CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကြယ်ပွင့် ဘရူနိုဖာနန်ဒတ်စ်က ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ကပဲ ရော်နယ်ဒိုနဲ့ စကားပြောခဲ့ပြီး သူအသင်းမှာ ဆက်ရှိမယ်လို့ အရိပ်အမြွက် ပြောလိုက်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်က “လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က ကျနော်တို့ စကားတွေ ပြောခဲ့ကြပါတယ်။ ဇူလိုင်လ ၄ ရက် မန်ချက်စတာယူနိုက်မှာ လေ့ကျင့်ရေး ပြန်ဆင်းတဲ့အချိန် သူနဲ့ တွေ့ရဖို့ မျှော်လင့်ထားပါတယ်။ ဒီထက် ပိုပြီး ဘာမှ မမျှော်လင့် ထားပါဘူး။ လူတိုင်းက သူတို့ရဲ့ အနာဂတ်တွေကို ဂရုစိုက်ကြပါတယ်။ ကလပ်အသင်း အနေနဲ့လည်း ရော်နယ်ဒိုလို တန်ဖိုးရှိ တဲ့ ကစားသမားတစ်ဦးကို ဆုံးရှုံးဖို့ ဆန္ဒရှိတယ်လို့ ကျနော်မထင်ပါဘူး”လို့ ပေါ်တူဂီသတင်းစာ Record ကို ပြောခဲ့ပါတယ်။

ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်း ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့တာနဲ့ လူသစ်ဖြည့်တင်းမှု အားနည်းတာတွေ ကြောင့် အပြောင်းအရွှေ့အတွင်းမှာ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။

မကြာသေးခင်က ရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒတ်စ်ဟာ ကစားသမားရဲ့ အပြောင်းအရွှေ့အတွက် ချယ်လ်ဆီး၊ စပို့တင်းလစ္စဘွန်း အသင်းတွေနဲ့ စကားပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ အသင်းဟောင်း စပို့တင်းလစ္စဘွန်း အသင်း က ရော်နယ်ဒို ပြန်လာနိုင်ချေနဲ့ပတ်သက်ပြီး ငြင်းဆိုခဲ့ခြင်း မရှိတာလည်း တွေ့ရပါတယ်။

 ရော်နယ်ဒိုနဲ့ နည်းပြသစ် အဲရစ်တန်ဟတ် (Manchester Evening News)

ဂျော့ချ်မန်ဒတ်စ်ဟာ ချယ်လ်ဆီး အသင်းပိုင်ရှင်သစ် တော့ဒ်ဘိုလီ ဆွေးနွေးခဲ့ပေမယ့် ချယ်လ်ဆီး အသင်းကတော့ ဒီအပြောင်းအရွှေ့ကို ဆက်လက် လုပ်ဆောင်မလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဘိုင်ယန်မြူးနစ်နဲ့ ရိုးမားအသင်းတို့ကလည်း ရော်နယ်ဒိုနဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ အခြေအနေကို စောင့်ကြည့်နေကြပါတယ်။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ရော်နယ်ဒိုကို ရောင်းချသွားမှာ မဟုတ်ဘူးလို့ ပြတ်ပြတ် သား သား ပြောထားပါတယ်။

နည်းပြသစ် အဲရစ်တန်ဟတ်ကလည်း ရော်နယ်ဒိုကို အသင်းရဲ့ အဓိက ကစားသမားအဖြစ် သတ်မှတ်ကာ အတူတူ လက်တွဲ အလုပ်လုပ် ချင်နေပါတယ်။

ရော်နယ်ဒိုနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီ အကုန် မှာ ကုန်ဆုံးမှာဖြစ်ပေမယ့် နောက်ထပ် တစ်ရာသီ ထပ်တိုးဖို့ ရွေးချယ်ခွင့် ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ် နွေရာသီကမှ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြန်လည် ရောက်ရှိလာခဲ့တဲ့ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက အသင်းအတွက် ၃၈ ပွဲကစားပြီး ၂၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

Source: The Sun