CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁ ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ဇွန်လ ၃၀ ရက်က ဂျီအက်ဖ်အေနဲ့ ရတနာပုံအသင်းတို့ ကစားခဲ့တာ မှာ ရတနာပုံအသင်းက ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။

ဒီပွဲမှာ ရတနာပုံအသင်းဟာ ဂျီအက်ဖ်အေအသင်းကို ၇ ဂိုး- ဂိုး မရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

ရတနာပုံ အသင်းအတွက် ဂိုးတွေကို ရဲရင့်အောင်က ၂ ဂိုး၊ မျိုးကိုထွန်း၊ သက်နိုင်၊ Thyne Phwet Aung ၊ ဘီဘီနဲ့ ဟိန်းနေဆန်း တို့က ၁ ဂိုးစီ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ရတနာပုံအသင်းဟာ ပထမပိုင်းမှာ ၃ ဂိုး ၊ ဒုတိယပိုင်းမှာ ၄ ဂိုး သွင်းယူခဲ့တာကြောင့် အခုလို ဂိုးပြတ် နိုင်ပွဲရရှိခဲ့တာ ဖြစ်ပါတယ်။

ရတနာပုံအသင်းနဲ့ ဂျီအက်ဖ်အေ အသင်းတို့ ယှဉ်ပြိုင်နေကြစဉ် (MNL)

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁ ယှဉ်ပြိုင်အပြီးမှာ ရတနာပုံအသင်း အပါအဝင် ရန်ကုန်ယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်၊ ရှမ်းယူနိုက်တက်၊ ISPE FC တို့ နိုင်ပွဲရယူနိုင်ခဲ့ကြပါတယ်။

ရတနာပုံအသင်း ကတော့ နိုင်ပွဲရ အသင်းတွေနဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒုတိယနေရာမှာ ရှမ်းယူနိုက်တက်အသင်းက ရပ်တည်နေပါတယ်။

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၂ ရဲ့ ပွဲစဉ်တွေကို ဇူလိုင်လ ၂ ရက်နေ့မှာ ပြန်လည် စတင် ယှဉ်ပြိုင်မှာဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် ဟံသာဝတီ ယူနိုက်တက်နဲ့ မဟာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။