CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

၁၆ နှစ်ကြာဝေးကွာနေတဲ့ အိုလံပစ်ပြိုင်ပွဲကို အမေရိကန်အမျိုးသားအသင်း ယှဉ်ပြိုင်ခွင့်ရ

By CNI
CNI
Category: အားကစား
Hits: 1870

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂

အမေရိကန်အမျိုးသားအသင်းဟာ ၂၀၂၄ အိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရသွားခဲ့တာကြောင့် ဒီပြိုင်ပွဲကိုယှဉ်ပြိုင်နိုင်ဖို့ ၁၆ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတာကို အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။

အမေရိကန် ယူ-၂၃ အသင်းဟာ ၂၀၀၈ က ဘေဂျင်းမှာကျင်းပခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲကို နောက်ဆုံးယှဉ်ပြိုင်ခဲ့ရတာပါ။ အမေရိကန်အသင်းဟာ ၂၀၂၂ ကွန်ကာကပ်ဖ် ယူ-၂၀ ချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဟွန်ဒူးရပ်စ်နဲ့ ကစားခဲ့ရာ ၃ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။ပဲရစ်မှာ ကျင်းပမယ့် ၂၀၂၄ အိုလံပစ်ပြိုင်ပွဲမှာ အခု ကျင်းပနေတဲ့ ဒီပြိုင်ပွဲက ဗိုလ်လုပွဲရောက်တဲ့နှစ်သင်းသာ ခြေစစ်ပွဲအောင်မြင်မှာပါ။ အဲဒါကြောင့် အမေရိကန်နဲ့ အတူ ဒိုမီနီကန် သမ္မတနိုင်ငံပါ အိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

 

ဒိုမီနီကန်သမ္မတနိုင်ငံဟာ ဆီမီးဖိုင်နယ်မှာ ဂွာတီမာလာကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။ အဲဒါ ကြောင့် အမေရိကန်နဲ့ ဒိုမီနီကန်သမ္မတနိုင်ငံတို့ဟာ ကွန်ကာကပ်ဖ် ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ဒါ့အပြင် ကျင်းပနေတဲ့ ကွန်ကာကပ်ဖ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်တက်ခဲ့တဲ့ အမေရိကန်၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ ဂွာတီမာလာနဲ့ ဟွန်ဒူးရပ်စ်အသင်းတို့ဟာ ၂၀၂၃ ခုနှစ် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့တာပါ။

အမေရိကန်အသင်းဟာ ဘေဂျင်းမှာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲမှာ အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။အမေရိကန်အသင်းဟာ ၁၉၀၄ ခုနှစ်က ကျင်းပခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲမှာ ငွေတံဆိပ်နဲ့ ကြေးတံဆိပ် ရရှိ ခဲ့ပြီး အဲဒီနောက်ပိုင်း ၂၀၀၀ ခုနှစ်က သြစတြေးလျမှာ ကျင်းပခဲ့တဲ့ပြိုင်ပွဲမှာ စတုတ္တရခဲ့တာက အမြင့်ဆုံး အောင်မြင်မှုဖြစ်ခဲ့တာပါ။

၂၀၂၄ အိုလံပစ်အမျိုးသားဘောလုံးပြိုင်ပွဲကို အိမ်ရှင်အသင်း ပြင်သစ်အပါအဝင် အသင်းပေါင်း ၁၆ သင်းနဲ့ ကျင်းပ သွားမှာဖြစ်ပါတယ်။လက်ရှိအချိန်ထိတော့ ပြင်သစ်၊အမေရိကန်နဲ့ ဒိုမီနီကန်သမ္မတနိုင်ငံတို့ ၃ သင်းသာ ဝင်ခွင့်ရ အသင်းအဖြစ် ထွက်ပေါ်နေတာဖြစ်ပါတယ်။

Source:Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s
အင်္ဂလန် ယူ-၁၉ အသင်းကို တွေ့ရစဉ်(England)

အစ္စရေးကို အနိုင်ရပြီး ဥရောပယူ-၁၉ ချန်ပီယံဖြစ်လာတဲ့ အင်္ဂလန်

By CNI
CNI
Category: အားကစား
Hits: 1797

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂

အင်္ဂလန်အသင်းဟာ ဥရောပ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲမှာ အစ္စရေးအသင်းကို အချိန်ပိုမှာ အနိုင်ရပြီး ချန်ပီယံဆုကို ဆွတ်ခူး နိုင်ခဲ့ပါတယ်။

အင်္ဂလန်အသင်းနဲ့ အစ္စရေးအသင်းတို့ဟာ ပွဲချိန်အတွင်းမှာ ၁ ဂိုးစီ သရေကျခဲ့တာကြောင့် အချိန်ပို ဆက်လက် ကစားခဲ့ကြရာ မှာ အင်္ဂလန်အသင်းက နောက်ထပ် ၂ ဂိုး သွင်းယူပေးခဲ့တဲ့အတွက် ပွဲအပြီးမှာ အင်္ဂလန်အသင်းက ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်အတွက် ဂိုးတွေကို ဒွိုင်းလီ၊ ချူကွီမီကာနဲ့ ရမ်ဆေးတို့က သွင်းယူခဲ့ကြပြီး အစ္စရေးအတွက် ဂိုးကို ဂလော့ချ်က သွင်းယူ ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ ဥရောပ ယူ-၁၉ ချန်ပီယံဆုကို ၂၀၁၇ က နောက်ဆုံး ရရှိခဲ့တာဖြစ်ပြီး ၅ နှစ်အကြာမှ ပြန်လည် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ချူကွီမီကာက” ဒီလိုအချိန်တွေကို အိပ်မက် မက်နေခဲ့ကြတာပါ။ အခုတော့ ကောင်လေးတွေနဲ့အတူ အောင်ပွဲခံဖို့ အိပ်မက်က အမှန်တကယ် ဖြစ်လာပါပြီ။ ဒါကို ပျော်ပျော်ကြီး ဆင်နွှဲကြမယ်”လို့ ပြောခဲ့ပါတယ်။

အင်္ဂလန် ယူ-၁၉ အသင်းကို တွေ့ရစဉ်(England)

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းနဲ့ ဂရီလစ်ရှ်တို့က လက်ရွေးစင် ယူ-၁၉ ရဲ့ အောင်ပွဲကို သူတို့ရဲ့ တွစ်တာမှာ ဂုဏ်ပြု ကြောင်း ရေးသားခဲ့ကြပါတယ်။

ဆလိုဗားကီးယားမှာ ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲမှာတော့ အင်္ဂလန်အသင်းဟာ အုပ်စုတွင်း ကျရောက်ခဲ့တဲ့ အစ္စရေး၊ သြစတြီးယားနဲ့ ဆားဘီးယားတို့ကို ကျော်ဖြတ်ခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်၊ ဆီမီးဖိုင်နယ်မှာတော့ အီတလီကို အနိုင်ရပြီး တော့ ဗိုလ်လုပွဲ တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ ဥရောပ ယူ-၁၉ ပြိုင်ပွဲမှာ ချန်ပီယံဆုကို ၁၁ ကြိမ်မြောက် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

စပိန်အသင်းကလည်း ချန်ပီယံဆုကို ၁၁ ကြိမ် ရယူထားတာကြောင့် အင်္ဂလန်အသင်းဟာ စပိန်နဲ့အတူ ဒီပြိုင်ပွဲရဲ့ အအောင် မြင်ဆုံး အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ အင်္ဂလန်ဟာ ဒုတိယရခဲ့တဲ့ အစ္စရေး၊ အီတလီ၊ ဆလိုဗားကီးယား၊ ပြင်သစ် တို့နဲ့အတူ ၂၀၂၃ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရခဲ့တာပါ။

Source: Daily Mail

 

 

 

Share
Tweet
Share
Share
powered by social2s

စာချုပ်သစ်ကြောင့် လီဗာပူးလ်သမိုင်းမှာ လုပ်ခလစာအများဆုံးဖြစ်လာတဲ့ ဆာလတ်

By CNI
CNI
Category: အားကစား
Hits: 1325

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂

ဆာလတ်ဟာ လီဗာပူးလ်အသင်းနဲ့ ၃ နှစ်စာချုပ်သစ်ချုပ်ဆိုလိုက်ပြီး အသင်းသမိုင်းတစ်လျှောက် လုပ်ခ လစာအများဆုံး ကစားသမားဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

စာချုပ်သစ်ကြောင့် ဆာလတ်ဟာ လီဗာပူးလ်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်း ၅ သောင်း ရရှိမှာပါ။ အစောပိုင်းက ဆာလတ်နဲ့ လီဗာပူးလ်အသင်းတို့ စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်မပြေတာကြောင့် ကစားသမားရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ထင်ကြေးတွေအမျိုးမျိုးထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့် လီဗာပူးလ်အသင်းဟာ ဒီထင်ကြေးတွေကို အဆုံးသတ်လိုက်ပြီး ဆာလတ်ကို အသင်းမှာ ၂၀၂၅ နွေရာသီအထိ ရှိမယ့် စာချုပ်သစ်ချုပ် ဆိုခဲ့တာပါ။

ဆာလတ်နဲ့ လီဗာပူးလ်အသင်းတို့ အရင်ချုပ်ဆိုထားတဲ့စာချုပ်ဟာ လာမယ့်ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ရအောင် အန်ဖီးလ်ကလပ်က ကြိုးစားခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ် အသင်းဟာ အဓိကတိုက်စစ်မှူး မာနေးကို ဘိုင်ယန်မြူးနစ်အသင်းထံ ရောင်းချခဲ့ပြီးနောက် ဆာလတ်ကို စာချုပ်သစ်ချုပ်နိုင်ဖို့ အရှိန်မြှင့်တင်ခဲ့တာပါ။

ဆာလတ်က စာချုပ်သစ်နဲ့ ပတ်သက်ပြီး “ကလပ်နဲ့ နောက်ထပ်ဆုဖလားတွေရယူဖို့ စိတ်လှုပ်ရှားနေပြီး ဒါဟာ လူတိုင်းအတွက် ပျော်ရွှင်စရာနေ့ပါပဲ။သက်တမ်းတိုးဖို့ အချိန်အနည်းငယ်လိုခဲ့ပေမယ့် အခုအားလုံးပြီးဆုံးသွား ပြီဖြစ်တဲ့အတွက် နောက်လာမယ့်အရာတွေကိုပဲ အာရုံစိုက်ထားပါတယ်။ကလပ်အသင်းဟာ နှစ်တိုင်းတိုးတက် လာခဲ့ပြီး မနှစ်ကရာသီက ဆုဖလားလေးလုံးရဖို့ နီးစပ်ခဲ့ပါတယ်။လာမယ့်ရာသီမှာ ကျနော်တို့အားလုံး ကြိုးစားပြီး ဆုဖလားတွေရယူနိုင်ဖို့ အကောင်းဆုံးလုပ်မယ်လို့ ပရိသတ်တွေကို ပြောချင်ပါတယ်။ ပရိသတ်တွေကလည်း ကျနော့်တို့နောက်မှာနေပြီး ကြီးမားတဲ့တွန်းအားတွေနဲ့ ဆုဖလားအတူတူရယူမယ်”လို့ အသင်းဝက်ဘ်ဆိုက်ကို ပြောခဲ့ပါတယ်။

အီဂျစ်လက်ရွေးစင်ဟာ လီဗာပူးလ်အသင်းကို ၂၀၁၇ က ရိုးမားအသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်း အတွက် ၂၅၄ ပွဲမှာ ၁၅၆ ဂိုးသွင်းယူနိုင်ခဲ့တာပါ။ဆာလတ်ဟာ လီဗာပူးလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်၊ ပရီးမီးယား လိဂ်၊ အက်ဖ်အေဖလား၊ ကာရာဘောင်းဖလား၊ ယူအီးအက်ဖ်အေစူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားတို့ကို ရယူနိုင်ခဲ့ ပါတယ်။

ဆာလတ်ဟာ လီဗာပူးလ်အသင်းကို ရောက်ရှိလာတဲ့ ၅ နှစ်အတွင်းမှာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု ၃ ကြိမ်၊ PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ၂ ကြိမ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source:Theathletic

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရော်နယ်ဒို ယူနိုက်တက်မှာ ဆက်ရှိမယ်လို့ ဘရူနိုဖာနန်ဒတ်စ် ပြော

By CNI
CNI
Category: Watch TV
Hits: 742

Share
Tweet
Share
Share
powered by social2s

ပိုကောင်းတဲ့ ပုံစံအသစ်ကို မြင်တွေ့ရမယ်လို့ အောင်လအန်ဆန်း ပြော

By CNI
CNI
Category: Watch TV
Hits: 744

Share
Tweet
Share
Share
powered by social2s

အဲဗာတန်တိုက်စစ်မှူး ရစ်ချာလီဆန်ကို ခေါ်ယူလိုက်ကြောင်း စပါးအသင်း ကြေညာ

By CNI
CNI
Category: အားကစား
Hits: 1817

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁

စပါးအသင်းဟာ အဲဗာတန်အသင်းတိုက်စစ်မှူး ရစ်ချာလီဆန်ကို ပေါင်သန်း ၆၀ နဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုကာ ခေါ်ယူလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။

ရစ်ချာလီဆန်ဟာ ပါရီဆစ်၊ ဖရေဆာဖော်စတာ၊ ဘစ်ဆိုမားတို့နောက် အခုနွေရာသီ စပါးအသင်းကို ရောက်ရှိ လာတဲ့ စတုတ္တမြောက်ကစားသမား ဖြစ်လာခဲ့တာပါ။

စပါးအသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိခဲ့တာ ကြောင့် အသင်းလူစာရင်းကို ပိုမိုတောင့်တင်းအောင် ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်နေတာဖြစ်ပါတယ်။

စပါးနည်းပြ ကွန်တီဟာ အသင်းရဲ့ တိုက်စစ်သုံးဦးအတွဲအဖက်အဖြစ် ဆွန်ဟောင်မင်၊ ဟာရီကိန်းနဲ့ ရစ်ချာလီဆန် တို့ကို အသုံးပြုဖို့ရှိလာတာပါ။

ဒါပေမယ့် ဘရာဇီးလ်ကစားသမားဟာ လန်ဒန်ကလပ်မှာ နေရာရဖို့ လူးကပ်စ်မော်ရာ၊ ကူလူဆက်ဗိစကီး၊ ဘာ့ဂျ် ဝင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိ ရစ်ချာလီဆန်ဟာ ပြီးခဲ့တဲ့ရာသီက အဲဗာတန်အသင်း တန်းဆင်းဇုန်က လွတ်မြောက်အောင် အဓိကစွမ်းဆောင်ပေးခဲ့တာဖြစ်ပြီး ၁၀ ဂိုးသွင်းယူကာ ၅ ဂိုးဖန်တီးနိုင်ခဲ့တာပါ။

 ရစ်ချာလီဆန်ဟာ ၂၀၁၈ က ဝက်ဖိုဒ့်အသင်းကနေ အဲဗာတန်အသင်းဆီ ရောက်လာခဲ့ပြီး ပွဲပေါင်း ၁၅၂ ပွဲမှာ ၅၃ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဘရာဇီးလ်ကစားသမားဟာ အဲဗာတန်အသင်း ရဲ့ ပြီးခဲ့တဲ့ရာသီက နောက်ဆုံးကစားခဲ့တဲ့ ၉ ပွဲမှာ ၆ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။အဲဒါကြောင့် ရစ်ချာလီဆန်ဟာ အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။

စပါးအသင်းကတော့ အခြားအသင်းတွေထက် လက်ဦးမှုရယူပြီး ရစ်ချာလီဆန်ရဲ့ အပြောင်းအရွှေ့ကို အမြန်ဆုံး အဆုံးသတ်ခဲ့တာပါ။ကစားသမားဟာ ဘရာဇီးလ်အသင်းနဲ့ ပြီးခဲ့တဲ့ ခြေစမ်းပွဲတွေမှာ ပါဝင်ကစားထားလို့ အားလပ် ရက်ရနေချိန် ဘရာဇီးလ်မှာပဲ စပါးအသင်းက ဆေးစစ်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ရစ်ချာလီဆန်ဟာ ပရီးမီးယား လိဂ်ကို ၂၀၁၇ မှာ ဖလူမီနက်စ်အသင်းကနေ ဝက်ဖိုဒ့်အသင်းထံ ပြောင်းပြီး ရောက်ရှိလာခဲ့တာပါ။

ရစ်ချာလီဆန်ဟာ ဘရာဇီးလ်လက်ရွေးစင်အသင်းမှာလည်း ခြေစွမ်းပြသနေပြီး ၃၆ ပွဲပါဝင်ကစားထားကာ ၁၄ ဂိုး သွင်းယူပေးထားပါတယ်။သူဟာ လက်ရွေးစင်အသင်းနဲ့ ၂၀၂၀ ကိုပါအမေရိကဖလားကို ရယူနိုင်ခဲ့သလို တိုကျို အိုလံပစ်ပြိုင်ပွဲမှာလည်း ၅ ဂိုးသွင်းပြီး နိုင်ငံအသင်းနဲ့ ရွှေတံဆိပ်ရယူနိုင်ခဲ့တာပါ။

စပါးကစားသမားသစ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ဘရာဇီးလ်လက်ရွေးစင်အသင်း လူစာရင်းမှာပါဝင်ဖို့ သေချာနေတဲ့သူလည်း ဖြစ်ပါတယ်။

Source:Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s
တောင်ကိုရီးယား အလံကိုတွေ့ရစဉ်

၂၀၂၃ အာရှဖလားအိမ်ရှင်ပြုလုပ်ဖို့ တရားဝင်တင်သွင်းခဲ့တဲ့ တောင်ကိုရီးယား

By CNI
CNI
Category: အားကစား
Hits: 1501

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁

တောင်ကိုရီးယားနိုင်ငံဟာ ၂၀၂၃ အာရှဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပဖို့ တရားဝင် တင်သွင်းလိုက်ပြီ ဖြစ်တယ်လို့ ကိုရီးယားဘောလုံးအဖွဲ့ချုပ် (KFA) က ပြောပါတယ်။

ဒီပြိုင်ပွဲရဲ့ အိမ်ရှင်ဖြစ်တဲ့ တရုတ်နိုင်ငံဟာ နိုင်ငံရဲ့ တင်းကျပ်တဲ့ ကိုဗစ်မူဝါဒကြောင့် အိမ်ရှင်အဖြစ်ကနေ နုတ်ထွက်ခဲ့ပါတယ်။

ဒါကြောင့် အာရှဘောလုံးအဖွဲ့ချုပ်က အိမ်ရှင်အဖြစ် လျှောက်ထား တင်သွင်းမှုတွေ ပြုလုပ်ဖို့ ဇူလိုင်လ ၁၅ ရက်အထိရက် ထပ်တိုး ပေးခဲ့တာ ဖြစ်ပါတယ်။

“KFA က ၂၀၂၃ အာရှဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပဖို့ ရည်ရွယ်ထားတဲ့ စာကို အာရှဘောလုံးအဖွဲ့ချုပ်ထံ တရားဝင် ပေးပို့ခဲ့တယ်”လို့ အဖွဲ့ချုပ်က ကြာသပတေးနေ့မှာ ပြောခဲ့တာပါ။

တောင်ကိုရီးယားဟာ အာရှဖလားပြိုင်ပွဲမှာ ၁၉၅၆ နဲ့ ၁၉၆၀ ခုနှစ်တွေမှာ ဗိုလ်စွဲခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာ ချန်ပီယံဆုနဲ့ ဝေးကွာ သွားခဲ့တာ ဖြစ်ပါတယ်။

အာရှဖလားပြိုင်ပွဲအဖွဲ့ချုပ် (insideTheGames)

တောင်ကိုရီးယားဟာဆိုရင် ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဂျပန်နဲ့ ပူးတွဲ ကျင်းပပြီး နောက်ပိုင်း အဓိကပြိုင်ပွဲတွေကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပနိုင်ခြင်း မရှိသေးပါဘူး။

၂၀၂၃ အာရှဖလားပြိုင်ပွဲကို တောင်ကိုရီးယားအပြင် အင်ဒိုနီးရှား၊ သြစတြေးလျ နဲ့ ဂျပန်တို့ကလည်း အိမ်ရှင်အဖြစ် ကျင်းပဖို့ အပြိုင်ဖြစ်နေကြပါတယ်။

လာမယ့်နှစ် ဇွန်လ ၁၆ ရက်ကနေ ဇူလိုင်လ ၁၆ ရက်အထိ ကျင်းပမယ့် အာရှဖလားပြိုင်ပွဲကို အသင်းပေါင်း ၂၄ သင်းက ဝင်ရောက် ယှဉ်ပြိုင်ကြမှာပါ။

ဒီအသင်းတွေထဲမှာ အာဆီယံဒေသတွင်းက အသင်းတွေဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနဲ့ အင်ဒိုနီးရှားအသင်းတို့ ခြေစစ်ပွဲအောင်မြင်ပြီး ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

အာရှဖလားပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံကတော့ ၂၀၂၂ ကမ္ဘာဖလား အိမ်ရှင် ကာတာအသင်းဖြစ်ပြီး ဂျပန်အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဗိုလ်စွဲခဲ့တာပါ။ အာရှဖလားပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်းကတော့ ဂျပန်အသင်းဖြစ်ပြီး ၄ ကြိမ် ဗိုလ်စွဲထားတာ ဖြစ်ပါတယ်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘရူနိုဖာနန်ဒက်စ်နဲ့ ရော်နယ်ဒိုကို တွေ့ရစဉ် (Irish Mirror)

ရော်နယ်ဒို ယူနိုက်တက်မှာ ဆက်ရှိမယ်လို့ ဘရူနိုဖာနန်ဒတ်စ် ပြော

By CNI
CNI
Category: အားကစား
Hits: 1290

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကြယ်ပွင့် ဘရူနိုဖာနန်ဒတ်စ်က ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ကပဲ ရော်နယ်ဒိုနဲ့ စကားပြောခဲ့ပြီး သူအသင်းမှာ ဆက်ရှိမယ်လို့ အရိပ်အမြွက် ပြောလိုက်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်က “လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က ကျနော်တို့ စကားတွေ ပြောခဲ့ကြပါတယ်။ ဇူလိုင်လ ၄ ရက် မန်ချက်စတာယူနိုက်မှာ လေ့ကျင့်ရေး ပြန်ဆင်းတဲ့အချိန် သူနဲ့ တွေ့ရဖို့ မျှော်လင့်ထားပါတယ်။ ဒီထက် ပိုပြီး ဘာမှ မမျှော်လင့် ထားပါဘူး။ လူတိုင်းက သူတို့ရဲ့ အနာဂတ်တွေကို ဂရုစိုက်ကြပါတယ်။ ကလပ်အသင်း အနေနဲ့လည်း ရော်နယ်ဒိုလို တန်ဖိုးရှိ တဲ့ ကစားသမားတစ်ဦးကို ဆုံးရှုံးဖို့ ဆန္ဒရှိတယ်လို့ ကျနော်မထင်ပါဘူး”လို့ ပေါ်တူဂီသတင်းစာ Record ကို ပြောခဲ့ပါတယ်။

ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်း ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့တာနဲ့ လူသစ်ဖြည့်တင်းမှု အားနည်းတာတွေ ကြောင့် အပြောင်းအရွှေ့အတွင်းမှာ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။

မကြာသေးခင်က ရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒတ်စ်ဟာ ကစားသမားရဲ့ အပြောင်းအရွှေ့အတွက် ချယ်လ်ဆီး၊ စပို့တင်းလစ္စဘွန်း အသင်းတွေနဲ့ စကားပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ အသင်းဟောင်း စပို့တင်းလစ္စဘွန်း အသင်း က ရော်နယ်ဒို ပြန်လာနိုင်ချေနဲ့ပတ်သက်ပြီး ငြင်းဆိုခဲ့ခြင်း မရှိတာလည်း တွေ့ရပါတယ်။

 ရော်နယ်ဒိုနဲ့ နည်းပြသစ် အဲရစ်တန်ဟတ် (Manchester Evening News)

ဂျော့ချ်မန်ဒတ်စ်ဟာ ချယ်လ်ဆီး အသင်းပိုင်ရှင်သစ် တော့ဒ်ဘိုလီ ဆွေးနွေးခဲ့ပေမယ့် ချယ်လ်ဆီး အသင်းကတော့ ဒီအပြောင်းအရွှေ့ကို ဆက်လက် လုပ်ဆောင်မလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဘိုင်ယန်မြူးနစ်နဲ့ ရိုးမားအသင်းတို့ကလည်း ရော်နယ်ဒိုနဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ အခြေအနေကို စောင့်ကြည့်နေကြပါတယ်။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ရော်နယ်ဒိုကို ရောင်းချသွားမှာ မဟုတ်ဘူးလို့ ပြတ်ပြတ် သား သား ပြောထားပါတယ်။

နည်းပြသစ် အဲရစ်တန်ဟတ်ကလည်း ရော်နယ်ဒိုကို အသင်းရဲ့ အဓိက ကစားသမားအဖြစ် သတ်မှတ်ကာ အတူတူ လက်တွဲ အလုပ်လုပ် ချင်နေပါတယ်။

ရော်နယ်ဒိုနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီ အကုန် မှာ ကုန်ဆုံးမှာဖြစ်ပေမယ့် နောက်ထပ် တစ်ရာသီ ထပ်တိုးဖို့ ရွေးချယ်ခွင့် ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ် နွေရာသီကမှ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြန်လည် ရောက်ရှိလာခဲ့တဲ့ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက အသင်းအတွက် ၃၈ ပွဲကစားပြီး ၂၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

Source: The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s
အောင်လအန်ဆန်းကို တွေ့ရစဉ်(Aung La Nsang-fb)

ပိုကောင်းတဲ့ ပုံစံအသစ်ကို မြင်တွေ့ရမယ်လို့ အောင်လအန်ဆန်း ပြော

By CNI
CNI
Category: အားကစား
Hits: 1986

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁

မြန်မာပြည်ဖွား MMA တိုက်ခိုက်ရေး ကစားသမား အောင်လအန်ဆန်းက သူ့ရဲ့ ပိုကောင်းတဲ့ ပုံစံအသစ်တွေ မြင်တွေ့ရဖို့ ရှိတယ်လို့ ပြောလိုက်ပါတယ်။

အောင်လအန်ဆန်းက လေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ “ခင်ဗျားတို့ကို ကတိပေးပါတယ်။ ကျနော့်ရဲ့ ပိုကောင်း တဲ့ ပုံစံအသစ်တွေကို မြင်တွေ့ရဖို့ ရှိတယ်”လို့ သူ့ရဲ့ လှုမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

အောင်လအန်ဆန်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ရုရှားဖိုက်တာ ဘဏ်ဒက်ရှ်နဲ့ နောက်ဆုံးပွဲ ထိုးသတ်ထားခဲ့တာမှာ အရေး နိမ့်ခဲ့လို့ ချန်ပီယံခါးပတ် စိန်ခေါ်ခွင့် ဆုံးရှုံးခဲ့ပါတယ်။

အောင်လအန်ဆန်းဟာ နောက်ဆုံး ထိုးသတ်ထားခဲ့တဲ့ ၄ ပွဲမှာ ၃ ပွဲအထိ ရှုံးနိမ့်ထားတာကြောင့် နိုင်ပွဲပြန်ရနိုင်ဖို့ လေ့ကျင့်မှု တွေ ပြင်းပြင်းထန်ထန် လုပ်နေပါတယ်။

ဒါကြောင့် အောင်လအန်ဆန်းဟာ သူ ကြိုက်နှစ်သက်ခြင်း မရှိတဲ့ နပန်းပညာရပ်ကို မကြာသေးခင်က လေ့ကျင့်သင်ကြားခဲ့ပါသေးတယ်။

 အောင်လအန်ဆန်း ထိုးသတ်နေခြင်း (Aung La Nsang-FB)

မြန်မာပြည်ဖွား တိုက်ခိုက်ရေးသမားဟာ သူလက်လွှတ်ခဲ့ရတဲ့ မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ်ကို ရယူနိုင်ဖို့ အာရုံစိုက် ကြိုးစား နေပါတယ်။

အောင်လအန်ဆန်းဟာဆိုရင် မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ် ချန်ပီယံခါးပတ်တွေကို ၂၀၁၇ ကနေ ၂၀၁၉ အထိ ထိန်းထား နိုင်ခဲ့ပေမယ့် ၂၀၂၀ နဲ့ ၂၀၂၁ ပြိုင်ပွဲတွေမှာ အရေုးနိမ့်ပြီး ရိုင်နီယာထံ ချန်ပီယံခါးပတ် နှစ်ခုစလုံး လွှဲပေးခဲ့ရပါတယ်။

ဒီနောက် ရိုင်နီယာကို ပြန်စိန်ခေါ်နိုင်ဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ထိုးသတ်ခဲ့တဲ့ပွဲမှာ ဘစ်ဒက်ရှ်ကို အရေးနိမ့်ပြီး မျှော်လင့်ချက် ပျက်ပြယ်ခဲ့ပါတယ်။

ဘစ်ဒက်ရှ်ကတော့ ချန်ပီယံခါးပတ်ကို ပြန်လည်ရယူနိုင်ဖို့ ရိုင်နီယာနဲ့ ထိုးသတ်ရတော့မှာ ဖြစ်ပါတယ်။ အသက် ၃၇ နှစ် အရွယ်ရှိ အောင်လအန်ဆန်းဟာ MMA ပွဲစဉ်ပေါင်း ၄၁ ပွဲအထိ ထိုးသတ်ထားခဲ့တာမှာ ၂၇ ပွဲ အနိုင်ရပြီး ၁၃ ပွဲ အရေး နိမ့် ခဲ့တာပါ။

အောင်လအန်ဆန်းဟာ ဒီအနိုင်ရတဲ့ ၂၇ ပွဲမှာ ၁၃ ပွဲကို အလဲထိုးခဲ့တာ ဖြစ်ပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ယူနိုက်တက်ကို ပြောင်းဖို့ နီးစပ်နေသော်လည်း ဘာကာမှာ ဆက်နေချင်တဲ့ ဒီဂျောင်

By CNI
CNI
Category: Watch TV
Hits: 747

Share
Tweet
Share
Share
powered by social2s

အင်တာကို ပြန်လာရတာ အိမ်ကိုပြန်လာရသလို ခံစားရကြောင်း လူကာကူ ပြော

By CNI
CNI
Category: Watch TV
Hits: 787

Share
Tweet
Share
Share
powered by social2s
ရတနာပုံအသင်းနဲ့ ဂျီအက်ဖ်အေ အသင်းတို့ ယှဉ်ပြိုင်နေကြစဉ် (MNL)

ဂျီအက်ဖ်အေကို ဂိုးပြတ် အနိုင်ယူပြီး အမှတ်ပေးဇယားကို ရတနာပုံ ဦးဆောင်

By CNI
CNI
Category: အားကစား
Hits: 1872

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁ ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ဇွန်လ ၃၀ ရက်က ဂျီအက်ဖ်အေနဲ့ ရတနာပုံအသင်းတို့ ကစားခဲ့တာ မှာ ရတနာပုံအသင်းက ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။

ဒီပွဲမှာ ရတနာပုံအသင်းဟာ ဂျီအက်ဖ်အေအသင်းကို ၇ ဂိုး- ဂိုး မရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

ရတနာပုံ အသင်းအတွက် ဂိုးတွေကို ရဲရင့်အောင်က ၂ ဂိုး၊ မျိုးကိုထွန်း၊ သက်နိုင်၊ Thyne Phwet Aung ၊ ဘီဘီနဲ့ ဟိန်းနေဆန်း တို့က ၁ ဂိုးစီ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ရတနာပုံအသင်းဟာ ပထမပိုင်းမှာ ၃ ဂိုး ၊ ဒုတိယပိုင်းမှာ ၄ ဂိုး သွင်းယူခဲ့တာကြောင့် အခုလို ဂိုးပြတ် နိုင်ပွဲရရှိခဲ့တာ ဖြစ်ပါတယ်။

ရတနာပုံအသင်းနဲ့ ဂျီအက်ဖ်အေ အသင်းတို့ ယှဉ်ပြိုင်နေကြစဉ် (MNL)

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁ ယှဉ်ပြိုင်အပြီးမှာ ရတနာပုံအသင်း အပါအဝင် ရန်ကုန်ယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်၊ ရှမ်းယူနိုက်တက်၊ ISPE FC တို့ နိုင်ပွဲရယူနိုင်ခဲ့ကြပါတယ်။

ရတနာပုံအသင်း ကတော့ နိုင်ပွဲရ အသင်းတွေနဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒုတိယနေရာမှာ ရှမ်းယူနိုက်တက်အသင်းက ရပ်တည်နေပါတယ်။

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၂ ရဲ့ ပွဲစဉ်တွေကို ဇူလိုင်လ ၂ ရက်နေ့မှာ ပြန်လည် စတင် ယှဉ်ပြိုင်မှာဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် ဟံသာဝတီ ယူနိုက်တက်နဲ့ မဟာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

 

 

 

Share
Tweet
Share
Share
powered by social2s
အေစီမီလန်နဲ့ အင်တာမီလန် အသင်းတို့ ယှဉ်ပြိုင်နေစဉ် (AC Milan)

ထိပ်ဆုံး ၂ သင်း အမှတ်တူနေလျှင် စီးရီးအေချန်ပီယံဆုကို ပလေးအော့ဖ်ဖြင့် ဆုံးဖြတ်မည်

By CNI
CNI
Category: အားကစား
Hits: 2216

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀

အီတလီဘောလုံးအဖွဲ့ချုပ်က လာမယ့် ရာသီက စတင်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ နှစ်သင်း အမှတ်တူညီနေမယ်ဆိုရင် ပလေးအော့ဖ်ကစားပြီး ချန်ပီယံဆုကို ဆုံးဖြတ်မယ်လို့ အတည်ပြု လိုက်ပါတယ်။

ဒီအကြံအစည်ကို အခုလ အစောပိုင်းက စီးရီးအေကလပ် အသင်းတွေ ဆွေးနွေးခဲ့ကြပြီး အီတလီဘောလုံး အဖွဲ့ချုပ်က သူတို့ ရဲ့ အစည်းအဝေးမှာ အတည်ပြုကာ အင်္ဂါနေ့နှောင်းပိုင်းမှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

ဒီ ပလေးအော့ဖ် ပွဲစဉ်မှာ အချိန်ပိုမရှိဘဲ ပွဲချိန်အတွင်း အနိုင်အရှုံး မပေါ်ရင် ပင်နယ်တီ အဆုံးအဖြတ် ခံယူကြမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက စီးရီးအေ ချန်ပီယံဆုကို နောက်ဆုံးပွဲစဉ်ကြမှသာ အဖြေပေါ်ခဲ့တာပါ။

အေစီမီလန်အသင်းဟာ ဒုတိယနေရာက မြို့ခံပြိုင်ဘက် အင်တာမီလန်အသင်းထက် နှစ်မှတ်အသာနဲ့ နှစ်ပေါင်း ၁၁ နှစ် အကြာမှာ ပထမဆုံး စကူဒတ်တိုဖလားကို ရရှိခဲ့ပါတယ်။

အေစီမီလန်အသင်း စီရီးအေချန်ပီယံဆု ရခဲ့စဉ် (Football Italia)

ဒီနောက်ဆုံး ပွဲစဉ်မှာ ထိပ်ဆုံးနှစ်သင်း အမှတ်တူညီနေခဲ့မယ်ဆိုရင် အေစီမီလန်အသင်းဟာ ထိပ်တိုက်တွေ့ဆုံမှုမှာ အင်တာ မီလန် အသင်းကို အသာရထားတာကြောင့် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဦးမှာပါ။

ဥရောပထိပ်တန်း လိဂ်တွေမှာတော့ ပလေးအော့ဖ် ပုံစံ အသုံးပြုခြင်း မရှိသေးပါဘူး။ သူတို့တွေဟာ ဂိုးကွာခြားချက်ကို အသုံး ပြုပြီး အဆုံးအဖြတ် ခံယူခဲ့ကြတာ ဖြစ်ပါတယ်။

အီတလီဟာ ၂၀၀၅-၀၆ ရာသီ မတိုင်ခင်အထိ ချန်ပီယံဆု၊ တန်းဆင်း တန်းတက်နဲ့ ဥရောပ ဝင်ခွင့်တွေအတွက် ဆုံးဖြတ်ဖို့ အမှတ် တူညီနေရင် ပလေးအော့ဖ်စနစ်ကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ ဒီစနစ် ပျောက်ပျက်သွားခဲ့ပြီး လာမယ့်ရာသီမှ ပြန်လည် အသုံးပြုမှာ ဖြစ်ပါတယ်။

လာမယ့်ရာသီ စီးရီးအေပြိုင်ပွဲကို သြဂုတ်လ ၁၃ ရက်မှာ စတင် ကျင်းပသွားမှာ ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇွန်လ ၄ ရက်မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။

Source: CNA

 

 

 

Share
Tweet
Share
Share
powered by social2s

လူမျိုးရေးခွဲခြားမှုနဲ့ ဘိုကာဂျူနီယာ ပရိသတ်သုံးဦး ဘရာဇီးလ်မှာ ဖမ်းဆီးခံရ

By CNI
CNI
Category: အားကစား
Hits: 1391

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀

ဘိုကာဂျူနီယာအသင်း အားပေးတဲ့ ပရိသတ်သုံးဦးဟာ ကိုရင်သီယန်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ကိုပါလီ ဘာတေးဒိုးစ်ပွဲစဉ်မှာ လူမျိုးရေးခွဲခြားမှုတွေပြုလုပ်ခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

၁၆ သင်းအဆင့်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ လာရောက်အားပေးတဲ့ ဘိုကာဂျူနီယာ ပရိသတ်တွေထဲက နှစ်ဦးဟာ ကိုရင်သီယန်အသင်း ပရိသတ်တွေရှေ့မှာ မျောက်တွေလို ပုံစံမျိုးလုပ်ပြီး ရိုက်ကူးခဲ့ကြကာ နောက် တစ်ဦးကတော့ နာဇီပုံစံ အလေးပြုခဲ့တာပါ။အဲဒါကြောင့် အဆိုပါ ပရိသတ်သုံးဦးစလုံးဟာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။သူတို့သုံးဦးစလုံးကို ထောင်ထဲမှာ ထိန်းသိမ်းထားတယ်လို့ ပြည်သူ့လုံခြုံရေးဌာနရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဒေသ သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြတာပါ။

“ကိုရင်သီယန်သားတွေဟာ လူမျိုးရေးခွဲခြားတဲ့လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ဒီလိုအပြုအမူတွေ အပေါ် သည်းခံနေမှာမဟုတ်ပါဘူး။ဒါနဲ့ပတ်သက်ပြီး တိုင်ကြားမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်”လို့ ကိုရင်သီယန် အသင်းက သူတို့ရဲ့တွစ်တာမှာ ရေးသားခဲ့ပါတယ်။

မျောက်တွေလိုပြုလုပ်ခဲ့သူနှစ်ဦးအနေနဲ့ ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် ထောင်ဒဏ် တစ်နှစ်ကနေ သုံးနှစ်အထိ ကျခံရမှာဖြစ်ပြီး သူတို့ရဲ့ အာမခံကြေးကို ဒေါ်လာ ၃၈၅၀ သတ်မှတ်ထားတယ်လို့ ဒီအမှုရဲ့ တာဝန်ခံ စစ်ဆေး ရေးမှူးက CNN Brazil ကို ပြောခဲ့တာပါ။နာဇီပုံစံပြုလုပ်ခဲ့တဲ့ ပရိသတ်တစ်ဦးကတော့ အာမခံရမှာမဟုတ်ဘဲ ပြစ်မှုထင်ရှားခဲ့ရင် ထောင်ဒဏ် ၃ လကနေ ၆ လအထိ ကျခံရမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်လက ကိုပါလီဘာတေးဒိုးစ်အုပ်စုအဆင့်ပွဲစဉ်မှာ အဆိုပါ နှစ်သင်းတွေ့ဆုံခဲ့တုန်းက ဘိုကာဂျူနီယာ ပရိသတ်တစ်ဦးဟာ မျောက်လိုအော်ဟစ်ခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရသေးတာပါ။တောင်အမေရိကဘောလုံး အဖွဲ့ချုပ်က ဘိုကာဂျူနီယာအသင်းကို ပြီးခဲ့တဲ့လက ဒဏ်ကြေးငွေ ဒေါ်လာ ၁ သိန်း ဒဏ်ရိုက်ခဲ့တာဖြစ်ပါတယ်။

ဘိုကာဂျူနီယာနဲ့ ကိုရင်သီယန်အသင်းတို့ဟာ ဇူလိုင်လ ၅ ရက်မှာ ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် အာဂျင်တီးနားမှာ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

Source:ChannelNewsAsia,Bescoccer

 

 

 

Share
Tweet
Share
Share
powered by social2s

ယူနိုက်တက်ကို ပြောင်းဖို့ နီးစပ်နေသော်လည်း ဘာကာမှာ ဆက်နေချင်တဲ့ ဒီဂျောင်

By CNI
CNI
Category: အားကစား
Hits: 1346

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀

နယ်သာလန်ကွင်းလယ်လူ ဒီဂျောင်က မန်ချက်စတာယူနိုက်တက်နဲ့ ဘာစီလိုနာအသင်းတို့ကို သူ့အနေနဲ့ နူးကမ့်ပ်မှာပဲ ဆက်ပြီးနေချင်ကြောင်း ပြောခဲ့တယ်လို့ စပိန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီဂျောင်အတွက် ဘာစီလိုနာအသင်းနဲ့ ထပ်တိုးပေးချေငွေအပါအဝင် ပြောင်းရွှေ့ကြေး ယူရို ၆၅ သန်း နဲ့ ကနဦးသဘောတူညီမှုရရှိထားတာပါ။

နည်းပြသစ် အဲရစ်တန်ဟတ်ဟာ ဒီဂျောင်ကို အသင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားတာကြောင့် မန်ချက်စတာကလပ်ဟာ နယ်သာလန်ကစားသမားကို အရခေါ်ယူနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ နွေရာသီ အပြောင်းအရွှေ့ ကစားသမားခေါ်ယူမှုတွေပြုလုပ်ဖို့ ငွေကြေးလိုအပ်နေတာကြောင့် ဒီဂျောင်အတွက် ယူရိုသန်း ၁၀၀ နီးပါးလိုချင်နေတာပါ။

ဒီဂျောင်ဟာ ဘာစီလိုနာအသင်းရဲ့ အပြောင်းအရွှေ့ အစီအစဉ်ကို အလွန်စိတ်ပျက်နေပြီး သူဟာ အခုနွေရာသီမှာ ထွက်ခွာဖို့ ရည်ရွယ်ထားခြင်းမရှိကြောင်း အဆိုပါ နှစ်သင်းစလုံးကို ပြောခဲ့တယ်လို့ Sport သတင်းဌာနက ဖော်ပြ ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းက သူ့ကို အတင်းရောင်းချဖို့ လုပ်ဆောင်နေတဲ့အပေါ်မှာလည်း ဒီဂျောင်က မပျော်ရွှင်ဘဲဖြစ်နေကာ နောက်ထပ်တစ်ရာသီ နူးကမ့်ပ်မှာ ဆက်နေဖို့ စိတ်ပိုင်း ဖြတ်ထားတာပါ။

ဒီဂျောင်ဟာ ဘာစီလိုနာအသင်းမှာ ဆက်နေချင်ကြောင်းကို လက်ရွေးစင်အသင်းမှာ ရှိနေချိန် ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ဒီဂျောင်က “ကျနော် ဘာစီလိုနာမှာပဲ ဆက်နေရတာကို သဘောကျပါတယ်။ဘာစီလိုနာက ကျနော့်ရဲ့ အိပ်မက် အသင်းပါ။ဒါဟာ ငယ်ငယ်လေးကတည်းကဖြစ်ပြီး အခုလည်း ဒီလိုပါပဲ။ကျနော့်ရဲ့ ရွေးချယ်မှုအပေါ်မှာ ဘယ်တော့ မှ နောင်တရမှာမဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကတော့ အပြောင်းအရွှေ့ဖြစ်ပေါ်ဖို့ တွန်းအားပေးလုပ်ဆောင်နေပြီး နည်းပြ သစ်တန်ဟတ်က ရာသီကြိုခြေစမ်းပွဲမတိုင်ခင် ဒီဂျောင်ကို အရခေါ်စေချင်နေတာဖြစ်ပါတယ်။

ဒီဂျောင်နဲ့ အဲရစ်တန် ဟတ်တို့ဟာ အေဂျတ်စ်မှာ အတူလက်တွဲခဲ့တာကြောင့် နည်းပြဟာ နောက်ထပ်တစ်ကြိမ် ထပ်မံလက်တွဲ အလုပ် လုပ်ချင်နေတာပါ။

မကြာသေးခင်က ဘာစီလိုနာနည်းပြဟောင်း ရော်နယ်လ်ကိုးမန်းက ဒီဂျောင်ဟာ စပိန်ကလပ် မှာပဲ နေချင်ကြောင်း သူ့ကို ပြောခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကတော့ ဒီဂျောင်ကို အသင်းမှာဆက်ထားချင်ပေမယ့် သူတို့လိုချင်တဲ့ ပြောင်းရွှေ့ကြေး ရရင် ရောင်းချသွားဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

Source:Metro

 

 

 

 

Share
Tweet
Share
Share
powered by social2s

အင်တာကို ပြန်လာရတာ အိမ်ကိုပြန်လာရသလို ခံစားရကြောင်း လူကာကူ ပြော

By CNI
CNI
Category: အားကစား
Hits: 1445

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀

လူကာကူကတော့ အသင်းဟောင်း အင်တာမီလန်အသင်းနဲ့ အငှားစာချုပ်ချုပ်ပြီးချိန်မှာ သူ့အနေနဲ့ အိမ်ကို ပြန်လာရသလို အလွန်ပျော်ရွှင်မိတယ်လို့ အသင်းဝက်ဘ်ဆိုဒ်မှာ တရားဝင်ရေးသား ပြောဆိုလိုက်ပါတယ်။

လူကာကူက “အိမ်ကိုပြန်ရောက်တာနဲ့တူပါတယ်။ကျနော့်မိသားစုနဲ့ ကျနော်ဟာ ပရိသတ်တွေနဲ့ အသင်းဖော် တွေကြောင့် မီလန်မှာ အလွန်ကောင်းမွန်တဲ့ အချိန်တွေရရှိခဲ့ပါတယ်။ဒီကိုရောက်လာတဲ့ ပထမဆုံးနေ့ကစပြီး အားလုံးက ကျနော့်ကို အများကြီးအကူအညီပေးကြတယ်။ကျနော် အလွန်ပျော်ရွှင်ပါတယ်။အင်္ဂလန်ကိုသွားတဲ့ အချိန်မှာ ဒီကအိမ်ကို ဒီအတိုင်းထားခဲ့တာပါ။ဒီကိုပြန်လာရတာ ဘယ်လောက်ပျော်နေလဲဆိုတာကို ပြသနေတာ ပါပဲ။အခုကွင်းထဲမှာ ကောင်လေးတွေနဲ့ ပြန်ပြီးတွေ့ချင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်နွေရာသီက ပေါင် ၉၇.၅ သန်းနဲ့ ချယ်လ်ဆီးကို ပြောင်းရွှေ့ခဲ့တဲ့ လူကာကူဟာ တစ်ရာသီအကြာမှာပဲ အသင်းဟောင်း အင်တာမီလန်အသင်းထံ တစ်ရာသီအငှားစာချုပ်နဲ့ ပြန်လည်ပြောင်းရွှေ့လာခဲ့ပြီဖြစ်ပါတယ်။

လူကာကူဟာ ချယ်လ်ဆီးအသင်းမှာ အဆင်မပြေမှုတွေကြုံတွေ့ခဲ့ရပြီး အင်တာမီလန်အသင်းထံ ပြန်လာချင်တဲ့ သူ့ရဲ့ဆန္ဒကို လျှို့ဝှက်ထားခြင်းမရှိခဲ့ပါဘူး။ဗုဒ္ဓဟူးနေ့မှာ အပြောင်းအရွှေ့ကို အတည်ပြုခဲ့ပြီးနောက် လူကာကူဟာ ချယ်လ်ဆီးအသင်းကို ရောက်သွားကတည်းက အင်တာမီလန်နည်းပြ အင်ဇာဂီနဲ့ အဆက်အသွယ်အမြဲ ရှိနေ ကြောင်း ပြောခဲ့ပါတယ်။

လူကာကူက “ ပြီးခဲ့တဲ့ရာသီက သူနဲ့ ကျနော် အဆက်အသွယ်မပြတ်ခဲ့ပါဘူး။နည်းပြက အသင်းမှာ အလွန် ကောင်းမွန်စွာ အလုပ်လုပ်နေတယ်လို့ ထင်ပါတယ်။အင်တာမီလန်အတွက် ပိုမိုကောင်းမွန်အောင် လုပ်ပေးချင် ပါတယ်”လို့ ပြောခဲ့တာပါ။

လူကာကူဟာ အင်တာမီလန်အသင်းမှာ ကစားခဲ့တဲ့ နှစ်ရာသီအတွင်း ပွဲပေါင်း ၉၅ ပွဲမှာ ၆၄ ဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းကို ၂၀၂၀-၂၁ ရာသီ စီးရီးအေဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

လူကာကူဟာ အဆိုပါ ရာသီမှာ စီးရီးအေရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာပါ။အင်တာမီလန်အသင်းထံ တစ်ကျော့ပြန် ရောက်ရှိလာတဲ့ လူကာကူဟာ ကျောနံပတ် ၉၀ ဂျာစီဝတ်ဆင်သွားမှာလည်းဖြစ်ပါတယ်။

အင်တာမီလန်အသင်းဟာ လူကာကူအတွက် လစာအပြည့်အဝပေးချေရမှာဖြစ်သလို ချယ်လ်ဆီးအသင်းကို အငှားကြေး ယူရို ၈ သန်းပေးချေရမှာပါ။လူကာကူဟာ အငှားစာချုပ်ကုန်ဆုံးချိန်မှာ ချယ်လ်ဆီးအသင်းထံ ပြန်သွားရမှာလည်း ဖြစ်ပါတယ်။

Source:DailyMail

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 59
  • 60
  • 61
  • 62
  • 63
  • 64
  • 65
  • 66
  • 67
  • 68

Page 64 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar