစ် သတ်မှတ်ခံရမှာပါ။ ဗြိတိန် ဟဲဗီးဝိတ် ချန်ပီယံကတော့ ဒါနဲ့ ပတ်သက်ပြီး ငြင်းဆိုထားခြင်း မရှိသေးပါဘူး။

Source: Metro

 

 

 

Share
Tweet
Share
Share
powered by social2s

အစ္စရေးကို အနိုင်ရပြီး ဥရောပယူ-၁၉ ချန်ပီယံဖြစ်လာတဲ့ အင်္ဂလန်

By CNI
CNI
Category: Watch TV
Hits: 834

Share
Tweet
Share
Share
powered by social2s

စာချုပ်သစ်ကြောင့် လီဗာပူးလ်သမိုင်းမှာ လုပ်ခလစာအများဆုံးဖြစ်လာတဲ့ ဆာလတ်

By CNI
CNI
Category: Watch TV
Hits: 789

Share
Tweet
Share
Share
powered by social2s

လမ်းပေါ်က ဆေးသုတ်သမားကနေ ဘောလုံးကြယ်ပွင့်ဖြစ်လာမယ့်  ဂျီးဆပ်စ်

By CNI News
CNI News
Category: ဆောင်းပါး
Hits: 2143

 

CNI Sport Article

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂

ဂျီးဆပ်စ်ကတော့ မန်စီးတီး အသင်းကနေ အာဆင်နယ်အသင်းထံ ပေါင် ၄၅ သန်းနဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုကာ ပြောင်းရွှေ့ လာခဲ့ပြီ ဖြစ်ပါတယ်။

ဘရာဇီးလ်ကလပ် ပါမီးရတ်စ် အသင်းကနေ မန်စီးတီးအသင်းထံ အသက် ၁၉ နှစ်အရွယ်မှာ ရောက်ရှိလာခဲ့တဲ့ လက်ရှိ အသက် ၂၅ နှစ်အရွယ် ကစားသမားအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ ခရီးတစ်ခု ဖြစ်လာခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဖလား ၄ ကြိမ် ကိုင်မြှောက်နိုင်ခဲ့တဲ့ ဂျီးဆပ်စ်ဟာ အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာမှာ ဖြစ်ပြီး မန်စီးတီးအသင်းမှာ လက်တွဲခဲ့တဲ့ နည်းပြ အာတီတာနဲ့ ထပ်မံလက်တွဲ ရမှာတော့မှာပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ ၉ နှစ် ခန့်က ဆော်ပေါ်လို လမ်းမတွေပေါ် မြင်တွေ့ခဲ့ရတဲ့ ပန်းချီကား တစ်ချပ်လို ဂျီးဆပ်စ်အတွက်တော့ နေရောင်ခြည်နဲ့ သက်တံ့ တွေဟာ အမြဲတမ်း မရှိခဲ့ပါဘူး။ ဂျီးဆပ်စ်ဟာ ဘရာဇီးလ်မှာ ကြီးပြင်းလာခဲ့တဲ့ အခြား ဆယ်ကျော်သက်တွေနဲ့ ပုံစံချင်း မတူညီပါဘူး။

သူဟာ လမ်းမတွေနဲ့ အလွန် လိုက်လျောညီထွေမှုရှိပြီး ဘောလုံးကို အလွန်အမင်း စွဲလမ်းခုံမင်တဲ့သူ တစ်ဦးပါ။ ကလေးတွေ ဟာ သူတို့ရဲ့ ဘောလုံး အိုင်ကွန်တွေလိုပဲ တုပမှုတွေ ပြုလုပ်ကာ လမ်းမတွေပေါ်မှာ ဆက်လက် ကျင်လည်ခဲ့ကြတာပါ။

ဘရာဇီးလ်သားတွေဟာ ဘောလုံးကို နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးကြပေမယ် ဘရာဇီးလ်နိုင်ငံသား အနည်းငယ်သာ ထွန်း ထွန်းပေါက်ပေါက် ရှိကြပါတယ်။ ဒါပေမယ့် အားလုံးမြင်တွေ့ခဲ့ရသလိုပဲ ထွက်ပေါ်လာတဲ့ သူတွေဟာလည်း ကမ္ဘာ့ပေါ်မှာ ကျော်ကြားခဲ့တဲ့ သူတွေဖြစ်ပါတယ်။

ဂျီးဆပ်စ်ဟာ ၂၀၁၃ မှာ ပါမီးရတ်စ်အသင်းနဲ့ လူငယ်စာချုပ် မချုပ်ဆိုခင် သူဟာ ရပ်ကွက် လမ်းမတွေပေါ်မှာ ဆေးသုတ် ခြယ်သနေခဲ့တာပါ။ ၉ နှစ်အကြာမှာတော့ ဂျီးဆပ်စ်ဟာ အာတီတာရဲ့ လုပ်ငန်းစဉ်တွေအတွက် အာဆင်နယ်အသင်းရဲ့ နံပတ် ၉ ဖြစ်လာခဲ့ပါတယ်။

ဂျီးဆပ်စ်ဟာ ပါမီးရတ်စ် လူငယ်အသင်းအတွက် ကစားတဲ့ ပထမဆုံးရာသီမှာ ၄၈ ပွဲကစားပြီး ၅၄ ဂိုး သွင်းယူကာ အခွင့်အရေး ကို အပြည့်အဝ ယူနိုင်ခဲ့ပါတယ်။ ဘရာဇီးလ် လူငယ်ကစားသမားဟာ နောက်ရာသီမှာတော့ ၂၂ ပွဲမှာ ၃၇ ဂိုးသွင်းပြီး ကမ်းလှမ်း မှုတွေ ဝင်ရောက် လာပါတော့တယ်။

အသက် ၁၇ နှစ်အရွယ် ၂၀၁၅ မှာတော့ ဂျီးဆပ်စ်ဟာ စီနီယာ ပွဲဦးထွက် ကစားခဲ့ပြီး မန်စီးတီးအသင်းကို မပြောင်းခင်မှာ ပါမီးရတ်စ် အသင်းကြီးအတွက် ၆၇ ပွဲကစားပြီး ၂၁ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။ ဂျီးဆပ်စ်ဟာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှာ မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့ပြီး ပွဲဦးထွက်ပွဲစဉ်မှာပဲ ဂိုးလည်း သွင်းနိုင်ခဲ့သလို ဂိုးလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ သူဟာ ပွဲဦးထွက် ရာသီမှာ မန်စီးတီးအသင်းအတွက် ၁၁ ပွဲကစားပြီး ၇ ဂိုး သွင်းယူနိုင်ခဲ့ပြီး သူ့ရဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်။

ဒါပေမယ့် ဂျီးဆပ်စ်တစ်ယောက် ကြီးမားတဲ့ ဒဏ်ရာကြောင့် သူ့ရဲ့ တိုးတက်မှုကို ရပ်တန့်သွားခဲ့ရပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၁၄ ပွဲ အနားယူခဲ့ရပါတယ်။ ဘရာဇီးလ်သားဟာ ၂၀၁၇-၁၈ ရာသီမှာ ကြီးကြီးမားမား လွဲချော်ခဲ့ရပေမယ့် ရာသီကုန်ခါနီးမှာတော့ မန်စီးတီးအတွက် ပြန်လည် ကစားနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ပထမဆုံး ရမှတ် ၁၀၀ ပြည့်တဲ့ အသင်းဖြစ်ဖို့အတွက် နိုင်ပွဲရယူဖို့ လိုအပ်နေခဲ့တာပါ။ ဒီအချိန်မှာ ဂျီးဆပ်စ်က ပွဲချိန် ၉၄ မိနစ်မှာ ဆောက်သမ်တန်အသင်း ဘက်ကို အနိုင်ဂိုးသွင်းပြီး မန်စီးတီးအသင်းကို ရမှတ် ၁၀၀ နဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု ကိုင်မြှောက်စေခဲ့ တာဖြစ်ပါတယ်။ ဒါဟာ ဂျီးဆပ်စ်အတွက်တော့ အမြဲတမ်း အမှတ်ရနေမယ့် အရာတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

ဂျီးဆပ်စ်ဟာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လမှာ စာချုပ်သက်တမ်း တိုးခံခဲ့ရပြီး ကျောနံပတ် ၃၃ အစား မန်စီးတီးရဲ့ အထင်ကရ နံပါတ်ဖြစ်တဲ့ ကျောနံပတ် ၉ ကို ပေးအပ်ခြင်း ခံခဲ့ရပါတယ်။ ဒီနံပါတ်နဲ့ ဂျီးဆပ်စ်ဟာ သူ့ရဲ့ ကစားသမားဘဝ ပရီးမီးယားလိဂ် အကောင်းဆုံး မှတ်တမ်းကို ရရှိခဲ့ပြီး ၃၄ ပွဲမှာ ၁၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

ဂျီးဆပ်စ်ရဲ့ အောင်မြင်မှုတွေကြောင့် ဘရာဇီးလ် ဖာဗီလာက ဒေသခံသူရဲကောင်း ဂျီးဆပ်စ်ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့ ဂိုး သွင်းပြီး အောင်ပွဲခံနေတဲ့ပုံကို ဆေးခြယ်သခဲ့တာပါ။ ဂျီးဆပ်စ် ကိုယ်တိုင်ကလည်း သူ ဘယ်ကလာလဲဆိုတာကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူးလို့ ပြောထားခဲ့ပါတယ်။

ဂျီးဆပ်စ်ဟာ မန်စီးတီးအသင်း ပရီးမီးယားလိဂ်ဖလား ရခဲ့တဲ့ နောက်ဆုံး နှစ်ရာသီအတွင်း အသင်းရဲ့ အရေးပါတဲ့ အစိတ် အပိုင်းအဖြစ် ဆက်ပြီး ရှိနေခဲ့တာပါ။ ဒါပေမယ့် ဂျီးဆပ်စ်တစ်ယောက် မန်စီးတီးကနေ ထွက်ခွာရမယ့် အချိန်ကို ရောက်ရှိ လာခဲ့ပါပြီ။

ဒါကတော့ မန်စီးတီးအသင်းက ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူလိုက်တာကြောင့်ပါ။ နော်ဝေတိုက်စစ်မှူး ရောက်လာ တာကြောင့် ဂျီးဆပ်စ်အနေနဲ့ အသင်းမှာ ဆက်နေဖို့ထက် အခြားတစ်သင်းဆီ ပြောင်းပြီးတော့ အဓိကလူ ဖြစ်နေသေးကြောင်း ပြသရမယ့် အချိန်ကို ရောက်ရှိလာခဲ့ပါတယ်။

ဂျီးဆပ်စ်ကို ခေါ်ယူဖို့ အသင်းတွေ အများကြီးက ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့် ကစားသမားက မန်စီးတီးမှာ လက်တွဲခဲ့တဲ့ အာတီတာရှိရာ အာဆင်နယ်အသင်းကို ရွေးချယ်ခဲ့ပါတယ်။

“သူဟာ ထူးချွန်တဲ့သူနဲ့ ထူးချွန်တဲ့ မန်နေဂျာဖြစ်တယ်”လို့  ဂျီးဆပ်စ်က အာတီတာကို ရည်ညွှန်းပြီး ပြောပြပါတယ်။ အာတီတာက ၂၀၁၉ မှာ အာဆင်နယ်အသင်းကို မပြောင်းခင် သူ့ကို အကူအညီ ပေးခဲ့ကြောင်းလည်း ချီးကျူးခဲ့သေးပါတယ်။

“ကျနော် လေ့ကျင့်မှုတွေကို ပြီးဆုံးအောင် လုပ်ချင်တဲ့ အချိန်မှာ သူ့ကို ပြောလိုက်ရင် သူက ရောက်လာပြီး ကျနော့်ကို အကူအညီ ပေးပါတယ်။ ဒါကြောင့် သူဟာ ကျနော်တို့အတွက် အလွန်ထူးချွန်တဲ့သူပါ။ ကစားသမားတိုင်းက ဒါကို သိသလို ကလပ်မှာရှိတဲ့ သူတိုင်းကလည်း ဒါကို သိတယ်”လို့ ဂျီးဆပ်စ်က ပြောပါတယ်။

ဂျီးဆပ်စ် အတွက်တော့ အာဆင်နယ်ဟာ နောက်ထပ် ခြေလှမ်းတစ်ခုဖြစ်ပြီး အာဆင်နယ်ရဲ့ အနာဂတ်ကလည်း တောက်ပ နေတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဂျီးဆပ်စ်ဟာ အာတီတာ လက်အောက်မှာ နောက်တစ်ဆင့် တက်လှမ်းနိုင်မယ့်သူ ဖြစ်လာ နိုင်ပါတယ်။

Source: Mirror

 

Share
Tweet
Share
Share
powered by social2s

အာဆီယံယူ-၁၉ အဖွင့်ပွဲစဉ်မှာ ဘရူနိုင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ မြန်မာ

By CNI
CNI
Category: အားကစား
Hits: 2439


CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂

မြန်မာအသင်းဟာ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဘရူနိုင်းအသင်းနဲ့ ဇူလိုင်လ ၂ ရက်(ယနေ့)တွင် ကစားခဲ့ရာ ၇ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

မြန်မာအသင်းဟာ ဘရူနိုင်းအသင်းကို ပထမပိုင်းမှာ ၃ ဂိုး၊ ဒုတိယပိုင်းမှာ ၄ ဂိုးသွင်းယူခဲ့တာပါ။ မြန်မာအသင်း အတွက် ဂိုးတွေကို မိုးဆွေ၊ ဇော်ဝင်းသိန်း၊ လမင်းထွေး၊ ချစ်အေး၊ သာယာဝင်းထက်၊ အာကာကျော်နဲ့ သိန်းဇော် သီဟတို့က ၁ ဂိုးစီသွင်းယူခဲ့ကြတာဖြစ်ပါတယ်။

မြန်မာအသင်းဟာ ဒီပြိုင်ပွဲရဲ့ အုပ်စု A မှာ အိမ်ရှင်အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဘရူနိုင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပြီး အုပ်စုဒုတိယပွဲစဉ်အဖြစ် ဇူလိုင်လ ၄ ရက်မှာ ထိုင်းအသင်းနဲ့ ယှဉ်ပြိုင် ရမှာပါ။အုပ်စုတွင်းက ထိပ်ဆုံး နှစ်သင်းစီသာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်မှာဖြစ်ပါတယ်။

မြန်မာအသင်းဟာ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပွဲစဉ်အဖြစ် ၂၀၁၉ က နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ စတုတ္ထ နေရာသာ ရရှိခဲ့တာပါ။မြန်မာအသင်းဟာ ဒီပြိုင်ပွဲမှာ ၂ ကြိမ်ဗိုလ်စွဲထားပြီး ၎င်းမှာ ၂၀၀၃ နဲ့ ၂၀၀၅ ခုနှစ်က ဖြစ်တယ်လို့ သိရပါတယ်။

 

 

 

Share
Tweet
Share
Share
powered by social2s
  • 58
  • 59
  • 60
  • 61
  • 62
  • 63
  • 64
  • 65
  • 66
  • 67

Page 63 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar